← Chapters

တစ်မူထူးခြားသူများထဲမှ ထူးခြားသူ

Vol. 9 Ch. 135

တစ်မူထူးခြားသူများထဲမှ ထူးခြားသူ

Vol. 9 Ch. 135

ဝိညာဉ်အကြွင်းအကျန်သည် စောစောကလိုပဲ ရှင်းပြပေ၏

စမ်းသပ်မှုကို နားလည်သွားတော့ ပိုင်ကျီဟန်သည် အဝါရောင်အဆင့်နည်းစနစ်ကို ရိုးရှင်းစွာရွေးချယ်ပြီး အောင်မြင်နိုင်ခဲ့သည်ဟု လူတိုင်း၏တူညီသောယူဆချက်လိုပင် မိုထျန်းကျီ တွေးခဲ့၏

" ပိုင်ကျီဟန်က အလျင်လိုနေတာဖြစ်မယ်"

မိုထျန်းကျီသည် မောက်မာစွာ ရေရွတ်နေသော်လည်း သူသည်လည်း တူညီသော အနေအထားတွင် ရှိနေပါက အလားတူ လုပ်ဆောင်ပေလိမ့်မည်။

အကယ်၍ သူသည် ဒုတိယအစမ်းစစ်ဆေးမှုကို ပထမဆုံးရောက်ရှိခဲ့သူဖြစ်ပြီး သူနှင့်အခြားသူများကြား ကွာဟချက်ကို ချဲ့ထွင်ရန် အခွင့်အလမ်းရှိပါက ၎င်းကို မဆိုင်းမတွ ဆုပ်ကိုင်ထားမည်ဖြစ်သည်။

ဒါမှ အမွေကိုရဖို့ သေချာစေမည်သာ

သို့ပေမယ့် နောက်ပိုင်းမှ ရောက်လာတဲ့လူတွေအတွက်ကတော့ ဇာတ်လမ်းက မတူပေ။ အမွေဆက်ခံမှု မရရှိခဲ့ပါက မည်သို့ လုပ်မည်နည်း။

ထိုအခြေအနေမျိုးတွင် သူတို့သည် အနည်းဆုံး တော့ အစွမ်းထက်သော ကိုယ်ခံပညာနဲ့သာ ဝေးရာသို့ ထွက်ခွာချင်ကြသည်။

"မသေမျိုး ဧကရာဇ်၊ ပိုင်ကျီဟန်က ဘယ်အဆင့်ကို ရွေးခဲ့တယ်ဆိုတာ ပြောပြနိုင်မလား။"

မိုထျန်းကျီသည် အလားတူမေးခွန်းကို မေးသည်။

“ သူများတွေ မေးပြီးသား ။ ငါကိုယ်တိုင် ထပ်မဖြေတော့ဘူး။ မင်းတခြားသူတွေသာ မေးကြည့်”

ဝိညာဉ်အကြွင်းအကျန်က စိတ်မရှည်တော့ပေ။

တူညီသောမေးခွန်းကို ထပ်ခါထပ်ခါဖြေဆိုရခြင်းကြောင့် သူမသည် ရှင်းရှင်းလင်းလင်း ဒေါသထွက်နေသည်။ သူတို့အားလုံး သိချင်ကြသည်ကို နားလည်သည်။

မိုထျန်းကျီက လှည့်ကြည့်လိုက်သည်။

တူကူလျန်ရှင်းအနေနဲ့ သူ့ကို ဘာမှပြန်ပြောမည့်ပုံမပေါ်တာကြောင့် ပျော့ညံ့တဲ့ပုံရတဲ့သူတစ်ယောက်ကို ဆွဲကိုင်လိုက်ပြီး " ပိုင်ကျီဟန်ရဲ့ ကိုယ်ခံပညာအဆင့်ကို မင်းသိလား"ဟု အေးစက်စွာမေးလေ၏

အားနည်းသူက တုန်လှုပ်သွားသည်။

"ဟုတ်ကဲ့ ကောင်းအဆင့်ကို ရွေးလိုက်ပုံရတယ်”

