တော်ဝင်နန်းတော် ဝင်ရောက်လာမှု
Vol. 9 Ch. 122
ရှုးးး
ပတ်ဝန်းကျင်ဟာ ရုတ်တရက် ပြောင်းသွားချေသည်။
လေသည် ဦးညွတ်လိုက်သလိုပင် အော်မြည်သွားချေ၏
မိုးကောင်းကင်သည် တခဏမျှမှောင်မဲသွားပြီး ကျင့်ကြံသူ တစ်စု၏ အရိပ်များ ဖုံးလွှမ်းသွားပေသည်။
ထို့နောက် မျှော်မှန်းထားသလိုပင် မိုးတိမ်များကို နတ်ဘုရား အလင်းတော်က ခွဲဖျက်လိုက်၏ ကောင်းကင်မှ ဆင်းလာသော မီးတန်းလေးတန်းသည် ငြင်းဆိုခွင့်မရှိသော တရားစီရင်မှုလို ထိုးဖောက်ဝင်ရောက်လာ၏
တော်ဝင်မိသားစု ရောက်လာချေပြီ
တကယ်တော့ သူတို့အကုန် အတူလာတာ မဟုတ်ပေ
ဒါက ရိုးစင်းလွန်း၏
အလင်းတန်းတစ်ခုချင်းစီသည် မင်းသား သို့မဟုတ် မင်းသမီး တစ်ဦးစီနဲ့ နောက်ခံဂိုဏ်းခွဲတစ်ခုစီမှဖြစ်ကြပြီး ကျင့်ကြံသူများ၊ အကြီးအကဲများ၊ ဝိညာဉ်သားရဲများနဲ့ ကိုယ်ပိုင်စစ်တပ်များ တစ်စုတစ်စည်းစီနဲ့ လိုက်ပါလာကြပေသည်။
မင်းသား၊ မင်းသမီး တစ်ဦးချင်းစီတွင် သူ့ကိုယ်ပိုင် တိုင်းပြည်ငယ်လေးတစ်ခုစီရှိ၏
သူတို့အားလုံးတွင် ရည်ရွယ်ချက်တစ်ခုသာ ရှိပေသည်။ ၎င်းကတော့ ရာဇပလ္လင်ပင်
အကြောင်းအရင်းကို အားလုံးကြေညာပြီးသားပင်
“ရှေးခေတ် အပျက်အစီအတွင်းရှိ အမွေကို လက်ခံရရှိသူက နောက်ထပ် ဘုရင်အဖြစ် တင်မြှောက်ခံရမယ်”
ထိုကြောင့် အဖွဲ့လိုက် လုပ်ငန်းစဉ်ဆိုတာ မရှိပေ။ ဒီမှာရှိတာတော့ စစ်ပွဲသာ
ပထမဆုံး ဆင်းလာသူကတော့ စတုတ္ထ မင်းသမီး ယုချင်းဟာ ဖြစ်ပြီး အပြာရောင် ရေခဲဝတ်စုံကို ဝတ်ဆင်ထားကာ သူမမျက်နှာအနေနဲ့ ဓားလို ထက်မြက်နေတာကြောင့် လှပမှုက အေးစက်သွားပြီး လူအုပ်ကိုပင် ကျောချမ်းသွားစေ၏
သူမနောက်ကျောမှာတော့ ဆီးနှင်းပန်းခန်းမမှ သူမ၏ သစ္စာခဲ အမျိုးသမီးကျင့်ကြံသူများ လိုက်ပါပြီး သူတို့တစ်ဦးချင်းစီသည် အကြီးအကဲများပင် ဖြစ်ချေ၏
“အဲ့ဒါက မင်းသမီး ယုချင်းယာပဲ..တောင်ပင်လယ်ဂိုဏ်းရဲ့ ဘိုးဘေးကို ရေခဲနဲ့ တစ်ချက်တည်းသတ်ခဲ့တဲ့သူ”
“ဟင် လူချင်းတွေ့တော့ ပိုကြောက်ဖို့ကောင်းတယ်။”
“အကြည့်တွေကို သတိထားကြ.. သူ့ကို ကြည့်တဲ့ တစ်ယောက်တောင် အသတ်ခံရတယ်။”
သူမသည် မည်သူ့ကိုမျှ မျက်လုံးတစ်ချက်ဝေ့မကြည့်ဘဲ သူမဘေးမှာတော့ ရေခဲကြာပန်း ဝိညာဉ်သားရဲသည် သူမပလ္လင်ကဲ့သို မျောနေသည်။
ထို့နောက် ရောက်လာသူမှာ သတ္တမမြောက် မင်းသား ယုလောင်ရွှမ်ဖြစ်ပြီး မိုးကြိုးသံသည် သူ့ ရောက်လာခြင်းကို ကိုယ်စားပြုကာ ရွှေရောင်နဂါး ပုံရိပ်ယောင်ပင် ကောင်းကင်ကို ထိုးဖောက်လာ၏
