← Chapters

မမျှော်လင့်ထားသောအကျိုးအမြတ်

Vol. 11 Ch. 151

မမျှော်လင့်ထားသောအကျိုးအမြတ်

Vol. 11 Ch. 151

ကြီးကြပ်ရေးမှူးတစ်ယောက်၏နေ့စဉ်အလုပ်တွေက အမျိုးမျိုးသောရတနာတွေကို တန်ဖိုးဖြတ်ပေးရတာပဲဖြစ်သည်၊၊

သူမ မမြင်ဖူးသည့်ရတနာတွေက တစ်သောင်းမရှိလျှင်တောင် ရှစ်ထောင်ကိုးထောင်လောက်တော့ရှိ၏။

အလယ်အလတ်အဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးမျိုးကိုတော့ အလုံအရေအတွက် တစ်ရာထက်မနည်း ကိုင်တွယ်ဖူး၏။

တစ်ချက်ကြည့်ရုံဖြင့် သူမက အရည်အသွေးကို ခန့်မှန်းနိုင်တာပဲဖြစ်သည်၊၊

လက်ရှိအလယ်အလတ်အဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးက မွေးကြိုင်ပြီးတောက်ပသည့်အရောင်ရှိကာ မျက်နှာပြင်ကလည်း ချောမွတ်လှ၏။

တစ်ချက်ကြည့်ရုံဖြင့် ထိပ်တန်းအဆင့်အရည်အသွေးဆိုတာ သိသာလှ၏။

ဂျန်ဖန်း ပခုံးတွန့်ပြလိုက်သည်၊၊

"ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့စိတ်မဝင်စားဘူး၊၊ မင်းစိတ်ဝင်စားရင် ဝယ်လိုက်ပေါ့…."

ထိုအခိုက်အတန့်၌…

မျက်လုံးတစ်ဖက်တည်းရှိသည့် သိုင်းပညာရှင်တစ်ယောက် ဆေးလုံးကိုသတိထားမိသွားပြီး ပြောလိုက်သည်၊၊

"သခင်မလေး, မင်း ဒီအခြေခံတည်ဆောက်ခြင်းဆေးပုလင်းကို ယူမှာလား မယူဘူးလား…"

ဝမ်ရှန်နန် ပုလင်းကို ချထားလိုက်သည့်အခါ တစ်ဖက်လူက ချက်ချင်းပဲယူဆောင်သွားခဲ့သည်၊၊

ထို့နောက်သူက ချက်ချင်းပဲ သလင်းကျောက်တစ်ရာပေးချေလိုက်၏။

"ဟ..ဟ… ရပြီကွ၊ ဒီလိုမြင့်မားတဲ့အရည်အသွေးနဲ့ဆို ငါဒါကို သလင်းကျောက်နှစ်ရာနဲ့ပြန်ရောင်းလို့ရပြီ၊၊ ငါချမ်းသာပြီကွ…"

သူက ကျောက်စိမ်းပုလင်းကို စစ်ဆေးကြည့်နေပြီး အလွန်ကျေနပ်နေခဲ့သည်၊၊

ဝမ်ရှန်နန် လှောင်ပြောင်သည့်အမူအရာဖြင့် ပြောလိုက်သည်၊၊

"ဒေါ်လေး, နင်မြင်လား…"

"ငါသူ့ကိုကူညီပေမယ့် သူက အခွင့်ရေးကို အမိအရမဆုပ်ကိုင်နိုင်ဘူးလေ…"

ဝမ်ဟုန်ယောင် ဂျန်ဖန်းအပြုအမူကို အပြစ်မမြင်ပေ။

"သူက ဝိညာဉ်သခင်မှမဟုတ်တာ၊ ဘယ်လိုလုပ်ပြီး ဆေးလုံးအကြောင်းနားလည်မှာလည်း…."

"ပြီး‌တော့ သူ့အစားနင်ဝယ်ထားလိုက်လို့ရတာပဲ၊၊ အခုတော့ အခြားလူဆီပါသွားပြီ…"

ဝမ်ရှန်နန် မဆီမဆိုင် နောက်တစ်ကြိမ်အဆူခံရသည့်အတွက် သူမမျက်နှာမှာ ခံပြင်းသည့်အမူအရာတွေရှိနေခဲ့သည်။

သူမက မထီမဲ့မြင် ပြန်ပြောလိုက်သည်၊၊

"သူက အရမ်းတွေသိတတ်နေတာလေ၊ ကျွန်မကဘာလုပ်နိုင်မှာမိုလို့လဲ…."

