← Chapters

မင်းက ဘာလို့ သေဖို့ကြိုးစားနေတာလဲ

Vol. 81-85 Ch. 1266

မင်းက ဘာလို့ သေဖို့ကြိုးစားနေတာလဲ

Vol. 81-85 Ch. 1266

လီဝေ့ ယန်ရန်အား မသိစိတ်၏ စေ့ဆော်မှုအရ လှမ်းကြည့်လိုက်သော်လည်း ယန်ရန်က မျက်လုံးချင်း အဆုံမခံဘဲ ရှောင်တိမ်းနေသည်ကို တွေ့လိုက်ရသည်။ သူမကို သူ မကြည့်ရဲသလို သူ့မျက်လုံးတွင်း၌ အရှက်ရစိတ်များ ပေါ်လွင်နေသည်။

ချက်ချင်းဆိုသလိုပင် လီဝေ့ အရာအားလုံးကို နားလည်သွားခဲ့သည်။ သူမကို သူ လိမ်ညာခဲ့သည်။ ထိုသို့ လိမ်ညာရသည့် ရည်ရွယ်ချက်မှာလည်း သူမခန္ဓာကိုယ်ကို လိုချင်၍သာ ဖြစ်ပေမည်။ ယခင်ကတည်းက သူမ ယန်ရန်နှင့် မျက်နှာချင်းဆိုင်လိုက်တိုင်း သူ့ထံမှ ထည်ဝါမြင့်မြတ်သော အရိပ်အယောင်များ မခံစားရဘဲ အနည်းနှင့် အများဆိုသလို ရွံရှာစိတ်များ ဖြစ်ပေါ်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။

ထိုသို့ဖြစ်ရခြင်း အကြောင်းရင်းမှာ သူမရှေ့မှ လူက ယဲ့ဖန် မဟုတ်သောကြောင့်ပင်။ သူ့၌ ယဲ့ဖန်၌ ရှိသင့်သော ပြိုင်ဘက်ကင်းသည့် အရှိန်အဝါနှင့် လွှမ်းမိုးနိုင်သော မောက်မာဟန်တို့ မရှိချေ။

*စောက်လူလိမ်ကောင်*

သူ ဝမ်မင်တဲကို ရှင်းနိုင်သည်ဟု ပြောခဲ့သော်လည်း ဝမ်မင်တဲထံ၌ ယန်ရန် ရှုံးနိမ့်သွားလေသည်။ ယခု သူမတို့ကို မည်သူ ကယ်နိုင်ပါဦးမည်နည်း။

ချုံးဝူ လက်ဝှေ့ခန်းမ ဇာတ်သိမ်းတော့မည် ဖြစ်သလို သူမဘဝလည်း ပျက်စီးတော့မည်ဖြစ်ကြောင်း လီဝေ့ ရိပ်မိ လိုက်သည်။

“စီနီယာ အသက်ချမ်းသာပေးပါ၊ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ၊ ကျွန်တော်က ငယ်ဂုဏ်မောက်ပြီး မျက်ကန်း တစ္ဆေ ဖြစ်ခဲ့တာပါ၊ ကျွန်တော့်လို အသိပညာ မကြွယ်ဝသေးတဲ့လူကို ခွင့်လွှတ်ပေးပါ၊ စီနီယာ ကျွန်တော့်ကို လွှတ်ပေးတာနဲ့ ကျွန်တော် ပိုင်သမျှ ရတနာအားလုံးကို စီနီယာ့ကို ပေးပါမယ်”

ယနန်ရန်က ချက်ချင်း ဒူးထောက်၍ ဝမ်မင်တဲအား ဝပ်တွားဦးချ တောင်းပန်နေ၏။ ရယ်ချင်စရာ ကောင်းလှ ပေသည်။

“လူလိမ်၊ မင်းက သေသင့်တဲ့ လူလိမ်ကောင်၊ မင်း ငါတို့ကို ဒုက္ခရောက်အောင် လုပ်တယ်”

“မင်း ဘယ်သူလဲ၊ ငါတို့ မင်းကို ချုံးဝူ လက်ဝှေ့ခန်းမမှာ တစ်ခါမှ ရန်မရှာဖူးဘူး၊ ဘာလို့ ငါတို့ကို မင်း ဒီလိုဖြစ်အောင် လုပ်ရတာလဲ”

