← Chapters

လူမသိသူမသိနေချင်ပေမဲ့ ပိုင်ဆိုင်ထားတဲ့အစွမ်းအစက ခွင့်မပြုဘူး

Vol. 2 Ch. 21

လူမသိသူမသိနေချင်ပေမဲ့ ပိုင်ဆိုင်ထားတဲ့အစွမ်းအစက ခွင့်မပြုဘူး

Vol. 2 Ch. 21

ချန်းထောင်ခမျာ ယဲ့ချန်း၏စကားကြောင့် အံ့သြမှင်တက်သွားသည်။

"၁၀ဘီလျံလား။ သူက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး လှူနိုင်ရတာလဲ"

ချန်းထောင်က ဟွန့်ခနဲအသံပြုလျက် အေးတိအေးစက်သရော်လိုက်၏။

"ချာတိတ်.. မင်းက တက္ကစီဒရိုင်ဘာမလား။ ၁၀ဘီလျံကို ဘယ်လိုလုပ်ပြီးလှူနိုင်မှာလဲ"

ယဲ့ချန်းက ဘဏ်ကတ်တစ်ခုကိုထုတ်၍ အစီအစဉ်တင်ဆက်သူကို ပြောလိုက်သည်။

"ကျွန်တော် ပိုက်ဆံကို ချက်ချင်းလွှဲပေးနိုင်ပါတယ်"

လူအုပ်ကြီးလည်း တစ်ဖန် ပွက်ပွက်ညံသွားပြန်သည်။

၁၀ဘီလျံကို သာမန်ကာလျှံကာ ထုတ်နိုင်သည်ဆိုခြင်းမှာ အမှန်ပင်လား။ ဟန်ဆောင်နေခြင်းလေလား။

၁၀ဘီလျံဆိုသည်မှာ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များအတွက်ပင် တစ်ချီတည်းထုတ်နိုင်ရန် ခက်ခဲသော ပမာဏမျိုးဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်တော်တော်များများက သူတို့ပိုင်ဆိုင်မှုအားလုံးကို ပုံသေပိုင်ဆိုင်မှုများအဖြစ် သို့မဟုတ် စတော့ရှယ်ယာများဖြင့် ပြောင်းလဲထားပြီး လက်ထဲမှာတော့ ငွေသားနည်းနည်းသာ ချန်ထားကြသည်။

၁၀ဘီလျံကို တစ်ချီတည်းထုတ်နိုင်သူဟူ၍ ဟွားနိုင်ငံတွင် များများစားစားမရှိချေ။

အစီအစဉ်တင်ဆက်သူလည်း အံ့သြသွားသည်။

သူ(မ) တုန်ယင်နေသောလက်တစ်စုံဖြင့် ဘဏ်ကတ်ကို လှမ်းယူလိုက်သည်။ သူ(မ)ကိုယ်တိုင်လည်း သံသယဖြစ်မိသည်။ ဤဘဏ်ကတ်ထဲမှာ ၁၀ဘီလျံ တကယ်ရှိရဲ့လား။

ယဲ့ချန်းကတော့ ခပ်မြန်မြန်သာ ငွေလွှဲလိုက်သည်။ ထို့နောက် ကြက်ခြေနီအဖွဲ့ဘက်က ယဲ့ချန်း၏လှူဒါန်းငွေကို လက်ခံရရှိလိုက်သည်။

အစီအစဉ်တင်ဆက်သူက စင်ပေါ်သို့ စိတ်လှုပ်ရှားစွာ ပြန်ရောက်လာခဲ့သည်။

"မစ္စတာယဲ့ရဲ့၁၀ဘီလျံကို လက်ခံရရှိလိုက်ပါပြီ။ မစ္စတာယဲ့ရဲ့ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ရှိသမျှလူတိုင်းက စင်​ပေါ်ရှိ ထိုတက္ကစီဒရိုင်ဘာကို အထိတ်တလန့်ဖြင့် ငေးကြည့်နေကြသည်။

ဒီတက္ကစီဒရိုင်ဘာရဲ့ဝင်ငွေက ဒီလောက်တောင်အမြတ်ထွက်တာလား?

