ရှေးဟောင်းအပျက်အစီး ပွင့်ပြီ
Vol. 9 Ch. 124
ယုလောင်ရွှမ်သည် ကြောင်စီစီနဲ့ ထိုင်နေပြီး သွားတစ်ချောင်းကို ချိုးတော့မတတ် အံ့ကြိတ်ထားသည်။
“ချီးပဲ”
သူ့လက်သည် နှစ်ဖက်စလုံး ဆုပ်ထားသည် — ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲ လူရှေ့သူရှေ့အရှက်ခွဲခံရသည့် ရှက်ရွံ့မှုကြောင့်ပင်
(နောက်ထပ်တစ်ကြိမ်)
သူခန့်မှန်းနိုင်၏
သူ့ တတိယ အစ်ကို ယုဝမ်ကျောက်အကြည့်အရ သူ့ကိုအားနည်းနေသူဟု မြင်နေ၏
သူ့၏အေးစက်သောညီမ ယုချင်ယာ၏ ပျော်ရွှင်နေသော အကြည့်အရ သူမဆန္ဒကို မျိုသိပ်ထားပုံတောင် မရချေ
ပိုဆိုးတာက အခြားလူတွေအားလုံးကပါ ဒါကို မြင်လိုက်ကြသည်။
တတိယမင်းသားသည် ဟာသလိုပင်
သူ့သွားများကို တင်းတင်း စိထားတာကြောင့် သွားထောင့်ကနေ သွေးတစ်စိမ်စိမ့် ထွက်လာခဲ့သည်။
အသံသည် ဒေါသနဲ့ ပြည့်နေသည်။
“အကြီးအကဲဟွမ် ။” သူက ရှေ့သို ရွေ့လျားလာပြီး မေးလိုက်သည်။ “ဘယ်အတိုင်းအတာကျမှ ပွင့်မှာလဲ ဒါက”
သူက ငြိမ်သက်စွာနဲ့ ပြောပေသည် ။ ဒါပေမဲ့ ထွက်လာတာကတော့ ခါးသက်ပြီး စိတ်မရှည်သည့်လေသံ ဖြစ်နေပြန်သည်။
ပရိသတ်ထဲ၌ ရယ်သံအနည်းငယ် ပြန်ထွက်သွားသည်။
ယုဝမ်ကျောက်သည် မျက်ခုံးပင့်ပြီး နှုတ်ခမ်းက ပြုံးလိုက်သည်။
ယုချင်ယာကတော့ သူ့ကို မကြည့်ပေ။
သူမသည် ဆီးနှင်းပန်းခန်းမမှ ပါဝင်သူတစ်ဦးဘက် လှည့်ပြီး ညည်းညူလိုက်သည် “သူက စမ်းသပ်မှုမစခင်ကို ပြဿနာက ရှိနေပြီ”
သူ့အသံ မကျယ်ပေ။ ဒါပေမယ့် ကြားရသည့်အထိတော့ အသံထွက်၏
ယုလောင်ရွှမ်လည်း ကြားပေ၏
ဒီဟာမ
သူအနေနဲ့ သူတို့အားလုံးကို နှုတ်ပိတ်အောင်လုပ်မည်။ အားလုံးကိုသာ
(ခဏစောင့် အမွေတွေငါရရင် မင်းတို့အကုန် ပေးဆပ်ရမယ်။)
သူ့မျက်လုံးများသည် ရန်လိုစိတ်နဲ့ တောက်လောက်နေပြီး လက်စားချေတော့မည်ပင်။
(ငါပထမဆုံး သတ်မဲ့သူက မိုထျန်းကျီ။ သူ့ရဲ့ ရယ်မောနေတဲ့ မျက်နှာကို ဖျက်ထုတ်ပြီး မြေပေါ် နှင်းချေပစ်မယ်။ ပြီးတော့ ဘယ်သူရယ်မလဲ ကြည့်မယ် ။)
သူသည် မဟာအကြီးအကဲဟွမ် ဖြေကြားချက်ကို စောင့်နေစဉ် တွေးနေ၏
သို့ပေမယ့် မဟာအကြီးအကဲဟွမ်က မတုံ့ပြန်ခဲ့ပေ။
မင်းသားကို လျစ်လျူရှုထားတာကြောင့် မဟုတ်ပေ
အကြောင်းကတော့
ဝူးးးးးးး—
မြေကြီး တုန်လှုပ်သွားချေ၏
လေသည် တွန့်လိမ်သွားချေသည်။
လူတိုင်း မျှော်ကြည့်ကြသည်။
ရှေးခေတ် လွှမ်းခြုံထားသော စွမ်းအား၏ ရုတ်တရက် ထွက်ပေါ်လာမှုနှင့်အတူ ရှေးဟောင်း အပျက်အစီးများကို ဖုံးအုပ်ထားသော ကျောက်စိမ်းရောင် စွမ်းအင်
သည် တောက်ပလာသည်—ထို့နောက် အက်ကွဲလာသည်။
