← Chapters

တတိယ စမ်းသပ်မှု

Vol. 9 Ch. 136

တတိယ စမ်းသပ်မှု

Vol. 9 Ch. 136

တတိယထပ်က မှောင်နေ၏

မျောလွင့်နေသော စာလိပ်များမရှိပေ။ တောက်ပသော မှော်စာ မရှိပေ။ ငြူစူသောမျက်နှာဖြင့် စောင့်ဆိုင်းနေသော အကြွင်းအကျန် ဝိညာဉ်မရှိချေ

တိတ်တိတ်နေ၏

ထို့နောက်

ဂျွတ်

ကမ္ဘာကြီး ကွဲအက်သွားပေသည်။

ပိုင်ကျီဟန်၏ ခန္ဓာကိုယ်သည် တုန်လှုပ်ခြောက်ခြားသွားကာ တစ်စုံတစ်ခု တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရသလို ဆွဲငင်အားတစ်ခု ခံစားလိုက်ရသည်။

ထို့နောက်

အလင်း

သူက မျက်တောင်ခတ်လိုက်သည်။

မတူညီသော ကောင်းကင်ကြီးသည် ယခု သူ့အပေါ်တွင် ဖြန့်ကျက်ထားသည်။ အနီရောင် ထူထူထဲထဲပင်

နေသည် မီးခိုးတိမ်တွေနောက်၌ မှိန်ဖျော့နေ၏

သူ့ပတ်လည်တွင် ကျောက်နံရံများ၊ ပြိုပျက်နေသော ကျောက်နံရံများ..တစ်ဝက်တစ်ပျက် ကွဲအက်ကာ ခြောက်သွေ့နေ၏။

အဲ့တာ မြို့လား?

အော်သံများသည် ပဲ့တင်ထပ်လာသည်။

သူ့ခေါင်းကလှည်နေ၏ ။ သူ... လေးလံနေသလို ခံစားရသည်။

ချီ မရှိ

ဓားရည်ရွယ်ချက်မရှိပေ

သူ့ကြည့်ရတာ သာမာန်လူတစ်ယောက် ဖြစ်သွားပုံပင်

တိတ်ဆိတ်နေ၏

ပိုင်ကျီဟန် တုန်လှုပ်သွားပြီး သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။

သူ၏ ၀တ်ရုံများသည် မတူတော့ချေ။ အဆင့်အတန်းနိမ့်သော စစ်သားများဝတ်သည့် ပုံစံကဲ့သို့ စံသတ်မှတ်ထားသော ချပ်ဝတ်တန်ဆာများကို ဝတ်ထား၏

သံချေးတက်နေသော ဓားတစ်ချောင်းကို သူ့ခါးတွင် ချိတ်ထားပြီး ရင်ဘတ်တွင် တံဆိပ်တစ်ခု ထိုးထားသည်။

[မြို့စောင့်တပ်မှူး –ပိုင်ကျီဟန်]

"ကျေးဇူးပြုပြီး”

သူသည် ရွံရှာဖွယ်ရာများကို မခံစားနိုင်တော့ဘဲ ရေရွတ်လိုက်သည်။

(ငါ ဘယ်မှာလဲ )

ထိုအချိန်တွင်ပင် ပြိုပျက်နေသော တံခါးပေါက်များမှ စစ်သားငယ်တစ်ဦး ထွက်လာသည်။

" တပ်မှူး နိုးပြီလား။ ကျေးဇူးပဲ ကောင်းကင်ကြီးရေ”

ပိုင်ကျီဟန်က မတုံ့ပြန်ပေ

သူ၏အကြည့်များသည် မိုးကုပ်စက်ဝိုင်းဆီသို့ ပျံ့လွင့်သွားသည်။ အမှောင်ထုများသည် တောင်ကုန်းများဘက်တွင် ဒီရေကဲ့သို့ စုရုံးနေကြသည်။

