အကြီးအကျယ်နောင်တရခြင်း
Vol. 11 Ch. 155
စုရှန်ချွမ်း အသက်ရူသံတွေ မြန်လာခဲ့သည်။
နောက်ထပ်လေပြင်းပုလဲတစ်ခု…
ထိုအရာက အမှန်တကယ်ပဲ နောက်ထပ်လေပြင်းပုလဲတစ်ခုဖြစ်၏။
ဤလူငယ်လေး၌ တကယ်ပဲ သလင်းဖြူသားရဲပစ္စည်းတွေရှိနေခဲ့သည်။
ဝမ်ရှန်နန် ပထမဆုံး ထိုပစ္စည်းကိုအမှတ်မိပဲ တစ်ခဏကြောင်အသွား၏။
"ဒါက ဘာကြီးလဲ, ဂျူနီယာမောင်လေးဂျန်…."
တစ်ဖက်မှာတော့ ချန်းလျိုယွဲ့၏လှပသည့်မျက်လုံးတွေ ဝိုင်းစက်နေပြီဖြစ်သည်။
သူမ၏အနီရောင်နှုတ်ခမ်းလေးကိုကာလိုက်ပြီး မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
"ဒါက နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ရှိတဲ့ သလင်းဖြူသားရဲရဲ့ ဒဏ္ဍာရီလာမျက်လုံးလား…."
"သဘာဝအဆင့်မြင့် မှော်ရတနာပစ္စည်း, လေပြင်းပုလဲ…."
အာ?....
ဝမ်ရှန်နန် ပင့်သက်ရှိုက်လိုက်သည်။
"လေပြင်းပုလဲ? တစ်ခုကို သလင်းကျောက်တစ်သောင်းတန်တဲ့ ဒဏ္ဍာရီလာပစ္စည်းလား…."
နောက်ဆုံးမှာတော့ ဂျန်ဖန်းပြောသည့် သူမကို ကူညီပေးနိုင်သည်ဆိုတာကို နားလည်သွားခဲ့သည်။
ဤလေပြင်းပုလဲက လေလံပွဲ၏ နောက်ဆုံးပစ္စည်းဖြစ်ဖို့လုံလောက်နေပြီဖြစ်သည်။
ထို့ပြင်, ဤကဲ့သို့ဖောက်သည်တစ်ယောက်ရှာနိုင်သည့်သူမလည်း သံသယမရှိအောင် အကျိုးပြုမှုကြီးကြီးမားမားရမည်ဖြစ်သည်။
ဂျန်ဖန်း ခေါင်းညိတ်ပြီးပြောလိုက်သည်။
"ဒုဥက္ကဠချန်း, မင်းစိတ်ဝင်စားလား…."
ချန်းလျိုယွဲ့ အသိပြန်ဝင်လာခဲ့သည်။
နောက်ဆုံးမှာတော့ စုရှန်ချွမ်း ဝမ်ရှန်နန်ကို ရေးကြီးသုတ်ပြာ ပြန်ခေါ်ချင်နေသည့် အကြောင်းအရင်းကို သူမနားလည်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်နန်က ကြွယ်ဝသည့်အကျိုးတော်ဆောင်တစ်ယောက်ကို ခေါ်လာခဲ့တာပဲဖြစ်သည်။
သူမက အလျှင်အမြန်ခေါင်းညိတ်လိုက်ပြီး မျက်နှာက သိသာလှသည့် ပျော်ရွင်မှုတွေနှင့် တောက်ပနေခဲ့သည်။
"ဒါပေါ့, သေချာပေါက်စိတ်ဝင်စားတာပေါ့…."
"ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်, သခင်လေးဂျန်…. ငါသေချာပေါက် ဒီပစ္စည်းကို ဈေးကောင်းရအောင် ရောင်းပေးမှာပါ…."
ချက်ချင်းပဲ….
