← Chapters

လက်စားချေခြင်း

Vol. 160 Ch. 2270

လက်စားချေခြင်း

Vol. 160 Ch. 2270

မူလဘုံတွင် ရှင်းလင်းသုတ်သင်ခြင်းအစီအစဉ်တစ်ခု ဖြစ်ပေါ်လာသည်။

ကောင်းကင်အာဏာစက်ကျောင်း‌တော်အား ဗဟိုပြု၍ မဟာမိတ်အဖွဲ့များသည် ဘုံကိုးခုမှ ပင်မအင်အားစုများအား စတင်သိမ်းပိုက်ကြ၏။ ထိုထိပ်သီးအင်အားစုများအား အင်အားစုငယ်များအဖြစ်ခွဲခြားလိုက်ကာ သူတို့၏လူငယ်မျိုးဆက်များအား ထျန်ရှင်းကျောင်းတော်သို့ စေလွှတ်ထိန်းချုပ်လိုက်သည်။

ကျန့်အော့နှင့် သူ့အပေါင်းအပါတို့ကိုကား တကွဲတပြားနေရာများသို့ စေလွှတ်ကာ မဟာမိတ်များ၏စောင့်ကြည့်မှုအောက်တွင် ထားရှိသည်။ သူတို့မှာ အမြဲတမ်းအားဖြင့် မဟာမိတ်အဖွဲ့များ၏စောင့်ကြည့်မှုအောက်တွင် ရှိနေမည် ဖြစ်၏။ ဤနည်းဖြင့် နောင်တွင် သူတို့က ပြဿနာတစ်စုံတစ်ရာရှာရန် လွယ်ကူတော့မည် မဟုတ်ပေ။ မည်သို့ဆိုစေ သူတို့အား အသက်ရှင်ခွင့်ပေးခြင်းကပင် ရီဖူရှင်းက အလွန်ထောက်ထားညှာတာလွန်းရာ ရောက်နေပြီးဖြစ်သည်။

အာကာသခရီးသွားဝင်္ကပါများမှာလည်း တစ်ခုပြီးတစ်ခု စတင် တည်ဆောက်ပြီးစီးလာသည်။ ဘုံကိုးခုသည် ကောင်းကင်အာဏာစက်ကျောင်းတော်အား ဗဟိုပြုလျှက် လွယ်ကူစွာ ဆက်သွယ် သွားလာနိုင်ပြီ ဖြစ်သည်။

နှစ်သုံးရာအတွင်း ပထမဆုံးအကြိမ် မူလဘုံသည် စည်းလုံးလာခဲ့ပြီ ဖြစ်၏။

မူလဘုံမှ အပြောင်းအလဲများကို ပြင်ပဘုံအဖွဲ့စည်းများက သိမြင်ကြရသော်လည်း သူတို့က မူလဘုံမှ ထွက်သွားခြင်း မရှိကြသေးပေ။ သူတို့၏မျက်လုံးများထဲတွင် မူလဘုံမှ အဖွဲ့အစည်းများမှာ အမဲလိုက်ရမည့် သားကောင်ပစ်မှတ်များဖြစ်သည်။ သည်မတိုင်ခင်က အဖွဲ့အစည်းအများအပြားသည် ကောင်းကင်အာဏာစက်ကျောင်းတော်အား ဝန်းရံတိုက်ခိုက်ရာ၌ ပါဝင်ခဲ့ကြ၏။

ယခုကား အရာအားလုံး ကွဲပြားခြားနားသွားပြီဖြစ်သည်။ မူလဘုံမှ အင်အားစုများမှာ စုစည်းသွားပြီဖြစ်သည်။ စီဝေ့ဘုံမှ အင်အားဖြင့်ဆိုပါက မူလဘုံမှ မည်သည့်အင်အားကိုမဆို ဖြိုခွင်းရန် မလွယ်ကူတော့ပေ။ ကောင်းကင်ဒေသဖြစ်စေ၊ မှော်နက်လောကဖြစ်စေ လက်ရှိ ကောင်းကင်အာဏာစက်ကျောင်းတော်အား မဖြစ်မနေ အခြေအနေမှလွဲ၍ မည်သူမှ ရန်မစလိုကြတော့။

