← Chapters

ဘီလျံနာသူဌေး

Vol. 2 Ch. 18

ဘီလျံနာသူဌေး

Vol. 2 Ch. 18

မိုတုစီးပွားရေးလမ်းမမှာ မိုတုမြို့တွင် အစည်ကားဆုံးနေရာပင်။

မိုတုစီးပွားရေးလမ်းမထက်တွင် ခရီးသွားများနှင့် အမြဲပြည့်ကျပ်​နေပြီး ဆိုင်များအားလုံးကလည်း အလွန်နာမည်ကြီးပေသည်။

ယဲ့ချန်းနှင့် လင်ရှန်းရှန်းတို့ မိုတုဈေးဝယ်စင်တာသို့ ရောက်လာခဲ့သည်။

ယခင်တုန်းကဆိုလျှင် ယဲ့ချန်းမှာ သာမန်အထည်ဆိုင်များကိုသာ ဝင်နိုင်ခဲ့သည်။ သို့သော် ယခုတော့ ဘီလျံပေါင်းများစွာ ပိုင်ဆိုင်ထားပြီဖြစ်ရာ ဇိမ်ခံပစ္စည်းဘရန်းဆိုင်များကို သေချာ​ပေါက်ဝင်ကြည့်ရမည်။

ယဲ့ချန်းနှင်း လင်ရှန်းရှန်းတို့နှစ်ယောက်သား နာမည်ကြီးVersaceအရောင်းဆိုင်ထဲသို့ ဝင်သွားလိုက်ကြ၏။

တံခါးဝရှိ အရောင်းဝန်ထမ်းက လင်ရှန်းရှန်းကိုမြင်သော် ဝန်ဆောင်မှုပေးချင်ပါသော်ငြား အရောင်းဆိုင်မန်နေဂျာလီမုန့်က သူ(မ)ကို တားလိုက်လေသည်။

"ငါရောင်းလိုက်မယ်။ ဒီမိန်းကလေးကို ငါသိတယ်"

လီမုန့်က မျက်နှာထက်တွင် လှောင်ပြုံးတစ်ပွင့်ကို ဆင်မြန်းလျက် အနားသို့ရောက်ချလာသည်။

"လင်ရှန်းရှန်း.. မတွေ့ရတာကြာပြီနော်"

ထိုလူကို မြင်လိုက်ရချိန်၌ လင်ရှန်းရှန်း၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။

"လီမုန့်.. နင်က ဒီကိုဘယ်လိုရောက်နေတာလဲ"

လင်ရှန်းရှန်းနှင့် လီမုန့်တို့သည် ယခင်တုန်းက ကုမ္ပဏီတစိခုတည်းရှိ လုပ်ဖော်ကိုင်ဖက်များပင်။

လင်ရှန်းရှန်း၏ ထူးချွန်လှသော လုပ်ဆောင်ရည်ကြောင့် လီမုန့်မှာ မနာလိုဖြစ်လာပြီး လင်ရှန်းရှန်းက အထွေထွေမန်နေဂျာနှင့် ဖောက်ပြန်နေကြောင်း ကောလာဟလများလွှင့်ခဲ့လေသည်။ ထို့နောက် လင်ရှန်းရှန်းကို နှုတ်ထွက်ရန် ဖိအားပေးသည်အထိ ဖြစ်ခဲ့လေသည်။

ထင်မှတ်မထားပါဘဲ တစ်နှစ်အကြာတွင် လင်ရှန်ရှန်း လီမုန့်ကို ဤနေရာတွင် ထပ်တွေ့လိုက်ရသည်။

လီမုန့်က လှောင်ပြောင်သရော်လိုက်၏။

"ငါက အခု Versaceအရောင်းဆိုင်ရဲ့မန်နေဂျာဖြစ်နေပြီ။ ဒါက နင့်ကောင်လေးလား။ ရှန်းရှန်း.. နင်က တက္ကစီဒရိုင်ဘာတစ်ယောက်နဲ့ တွဲနေတာကိုး"