ထိုအခိုက်အတန့်၌…

မျက်လုံးတစ်ဖက်တည်းရှိသည့် သိုင်းပညာရှင်က ရယ်ပြီးကြေညာလိုက်၏၊၊

"လူတိုင်းပဲ, ငါဒီဆေးလုံးကို ဒီမှာပဲချက်ချင်းရောင်းမယ်, လိုချင်တဲ့သူရှိလား…"

များစွာသော်သိုင်းပညာရှင်တွေ မနာလိုစွာဖြင့် ကြည့်လိုက်သည်၊၊

အထူးရောင်းချသည့်နေ့တိုင်း ဤကဲ့သို့ကံထူးသည့် လူအနည်းငယ်အမြဲရှိတတ်၏။

ထိုအခြေခံတည်ဆောက်ခြင်းဆေးလုံးက ဤနေ့ပွဲ၌အမြတ်အများဆုံးရသည့်ပစ္စည်းတွေထဲက တစ်ခုဖြစ်၏။

"သလင်းကျောက် ၁၅၀ …"

အလယ်အလတ်အဆင့် အခြေခံတည်ဆောက်ခြင်း‌ဆေးလုံးအလိုရှိနေသည့် သိုင်းပညာရှင်တစ်ယောက် စိတ်ဝင်စားသွား၏၊၊

"တစ်ရာ့ ငါးဆယ်… ကောင်းပြီလေ, တစ်ရာ့ငါးဆယ်ဆိုလည်း တစ်ရာ့ငါးဆယ်ပေါ့…"

မျက်လုံးတစ်လုံးသာရှိသည့်သိုင်းပညာရှင် တွက်ချက်လိုက်သည်။

ထိုအရာက အထူးဈေးဖြင့်ရောင်းချသည့်ပစ္စည်းဖြစ်၍ အပြစ်အနာဆာပါမှာတော့ သေချာ၏၊၊ ထို့ကြောင့် သလင်းကျောက် ၂၀၀ ဖြင့်ရောင်းထွက်ဖို့ကတော့ ခက်ခဲ့တာဖြစ်သည်၊၊

သလင်းကျောက်တစ်ရာ့ငါးဆယ်က အနည်းငယ်နည်းပုံပေါ်၏။

သို့ပေမယ့် စကားပုံအတိုင်း, လက်ထဲရှိတစ်မူးက ရောက်မလာသေးသည့် တစ်ကျပ်ထက် ပိုတန်ဖိုးရှိ၏၊၊

သူက သလင်းကျောက်ငါးဆယ်မြတ်နေပြီဖြစ်ရာ ဆက်လက်ခေါင်းမာနေမည်ဆိုလျှင် အလုခံရပြီး ဆုံးရှုံးသွားနိုင်၏။ ထိုကဲ့သို့တန်ဖိုးမျိုးကို သူမပေးနိုင်ပေ၊၊

ထို့ကြောင့် သူက သဘောတူလိုက်၏၊၊

"အရင်ဆုံး, ဆေးလုံးကိုစစ်ဆေးကြည့်လို့ရမလား…."

တစ်ဖက်လူက တောင်းဆိုလိုက်၏၊၊

မျက်လုံးတစ်လုံးတည်းရှိသည့်သိုင်းပညာရှင် ရယ်လိုက်သည်၊၊

"မစိုးရိမ်ပါနဲ့, ငါ,လျိုဟီးမှာ မျက်လုံးတစ်လုံးတည်းရှိပေမယ့် နှစ်လုံးရှိတာထက်ပိုးစူးရှပါတယ်…"

သူက နေရာမှာပဲ ကျောက်စိမ်းပုလင်းကိုဖွင့်ကာ အလယ်အလတ်အဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို လက်ဝါးပေါ်တင်လိုက်သည်၊၊

သူ အနီးကပ်မကြည့်ခင်မှာပဲ….

