← Chapters

ဒီမှာက သမာသမတ်မှုမရှိဘူး

Vol. 9 Ch. 123

ဒီမှာက သမာသမတ်မှုမရှိဘူး

Vol. 9 Ch. 123

“ နတ်ဆိုးသားရဲရဲ့ သူတော်စင် သားလေ။ ဟမ်.. သူ ဘယ်လို ဒီရောက်နေတာလဲ”

“ တော်ဝင်မိသားစုက နတ်ဆိုး ကျင့်ကြံသူတွေကို အပျက်အစီးထဲ မဝင်ခိုင်းဘူးထင်နေတာ”

“ဟား .. သူတို့ကို ဘယ်သူတားနိုင်မလဲ? ကောင်းကင်ဓားဂိုဏ်းလား? ကျောက် မိသားစုလား?တော်ဝင်မိသားစုလား။ သူတို့တောင် နှစ်ကြိမ်စဉ်းစားရမှာ။”

“အထူးသဖြင့် သူတို့ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေကြတာမပြောနဲ့။ တစ်ယောက်ကို တားဖို့ အချိန်နဲ့အင်အားတွေတောင် မဖြုန်းတီဍကြဘူး။”

မိုထျန်းချီသည်သင်္ဘောကြီးအောက်ဆင်းလာချိန်မှာတော့ လူသတ်ချင်သည့် မျက်လုံးနဲ့ ဖုံးလွှမ်းကြည့်လိုက်သည်။

သူ့နောက်မှာ လိုက်လာသူတွေကတော့ နီညိုရောင်နတ်ဆိုးအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ပင်။ အနက်ရောင်ဝတ်စုံနဲ့ လှပပြီး အန္တရာယ်ရှိသော အမျိုးသမီးများ ၊ တွန့်လိမ်နေသော ပုံစံနဲ့ နတ်ဆိုး ကျင့်ကြံသူများ၊ ဂျူနီယာကျင့်ကြံသူများအဖို့အသက်ရှုရပ်စေနိုင်သည့် အကြီးအကဲများ

“ဟိုမှာ သတ္တမမြောက် ကောင်းကင် သံတမန်”

“ပြီးတော့ သူမက တူကူလျန်ရှင်းမလား။ဒုစရိုက်တစ်ရာ ခန်းမရဲ့ သမီးတော် “

အဖြူရောင်နဲ့ အမျိုးသမီးတစ်ယောက်သည် အောက်ဆင်းလာကာ သူမ၏ အဝတ်အစားများသည် ဘယ်တော့မှ စီးမကျနိုင်သည့် သွေးစီးကြောင်းများလိုသာ

မျက်နှာသည် မျက်နှာဖုံးတပ်ထားသည့်တိုင် မျက်လုံးများက စိတ်ဝိညာဉ်ကိုစားသုံးမည့် အလင်းများလို တောက်ပနေသည်။

ကောလဟာလအရ သူမသည် ဝိညာဉ်အခြေတည်ကာအစ ကျင့်ကြံသူရှိသူတစ်ဦးကိုပင် ဒူးထောက်ခိုင်းကာ အသက်ရှင်လျက် အရေခွံ့မဆုတ်ခိုင်းမီ အပြစ်အားလုံးကို ဝန်ခံခိုင်းသည်

တစ်စုံတစ်ယောက်က တံတွေးကို မျိုချလိုက်၏

“ဒါဆို နတ်ဆိုးကျင့်ကြံသူတွေက သားတော်နဲ့ သမီးတော်နှစ်ယောက်လုံး ပို့လိုက်တာလား?”

“ဒါက… များလွန်းတာပဲ?”

