မသေမျိုး ဧက္ကရာဇ်၏ အမွေ
Vol. 9 Ch. 129
လေထုသည်တင်းမာနေပြီး မုန့်တိုင်းတိမ်များကဲ့သို့ ဝိညာဉ်ရေးရာစွမ်းအင်သည် တိုက်မိကုန်ကာ မိုထျန်းကျီ၏ သတ်ဖြတ်လိုစိတ်သည် ပိုင်ကျီဟန်အပေါ် ကျရောက်နေချေပြီ။
ပိုင်ကျီဟန်သည် မိုထျန်းကျီအား တန်ပြန်တိုက်ခိုက်နိုင်သည့်တိုင် သူတို့နှစ်ယောက် တကယ်တိုက်ပါက မိုထျန်းကျီ ရှုံးမည်ဟု ထင်သည့်သူ မရှိပေ
ပိုင်မင်နဲ့ ပိုင်မျိုးနွယ်ဝင်တွေသည်လည်း လွန်ခဲ့သောအကြိမ်က သတိမရှိသလို ဖြစ်သွားသည့်အတွက် အမြင့်ဆုံးသတိထားမှုနဲ့ ပြင်ဆင်နေကြချေ၏
ဒါပေမဲ့ မိုထျနိးကျီ၏ ချီအမြင့်ဆုံးအဆင့်ကိုရောက်တော့
ဂျွတ်
အပျက်အစီးထဲမှ အက်ကွဲသံတစ်သံ ထွက်လာလေသည်။
လူအားလုံး အေးစက်သွား၏
ဘုန်း
မည်သူမှ မတွန်းနိုင်ခဲ့သော တံခါးကြီးက ပွင့်သွားချေပြီ
တိတ်ဆိတ်နေသောနေရာသည် မတိတ်ဆိတ်တော့ချေ
“ပွင့်သွားပြီ” အသံတစ်သံ ထွက်လာ၏
“အဲဒီမှာ ရတနာတွေရှိတယ်”
“စောစောဝင်စို့”
အခြေအနေဟာ ချက်ချင်း ပြိုပျက်သွား၏
လူတိုင်းအာရုံသည် တံခါးကြီးကိုသာ မျှော်နေကြပေသည်။
ရေကာတာကြိုးသလိုပင် လူအုပ်ကြီးသည် တစ်ခါတည်း ပြေးသွားကြ၏ ဂိုဏ်းများမှ တပည့်များ၊ ကျင့်ကြံသူများနဲ့ အရှင်မင်းသားမင်းသမီးတွေ အထိ—အားလုံး ပထမဆုံး ဝင်နိုင်ဖို့အတွက် အစွမ်းကုန်ပြေးဝင်ကြ
၏
ပိုင်ရွှယ်ချင်းနဲ့ တိုက်နေသော တူကုလျန်ရှင်းပင် တစ်ချက် မလှည့်ဘဲ အလင်းတန်းတစ်ခုလို ပျောက်သွားပြီး တံခါးထဲဝင်သွားချေ၏
“နောက်မှ တိုက်ကြမယ်”
မိုးထျန်းကျီသည် တူကုလျန်ရှင်း ပျောက်သွားတာကို ကြည့်ပြီး ခန္ဓာကိုယ် အနည်းငယ် တင်းမာသွား၏ မျက်လုံးက တံခါးနဲ့ ပိုင်ကျီဟန်ကြားမှာ လှည့်သွားချေ၏
သူ့ဆုတ်ဖြဲသွားပြီးချေပြီ ။ လက်ချောင်းကလည်း တင်းမာနေချေပြီ။ ချီက လက်သီးတွေကို ပတ်နေခဲါသည်။
သူ့အနေနဲ့ ပိုင်ကျီဟန်ကို အခုချက်ချင်း သတ်နိုင်၏
သို့ပေမဲ့ အဲဒါက အနည်းဆုံး မိနစ်အနည်းငယ်တော့ အချိန်ယူရမည်။ ဖြစ်နိုင်တာက ပိုကြာနိုင်သည်။
ဒါပေမဲ့
သူ ဒီမှာပဲ နောက်ကျန်နေမည်ဆိုရင် တူကူလျန်ရှင်းက အမွေဆီ ဦးစွာ ရောက်နိုင်သည်၊