"နင် ဘာပြောလိုက်တယ်"

လင်ရှန်းရှန်းလည်း ရိုင်းပျလှသော လီမုန့်၏စကားကြောင့် ဒေါသထွက်သွားရသည်။

လီမုန့်ကတော့ လှောင်ပြုံးပြုံးလိုက်ပြန်၏။

"ငါတို့Versaceအရောင်းဆိုင်ရဲ့ အဝတ်အစားတွေက သောင်းဂဏန်းလောက်ပေးရတယ်ဆိုတာ နင်သိလား။ နင့်လို ဆင်းရဲသားတွေက ဒါကိုဝယ်နိုင်ပါ့မလား"

သူတို့ပြောနေသည့် စကားများမှတစ်ဆင့် သူတို့ကြားရှိ နောက်ကြောင်းရာဇဝင်ကို သိလိုက်ရသဖြင့် ယဲ့ချန်း မျက်လုံးမှေးကျဉ်းလိုက်မိသည်။

"Versaceဝန်ထမ်းတွေက ဒီလိုပဲရိုင်းပျကြတာလား။ ဖောက်သည်က နတ်ဘုရားပဲဆိုတာကို မကြားဖူးဘူးလား"

ယဲ့ချန်း ရုတ်တရက်ဝင်ပြောလိုက်သည်။

"နတ်ဘုရားတဲ့လား?"

လီမုန့်က ယဲ့ချန်း၏စကားများကို ကြားပြီး အားရပါးရအော်ရယ်လိုက်လေသည်။

"ငါတို့ကိုးကွယ်တဲ့ နတ်ဘုရားတွေက ဒီနေရာကို ပိုက်ဆံသုံးဖို့ လာကြတာ။ ဟိုငမ်းဒီငမ်းလုပ်ပြီး လူကုံထံအရှုံးသမားတွေလို ဟန်ဆောင်ဖို့မဟုတ်ဘူး"

လီမုန့်က ယဲ့ချန်းကို အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်၏။

သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်က ကြီးကျယ်ပြနေသတဲ့။

"နင် ဘာပြောလိုက်တာလဲ"

လင်ရှန်းရှန်း စကားများတော့မည့်ဆဲဆဲတွင် ယဲ့ချန်းက သူ(မ)အား တားလိုက်သည်။

"ငါက အရှုံးသမားဆိုတာ မင်း ဘယ်လိုသိတာလဲ"

ယဲ့ချန်း တမင်စနောက်လိုက်၏။

လီမုန့်ကတော့ လှောင်ပြောင်လျက်သာ။

"ရှင်က တက္ကစီဒရိုင်ဘာဝတ်စုံကို ဝတ်ထားတယ်လေ။ တက္ကစီမောင်းတာ အသိသာကြီးပဲ။ နောက်တစ်ခေါက် ရှင့်ကောင်မလေးနဲ့ အပြင်ထွက်မယ်ဆိုရင် ကောင်းကောင်းမွန်မွန်ဝတ်စားခဲ့ဖို့ မမေ့နဲ့။ ကျွန်မတို့ရဲ့စီးပွားရေးကို မထိခိုက်အောင် အခုချက်ချင်းထွက်သွားပါ"

ယဲ့ချန်းက ရုတ်တရက်ထရယ်လိုက်ပြီးနောက် လီမုန့်ကို လျစ်လျူရှုကာ အဝတ်အစားစင်များဆီသို့ တန်းလျှောက်သွား၍ အဝတ်အစားများကို ပေါ့ပေါ့ပါးပါး ကောက်ရွေးနေလိုက်သည်။

"ရှင် ဘာလုပ်နေတာလဲ။ အဝတ်အစားတေ မ​ပေစေနဲ့နော်။ ရှင် ပြန်လျော်နိုင်လို့လား"

လီမုန့် ဒေါသတကြီးပြောလိုက်လေသည်။

ယဲ့ချန်းကမူ သူ(မ)ကို လျစ်လျူရှုထားလိုက်ပြီး ဈေးနှုန်းကတ်ပြားကို လှမ်းကြည့်လိုက်လေရာ အဝတ်အစားဈေးနှုန်းက ရှစ်သောင်းဟု ပြထားသည်။

"အရမ်းဈေးပေါလွန်းတယ်"

ယဲ့ချန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

"ဈေးပေါတယ်?"