“များလွန်းတာ”

တစ်ယောက်သည် အော်ဟစ်သံနဲ့ ပြန်ဖြေသွားသည်။

“သူတို့က အမွေကို ရခဲ့ရင် အင်ပါယာတစ်ခုလုံးကို အုပ်စိုးနိုင်မယ်။ လူများများပို့လေ ရဖို့ ဖြစ်နိုင်ချေများလေပဲ။ ဒါပေမဲ့ နှစ်ယောက်လုံး သေသွားရင် အန္တရာယ်ပိုများတယ်။ ဒါကလည်း သူတို့မျှော်လင့်နေတာပဲ”

ဘုန်း ဂျွတ်

မြေပြင်ကို ကွဲသွားစေသည့် အမည်းရောင် ပုဆိန်ကြီး တစ်လက် ထိုးကျလာသည်။

မီးခိုးရောင်ကဲ့သို့ မျက်လုံးများ နှင့် အရေပြား ထူထပ်သော အမျိုးသားသည် ဧရာမသားရဲ ဦးခေါင်းခွံကို သံကြိုးတစ်ခုပေါ် ဆွဲတင် လိုက်သည် ။

“တတိယမြောက် နတ်ဆိုး စစ်သူကြီး ကုံးယောင်”

လူစုအကြား စကားပြောသံများ ထွက်ပေါ်လာကာ မျက်လုံးတွေအားလုံးက စိုက်ကြည့်နေကြသည်။

နတ်ဆိုး သားတော်နဲ့ သမီးတော်ကို ကာကွယ်ဖို့အတွက် အင်အားအကြီးဆုံးထဲက တစ်ယောက်ဖြစ်သည့် စစ်သူကြီးကိုပင် ပို့ပေးချေ၏

နတ်ဆိုးကျင့်ကြံသူများသည် ဒီရေလို ပြန့်ကျဲလာတာကြောင့် လူအစုအဝေးသည် နောက်ဆုတ် သွားကြသည်။

အင်ပါယာအမွေဆက်ခံသူတွေတောင် တိတ်ဆိတ်သွားကြသည်။

ယုလောင်ရွှမ် ရယ်သံက ရပ်သွားသည်။ယုချင်းယာ မျက်လုံးတွေလည်း ကျဉ်းမြောင်းသွားသည်။ ယုဝမ်ကျောက်၏ အေးစက်သောမျက်နှာပင် တင်းမာသွားချေသည်။

အခြားသော ကျင့်ကြံသူများသည် ယှဉ်ပြိုင်သည့်အခါ၌ပင် ၎င်းတို့လို တော်ဝင်မိသားစုများ အသက်ကို ကာကွယ်ပေးမည့်တိုင် နတ်ဆိုးကျင့်ကြံသူတွေကတော့ မတူပေ

သူတို့အတွက် ဘယ်သူဖြစ်ဖြစ် သေသွားတာက ဘာမှ မဟုတ်ပေ။

နှစ်ဖက်စလုံးသည် လိုက်လျောညီထွေမဖြစ်နိုင်သလို အဆက်မပြတ် ကွဲလွဲနေတာကြောင့် ဂုဏ်သိက္ခာရှိသည့် ဂိုဏ်းတစ်ခု ဒါမှမဟုတ် မျိုးနွယ်စုတစ်ခုကဆိုလျှင် သူတို့က ပိုသတ်နိုင်သည်။

တစ်ဖက်မှ ပါရမီရှင်တစ်ဦးကို သတ်ခြင်းသည် စိုးရိမ်စရာကောင်းသော ပြိုင်ဘက်တစ်ယောက်လျော့စေသည်ဟု ဆိုလိုသည်။

ကုံးယောင်၏ ခြေထောက်တစ်ချက်ချင်းတိုင်းသည် မြေပြင်ကို ထုချလိုက်သည့်အခါ သေခြင်းအမှတ်တံဆိပ်ကို ရိုက်ချနေသကဲ့သို့ ဖြစ်

နေသည်။

ထိုကြီးမားသောလူသည် ပိုင်မျိုးနွယ်နှင့် မလှမ်းမကမ်းတွင် ရပ်လိုက်ပြီး သားရဲဦးခေါင်းခွံကို ပျင်းရိသောလက်ဖြင့် နောက်သို့ ဆွဲယူလိုက်သည်။