ထိုအခါမှသာ ယဲ့ချန်း တက္ကစီမောင်းနေခြင်းမှာ အပျော်သက်သက်ကြောင့်ဖြစ်ကြောင်း တော်တော်များများ နားလည်သဘောပေါက်သွားကြသည်။

၁၀ဘီလျံကို အသာလေးထုတ်လှူနိုင်သူမှာ ကြောက်မက်ဖွယ်ကောင်းသော နောက်ခံအသိုင်းအဝိုင်းတစ်ခု သေချာ​ပေါက် ရှိရမည်။

ခဏတာမျှ တိတ်ဆိတ်နေပြီးနောက် ခန်းမတစ်ခုလုံးတွင် မိုးခြိမ်းသံအလား လက်ခုပ်သြဘာသံများ ညံသွားလေတော့သည်။

တိုက်ရိုက်ထုတ်လွှင့်ထဲရှိ ယဲ့ချန်းကို လှောင်ပြောင်​နေခဲ့ကြသော ကီးဘုတ်ဖိုက်တာများကတော့ ဖော်လံဖားများ ဖြစ်ကုန်ကြသည်။

"အမလေး.. ဒါကမှ တကယ့်ဘော့စ်အစစ်"

"၁၀ဘီလျံကို အသာလေးလှူပစ်လိုက်တာ။ သူက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးတက္ကစီဒရိုင်ဘာတစ်ယောက်ပဲ ဖြစ်ရမယ်"

"အရမ်းလည်းချောတယ်။ အရမ်းလည်း ချမ်းသာတယ်။ ဒီလိုသဘောထား​လည်းပြည့်ဝတဲ့ တက္ကစီဒရိုင်ဘာမျိုးကို ချစ်တယ်။ ချစ်တယ်"

ချန်းထောင်ခမျာ ဘေးနားတွင်ရပ်ရင်း မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်လာသည်။

သူ အစတုန်းကတော့ ဟိတ်ဟန်ထုတ်ပြချင်ခဲ့သော်လည်း ယခုတော့ ယဲ့ချန်းကိုလိုက်မီရန် အဝေးကြီးလိုသေးကြောင်း သဘောပေါက်လိုက်သည်။

၁၀ဘီလျံဆိုသည့်ပမာဏမှာ သူ့ကုမ္ပဏီတစ်ခုလုံးပေါင်းလိုက်လျှင်ပင် ထိုပမာဏအထိ မရနိုင်ပေ။

ယဲ့ချန်းကို မည်သို့မည်ပုံဆင်းရဲကြောင်း သူ ​သရော်ခဲ့သည်ကို ပြန်တွေးမိသောအခါ ယခု စင်ပေါ်မှာရပ်နေသည့် သူ့ကိုယ်သူ အရူးအပေါတစ်ယောက်လို ခံစားလိုက်ရသည်။

လူအုပ်ကြီးကို မျက်နှာမပြရဲတော့သဖြင့် ချန်းထောင်လည်း တိတ်တိတ်လေး လစ်ထွက်လာခဲ့လိုက်သည်။

ယန်းမီမီကတော့ အံ့အားသင့်နေဆဲပင်။

ယဲ့ချန်းက ချမ်းသာကြောင်း သူ(မ)သိသော်လည်း ၁၀ဘီလျံကို အသာလေးထုတ်ပေးနိုင်မည်ဟုတော့ ထင်မထားပေ။

ဤသို့ဖြင့် ယဲ့ချန်းက ပရဟိတအခမ်းအနား၏ အတောက်ပဆုံးကြယ်ပွင့် ဖြစ်သွားခဲ့သည်။

ယဲ့ချန်း စင်အောက်ကို ဆင်းသွားသည့်အချိန်တွင် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များက သူ့ကိုနှုတ်ဆက်ရန် တန်းစီနေကြသည်။ တချို့ဆိုလျှင် လုပ်ငန်းလိပ်စာကတ်များပါ ပေးလာသေးသည်။

