← Chapters

မိုထျန်းကျီ၏ အဆိုးဝါးဆုံးနေ့

Vol. 9 Ch. 131

မိုထျန်းကျီ၏ အဆိုးဝါးဆုံးနေ့

Vol. 9 Ch. 131

“သူဘာလုပ်နေတာလဲ…?”

ပိုင်ရွှယ်ချင်းသည် ပြောလိုက်သည်။

သူမလည်း ပိုင်ကျီဟန် လမ်းလျှောက်သွားသည့်အပေါ် အံ့သြမိသလို စူးစမ်းစိတ်ဖြစ်နေသော်လည်း ၎င်းထက်ပိုတာကတော့ သူ့အပြုအမူကို ကြည့်ပြီး စိတ်ဆိုးလာတာပင်

သူမရဲ့ အမြင်အရ ပိုင်ကျီဟန်သည် နောက်စမ်းသပ်မှုဘက် ဆက်သွားပြီး အခြားယှဉ်ပြိုင်သူတွေထက် အကြိုအသာရနိုင်တဲ့အခွင့်အရေးကို အသုံးချသင့်သည့်အချိန်

မိုထျန်းကျီဆီမှာ အချိန်ကုန်နေသည်။

ပိုင်ကျီဟန်သည် အလောတကြီး သွားဖို့ စိတ်မရှိပေ

မိုထျန်းကျီကို အရှက်ခွဲပြီး သူ့အာဏာကိုအုပ်စိုးဖို့သည် မသေမျိုးဧက္ကရာဇ်၏ အမွေထက် ပို အရေးကြီးနေသလိုပင်

“ဟား…ပိုင်ကျီဟန်ကတော့ မပြောင်းလဲဘူးဆိုတာ သေချာပြီပေါ့။”

ချူကျီယန်သည် သူမ အချစ်ဆုံးသူငယ်ချင်းကို ကြည့်ရင်း ပျော်ရွှင်သံနဲ့ ပြုံးပြောလိုက်သည်။

မကြာသေးခင်အချိန်အတွင်း ပိုင်ကျီဟန်ပြောင်းလဲမှုသည် များပြားလာကာ ချူကျီယန်အဖို့ သူသိခဲ့သောသူနဲ့ အတူတူလားဟုပင် သံသယဖြစ်လာခဲ့သည်။

သို့ပေမဲ့ ထိုသို့ မိုက်မဲမိုက်သော အပြုအမူတွေ ပြန်လုပ်လာသည်နဲ့အမျှ ပိုအားကောင်းလာသည်မှလွဲလျှင် ချူကျီယန်စိတ်ထဲ အတူတူပဲဟု ခံစားလာရသည်။

သူ့အင်အားက လူတိုင်းကို သံသယဖြစ်စေပေမဲ့ သူ့စကားသံ၊ သူ့အသွင်အပြင်နဲ့ သူ့သဘောထားတွေကတော့ မပြောင်းခဲ့ပေ

“မိုထျန်းကျီ မိုထျန်းကျီ မင်းလူတွေက ‘သူတော်စင်’ လို့ ခေါ်ကြလို့ တကယ်ပဲ သူတော်စင်တစ်ဦးလို့ ထင်နေတာလား?”

ပိုင်ကျီဟန်သည် လှောင်ပြောင်သောအသံနဲ့ ပြောလိုက်သည်။

ဘုန်း

သူ့ခြေထောက်တစ်ချက်နဲ့ မိုထျန်းကျီအားကန်လိုက်ရာ အခန်းထောင့်ထိ လွင့်သွားပြီး သွေးများအန်ကျလာည်။

ကန်ခံရတာကြောင့်တင် မဟုတ်ဘဲ အကန်ခံရချိန်တွင် ဆက်မကျင့်ကြံနိုင်တော့ဘဲ သူ့ကိုယ်ထဲက ချီပြင်းထန်မှုကို ထိန်းမနိုင်တော့တာကြောင့်ပင်

“ဟား… မင်း ခန္ဓာကိုယ်ပုံစံက ထူးဆန်းတာပဲ။”

ပိုင်ကျီဟန်သည် တိတ်တိတ်လေး ပြောလိုက်သည်။

အခြားသူတစ်ဦးသာဆို လုံးဝ ကျိုးပဲ့သွားနိုင်သည်။ သို့ပေမဲ့ မိုထျန်းကျီ ခန္ဓာကိုယ်ကတော့ ချက်ချင်း သက်သာရာရသွားသည်။

မိုထျန်းကျီခန္ဓာကိုယ်သာ် မည်မျှ အထိ ခံနိုင်မလဲ စမ်းသပ်ဖို့ ပိုင်ကျီဟန်တွင် အချိန်ရှိသေးသည်။