နတ်ဆိုးသားရဲများ

ဒါဇင်နဲ့ချီ ဒါမှမဟုတ် ရာနဲ့ချီရှိ၏

သူ့ပုခုံးကို ပွတ်သပ်လိုက်သည်။

"ဒါက ဘယ်လိုစမ်းသပ်မှုမျိုးလဲ"

အကယ်၍ ၎င်းသည် သူ၏ပုံမှန် ကိုယ်ခန္ဓာသာဆိုလျှင် အဆင့်(၂)ထက် မမြင့်သော နတ်ဆိုးသားရဲများကို သူ၏ဓားဖြင့် စက္ကန့်ပိုင်းအတွင်း ခုတ်ပိုင်းနိုင်မည် ဖြစ်သည်။

သို့ပေမဲ့ သူ၏ ကျင့်ကြံမှုကန့်သတ်ချက်ကြောင့် တစ်ကောင်တောင် သတ်ဖို့ ခက်ခဲပုံပေါ်ပေသည်။

စစ်သားသည် ဆက်၍ အထိတ်တလန့်နဲ့ ပြောလာသည်။

" တပ်မှူး ပိုင်ကျီဟန် ၊ တခြား တပ်မှူးတွေ အားလုံး ထွက်ပြေးသွားကြပြီ။ ကျွန်တော်တို့ တပ်မှူးကိုပဲ အားကိုးလို့ရမှာ။"

"ကောင်းလိုက်တာ”

ပိုင်ကျီဟန်သည် ရွဲ့စောင်းရင်း ရေရွတ်လိုက်သည်။

"တပ်မှူး”

သူ့ကို လက်ပြနှုတ်ဆက်ကြသည်။

"ဘာမှမဟုတ်ဘူး သွားကြစို့”

စစ်သားက မျက်တောင်ခတ်လိုက်၏။

"ဟုတ်ကဲ့တပ်မှူး”

ပိုင်ကျီဟန်သည် အပျက်အစီးများ ပြန့်ကျဲနေသော လမ်းမများပေါ်တွင် တဟုန်ထိုး ရွေ့လျားနေသော စစ်သားငယ်ကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်သည်။

".မင်းနာမည်ဘယ်လိုခေါ်လဲ"

သူက ပေါ့ပေါ့တန်တန်မေးပြီး သူ့ချပ်ဝတ်တန်ဆာမှ ဖုန်မှုန့်တွေကိုခါရင်း စျေးပေါနေသည့် ခံစားချက်ကိုမှ အံဝက်ခွင်ကျအောင် ကြိုးစားနေ၏

လူငယ်သည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။

"ဟုန်ထောင်ပါ တပ်မှူး မမှတ်မိဘူးလား"

"ငါ့ခေါင်းကို တစ်ခုခု ထိမိသလို ခံစားရတယ်၊"

ပိုင်ကျီဟန်သည် အကြောင်းပြချက်တစ်ခုပေးလိုက်သည်။

"ဒါနဲ့ ဒီမှာ ဘာဖြစ်တာလဲ ဟုန်ထောင်"

မည်ကဲ့သို့ ဖြစ်သည်ကို သိရန် စုံစမ်းမေးမြန်းလိုက်သည်။

ဟုန်ထောင် မျက်နှာသည် မည်းမှောင်သွားသည်။

"လွန်ခဲ့တဲ့ သုံးရက်လောက်က သားရဲတွေက တိုက်ခိုက်ကြတယ်။ သတိပေးတာ မရှိဘူး။ အုံကြွမှု မရှိဘူး။ ဟိန်းသံတွေနဲ့ မီးတွေနဲ့ သတ်ကြဖြတ်ကြတာ။ အပြင်ဘက် တံတိုင်းတစ်ဝက်လောက် ပြိုပျက်သွားပြီ။ ရာထူးကြီးတဲ့ စစ်သားအများစုကလည်း မြို့တွင်းကို ပြေးသွားကြတယ်။ လူပြန်စုမယ်လို့ ပြောတာပဲ လူယုတ်မာတွေ”