အခြေအနေက ပြင်ပဘုံမှ အင်အားစုများအတွက် အလေးမသာတော့။ မူလဘုံမှ အရင်းအမြစ်များကို ဝါးမျိုလိုသော သူတို့၏ဆန္ဒမှာလည်း တဖြေးဖြေး ပိုမိုဝေဝါးလာခဲ့ရသည်။

နေမင်းဘုံမှ နေမင်းနန်းတော်သည်ကား သွားရောက်အရှုံးပေးခြင်းမရှိသော တစ်ခုတည်းသော အင်အားစုဖြစ်သည်။

ယခင်က နေမင်းနန်းတော်သည် နေမင်းဘုံအား စုစည်းကာ မင်းမူခဲ့၏။ ထို့အပြင် သူတို့တွင် အထက်ဘုံမှ နေမင်းနတ်တောင်ကုန်း၏အထောက်အပံ့လည်း ရှိသည်။ သူတို့သည် နေမင်းနတ်ဘုရား၏မျိုးဆက်များဖြစ်ရာ မောက်မာဝင့်ကြွားကြ၏။ အထက်ဘုံတွင် နေမင်းနတ်တောင်ကုန်းသည် ထိပ်သီးအင်အားစုတစ်ခု ဖြစ်၏။

လက်ရှိတွင် နေမင်းနတ်နန်းတော်၏အလျှံညီးညီးတောက်လောင်နေသော ခန်းမတစ်ခုထဲ၌ လူကြီးတစ်ဦး ထိုင်နေသည်။ သူသည်ကား ယမန်နေ့က ရီဖူရှင်းနှင့်တိုက်ခိုက်ခဲ့သော နေမင်းနတ်တောင်ကုန်းမှ ပုဂ္ဂိုလ်ဖြစ်သည်။ သူသည်ကား နတ်ဘုရားကဒ်ဘေးပထမအဆင့်ကို ကျော်ဖြတ်ပြီးသူ ဖြစ်သည်။ သို့သော်လည်း သူသည် မဟာအင်ပါယာရှန်ကျားကို ထိန်းချုပ်ထားသော ရီဖူရှင်း၏ထိတ်လန့်ဖွယ်ဓားချက်တွင် အသက်ပျောက်လုမတတ် ဖြစ်ခဲ့ရ၏။

“အပြင်ဘက်က အခြေအနေတွေ ဘယ်လိုရှိလဲ...” နေမင်းနတ်တောင်ကုန်းမှလူက မေးသည်။

“ကောင်းကင်အာဏာစက်ကျောင်းတော်က မူလဘုံက အင်အားစုတွေအကုန်လုံးကို ထိန်းချုပ်လိုက်ပြီ။ ကျုပ်တို့ ထွက်သွားသင့်ပြီလား” အကြီးအကဲတစ်ယောက်က ပြောသည်။

ဘုံအသီးသီးမှ အင်အားစုများသည် ကောင်းကင်အာဏာစက်ကျောင်းတော်ထံသို့ သွားရောက်ကာ အရှုံးပေးကြသော်လည်း နေမင်းဘုံက ထိုသို့ မလုပ်ခဲ့ပေ။

တစ်ဘက်တွင် နေမင်းနန်းတော်သည် ကောင်းကင်အာဏာစက်ကျောင်းတော်အား အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။ သူတို့က သွားရောက် အရှုံးပေးတောင်းပန်ရုံမျှဖြင့် ရီဖူရှင်းက သူတို့အား ခွင့်လွှတ်မည် မဟုတ်ပေ။

နေမင်းတောင်ကုန်းမှ တန်ခိုးရှင်သည် တစ်စုံတစ်ခုကို တွေးတောနေဟန်ရသည်။ သူတို့က သည်တစ်ကြိမ် ကျရုံးတော့မည်လား။