သူတို့ ပထမဆုံး ကြားလိုက်ရသည့် အတိုင်းပင် မိုထျန်းကျီ၏ မျက်လုံးများ ပြူးကျယ်သွားကာ ဦးခေါင်းခွံမှ ပေါက်ထွက်တော့မည့်သကဲ့သို့ပင်၊

"မင်း ဘာပြောလိုက်တာလဲ အဲ့ဒါကို ပြန်ပြော”

သူက တောင်းဆို၏

"ဟုတ်ပါတယ်.. မသေမျိုး ဧကရာဇ်ဝိဉာဉ်က ပိုင်ကျီဟန်က ကောင်းကင်အဆင့် ကိုယ်ခံပညာကို ရွေးချယ်ပြီး တစ်နာရီအတွင်း ကျွမ်းကျင်သွားတာလို့ ကျွန်တော်ကို ပြောခဲ့တယ်။ ကျွန်တော်တို့ ဒီကိုရောက်တာနဲ့ သူသွားပြီ။"

အားနည်းသောလူသည် သူသိသမျှကို အရိုက်မခံရစေရန် မျှော်လင့်ချက်ဖြင့် ပြောပြလိုက်သည်။

ဘုန်း

မိုထျန်းကျီသည် သူ့ကို လွှတ်လိုက်ပြီး သူ့စိတ်တွေ ပြိုလဲလုနီးနီး ဖြစ်နေချေပြီ။

(တစ်နာရီအတွင်း ကောင်းကင်အဆင့်နည်းစနစ်)

အခြားသူတွေလိုမယုံနိုင်လောက်စရာဟု သူတွေးခဲ့သည်။

သို့ပေမယ့် ဘယ်လောက် ထူးဆန်းလဲဆိုတာ သူသိနေတာကြောင့် သူ့အတွက် ပိုခက်ခဲ၏

နီညိုရောင် နတ်ဆိုးဂိုဏ်း၏ကောင်းကင်အဆင့် နည်းစနစ်တွင် အခြေခံစနစ် အောင်မြင်ရန် တစ်နှစ်ပတ်လုံးနီးပါး အချိန်ယူခဲ့ရသည်။

(ဒီမှာရှိတဲ့ နည်းစနစ်တွေက ငါသင်ထားတာထက် နားလည်ရ ပိုလွယ်တာ ဖြစ်နိုင်ပါတယ်။)

သူ့ကိုယ်သူ ယုံကြည်ဖို့ ကြိုးစားလေ၏

သူ့၏သာလွန်မှုကို သက်သေပြဖို့ စိတ်ပိုင်းဖြတ်ပြီး သူကိုယ်တိုင် ကောင်းကင်အဆင့် နည်းစနစ်ကို ချက်ချင်း ရွေးချယ်ခဲ့သည်။

သူသာ မြန်မြန်ဆန်ဆန် ကျွမ်းကျင်နိုင်လျှင် သူဘယ်လောက် အရည်အချင်းရှိသည်ကို လူတိုင်းကို ပြသနိုင်ပေမည်။

တစ်နာရီလောက်ကြာတော့…

"ချီးပဲ”

မိုထျန်းကျီသည် ကျိန်ဆဲရုံမှတပါး မတတ်နိုင်ပေ

အခြေခံအဆင့်ကိုရောက်ဖို့နေနေသာသာ။ ထိုနည်းစနစ်အကြောင်း အပြည့်အစုံတောင် နားမလည်ခဲ့ပေ

သူတစ်ယောက်တည်း မဟုတ်ချေ။ ပြင်ပကမ္ဘာရှိ ထိပ်တန်းပါရမီရှင်များအဖြစ် ချီးကျူးခံရသည့် အခြားများစွာသော သူများသည်လည်း ၎င်းတို့၏ရွေးချယ်ထားသော နည်းစနစ်များကို နားလည်ရန် ပထမခြေလှမ်းပင် မလှမ်းနိုင်ခဲ့ပေ။

