← Chapters

နောက်ထပ် စမ်းသပ်မှု

Vol. 9 Ch. 132

နောက်ထပ် စမ်းသပ်မှု

Vol. 9 Ch. 132

မသေမျိုး ဧကရာဇ်ကိုပင် ပိုင်ကျီဟန် ပြောင်ပြောင်တင်းတင်း မလေးစားသည်ကို လူတိုင်းမြင်နိုင်သည်။ ၎င်းသည် ဉာဏ်ရည်

ထက်မြက်သော ပါရမီရှင်၏အကြွင်းအကျန်မျှသာဖြစ်သည့်တိုင်

ပိုင်ကျီဟန်ကတော့ ပါရမီရှင်၏ အကြွင်းအကျန်လေး ဖြစ်ရင်တောင် မသေမျိုးဧကရာဇ်မင်းကို စော်ကားနိုင်စွမ်းရှိ၏

"ဟား... ပိုင်ကျီဟန် အခု မင်း ဘာမှမလုပ်နိုင်တော့ဘူး”

မိုထျန်းကျီသည် စိတ်သက်သာရာရစွာ ရယ်မောလိုက်သည်။

ဖြန်း!

ပိုင်ကျီဟန်သည် မိုထျန်းကျီကို ကောင်းကောင်း ရိုက်ပေးလိုက်သည်။

ပါးရိုက်ခြင်းသည် သူ့ကို အမှန်တကယ် ဒဏ်ရာရစေခြင်း သို့မဟုတ် သူ့အသက်အန္တရာယ်ထက် အရှက်ရစေခြင်းသာ ဖြစ်သည် ။ ထို့ကြောင့် ပိုင်ကျီဟန်အနေနဲ့ အကြွင်းအကျန်ဝိညာဉ်မှ ဖော်ပြထားသည့် စည်းမျဉ်းများကို ချိုးဖောက်သည်ဟု မထင်ခဲ့ပေ။

မျှော်လင့်ထားသည့်အတိုင်း ပါးရိုက်ခြင်းသည် မိုထျန်းကျီကို ဒဏ်ရာရစေရန် သို့မဟုတ် သတ်ရန်မရည်ရွယ်ကြောင်း သိရှိသောကြောင့် ဝိညာဉ်အကြွင်းအကျန် ပေါ်မလာချေ

"မင်း”

မသေမျိုး ဧကရာဇ်အကြွင်းအကျန်မှ သတိပေးပြီးနောက် ပိုင်ကျီဟန်သည် မည်သည့်အရာကိုမျှ မလုပ်ဝံ့တော့ဟု မိုထျန်းကျီက ထင်ခဲ့သည်။

သာမာန်အားဖြင့် အခွင့်အလမ်းနည်းပါးသော်လည်း လူအများသည် ထုတ်ပယ်ခံရမည့် မည်သည့်အရာကိုမျှ မလုပ်ဝံ့ကြပေ။

မသေမျိုး ဧကရာဇ်မင်း၏အမွေကို ပါးရိုက်ဖို့အတွက်နဲ့ စွန့်စားမည်လား။

သို့သော် ပိုင်ကျီဟန်သည် အခြားသူများကဲ့သို့ အမွေဆက်ခံရန် တူညီသော ဆုံးဖြတ်ချက်ကို မပြခဲ့ပေ။

အကယ်၍ သူသာဆို မိုထျန်းကျီနှင့် ကစားမည့်အစား နောက်ထပ် စမ်းသပ်မှုသို့ သွားမည်ဖြစ်သည်။

"စကားမပြောခင် သေချာစဉ်းစားသင့်တယ်"

ပိုင်ကျီဟန်သည် သူ့အား အရှက်ရစေရုံမျှဖြင့် အမွေကိုစွန့်စားလိုကြောင်း ရှင်းလင်းပြတ်သားစွာပြောခဲ့သည်။