ထိုအမွေဆက်ခံခြင်းက တော်ဝင်မိသားစုအတွက်ပင် ဆက်ခံသူနေရာ အတည်ပြုတာ မဟုတ်ပေ ။ နတ်ဆိုးဂိုဏ်းတွေအတွက် နောက်ထပ်ခေါင်းဆောင်ကို ဆုံးဖြတ်ဖို့ ပြိုင်ပွဲဖြစ်ချေသည်။
မိုထျန်းကျီ၏ တစ်ဦးတည်းသော ပြိုင်ဘက်သည် တူကူလျန်ရှင်း ဖြစ်ပြီး စွမ်းအားလည်း တူသည် ပြောကြသည့်တိုင် သူ ပိုသန်မာသည်ဟု ယုံကြည်မိသည်။
သို့ပေမဲ့ ပိုင်ကျီဟန်ကို သတ်ဖို့ အချိန်ကုန်လျှင် သူ လာဖို့ အဓိကရည်ရွယ်ချက်ကို ဆုံးရှုံးသွားနိုင်သည်။
“ချီးပဲ”
မိုထျန်းကျီ၏ အမူအရာမှာ စိတ်ပျက်လက်ပျက်ဖြင့် နောက်ပြန်ဆုတ်သွားကာ သူ့ပတ်ဝန်းကျင်ရှိ လူသတ်ရန် ရည်ရွယ်ချက်သည် ဒီရေကဲ့သို့ ဆုတ်ယုတ်သွားသည်။
“မင်း ကံကောင်းတာပဲ”
ပိုင်ကျီဟန်ကို ကြည့်ကာလှည့်သွားချေသည် ။
“ဒါပေမယ့် ဒါမပြီးသေးဘူး”
မိုထျန်းကျီက ကြေငြာခဲ့သည်။
ထို့နောက် မီးခိုးရောင်နဲ့အတူ တံခါးဝသို့ ပျောက်ကွယ်သွားသည်။
ပိုင်ကျီဟန်သည်လည်း မတုန်လှုပ်ပေ
"ဘယ်လိုလူမိုက်လဲ”
ပိုင်ကျီဟန်က ပြောလေ၏
သူ့အနေနဲ့ မိုထျန်းကျီကို မကြောက်ဘဲ ထွက်သွားတာပင် ဟန့်တားနိုင်သည်။
ဒါပေမယ့် အဓိက အဖြစ်အပျက် စစချင်းမှာပဲ စွမ်းအင်ကို ဖြုန်းတီးပစ်ရသည့်အထိ မတုံးအပေ
လီ- ကျောက်မဟာမိတ်အဖွဲ့သည် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပြောင်းလဲကာ တံခါးဆီသို့ ပြေးသွားခဲ့သည်။
တံခါးဖွင့်ရုံသာမကဘဲ ကျောက်ချန်၏စိတ်ကိုပြောင်းလဲစေသောအရာမှာ ပိုင်ကျီဟန်၏ စွမ်းအားဖြစ်သည်
ပြောင်းလဲမှုများစွာဖြင့် အမွေကို အာရုံစိုက်ခြင်းသည် ပိုကောင်းမည်ဟု သူသိခဲ့သည်။
ထို့အပြင် သူသည် ဤနေရာ၏ အမွေအနှစ်ကို ရနိုင်ပါက ကောင်းကင်အဆင့် လက်နက်နဲ့ နှိုင်းယှဉ်ကြည့်လျှင်ပင် အဖိုးမဖြတ်နိုင်ပေ။
"သွားကြရအောင်”
ပိုင်ကျီဟန်သည်လည်း အမိန့်ပေးချေ၏
ထို့ကြောင့် ပိုင်ကျီဟန်နဲ့ ပိုင်မျိုးနွယ် အခြားသူမျာ ပူးပေါင်းကာ တံခါးထဲသို့ဝင်သွားကြသည်။ တံခါးအတွင်း၌ ကျယ်လောင်သော ပရမ်းပတာကမ္ဘာကြီးသည် တခဏချင်း ပျောက်ကွယ်သွားသည်။
ကောင်းကင်မရှိ။
အကာအရံမရှိပေ။
ကြီးမား၍ အဆုံးမရှိသော အဖြူထည်တစ်ခုသာ။