ဒါပေမယ့် ၎င်းက ပုံမှန်သာ

ပုံမှန်မဟုတ်သောအရာမှာ ပိုင်ကျီဟန်သည် ကောင်းကင်အဆင့် နည်းစနစ်၏ အခြေခံအဆင့်ကိုရရှိပြီး တစ်နာရီအတွင်း စမ်းသပ်မှုအောင်မြင်တာပင်

အဲဒါက တခြားလူတွေကို တွားသွားသလို ခံစားရစေသည်။

တူကူလျန်ရှင်းနဲ့ ပိုင်ရွှယ်ချင်းပင်လျှင် မျက်နှာ ထားစရာ မရှိပေ

တစ်နာရီအတွင်း ကောင်းကင်အဆင့် နည်းစနစ််ကို နားလည်ဖို့ မျှော်လင့်နေသည်လား။

၎င်းက ကယောင်ကတမ်းလိုပင်။ အနှစ်သာရကို တစ်နာရီအတွင်း မရေမတွက်နိုင်အောင် ဆုပ်ကိုင်မိခြင်းသည်ပင် စိတ်ကူးယဉ်ဆန်သော တွေးခေါ်မှုတစ်ခုပင်။

အခြေခံအဆင့်ကိုရောက်ဖို့လား။

မြေကမ္ဘာအဆင့် နည်းစနစ်များသည် နားလည်ရန် ပိုမိုလွယ်ကူသော်လည်း တစ်နာရီအတွင်း မည်သူမျှ အပြည့်အဝ ဆုပ်ကိုင်နိုင်ခဲ့ခြင်း မရှိပေ။

ပိုင်ရွှယ်ချင်းသို့မဟုတ် တူကူလျန်ရှင်းကဲ့သို့ အရည်အချင်းရှိသော ပါရမီရှင်များသည် မြေကမ္ဘာအဆင့်တစ်ခုဖြင့် တစ်နေရာရာကို ရနိုင်ပေမည်။

သို့ပေမဲ့ မြေကမ္ဘာအဆင့်ကို ရွေးတဲ့လူအများစုက သူတို့အသုတ်မှာ မရှိခဲ့ပေ

အထူးနည်းစနစ်များကို ရွေးချယ်သူအချို့သည် သဘောတရားများကို နားလည်စပြုလာကာ အခြေခံအဆင့်ကို စတင်လေ့ကျင့်လာကြသည်။

ထိုအချိန်တွင် မင်းသားနှင့် မင်းသမီးတို့သည် ဒုတိယ စမ်းသပ်မှုသို့ ရောက်ရှိလာသည်။

ယုလောင်ရွှမ်သည် စိတ်ကောင်းဝင်နေပြီး ဘာကြောင့်ဆိုတာ လူတိုင်းသိ၏

သူ့ကို အရှက်ရစေခဲ့သော မိုထျန်းကျီသည် ပိုင်ကျီဟန်ကြောင့် အရှက်ရသွားခဲ့သည်။

အထဲမှာ သူမပြုံးဘဲ မနေနိုင်တော့ပေ။ ပထမဆုံး ရောက်တဲ့သူတွေနဲ့ တစ်နာရီနီးပါးနောက်ကျရင်တောင် ဂရုမစိုက်ပေ

သူ့ခေါင်းထဲမှာ "မင်းကို တိုက်မယ် ။ "သူ့ကို နာနာလေးရိုက်” နှင့်စသည်ဖြင့် ပိုင်ကျီဟန်သည် မိုထျန်းကျီအား ရိုက်ခဲ့ပုံများကိုသာ မြင်ယောင်မိ၏

သွယ်ဝိုက်သောလက်စားချေမှုကို သူခံစားနေချိန်တွင် အခြားသူများမှာ လက်တွေ့ကျကျတွေးတောနေသည်။

