ကောင်းကင်အဆင့်ကို တစ်နာရီတည်းနဲ့
Vol. 9 Ch. 134
“ငါပထမပဲ”
“အဲ့လို မဟုတ်ပါဘူး”
ချီဖိအား သက်ရောက်မှုကို မခံရသော ပုံမှန်မဟုတ်သည့် ပိုင်ကျီဟန်က လွဲလျှင် တူကူလျန်ရှင်းသည် ဒုတိယစမ်းသပ်ခန်း အတွင်း အရင်ဆုံးဝင်သွားသူဖြစ်လာသည်။
တကယ်တော့ သူမစကားတောင် မဆုံးသေးခင်မှာပဲ ပိုင်ရွှယ်ချင်းလည်း ချက်ချင်း လိုက်ဝင်သွားခဲ့သည်။
နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ကြသော်လည်း တိုက်ခိုက်ဖို့တော့ မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်နေသလိုပင်။
သူတို့သည် ပေါတောတောကိစ္စတွေလုပ်ရင်း စမ်းသပ်ခန်းကနေ ထုတ်ပစ်ခံရနိုင်သည့် ပိုင်ကျီဟန်နဲ့မတူပေ
စက္ကန့်အနည်းငယ်အကြာ၌ ချူကျီယန်လည်း ပေါ်လာခဲ့သည်။ သူနဲ့အတူ အခြားသူများလည်း တစ်ယောက်ချင်းစီ ထပ်တလဲလဲဝင်လာကြသည်။
နောက်တစ်ကြိမ်မှာလည်း အစပိုင်းကလို အကြွင်းအကျန် ဝိညာဉ်ထပ်မံပေါ်လာပြီး ပိုင်ကျီဟန်အား ရှင်းပြခဲ့သလိုပဲ ပြန်ပြောပြသည်။
သို့တိုင် ထိုအဖွဲ့၏ တုံ့ပြန်မှုကတော့ ပိုင်ကျီဟန်နဲ့မတူပေ
“ဘာလဲ? ကောင်းကင်အဆင့်နည်းစနစ်၊ ဒါကတော့ တကယ်တန်နေပြီ”
“ကောင်းကင်အဆင့်က မိုက်ပေမဲ့ တကယ် မြန်မြန် တိုးတက်ချင်တယ်ဆိုရင်တော့ မြေကမ္ဘာအဆင့်ကို ရွေးတာက ပိုကောင်းတယ်။နားလည်ဖို့လည်းလွယ်မယ်။ အထူးအဆင့်တစ်ခုပဲဆို တစ်နေ့အတွင်း ကျွမ်းကျင်သွားမယ်ထင်တယ်။”
ပိုင်ကျီဟန်နဲ့မတူတာက ကောင်းကင်အဆင့်ကို တစ်ခုမှ လေ့လာဖူးသူ မရှိတာကြောင့် ထိုအခွင့်အရေးဟာ စိတ်လှုပ်ရှားဖွယ်အထူးအခြေအနေဖြစ်နေသည်။
တချို့ကတော့ ပိုဗျူဟာကျစွာတွေးနေကြသည် ။ မြေကမ္ဘာအဆင့် ဒါမှမဟုတ် အဆင့်နိမ့်နည်းစနစ်တစ်ခုရွေးပြီး နောက်စမ်းသပ်ခန်းဆီ မြန်မြန်ရောက်ဖို့ပင်
အဲ့အချိန်တွင် ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်ကိုရှာနေသည်။
(သူဘယ်မှာလဲ?)
သူမအတွက်တော့ ဒုတိယစမ်းသပ်ခန်းထဲ ဝင်လာတာနဲ့ တစ်နာရီနီးပါးကြာအောင် အရင်ဝင်ခဲ့သူ ပိုင်ကျီဟန်ကိုတွေ့မည်ဟု ထင်နေခဲ့သည်။
ဒါပေမဲ့ ထင်ထားသလို မတွေ့ရပေ
“မသေမျိုး ဧက္ကရာဇ် ဒုတိယစမ်းသပ်ခန်းအထဲ ပထမဆုံးဝင်ခဲ့သူက ဘယ်သွားလဲဆိုတာ သိပါသလား?”