သူမလည်း စုရှန်ချန်းကဲ့သို့ပင် ဤလေပြင်းပုလဲက အလွန်လတ်ဆတ်နေတာကို သိလိုက်၏။
ထိုအရာအရ တစ်ဖက်လူ၌ အခြားရနာတွေရှိသေးတာကို ညွှန်ပြနေတာပဲဖြစ်သည်။
သလင်းဖြူသားရဲက ရတနာတိုက်ကြီးတစ်ခုပင်။ အရာရာတိုင်းက အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီး၏။
သူမက မျှော်လင့်တကြီး မေးလိုက်သည်။
"သခင်လေးဂျန်, သခင်လေးမှာ နောက်ထပ်လေလံတင်ချင်တဲ့ပစ္စည်းတွေများ ရှိသေးလား…."
ဂျန်ဖန်း တွေဝေမနေပဲ ပြောလိုက်သည်။
"အခုတော့ မရှိသေးဘူး…."
သူ လေပြင်းပုလဲရောင်းတာဟာ စမ်းချောင်းဝါရေစင်ဝယ်ဖို့ ပိုက်ဆံလိုလို့ပဲဖြစ်သည်။
ကျန်ရှိသည့် အသားအနှစ်သာရ၊ သားရဲလိင်တံ၊ အစာအိမ် စတာတွေကို နောက်ပိုင်းမှာသုံးဖို့ ချန်ထားရမည်ဖြစ်သည်။
အရာရာတိုင်းကို သလင်းကျောက်အဖြစ်ပြောင်းလဲဖို့ မလိုအပ်ပေ။
အခုအတွက်လား?...
ချန်းလျိုယွဲ့သဘာဝအတိုင်း နောက်ကွယ်ကအဓိပ္ပာယ်ကို နားလည်၏။ သူမက ပျော်ရွင်စွာပြောလိုက်သည်။
"ကောင်းပါပြီ, ဒါဆိုလည်း အခုတော့ ငါတို့ လေပြင်းပုလဲကိုပဲ လေလံတင်ကြတာပေါ့…."
အနာဂတ်အတွက်တော့….
သူမက ဝမ်ရှန်နန်ကို တောက်ပစွာပြုံးပြီး ကြည့်လိုက်သည်။
"ရှန်နန်, နင့်ကို ကြယ်သုံးပွင့်ကြီးကြပ်ရေးမှူးအဖြစ်ရာထူးတိုးပေးဖို့ ငါ ဥက္ကဠကို ပြောပေးမယ်…."
ဝမ်ရှန်နန်သွားသည့်နေရာတိုင်း သူလိုက်မည်ဟု ဂျန်ဖန်းရှင်းလင်းစွာ ပြောထားသည့်အတွက် သူမက ဝမ်ရှန်နန်ကို အနီးကပ် သေချာလေးထိန်းသိမ်းထားရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဂျန်ဖန်း သူမတို့ကို ထောက်ပံ့ဖို့ နောက်တစ်ကြိမ်ပြန်မလာမှာကို စိုးရိမ်စရာမလိုတော့ပေ။
ဝမ်ရှန်နန် အလွန်ပျော်ရွင်သွားခဲ့သည်။
"ကြယ်သုံးပွင့်ကြီးကြပ်ရေးမှူး… ငါကိုလေ…."
နှစ်ပေါင်းများစွာ လုံ့လဝီရိယရှိကြိုးစားအလုပ်လုပ်ခဲ့တာတောင် သူမက သနားစရာကောင်းစွာဖြင့် ကြယ်တစ်လုံးကြီးကြပ်ရေးမှူသာဖြစ်နေသေး၏။
ကြယ်နှစ်လုံးကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးဖို့တောင် အလှမ်းဝေးနေသေးတာဖြစ်သည်။
ယခု သူမ ဂျန်ဖန်းကို ခေါ်လာခဲ့သည့်အတွက် သူမအလုပ်က မိုပေါ်ကို ပျံတက်သွားပြီဖြစ်သည်။
သူမက အလျှင်အမြန်ပဲ အရိုအသေပေးလိုက်၏။
"ရာထူးတိုးပေးလို့ ကျေးဇူးတင်ပါတယ်, ဒုဥက္ကဠချန်း…."
ထို့နောက် ဂျန်ဖန်းကို အလေးအနက်အရိုအသေပေးလိုက်ပြီး သူမနှလုံးသားအောက်ခြေမှ ကျေးဇူးတင်နေခဲ့သည်။
"နင့်ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်, သခင်လေးဂျန်…."