လီမုန့်နှင့် အခြားအရောင်းဝန်ထမ်းများလည်း ကြက်သေသေသွားရသည်။

ရှစ်သောင်းတန်ဝတ်စုံဆိုသည်မှာ သာမန်လူများအတွက် အဆမတန်ဈေးများလှသည်။ ဤလူက ထိုဈေးနှုန်းကို ဈေးပေါသည်ဟု ဆိုနေလေသလား။

ယဲ့ချန်းလည်း အရောင်းဝန်ထမ်းလက်ထောက်လေးကို ပြောလိုက်သည်။

"ငါ့ဆိုဒ်အတိုင်း တစ်သိန်းတန်အဝတ်အစားတွေကို တစ်မျိုးကို တစ်ထည်စီယူခဲ့။ ပြီးတော့ မင်းတို့မန်နေဂျာကို ခေါ်လိုက်"

အရောင်းဆိုင်ထဲတွင် ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေသည်။ ဆိုင်ထဲရှိ အရောင်းဝန်ထမ်းလက်ထောက်များနှင့် ဖောက်သည်များအားလုံးလည်း အံ့သြမှင်တက်ကုန်၏။

တစ်သိန်းတန်အဝတ်အစားကို တစ်မျိုးလျှင် တစ်ထည်စီယူမတဲ့လား။ အသုံးအဖြုန်းကြီးလိုက်ပုံများ...။

လီမုန့်ကိုယ်တိုင်လည်း အကြောင်သားဖြစ်သွားရသည်။ သို့သော် ချက်ချင်းပင် အေးစက်စက်အပြုံးတစ်ခုကို ထုတ်ဖော်ပြသလာပြန်သည်။

"ရှင့်လိုတက္ကစီဒရိုင်ဘာက ဒီအဝတ်အစားတွေကိုဝယ်ဖို့ ပိုက်ဆံရှိလို့လား။ ဘယ်သူ့ကိုလာနောက်နေတာလဲ။ ကျွန်မတို့မန်နေဂျာနဲ့ တွေ့ချင်တယ်ပေါ့လေ။ ရှင့်ကိုယ်ရှင် ဘယ်သူလို့ထင်နေတာလဲ"

ထိုအခါ ယဲ့ချန်းက ဘဏ်ကတ်တစ်ခုကို ထုတ်လိုက်ပြီး​ ဝန်ထမ်းတစ်ယောက်အား ပေးလိုက်သည်။

"မင်း ကတ်ဖြတ်ကြည့်လို့ရတယ်။ လက်ကျန်ငွေဘယ်လောက်ရှိလဲဆိုတာ စစ်ကြည့်ပေါ့"

သိချင်စိတ်ပြင်းပြနေသော လီမုန့်လည်း အေတီအမ်နားသို့ ​သွားလိုက်ပြီးနောက် စနစ်ကိုဖွင့်လိုက်လေရာ ပေါ်လာသော ကိန်းဂဏန်းအတန်းလိုက်ကြီးကြောင့် ကြောင်အသွားရှာသည်

အမလေး.. ဆယ်ဘီလျံကျော်တောင် ရှိတယ်!