"လူပြန်စုဖို့လား"

ပိုင်ကျီဟန်က အော်လိုက်သည်။

"ငါ့ ခန့်မှန်းကြည့်ရအောင်- သူတို့ ပြန်မလာဘဲ မြို့ကို စွန့်ပစ်နေတာလား"

"ဟုတ်ကဲ့ တပ်မှူး

ဟုန်ထောင်သည် ရှိုက်ကြီးတငင် ပြောသည်။

ပိုင်ကျီဟန် သဘောပေါက်သွားချေသည်။ စစ်ကူလာတာမျိုး မရှိပေ

"ပြန်လည်စုဖွဲ့ခြင်း" သည် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သည်။ သူတို့သည် ကျန်ရစ်ခဲ့သမျှအားလုံးကို စွန့်ပစ်ခဲ့သည်။

ကျန်သောအရာများကို သတ်ပြီးနောက် သားရဲများ ထွက်ခွာရန် စောင့်ဆိုင်းနေကြခြင်း သို့မဟုတ် အတွင်းမြို့ရိုးအား ကာကွယ်ရန် ပြင်ဆင်နေကြခြင်းသာ ဖြစ်သည်။

သူတို့ပတ်ဝန်းကျင်ရှိ လူများသည် သွေးထွက်သံယိုနဲ့ ကျိုးပဲ့နေတာချည်းသာ

မိခင်များသည် သားသမီးများကို အနီးကပ် ဖက်ထားကြသည်။ ဒဏ်ရာရသူတွေက ဆေးသွားတောင်းကြ၏ အရိပ်တိုင်းတွင် ကြောက်ရွံ့မှု မျက်လုံးများ တောက်ပနေသည်။

အစောင့်အကြပ် အနည်းငယ်မျှသာ ကျန်ရှိတော့သည် ။ ချပ်ဝတ်တန်ဆာတွေ ပြုတ်ကျပြီး လက်နက်တွေလည်း ပျက်ဆီးကုန်၏ ။ အချို့သည် ဆယ့်ငါးနှစ်ထက် အသက်ကြီးနေသည့်ပုံများသာ

နောက်မှာကျန်ခဲ့သည့် အသန်မာဆုံးသောလူက မည်သူလဲဟု ပိုင်ကျီဟန်မေးချိန် ဆူညံသော ကာကွယ်ရေးသတိပေးချက်သည် လေကို ထိုးဖောက်လာသည်။

ပြိုကျပျက်စီးနေသော အိမ်ရှေ့မှ ကြီးမားသော ဝက်ဝံကဲ့သို့သော နတ်ဆိုးကြီးတစ်ကောင် ပေါက်ကွဲထွက်လာကာ အစွယ်များနဲ့အတူ မျက်လုံးများ နီရဲနေသည်။

"ချီးပဲ”

ဟုန်ထောင်သည် ဓားကိုဆွဲကာ အော်လိုက်သည်။

"တပ်မှူး .. ပြေး! အဲဒီကောင်က ကျောရိုး- အစွယ် ဝါးမျိုသူပဲ။ အဲဒါက အဖွဲ့သုံးဖွဲ့ကို သတ်ပြီးသွားပြီ။ တစ်ယောက်တည်းနဲ့ သူ့ကို သတ်လို့မရဘူး။"

သူသည် အံကြိတ်ကာ မျက်လုံးများက ထိတ်လန့်မှုနှင့် ဆုံးဖြတ်ချက်များဖြင့် ပြည့်နေ၏

" တခြားသူတွေကို ရှာရမယ်။ အနောက်ဘက် စစ်ဆေးရေးဂိတ်မှာ အစောင့်တချို့ ကျန်နေသေးတယ် ။ ဒါမှ တန်ပြန်တိုက်စစ်ကို ထိန်းနိုင်မှာ”

ထို့နောက် ရှေ့သို့ တိုးလာသည်။

"ကျွန်တော် အသက်နဲ့ ဒါကိုတားမယ်”

