← Chapters

မိုထျန်းကျီ၏ အစီအစဉ်

Vol. 9 Ch. 128

မိုထျန်းကျီ၏ အစီအစဉ်

Vol. 9 Ch. 128

ခဏလောက်လောက်အထိတော့ မိုထျန်းကျီအနေနဲ့ ဘာဖြစ်နေလဲ မသိပေ။

သူ့အနေနဲ့ ဝိညာဉ်ဖွဲ့စည်းပုံအဆင့်ဖြင့်ပင် ထိုနေရာတွင် ပြိုင်ဘက်ကင်းသည့် အပြင် သူ့ခန္ဓာကိုယ်သည်လည်း ထိခိုက်မှုတွေက ဘာမှမဖြစ်သလိုပင်။

ပိုင်ကျီဟန်၏ လှဲချချက်သည် မိုထျန်းကျီအား ထိခိုက်မှုမရှိသည့်တိုင် ပိုင်ကျီဟန်သည် သူ့တားဆီးနိုင်ပြီး သတိထားရမည့်အချက် ဖြစ်လာသည်။

“မင်းက ဘယ်သူလဲ?”မိုထျန်းကျီက စူးစမ်းစွာ မေးလိုက်၏။

ပိုင်မျိုးနွယ်နဲ့ ပတ်သက်လျှင် သူသိတာက ပိုင်ရွှယ်ချင်း တစ်ယောက်ပဲရှိ၏ သို့တိုင် ပိုင်ကျီဟန်ဆိုသူက အမျိုးသမီးတစ်ယောက်မဟုတ်တာ သေချာ၏

“လွတ်သွားပြန်ပြီ။”

ပိုင်ကျီဟန်က ပြောလိုက်၏

သူအနေနဲ့ ထိုနေရာမှာတင် မိုထျန်းကျီကို ဖြေရှင်းချင်နေသည်။

ထိုအခွင့်အလမ်းက အကောင်းဆုံးဖြစ်မည်ဟု ထင်နေခဲ့၏

အကြောင်းအရင်းကတော့ မိုထျန်းကျီ သူတို့ကို တိုက်မည်ဆိုတာကို ပိုင်ကျီဟန် ကြိုတင်ခန့်မှန်း ထားခဲ့တာကြောင့်ပင်

မိုထျန်းကျီ၏ သတိလက်လွတ်နေမှုကြောင့် အခုလိုအချိန်က အကောင်းဆုံးအခွင့်အလမ်း ဖြစ်နေသည်။

ဆန်းပြားသော ခန္ဓာကိုယ်ရှိသည့် မိုထျန်းကျီသည် သူ့တိုက်ခိုက်မှုကြောင့် ဘာမှ မဖြစ်သလိုပင်

“ငါ့ကို လုံးဝအလေးမထားတာပဲ။”

မိုထျန်းကျီသည် ဒေါသထက် အံ့ဩနေချေသည်။

တစ်ဖက်မှာတော့ ပိုင်ကျီဟန်လုပ်ဆောင်ချက်ကို မြင်နေတဲ့လူတိုင်း အံ့ဩသွားကြသည်။

“ဒါ… ဖြစ်နိုင်တာလား?”

ကျောက်ချန်သည် မဖြစ်နိုင်တာကို မြင်လိုက်ရသလိုမျိုး ရေရွတ်မိသည်။

မိုထျန်းကျီ သူတို့ဘက်ကို တိုက်လာချိန်မှာတော့ အထူးသဖြင့် ကျောက်ချန်အပါအဝင် တစ်ယောက်မှတောင် မတုံ့ပြန်နိုင်ပေ။

ဒါပေမယ့် ပိုင်ကျီဟန်ကတော့ မိုထျန်းကျီကို တားလိုက်ပြီး ထိခိုက်မှုအနည်းငယ်မရှိသည့်တိုင် မိုထျန်းကျီအား တန်ပြန်တိုက်ခိုက်မှုပင် လုပ်ခဲ့သေးသည်။