သူတို့အတွေးကတော့ ပိုင်ကျီဟန်ကို အမြန် ခေါ်နိုင်ဖို့သာ

သူသည် သြဇာအရှိဆုံး ကြားနေမျိုးနွယ်၏ အမွေဆက်ခံသူဖြစ်တာကြောင့်ပင် မဟုတ်ဘဲ သူ၏ ရူးသွပ်သော စွမ်းအားကြောင့်လည်းပါ၏။

မည်သို့ပင် ဖြစ်စေ တခြားသူတွေကို ကြည့်ခြင်းအားဖြင့် သိပြီးသားဖြစ်သည့်တိုင် အကြွင်းအကျန် ဝိညာဉ်သည် စည်းမျဉ်းစည်းကမ်းတွေကို ထပ်ပြီး ရှင်းပြခဲ့သည်။

"ချီးပဲ ပိုင်ကျီဟန်က တစ်နာရီအတွင်း ကောင်းကင်အဆင့် နည်းစနစ် အခြေခံကို ဘယ်လိုရောက်သွားတာလဲ။ ဒီအထူးအဆင့်ကိုတောင် ငါ နားမလည်နိုင်ဘူး”

ညည်းညူမှုများနှင့် စိတ်ပျက်အားငယ်စွာ ပြောဆိုမှုများသည် စမ်းသပ်မှုနေရာတစ်လျှောက်လုံး ပဲ့တင်ထပ်ခဲ့သည်။

ပိုင်ကျီဟန်သည် ကောင်းကင်အဆင့်နည်းစနစ်ကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး ရှေ့ဆက်နေပြီဟူသော စကားသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

သို့သော်လည်း အများစုမှာ ကောင်းကင်အဆင့် နည်းစနစ်ကို ရွေးချယ်ခဲ့ကြသည်။ ၎င်းတို့သည် ရှားပါးသော ရတနာများဖြစ်ကြတာကြောင့် မည်သည့် မျိုးနွယ်စု သို့မဟုတ် ဂိုဏ်းမှ အလွယ်တကူ လက်လွှတ်နိုင်မည်မဟုတ်ပေ။

သို့သော် အချို့သောလူများသည် စမ်းသပ်မှုကို လျင်မြန်စွာကျော်ဖြတ်ကာ မသေမျိုး ဧက္ကရာဇ်၏ အမွေဆက်ခံမှုအတွက် ယှဉ်ပြိုင်ရန် မျှော်လင့်နေကြဆဲဖြစ်သည်။

နောက်ထပ်တစ်နာရီကြာသွားချေ၏

"မဖြစ်နိုင်ဘူး..ဘယ်လိုကြီးလဲ...?"

"ဒီလောက် မြန်မြန်နားလည်ဖို့က ဖြစ်နိုင်ပါ့မလား"

ငြီးတွားသံက ပိုကျယ်လာသည်။ အထူးသဖြင့် ပိုင်ကျီဟန်သည် အမွေဆက်ခံမှုဆီသို့ ပိုမိုနီးကပ်လာနေသည်ဟု ခံစားလာရသူများထံမှ စိတ်ပျက်စရာများ တိုးလာချေသည်။

သူက ဘယ်လိုလူလဲ။

မဟုတ်ပါက တစ်နာရီအတွင်း ကောင်းကင်စနစ် နည်းစနစ်ကို ကျွမ်းကျင်စေရန် ဤရယ်စရာကောင်းသော အကြံဥာဏ်ကို အဘယ်ကြောင့် လိုက်လျှောက်ကြမည်နည်း။

သူတို့သည် သာမန်လူတွေ မဟုတ်သည့် ပါရမီရှင်တွေသာ။ ဒါပေမယ့် သူတို့အတွက် ဒါက အရမ်းများလွန်း၏

ပုံမှန်အားဖြင့် အခြေခံအဆင့်ကို တစ်နာရီ သို့မဟုတ် နှစ်နာရီအတွင်း ရောက်ဖို့လား ။ မဖြစ်နိုင်ပေ။ အဲဒါက အနည်းဆုံး ရက်အနည်းငယ်လောက် ကြိုးကြိုးစားစားလုပ်ရမည်ပင်

"ဘယ်လောက်တောင် သန်မာလိုက်လဲ...?"