မိုထျန်းကျီသည် ပါးစပ်ကို ပိတ်ထားလိုက်ရသည်။

အစကတော့ သူပြန်စကားပြောချင်၏ ပိုကောင်းအောင် တစ်ခုခုပြောပြီး ပိုင်ကျီဟန်အား စိတ်ဆိုးအောင် လုပ်ချင်သည့်တိုင် သူရလာသမျှက ပါးရိုက်ပြီး ပိုအရှက်ရသွားစေတာပင်။

“ မင်းစောင့်နေ။ ဒီကနေ ထွက်သွားရင် မင်းကို သတ်ပစ်မယ်”

မိုထျန်းကျီသည် နှလုံးသားထဲတွင် ကတိပြုလိုက်၏ သူ့လိုလူကို ပိုင်ကျီဟန်အဖို့ အရှက်ရစေရုံနဲ့ ကြောက်အောင် လုပ်မရပေ

ပိုင်ကျီဟန်သည် မိုထျန်းကျီအား စိုက်ကြည့်နေ၏ ဒီလောက် စိုးရိမ်စရာ မရှိပေမယ့် ကလဲ့စားချေမယ်ဆိုတာ သေချာသိ၏

သူ့ကို သေသေချာချာ စမ်းသပ်ပြီးချေပြီ။

မိုထျန်းကျီသည် သူ့အသက်ကို သတ်နိုင်စွမ်းမရှိပေ။

ပျော်ရွှင်စရာတွေ ပြီးသွားတော့ ပိုင်ကျီဟန်သည် အခန်းထဲတွင် ချီအမြင့်ဆုံးဟု ထင်ရသော နောက်စမ်းသပ်မှုဆီကို လျှောက်လှမ်းခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း နီးကပ်လေလေ ချီသည် ပိုထူလေလေဖြစ်သည်။ အခြားသူများ အသက်ရှုရန် ရုန်းကန်နေရသော်လည်း ပိုင်ကျီဟန်အဖို့ ဤသည်မှာ ကျင့်ကြံရန် အကောင်းဆုံးနေရာဖြစ်သည်။

နောက်ဆုံးတွင် နတ်ဆိုးသည် နောက်ထပ် စမ်းသပ်မှုဆီသို့ ဦးတည်နေပြီဟု လူတိုင်းက ထင်မြင်လိုက်သောအခါ သူသည် လမ်းဘေး၌ ရပ်ကာ တရားထိုင်လိုက်၏

"ဘာလဲ...သူကဘာလို့ဒီမှာရှိတုန်း"

"သူက ပြင်းပြင်းထန်ထန် ကျင့်ကြံဖို့ ကြိုးစားနေတာလား။ အမွေကို အရင်ယူတာ ပိုကောင်းတယ် မဟုတ်ဘူးလား"

"အရူးတစ်ယောက်ရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါဘယ်လိုသိမလဲ"

"ကောင်းပြီ၊ ငါတို့အတွက် ပိုကောင်းမယ်ထင်တယ်။ ငါတို့သွားဖို့ အခွင့်အရေးရှိသေးတယ်”

ပိုင်ကျီဟန်သည် တွေးနေသည်လား ဒါမှမဟုတ် ဘာကြောင့်ရယ်စရာကောင်းသည် တစ်ခုခုလုပ်နေသည်ကို

မည်သူမှနားမလည်ပေ။

အကယ်၍ ၎င်းတို့သာဆိုပါက တတ်နိုင်သလောက် နောက်တစ်ကြိမ် စမ်းသပ်မှုကို ပြီးမြောက်ရန် အလျင်စလို လုပ်ဆောင်ကြမည်ဖြစ်သည်။

သို့မယ့် ပိုင်ကျီဟန်ကတော့?