လီမုန့် လုံးဝအကြောင်သားဖြစ်သွားရ၏။ အရောင်းဝန်ထမ်းလက်ထောက်များလည်း ကြက်သေသေကုန်ကြသည်။

လက်ကျန်ငွေဆယ်ဘီလျံကျော်ဆိုလျှင် ဤလူငယ်က ဘီလျံနာတစ်ယောက်ဟူသော အဓိပ္ပာယ်ပင်။

ယဲ့ချန်းကတော့ ပေါ့ပေါ့ပါးပါးစကားဆိုလိုက်သည်။

"အခု ငါ မင်းတို့မန်နေဂျာနဲ့ တွေ့လို့ရပြီလား"

မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေသည့် လီမုန့်ခမျာ ယဲ့ချန်းနားသို့ ကိုးရိုးကားရားဟန်ဖြင့် လျှောက်သွား၍ ဦးညွှတ်လိုက်၏။

"လူကြီးမင်း..ရှင်က ဒီလောက်အထိချမ်းသာမှန်း ကျွန်မ အစောက မသိခဲ့လို့ပါ။ တောင်းပန်ပါတယ်"

ယဲ့ချန်းကမူ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်၏။

"ခွင့်လွှတ်တာ ခွင့်မလွှတ်တာက ငါနဲ့မဆိုင်ဘူး။ ငါ့မိတ်ဆွေက မင်းကို ခွင့်လွှတ်မလားဆိုတဲ့အပေါ် မူတည်တယ်"

လင်ရှန်းရှန်းလား?

လီမုန့်လည်း လင်ရှန်းရှန်းကိုကြည့်ကာ ပို၍ပင် စိတ်ဖိစီးသွားရသည်။

ယခင်တုန်းက သူ(မ)ကြောင့် လင်ရှန်းရှန်းက ကုမ္ပဏီမှ အလုပ်ထွက်ရန် ဖိအားပေးခံခဲ့ရသည်။ ယခုလည်း သူ(မ) လင်ရှန်းရှန်းကို အရှက်ခွဲထားပြန်သည်ဖြစ်ရာ သူ(မ)အနေနှင့် မည်သို့များ ခွင့်လွှတ်ပေးဖို့ တောင်းခံနိုင်မည်နည်း။

"ဟမ့်! ဆိုင်မန်နေဂျာက ငါ့အဒေါ်ပဲ! နင်တို့ ငါ့ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ထိုအချိန်မှာပင် အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ယောက် သုတ်သုတ်ပျာပျာရောက်ချလာသည်။

ယဲ့ချန်းကိုမြင်သောအခါ ထိုအမျိုးသမီး၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားပေသည်။

သူတို့ ယခုလေးတင် ဘုတ်အဖွဲ့အစည်းအဝေး လုပ်ပြီးခဲ့ခြင်းပင်။ အစည်းအဝေး၌ စီးပွားရေးလမ်းမ၏ပိုင်ရှင်က အသစ်ပြောင်းသွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

မန်နေဂျာချုပ်ကျန်းရှန့်က ယခုလေးတင်မှ သူဌေးအသစ်၏ဓာတ်ပုံကို မန်နေဂျာအားလုံးကို ပြလိုက်သည်။ ထင်မှတ်မထားပါဘဲ ထိုဘော့စ်က သူ(မ)၏ဆိုင်ထဲသို့ ရောက်နေလေသည်။

စွန်းရုန်ရုန်လည်း မျက်နှာလိုမျက်နှာရ ပြုံးပြလိုက်၏။

"ဘော့စ်ယဲ့ ရှင်လာလည်မှာကို ဘာလို့ကြိုအသိမပေးရတာလဲ။ မဟုတ်ရင် ကျွန်မကိုယ်တိုင် ကြိုမှာပေါ့"

ယဲ့ချန်း သရော်ပြုံးပြုံးလိုက်မိ၏။

"ခင်ဗျားကို ကျုပ် မနှောင့်ယှက်ရဲပါဘူး။ ခင်ဗျားရဲ့ဆိုင်မန်နေဂျာကပြောတယ်။ ကျုပ်က ခင်ဗျားနဲ့တွေ့ဖို့ အရည်အချင်းမရှိဘူးတဲ့"