ချန်းထောင်ကတော့ မလှမ်းမကမ်းမှာရပ်နေရင်း မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ တကယ်တမ်းတွင် သူသာ ယခုလိုဆက်ဆံခံရသင့်သည်။

ပရဟိတအခမ်းအနား ပြီးဆုံးသွားသောအခါ ယဲ့ချန်းလည်း ယန်းမီမီကို အိမ်ပြန်ပို့ပေးလိုက်သည်။ ကားထဲတွင် ယန်းမီမီ၏မျက်နှာ​လှလှလေးက ရှက်သွေးဖြာနေချေသည်။

"ယဲ့ချန်း ဒီနေ့အတွက် ကျေးဇူးပါပဲ"

"ရပါတယ်။ ဒီအတိုင်းကူညီလိုက်တာပါ"

ယဲ့ချန်း ရယ်လိုက်လေသည်။

"ယဲ့ချန်း.. ရှင် ကျွန်မကို ဘယ်လိုမြင်လဲ"

ယန်းမီမီ ရုတ်တရက်ကြီး မေးကြည့်လိုက်သည်။

"မင်းက တော်လည်းတော်တယ်။ စရိုက်လည်းကောင်းတယ်။ ချောလည်းချောတယ်။ သီချင်းဆိုတာလည်း တော်တယ်"

ယဲ့ချန်းကား ရယ်ရယ်မောမောပင်။

"အိုး.. ကြည့်ရတာတော့ ကျွန်မက ရှင့်နှလုံးသားထဲမှာ ပြီးပြည့်စုံနေပုံပဲ"

ယန်းမီမီလည်း ပျော်ရွှင်စွာ ရယ်မောလိုက်မိသည်။

ရက်အနည်းငယ်ခင်မင်ရင်းနှီးပြီးနောက် သတိမထားလိုက်မိခင်မှာပင် ယဲ့ချန်းက သူ(မ)နှလုံးသားထဲ၌ အရေးကြီးသော နေရာတစ်ခုတွင် နေရာယူထားပြီဖြစ်၏။

ကားက ယန်းမီမီ၏အိမ်ရှေ့၌ ရပ်သွားသည်။

ယန်းမီမီလည်း ပြုံးလိုက်မိ၏။

"ကျွန်မသိတယ်။ ရှင့်အတွက် ကြယ်ငါးပွင့်ရီဗျူးပေးရမှာမလား"

ယဲ့ချန်း ရယ်လိုက်မိသည်။

"ဟုတ်တယ်။ ကျေးဇူးပဲ"

ယန်းမီမီ အော်ဒါတင်သွင်းလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြပါတယ်။ တတိယ​မြောက်ကြယ်(၃/၅)ကို ရရှိပါပြီ။ ဆုလာဘ်ကတော့ ဂီတာတီးစွမ်းရည်ဖြစ်ပါတယ်]

နောက်ဆုံးတစ်ခေါက်တုန်းက စန္ဒရားစွမ်းရည်ဖြစ်ပြီး ဤတစ်ခေါက်တွင်မူ ဂီတာတီးစွမ်းရည်ပင်။

စန္ဒရားနှင့် ဂီတာကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်လေပြီ။ ဤနှစ်ခုမှာ ကမ္ဘာပေါ်တွင် အသုံးအများဆုံးတူရိယာနှစ်ခုဖြစ်သည်။

ယဲ့ချန်းကတော့ အိမ်ပြန်လာခဲ့လိုက်ပြီး သူ့ဖုန်းကို ဖွင့်လိုက်ချိန်မှာ သူသည် သတင်းခေါင်းစီးတွင် ပါနေပြီဖြစ်ကြောင်း သိလိုက်ရ၏။

"ယန်းမီမီရဲ့ကိုယ်ပိုင်စာသားရေးစပ်သူနဲ့ တေးရေးဆရာက ဘီလျံနာကြီးတဲ့!!

"ဆန်းကြယ်တဲ့တက္ကစီဒရိုင်ဘာက ၁၀ဘီလျံလှူဒါန်း!"