ချူကျီယန်သည် သူမ၏ အသက်ရှုသံအောက်တွင် တိုးတိုးလေးပြောလေသည်။

သူမသည်လည်း သူမနှင့်သူမ၏မျိုးနွယ်အတွက် အကျိုးရှိစေမည့် ကောင်းကင်အဆင့်နည်းစနစ်ကို ရွေးချယ်ခဲ့သည်။

သူ့မျိုးနွယ်စုတွင် ကောင်းကင်အဆင့် နည်းစနစ်များ မရှိသောကြောင့် တစ်ခုကို ယူထားနိုင်ခြင်းသည် ကြီးမားသော ကိစ္စတစ်ခုဖြစ်သည်။

ပိုင်ကျီဟန် မြန်မြန်ဆန်ဆန် လုပ်နိုင်ပုံနဲ့အတူ သူမ အမွေ ရနိုင်ခြေ တော်တော်နည်းသွားပုံရတာကြောင့်လည်း ဒါကို သူမရွေးချယ်ခဲ့တာပင်

သူမသည် တစ်နာရီအတွင်း ကောင်းကင်အဆင့် နည်းစနစ် အခြေခံကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်မည်လားဟု

သိချင်သော သူမ၏ပြိုင်ဆိုင်မှုလည်းပါသေး၏ ။ သို့သော် မျှော်လင့်ထားသည်ထက် ပိုခက်ခဲကြောင်း သက်သေပြခဲ့သည်။

ဒါက သူတို့ကြား ကွာဟချက်မည်မျှ ကျယ်ပြန့်လာသည်ကို သူမအား သဘောပေါက်စေသည်။ သူမ ဘယ်တော့မှ မျှော်လင့်ထားတဲ့ ကွာဟချက်တစ်ခုသာ

သူမသည် ခါးသီးသည် သို့မဟုတ် မနာလိုခဲ့သည်။ အဲ့တာကလည်း ပိုင်ကျီဟန်ပင်

သို့ပေမယ့် အခန်းကဏ္ဍတွေက ပြောင်းပြန်ဖြစ်သွားချေ၏။

လွန်ခဲ့သောလအနည်းငယ်က သူမသည် သူ့အတွက် အရမ်းကောင်းလွန်းသည်ဟု လူတွေ ပြောကြသည်။ ယခုတော့ သူမသည် သူ့အနားတွင် ရပ်တည်ရန် မထိုက်တန်သူပင်။

ဒါက ကမောက်ကမဖြစ်ပြီး အနည်းငယ် နာကျင်စေသည်။

သူမသည် နည်းစနစ်၏ အခြေခံများကို နားလည်သဘောပေါက်လာကာ စတင်လေ့ကျင့်ခဲ့သည်။

သို့သော် အခြေခံအဆင့်ကိုရောက်ရှိဖို့ကတော့

ဝေးဆဲပင်

စုစည်းထားသော ကျင့်ကြံသူများကြားတွင် စိတ်ပျက်မှုနှင့် မယုံကြည်မှုများ ပွက်ပွက်ဆူလာသည်နှင့်အမျှ ချီ၏လှိုင်းလုံးများသည် စမ်းသပ်ခန်းအတွင်း လှုပ်ခတ်သွားခဲ့သည်။

အကြွင်းအကျန်ဝိညာဉ်သည် စင်မြင့်ထက်တွင် ပြန်လည်ပေါ်လာပြီး ၎င်း၏အသံသည် ယခင်ကအတိုင်း ရှင်းလင်းပြတ်သား၏

"ဂုဏ်ယူပါတယ်။ သင်က ကောင်းကင်အဆင့် ကိုယ်ခံပညာ အခြေခံအဆင့်ကို အောင်မြင်ပြီး ဖြစ်ပါတယ်။ တတိယအစမ်းလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ဖို့ အရည်အချင်းပြည့်မီပါတယ်”

စကားလုံးများသည် မိုးခြိမ်းသံကဲ့သို့ လူတိုင်းကို ထိတ်လန့်သွားစေသည်။

ဘာလဲ?