အဖြူရောင်ကြမ်းပြင်များသည် ဖန်သား သို့မဟုတ် ကျောက်စိမ်းကဲ့သို့ အစက်အပြောက်ကင်းစင်ပြီး နေရာတိုင်းတွင် ဖြန့်ကျက်ထားသည်။
အချိန်မရှိသော ကောင်းကင်တိမ်တိုက်များပေါ်တွင် ရပ်နေသကဲ့သို့ လေဟာနယ်သည် အဆုံးမရှိသလို ခံစားရသည်။
ထို့နောက်
လူတိုင်း အထဲမှာရှိနေချိန်
ဂျိမ်း
သူတို့နောက်ကွယ်မှ တံခါးသည် တိတ်တိတ်လေး ဆောင့်ပိတ်လိုက်ပြီး လူတိုင်း အတွင်း၌ ပိတ်ဆို့ခံရပေသည်။
"ပြန်လမ်း မရှိဘူး... ငါတို့ ပိတ်မိနေတာလား"
တစ်စုံတစ်ယောက်သည် အဆိုးမြင်စိတ်ဖြင့် ရေရွတ်သည်။
သို့တိုင် ထိုနေရာကနေ တစ်ခုခု မရမချင်း မည်သူမှ ထွက်သွားဖို့ တကယ်မစဉ်းစားကြပေ။
ဤနေရာ၌ မည်သည့်အရာမျှ မရှိဟု သူတို့ထင်မှတ်ထားသောကြောင့် အားလုံးက ရှုပ်ပွပြီး စိတ်ပျက်သွားကြသည်။
တံခါးကပိတ်သွားပြီဆိုတော့ အခုပြန်တောင်မသွားနိုင်တော့ချေ။
ဘာမျှ မမြင်နိုင်သော အခြေအနေသည် ယခင်က အခြေအနေဆီ ဦးတည်နေပုံရသည်—။ တစ်ယောက်ကိုတစ်ယောက် မုန်းတီးပြီး အာဃာတရှိသူများ စတင်တိုက်ခိုက်မည့်နေရာပင်
မိုထျန်းကျီသည် အစောပိုင်းက အရှက်တရားအတွက် လက်စားချေရန် ဆက်လက်စဉ်းစားနေပုံရသည်။
ဘယ်သူကမှ ဘာမှမလုပ်နိုင်ခင်
အလင်းသည် လေဟာနယ်၏ အလယ်ဗဟိုတွင် စုရုံးကာ ငွေရောင်အမှုန်အမွှားများ လှည့်ပတ်နေသည်။
နောက်တော့ ပုံတစ်ပုံပေါ်လာချေသည်
ထိုသူက မိန်းမပင်
သူမသည် မြေပြင်ထက်တွင် လွင့်မျောနေပြီး လရောင်ကဲ့သို့ တောက်ပနေသော ၀တ်ရုံများ၊ ဆံပင်ရှည် ဖြူဖြူများနဲ့ ကြီးမားနက်နဲသော နဂါးငွေ့တန်းနှစ်ခုကဲ့သို့ ကျယ်ပြောသော မျက်လုံးများ ရှိ၏
သူမ၏အလှသည် သာမာန်နှင့် အခြားကမ္ဘာတွင် ဖော်ပြရန် မဖြစ်နိုင်သော်လည်း သူမသည် သက်ရှိသတ္တဝါမဟုတ်တာ သေချာသည်။
ဤရှေးဟောင်းအပျက်အစီး ပိုင်ဆိုင်သူ၏ အကြွင်းအကျန်ဝိညာဉ် ဖြစ်နိုင်ချေရှိသည်။
အားလုံး တိတ်ဆိတ်သွားကြသည်။
မိုထျန်းကျီသည်ပင်လျှင် လက်သီးများကို တင်းတင်းဆုပ်ထားပြီး သူမအား ဦးညွှတ်စေသလို ခံစားစေခဲ့သည်။