တူကူလျန်ရှင်းက မေးလာသည်။
ပိုင်ရွှယ်ချင်း တစ်ယောက်တည်း စိတ်ဝင်စားနေတာမဟုတ်ပေ။
တူကူလျန်ရှင်း၊ ပိုင်ရှင်းယွဲ့၊ ချူကျီယန်နဲ့ တခြားသူများသည်လည်း ထပ်တူပဲ တွေးနေကြသည်။
ပိုင်ကျီဟန်သည် နေရာမှာ ထိုင်ပြီး ရွေးလိုက်သည့် ကိုယ်ခံပညာကို နားလည်ဖို့ ငြိမ်သက်ပြီး စဉ်းစားနေရမည် မဟုတ်လော
“သူက နောက်ထပ်စမ်းသပ်မှုဆီ တက်သွားပါပြီ”
အကြွင်းအကျန်ဝိညာဉ်သည် အေးအေးဆေးဆေး ဖြေလိုက်သည်။
“ဘာလဲ”
တူကူလျန်ရှင်း၏မျက်လုံးသည် ကျယ်သွားပြီး အခြားလူတွေပါ အံ့သြသွားကြသည်။
“ပြောတာကသူရွေးလိုက်တဲ့ ကိုယ်ခံပညာကို အခြေခံကျွမ်းကျင်အဆင့် ပြီးပြီလို့ ဆိုတာလား?”
“အမှန်ပဲ။”
အကြွင်းအကျန်ဝိညာဉ်သည် တိကျစွာ အတည်ပြုလိုက်သည်။
“မဖြစ်နိုင်ဘူး”
ပိုင်ရှင်းယွဲ့အဖို့ ထိုစကားကို ယုံကြည်ဖို့ ခက်ပေသည်။
ပိုင်ကျီဟန်သည် တစ်နာရီအတွင်းကိုယ်ခံပညာ တစ်ခုကို နားလည်သည်လား။
မဖြစ်နိုင်တာပင်
အခြေခံနည်းစနစ်တောင် ပိုင်ကျီဟန်အဖို့ အမြဲရုန်းကန်ရသည်။
သူမ အချိန်တိုင်း ထင်ခဲ့တာက ပိုင်ကျီဟန်သည် ကိုယ်ခံပညာ နားလည်ရာတွင် မျက်မမြင်လိုပင်။
ဒါကြောင့် သူမ တာအိုအရိုးကို ခိုးယူသွားပြီး ကျင့်ကြံမှုစွမ်းရည်ရလျှင်ပင် သူမအတွက် ခြိမ်းခြောက်မှုဟု မခံစားရပေ။
သူသည် ကိုယ်ခံပညာတစ်ခုပင် နားမလည်ပေ။ တကယ်လို့ နားလည်နိုင်လျှင်တောင် အဝါအဆင့်နည်း တစ်ခုကို အခြေခံအဆင့်အထိ ရောက်ဖို့ တစ်နှစ်လောက်တော့ ကြာမည်ပင်
“သူရွေးတာ အဝါရောင်အဆင့် လား၊ ဒါမှမဟုတ် ကောင်းကင်အဆင့်လား?”
တူကူလျန်ရှင်းသည် သူမစိတ်ထဲမှ ထို ဖြစ်စဉ်ကို နားလည်ဖို့ ကြိုးစားရင်း မေးလေသည်။
အကယ်၍ ၎င်းသည် သူမ သိထားပြီး အဆင့်နိမ့်နည်းစနစ် ဖြစ်ပါက သူမလည်း ၎င်းကို အောင်မြင်နိုင်ပေမည်။
သို့သော် အကြွင်းမဲ့ဝိညာဉ်က သူမခေါင်းကိုခါလိုက်သည်။
"မဟုတ်ဘူး၊ အဲဒါက ကောင်းကင်အဆင့် နည်းစနစ်တစ်ခုပါ။"
"..."