လက်ဝှေ့သမားများအားလုံး အလွန် ဝမ်းနည်းကာ ဒေါသထွက်နေကြသည်။ ဤလူသည် လူ့အမှိုက်ပင်။ သူတို့ကို လိမ်ညာခဲ့ရုံသာမက ယခု ဝမ်မင်တဲဘက်သို့ လှည့်ကာ မျက်နှာချိုသွေးနေ၏။

“မင်းတို့ တုံးအတာကိုပဲ အပြစ်တင်လိုက်၊ အခြားသူ ဘာပြောပြော ယုံနေတာလေ၊ မင်းတို့ကို ငါ ကူညီရတဲ့ အကြောင်းရင်းက ငါ မင်းတို့ မမလေးကို သဘောကျပြီး သူနဲ့ အိပ်ချင်လို့ပဲ၊ မဟုတ်လို့ကတော့ ငါ မင်းတို့ကို ဂရုစိုက်မယ် ထင်နေလား၊ မင်းတို့က အရူးလား”

ယန်ရန် လှောင်ရယ်လေသည်။ မည်သို့ပင်ဆိုစေကာမူ မတော်တဆမှု ဖြစ်ပေါ်လာသဖြင့် သူ ဘာမှမဖုံး ကွယ်တော့ပေ။

“ဟားဟားဟား … ဟေ့ကောင်၊ မင်းက ငါ့ထက် ပိုအရှက်မဲ့တာပဲ၊ ပြီးတော့ မင်း အရှက်မဲ့တာကို ငါ သဘော ကျတယ်”

ဝမ်မင်တဲ ရယ်မောလိုက်သည်။ ဤကျွေးသောလက်ကို ပြန်ကိုက်သည့် ခွေးပုံစံက သူ့အတွက် စိတ်ဝင်စားစရာ ကောင်းလှသည်။

“ကျေးဇူးတင်ပါတယ် စီနီယာ၊ ကျေးဇူးတင်ပါတယ် စီနီယာ”

ယန်ရန် ခေါင်းညိတ်၍ ကိုယ်ကိုကိုင်းကာ မျက်နှာချိုသွေးလေသည်။ လီဝေ့ မချိပြုံး ပြုံးလိုက်သည်။

*ဒါ ငါ အရင်က လေးစားခဲ့တဲ့ ယောကျ်ားလား*

*ရယ်စရာကောင်းလိုက်တာ*

*ငါ သူ့ကို ယဲ့ဘုရင်လို့ ထင်ခဲ့မိတာပါလား*

ချက်ချင်းဆိုသလိုပင် ဝမ်မင်တဲက လီဝေ့ဘက်ကို လှည့်ကြည့်လာ၏။

“ဟာသဇာတ်ကတော့ ပြီးသွားပြီ၊ အခု မင်းအလှည့်ပဲ”

လီဝေ့၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး မျက်နှာ ချက်ချင်း ပြာနှမ်းလာလေသည်။ ထိုစဉ် သွေးတိတ်သွားသော လီတုန်က တရွတ်တိုက်ဝင်လာပြီး ကြိမ်းမောင်းလာသည်။

“မင်းကများ ငါ့ကို ရိုက်ရဲတယ်လား၊ မင်း သေပြီလို့ ငါ ပြောလိုက်မယ်၊ ငါ့ယောက်ဖက ယဲ့ဖန်ကွ၊ တစ်မြို့လုံးကို တစ်ယောက်တည်း တိုက်ခိုက်လာတဲ့ ယဲ့ဖန်၊ သူက မင်းကို နုတ်နုတ်စင်းပစ်မှာ”

“ဖြောင်း”

ထိုအခါ ဝမ်မင်တဲက သူ့မျက်နှာကို ဖြတ်ရိုက်လာသဖြင့် သူ့မျက်နှာတစ်ခုလုံး ရောင်ကိုင်းကာ ပါးစပ်မှ သွေးများ စီးကျလာပြီး သွားများ ကျွတ်ထွတ်သွားသည်။