သူသည် အချိန်ဖြုန်းပြီး လုံးဝမထင်မှတ်ထားသော အရာတစ်ခုကို လုပ်နေ၏

"စနစ်”

[ပိုင်ရှင် အချက်အလက်]

ပိုင်ရှင် -ပိုင်ကျီဟန်

အသက် - ၁၆

ကျင့်ကြံ မှုနယ်ပယ်- ဝိညာဉ် အခြေတည်ကာစအဆင့် (အလယ်အလတ်အဆင့်)

ဖွဲ့စည်းပုံ - အဆင့်မြင့် တာအိုအရိုး

ကိုယ်ခံပညာ- အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓား (ပို၍ကျွမ်းကျင်မှု)

မိုထျန်းကျီကို အနိုင်ယူပြီး သေးငယ်သည့် အောင်မြင်မှုတစ်ခု ရရှိထားပြီးသားပင်။

ဤနေရာတွင် ချီသည် မည်မျှသိပ်သည်းသည်ကို ပြသခဲ့သည်။ သူသည် သူ၏ ကျင့်ကြံနည်းကိုပင် အသုံးမပြုခဲ့ပေ။

ဤပတ်ဝန်းကျင်ဖြင့် သူတကယ်ကြိုးစားပါက ဝိညာဉ်ဖွဲ့စည်းပုံ အဆင့်သို့ တွန်းပို့နိုင်မည်ဖြစ်သည်။

သူလတင်မကဘဲ အခြားသူတွေလည်း လိုက်လျောညီထွေ ဖြစ်အောင် လှုပ်ရှားနိုင်ပြီး အချိန်အတန်ကြာပြီးနောက် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာနိုင်သင့်သည်။

သူသည် အမွေကို ဂရုမစိုက်သူတစ်ယောက်လို ပြုမူခဲ့ခြင်းမဟုတ်သော်လည်း အခြားသူများကိုလည်း သူ့နှာခေါင်းအောက်မှ ဖြတ်ယူခွင့်ပြုရုံမျှ မမိုက်မဲခဲ့ပေ။

အချိန်ကန့်သတ်ချက်ရှိ၏

တစ်နာရီကြာပြီးနောက်။

ယခုအချိန်တွင် များစွာသောသူတို့သည် ချီ၏ ကြီးမားသောပမာဏနှင့် လိုက်လျောညီထွေ ဖြစ်ခဲ့ကြပြီး ပိုင်ရွှယ်ချင်း နှင့် အခြားပါရမီရှင်များပါ လမ်းကြောင်းဆီသို့ ချဉ်းကပ်လာကြသည်။

သို့ပေမယ့် ပိုင်ကျီဟန်ကတော့ မလှုပ်သေးချေ။

ဒါက ပိုင်ရွှယ်ချင်းကို ဒေါသထွက်သွားစေ၏

သူမသည် ပြင်းထန်သောဖိအားအောက်တွင် လှုပ်ရှားရုန်းကန်နေရဆဲ ဖြစ်သော်လည်း ထိုမျှသာလွန်သော အားသာချက်ရှိသည့် ဤလူက အချိန်ဖြုန်းနေ၏

သူ ဒီကိုလာရသည့် ရည်ရွယ်ချက်ကိုတောင် သံသယဖြစ်မိ၏

"ပိုင်ကျီဟန် “

ပိုင်ရွှယ်ချင်းသည် နောက်ဆုံးတော့ လှမ်းအော်

လိုက်၏

ပိုင်ကျီဟန်သည် တရားထိုင်နေတုန်း အသံကြားရာဆီကို မျက်လုံး ဖွင့်ကြည့်လိုက်၏

ထိုအချိန်တွင် သူသည် ဝိညာဉ်အခြေတည်ကာစ နှောင်းပိုင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။

ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ပါရမီရှင် တော်တော်များများသည် သူနဲ့ အတော်လေး နီးကပ်လာသည်ကို တွေ့လိုက်ရသည်။

ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာ၏ အရည်အချင်းရှိသူများကို လျှော့တွက်ထားပုံရသည်။ ဤနှုန်းဖြင့် နောက်ထပ်တစ်နာရီ သို့မဟုတ် နှစ်နာရီအတွင်း ၎င်းတို့သည် လမ်းကြောင်းပေါ်သို့ ရောက်ရှိပြီး နောက်ထပ်စမ်းသပ်မှုသို့ ရွှေ့သွားမည်ဖြစ်သည်။

သူသည် အမွေကို စွန့်လွှတ်လိုစိတ်မရှိလျှင် ယခု ဝိညာဉ်ဖွဲ့စည်းပုံအဆင့်သို့ရောက်ရှိရန် မဖြစ်နိုင်ဟု ထင်ရသည်။

"ချစ်အစ်မ ဘာလိုချင်လို့လဲ"

ပိုင်ကျီဟန်သည် မတ်တပ်ထရပ်ပြီး ပိုင်ရွှယ်ချင်းဆီသို့ လျှောက်သွားလေ၏

သူမသည် သူ၏ ချစ်ခြင်းမေတ္တာအတုအယောင်ကို မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏ စိတ်အနှောင့်အယှက် ဖြစ်စေသော လေသံကို လျစ်လျူရှုကာ စကားဖြတ်ပြောခဲ့သည်။

"အမွေကို စွန့်လွှတ်မှာလား။"

"ဘယ်ဟုတ်ပါ့မလဲ”

"ဒါဆို ဘာလုပ်နေတာလဲ၊ နောက်ထပ် စမ်းသပ်မှုကို သွားလေ”

သူမ ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။

"ဟုတ်တယ် ဒါပဲလုပ်ဖို့ စီစဉ်ထားတာ။"

ပိုင်ကျီဟန်သည် လှည့်၍ လမ်းကြောင်းဆီသို့ လျှောက်သွားရင်း ပျင်းရိစွာ ပြန်ဖြေလိုက်သည်။

ပိုင်ကျီဟန်သည် မိုထျန်းကျီကိုဖြတ်ကျော်သွားစဉ်တွင် ရုတ်တရက် သူ့လက်ကိုမြှောက်လိုက်ပြီး မိုထျန်းကျီမျက်နှာမှ လက်မမျှအကွာတွင် ရပ်လိုက်ချေသည်။

ရုတ်ခြည်း လှုပ်ရှားမှုကြောင့် မိုထျန်းကျီသည် အလိုလို တုန်လှုပ်သွားပြီး အာရုံစူးစိုက်မှုမရှိတော့သောကြောင့် သူ့ခန္ဓာကိုယ် တုန်တုန်ယင်ယင်နှင့် ချောင်းဆိုးကာ ပါးစပ်ထဲ သွေးများ ပါလာသည် ။

" ပိုင်ကျီဟန်”

ပိုင်ကျီဟန်က အော်ဟစ်ပြီး ရယ်မောလိုက်သည်။

"အဲဒါဘာကြီးလဲ၊ ငါမင်းကိုမထိပါဘူး"

သူက လှောင်ပြောင်ကာ ခေါင်းယမ်းသည်။

"မင်းက ဒီလောက်ကြောက်စရာကောင်းတဲ့ ကြောင်တစ်ကောင်မှန်း သိရင် မင်းကို အနိုင်ကျင့်မှာ မဟုတ်ဘူး။"

နောက်ဆုံး စော်ကားမှုနဲ့အတူ ပြန်

လှည့်ကာ သူ့ကို တစ်ချက်မျှ မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။

မိုထျန်းကျီ၏ ဆုပ်ထားသော လက်သီးများသည် ပြင်းထန်စွာ တုန်လှုပ်သွားကာ သူ့မျက်နှာ ဖြူဖျော့လာပြီး အရှက်ကြောင့် ဒေါသများ ထွက်လာသည်။

အားလုံးက သူ့ကိုကြည့်နေချိန် ရွှင်မြူးစွာ လက်ပြနှုတ်ဆက်ခဲ့သည်။

"ဘိုင့် ဘိုင် နောက်မှတွေ့ကြမယ်”

All Chapters