တခြားတစ်ယောက်ယောက်က လုပ်တာလား။

အကြွင်းအကျန်ဝိညာဉ် ချဉ်းကပ်လာသူကို ကြည့်ပြီး မျက်လုံးပြူးသွားကြသည်။

ကောင်မလေးတစ်ယောက်သည် တည်ငြိမ်သော အမူအရာနဲ့ ရပ်နေချေသည်။

"ဘယ်သူလဲ...?"

"ခဏလေး...အဲဒါလား...?"

"အဲ့ဒါက ကောင်းကင်ဓားဂိုဏ်းက ပိုင်ချင်းယွဲ့ပဲ”

"ပိုင်”

“ပိုင်မျိုးနွယ် အဖွဲ့ဝင် နောက်တစ်ယောက်လား။"

"နေပါဦး...ပိုင်ရှင်းယွဲ့? သူမလား- လွန်ခဲ့တဲ့နှစ်တွေတုန်းက နှင်ထုတ်ခံခဲ့ရတာမလား?"

ဒုတိယအစမ်းစစ်ဆေးမှုကို ကျော်ဖြတ်ရမည့် ဒုတိယလူသည် မည်သူဖြစ်သည်ကို စတင်သိရှိလာသောအခါတွင် စကားများသည် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။

တုန်လှုပ်ခြောက်ခြားစရာအကောင်းဆုံးမှာ ပိုင်မျိုးနွယ်မှ သူမအား ဘာကြောင့်နှင်ထုတ်ခံရသည်ကို မသိသောသူများပင်။ တစ်ချိန်က မျိုးနွယ်စု၏ ပါရမီရှင်တစ်ဦးသည် ပိုင်ရွှယ်ချင်းနှင့်တန်းတူ အရည်အချင်းများပိုင်ဆိုင်သည်ဟု ဆိုခဲ့သည်။

အချို့က သူမအား နှင်ထုတ်ခြင်းသည် မျိုးနွယ်စု၏အမှားကြောင့် ဖြစ်ကြောင်း နက်နက်နဲနဲသိ၍ ရှက်ရွံ့စွာကြည့်နေကြသည်။

ပိုင်ရွှယ်ချင်းသည် သူမကို ကြည့်နေပေမယ့် သူ့မျက်လုံးထဲမှာတော့ ခံစားချက် သိပ်မရှိတော့သလိုပင်။ ဒါမှမဟုတ် အပြစ်ရှိသလို ၊ သနားသလို အရိပ်အမြွက်လည်း ဖြစ်နိုင်သည်။

အကြွင်းအကျန် ဝိညာဉ်သည် သူမဘက်သို့လှည့်ကာ စိတ်ဝင်စားဖွယ်ကောင်းသော အသံနဲ့ပြော၏ ဒါက လေးစားမှုပင်ဖြစ်နိုင်သည်။

"မင်းက ကောင်းကင်အဆင့် စမ်းသပ်မှုကို ပြီးမြောက်တဲ့ ဒုတိယမြောက်သူ။ မင်းရဲ့ နားလည်နိုင်စွမ်း အရှိန်က ရှေးခေတ် ပါရမီရှင်တွေနဲ့ အပြိုင်ပါပဲ။"

တူကူလျန်ရှငိး၏ အမူအရာ ပြောင်းသွားသည်။ စင်မြင့်ပေါ်ရှိ ကောင်မလေးကို စိုက်ကြည့်နေစဉ် သူမ၏ တည်ငြိမ်သော အမူအရာ အက်ကွဲသွားကာ မျက်ခုံးများ တွန့်သွားသည်။

(မသေမျိုးဧကရာဇ်က အဲ့ဒီမိန်းကလေးကို စိတ်ဝင်စားပုံရတယ်)