“ဝမ်မင်တဲ အဘိုးကြီး၊ ခင်ဗျား ကျုပ်ကို ရိုက်ရဲတယ်လား၊ ကျုပ်ယောက်ဖကို ခင်ဗျားကို သတ်ပေးဖို့ ပြောခိုင်းမယ်”

“ဪ မင်းယောက်ဖဆိုတာ သူလား”

ဝမ်မင်တဲက မလှမ်းမကမ်းမှ ယန်ရန်ကို လက်ညှိုးထိုးပြလေသည်။ ကြမ်းပြင်ပေါ် ဝပ်တွား၍ ဦးတိုက် တောင်းပန် နေသော ယန်ရန်ကို မြင်ပြီး လီတုန် ချက်ချင်း မှင်တက်သွားသည်။

“ယောက်ဖ ခင်ဗျား ဘယ်လိုလုပ်”

သူ့မျက်နှာတွင် မယုံနိုင်ဟန်များဖြင့် ပြည့်နှက်သွားသည်။

*ငါ့ယောက်ဖက ဒီလောက် အင်အားကြီးတာ၊ သူ ဘယ်လိုလုပ် ဝမ်မင်တဲကို ရှုံးနိုင်မှာလဲ*

“အရူး မင်းယောက်ဖက လုံးဝ ယဲ့ဖန် မဟုတ်ဘူး၊ သူက ယဲ့ဖန်အဖြစ် ဟန်ဆောင်နေတဲ့ လူလိမ်သက်သက်ပဲ၊ လုံးဝ အမှိုက်ကောင်”

ဝမ်မင်တဲ ရယ်နေသည်။ လီတုန် ချက်ချင်း မှင်တက်သွားပြီး ဝမ်မင်တဲ၏ စကားကို နားလည်သွားသည်။ ထို့နောက်တွင်မူ အားလုံး ထိတ်လန့်သွားရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ အစပိုင်း၌ လီတုန်သည် အံ့ဩနေ ပြီးနောက် ချက်ချင်း ပြုံးလိုက်သည်။

“ဦးလေးဝမ် ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော့်အဖေ မသေခင်တုန်းက ဦးလေးကို သောက်စားဖို့ ဖိတ်ခဲ့ဖူးတယ်လေ၊ မှတ်မိတယ်မလား”

ဤသည်ကိုကြည့်ပြီး လီဝေ့ မျက်လုံးမှိတ်ကာ ခေါင်းခါလိုက်မိသည်။ လက်ဝှေ့သမားများအားလုံး အထင်သေး သွားကြသည်။

*အရိုးထဲအထိ အရှက်ကိုမရှိတာပဲ၊ ဒီကောင်က ခေါင်းဆောင်မွေးတဲ့သားမှ ဟုတ်ရဲ့လား*

“အဲ့ဒါက မင်းအစ်မ လူစိတ် ရှိ၊မရှိပေါ် မူတည်တယ်”

ဝမ်မင်တဲက ပြုံး၍ လီဝေ့က စဉ်းလဲစွာ ပြောလိုက်သည်။

“အစ်မ ကျွန်တော့်ကို ကယ်ပါဦး”

လီတုန်က အသက်ကယ်နိုင်မည့် နောက်ဆုံးသော ကောက်ရိုးမျှင်ကို ဆွဲယူနိုင်မည်ဟု ထင်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“မမေ့နဲ့နော်၊ ကျွန်တော်က လီမိသားစုရဲ့ နောက်ဆုံးမျိုးဆက်နော်၊ ကျွန်တော် သေသွားမယ်ဆိုရင် လီမိသားစု ပျောက်ကွယ်သွားမှာ၊ အစ်မ တမလွန်က အဖေ့ကို အေးအေးဆေးဆေး မျက်စိမှိတ်သွားစေချင်တယ်မလား”

“အစ်မ ဦးလေးဝမ်နဲ့ မဟုတ်ဘူး ယောက်ဖနဲ့ တစ်ညလောက် နေလေ၊ ဘယ်သူက အစ်မနဲ့ မနေချင်မှာလဲ၊ ဒါ ဘာမှလည်း မဟုတ်ဘူး၊ အစ်မလည်း ပိုက်ဆံ ပြတ်နေတာမှ မဟုတ်တာ၊ ဘာဖြစ်လဲ”