သူသည် အလွန်ကြီးမားသော မိုးကြိုးခြင်္သေ့ သုံးကောင်ဆွဲလာသည့် ရထားတစ်စီးပေါ်မှ ဆင်းသက်လာပြီး သူ့၏ အနက်နှင့်ရွှေရောင် ပေါင်းထားသော ဝတ်ရုံသည် လွင့်မျောနေသည်။
သူရောက်လာမှုနဲ့အတူ နီညိုရောင် မိုးကြိုး နန်းတော်၏ စစ်သားများ လိုက်ပါလာကြပြီး သူတို့၏ စစ်ပွဲအော်သံတွေက မိုးခြိမ်းသံလိုပင်။
“သတ္တမမြောက် မင်းသားလည်း ရောက်လာပြီလား..တကယ်ကို ဒါကြီးက ဆိုးဆိုးဝါးဝါးပဲ”
“နောက်ဆုံး စမ်းသပ်မှုမှာ ဝိညာဉ်အခြေတည်ကာစအဆင့်ကို
လင်တစ်ဖက်နဲ့ တားလိုက်တယ်ဆိုတဲ့ သတင်းကြားမိတယ်”
သူ့အစ်မနဲ့မတူတာက ယုလောင်ရွှမ်သည် အပြုံးနဲ့အတူ စိန်ခေါ်သောမျက်လုံးဖြင့် လူအစုအဝေးကို ကြည့်နေသည်။
“ဒီတစ်ခါတော့ စိတ်လှုပ်ရှားစရာ ဖြစ်မယ်ထင်တယ်။ သူတို့က ငါ့အတွက် ပြိုင်ဘက်ကောင်းတွေ ဖြစ်မဲ့ပုံပဲ”
ထို့နောက် ရောက်လာသူမှာ ဝင်ရောက်လာမှုတွင် တောက်ပမှုအားနည်းသော တတိယ မင်းသား ယူဝမ်ကျောက်ဖြစ်ပြီး အကြီးအကျယ် ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။
ဝိညာဉ်သားရဲ မရှိပေ။ မိုးကောင်းကင် ပြသမှုမရှိချေ။ ရွှေရောင်တောက်ပသော တံခါးတစ်ခုပေါ်မှ မီးခိုရောင်ဝတ်ရုံနဲ့ လူကြီး ခြောက်ယောက်သည် သူနဲ့အတူ ချက်ချင်း လှမ်းထွက်လာပြီး တစ်ယောက်စီသည် ခန့်မှန်းမရသော အရောင်အဝါနဲ့အတူ ကြောက်လန့်စရာကောင်းလှသည်။
“အဲ့ဒါက… ကောင်းကင်ဖိနှပ်ခြင်းခန်းမ”
“အကြီးအကဲ ခြောက်ဦးလုံး သူ့နောက် လိုက်နေတာလား”
“သူက အန္တရာယ်အများဆုံးလို့ ပြောတာ ဟာသမဟုတ်ဘူးပဲ”
ယူဝမ်ကျောက်သည် မပြုံးဘဲ အခြားအဖွဲ့များ သူ့အောက်မှာ ရှိနေသလို ဖြတ်သန်းသွားသည်။
နောက်ဆုံးတော့ နဝမမြောက် မင်းသမီး မင်းသမီး ယုဖေးယန်သည် ကောင်းကင်မီးလျှံတွင် နတ်ဘုရားဖီးနစ်ကို စီးပြီး လာနေ၏
သူမသည် မီးတောက်ကဲ့သို့ ကခုန်နေသော အနီရောင် ပိုးထည်ကို ၀တ်ဆင်ထားပြီး သူမ၏ မျက်လုံးများသည် မှေးမှိန်သော ရည်မှန်းချက်များဖြင့် တောက်ပနေသည်။
"ဟယ်၊ နဝမမြောက် မင်းသမီးတောင် ရှိနေပါလား”
"ဒီမှာ နုနယ်တဲ့ မင်းသမီးလေးက ဘာလာလုပ်နေတာလဲ"
"အခွင့်အရေးက ဘယ်လောက်ပဲ အဖိုးတန်နေပါစေ နဝမမြောက်မင်းသမီးက ဒီလိုနေရာမျိုးအတွက် မသင့်တော်ပါဘူး။"
နဝမမြောက်မင်းသမီးသည် ၎င်းတို့အထဲတွင် အငယ်ဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ အားအနည်းဆုံးဖြစ်သည်။
အမှန်တော့ သူမကို ထိုနေရာကို ခေါ်ဆောင်နိုင်တာက ထီးနန်းကြောင့်ပင်။ သူမနောက်သို့ လိုက်နေသော ထောက်ခံသူမရှိခြင်းကပင် သိသာနေချေသည်။