ယခု ကောင်းကင်အာဏာစက်ကျောင်းတော်၏အင်အားမှာ အဆမတန်ကြီးထွားသွားပြီ ဖြစ်သည်။ နေမင်းတောင်ကုန်းသခင်ကိုယ်တိုင် အောက်ဘုံသို့ ဆင်းလာခြင်းမရှိလျှင် သူတို့အသာစီးရရန် မရှိချေ။ သို့သော်လည်း လက်ရှိတွင် နေမင်းတောင်ကုန်းသခင်သည် တံခါးပိတ်ကျင့်ကြံနေရာ ထိုကိစ္စက မဖြစ်နိုင်ပေ။

သူသည် အထက်ဘုံမှ အဆင့်မြင့်တန်ခိုးရှင်များကို ဦးဆောင်ကာ အောက်ဘုံသို့ ဆင်းလာခဲ့သည်။ သူက လွယ်လွယ်ဖြင့် အရှုံးမပေးလိုပေ။

ယခုတွင် မဟာအင်ပါယာရှန်ကျား၏ရုပ်ကြွင်းအား လေးမျက်နှာကျေးရွာမှ တစ်ယောက်က ပြန်ယူသွားသည်။ သူတို့က အခွင့်အရေး ရှိကောင်း ရှိနိုင်ပေသေးသည်။

ထိုအခိုက်တွင် သူက တစ်စုံတစ်ခုကို ခံစားမိဟန်တူသည်။ သူက ခေါင်းမော့ကာ အဝေးကို ကြည့်လိုက်သည်။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဆင်းသက်လာသည်ကို သူက ခံစားလိုက်ရ၏။ ၎င်းသည် ကောင်းကင်အပြင်ဘက်မှလာကာ သူတို့၏အရှိန်အဝါများမှာ ကြောက်စရာကောင်းပြီး တစ်ယောက်စီတိုင်းသည် အလွန်အမင်း သန်မာဟန်ရသည်။

မကြာခင် နေမင်းနတ်နန်းတော်မှလူများအားလုံးသည် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ကြရသည်။ ပြဿနာသည် သူတို့တံခါးဝရှေ့သို့ ရောက်လာပြီဖြစ်ကြောင်း သူတို့ သိလိုက်သည်။

မူလဘုံမှ အင်အားစုများအားလုံးကို သိမ်းပိုက်ပြီးသော ရီဖူရှင်းသည် သူတို့ကိုလည်း အလွတ်ပေးမည် မဟုတ်ပေ။ ယခု ထိုအချိန်အခါက ဆိုက်ရောက်လာချေပြီ။

ထို့အပြင် ကောင်းကင်၏တခြားနေရာများတွင်ကား ကောင်းကင်ဒေသမှ အင်အားစုအများအပြားလည်း ရှိနေသည်။ သူတို့သည်လည်း ရောက်လာကာ နေမင်းနန်းတော်တည်ရှိရာသို့ လှမ်းကြည့်နေကြသည်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်မှ လှုပ်ရှားမှုကို တွေ့ရှိသည်နှင့် ဤနေရာတွင် တိုက်ပွဲဖြစ်မည်ကို ကြိုသိကာ လာကြည့်ကြခြင်းဖြစ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် နေမင်းနတ်နန်းတော်ကို အလွတ်ပေးမည် မဟုတ်ပေ။

မကြာခင် ကောင်းကင်ထက်၌ တန်ခိုးရှင် တစ်စု ပေါ်လာသည်။ အရေအတွက်မှာ သိပ်မများသော်လည်း တစ်ယောက်စီတိုင်းသည် နတ်ဘုရားတစ်ပါးအလား ကောင်းကင်ထက်တွင်ရပ်ကာ နေမင်းနတ်နန်းတော်ကို ကြည့်နေကြသည်။ ထိုမြင်ကွင်းက ယခင်အချိန်အခါ ထိပ်သီးအင်အားစုများက ကောင်းကင်အာဏာစက်ကျောင်းတော်ကို အထင်အမြင်သေးစွာ ဝန်းရံချိုးနှိမ်ခဲ့သော အချိန်အခါကို သတိရစေသည်။