ပိုင်ကျီဟန်က ခေါင်းနှစ်လုံး ကြီးလာသလိုမျိုး သူ့ကို စိုက်ကြည့်နေ၏

"မင်းက ရူးနေတာလား။"

ဟုန်ထောင်သည် မျက်တောင်ခတ်လိုက်သည်။

"မင်းရဲ့ တစ်ဝက်သေနေတဲ့ ခန္ဓာကိုယ်ကို ပစ်ချတာက အချိန်ရမယ်လို့ မင်းထင်လား။ မင်းက ဘာကိုတွေးပြီး စိတ်အားထက်သန်နေတာလဲ”

"ဒါပေမယ့်-"

"ပါးစပ်ပိတ်ထား”

ပိုင်ကျီဟန်က ပြတ်ပြတ်သားသားပြောသည်။

"ငါ့ရှေ့မှာ လူမိုက်တချို့ကို သူရဲကောင်းအဖြစ် ကစားခွင့် မပေးဘူး။"

သူသည် ကျောရိုး-အစွယ် ဝါးမျိုသူကို စိုက်ကြည့်ပြီး မြေပြင်ကို ခြစ်ထုတ်ကာ သွေးရဲရဲတောက်နေသော အစွယ်များအား ဖမ်းဆုပ်

ရန် ပြင်နေသည်။

"ငါ အိပ်မက်ထဲမှာတောင် ဒီအရာတွေကို သတ်ခဲ့ဖူးတယ်" ပိုင်ကျီဟန်က ရေရွတ်လိုက်သည်။

"ကဲ ငါ့နောက်မှာနေ..သူရဲကောင်းတစ်ယောက်လို ပြုမူဖို့ မကြိုးစားနဲ့တော့”

ပိုင်ကျီဟန်သည် သူ့လည်ပင်းကို ချိုးလိုက်ပြီး ရှေ့ကို တိုးလာကာ သံချေးတက်နေသောဓားကို သူ့နောက်မှ မီးပွားများ ကခုန်သွားသည်အထိ ဆွဲယူလိုက်သည်။

"လာ၊ ဝဖြိုးနေတဲ့ ဝက်”

သားရဲသည် အော်ပြီး ထပ်မံတိုက်ချေသည်။

ပိုင်ကျီဟန်က မပြေးပေ။ သူက ပြုံးလေ၏

သူ့ခန္ဓာကိုယ်က လေးလံနေသလို ခံစားရသည်။ သူ၏ ခြေလက်များသည် သူအသုံးပြုခဲ့သည့်အတိုင်း တုံ့ပြန်ခြင်း မရှိပေ။

ချီ မရှိ။ ဓားရည်ရွယ်ချက်မရှိပေ

ဤ နတ်ဆိုးသားရဲနှင့် ကိုယ်ခံပညာဆိုင်ရာ ဗဟုသုတများသာ ရှိ၏

သို့ပေမယ့် ၎င်းက လုံလောက်ပေသည်။

သူသည် သားရဲ၏ ပထမဦးတည်ချက်အောက်သို့ လျှောကာ သူ၏ ဓားသည် အစွယ်တစ်ချောင်းနှင့် ခြစ်မိစဉ် မီးပွားများ ပျံဝဲသွားသည်။

လှိမ့်ချလိုက်ပြီး ကွဲအက်နေသည့်တိုင်ကို ကန်ထုတ်ကာ သူ့ဓားကို သားရဲနံဘေးမှာ ထားလိုက်သည်။

ကလန်!