ဆေးလုံးက လက်ဝါးပေါ်ရောက်သည်နှင့် မမျှော်လင့်စွာပဲ နှစ်ခြမ်းကွဲထွက်သွားခဲ့သည်၊၊

ရှိနေသည့်သိုင်းပညာရှင်အားလုံး ကြောင်အသွားကြသည်၊၊

"‌ဆေးလုံး ကွဲသွားတယ်… ဒါ… ဒါကျရှုံးထားတဲ့ဟာပဲ…"

"ဒါကပုံသဏ္ဍာန်ဖြစ်တည်တဲ့အဆင့်မှာ အပူပေးတာအရမ်းများလို့ဆေးလုံးက အရမ်းခြောက်သွေ့ပြီး ကြွပ်ဆပ်သွားတာ…"

"ဒီလိုပစ္စည်းမျိုးက အာနိသင်အများစုဆုံးရှုံးထားတာဆိုတော့ သလင်းကျောက် ဆယ်ခုတောင်မတန်ဘူး…."

"သူက ဒါကိုဝယ်ဖို့ သလင်းကျောက်တစ်ရာသုံးတယ်တဲ့၊၊ အသင်္ချေရတနာအဆောက်အဦးကတော့ နောက်ကွယ်မှာရယ်နေတော့မှာပဲ…"

မျက်လုံးတစ်ဖက်သာရှိသည့်သိုင်းပညာရှင် နေရာမှပဲ ကြက်သေသေသွားခဲ့သည်။

သူ့ရင်ဘတ်ကဒေါသကြောင့် နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး ခန္ဓာကိုယ်က တယိမ်တယိုင်ဖြစ်နေကာ မူးလဲတော့မည့်အတိုင်းပင်။

ဝမ်ရှန်နန်မျက်နှာလည်းတောင့်တင်းသွား၏။

သူမက အမှန်တကယ်ပဲ ခန့်မှန်းတာမှားသွားခဲ့သည်၊၊

ဂျန်ဖန်းပြောသည့်အတိုင်းပင်, ဤဆေးလုံးက အရည်အသွေးညံ့ဖျင်းလှပြီး သုံးပုံတစ်ပုံဈေးဖြင့်ရလျှင်တောင် အတော်ရှုံးနေသေး၏။

"ငါတို့အားလုံးတစ်ခါတစ်ရံတော့ အမှားလုပ်တတ်ကြတာပဲလေ၊၊ ဒါကအရာအားလုံးကိုမဆိုလိုနိုင်ပါဘူး…"

ဝမ်ရှန်နန် နီရဲနေသည့်မျက်နှာဖြင့် သူမကိုသူမ ကာကွယ်ပြောလိုက်၏၊၊

ဂျန်ဖန်း ပြုံးရုံသာပြုံးလိုက်သည်။

ထိုအချိန်၌…

လင်ဗန်းထဲက ပစ္စည်းတစ်ဝက်ကျော်လောက်ရောင်းထွက်သွားပြီဖြစ်သည်။

အလိုချင်သည့်ပစ္စည်းအချို့သာ ကျန်တော့၏။

ရုတ်တရက်…

ဂျန်ဖန်း လင်ဗန်းထဲရှိ ခြောက်သွေ့နေသည့် ဂျင်ဆင်းအပိုင်းအစတစ်ခုကို သတိထားမိလိုက်သည်။

၎င်း၏အမြစ်အများစုက ကျိုးပဲပျက်ဆီးနေ၏၊၊

စိတ်ဝိညာဉ်ဂျင်ဆင်းတွေကို များသောအားဖြင့် အသုံးပြုတာထက် လက်ဆောင်အဖြစ်ပေးကြ၏။

ထို့ကြောင့် ၎င်း၏ပြီးပြည့်စုံမှုက အရေးကြီး၏။

မဟုတ်လျှင် လက်ဆောင်ပေးလို့ရတော့မည်မဟုတ်ပေ၊၊

ထိုအချက်ကြောင့်ပဲ ထိုစိတ်ဝိညာဉ်ဂျင်ဆင်းကို ဘယ်သူမှစိတ်မဝင်စားတာဖြစ်သည်၊၊

"ဒီဂျင်ဆင်း ဘယ်လောက်လဲ…"