“လီတုန် နင် တကယ် ဒီလိုစကားမျိုး ပြောရဲတယ်နော်၊ နင် လူမှဟုတ်သေးရဲ့လား”

လီဝေ့မျက်လုံးတွင် မျက်ရည်များ ဝေ့လာပြီး သူမမောင်ကို မယုံသင်္ကာ ကြည့်နေမိသည်။ သူမ ရင်ထဲ အေးစက်နေသည်။

*ဒါ ငါ့မောင်တဲ့လား*

*ငါ့မောင် အသက်ရှင်နေဖို့အတွက် ငါ တတ်နိုင်သမျှ ဘာမဆို လုပ်ခဲ့တာပဲ*

*သူ အသက်ရှင်ဖို့အတွက် ငါ့ကို နည်းလမ်းပေါင်းစုံနဲ့ အနိုင်ကျင့် စော်ကားခံခိုင်းတယ်၊ သေတာထက် ပိုဆိုးတဲ့ ဘဝမျိုးမှာမှ နေခိုင်းတာပဲ*

ဝမ်မင်တဲ၏ အသားက သူမကို ထိလာမည်ကို တွေးကြည့်ရုံနှင့်တင် စက်ဆုပ်ဖွယ်ကောင်းလှပြီး သူ၏ မသတီစရာ ကောင်းလှသော ခန္ဓာကိုယ်က သူမ၏ကိုယ်နှင့် ယှက်နွယ်လာမည်ကို စဉ်းစားရုံနှင်တင် သူမကို သေသည်ထက် ဆိုးသည့် ဝေဒနာကို ခံစားရစေသည်။

“ခင်ဗျားက ခင်ဗျားမောင်ကို စွန့်ပစ်တော့မလို့လား၊ ခင်ဗျား လူမှဟုတ်သေးရဲ့လား၊ ကျုပ်မှာ ခင်ဗျားလို တာဝန်မဲ့တဲ့ အစ်မမျိုး ဘယ်လိုလုပ် ရှိနေတာလဲ၊ ကျုပ်အဖေက သူ မသေခင် ကျုပ်ကို ကောင်းကောင်း ဂရုစိုက်ဖို့ ခင်ဗျားကို ပြောခဲ့တာလေ၊ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ”

လီတုန်က မကျေနပ်သော လေသံဖြင့် မေးခွန်းထုတ်လာ၏။ လီဝေ့ မျက်လုံးကို မှိတ်မြဲမှိတ်ထားပြီး သူမ မောင်အား အရေးမပါသော စကားများကို ပြန်ပြောရန် ပျင်းရိနေမိသည်။

“လီဝေ့ မင်းအဝတ်အစားတွေချွတ်ပြီး ငါ့ဆီ ခွေးလို တွားသွားပြီးလာခဲ့၊ ပြီးရင် ငါ့ဘောင်းဘီကိုချွတ်ပြီး ငါ့ညီငယ်ကို ပါးစပ်နဲ့ ပြုစုပေး”

ဝမ်မင်တဲ၏ မျက်လုံးများက မီးတောက်လာပြီး လီဝေ့အပေါ် သူ၏ တပ်မက်မှုက ရပ်တန့်မရနိုင်သော အတိုင်း အတာ တစ်ခုအထိ ရောက်နေလေပြီ။

*ကြော့မော့ပြီး ဆွဲဆောင်မှုရှိတယ်၊ ပြီးတော့ အခုထိ အပျိုစင်ပဲ၊ ဘယ်လောက်အထိ ရှားပါးလိုက်လဲ*

ယခု သူ လိုချင်သော အရာကို ချုံးဝူ လက်ဝှေ့ခန်းမမှ တပည့်များရှေ့၌ ရအောင် ယူနိုင်ပေတော့မည်။ လီဝေ့ကို သူ ကြမ်းကြမ်းတမ်းတမ်း လုပ်နိုင်ပေမည်။ သူ့ကို အမြဲအထင်သေးခဲ့သော လှပသော မိန်းမပျက်က ယခု သူ့လက်ထဲ ကျရောက်ပေတော့မည်။ ထိုသို့တွေးမိတိုင်း ဝမ်မင်တဲ၏ စဉ်းလဲသော အပြုံးက ပိုပီပြင်လာပြီး မသတီစရာ ကောင်းလာ၏။