“ ဟား ဟား .. ပိုင်ကျီဟန် ငါမင်းကိုသတ်မယ်”

မိုထျန်းကျီသည် သွေးတွေ ဆူပွက်လာပြီး ဒေါသတကြီးနဲ့ ပြောလိုက်သည်။

ပိုင်ကျီဟန်ကတော့ ဂရုမစိုက်သလိုမျိုးပင်။ မိုထျန်းကျီသာ တကယ်လုပ်လျှင် ဒီလို မြင်ကွင်းမျိုးအဖြစ် မပြောင်းလဲခင် လမ်းမှာ ရပ်သွားပေလိမ့်မည်။

မိုထျန်းကျီ၏ လက်ရှိအသွင်အပြင်သည် သနားစရာပင်။ သူ့ကို မုန်းတီးသူများပင်လျှင် သူ့အခြေအနေကို သနားကြသည်။

ကျောက်ချန်နဲ့ သူတို့ မဟာမိတ်တွေကတော့ မိုထျန်းကျီအား ပိုင်ကျီဟန် ညှဉ်းပန်းနှိပ်စက်နေသည်ကို ကြည့်ပြီး တုန်လှုပ်သွားကြသည်။

မိုထျန်းကျီအား စောစောက လုပ်ခဲ့သည်များကို တွေးပြီးနောက် သူတို့ နောက်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

လီဖန်းကတော့ ဒေါသမထွက်ဘဲ မနေနိုင်ပေ။ ပိုင်ကျီဟန် သူ့အား လုပ်ခဲ့ပုံကို ထပ်ခါ ထပ်ခါ သတိရစေသည်။

သူ့လက်စားချေမှုက အိပ်မက်ထဲမှာပဲ ရှိနေတော့မှာလား။

တစ်ဖက်တွင် မိုထျနိးကျီ၊ ပိုင်ကျီဟန်တို့နှင့်ပိုမိုနီးကပ်နေသော တူကူလျန်ရှင်းသည် ပိုင်ရွှယ်ချင်း မောင်အပေါ် အနည်းငယ်ကြောက်ရွံ့မှု ခံစားလာရသည်။

အမှန်တကယ်ပင် နတ်ဆိုးဂိုဏ်းမှ သူတော်စင်သည် ပိုင်ကျီဟန် နှိပ်စက်တာခံရသော ခိုကိုးရာမဲ့ ကလေးတစ်ယောက်လို

မိုထျနိးကျီကိုကြည့်ရင်း ကြောက်ရွံ့ထိတ်လန့်လာ၏

ပထမတော့ သူမသည် မိုထျန်းကျီအား ပိုင်ကျီဟန် ပါးရိုက်တာကိုကြည့်ပြီး ရယ်ချင်သလို ခံစားရသည်။

ပိုင်ရွှယ်ချင်းနဲ့ သူ့၏ဆက်ဆံရေးအပေါ် လက်စားချေဖို့ လိုအပ်နေသေးပေမယ့် ပိုင်ကျီဟန်ကို မဆန့်ကျင်မိတာ ကံကောင်းသည်ဟု ခံစားရသည်။

သို့သော် ပိုင်ကျီဟန်သည် မိုထျန်းကျီကို သွေးအိုင်ထဲသို့ မညှာတာဘဲ ဖြည်းညင်းစွာ ဆွဲသွင်းလိုက်သဖြင့် သူမသည် ထိတ်လန့်သွား၏

သူ၏ ရူးသွပ်မှု၊ သနားညှာတာမှုကင်းမဲ့မှုနှင့် မိုထျန်းကျီဒုက္ခရောက်နေသည်ကို ကြည့်ရှုနေစဉ် သူ၏ ရယ်မောသည့်အမူအရာများ- ၎င်းတို့သည် နတ်ဆိုး ကျင့်ကြံသူများဟု လူသိများသည့်အရာနှင့် ဆင်တူသည်။

သို့သော် လူတစ်ဦးတည်းကို ညှဉ်းပန်နှိပ်စက်ရုံမျှဖြင့် မသေမျိုး ဧကရာဇ်မင်း၏အမွေကို လျစ်လျူရှုထား နိုင်မည်မဟုတ်ပေ။

"ငါစမ်းသပ်မှုပြီးသွားပြီ”

ပိုင်ကျီဟန်သည် မိုထျန်းကျီအား သွေးအိုင်ထဲ လဲကျသည့်အထိ ရိုက်ပြီးနောက် ကြေငြာခဲ့သည်။

သူသည် မိုထျန်းကျီ၏သန့်စင်သောခန္ဓာကိုယ်အား သူ၏ကိုယ်ပိုင် ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ကြည့်သေးသည်။