ငြိမ်သက်သွားခဲ့သည်။ လူတိုင်းသည် အံ့အားသင့်စရာကို ကြားလိုက်ရသည်။
"ကောင်းကင်အဆင့်? ဒါမဖြစ်နိုင်ဘူး”
"တစ်နာရီအတွင်း ကောင်းကင်အဆင့်နည်းစနစ်ကို ဘယ်သူက နားလည်နိုင်မလဲ။"
"တစ်နေ့တည်းတောင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ လုပ်နိုင်လိမ့်မယ်။ တစ်နာရီအတွင်းမှာပဲ၊ သူက ဘယ်လို နတ်ဆိုးမျိုးလဲ။"
ထို့နောက်တွင် တူကူလျန်ရှင်းသည် လုံးဝတိတ်ဆိတ်သွားသည်။
"ဒါဆို အားလုံးပဲ ကံကောင်းပါစေ" ဝိညာဉ်အကြွင်းအကျန်က ပြော၏ ။ "မင်းရဲ့ရှေ့ကလူက အမွေဆက်ခံမှုကို အရင်မရောက်မချင်း မင်းတို့ လိုချင်သလောက် အချိန် ယူနိုင်တယ်။"
ဝိညာဉ်အကြွင်းအကျန်သည် ပါဝင်သူများအားအမှန်ပင် အပြစ်မတင်နိုင်သော်လည်း ထိုအချိန်က တုန်လှုပ်ချောက်ချားစရာ အချိန် ဖြစ်နေသေးကြောင်း သတိပေးခဲ့သည်။
ပိုင်ကျီဟန်သည် သူ့၏ ဓားရည်ရွယ်ချက် အလယ်အလတ်အဆင့်ကိုထုတ်ပြသည့်အပေါ်
ကောင်းကင်အောက်က မြင်ဖူးသူတိုင်းအံ့အားသင့်ခဲ့ရသည်။
ထိုစကားနဲ့အတူ သူမ ပျောက်သွားချေသည်။
ထိုမှပင် အခြားသူများ တုန်လှုပ်ချောက်ခြားသွားကြသည်။
အချိန်ဖြုန်းဖို့ မတတ်နိုင်ဘူးဆိုတာ သူတို့သိ၏
ပိုင်ကျီဟန်က ရှေ့ရောက်နေချေပြီ။ နောက်ကျကျန်နေခဲ့ခြင်းသည် ၎င်းတို့အား မသေမျိုးဧကရာဇ်မင်း၏ အမွေဆက်ခံမှုကို ဆုံးရှုံးစေနိုင်သည်။
လူအများစုသည် အထူးအဆင့် သို့မဟုတ် အဝါရောင်အဆင့်နည်းစနစ်များကိုပင် လျင်မြန်စွာ ရွေးချယ်ခဲ့ကြပြီး ရေရှည်အမြတ်ကို စတေးရန် ကြိုးစားကြသည်။
သို့ပေမယ့် ပိုင်ရွှယ်ချင်းနဲ့ တူကူလျန်ရှင်းတို့လို မာနကြီးတဲ့သူတွေက နောက်မဆုတ်ဆပ
"ပိုင်ကျီဟန် လုပ်နိုင်ရင် ငါဘာလို့ မလုပ်နိုင်ရမှာလဲ"
ထို့ကြောင့် သူတို့နှစ်ဦးစလုံးသည် ကောင်းကင်အဆင့် နည်းစနစ်များကို ရွေးချယ်ခဲ့ကြပြီး နားလည်သဘောပေါက်ရန် ကြိုးစားလာကြသည်။
မိနစ်အနည်းငယ်အကြာတွင် ပိုင်ကျန့်နဲ့ မိုထျန်းကျီအပါအဝင် နောက်ထပ်ပါဝင်သူများ ရောက်လာသည်။
မိုထျန်းကျီသည် ဒုတိယအစမ်းစစ်ဆေးမှုသို့ ပထမဆုံးရောက်လာသူဖြစ်နိုင်သည်... ပိုင်ကျီဟန် သူ့ကို ဒဏ်ရာပေးပြီး အခန်းထဲကို ကန်ပစ်လိုက်တာကြောင့် အချိန်အများကြီး ဆုံးရှုံးသွားရသည်။
ပိုင်ကျီဟန်နာမည်ကို ကျိန်ဆဲပြီးကတည်းက သူ မရပ်ခဲ့ပေ။