သူ၏ ကျောက်မီးသွေးနှင့်တူသော မျက်လုံးများနဲ့ ပိုင်ထျန်းဟမ်ကို စိုက်ကြည့်နေသည်။

"ဖြောင့်မတ်ချင်ယောင် ဟန်ဆောင်နေတာလား၊ ကောင်လေး"

ကုံးယောင်၏ အသံသည် သံမဏိနှင့် ကျောက်စရစ်ခဲကဲ့သို့ ကြမ်းတမ်းပေသည်။

ကုံးယောင်အမြင်အရ ပိုင်ထျန်းဟမ်သည် သူတို့ အသက်အရွယ်တွင် ကလေးသာသာပင် ရှိသေးသည်။

ပိုင်ထျန်းဟမ် အမူအရာက ပြောင်းလဲမသွားပေ။ စိတ်အေးလက်အေးနဲ့ပင် ။ နှင်းတွေကျနေသော တောင်ထိပ်ပေါ်ကို လေတိုက်သလိုပင် အေးစက်နေ၏

"မင်းက အခုထိ မသေသေးဘူးလား။ ငရဲက သူတို့ရဲ့ ဖိတ်ခေါ်ချက်ကို မင်းဆီ ပို့သင့်ပြီထင်တယ်"

ပိုင်ထျန်းဟမ်က လှောင်ပြောင်သည်။

"ဟာဟား... ငါသေဖို့က နောက်ထပ် အနှစ်တစ်ထောင်တောင် မကလောက်ဘူး။ မင်း တတ်နိုင်ရင် ငါ့အသက်ကို ရအောင်ကြိုးစားကြည့်”

ကုံးယောင်သည် ဂုဏ်ယူစွာ ကြေငြာလိုက်၏

ပိုင်ထျန်းဟမ်သည် ကုံးယောင်အတွက် ပြိုင်ဘက် မဟုတ်နိုင်ပေ။

ပိုင်ထျန်းဟမ်သာ ကုံးယောင်အသက်ကို သတ်လိုပါက အနည်းဆုံး မဟာအကြီးအကဲပိုင်ရမ်လို နှစ်ဦးကို ခေါ်ဆောင်ရမည်ဖြစ်သည်။

သူ့အနေနဲ့လည်း ထိုသို့လုပ်ဖို့မစီစဉ်ထားပေ။ တခြား မည်သူမှလည်း မစီစဉ်ထားချေ။

"မင်းဘာလိုချင်လဲ ကုံးယောင်"

ပိုင်ထျန်းဟမ်က မေးလေ၏။

"ငါတို့နဲ့ပူးပေါင်းပါ။ မင်းရဲ့ ပိုင်မျိုးနွယ်က နတ်ဆိုးကျင့်ကြံသူ တစ်ယောက်ဖြစ်ဖို့ ပိုသင့်တော်တယ်”

ကုံးယောင်က ပြောလေသည်။

ပိုင်ထျန်းဟမ်သည် မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့ မျိုးနွယ်က သားရဲမျိုးနွယ် ဖြစ်ထိုက်တယ်လို့ မင်းက ဘာလို့ထင်တာလဲ။"

ပိုင်ထျန်းဟမ်က ပြောသည်။

"ဟား... ဟန်ဆောင်မနေနဲ့၊ မင်းရဲ့မျိုးနွယ်က ဘာလဲဆိုတာ မင်းသိတယ်”

ထိုသို့ပြောရင်း ပိုင်ထျန်းဟမ်သည် အလျင်အမြန် ဖုံးအုပ်ထားသော်လည်း သူ့ နောက်တွင် ရပ်နေသော ပိုင်ကျီဟန်ကို တစ်ချက်ကြည့်လိုက်သည်။