မိုထျန်းကျီ၏ ခန္ဓာကိုယ်သည် အကောင်းဆုံးများထဲမှ တစ်ခုဟု ခေါ်ဆိုနိုင်သော်လည်း ၎င်းသည် သူ့လောက် မပြင်းထန်ချေ

သူ့ခန္ဓာကိုယ်၏ ပြန်လည်နာလန်ထူမှုနှုန်းဟာ ရူးသွပ်သည်ဟု ပြောနိုင်သည့်တ်ုင် သူ့၏ကြံ့ခိုင်မှုကတော့ တိုးလာပုံမပေါ်ပေ

မိုထျန်းကျီအဖို့ ညှဉ်းပန်းနှိပ်စက်မှု နိဂုံးချုပ်သွားသည်ဟု ထင်ခဲ့သော်လည်း ပိုင်ကျီဟန်သည် သူ၏ဓားကို ထုတ်ပစ်လိုက်သည်။

"ကဲ ငါ မင်းကို မလိုအပ်တော့ဘူး"

ပိုင်ကျီဟန်က အေးစက်စွာပြောလိုက်သည်။

မိုထျန်းကျီကို အသက်ရှင်ခွင့်ပေးမှာမဟုတ်ပေ။ အခုသည် သူ့အတွက် အသင့်တော်ဆုံးနေရာဖြစ်လာတော့ သူ့ရန်သူနဲ့ ပြိုင်ဘက်တွေကို ဖယ်ထုတ်ရမည့် အချိန်ပင်။

အဲဒီလိုသာဆို အတော်လေးလွယ်လိမ့်မည်။

"ပိုင်ကျီဟန် ငါတို့ စကားပြောလို့ရတယ်”

မိုထျန်းကျီက ထိတ်လန့်သွားသည်။

သို့သော် ပိုင်ကျီဟန်သည် အပြုံးနဲ့အတူ မိုထျန်းကျီနှင့် ပိုနီးကပ်လာသည်။ အပြုံးသည် နွေးထွေးနေပေမယ့် ပိုင်ကျီဟန် ဘာလုပ်မည်ကို လူတိုင်းသိ၏

"ရပ်! ငါပြောတာ ရပ်တော့လို့”

မိုထျန်းကျီက အော်လိုက်ပြီး သူ့အသံက နားထိုင်းလုမတတ်ပင်

သူသည် နတ်ဆိုးကဲ့သို့ ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေခဲ့သည်— နတ်ဆိုးကျင့်ကြံသူ … ပိုင်ကျီဟန်သည် နတ်ဆိုးနှင့်တူချေသည်။

ထို့နောက်တွင် မသေမျိုး ဧကရာဇ် ဖေးလိန် ၏အကြွင်းအကျန်ဝိညာဉ် ပေါ်လာသည်။

"ရပ်”

သူမ အမိန့်ပေးသည်နှင့် ချက်ချင်းပင် ပိုင်ကျီဟန်သည် မလှုပ်ရှားနိုင်သလို ခံစားလိုက်ရသည်။

သို့တိုင် သူသည် ကြောက်သည်ထက် ပို၍ စိတ်ဆိုးနေပုံရသည်။

သူလုပ်နိုင်ရင်တောင်မှ ဝိညာဉ် အကြွင်းအကျန်တွေသည် သူ့ကိုသတ်မှာမဟုတ်ဘူးဆိုတာ သိနေ၏

"ဒီပထမအကြိမ် စမ်းသပ်မှုမှာ တိုက်ခိုက်ဖို့ ဒါမှမဟုတ် သတ်ဖို့ ခွင့်မပြုဘူး”

ဝိညာဉ် အကြွင်းအကျန်က ပြောလေ၏

မိုထျန်းကျီသည် ထိုစကားကိုကြားလိုက်သောအခါတွင်

နာကျင်မှုကိုဆက်မခံရတော့ကြောင်း သိလိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။

"ဟဲဟဲ... မင်းအရင်က ဒီလိုမျိုး မပြောဘူးလေ”

ပိုင်ကျီဟန်က ပြောလေ၏

ခံစားချက်မဲ့သော ဝိညာဉ်အကြွင်းအကျန်သည် ပထမဆုံးအကြိမ်အဖြစ် စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသည်။

အမှန်မှာ တိုက်ခိုက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းအတွက် စည်းကမ်းမရှိသော်လည်း အထူးသဖြင့် အားနည်းသော ကျင့်ကြံသူများအတွက် ဤနေရာ၌ မဖြစ်နိုင်ဟု ယူဆသောကြောင့်ဖြစ်သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများသည်ပင် လျစ်လျူမရှုနိုင်သော ချီ၏ရုတ်တရက်ဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။