“ငါ သဘောတူမယ်လို့ နင် ထင်နေလား”

လီဝေ့က ဝမ်မင်တဲအား ခနိုးခနဲ့ ကြည့်လိုက်သည်။ သူမ သေမည်ဆိုလျင်တောင်မှ ဘယ်သောအခါ ဝမ်မင်တဲ၏ ဆန္ဒ ပြည့်ဝသွားခွင့် မပြုနိုင်ပါ။

ဝမ်မင်တဲ၏ ဓားမြောင်က လှစ်ခနဲ ဖြတ်သန်းသွားပြီး တပည့်တစ်ယောက်၏ လည်မျိုကို ဖြတ်တောက်သွားသည်။ လတ်ဆတ်သော သွေးများ ပန်းထွက်လာ၏။ ထိုတပည့်သည် ရီဝေကာ အသက်မဲ့နေသော မျက်လုံးများဖြင့် ကြမ်းပြင်ပေါ် ပြုတ်ကျသွားလေသည်။

ဝမ်မင်တဲက လှောင်ရယ်ကာ ပြောလိုက်သည်။

“အခုကစပြီး မင်း သဘောမတူမချင်း ဆယ်စက္ကန့်ပြည့်တိုင်း ငါ တစ်ယောက် သတ်မယ်”

လူတိုင်း၏ မျက်နှာများ ပြာနှမ်းသွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာကြသည်။ ဝမ်မင်တဲ နောက်နေခြင်း မဟုတ်မှန်း သူတို့ သိကြသည်။ လီဝေ့ အညံ့ခံလာအောင် ဖိအားပေးရန်အတွက် သူတို့ကို ငါးစာအဖြစ် အသုံးပြုခြင်းပင်။ ရှက်စရာကောင်းလွန်းသည့် လုပ်ရပ်ပင်။

အစပိုင်း၌ သူသည် ခွန်အားကို အသုံးချကာ လီဝေ့ အညံ့ခံလာအောင် လုပ်ချင်ခဲ့သည်။ လူအများအားလုံး၏ ရှေ့၌ သူမကို အဝတ်ချွတ်၍ သူ့ကို ပြုစုစေချင်နေသည်။ ဤသည်မှာ လီဝေ့၏ အရှက်သိက္ခာကို နင်းချေခြင်း ဖြစ်ပေသည်။

“မမလေး ကျုပ်တို့ကို ကယ်ပါဦး၊ ကျုပ်တို့ မသေချင်သေးဘူး”

“မမလေး ကျုပ်က အိုနေပါပြီဗျာ၊ ကူညီပါဦး”

တပည့်များက ငိုယို၍ လီဝေ့အား ဒူးထောက် တောင်းပန်လေသည်။ သူတို့ထဲက မည်သူမှ မသေချင်ကြသေးပေ။ လီဝေ့ ပျာယာခတ်သွားပြီး သေခြင်းထက် ဆိုးသောဘဝဟူသည်ကို နားလည်သွားလေသည်။

သူမ သဘောမတူလျင် အပြစ်မရှိသော တပည့်များက ဝမ်မင်တဲ၏ လက်ထဲ၌ ဆိုးဆိုးရွားရွား သေရပေလိမ့်မည်။ သူမသည် ကြင်နာတတ်သူ ဖြစ်သောကြောင့် သူမကြောင်နှင့် အခြားသူများ သေသည်ကို ကြည့်မနေနိုင်ပါ။

“ယဲ့ဖန် သူ့ကိုယ်ပါ၊ ကျေးဇူးပြုပြီး သူ့ကိုကယ်ပေးပါ”

ပိုင်ရွှယ် ချက်ချင်း ယဲ့ဖန်ကို တောင်းပန်မိသည်။ လီဝေ့၏ အဖြစ်ဆိုးကို သူမ မကြည့်ချင်ပါ။ ထိုသူသည် သူမ၏ အစ်မ ဖြစ်ပြီး သူမဘဝ၌ ဒုတိယ အရေးပါသော လူဖြစ်သည်။ သို့သော် ယဲ့ဖန်က သူမကို အေးတိအေးစက်သာ ကြည့်လာသည်။