အစွန်းက နစ်မြုပ်သွားချေသည်။

သားရဲသည် အော်ပြီး ပြင်းပြင်းထန်ထန် ဆောင့်ကန်ကာ သူ့ကို မြေကြီးထဲ ပစ်ချလိုက်သည်။

ပိုင်ကျီဟန်သည် အံကြိတ်လိုက်သည် ။ သူ ဒါကို အသုံးမချဖူးပေ။ ကြိုးစားရမည်သာ.. သွေးထွက်ဖို့ ဒီလိုတိုက်နိုင်ဖို့။

သို့တိုင် သူ့ရပ်တည်ချက်က ဘယ်တော့မှ မယိမ်းယိုင်ပေ။

သားရဲက ထပ်ပြီး တိုက်ခိုက်ပြန်သည်။

ဒီတစ်ခါတော့ သူ ရှောင်မသွားပေ

နောက်ဆုံးအခိုက်အတန့်တွင် သူသည် အရှိန်အဟုန်ဖြင့် လှည့်ပတ်လာကာ သံချေးတက်နေသော ဓားကို သူမြင်နိုင်သည့် ပျော့ပျောင်းသော အစက်အပြောက်တစ်ခုဖြစ်သည့် လက်မောင်းအတွင်း ထိုးသွင်းလိုက်သည်။

ဂါး

နာကျင်စွာအော်လိုက်သည်။

ထို့နောက် သူသည် ဓားကို လိမ်၍ ခေါက်လိုက်သည်။

ဖြန်း

သားရဲသည် ထိမိ၍ လဲကျသွားချေသည်။

နောက်ထပ် ပိုင်းဖြတ်မှုနှစ်ခု.. ထိရောက်မှုမရှိသော်လည်း သေစေနိုင်သည်။ နောက်ဆုံးတွင် ၎င်းသည် အသံနှင့်အတူ ပြိုကျသွားသည်။

တိတ်ဆိတ်သွားချေ၏

ထို့နောက်

"...ဒါက အံ့သြစရာပဲ"ဟုန်ထောင်သည် တိုးတိုးလေးပြောကာ မျက်လုံးပြူးသွားသည်။

"ဒီလိုမျိုး လှုပ်ရှားနေတဲ့လူကို တစ်ခါမှ မမြင်ဖူးဘူး။ တပ်မှူးကလည်း ဒီလိုပါပဲ... ဒဏ္ဍာရီဆန်ဆန် ကျင့်ကြံသူတွေလိုပါပဲ”

ပိုင်ကျီဟန်သည် ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်သည်။ သူ့လက်တွေ ကိုက်ခဲနေ၏ ။ သူ့ဓားသည် တစ်ဝက်ကျိုးသွားချေသည်။ သူ့ရင်ဘတ်သည် အသက်ရှုတိုင်း တုန်နေသည်။

ဒါပေမယ့် သူ့စိတ်က ထက်မြက်နေသေး၏

သူသည် သားရဲ၏အလောင်းကို စိုက်ကြည့်လိုက်သည်။

ဒါဆို ဒီနေရာက ကျင့်ကြံသူတွေရော ရှိတာလား။

ကျင့်ကြံမှု ကင်းမဲ့သော ကမ္ဘာကဲ့သို့ ကမ္ဘာတစ်ခုဟု သူထင်ခဲ့သော်လည်း ဤအရာသည် ကျင့်ကြံမှုကမ္ဘာဖြစ်နေဆဲပင်။

ကျင့်ကြံသူမရှိသော ဤမြို့လေးတစ်မြို့။

သေမျိုးသာ။ နုနယ်၏ ဖျက်ဆီးနိုင်၏

သို့ပေမဲ့ တတိယအစမ်းစစ်ဆေးခြင်း၏ တကယ့်ရည်ရွယ်ချက်က ဘာလဲ။

မြို့ကို ကာကွယ်ဖို့လား။ နတ်ဆိုးကောင်တွေကို သတ်ဖို့လား? ဒါမှမဟုတ် တခြားအရာတွေ လား?