သူမနဲ့အတူ လိုက်ပါလာသည့် တစ်ဦးတည်းသော အကြီးအကဲသည် ဝိညာဉ်ဖွဲ့စည်းပုံအဆင့်သာ သန်မာပေ၏ သို့တိုင် စစ်မြေပြင်မှာတော့ တော်ဝင်သွေး အတွက် မလုံလောက်ပေ
အခြားမင်းသားများ သို့မဟုတ် မင်းသမီးများအတွက် ထိုသို့သောအကာအကွယ်သည် ဟာသတစ်ခုဖြစ်သည်။
တော်ဝင်မိသားစု ရောက်ရှိလာချိန်မှာတော့ ဖုန်မှုန့်များနဲ့အတူ လူအုပ်ကြီးသည် အေးခဲကာ တိတ်ဆိတ်နေခဲ့သည်။
ပိုင်ကျီဟန်သည် မျက်မှောင်ကြုတ်ပြီး တော်ဝင်မိသားစုကို စိုက်ကြည့်နေသည်။
သူ့အာရုံကို ဆွဲဆောင်နိုင်လောက်သည့် အထင်ကြီးစရာ လူတစ်ယောက််မျှ မတွေ့ခဲ့ရပေ။ သူသိတာ အချို့တော့ ရှိပေ၏
ဆိတ်ငြိမ်ရာ ကောင်းကင်ဘုံအင်ပါယာတွင် အပြင်းထန်ဆုံးမျိုးနွယ် ဖြစ်သည့် ပိုင်မျိုးနွယ်ကို တော်ဝင်မိသားစုက ရံဖန်ရံခါ ဆင့်ခေါ်ခဲ့ပြီး သူလည်း ထိုနေရာကို သွားခဲ့ဖူးသည်။
မည်သို့ပင်ဆိုကာမူ မင်းသား၊ မင်းသမီးတွေက အချိန်မဖြုန်းပေ
သြဇာအရှိဆုံးနှင့် စွမ်းအားအကြီးဆုံး မျိုးနွယ်စုခေါင်းဆောင်နှင့် ဂိုဏ်းခေါင်းဆောင်တို့ကို ချက်ချင်းနှုတ်ဆက်ကြသည်။
နောက်ဆုံးတွင် ၎င်း တို့၏လေးစားထိုက်သောဖခင်သည် အမွေရရှိသူအား ထီးနန်းအပ်မည်ဟု ကတိပြုခဲ့သော်လည်း
မည်သူမျှမအောင်မြင်ပါက အခြားနည်းလမ်းဖြင့် ထီးနန်းရရှိရန် တန်ခိုးကြီးသော မျိုးနွယ်စုများနှင့် ဂိုဏ်းဂဏများအား ချိတ်ဆက်ရပေမည်။
ထိုမျိုးနွယ်စုအများစုသည် ပွင့်ပွင့်လင်းလင်းဖြစ်စေ၊ တိတ်တခိုးဖြစ်စေ အချို့သောမင်းသားများ သို့မဟုတ် မင်းသမီးများကို ထောက်ခံပြီးဖြစ်သည်။
သို့တိုင် ပိုင်မျိုးနွယ်ကမူ ထိုဆက်ဆံမှုမျိုး မရှိပေ။ သူတို့သည် ဧကရာဇ်မိသားစုအပေါ် အားကိုးစရာမလိုပေ။ သူတို့ဘာသာ သန်မာနေချေပြီ။
၎င်းသည်လည်း အားသာချက်နဲ့ အားနည်းချက် နှစ်ခုလုံးကို ဖြစ်ပေါ်စေသည်။
၎င်းတို့သည် အနာဂတ်ဧကရာဇ်မင်းအား စော်ကားရန် အခွင့်အလမ်းနည်းပါးသည်ဟုဆိုလိုသော်လည်း လီသို့မဟုတ် ကျောက်မျိုးနွယ်မှ ပံ့ပိုးပေးသော မင်းသား သို့မဟုတ် မင်းသမီးသည် ထီးနန်းရယူနိုင်ပါက ပိုင်မျိုးနွယ်သည် ပြိုင်ဘက်မျိုးနွယ်များ သာမက ဧကရာဇ်မိသားစုကိုပါ
စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုမင်းသားများနှင့် မင်းသမီးများသည် ပိုင်မျိုးနွယ်၏ထောက်ခံမှုကိုရရှိရန် ကြိုးစားခြင်းအား မရပ်တန့်ပေ။ ပိုင်ထျန်းဟမ်အား တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်ကြသည်။
စတုတ္ထမြောက် မင်းသမီး ယုချင်းယာသည် ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် ပထမဆုံး ထွက်ခွါခဲ့သူ ဖြစ်သည်။