သူမ၏ အကြွင်းအကျန်ဝိညာဉ်ပင် ဤမျှလောက် ပြင်းထန်သော ဖိအားကို ပေးစွမ်းနိုင်သောကြောင့် ဤဝိညာဉ်သည် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ရပေမည်။
အမျိုးသမီး၏ အကြည့်များသည် စိတ်ဝင်တစားမဟုတ်ဘဲ ဘုရားရှေ့တွင် ရပ်နေသော လူတစ်စုကို စူးစမ်းလိုသည့်အတိုင်း လွှမ်းခြုံကြည့်နေသည်။
"ကြိုဆိုပါတယ်”
သူမပြောသော အသံသည် လေဟာနယ် တစ်လျှောက် ပဲ့တင်ထပ်နေသည်။
"မင်းတို့မျက်နှာတွေမှာ ရှုပ်ယှက်ခတ်နေတာကို ငါမြင်နေရတယ်" သူအမူအရာက တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့စွာနဲ့ ဆက်ပြောလေ၏
"ဒီနေရာက ဘာလဲလို့ တွေးမိသလား။ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"
သူမ ခေတ္တရပ်လိုက်ပြီး သွယ်လျသောလက်ကို ဆန့်ထုတ်လိုက်သည်။
"မသေမျိုးဧကရာဇ် ဖေးလိန်ရဲ့ စမ်းသပ်ကွင်းမှာ မင်းတို့ရပ်နေတာ”
လူအုပ်ကြားတွင် အသံများ ပျံ့လွင့်သွားသည်။
မသေမျိုး ဧကရာဇ်။
ထိုခေါင်းစဉ်သည် ဒဏ္ဍာရီမျှသာမဟုတ်ပေ ။ ရိုးရာပုံပြင်ပင်။ မဖြစ်နိုင်သောအရာသာဖြစ်သည်။
တီးတိုးစကားအရ ပြောဆိုနေသော နယ်ပယ်သည် အမြင့်ဆုံးသော သေခြင်းတရားကိုပင် လွန်မြောက်သည်ဟု ဆို၏။
ရှင်သန်ခြင်းနှင့်သေခြင်းထက် ကျော်လွန်သော တည်ရှိမှုအဆင့်ကို ထာဝရ အသက်ရှင်သည်ဟု ဆိုသည်။
ရောက်ရှိသူတိုင်း ကောင်းကင်ကို အတွေးတစ်ခုနဲ့ ခွဲပစ်နိုင်သည်ဟု ပြောကြပေ၏
ထိုလူဟာ ဘယ်တော့မှ မသေနိုင်တော့ပေ
ဒါပေမယ့် နှစ်ထောင်ချီကြာအောင် ဘယ်သူမှ မရောက်ဖူးချေ။ မှတ်တမ်းမရှိ သက်သေမရှိပေ ။ အကြွင်းအကျန်တောင် မရှိပေ။
အများစုသည် လှည့်စားမှုအဖြစ် ငြင်းခုန်ကြသည်။ ကြောက်ရွံ့သော ကျင့်ကြံသူများကို ပြောပြသည့် လှပသော ဇာတ်လမ်းတစ်ပုဒ်သာ ၊ အနည်းဆုံး ဤကမ္ဘာမှ မည်သူမျှ လက်လှမ်းမမီနိုင်သော အရာတစ်ခုဖြစ်သည်။
"ဒီနေရာက စမ်းသပ်မှုပါပဲ"ဖေးလိန်၏ အသံက ပဲ့တင်ထပ်သည်။
အေးစက်ပြီး မမြင်နိုင်သော ဖိအားတစ်ခုသည် အဖြူရောင် မျက်နှာပြင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူမ၏ လေသံက ကြည်လင်လာသည်။
"ဆက်ခံသူကိုရှာဖို့ပါ”
ထိတ်လန့်ခြင်းမှ ရူးသွပ်ခြင်းသို့ ကူးပြောင်းသွားသည်။