ပိုင်ကျီဟန်သည် သားရဲ၏ အကြောဆွဲနေသော အလောင်းကို စိုက်ကြည့်နေ၏ ။ ဝမ်းဗိုက်အောက်တွင် သွေးများစုပုံကာ အက်ကွဲနေသော ကျောက်တုံးများထဲသို့ စီးကျလာသည်။

သူ့ဓားကို အမွေးတွေပေါ် ရှုံ့မဲ့ပြီး သုတ်လိုက်၏

ဟုန်ထောင်သည် သူ့အနားသို့ အပြေးအလွှားရောက်လာပြီး ထိတ်လန့်တုန်လှုပ်နေသေးသည်။

"တပ်မှူး ၊ အဆင်ပြေရဲ့လား”

ပိုင်ကျီဟန်သည် သူ့ပခုံးကို တွန့်လိုက်သည်။

"ငါ အဆင်ပြေပါတယ်။ ဓားကတော့ မပြေတော့ဘူး”

လက်ထဲတွင် ကွေးနေသော သတ္တုပြားကြီးကို တစ်ချက်ကြည့်လိုက်သည်။

နှုတ်ခမ်းကိုသပ်ကာ ၎င်းကို ဘေးသို့ပစ်ချလိုက်ပြီး သွေးများ ယိုစိမ့်နေသေးသော သားရဲ၏အစွယ်များထဲမှ ချွန်ထက်သော တစ်ခုကို ကောက်ကိုင်လိုက်သည်။

“ တပ်မှူး ၊ ကျွန်တော်တို့ အခု ဘာလုပ်မှာလဲ"

ဟုန်ထောင်သည် အသက်ရှူမဝသလို မေးလိုက်သည်။

ပိုင်ကျီဟန်သည် ချက်ချင်းပြန်မဖြေပေ။ သူသည် မီးခိုးငွေ့များ ဖုံးလွှမ်းနေသော လမ်းများကို ငုံ့ကြည့်ရင်း မျက်လုံးများ ကျဉ်းမြောင်းကာ စိတ်တွေ တအား လှုပ်ခတ်နေသည်။

မြို့ပျက်သွားသည်။ ပရမ်းပတာ အုပ်ချုပ်နေ၏

ဒါကို သူ ပြင်သင့်သလား။

သူမေးလိုက်၏

"ဒီမှာ ရည်ရွယ်ချက်က ဘာလဲ"

ဟုန်ထောင်က မျက်တောင်ခတ်လိုက်သည်။

"ရည်ရွယ်ချက်လား”

"ဘာမှမရှိပါဘူး၊ ကိုယ့်ဘာသာ စကားပြောနေတာပဲ”

သူလှည့်လိုက်ကြည့်သည်။

"ငါတို့ အမဲလိုက်မယ်။ တတ်နိုင်သမျှ စုဆောင်းမယ်။"

ဟုန်ထောင်က ဖြောင့်တန်းသွားသည်။

"ဟုတ်ကဲ့ တပ်မှူး”

သူတို့သည် လျင်မြန်စွာ ရွေ့လျားကာ တစ်ဖက်လမ်းများနှင့် အမှိုက်များ ဆို့နေသော လမ်းကြားများကို ဖြတ်လျှောက်ခဲ့သည်။

မြို့သည် ပြိုကျရန် စောင့်ဆိုင်းနေသည့် သင်္ချိုင်းကုန်း ဖြစ်သော်လည်း ထိုနေရာတွင် အသက်ရှင်ကျန်ရစ်သူများ ရှိနေဆဲပင်

ဒဏ်ရာရ အစောင့်များ။

အရပ်သားတွေက အော်ဟစ်အကူအညီတောင်းနေကြ၏

ကလေးတွေက ထောင့်တွေမှာ စုပြုံနေသည်။

ပိုင်ကျီဟန်က နှစ်ခါတောင် မကြည့်ပေ။

ဒါက စမ်းသပ်မှုတစ်ခုသာ ။ ထင်ယောင်ထင်မှားတစ်ခု။ ဤလူများသည် အစစ်အမှန်မဟုတ်ခဲ့ပေ။

အချိန်ပေးဖို့ မတန်ပေ

ဒါပေမယ့် ဟုန်ထောင်ကတော့

ရပ်သွားသည်။

ထပ်ခါ တလဲလဲပင်။

ပတ်တီးတွေ ပေး၏ ။ အပျက်အစီးများထဲမှ အသက်ရှင်ကျန်ရစ်သူများကို ဆွဲထုတ်ခဲ့သည်။ ကလေးတွေကို သူတို့အမေတွေနဲ့ ပြန်တွေ့ပေးသည်။