ပိုင်ထျန်းဟမ်သည် မျက်မှောင်ကြုတ်ပြီး ကုံးယောင် ဘာပြောနေသည်ကို သိ၏ ကုံးယောင်၏ ထင်ရှားသော အရိပ်အမြွက်ကို နောက်မှလိုက်ကြည့်စရာ မလိုပေ

သို့ပေမဲ့ ပိုင်ထျန်းဟမ်မိန်းမသည် တာအိုအရိုးကို ခိုးသွားပြီး ပိုင်ကျီဟန်အားပေးသည်ကို ကုံးယောင် မည်သို့သိသွားကြောင်း သူ ဘယ်လိုမှ နားမလည်ပေ။

"ဟား...အဲ့တာကို စဉ်းစားကြည့်”

ကုံးယောင်သည် ထိုစကားများကို ပြောပြီးနောက် ထွက်သွားလေသည်။

သူတို့နောက်မှ တိုးတိုးလေး ရယ်မောသံ ထွက်လာသည် ။

မိုထျန်းကျီသည် ခေါင်းကို ပျင်းရိစွာ လှည့်လိုက်ပြီး သူ့အနားတွင် မြွေနဂါးများ လှည့်ပတ်နေသလိုပင် မှောင်မိုက်နေသော မြူခိုးများ ဝေ့ဝဲနေသည်။

လူအုပ်ကြီး၏ အနားမှ စုတ်ပြတ်နေသော ၀တ်စုံဝတ်ထားသည့် လူဆိုး ကျင့်ကြံသူ အုပ်စုသည် လက်နှစ်ဖက်ကို ပိုက်ကာ အော်ဟစ်နေကြသည်။

၎င်းတို့အနက်မှ အရက်မူးနေသောသူ တစ်ဦးသည် မြေပြင်ပေါ်သို့ တံတွေးနှင့် ထွေးသည်။

"ချီး လူယုတ်မာတွေ" သူက ပြောလိုက်သည်။

"သူတို့က အနီရောင်ဝတ်ထားပြီး သွေးနံတွေနံနေတာကို နတ်ဘုရားတွေလို ပြုမူနေတယ်။ သူတို့ကို သတ်ပြီး ဒုက္ခကို ကယ်တင်သင့်တယ်"

မိုထျန်းကျီသည် မျက်တောင်တစ်ချက်ခတ်လိုက်သည်။

ပြီးတော့ ပြုံးလိုက်၏

နောက်တခဏမှာ

ရွှမ်

အရိုင်းအစိုင်း ကျင့်ကြံသူ၏ ဦးခေါင်းသည် သူ့ပခုံးပေါ်တွင် မရှိတော့ချေ။

သွေးတွေမြေပြင်မှာ စမ်းချောင်းလိုဖျန်းခနဲ ထွက်လာ၏ ။ သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ပြီး ပြိုကျသွားချေပြီ

မိုထျန်းကျီသည် သူနေခဲ့သည့်နေရာတွင် မတ်တပ်ရပ်ရင်း ပြုံးနေကာ သူ၏ပါးပြင်မှ ကြက်သွေးရောင် အမှုန်အမွှားလေးများကို လက်ညှိုးဖြင့် သုတ်လိုက်သည်။

“ထူးဆန်းတယ်” ဟု ရွှင်မြူးစွာပြောသည်။ "ငါ့ကို စော်ကားတဲ့လူကို ကျိန်ဆိုတာပဲရှိတာ ။ ဒါပေမယ့် အခု... သူသေသွားပြီ။ ဒါဆို အဆင်ပြေသွားပြီ။"

သူသည် အံ့အားသင့်နေသော လူအုပ်ဆီသို့ လှည့်ကြည့်ကာ မျက်လုံးများ တောက်ပနေ၏။

"သူက ငါ့ကို စော်ကားရဲလောက်အောင် အစွမ်းထက်တဲ့သူလို့ ငါထင်ခဲ့တာ။ ဒါပေမယ့် ကြည့်ရတာ သူက ခွေးဟောင်သလိုပဲ"