နောက်ဆုံးတွင် သူသည် နောက်ထပ်စမ်းသပ်မှုသို့ ရောက်သောအခါ ဤအချိန်သည် လက်စားချေရန် အချိန်ဖြစ်သည် ဟု ထင်ခဲ့သည်။
"သူဘယ်မှာလဲ ပိုင်ကျီဟန် ဘယ်မှာလဲ"
အခန်းထဲတွင် ပေါ်လာသည့်အခိုက် မိုထျန်းကျီက အော်လိုက်သည်။
ယခုတွင် ပြင်းထန်သော ချီဖိအားများ မရှိတော့သဖြင့် သူသည် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ကာ တစ်စုံတစ်ဦးကို သတ်ရန် အသင့်
ဖြစ်နေချေပြီ။
သူ၏ ဝိညာဉ်ဖွဲ့စည်းပုံနယ်ပယ်သည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး အနီးနားရှိ ကျင့်ကြံသူများအား ဖိအားအောက်တွင် ကျောခိုင်းစေခဲ့သည်။
ပိုင်ကျီဟန် သူ့အား အရှက်ရစေခဲ့သည့်တိုင် သူသည် မျိုးဆက်သစ်လူငယ်တွေ၏ အသန်မာဆုံးအဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး သူ့၏ရောက်ရှိနေမှုသည် လူတွေကို သတိရစေခဲ့သည်။
နည်းနည်းစောစော ရောက်ဖူးသူတော်တော်များများ ဒါမှမဟုတ် မိုထျန်းကျီနောက်မှ ရောက်လာသူတွေကတော့ ပိုင်ကျီဟန် အရိုက်ခံရတော့မည်ဟု ထင်နေ၏
မိုထျန်းကျီကဲ့သို့သော သူနှင့် မရှုပ်သင့်ပေ
သို့ပေမယ့် ပိုင်ကျီဟန် ဘယ်ရောက်သွားကြောင်း သိနေသူတွေကတော့ မိုထျန်းကျီကို လူရွှင်တော်တစ်ယောက်လို ကြည့်နေ၏
"ပိုင်ကျီဟန် ၊ သူရဲဘောကြောင်သလို ပုန်းမနေပါနဲ့ ငါ့ကိုလာတိုက်ပါ”
မိုထျန်းကျီသည် အော်ဟစ်ပြီး အခန်းကို သူ့မျက်လုံးတွေနဲ့ ဘယ်ညာ လှည့်ကြည့်နေသည့်တိုင် ဘာမှ ရှာမတွေ့ပေ။
"မိုထျန်းကျီ၊ ကိုယ့်ကိုကိုယ် အရှက်ရအောင် ထုပ်လုပ်မနေပါနဲ့တော့။ ပိုင်ကျီဟန်က နောက်တစ်ကြိမ် စမ်းသပ်မှုကို သွားနေပြီ။ အခု ပါးစပ်ပိတ်ပြီး ငါ့ကို အာရုံစိုက်ခွင့်ပေး”
တူကူလျန်ရှင်းသည် သူ့အနှောက်အယှက်ကြောင့် ရှင်းရှင်းလင်းလင်း စိတ်ဆိုးသွားသည် ။
"ဘာလဲ?"
ကလဲ့စားချေရန် လာသော မိုထျန်းကျီသည် ထိတ်လန့်ကာ ဒေါသထွက်သွားသည်။
"ချီး ! သူ ထွက်ပြေးသွားပြီလား? သူရဲဘောကြောင်ကောင်”
သူက ငြီးတွားပေမယ့် ဒီတစ်ခါတော့ မသောင်းကျန်းတော့ပေ
"ဒီစမ်းသပ်မှုကဘာလဲ။ ငါလည်း နောက်ထပ်တစ်ခုကို အမြန်ဆုံးရောက်ချင်တယ်"
သူက စိတ်မရှည်စွာ ပြောလိုက်သည်။
ပိုင်ကျီဟန် မြန်မြန်ကျော်သွားနိုင်သည်ဆို့တော့ ဒါက ဘယ်လောက်ခက်နိုင်မလဲ။
ပိုင်ကျီဟန်အား ရန်ကြွေးဆပ်နိုင်ဖို့ အမြန်
အဆုံးသတ်ရန် စီစဉ်ခဲ့သည်။