"တက္ကစီဒရိုင်ဘာရဲ့နောက်ခံရာဇဝင်အစစ်ကို ထုတ်ဖော်ခြင်း!"

ယဲ့ချန်း ကူကယ်ရာမဲ့စွာဖြင့် ​ခေါင်းခါယမ်းလိုက်မိသည်။ အစကတော့ သူလည်း လူမသိသူမသိနေချင်သော်ငြား သူ့ခွန်အားက ခွင့်မပြုချေ။

နောက်တစ်နေ့တွင် ပရဟိတပွဲအတွက် ဖန်တီးပေးခဲ့သော ယဲ့ချန်း၏ "ချစ်မေတ္တာ"သီချင်းက ရွှေရောင်ဂီတဇယား၏ ထိပ်ဆုံးသို့ ရောက်သွားပြန်သည်။

ကိုယ်လက်သန့်စင်ပြီးနောက် စုဝမ်ယိ၏ဖုန်းခေါ်ဆိုမှုက ယဲ့ချန်းထံသို့ ဝင်လာခဲ့သည်။

"ယဲ့ချန်း ကျွန်မ တက္ကစီငှားချင်လို့"

"ရတာပေါ့။ အလှပဂေးစီအီးအိုတစ်ယောက်က တက္ကစီလိုအပ်နေတာပဲ။ အချိန်မရွေးဝန်ဆောင်မှုပေးဖို့ အသင့်ပါပဲ"

ယဲ့ချန်းလည်း သူ့Paganiကားကို စုဝမ်ယိ၏ကုမ္ပဏီဝင်ပေါက်သို့ မောင်းလာခဲ့လိုက်သည်။

စုဝမ်ယိ ကားထဲသို့ဝင်လာပြီးနောက် ယဲ့ချန်းက တည်နေရာကို စစ်ဆေးကြည့်လိုက်ရာ ကွမ်ရှန်းမီဒီယာဖြစ်နေ၏။

"မင်းတို့ကုမ္ပဏီက ဖျော်ဖြေရေးလောကထဲကို ​ဝင်နေပြန်ပြီလား"

ယဲ့ချန်း သိလိုစိတ်ဖြင့် မေးကြည့်လိုက်သည်။

စုဝမ်ယိကမူ ခေါင်းယမ်းပြ၏။

"ကျွန်မတို့ကုမ္ပဏီက ကြော်ငြာတစ်ခုရထားလို့။ အဲဒီအတွက် အနုပညာရှင်နဲ့ သွားဆွေးနွေးညှိနှိုင်းရမှာ"

"အိုး.. ဘယ်လိုကြော်ငြာမျိုးလဲ"

ယဲ့ချန်း မေးလိုက်သည်။

"ကျွန်မတို့ကုမ္ပဏီက ရေသန့်ဈေးကွက်ထဲကို ထိုးဖောက်ပြီး နာမည်တစ်ခု တည်ဆောက်ထားမလို့လေ။ သီချင်းရေးဖို့အတွက် လင်ချန်းချန်းဆိုတဲ့ လူငယ်စတားတစ်ယောက်ကို ခန့်ထားတယ်"

ယဲ့ချန်း ရယ်လိုက်မိသည်။

"လင်ချန်းချန်း.. သူက အကောင်ကြီးကြီးတစ်ကောင်လို့ ကြားထားတယ်"

"မတတ်နိုင်ဘူးလေ။ သူက ဖန်တောင့်တာကိုး။ ကျွန်မတို့ သူ့ကို သီချင်းတစ်ပုဒ်အတွက် သန်းနှစ်ဆယ်နဲ့ ငှားထားတယ်"

စုဝမ်ယိ သက်ပြင်းချလိုက်မိသည်။

ယဲ့ချန်းကလည်း ခေါင်းတခါခါလုပ်နေသည်။ ယနေ့ခေတ်တွင် ဖျော်ဖြေရေးလောက၌ ငွေရှာရခြင်းမှာ အလွန်လွယ်ကူလှ၏။ ကြုံရာသီချင်းတစ်ပုဒ်ကို သီဆိုလိုက်ရုံဖြင့် သန်းနှစ်ဆယ်ရသည်။