မည်သူမှ မလှုပ်ပေ

သူ့ကို မည်သူမှ မတားဆီးပေ

ပိုင်မျိူးနွယ်မှ မလုပ်ပေ။ ကောင်းကင်ဓားဂိုဏ်း မှလည်း မလုပ်ချေ။ တော်ဝင်မိသားစုမှလည်း မလုပ်ပေ။

ဖိနှိပ်ထားသော မိုထျန်းကျီအင်အားကို မျိုးဆက်သစ်အများစုသည် ကြောက်ရွံ့နေသည်။

သူ၏ အရှိန်ကို အကဲဖြတ်ကြည့်ပုံအရ မိုထျန်းကျီသည် ဝိညာဉ် ဖွဲ့စည်းပုံအဆင့်တွင် ရှိနေပုံရ၏ ဧကန်စင်စစ် သူသည် နတ်ဆိုးဂိုဏ်း၏ ဘွဲ့အမည်နှင့် ထိုက်တန်သည်။

မိုထျန်းကျီသည် အေးစက်စွာ ရယ်မောလိုက်သည်။

"ဘယ်သူကမှ သူ့ဘက်က ရပ်တည်ပေးမှာ မဟုတ်ဘူးမလား”

မိုထျန်းကျီသည် လူသေအလောင်းကို လက်ညှိုးထိုးပြရင်း မေးသည်။

သို့သော် အထူးသဖြင့် ပြိုင်ဘက်သည် နတ်ဆိုးပညာကို ကျင့်ကြံသူဖြစ်သောအခါ မည်သူမျှ တရားမျှတမှုကို မတောင်းဆိုချင်ကြပေ။

ရှုံးနိမ့်ခြင်းဆိုသည်မှာ သေခြင်းတရားကို ဆိုလိုပြီး အောင်ပွဲသည် ကျော်ကြားမှုအနည်းငယ်မှလွဲ၍ ဘာမျှမရရှိနိုင်ချေ။

“ မင်းတို့က ဖြောင့်မတ်ချင်ယောင်ဆောင်နေတာမလား ။ ကိုယ်ကျင့်တရား မြင့်မားရေးကို တောင်းဆိုကြတယ်။ ဒါပေမယ့် မင်းရှေ့မှာ တစ်ယောက်ယောက်သေသွားတော့ ဘာမှ မလုပ်ဘူးပဲ။ ချီးပဲ ကြောင်သူတော်တွေ “

မိုထျန်းကျီက လှောင်ပြောင်သည်။

ထိုအချိန်တွင် ပြင်းထန်ပြီး ဒေါသကြီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒါက လုံလောက်ပြီ”

ယုလောင်ရွှမ်သည် ကောင်းကင်အင်ပါယာ၏ ဒုတိယမင်းသား ဖြစ်၏

ရှေ့ကို ထွက်လာပြီး ဒေါသတွေ တောက်လောင်နေသော မျက်လုံးတွေနဲ့ အတူ မျက်နှာက ဖြူဖျော့နေ၏

"မင်းက ဧကရာဇ်မိသားစုရှေ့မှာ လူသတ်မှု ကျူးလွန်ဝံ့ပြီး အရူးစကားတွေ ဆက်ပြောနေတာလား။ ငါတို့က မင်းကို သောင်းကျန်းခွင့်ပေးမယ်လို့ ထင်နေတာလား။"

ယုလောင်ရွှမ်က ဆက်ပြောသည်။

ဖြောင့်မတ်ခြင်းတရားကြောင့်ဟု ပြောမည့်အစား သူတို့စိတ်တိုင်းကျ မကောင်းမှုကို ခွင့်မပြုနိုင်သော ရဲရင့်သည့် မင်းသားအဖြစ် သရုပ်ဖော်ကာ နာမည်ကောင်းရဖို့ ကြိုးစားတာနဲ့ ပိုတူချေ၏