ဂျန်ဖန်း ခြောက်သွေ့နေသည့်စိတ်ဝိညာဉ်ဂျင်ဆင်းကိုကောက်ယူကာ မေးလိုက်သည်။

ဈေးနှုန်းသတ်မှတ်ပေးသည့် လူထွားကြီးက ဂျန်ဖန်းကိုကြည့်လိုက်သည်။ အသက်အရွယ်ငယ်ရွယ်ပုံပေါ်ပြီး တိမ်စိမ်းဂိုဏ်းဝတ်စုံကိုဝတ်ဆင်ထားခဲ့သည်။

သူ့အကြည့် တစ်ချက်တောက်ပသွားပြီး ပြောလိုက်သည်။

"သလင်းကျောက် တစ်ရာ…"

အထူးဈေးရောင်းပွဲကို မကြာခဏလာကြသည့်လူအားလုံး ချက်ချင်းပဲ မျက်နှာမဲမှောင်သွားကြ၏၊၊

"ဒီအသင်္ချေရတနာအဆောက်အဦးကလူတွေက တော်တော်စိတ်ဓာတ်မကောင်းတဲ့ကောင်တွေပဲ…."

"ဒီစိတ်ဝိညာဉ်ဂျင်ဆင်းအစုတ်က အထူးဈေးရောင်းပွဲဆယ်ခုလောက်မှာပါလာခဲ့ပြီးပြီ။ သလင်းကျောက် ၁၀ ခုနဲ့တောင် ဘယ်သူမှမဝယ်ဘူး…."

"သူတို့က ဒီလူငယ်သခင်လေးကို လှည့်စားရလွယ်တယ်လို့ထင်နေပုံရတယ်၊၊ ပြီးတော့ တိမ်စိမ်းဂိုဏ်းကဆိုတော့ ချမ်းသာမယ်ထင်ပြီး အကြီးအကျယ်လှည့်စားချင်နေကြတာပဲ…"

ကြင်နာတတ်သည့်နှလုံသားရှိသည့် သိုင်းပညာရှင်လူအိုကြီးတစ်ယောက်က သတိပေးလိုက်သည်။

"သခင်လေး, သလင်းကျောက်တစ်ရာနဲ့ဆိုရင် ဒီအရွယ်အစားရှိတဲ့ စိတ်ဝိညာဉ်ဂျင်ဆင်းအကောင်းတစ်ခုဝယ်လို့ရတယ်…."

"ဒီနေရာက အပြစ်အနာရှာရှိတဲ့ပစ္စည်းကိုဝယ်ဖို့က မတန်ပါဘူး…"

"မင်းအဲ့ဒီအစား…."

သူက ရှေ့ဆက်ပြောချင်၏၊၊

သို့ပေမယ့် လူထွားကြီးက ဒေါသတကြီးကြည့်လိုက်သည့်အတွက် ကြောက်လန့်ပြီး တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် သူ့လက်ကိုပွတ်သပ်လိုက်ပြီး အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

"သခင်လေး, မင်းက တကယ်အမြင်စူးရှတာပဲ။ ဒီစိတ်ဝိညာဉ်ဂျင်ဆင်းက အသွင်အပြင် ကြည့်မကောင်းပေမယ့် အတော်လေးသက်တမ်းရင့်တယ်…"

"သလင်းကျော်တစ်ရာနဲ့ဆိုရင်, သခင်လေး အတော်မြတ်မှာ…."

ဂျန်ဖန်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါတကယ်ကိုပစ္စည်းကောင်းပဲ…"

"ကောင်းပြီလေ, သလင်းကျောက်တစ်ရာ, ငါဒါယူမယ်…."

ဟေး…

ဝမ်ရှန်းနန် အလျှင်အမြန်ပဲ သူ့ကိုတားလိုက်သည်။ သူမက သူ့ကို အရူးတစ်ယောက်ကဲ့သို့ကြည့်ပြီးပြောလိုက်သည်။

"နင်ရူးနေလား…"

"ဒီပစ္စည်းက မတန်လို့ တစ်ဖက်လူက စေတနာနဲ့သတိပေးတာ…"

"နင်က ဘာလို့ ဆက်ဝယ်နေတာလဲ…."