သို့သော် သာမန်လူများအတွက်တော့ တစ်သက်လောက်ကြာလျှင်ပင် ထိုမျှအထိ ရှာနိုင်ရန် ခက်ခဲလှ၏။

ယဲ့ချန်းမှာ ကွမ်ရှန်းမီဒီယာ၏ဝင်ပေါက်တွင် ကားရပ်ပေးလိုက်သည်။

"ယဲ့ချန်း စာချုပ်ချုပ်တာက နည်းနည်းတော့ကြာလောက်တယ်။ ရှင် ကျွန်မနဲ့အတူ လိုက်ခဲ့ပါ့လား"

စုဝမ်ယိက ရုတ်တရက်ကြီးအကြံပြုလာချေသည်။

"အင်း ကောင်းပြီလေ"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

နှစ်ယောက်သား ကွမ်ရှန်းမီဒီယာသို့ ရောက်လာကြပြီးနောက် သိလိုက်ရသည်မှာ လင်ချန်းချန်းသည် မနေ့က ညနက်သည်အထိ ကြော်ငြာတစ်ခုရိုက်ခဲ့ရသည့်အတွက် ယခုထိ အိပ်ရာမထသေးကြောင်းပင်။ ထို့ကြောင့် သူတို့လည်း ခဏမျှစောင့်ရန် လိုပေသည်။

စုဝမ်ယိမျက်​မှောင်ကြုတ်လိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က သူ့အား ပိုက်ဆံရှာပေးမည့် ရင်းနှီးမြှုပ်နှံသူပါတနာများဖြစ်၏။ သို့သော် သူကတော့ သဘောတူထားသည့်အချိန်မှာ အိပ်ပျော်နေဆဲပင်။

တစ်နာရီကြာပြီးနောက်မှာတော့ လင်ချန်းချန်းက အေးဂျင့်တစ်ယောက်နှင့်အတူ နောက်ကျမှ ရောက်ချလာသည်။

စုဝမ်ယိ သက်ပြင်းနက်နက်ရှိုက်၍ ပြောလိုက်သည်။

"မစ္စတာလင်.. ကျွန်မတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် အဆင်သင့်ဖြစ်နေပါပြီ။ သန်းနှစ်ဆယ်ကို တစ်ကြိမ်တည်း အပြီးပေးချေမှာပါ။ ရှင့်ဘက်က ကျွန်မတို့ကြော်ငြာအတွက် သီချင်းတစ်ပုဒ်ဖန်တီးပေးရုံပါပဲ"

လင်ချန်းချန်းက သဘောတူစာချုပ်ကို တစ်ချက်​လေးပင်မကြည့်ဘဲ ပြောလိုက်လေသည်။

"ဆောရီး ကျွန်တော် ဈေးနှုန်းကို ပိုလိုချင်တယ်။ ကျွန်တော်နဲ့လက်ရည်ချင်းတူတဲ့ စတားတစ်ယောက်က ကြော်ငြာတစ်ခုကို သန်းသုံးဆယ်နဲ့ ရိုက်ထားတာ။ ဒီတော့ ကျွန်တော်လည်း အဲဒီလောက်လိုချင်တယ်"

"ဘာ? သန်းသုံးဆယ်?"