တိုက်ခိုက်ဖို့ အလွန်နည်းသည်။ ၎င်းတို့သည် အလွန် အရည်အချင်းရှိလျှင်ပင် လှုပ်ရှား၍မရပေ။

သို့သော် မမျှော်လင့်ထားသည့်အရာမှာ ပြဿနာ တစ်စုံတစ်ရာမရှိဘဲ လွှမ်းမိုးနေသော ချီကို လျစ်လျူရှုနိုင်သူတစ်ဦး ရှိနေ၏

ဒါက ပြဿနာတစ်ခုဖြစ်သည်။ သူသည် အခြားပြိုင်ဘက်အားလုံးကို သတ်နိုင်ချေရှိသောကြောင့် သူတစ်ဦးတည်းသာကျန်တော့မည်ဖြစ်ကာ နောက်ထပ် စမ်းသပ်မှုများ မလိုအပ်တော့ချေ၊

ယင်းသည် မသေမျိုး ဧကရာဇ် ဖေးလိန် ၏အကြံအစည်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

ထို့ကြောင့် ပိုင်ကျီဟန်သည် မိုထျန်းကျီအား သတ်ခါနီးတွင် သူမ၏ဝိညာဉ်အကြွင်းအကျန်မှ ကြားဝင်ခဲ့သည်။

ယခု သူမပြောပြီးသည့်တိုင် ပိုင်ကျီဟန်သည် နားထောင်ချင်ပုံ မပေါ်တော့ပေ။

"ဒီလိုမျိုး ရှိခဲ့ရင်လည်း စောစောက ပြောသင့်တယ် မထင်ဘူးလား"

ပိုင်ကျီဟန်သည် မသေမျိုး ဧက္ကရာဇ် ဖေးလိန် ၏ အကြွင်းအကျန်များကို မကြောက်မရွံ့ စိန်ခေါ်ခဲ့သည်။

"ဒါက အခုမှစတာ”

သူမက အရှက်မဲ့စွာပြောသည်။

နောက်ဆုံးတွင် သူမသည် မူလဝိညာဉ်၏ အကြွင်းအကျန်တစ်ခုမျှသာ ဖြစ်သည်—အမွေဆက်ခံမှုသည် စီစဉ်ထားသည့်အတိုင်းသွားဖို့ သေချာစေရန်အတွက်သာ ဖန်တီးခဲ့သည်။

ပိုင်ကျီဟန် သို့မဟုတ် အခြားမည်သူမဆို နောက်ထပ်စည်းမျဉ်းများနှင့်ပတ်သက်၍ မည်သို့တွေးသည်ကို သူမဂရုမစိုက်ပေ။ ပိုင်ကျီဟန်ပင် ယင်းကို ဆန့်ကျင်ငြင်းခုံနိုင်ခြင်းမရှိပေ။

"ဒါဆို ငါ သူ့ကို သတ်ရင် ဘာဖြစ်မလဲ"

ပိုင်ကျီဟန်သည် သူလုပ်ချင်တာကို စမ်းသပ်နေတာနဲ့ ပိုတူသည်။

"ဒါဆို မင်းကို စမ်းသပ်မှုကနေ ဖယ်ထုတ်ရမယ်။"

သူမက ပြန်ဖြေလေ၏

"ဒါပဲလား မိုထျန်းကျီ မင်းက တော်တော်ကံကောင်းတယ် မလား"

ပိုင်ကျီဟန်သည် မိုထျန်းကျီ ခေါင်းကို ပုတ်ရင်း ပြောလိုက်သည်။

မိုထျန်းကျီ၏ ဒေါသများ ပေါက်ကွဲထွက်ပြီး အခွင့်အရေးကို ယူလိုက်သည်။

"မသေမျိုး ဧကရာဇ်၊ သူက ကျွန်တော်ကို တိုက်ခိုက်နေတာမဟုတ်ဘူးလား။ သူ့ကို မောင်းထုတ်သင့်တယ်”

မိုထျန်းကျီက တောင်းဆိုလိုက်၏

"ဟေး ဟေး၊ ဒါကို တိုက်ခိုက်မှုလို့ ခေါ်သလား။"

ပိုင်ကျီဟန်က မေးလေ၏

"မင်းဒဏ်ရာရတာ ဒါမှမဟုတ် အသက်ဆုံးရှုံးတာမဟုတ်ရင် အဲဒါကို ထည့်မတွက်ဘူး။ ပြီးတော့ ငါ့စကားတွေကို မှတ်ထား။"

ထိုနောက် သူမ ပျောက်သွားချေ၏

"ဟား! ဘာက ပျော်စရာလဲဆိုတာ သူမသေချာမသိဘူးပဲ”

All Chapters