"ငါ့လမ်းကို အမွေခံဖို့၊ ငါ့အမွေ၊ ငါ့ပလ္လင်။ ငါ့စမ်းသပ်မှုတွေကို ကျော်ဖြတ်တဲ့သူက ငါ့စွမ်းအားကို ရရုံတင်မကဘဲ သေနိုင်တဲ့ တာအိုလမ်းကို ကျော်ပြီး မသေနိုင်တဲ့ ဧကရာဇ်ဖြစ်လာမှာ”
ပင့်သက်ရှိုက်ခြင်းမှ ပါးစပ်ဖွင့်ပြီး စိုက်ကြည့်သည့်အဖြစ်သို့ ရောက်ကုန်၏
မိုထျန်းကျီ မျက်လုံးများသည် လောဘဇောဖြင့် ပူလောင်နေသည်။
တူကူလျန်ရှင်း၏ အပြုံးသည် ပိုမိုနက်ရှိုင်းလာသော်လည်း သူမ၏ ဆာလောင်မှုကို ဖုံးကွယ်ထားနိုင်ခြင်းမရှိဘဲ သူမ၏ လက်သီးများကိုပင် ဆုပ်ထားလိုက်သည်။
ကျောက်ချန်၏ နှုတ်ခမ်းများ ဟသွားသည်။ သူ စကားမပြောသော်လည်း သူ့အကြည့်ထဲတွင် ရူးသွပ်မှု အရိပ်ယောင်များက သိသာနေသည်။
သာမာန်အားဖြင့် တည်ငြိမ်သော ပိုင်ကျီဟန်ပင်လျှင် ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်မှု ပြန်ရောက်မလာခင် အံ့သြမှု အရိပ်အယောင်ကို ပြသခဲ့သည်။
(မသေမျိုး ဧကရာဇ်မင်း၏ အမွေဆက်ခံမှု။ သေချာတာက ကြီးမားတဲ့ ကိစ္စဖြစ်ပုံရတယ်)
ဖေးလိန်၏ ကျန်ကြွင်းသောဝိညာဉ်သည် သူမ၏အကြည့်ကို အားလုံးအား လွှမ်းခြုံသွားသည်။
"ဒီနယ်ပယ်မှာ မင်းတို့ရဲ့သွေးသားတွေက ဘာမှအဓိပ္ပာယ်မရှိဘူး။ မင်းတို့ရဲ့ခေါင်းစဉ်တွေက ဘာမှအဓိပ္ပာယ်မရှိဘူး။ မင်းတို့ ကံကြမ္မာကိုပဲ ငါဂရုစိုက်တယ်။ မင်းတို့ ကံကြမ္မာက ငါ့ရဲ့ဆက်ခံသူဖြစ်ဖို့…တစ်ယောက်ပဲဖြစ်လိမ့်မယ်။"
ကံကြမ္မာ၏သဘောတရားကို သူတို့ နားမလည်သည့်တိုင် ခွန်အားနဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားသရွေ့ အမွေဆက်ခံနိုင်မည်ကို အားလုံးသိကြသည်။
ထို့ကြောင့် အခြေခံအားဖြင့် ကျင့်ကြံသူအုပ်စုတွင် အသင့်တော်ဆုံးလူအား ရှာဖွေပြီး မသေမျိုး ဧကရာဇ်၏အမွေအား ဆက်ခံမည့်သူကို ဆုံးဖြတ်ရန် စမ်းသပ်မှုတစ်ခုဖြစ်သည်။
အနည်းဆုံးတော့ ဝိညာဉ်အကြွင်းအကျန်ပြောသမျှကို စေ့စေ့နားထောင်ဖို့က ၎င်းတို့၏ကိုယ်ပိုင်ကောက်ချက်ဖြစ်သည်။
“မင်းတို့ စမ်းသပ်မှုတွေ ခံရလိမ့်မယ်” ဟု အေးစက်စွာပြောသည်။