ရွှေရောင်အလင်းတန်း ပင့်ကူမျဉ်းများသည် လျှပ်စီးကြောင်းများကဲ့သို့ အတားအဆီးကိုဖြတ်ကျော်လိုက်၏
ဂျွတ် ဂျွတ် ဂျွတ်
ကွဲကြေနေသော ဖန်ခွက်လို အသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။
ထို့နောက် ဘုန်း
အတားအဆီးကို ဖြစ်ပေါ်စေသည့် ဖွဲ့စည်းပုံသည် ရောင်စုံအလင်း ဆိုင်ကလုန်းမုန်တိုင်းနဲ့အတူ ပေါက်ကွဲသွားကာ လှိုင်းလုံးကြီးတစ်ခု ထွက်လာပြီး ဝိဥာဉ်အခြေတည်ကာစအဆင့် ကျင့်ကြံသူများကိုပင် အနည်းငယ် ယိမ်းထိုးစေခဲ့သည်။
မျက်စိစူးစေသော အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ တိုးဝင်လာပြီး တိမ်များကို ထိုးဖောက်ကာ လူတိုင်း၏အကြည့်များကို ဆွဲငင်စေသည်။
အတွေးတစ်ခုသည်ပင် ထောင်ပေါင်းများစွာသော အတွေးထဲသို့ တစ်ချိန်တည်း ဖြတ်သန်းသွားသည် ။
ပွင့်ပြီ
အဆင့်-၈ ဖွဲ့စည်းပုံဖြင့် ကာကွယ်ထားသည့် ရှေးဟောင်း အပျက်အစီးသည် နောက်ဆုံးတွင် ပွင့်သွားချေသည်။
လေထဲတွင် စိတ်လှုပ်ရှားမှုသည် လျှပ်စစီးဓာတ်လို ဖြစ်သည်။
မျက်လုံးများသည် ရည်မှန်းချက်များဖြင့် တောက်ပနေသည်။ အသက်ရှုတွေ မြန်လာ၏ ချီ မီးတောက်သွားသည်။
"မြန်မြန်ဝင်ကြ”
"လက်မလျှော့နဲ့။ မင်းရဲ့ ခွန်အားနဲ့ တွန်းပါ”
"ဘာပဲဖြစ်ဖြစ် အမွေဆက်ခံဖို့ သတိရပါ”
အကြီးအကဲများသည် မျိုးဆက်သစ်လူငယ်များကို အမိန့်ပေးစပြုလာသည်။
ထပ်တူထပ်မျှ စိတ်မရှည်သော မျိုးဆက်သစ် လူငယ်လေးသည် ရူးသွပ်သော အရှိန်ဖြင့် ပြေးထွက်သွားသည်။
ဤမျှကြီးမားသောလူအုပ်ကြီးနှင့်အတူ ကျင့်ကြံသူအချို့သည် တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်တွေ့ကြမည်မှာ မလွဲမသွေဖြစ်ပြီး တင်းမာမှုများသာ တိုးပွားလာသော်လည်း တိုက်ခိုက်မည့်ချိန်ကို မည်သူမျှ မဖြုန်းတီးဝံ့ကြပေ။
ရှေ့သို့ တိုးလာကြပြီး အားလုံးက ရှေးဟောင်း အပျက်အစီးထဲသို့ ဝင်
ရောက်ရန် အာရုံစိုက်နေကြသည်။
သို့သော် အလျင်စလိုဝင်ခြင်းသည် အဓိပ္ပါယ်များစွာမရှိကြောင်း သိသော ပိုင်မျိုးနွယ်နှင့် တော်ဝင်မိသားစုလို လူတွေကတော့ ၎င်းတို့ကဲ့သို့ အလျင်စလိုမဖြစ်ခဲ့ကြပေ
နောက်ဆုံးတော့ရှေးဟောင်းအပျက်အစီးတွေသည် စမ်းသပ်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေသည်။ ပထမ ဝင်ရောက်သူများသည် အခြားသူများအတွက် ထောင်ချောက်များကို ရိုးရိုးရှင်းရှင်း စမ်းသပ်ပေးသလိုပင်
ဒါပေမဲ့ သူတို့ ပြန်ထိုင်ပြီး အချိန်ဖြုန်းမည်ဟုတော့ မဆိုလိုပေ
၎င်းတို့သည် နောက်ဆုံးတွင် ဝင်ရောက်ကြလိမ့်မည်—သို့သော် အစကတည်းက မဆင်မခြင်လုပ်ပြီး ၎င်းတို့၏စွမ်းအင်ကို ဖြုန်းတီးနေရန် မလိုအပ်ပေ
"အား”
"ဒါကဘာလဲ?”