မိုထျနိးကျီသည် ပြိုင်ဘက်ကင်းပြီး မည်သူမျှ မတွန်းလှန်နိုင်သူဟု မထင်ထားသည့်တိုင် ၎င်းကို လုပ်နေသူသည် ပိုင်ကျီဟန်ဖြစ်တာကြောင့် မတူညီသော ဇာတ်လမ်းတစ်ခု ဖြစ်နေချေသည်။

ဤသည်မှာ အခြားသော သူများ၏ တူညီသော တုံ့ပြန်မှုဖြစ်သည်။

" ပိုင်ကျီဟန်က မိုထျန်းကျီကို အနိုင်ယူခဲ့တာလား။"

"ကျွန်တော် မိုထျန်းကျီ လှုပ်တာကိုတောင် မမြင်ခဲ့ရပေမယ့် ပိုင်ကျီဟန်က သူ့ကို တားလိုက်တယ်”

ပိုင်ရွှယ်ချင်းနဲ့ တူကူ လျန်ရှင်းတို့သည် သူတို့လမ်းကြောင်းပေါ်တွင် ရပ်တန့်သွားခဲ့ပြီး နှစ်ယောက်စလုံး မျက်နှာတွေက အံ့ဩသွားကြသည်။

"မိုထျန်းကျီကို တားနိုင်တဲ့သူက ပိုင်မျိုးနွယ်မှာ မင်းအပြင် တခြားတစ်ယောက်ရှိမယ် မထင်ထားဘူး"

တူကူ လျန်ရှင်းက ပြောသည်။

ပိုင်ရွှယ်ချင်းသည် ထိုကိစ္စကို သိထားပြီး စောစောက သူမ၏စိတ်ပျက်အားငယ်မှုက ဟန်ဆောင်နေသည်ဟု ထင်ခဲ့၏ တကယ်တော့ ပိုင်ရွှယ်ချင်းအပြင် မိုထျန်းကျီကို တိုက်နိုင်သူတစ်ယောက်ရှိတာကို သိလိုက်ရ၏

တကယ်တော့ ပိုင်ရွှယ်ချင်းသည်လည်း မယုံနိုင်လောက်အောင် အံ့အားသင့်နေခဲ့၏

ပိုင်ကျီဟန်သည် မကြာသေးမီက ပြောင်းလဲခဲ့ပြီး တိုးတက်မှုတွေကို ပြသခဲ့၏ သူတို့မျိုးဆက်၌ အပြင်းထန်ဆုံးတွေထဲက တစ်ယောက်သောသူ။

မိုထျန်းဂျီကို အနိုင်ယူဖို့ဆိုတာက သူမအဖို့ပင် မလွယ်မှန်း သိသည်။

ပိုင်ကျီဟန်သည် မိုထျန်းကျီအား အနိုင်မယူခဲ့သော်ငြားလည်း သူ၏ တိုက်ခိုက်မှုနှင့် တန်ပြန်မှုအရ အားကိုးရာမဲ့သူမဟုတ်ကြောင်း ထင်ရှားစေသည်။

တူကူ လျန်ရှင်းက ထိုစကားများကို ပြောသောအခါ ပိုင်ရွှယ်ချင်းအနေနဲ့ မတုံ့ပြန်ခဲ့ပေ။

တူကူ လျန်ရှင်း သည် အမှန်တရားကို မသိဘဲ နားလည်မှုလွဲနေတာ ပိုကောင်းသည်။

ထို့နောက်တွင် သူမ၏ ပိုင်မျိုးနွယ်အား မိုထျန်းကျီ ရှင်းထုတ်မည့် သူ့အစီအစဉ် မအောင်မြင်ကြောင်း သဘောပေါက်သွားပေမည်။

ထို့နောက်တွင် ပိုင်ရှင်းယွဲ့သည် အခြားသူများထက် ပို၍ ထိတ်လန့်သွားသည်။

သူမသည် ပိုင်ကျီဟန်ကို အခြားသူထက် ပိုသိသည်—သူသည် အမှန်တကယ် မည်မျှအားနည်းသည်ကို သိ၏