သူမနောက်မှ တတိယမင်းသား၊ သတ္တမမြောက်မင်းသားနှင့် နဝမမြောက်မင်းသမီးတို့လိုက်ပါခဲ့ပြီး အားလုံးသည် ပိုင်ထျန်းဟမ်အား ၎င်းတို့၏အဖွဲ့ထဲသို့ ခေါ်ဆောင်ရန် ကြိုးစားစဉ်တွင် ယဉ်ကျေးသောအမူအရာများနဲ့ ဆက်ဆံကြ၏
ပိုင်ထျန်းဟမ်ကတော့ အားလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ရှောင်တိမ်းခဲ့ပြီး ငြင်းဆိုခဲ့သည်။
"ဒါဆို ဧကရာဇ်က အဲဒီလေးယောက်ကို လွှတ်လိုက်တာလား။"
ချူရှင်းက ရေရွတ်လိုက်သည်။
အမှန်တော့ အသက် (၃၀) အောက်လူတွေထဲ၌ မင်းသမီး ယုချင်းယာ ၊မင်းသား ယုလောင်ချင်းနဲ့ မင်းသား ယုဝမ်ကျောက်သည် ရှိသမျှထဲတွင် အကောင်းဆုံး သားသမီးတွေ ဖြစ်၏
မင်းသမီး ယုဖေးယွမ်ကိုတော့ သေချာမသိချေ။
ထိုလေးယောက်အပေါ် လူတွေ အာရုံစိုက်နေသည်က သိပ်မကြာလိုက်ပေ
ဘုန်း!
ငရဲမီးကဲ့သို့ လှိုင်းလုံးကြီးများက လေထုကို ဖြတ်ကာ ကောင်းကင်ကိုပင် ဖြတ်ကျော်သွားသည်။
သွေးနှင့် ဆာလဖာရနံ့တို့ရောယှက်ကာ လေထုသည် ထူထပ်လာသည်။
အပျက်အစီးများထက်တွင် သွေးနီရောင်အက်ကွဲကြောင်းများ ပွင့်ထွက်လာပြီး ကောင်းကင်တွင် ဒဏ်ရာတစ်ခုလို ပေါက်ထွက်သွားသည်။
အတွင်းမှ ရှေးခေတ်တံခါးကြီး၏ အော်ဟစ်ညည်းညူသံကဲ့သို့ပင် နှေးကွေးပြီး ဝါးမျိုသည့် အသံထွက်လာ၏ ။ နောက်တော့ ရယ်မောသံတွေ ထွက်လာချေသည်။ အေးစက်ပြီး ပျော်ရွှင်နေသည့် အသံပင်
"ငါတို့ အဖွဲ့ နောက်ကျနေပုံပဲ”
အသံသည် ခန္ဓာကိုယ် ဗလာပေါ်တွင် အဆိပ်ရည်များပြည့်နေသကဲ့သို့ လှောင်ပြောင်ပြီး ယုံကြည်မှုအပြည့်နဲ့အတူ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
အက်ကွဲကြောင်းမှ ကြီးမားသော ချော်ရည်လှေကြီး ထွက်ပေါ်လာပြီး နတ်ဆိုးအရောင်ဝါများ ဖုံးအုပ်ထားသည်။
၎င်း၏ကိုယ်ထည်ကို အနက်ရောင်အရိုးများနှင့် အတူ ဆူပွက်နေသော မီးတောက်များဖြင့် ထုလုပ်ထားကာ ၎င်း၏အရိပ်သည် မြေကြီးပေါ်တွင် နက်မှောင်သောအနီရောင် အသွေးကို ဖုံးလွှမ်းသွားစေသည်။
၎င်း၏ ပဲ့ထိန်းတွင် ရွှေရောင် အရိုးခွံများ ချယ်လှယ်ထားသော ကြက်သွေးရောင် အင်္ကျီနက်ကြီး ဝတ်ထားသည့် လူတစ်ယောက် ရပ်နေချေသည်။
သူ၏ရှည်လျားသော အနက်ရောင်ဆံပင်များသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး မျက်လုံးများသည် တောက်ပနေသည်။ ယုတ်မာသော အပြုံးသည် သူ့မျက်နှာမှ ကွဲထွက်လာပြီး အစွယ်များ ထွက်ပေါ်လာသည်။
၎င်းသည် နီညိုရောင် နတ်ဆိုးဂိုဏ်း၏ နာမည်အကြီးဆုံး ပါရမီရှင်ဖြစ်သည့် မိုထျန်းကျီပင်