ဖွဲ့စည်းပုံသည် အသက်သုံးဆယ်အောက် မည်သူကိုမဆို ငြင်းပယ်မည်ဟူသော သတိပေးချက်ကို မယုံကြည်သော လူမိုက်များလည်းရှိ၏
အချို့က မဟာအကြီးအကဲ ဟွမ်၏စကားကို မယုံဘဲ ခိုးဝင်ရန် ကြိုးစားကြသည်။
ထို့အတူ သူတို့ ပေးဆပ်ခဲ့ရသည်။
ကံဆိုးသူများသည် ဖွဲ့စည်းပုံ၏ဖိအားအောက်တွင် ကြေမွသွားကြသည်။
ကံကောင်းသူများကတော့ ၎င်းတို့၏ ကျင့်ကြံမှု ဆိုးရွားစွာ ပျက်စီးခဲ့ရပြီး အချို့ကတော့ လုံးလုံး ပျက်စီးသွားကြရသည်။
"ငါပြောသားပဲ။ အသက်သုံးဆယ်အောက်တွေပဲ အထဲကို ဝင်ခွင့်ပြုမယ်လို့။ မင်းတို့အားလုံး စကား နားမထောင်ဘူး"
အကြီးအကဲဟွမ်သည် ခေါင်းယမ်းရင်း ပြောလိုက်သည်။ သူ့အသံမှာ သနားတာမျိုး မရှိပေ ။ သူတို့ဘာသာ လုပ်ဆောင်တာပင်
စိတ်မရှည်သူများ အပြေးဝင်ပြီးနောက် အခြားသူများအတွက် အချိန်တန်ချေပြီ။
လီနဲ့ကျောက်မျိုးနွယ်များသည် ၎င်းတို့၏ မဟာမိတ်များနှင့်အတူ နောက်ကနေ ဝင်လာကြပြီး စိတ်အားထက်သန်စွာ ကြည့်နေကြသည်။
"ငါတို့လည်း သွားသင့်ပြီ”
ပိုင်ကျန့်သည် စိတ်အားထက်သန်စွာပြောသည်။
"ခဏ”
သို့သော် ပိုင်ကျီဟန်သည် သူနှင့် အခြား ပိုင်မျိုးနွယ် ပါဝင်သူများကို တားလိုက်သည်။
ချက်ချင်း ဝင်ချင်ပေမယ့် ခေါင်းဆောင်က သူတို့ကို ချုပ်ကိုင်ထားတာကြောင့် နားထောင်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
နောက်တစ်ခုကတော့ တော်ဝင်မိသားစုပင်။ ပထမဆုံးဝင်ရောက်သူမှာ ခုနစ်ယောက်မြောက် မင်းသား ယုလောင်ရွှမ်ဖြစ်ပြီး အခွင့်အရေးရရန် အမှန်တကယ်ဝင်ခြင်းထက် အခင်းအကျင်းဆီ ပြေးဝင်ခြင်းနှင့် ပိုတူသည်။
အခြား တော်ဝင်မင်းသား မင်းသမီးများသည် နောက်မှ လိုက်၍ အားပေးချီးမြှောက် ကြသည်။
"မင်းသမီး ချင်းယာ ၊ မင်း အမွေရမယ်ဆိုတာ သေချာပါတယ်။ ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာက မင်းပိုင်တဲ့ အုပ်ချုပ်မှုပဲ"
"မင်းသား ဝမ်ကျောက် ၊ မင်းရဲ့ပြိုင်ဘက်တွေကို ချေမှုန်းလိုက်ပါ။ မင်းက အနာဂတ်
ဧကရာဇ်မင်းပဲ”
"ကံကောင်းပါစေ”
နောက်ဆုံးတော်ဝင်မင်းသမီးမှာ နဝမမြောက် မင်းသမီး ယုဖေးယန် ဖြစ်သည်။ ဝိညာဉ်ဖွဲ့စည်းပုံ အဆင့် သူမ၏ တစ်ဦးတည်းသော ထောက်ခံသူသည် အခြားသူများကဲ့သို့ မြှောင်ပင့်ပြောတာမျိုး မရှိပေ
"မင်းသမီး၊ ဘေးကင်းပါစေ၊ ဘေးကင်းစွာ ပြန်လာပါ”
၎င်းသည် နဝမမြောက်မင်းသမီးထံမှ အကြီးအကဲ မျှော်လင့်ထားသည့် တစ်ခုတည်းသော အရာဖြစ်သည်—၎င်းသည် သူမအတွက် မယုံနိုင်လောက်အောင်ပင် ခက်ခဲပေလိမ့်မည်။