ဂျန်ဖန်း လက်ဝှေ့ယမ်းပြလိုက်သည်။

"ဝင်မနှောင့်ယှက်နဲ့…."

ပြောပြီးနောက် သူက သလင်းကျော်တစ်ရာပေးချေပြီး လုပ်ငန်းကို အပြီးသတ်လိုက်၏။

ဝမ်ရှန်နန် ဒေါသထွက်သွားပြီး ပြောလိုက်သည်။

"ဒေါ်လေး, ဒီကောင့်ကိုလည်းကြည့်အုန်း…."

"နင်ပြောတဲ့အရည်အချင်းရှိတယ်ဆိုတာ ဒါလား…"

"သူက အရူးဆိုတာ အသိသာကြီးပဲ…."

ဂျန်ဖန်း စိတ်ဝိညာဉ်ဂျင်ဆင်းကို အင်္ကျီလက်ထဲထည့်လိုက်ပြီး ဒေါသထွက်လာခဲ့သည်။

ကြွယ်ဝမှုကိုမကြွားဝါသင့်ပေဆိုသည့်အတိုင်း သူက ဘယ်သူမှမရှိတော့ချိန်မှ စိတ်ဝိညာဉ်ဂျင်ဆင်းအကြောင်းကိုရှင်းပြဖို့ စီစဉ်ထားခဲ့သည်၊၊

သို့ပေမယ့် ဝမ်ရှန်နန်လှောင်ပြောင်နေသည်ဖြစ်၍ မည်သူက သည်းခံနိုင်မည်နည်း။

"မင်းကကော, လေလံပွဲကြီးကြပ်သူတစ်ယောက်ဖြစ်ပြီး ဒီစိတ်ဝိညာဉ်ဂျင်ဆင်းရဲ့ ထူးခြားမှုကို မမြင်ဘူးလား…"

ဂျန်ဖန်း စိတ်ဝိညာဉ်ဂျင်ဆင်းကိုထုတ်ယူပြီး သူမကို စိန်ခေါ်လိုက်၏။

ဟေး…

ငါ့ကိုမေးခွန်းထုတ်နေတာလား…

ဝမ်ရှန်နန် အစောပိုင်းတစ်ခါကတည်းက အရှက်ရထားပြီးပြီဖြစ်သည်၊၊

နောက်တစ်ကြိမ်သာအရှက်ထပ်ကွဲလျှင် သူမအလုပ်ကိုမျက်နှာချင်းဆိုင်ရဲတော့မည်မဟုတ်ပေ။

"ဒါဆိုလည်း ဒီစိတ်ဝိညာဉ်ဂျင်ဆင်းရဲ့ ထူခြားမှုတွေကိုရှင်းပြပါအုန်း, အရည်အချင်းရှိသူကြီးရေ…."

ဝမ်ရှန်နန် မခံချင်စွာဖြင့် စိန်ခေါ်လိုက်သည်။

ဝမ်ဟုန်ယောင် မျက်မှောင်ကြုတ်လိုက်သည်။

"ရှန်နန်, မရိုင်းနဲ့…."

"ဒါက ဂျန်ဖန်းရဲ့ရွေးချယ်မှုပဲ။ သူလိုချင်တာကိုသူဝယ်တာ နင်က ဘာလို့လိုက်ဂရုစိုက်နေတာလဲ…"

သူမ ပြောရမည်ဖြစ်သည်။

အစောပိုင်း အခြေခံတည်ဆောက်ခြင်းဆေးလုံးတုန်းက သူမဝင်မပြောခဲ့ပေ၊၊

အဘယ်ကြောင့်ဆိုသော် သူမက ဝိညာဉ်သခင်တစ်ယောက်မဟုတ်သောကြောင့်ပင်။

သို့ပေမယ့် စိတ်ဝိညာဉ်ဂျင်ဆင်းက ဆေးပင်ဖြစ်၏။

ဆေးတောင်ထိပ်သခင်တစ်ယောက်အနေဖြင့် မည်သူက သူမထက် စိတ်ဝိညာဉ်ဂျင်ဆင်းအကြောင်းပိုသိမည်နည်း။