အရည်အချင်းမရှိပေ။ ခက်ခက်ခဲခဲ အလုပ်မလုပ်ချင်ပေ။ နှိုးဆော်ရန်နှင့် အခြားသူများကို အနိုင်ကျင့်ရန်သာ သိသည်။

သူဘယ်လို သန်မာလာတာလဲ

သူကို ခြိမ်းခြောက်မှုဟုပင် မစဉ်းစားတတ်သူတစ်ယောက်ပင်။

အချိန်မရွေး တိုက်နိုင်မည်ဟု သူမထင်ခဲ့တဲ့သူတစ်ယောက်။

ယခုမူကား?

သူ့ကို နိုင်ပါ့မလား

အနည်းဆုံး သူမဝှက်ဖဲကို မသုံးဘဲ မဖြစ်နိုင်မှန်း သိ၏ ဒါကို ပိုင်ကျီဟန် တစ်ယောက်တည်းနဲ့ မဖြုန်းတီးချင်ပေ

ဟန်ကျန်ဝူသည်လည်း ၎င်းကို မြင်လိုက်ရပြီး စိတ်ဝင်တစား တောက်ပနေသော မျက်လုံးများ နှင့် ပိုင်ကျီဟန်ကို သူ့ဘက်သို့ ဆွဲထုတ်လိုစိတ်များ တိုးပွားလာသည်။

ထိုအချိန်တွင် ပိုင်ကျီဟန်ကတော့ အခြားသူများထင်သည်အတိုင်း သူလုပ်ခဲ့သမျှကို အထင်ကြီးစရာဟု မထင်ခဲ့ပေ။

ပထမဆုံးအနေနဲ့ မိုထျန်းကျီ မထိခိုက်ပေ။

ဒုတိယအနေနဲ့ သူတကယ်မလုပ်ခင်မှာ မိုထျန်းကျီသည် ပိုင်မျိုးနွယ်ကို တစ်ခုခုလုပ်မည်ဆိုတာ သူသိပြီးသားပင်

ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ဖြင့် မိုထျန်းကျီ၏ ရက်စက်ကြမ်းကြုတ်သော ခွန်အားကိုကျော်လွှားရန် အတော်လေး လွယ်ကူသွားချေသည်။

"ပျင်းလို့ စိတ်ဝင်စားစရာတွေ ဖန်တီးဖို့ ကြိုးစားခဲ့ပေမယ့် မင်းလိုလူတစ်ယောက်ပေါ်လာဖို့ မမျှော်လင့်ထားဘူး"

မိုထျန်းကျီက ပြောသည်။

ပိုင်ကျီဟန်သည် တခစ်ခစ်ရယ်ပြီး သူ့ကို ပြုံးပြလိုက်၏

"ဘာရယ်တာလဲ?"

ပိုင်ကျီဟန် သူ့အား အလေးအနက်မထားသည့်အပေါ် မိုထျန်းကျီ စိတ်ပျက်နေမိသည်။

"မိုထျန်းကျီ မင်းက အရမ်းဉာဏ်ကောင်းတယ်လို့ ထင်နေတာလား။"

ပိုင်ကျီဟန်သည် လှောင်ပြောင်သော အသံဖြင့် ပြောလိုက်သည်။

"မင်းက ဒီမှာရောက်နေတာ ရှင်းနေတာပဲ"

ပိုင်ကျီဟန်သည် ကျောက်ချန်ထံမှရရှိခဲ့သော ကောင်းကင်အဆင့် လက်နက်ကို ထုတ်ယူခဲ့သည်။

မိုထျန်းကျီသည် ကစားနေသကဲ့သို့ ပြုမူခဲ့သော်လည်း အစကတည်းက သူ၏ စစ်မှန်သော ပန်းတိုင်မှာ လက်နက်ဖြစ်သည်။ ပိုင်ကျီဟန်က ကောင်းစွာသိ၏