"ဆက်သွားမယ်” ပိုင်ကျီဟန် ပြတ်ပြတ်သားသားပြောသည့်တိုင် သူ့ကို ဘယ်တော့မှ မတားပေ။

စမ်းသပ်မှုက လူသတ်တာမဟုတ်လျှင် မည်သို့ဖြစ်မည်နည်း။ ကယ်ဆယ်ခြင်း ဖြစ်လျှင်ရော။

သို့တိုင် သူ့အနေနဲ့ စိတ်ဓာတ်ရေးရာမှာ အလောင်းအစား မလုပ်ပေ ။ အဲဒါ သူပုံစံမဟုတ်ပေ

ထို့ကြောင့် သူထိန်းချုပ်နိုင်သည့် သားရဲများကို အာရုံစိုက်ခဲ့သည်။

ပြီးတော့ သူက ထိရောက်အောင် လုပ်နိုင်သည်။

သူသည် ကြမ်းတမ်းသည်။

ထိပ်တိုက်တွေ့ဆုံမှုတိုင်းသည် ရက်စက်ကြမ်းကြုတ်စွာ တွက်ချက်ထားသော တိုက်ပွဲဖြစ်ခဲ့သည်။ လက်နက်နဲ့ မအောင်မြင်

သောအခါတွင် အားနည်းသောအချက်များနဲ့အတူ မြေပြင်ကိုအသုံးပြုကာ ဦးခေါင်းခွံများကို အပျက်အစီးများဖြင့် ရိုက်ခွဲခဲ့သည်။

သူသည် သားရဲတစ်ကောင်ကို အိမ်ခေါင်မိုးပေါ်မှ ကန်ထုတ်လိုက်သည်။ ကွဲသွားသော လှံတံဖြင့် နောက်တစ်ဦးကို ရိုက်ချသည်။

ချီ မရှိ။ ဓားရည်ရွယ်ချက်မရှိပေ

သို့ပေမယ့် အရည်အချင်းကတော့ ပေါများလှ၏။

ပြုတ်လာကျသော သားရဲအပေါင်းတို့နှင့်အတူ အစောင့်တို့သည် ပုန်းအောင်းရာမှ ထွက်လာကြ၏။

ဆူညံသံများဖြင့် ထွက်လာ၏ မျှော်လင့်ချက်ဖြင့်ပင်

"တပ်မှူးကျီဟန် အသက်ရှင်တယ်”

"ဒီအကောင်ကို သူတစ်ယောက်တည်း သတ်လိုက်တာလား”

" သူသုံးနေတာ ဝက်စွယ်မလား။"

လိုက်ပါလာကြ၏။

ဝိုင်းအုံလာကြ၏။

တစ်ဒါဇင်ကနေ သုံးဆယ် ဖြစ်သွားသည်။

သုံးဆယ်မှ ငါးဆယ်နီးပါး။

စုတ်ပြတ်သတ်ကာ ဒဏ်ရာရပြီး ကြောက်ရွံ့ထိတ်လန့်မှုများ—သို့သော် အသက်ရှင်ကျန်ရစ်ရန် တွယ်ကပ်နေဆဲသာ

ပိုင်ကျီဟန်သည် တိုက်ပွဲအလယ်မှာ ချွေးနဲ့သွေးပေါင်းပြီး တည်တံ့သောမျက်လုံးနဲ့ သေပြီးသူ၏ လက်နက်ကို တင်းတင်းချုပ်ကိုင်နေခဲ့သည်။

သူက မိန့်ခွန်းတွေ မပြောချေ

မလှုံ့ဆော်ခဲ့ပေ

သူက သတ်ရုံသာ သတ်ခဲ့သည်။

All Chapters