မိုထျန်းကျီလိုအရူးသာမဟုတ်ပါက သူပြောခဲ့သောလူအပေါ်

ချို့ယွင်းချက်မရှိ အလုပ်ဖြစ်နိုင်၏

မိုထျန်းကျီ အပြုံးသည် ကျယ်ပြန့်လာသည်။

"အိုး မင်းက ချစ်ဖို့ကောင်းသားပဲ”

တစ်ခဏအတွင်း သူသည် ပျောက်ကွယ်သွားသည်

ယုလောင်ရွှမ်၏ ရှေ့တွင် ပြန်လည်ပေါ်လာပြီး လက်ကိုမြှောက်ကာ လက်ဖဝါးသည် အနက်ရောင်တောက်နေ၏

မင်းသား၏ မျက်လုံးများသည် အဖျားများအထိ ကျုံ့သွားကြသည်။

တိုက်ခိုက်မှုက တစ်ဝက်တစ်ပျက် ရောက်နေချေပြီ

"လောင်ရွှမ်”

နီညိုရောင် မိုးကြိုးနန်းတော်မှ အကြီးအကဲများစွာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ဘုန်း!

အချိန်မီ ရွှေဒိုင်းတစ်ခု ပေါ်လာပြီး ဖုန်မှုန့်များ လွင့်ပျံသွားသည့် မိုးခြိမ်းသံလှိုင်းဖြင့်အတူ မိုထျန်းကျီ၏ တိုက်ခိုက်မှုကို တိုက်မိသွားသည်။

ယုလောင်ရွှမ်သည် နောက်ပြန်ဆုတ်သွားကာ ဖြူဖျော့ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

မိုထျန်းကျီသည် မလှုပ်မယှက် ရပ်နေပြီး လက်ထဲတွင် ဆေးလိပ်အနည်းငယ်သောက်ကာ ပြုံးနေဆဲဖြစ်သည်။

"ဟင်းး နောက်တစ်ယောက် သေလုနီးပါးပဲ။"

ဒုတိယမင်းသားကို သတ်လိုက်တာက သူသတ်လိုက်သည့် အရိုင်းအစိုင်း ကျင့်ကြံသူနဲ့ အတူတူလိုပင် ပြောနေ၏

ကြက်သွေးရောင်မိုးကြိုးနန်းတော်မှ အကြီးအကဲများသည် မင်းသားလေးပတ်လည်တွင် အကာအကွယ်ဖြင့် စုရုံးကာ မှောင်မိုက်သောအမူအရာများနဲ့ပင်

ယုလောင်ရွှမ်သည် အံသွားများ ကြိတ်ကာ အော်ဟစ်လိုက်သည်။

သူအသတ်ခံရလုနီးပါးဖြစ်တာကြောင့်ထိတ်လန့်သွားသော်လည်း တည်ငြိမ်မှုပြန်ရလာပြီး အထူးသဖြင့် သူ့အစ်ကိုနှင့် အစ်မများရှေ့တွင် မိုထျန်းကျီ အရှက်ရအောင်လုပ်ခြင်းကို နားလည်သွားချေသည်။

"မင်းနောင်တရလိမ့်မယ်”

ဒုတိယမင်းသားသည် ရဲဝံ့စွာပြောပြီး လှုပ်ရှားမှု လုပ်တော့မည့်အခိုက် ကြက်သွေးရောင်မိုးကြိုး နန်းတော်၏အကြီးအကဲတွေက သူ့ကို အမြန်တားဆီးလိုက်သည်။

"ဒုတိယမင်းသား၊ အချိန်မကျသေးပါဘူး။ ရှေးဟောင်း အပျက်အစီးတွေအတွက် စွမ်းအင်ကို ထိန်းသိမ်းထားရမယ်”

ကြက်သွေးရောင် မိုးကြိုးနန်းတော်၏အကြီးအကဲသည် ဒုတိယမင်းသားကို နောက်ထပ် မိုက်မဲသည့် လုပ်ရပ်တွေ မလုပ်