“သူ့ကို ကယ်ရမယ် ဟုတ်လား၊ သူက ထိုက်တန်လို့လား”

ယခင်က သူ့အပေါ် လီဝေ့ ရိုင်းပျခဲ့ပုံကို တွေးမိရုံနှင့်တင် လီဝေ့ကို မသတ်လိုက်သည်က သူ ညှာတာပေးထားခြင်း ဖြစ်နေလေပြီ။ လီဝေ့ကို ကယ်ပေးခြင်းက သူ့အတွက် လုံးဝ မဖြစ်နိုင်ချေ။

သူ ယခင်က ဝင်ပါရန် တွေးမိခဲ့သော်လည်း လီဝေ့က အကောင်း၊ အဆိုးကို မသိခဲ့သလို၊ လူလိမ်ကိုပင် ပိုယုံနေပြီး ထိုလူလိမ်နှင့်အတူ သူ့ကို စော်ကား ပြောဆိုခဲ့သည်။

ထိုတပည့်များနှင့် လက်ဝှေ့သမားများသည်လည်း သူ့အပေါ် ရင့်သီးသော စကားများ ပြောဆိုခဲ့ပြီး ရသလောက် ပုတ်ခတ်ကာ လှောင်ပြောင်ခဲ့သည့်အပြင် ဒူးပင် ထောက်စေခဲ့သည်။

ယဲ့ဖန် ထိုအကြောင်းကို ဂရုမစိုက်သော်လည်း ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးသည်အထိတော့ သူ စိတ်စေတနာကောင်း မထားနိုင်ပါ။

“သူက ငါ့အစ်မလေ”

ပိုင်ရွှယ် ဒေါသထွက်သွားပြီး မျက်ရည်ကျလာ၏။

“အဲ့တော့ ဘာဖြစ်လဲ၊ သူက မင်းအစ်မဆိုပင်မယ့် ငါ့မျက်လုံးထဲမှာ သူက ပုရွက်ဆိတ်သာသာပဲ၊ ဒီလောကထဲက အခြား ပုရွက်ဆိတ်တွေနဲ့ ဘာမှ ထူးခြားမသွားဘူး”

ယဲ့ဖန်က မထူးခြားနား လေသံဖြင့် အထက်စီးဆန်ဆန် ပြောလိုက်သည်။

“သူက အခြားပုရွက်ဆိတ်တွေနဲ့ မတူတဲ့ပုံ ပြောပါဆိုရင် သူက ပုရွက်ဆိတ် ဖြစ်နေပင်မယ့် ပိုလှရုံလေးပဲ ရှိတာ”

“နင်”

ပိုင်ရွှယ်သည် သူ ပြောလိုက်သည့် စကားကြောင့် စိတ်ဆိုးကာ မျက်နှာ နီမြန်းသွားပြီး ဘာမှမပြောနိုင်တော့ချေ။

“မပြောနဲ့တော့ ပိုင်ရွှယ်”

လီဝေ့က သူမခေါင်းလေးကိုပုတ်၍ ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“လူကြီးတွေကိစ္စကို ကလေးတွေ ဝင်မပါနဲ့”

ထို့နောက် သူမက ယဲ့ဖန်ကို ပြန်ကြည့်လေသည်။

“နင် ငါ့ကိုမုန်းနေမှန်း ငါ သိတယ်၊ ဒါပေမဲ့ ငါ အခု နင့်ကို တောင်းပန်ပါတယ်၊ နင် ပိုင်ရွှယ်ကို ဒီနေရာနဲ့ ဝေးရာကို ခေါ်သွားမယ်လို့ ငါ မျှော်လင့်ပါတယ်၊ ဒီကိစ္စက သူနဲ့ ဘာမှမဆိုင်ဘူး၊ ငါ သူ့ကို ဆွဲထည့်သလို မဖြစ်စေချင်ဘူး”

ယဲ့ဖန်က လက်ပိုက်လိုက်ပြီး သူမကို ကြည့်ပင်မကြည့်ချေ။

“မင်း မပြောလည်း ငါ ဘာလုပ်ရမလဲ သိတယ်”

“ကျေးဇူးတင်ပါတယ် …”

လီဝေ့ အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

“အစ်မ ညီမ မသွားဘူး၊ ညီမ သေရင်တောင် မသွားဘူး”