မိုထျန်းကျီသည် လီ-ကျောက်မဟာမိတ်နှင့် ပိုင်မျိုးနွယ်အကြား ပဋိပက္ခကို တမင်လှုံ့ဆော်ပြီး နှစ်ဖက်စလုံးအား အားပျော့စေရန် လုပ်ခဲ့သည်။

ထို့နောက် သူသည် ခုခံမှုမရှိဘဲ ပစ္စည်းကို အရှိန်အဟုန်ဖြင့် ပြေးယူနိုင်မည်သာ

သူယူထားတာကို တခြားသူတွေက သိရင်တောင်မှ သူလုပ်ခဲ့သော ဓားပြတိုက်မှုကို မြင်ပြီး မည်သူမှ သူ့ကို ဆန့်ကျင်ရဲမှာ မဟုတ်ပေ။

သို့သော် ပိုင်ကျီဟန်သည် အစီအစဥ်တစ်ခုလုံးကို မြင်ပြီးဖြစ်သည်။

မိုထျန်းကျီသည် ဂရုမစိုက်သလို ပြုမူတတ်သော်လည်း သူ့တွင် တွက်ချက်တတ်မှုများစွာ ရှိသည်။

ကံမကောင်းစွာပဲ ပိုင်ကျီဟန်က လိမ်ဖို့မလွယ်ခဲ့ပေ။

"အဲဒါ... ဒါ ကောင်းကင်အဆင့် လက်နက်လား?"

"ဟင်။ အဲ့ဒါကြောင့် ရန်ဖြစ်နေကြတာပေါ့”

"ပိုင်ကျီဟန်က ဒီလိုမျိုး ဘယ်လိုရခဲ့တာပါလဲ။"

"ငါတို့ပါ ပါဝင်ပြီး ကံစမ်းသင့်လား?"

လူအုပ်ကြီး၏ အာရုံစိုက်မှုသည် ပိုင်ကျီဟန်လက်ထဲမှာရှိသော ပစ္စည်းဆီရောက်လာသည်။ တစ်ချို့က အဆင့်ကို ချက်ချင်းသိ၏

မိုထျနိးကျီသည် သူ၏အကြံအစည် ထုတ်ဖော်ခံလိုက်ရသောအခါတွင် မျက်မှောင်ကြုတ်သွားသည်။ ထို့အပြင် ယခုအခါ လူတိုင်းသည် ရှေးဟောင်းပစ္စည်းကို မြင်နိုင်ပြီး သူစီစဉ်ထားသည်ထက် ၎င်းကိုယူရန် ပိုမိုခက်ခဲလာသည်။

"မင်းဘယ်လိုသိလိုက်တာလဲ?"

မိုထျန်းကျီက မေးသည်။

"ဦးနှောက်တစ်ခြမ်းရှိတဲ့သူတိုင်း မင်းရဲ့အစီအစဉ်လေးတွေကို မြင်နိုင်တာပဲ။ မင်းကိုမင်း ဆရာကြီးလို့ ဘာလို့ထင်နေတာလဲ"

ပိုင်ကျီဟန်သည် မာနအပြည့်နဲ့ လှောင်ပြောင်လိုက်၏

"မင်း”

မိုထျန်းကျီသည် သူကြုံတွေ့ဖူးသမျှနှင့်မတူသော ဒေါသကို ခံစားလိုက်ရသည်။

သူ့ကို ပွင့်ပွင့်လင်းလင်း စော်ကားသည့် ပထမဆုံးအကြိမ် ဖြစ်သည်။

သူ၏ ခွန်အားနှင့် ဂုဏ်သတင်းသည် အခြားသူများကို လိုက်လျောညီထွေဖြစ်စေရန် အမြဲတမ်းလုံလောက်ခဲ့သည်။

ဒါပေမယ့်ပိုင်ကျီဟန်ကတော့ ? ပိုင်ကျီဟန်သည် သူ့ကို ကြိမ်ဖန်များစွာ မလေးစားခဲ့ချေ

"မင်း ဒါကို နောင်တရလိမ့်မယ်”

All Chapters