ခင်မှာ တားဆီးခဲ့သည်။

ဒုတိယမင်းသားသည်လည်း လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် အမှန်တကယ် ရည်ရွယ်ချက်မရှိပေ။ မိုထျန်းကျီ၏အင်အားသည် သူ့ထက်

သာလွန်ကြောင်း သိထားပြီးဖြစ်သည်။ အရှက်ခွဲခံရပြီးနောက် မျက်နှာသာရအောင် ကြိုးစားရင်း ရှိုးပွဲတစ်ခုလုပ်နေတာပင်

မိုးထျန်းကျီသည် မျက်မှောင်ကျုံ့ပြီး လှုပ်ရှားရန် လုပ်နေသော်လည်း ကြီးမားသော လက်တစ်စုံက သူ့ပခုံးပေါ်သို့ ကျရောက်လာသည်။

အဲ့တာက ကုံးယောင်ပင်

တတိယနတ်ဆိုး ဗိုလ်ချုပ်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ မြည်လာသည်။

"လုံလောက်ပြီ”

မိုထျန်းကျီသည် ခဏရပ်လိုက်သည်။ သူ ဘယ်လောက်ပဲ ရူးသွပ်ပြီး မာနကြီးနေပါစေ သူရပ်နေတဲ့နေရာကို အတိအကျသိ၏

သူတော်စင်တစ်ယောက်ဖြစ်သော်ငြားလည်း သူ့စွမ်းအားသည် ကုံးယောင်ကို မကျော်နိုင်ပေ ။ သူနှင့် ငြင်းခုံခြင်းသည် သူ့အတွက် မကောင်းသောအရာများသာ ဖြစ်လိမ့်မည်။

"ငါတို့ဘာလို့လာခဲ့တာလဲ မမေ့နဲ့" ကုံးယောင်က တိတ်တိတ်လေးပြောသည် ။ "အမွေကိုသာ အာရုံစိုက်ပါ။ ဒါက အဓိပ္ပာယ်မရှိတာတွေ”

မိုထျန်းကျီသည် သူ့ကို ခဏလောက် စိုက်ကြည့်ပြီး လှောင်ပြောင်ကာ လက်ကို ဖယ်လိုက်သည်။

"ဟ..သေစမ်း"

ဒါပေမယ့် သူ နောက်ဆုတ်သွားလေ၏

အခုကတော့။

နတ်ဆိုး ကျင့်ကြံသူများ စုရုံးလာသည်နှင့်အမျှ လေထုသည် ပိုမိုလေးလံလာသည်။ ဂိုဏ်းပေါင်းစုံမှ တပည့်များသည် ၎င်းတို့နှင့် ဝေးဝေးတွင် နေခဲ့ကြသည်။

ဧကရာဇ်မိသားစုသည် ၎င်းတို့၏ ကာကွယ်ရေးကို တင်းကျပ်ထားသည်။ အကြီးအကဲများသည် စိုးရိမ်သောကအကြည့်များကို ဖလှယ်ကြသည်။

တင်းမာမှုတွေသည် ယခင်ကထက် မြင့်လာ၏

ယခု ကြက်သွေးရောင်နတ်ဆိုးဂိုဏ်း ရောက်ရှိလာမှုနှင့် မိုထျန်းကျီ၏အကြမ်းဖက်မှုများဖြင့်

အသက်ရှုကြပ်လုနီးပါးဖြစ်ခဲ့သည်။

အပျက်အစီးက မပွင့်သေးပေ။ သွေးတွေ ယိုဖိတ်နေချေပြီ။

လွတ်လပ်စွာ လျှောက်သွားသော နတ်ဆိုးများနှင့်အတူ

ဤစမ်းသပ်မှုသည် လူသတ်ရုံတစ်ခုမျှသာဖြစ်မည်ကို လူတိုင်းသိသည်။

All Chapters