ယုဖေးယန်သည် ခေါင်းညိတ်ပြီး ဝင်သွား၏။
ထို့နောက် ကောင်းကင်ဓားဂိုဏ်းနှင့် အခြားသော တန်ခိုးကြီးသည့် ဂိုဏ်းများ ရောက်လာသည်။
ပိုင်ရွှယ်ချင်းနဲ့ ချူကျီယန်တို့သည်လည်း သူတို့နဲ့အတူ လိုက်ခဲ့သည်။
"ဟေး...သွားရအောင်”
မိုထျန်းကျီသည် ပြုံးပြီး နတ်ဆိုးဂိုဏ်းဝင်များ နောက်မှ လိုက်သွားကြသည်။
သူတော်စင် တူကူလျန်ရှင်းသည်လည်း သူမ၏ကိုယ်ပိုင်အဖွဲ့နှင့်အတူ လိုက်ပါခဲ့သည်။
မဝင်မီတွင် သူမအား တစ်ချက်မျှပင် မကြည့်သော ပိုင်ကျီဟန်ကို တစ်ချက်ကြည့်လိုက်သည်။
နောက်ကျောဓားထိုးခံရမှာကို ကြောက်တာပဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် သူမသည် သတိထားရမည့် အမျိုးအစားနဲ့ တူ၏
" ပိုင်ကျီဟန်၊ ငါတို့ ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ။ အားလုံးက ရှေးဟောင်းအပျက်အစီးတွေထဲ ဝင်နေပြီ”
ပိုင်ကျန့်သည် စိတ်မရှည်တာ သိသာသည်။
ပိုင်ကျီဟန်သည် မျက်လုံးကို မှိတ်ထားလိုက်သည်။
(စနစ်သတိပေးချက်မရှိသေးဘူးလား။)
ကောင်းကင်ဘုံ၏ ရွေးချယ်ခံရမှုသည် မကြာခဏဆိုသလို တည်ရှိနေမည်ဟု သူထင်ခဲ့သည်။
သို့ပေမယ့် အကုန် ဝင်နေချေပြီ။ ဒါမှ မဟုတ်...သူ သံသယရှိသလို ထိုဖြစ်ရပ်အတွက် ကောင်းကင်ဘုံရွေးချယ်သူမရှိတာလား
မည်သို့ပင်ဆိုစေကာမူ ယခု စောင့်ဆိုင်းစရာ အကြောင်းမရှိပေ။ ကျန်တဲ့သူတွေလည်း သွားချေပြီ။
"သွားကြရအောင်"ပိုင်ကျီဟန်က နောက်ဆုံးတော့ပြောလိုက်သည်။
"နောက်ဆုံးတော့" ပိုင်မင်က ရေရွတ်လိုက်
၏။
အခြားသူများသည်လည်း တူညီသော ခံစားချက်ကို မျှဝေကြသည်။
သူတို့အားလုံးသည် ရှေးဟောင်းအပျက်အစီးများထဲသို့ ဝင်လိုစိတ်ပြင်းပြကြသည်။
ပထမအကြိမ်ဝင်ရောက်ခြင်းသည်ဘာကိုမှ အာမမခံနိုင်သော်လည်း ဤကဲ့သို့သော အခွင့်အရေးမျိုးတွင် စိတ်မလှုပ်ရှားဘဲမနေပေ
ပိုင်ကျီဟန်နှင့်အတူ အခြားပါဝင်သူများ တောက်ပနေသော အတားအဆီးကို ဖြတ်ကျော်လာစဉ် ကမ္ဘာကြီးသည် လှည့်ပတ်သွားခဲ့သည်။
တစ်ကိုယ်လုံး အခြားနေရာတစ်ခုသို့ ဆွဲငင်သွားသလိုမျိုး အလင်းရောင်တဖျပ်ဖျပ်နှင့် ရုတ်တရက် သတိပေးချက်မရှိပေ။
ဘုန်း
ပိုင်ကျန့်သည် အော်ဟစ်ပြီး မြေပြင်ကို ထိသွားသည်။
"ဘာလဲကွာ…?"
သူတို့အားလုံး လှည့်ပတ်ကြည့်ရင်း ရပ်သွားကြသည်။
ဒါက ဖုန်ထူသော အပျက်အစီးတွေချည်း မဟုတ်ပေ။
လုံးဝခြားနားသော ကမ္ဘာတစ်ခုဆီကို သူတို့အား ပို့ဆောင်ခံခဲ့ရသည်။