ပိုင်ရွှယ်က လီဝေ့၏ပေါင်ကိုဖက်၍ မျက်ရည်ဖြင့် ငိုလေသည်။

“ပိုင်ရွှယ် နင့်ကိုယ်နင် အရူးလုပ်မနေနဲ့”

လီဝေ့က ချက်ချင်း ဆူပူ၍ အလေးအနက် ပြောလိုက်သည်။

“နင့်အစ်မလို အခြားသူတစ်ယောက်ရဲ့ ကစားစရာ ဖြစ်လာချင်လို့လား၊ သေတာထက် ပိုဆိုးတဲ့ ဘဝမှာ နေချင်နေ တာလား”

ယခု လီဝေ့ ကိုယ့်ကံကြမ္မာကို လက်ခံသွားလေသည်။ သူမ ဝမ်မင်တဲ၏ လက်မှ မလွတ်နိုင်မှန်း သိနေသော်လည်း ပိုင်ရွှယ်ကိုပါ သူမလို အဖြစ်မခံနိုင်ပါ။

“ဖြတ်ပြောရတာ စိတ်မကောင်းပါဘူး၊ ဒီကောင်မလေးလည်း ထွက်သွားလို့မရဘူး”

ရုတ်တရက် ဝမ်မင်တဲက မသတီစရာအပြုံးဖြင့် ပြောလာသည်။

“ဘာလို့လဲဆိုတော့ ဒီလူအိုကြီးက ဒီည နှစ်ယောက်တစ်ယောက် ပျော်ပါးမှာမို့လို့လေ၊ ကြီးကြီးလေးနဲ့ သေးသေး လေးပေါ့ကွာ၊ ဟားဟားဟား”

အရွယ်ရောက်ပြီးသူနှင့် အရွယ်မရောက်သေးသူ၊ တစ်ယောက်က နောက်တစ်ယောက်ထက် ပိုလှနေ၏။ သူ နှစ်ယောက်လုံးကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။

*အဲ့လိုအဖြစ်ခံလိုက်ရင် ယောက်ျားသားလို့ ဘယ်ပြောလို့ရတော့မလဲ*

သူ့စကားကိုကြားသော် လီဝေ့ ချက်ချင်း ဒေါသထွက်သွားပြီး ပြာနှမ်းနေသော မျက်နှာဖြင့် မာန်မဲလေသည်။

“ဝမ်မင်တဲ သူက ကလေးပဲ ရှိသေးတာလေ၊ ဒီကိစ္စက သူနဲ့ ဘာမှမဆိုင်ဘူး”

“ကလေး ဟုတ်လား၊ မင်း သူ့ခန္ဓာကိုယ်က ဖွံ့ဖြိုးပြီးနေတာကို မမြင်ဘူးလား၊ နောက်နှစ်နှစ်လောက်နေရင် သူက မင်းထက်တောင် ပိုလှလာဦးမှာ၊ ငါ ဒီလိုအလှလေးကို ဘယ်အလွတ်ပေးလို့ ဖြစ်မလဲ”

ဝမ်မင်တဲက ပြုံးလိုက်သည်။

“တူမလေး လီဝေ့က တော်တော် ဂရုစိုက်တတ်တာပဲ၊ ဒီဦးလေး ပျော်ရွှင်ဖို့အတွက် အလှလေးတစ်ယောက်တောင် သီးသန့် ပြင်ထားပေးတယ်၊ တစ်ခုဝယ်ရင် တစ်ခု အလကားရတာဆို‌တော့ မိုက်တယ်ကွာ”

ချက်ချင်းဆိုသလိုပင် သူက ပိုင်ရွှယ်အနားသို့ ကပ်လာ၏။

“မကြောက်နဲ့ ဦးလေးဆီလာခဲ့၊ ဦးလေး မင်းကို နာအောင် မလုပ်ပါဘူး”

“ဟူး …”

ထိုစဉ် မတတ်သာ၍ သက်ပြင်းချလိုက်သံ ထွက်ပေါ်လာလေသည်။

“ငါ ပြဿနာမရှုပ်ချင်ခဲ့တာကို မင်းက ဘာလို့ သေချင်နေရတာလဲ”

All Chapters