စွန်းရုန်ရုန်၏အမူအရာမှာ ပြောင်းလဲသွားရပြီး လီမုန့်ကို ကြည့်လိုက်မိလေတော့သည်။

လီမုန့်ကတော့ နောင်တရနေမိသည်။ လင်ရှန်းရှန်းကို မြင်လိုက်ရသည့်အခါ သူ(မ)ကို အရှက်ခွဲရန် ရည်ရွယ်ခဲ့မိသော်ငြား ထင်မှတ်မထားဘဲ သူ(မ)က ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်​၏ရည်းစား ဖြစ်နေသည်။

စွန်းရုန်ရုန်ကတော့ လီမုန့်ဆီသို့ လျှောက်သွားလိုက်ပြီးနောက် လက်မြှောက်လိုက်၏။

"ဖြန်း"

လီမုန့်လည်း ထိတ်လန့်တကြားဖြင့် သူ(မ)၏မျက်နှာကို အုပ်ထားလိုက်မိသည်။ စွန်းရုန်ရုန်က သူ(မ)၏အဒေါ်ဖြစ်ပြီး အမြဲတမ်းလည်း သူ(မ)အား ပစားပေးခဲ့သည်။

သူ(မ)၏အဒေါ်က ဤနေရာ၏ မန်နေဂျာဖြစ်လာပြီးနောက် သူ(မ)ကို ဆိုင်မန်နေဂျာရာထူးရအောင် လုပ်ပေးခဲ့သည်။

သို့သော် ဤလူငယ်လေးကို စော်ကားမိခြင်းကြောင့် သူ(မ)အဒေါ်ထံမှ ပါးရိုက်ခံလိုက်ရသည်။

"လီမုန့်.. သူ ဘယ်သူလဲဆိုတာ နင်သိလား။ သူက မိုတုစီးပွားရေးလမ်းမရဲ့ပိုင်ရှင်ပဲ။ ငါ နင့်ကိုပြောထားပြီးသား။ ဘယ်ဝယ်သူပဲဖြစ်ဖြစ် အကုန်လုံးကို လေးလေးစားစားဆက်ဆံပါလို့။ ငါ့စကားတွေကို နင် အရေးမလုပ်တာလား"

"ဒေါ်လေး ကျွန်မ..."

"ငါ့ကို ဒေါ်လေးလို့လာမခေါ်နဲ့။ ဒီနေ့ကစပြီး နင့်ကိုအလုပ်ထုတ်လိုက်ပြီ"

"ဒေါ်လေး ကျွန်မမှားသွားပါတယ်။ ကျွန်မ အလုပ်တော့မပြုတ်ချင်ဘူး"

Versaceဆိုင်မန်နေဂျာတစ်ယောက်အနေနှင့် လစာနှင့် ကော်မရှင်ခပါပေါင်းလိုက်လျှင် တစ်နှစ်ကို တစ်သိန်းကျော်ဝင်သည်။ ဤကဲ့သို့ကောင်းမွန်လှသောအလုပ်တစ်ခုကို သူ(မ) ဘယ်လိုလုပ်ပြီး အဆုံးရှုံးခံနိုင်မည်နည်း။

လီမုန့် လင်ရှန်းရှန်းကို ကြည့်လိုက်မိသည်။

"ရှန်းရှန်း.. ငါ့ကိုခွင့်လွှတ်ပေးဖို့ နင့်ချစ်သူကိုပြောပေးပါဦး။ ငါမှားသွားပါတယ်"

လင်ရှန်းရှန်းလည်း လီမုန့်ကို အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်မိ၏။

"အရင်တုန်းက ငါ ကုမ္ပဏီကအလုပ်ထွက်ဖို့ ဖိအားပေးခံတုန်းက ငါဘယ်လိုခံစားခဲ့ရလဲဆိုတာ နင် နားလည်ပြီလား"

"ဒီခံစားချက်က နင်သေချာပေါက်ခံစားကြည့်သင့်တဲ့ အရာတစ်ခုပဲ"