စုဝမ်ယိ ချက်ချင်းပင် ဒေါသထွက်သွားရသည်။

"မစ္စတာလင်.. သန်းနှစ်ဆယ်ကတင် တော်တော်များနေပါပြီ။ သန်းသုံးဆယ်တောင်းတာက မများလွန်းဘူးလား"

"ကျွန်တော့်သီချင်းတွေက အဲဒီလောက်တော့တန်တယ်လေ။ ခင်ဗျားမလိုဘူးဆိုရင် တခြားလူတွေပဲ ပေးလိမ့်မယ်"

လင်ချန်းချန်းက မောက်မာစွာ ပြောပစ်လိုက်သည်။

ယဲ့ချန်းကမူ စာသားနှင့် တေးသွားကို တစ်ချက်ကြည့်၍ အေးတိအေးစက်သရော်လိုက်၏။

"ဒီအမှိုက်လိုသီချင်းနဲ့များ မင်းက သန်းနှစ်ဆယ်တောင်းရဲသေးတယ်ပေါ့။ ငါ့အမြင်မှာတော့ အဲဒီသီချင်းက တန်ဖိုးမရှိဘူး"

အစည်းအဝေးခန်းမတစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွားသည်။ လူတိုင်းက ယဲ့ချန်းကို ကြည့်လိုက်မိကြသည်။

လင်ချန်းချန်း၏အေးဂျင့်က ဒေါသတကြီး အော်ပြောလိုက်လေတော့သည်။

"မစ္စတာလင်ကို စော်ကားရဲအောင် မင်းက ဘယ်သူမို့လို့လဲ။ ငါ မင်းကို တရားစွဲမယ်"

"တရားစွဲမှာလား။ ဘာအမှုနဲ့လဲ။ အမှန်တရားကို ပြောတဲ့အမှုနဲ့လား"

ယဲ့ချန်းက စုဝမ်ယိကို ဤသို့ပြောလိုက်လေသည်။

"ဝမ်ယိ.. သွားရအောင်။ ငါ မင်းကို သီချင်းတစ်ပုဒ် အလကားရေးပေးမယ်"

ဤသို့ဖြင့် ယဲ့ချန်းလည်း စုဝမ်ယိ၏လက်ကိုဆွဲ၍ ထွက်လာခဲ့လိုက်သည်။

စုဝမ်ယိမှာ တဒင်္ဂမျှတွေဝေနေ​ခဲ့သော်လည်း ယဲ့ချန်းနှင့်အတူ အပြင်သို့ ထွက်လာခဲ့လိုက်သည်။

"ကျွန်မတို့ ဘယ်သွားကြမှာလဲ"

စုဝမ်ယိ နားမလည်နိုင်ဖြစ်သွားရသည်။

ယဲ့ချန်းက ရယ်သည်။

"ငါ မင်းကို ကြော်ငြာသီချင်းသွင်းဖို့ ကူညီမလို့လေ။ ကြော်ငြာကောင်းတစ်ပုဒ်ရဖို့ အရေးကြီးတယ်ဆိုပေမဲ့ သီချင်းရဲ့အရည်အသွေးက ပိုတောင်အရေးကြီး​သေးတယ်။ ကြည့်ရှုသူတွေရဲ့စိတ်ထဲ စွဲသွားရမှာ။ အဲဒီသီချင်းပေါက်သွားပြီဆိုတာနဲ့ လူတွေက မင်းရဲ့ကြော်ငြာကို သူ့အလိုလိုမှတ်မိသွားကြမှာ"

ထို့နောက် သူ ယန်းမီမီကို ဖုန်းဆက်လိုက်သည်။

"မီမီ.. ပြီးခဲ့တဲ့တစ်ခေါက်တုန်း အသံသွင်းစတူဒီယိုကို ငါသုံးလို့ရမလား"

ယန်းမီမီကလည်း ပြန်ဖြေလာသည်။

"ရတယ်လေ။ ကျွန်မ သူတို့ကိုဆက်သွယ်ထားလိုက်မယ်။ ရှင် ဒီအတိုင်းတန်းသွားလိုက်"

ယဲ့ချန်းနှင့် စုဝမ်ယိတို့နှစ်ယောက်သား အသံသွင်းစတူဒီယိုသို့ ရောက်လာခဲ့ကြသည်။ လာရာလမ်းဝယ် ယဲ့ချန်း၏စိတ်ထဲ သီချင်းတစ်ပုဒ် ကြိုတွေးထားပြီးသားပင်။

"ငါအချစ်ဟာ မင်း"ဟူ၍ပင်။

••••••••••••••••

All Chapters