သူတို့အထဲတွင်ကား စီဝေ့အရှင် ရန်ဟောင်ချန်းသည် မှော်နှင်တံကို ကိုင်စွဲလျှက် ရပ်နေ၏။ ကြယ်အလင်းများသည် အဆက်မပြတ် အောက်သို့ ကျလာနေ၏။

ရီဖူရှင်းသည်လည်း ရန်ဟောင်ချန်းဘေးတွင် ဆေးအင်ပါယာနှင့်အတူ ရပ်နေသည်။ ထို့ကြောင့် သူတို့တစ်ယောက်စီတိုင်းသည် ကြောက်မက်ဖွယ် တည်ရှိမှု ဖြစ်သည်။

ရုတ်တရက် နေမင်းနတ်နန်းတော်သည် ကြီးမားသော ဖိအားကို ခံစားရကာ မွမ်းကြပ်လာကြသည်။ နတ်နန်းတော်မှ လူများအားလုံး၏အမူအရာက ပြောင်းလဲသွားသည်။ နေမင်းနတ်နန်းတော်မှ လူများက အဘယ်ကြောင့် ဆုတ်ခွာထွက်ပြေးခြင်း မရှိသည်ကို နားမလည်ကြပေ။

ယခုကား နောက်ကျသွားလေပြီ။

ကောင်းကင်အာဏာစက်ကျောင်းတော်ကား လက်စားချေရန် ရောက်လာပြီ ဖြစ်သည်။

ဝုန်း…

ရုတ်တရက် နေမင်းနတ်နန်းတော်သည် မီးတောက်အရှိန်အဝါများ ထုတ်လွှတ်၏။ နေမင်းနတ်နန်းတော်၏အောက်တွင် ကမ္ဘာမြေ၏ဗဟိုချက်သို့ စီးဆင်းနေသော လမ်းကြောင်းတစ်ခုရှိဟန်ရသည်။ ချက်ချင်းပင် မီးတောက်များသည် မိုင်တစ်ရာပတ်လည်သို့ ပျံ့လွင့်သွားခဲ့ကာ မြေပြင်သည်လည်း စတင်လောင်ကျွမ်းလာသည်။ နေမင်းနန်းတော်ပတ်ဝန်းကျင်တစ်ခုလုံးမှာ မီးလောင်ပြင်ကြီး ဖြစ်လာ၏။

သို့သော်လည်း နေမင်းနတ်နန်းတော်မှ အဆင့်နိမ့်တန်ခိုးရှင်များမှာ ထိုစွမ်းအားကို ခံနိုင်ရည် မရှိပါ။

“မဟုတ်ဘူး...”

လူတချို့၏မျက်နှာများတွင် မလိုလားမှု၊ ထိတ်လန့်မှု ကြောက်ရွံ့မှု စသော ပြင်းထန်သော ခံစားချက်များ ဖြစ်ပေါ်လာကာ သူတို့၏ခန္ဓာကိုယ်များမှာလည်း ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားရသည်။ နာကျင်စွာ အော်ဟစ်သံများသည် မီးတောက်များ၏လောင်ကျွမ်းမှုအောက်၌  ပျောက်ကွယ်သွားရ၏။

နန်းတော်ထဲတွင် နေမင်းနတ်နန်းတော်၏အဆင့်မြင့်တန်ခိုးရှင်များက နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်အား အထိတ်တလန့် ကြည့်ကြသည်။ ကြည့်ရသည်မှာ သည်လူက နေမင်းနတ်နန်းတော်မှ လူများ၏သေခြင်းရှင်ခြင်းကို ဂရုထားဟန်မတူပေ။

All Chapters