"မင်းရဲ့စိတ်ဝိဥာဉ်ကို ချေမှုန်းဖို့၊ မင်းရဲ့အားနည်းချက်တွေကို ဖယ်ထုတ်ပြီး မင်းဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ ဖန်တီးထားတဲ့အရာတစ်ခုပဲ”
သူမ၏ အသံသည် ဖန်သားပြင်ပေါ်တွင် ဆွဲထားသော ဓါးကဲ့သို့ ပဲ့တင်ထပ်နေ၏
“စမ်းသပ်မှုအားလုံးကို ဖြတ်ကျော်ပြီး အဆုံးကိုရောက်နိုင်သူက ငါအမွေကို ရလိမ့်မယ်”
သူမက ကြေငြာလေ၏
အဆုံးမှာ တစ်ဦးတည်းသာ ရပ်တည်နိုင်မည်။
တစ်ဦးတည်းသာ အမွေဆက်ခံရမည်။
လေသည် လောဘဇောနှင့် မျှော်လင့်ချက်များဖြင့် လွင့်ပျံနေသည်။
အချင်းချင်း ပြိုင်ဆိုင်မှုဖြစ်လာမည်ကို သူတို့သိပြီး အားလုံးက အမြန်ဆုံး ရုန်းထွက်ဖို့ ပြင်ဆင်နေကြပေသည်။
မသေမျိုး အင်ပါယာဆိုသည့် စကားလုံးက လေထဲကို ပဲ့တင်ထပ်ပြီး အရာအားလုံး ပြောင်းလဲသွားချေသည်။
အမွေဆက်ခံရန် စိတ်ပိုင်းဖြတ်ချက်သည် ၎င်းတို့၏တစ်ခုတည်းသောရည်မှန်းချက်ဖြစ်လာသည်။ ၎င်းတို့၏အဖော်များကို သတ်ပစ်ဖို့ တောင်းဆိုခဲ့လျှင်ပင် အမွေရမည်ဆိုပါက ယင်းကိုပြုလုပ်နိုင်သည်။
နောက်ဆုံးတွင် မသေမျိုး ဧကရာဇ်တစ်ပါးသည် ဤကမ္ဘာကြီးကို အုပ်စိုးနိုင်ပြီး ထာဝရအသက်ရှင်နေနိုင်သည်။
အဲဒါကို ဘယ်သူက မလိုချင်ဘဲ နေမှာလဲ။
စွန့်လွှတ်အနစ်နာခံမှု အနည်းငယ်မျှက မထိုက်တန်ဘူးလား။
အထူးသဖြင့် ၎င်းတို့အားလုံးသည် ကျင့်ကြံသူဖြစ်ပြီး ၎င်း၏အဓိပ္ပာယ်ကိုနားလည်သောကြောင့် ကျိန်းသေ ထိုက်တန်သည်။
"စမ်းသပ်မှုစပါစို့”
၎င်းတို့အောက်ရှိ ကြမ်းပြင်သည် ခုန်နေသည်။ ရှေးခေတ် တန်ခိုး စွမ်းအားသည် ရွှေရောင်ဖြင့် တောက်နေသည်။
ထို့နောက် လမ်းကြောင်းတစ်ခု ပေါ်လာပြီး ၎င်းတို့ကို နောက်တစ်ထပ်သို့ ခေါ်ဆောင်သွားချေသည်။
ထိုရှင်းပြချက်ကို နားထောင်ပြီး ပထမဆုံးရောက်ရှိသူသည် အမွေရမည်ဟု လူတိုင်းသိကြသည်။
ဒီတော့ ဘယ်သူမှ အချိန်မဖြုန်းချင်ပေ
"အမွေရတော့မယ်”
"မသေမျိုးဧကရာဇ်... ဟီးဟီး.. ငါ ဒီကမ္ဘာကြီးကို အုပ်စိုးမယ်”
"ငါ့လမ်းက ထွက်သွား”
လူတိုင်းက မဆိုင်းမတွပင် ပေါ်လာစောလမ်းကို ဦးတည်သွားကြကြသည်။
ဒါပေမယ့် စမ်းသပ်မှုက တကယ်ပဲ
အဲ့လောက် ရိုးရှင်းနိုင်ပါ့မလား