ဤအရာက အရည်အသွေးညံ့ဖျင်းသည့် စိတ်ဝိညာဉ်ဂျင်ဆင်းဖြစ်ပြီး ဘာမှတန်ဖိုးမရှိတာသိသာလှ၏။

ဝမ်ရှန်နန်၏ ထုတ်ဖော်ပြောမှုက ဂျန်ဖန်းကို အရှက်ရသွားစေနိုင်တာပဲဖြစ်သည်။

"ဒေါ်လေး, လူငယ်တွေကိုပြုပြင်မွမ်းမံပေးသင့်တယ်။ ဂျန်ဖန်းက တကယ်ပဲ သင်ခန်းစာကောင်းကောင်းပေးဖို့လိုနေပြီ…"

စိတ်ဝိညာဉ်ဂျင်ဆင်းရောင်းထွက်သွားသည့် အသင်္ချေရတနာအဆောက်အဦးမှ လူထွားကြီးက သလင်းကျောက်တွေကို ပျော်ရွင်စွာဖြင့် ရေတွက်နေခဲ့သည်။

ထိုအရာကိုကြားသည့်အခါ သူလည်း ပြုံးလိုက်မိသည်။

နှစ်ဝက်ကြာပြီးသည့်နောက်၌ မည်သူမှမလိုချင်သည့်ပစ္စည်းတစ်ခုကို ဤကဲ့သို့မြင့်မားသည့်ဈေးဖြင့်ရောင်းချနိုင်သည့်အတွက် သူက အနည်းဆုံး ကော်မဆင်ခ သလင်းကျောက်သုံးဆယ်ရမှာပဲဖြစ်သည်၊၊

ထိုအရာက ကြီးမားသည့်အကျိုးအမြတ်ပင်။

ဂျန်ဖန်း စကားတွေဖြင့် အချိန်မဖြုန်းနေပေ၊၊

သူက စိတ်ဝိညာဉ်ဂျင်ဆင်းကို စားပွဲပေါ်တင်လိုက်၏၊၊ ထို့နောက် နောက်ကျောမှ အနက်ရောင်ဓားကိုယူကာ ဂျင်ဆင်းမျက်နှာပြင်ကို ပွတ်တိုက်ပေးလိုက်သည်။

ခြောက်သွေ့နေသည့်အပေါ်ယံလွာကိုဖယ်ရှားပြီးသည့်အခါ အဝါရောင်အလွာတစ်ခုပေါ်လာခဲ့သည်၊၊

ဝမ်ရှန်နန် လည်ပင်းဆန့်လိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်၊၊

"နင်ဆိုလိုတာ ဒီအလွာက ထူးခြားတယ်ပေါ့…"

ထိုအခိုက်အတန့်၌…

ဂျန်ဖန်းက စိတ်ဝိညာဉ်ဂျင်ဆင်းကို လွင့်ပစ်လိုက်သည်။

ဂေါ်ဖီထုပ်တစ်ခုကဲ့သို့ပင်….

ဝမ်ရှန်နန်ကြောင်အသွား၏၊၊

သူမက ဂျန်ဖန်းကို အရူးတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေပြီး တီးတိုးပြောလိုက်သည်။

"ဒေါ်လေး, ဂျန်ဖန်းခေါင်းနဲ့ပတ်သက်ပြီး တစ်ခုခုများမှားနေတာလား…"

"သူက စိတ်ဝိညာဉ်ဂျင်ဆင်းကို လွင့်ပစ်လိုက်တယ်၊၊ အဲ့တော့သူက ဘာပြချင်နေတာလဲ…."

ဝမ်ဟုန်ယောင်လည်း စိတ်ရှုပ်ထွေးနေ၏။

ဂျန်ဖန်း ဘာလုပ်ချင်နေလဲဆိုတာ သူမလည်း နာမလည်ပေ၊၊

ဂျန်ဖန်းအကြည့်က စားပွဲပေါ်ရှိ ဂျင်ဆင်းအပေါ်ယံသားတွေ၌သာ ရှိနေခဲ့သည်။

ထို့နောက်သူ့မျက်လုံးထဲမှာ အပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်သည်။

"ကြည့်ရတာ, ငါ‌တော့ပွပြီပဲ…."

All Chapters