အကြွင်းအကျန်ဝိညာဉ်၏သဘောထားသည် ပိုင်ကျီဟန်ကို ပြောသောအခါနှင့် သိသိသာသာကွဲပြားသည်။

ပိုင်ကျီဟန်သည် သာလွန်သော ပါရမီရှင်ဖြစ်သည်မှာ သိသာပြီး ပိုင်ရှင်းယွဲ့၏ အရှိန်အဟုန်နှင့် နားလည်နိုင်စွမ်းထက် သာလွန်နေသော်လည်း အကြွင်းမဲ့ဝိညာဉ်က သူ့ကို များစွာ မချီးမွမ်းခဲ့ပေ။

ယခုအချိန်တွင် ပိုင်ရှင်းယွဲ့သည် ဒုတိယနေရာသို့ ရောက်လာသော်လည်း အကြွင်းမဲ့ဝိညာဉ်သည် သူမအား ပွင့်ပွင့်လင်းလင်း ချီးကျူးခဲ့သည်။

မိုထျန်းကျီသည် မေးရိုးကို တင်းတင်းစိထားသည်။

(နောက်ထပ် ပိုင်မျိုးနွယ်ရဲ့ တစ်မူထူးခြားသူလား။ အဲဒီမိသားစုမှာ ပုန်းအောင်းနေတဲ့ နတ်ဆိုးဘယ်နှစ်ယောက်ရှိလဲ။)

သူသည် ပိုင်ကျီဟန်အား မကျော်လွန်နိုင်ခဲ့သည့်အတွက် ဒေါသထွက်နေပြီဖြစ်ပြီး ယခုတော့ ဒုတိယပင် မဟုတ်ကြောင်း သိလာခဲ့သည်။

ဒါက ကောင်းကင် အင်ပါယာတစ်ခုလုံးတွင် သူ့ကိုယ်သူ အထူးချွန်ဆုံးဟု ယူဆသူတစ်

ယောက်အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်၏

"မင်း ဆက်လက်လုပ်ဆောင်နိုင်ပြီ။ ဒါက နောက်ဆုံးစမ်းသပ်မှုပါ”

နောက်တစ်ကြိမ် စမ်းသပ်မှုသည် နောက်ဆုံးဖြစ်ကြောင်း သိလိုက်ရသောအခါ ပိုင်ရှင်းယွဲ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူမ ခေါင်းတညိတ်ညိတ်နဲ့ သူမ၏အမူအရာမှာ ကြားနေဝါဒလိုပင်

ထို့နောက် မည်သူ့ကိုမျှ တစ်ချက်မျှ လှည့်မကြည့်ဘဲ နောက်တစ်ကြိမ် စမ်းသပ်မှုသို့ ဝင်ရောက်ခဲ့သည်။

သွားချေပြီ

အကြွင်းအကျန်ဝိညာဉ် ပြောတာက တခြားလူတွေကို ထိတ်လန့်စေ၏။

"နောက်ထပ် စမ်းသပ်မှုက နောက်ဆုံးလား။"

"ဒါက ပိုင်ကျီဟန် အမွေရတော့မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား?"

"ဟင်းးး၊ ငါတို့ အရှိန်မြှင့်ဖို့ လိုတယ်။ သူတို့ နှစ်ယောက်က အားသာချက် ရှိပြီးသား။"

နောက်တစ်ကြိမ် စမ်းသပ်မှုသည် နောက်ဆုံးဖြစ်ပြီး အချိန်ကို မဖြုန်းတီးသင့်ကြောင်း ၎င်းတို့ သိရှိလာကြသည်။

သူတို့သည် နည်းစနစ်ကို အခြေခံအဆင့်သို့ရောက်ရှိရန် လျင်မြန်စွာ အာရုံစိုက်ခဲ့ကြသည်။

သေချာတာက ဆုံးဖြတ်ချက်ချရုံနဲ့ မလုံလောက်ပေ

All Chapters