စွန်းရုန်ရုန်ကမူ တလေးတစားဆိုလိုက်လေသည်။

"မစ္စတာယဲ့.. ရှင်က မိုတုစီးပွားရေးလမ်းမရဲ့ပိုင်ရှင်ဆိုတော့ ကျွန်မတို့ ဒီအဝတ်အစားတွေအကုန်လုံးကို အခမဲ့ပေးပါ့မယ်။ လိပ်စာသာပြောပါ။ ကျွန်မ ဒီအဝတ်အစားတွေကို ရှင့်​ဆီ ပို့လိုက်ပါ့မယ်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် ယဲ့ချန်းလည်း လင်ရှန်းရှန်းနှင့်အတူ Versaceဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။

ဝန်ထမ်းများနှင့် စွန်းရုန်ရုန်ကလည်း တလေးတစားတန်းစီရင်း သူတို့နှစ်ယောက်ကို လိုက်လံပို့ဆောင်ပေးကြသည်။

လင်ရှန်းရှန်းလည်း ရှက်သွေးဖြာသွားရပြီး ပြောလိုက်မိသည်။

"ယဲ့ချန်း ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်ရုံနဲ့ပြီးပြီလား"

ယဲ့ချန်း စနောက်လိုက်သည်။

"မွ"

လင်ရှန်းရှန်းမှာ ယဲ့ချန်း၏ပါးပြင်ထက် ခပ်ဖွဖွအနမ်းခြွေလိုက်၏။

သူ့မျက်နှာထက်ရှိ စွတ်စိုမှုကို ခံစားမိသောအခါ ယဲ့ချန်း စိတ်လွတ်လက်လွတ်ပြုံးလိုက်မိသည်။

"ဆုချတဲ့အနေနဲ့ ဒီနေ့ ငါ မင်းကို ဈေးဝယ်ဖို့ခေါ်သွားပေးမယ်"

ယဲ့ချန်းမှာ ​တစ်နေ့လယ်ခင်းလုံး လင်ရှန်းရှန်းနှင့်အတူ အချိန်ဖြုန်းခဲ့ပြီးနောက် နောက်ဆုံးပေါ်11proဖုန်းကို လဲလိုက်ပြီးနောက် တစ်သန်းကျော်ပေးရသည့် အကန့်အသတ်နှင့်ထုတ်ထားသော Patak Philppeနာရီကိုပါဝယ်၍ သူ့ဝတ်စုံကိုလည်း အသစ်လဲလိုက်သည်။

ထိုအခါမှသာ မှန်ထဲသို့ကြည့်လိုက်သောအခါ လူကုံထံတစ်ယောက်နှယ် ခံစားလိုက်ရသည်။ လင်ရှန်းရှန်းကလည်း ဘရန်းအဝတ်အစားများကို ဝတ်ဆင်ထား၏

Gucciအိတ်၊ Chanelဂါဝန် စသဖြင့်ပင်။

"ယဲ့ချန်း ရှင် ကျွန်မအတွက်နဲ့ ပိုက်ဆံတွေအများကြီးသုံးလိုက်တာပဲ။ အားနာလိုက်တာ"

"ဟားဟား ရပါတယ်။ ဒါက ငါနဲ့အတူ ဈေးဝယ်ထွက်တာကို အဖော်လိုက်ပေးတဲ့အတွက် ဆုချတာ"

ယဲ့ချန်း ရယ်လိုက်မိသည်။

လင်ရှန်းရှန်း၏ပါးပြင်နှစ်ဖက်မှာ နီမြန်းသွားရပြီး အလွန်လည်း ပျော်ရွှင်သွားရလေသည်။

ယဲ့ချန်းက သူ(မ)ကို ပစ္စည်းအများကြီးဝယ်ပေးခဲ့သည်။ ဤသည်မှာ သူ့ဘက်က သူ(မ)အား သူ့ချစ်သူအဖြစ် သတ်မှတ်လိုက်ပြီဟူသော သဘောလေလား။

••••••••••••••

All Chapters