ဂျန်ဖန်း လက်ဝှေ့ယမ်းပြလိုက်သည်။
"ယဉ်ကျေးနေဖို့ မလိုပါဘူး…."
"မင်းအဒေါ်နဲ့ငါနဲ့က လူရင်းကြီးတွေပါ…."
ဤအချိန်၌ ဝမ်ရှန်နန် သူမအဒေါ်ကို အလွန်ကျေးဇူးတင်နေခဲ့သည်။
သူမက သူမဘဝကိုအကြီးအကျယ်ပြောင်းလဲပေးသည့် ကျေးဇူးရှင်ကို ခေါ်လာပေးခဲ့သည်။
ရုတ်တရက် ဝမ်ရှန်နန် ဂျန်ဖန်းရည်ရွယ်ချက်ကို မှတ်မိသွားပြီး အလျှင်အမြန်ပြောလိုက်သည်။
"ဒုဥက္ကဠချန်း, သခင်လေးဂျန်ဒီကိုလာတာ စမ်းချောင်းဝါရေစင်လေလံဆွဲဖို့ပါ…."
ချန်းလျိုယွဲ့နားလည်သွားပြီး ဖုံးကွယ်မထားတော့ပေ။
"စမ်းချောင်းဝါရေစင်က လေလံပွဲမှာ တကယ်ပဲရှိတယ်…."
"ဒါ့ပြင်, ငါ့ကို ကောင်းကင်ဘုံစက်ယန္တရားခန်းမအကြီးအကဲတစ်ယောက်က လေလံတင်ဖို့ အပ်ထားတာ…."
ထိုအရာသိပြီးနောက် ဂျန်ဖန်း စိတ်အေးသွားခဲ့သည်။
သူကပြောလိုက်သည်။
"လေလံပွဲတရားဝင်ကျင်းပတဲ့နေ့ကျမှပဲ ငါပြန်လာခဲ့လိုက်မယ်…."
ချန်းယွဲ့လျို၏လှပသည့်မျက်လုံးတွေ တောက်ပသွားပြီး ဂျန်ဖန်းကို မျက်နှာသာပေးဖို့ဆုံးဖြတ်လိုက်၏။
"သခင်လေးဂျန်, နင်က စမ်းချောင်းဝါရေစင် ဘယ်လောက်လိုအပ်တာလဲ…."
"အကြီးအကဲ ငါ့ဆီလာအပ်တုန်းက စမ်းချောင်းဝါရေစင် ပုလင်းသေးတစ်ခု လက်ဆောင်အဖြစ်ပေးသွားတယ်…."
"သခင်လေးဂျန် အများကြီးလိုတာမဟုတ်ရင် အဲ့ဒါ သခင်လေးကိုပေးလို့ရတယ်…"
စမ်းချောင်းဝါရေစင်က အမှန်တကယ်ပဲ တန်ဖိုးကြီး၏။
သို့ပေမယ့် အသုံးပြုလို့ရသည့်နေရာနည်းပြီး သူမအတွက် သိပ်အသုံးမဝင်ပေ။
ထို့ပြင် ဤအရာက ပုလင်းငယ်လေးတစ်ခုဖြစ်ပြီး အများဆုံးမှ သလင်းကျောက် ခုနှစ်ထောင်၊ ရှစ်ထောင်ဖြင့်သာ ရောင်းချနိုင်၏။
ထို့ကြောင့် ဂျန်ဖန်းကို မျက်နှာသာပေးသည့်အနေဖြင့် ပေးလိုက်တာက ပိုကောင်းတာဖြစ်သည်။
ဂျန်ဖန်း မျက်လုံးတွေတောက်ပသွားပြီး ပြောလိုက်သည်။
"ဆယ်စက်လောက်ဆို လုံလောက်ပါပြီ…."
ချန်းလျိုယွဲ့သူမအင်္ကျီလက်ထဲက ပုလင်းငယ်လေးတစ်ခုကို ရှာပြီး ဂျန်ဖန်းကို ပစ်ပေးလိုက်သည်။
"ဒါ သခင်လေးအပိုင်ပဲ…."
ဂျန်ဖန်း ဖမ်းယူလိုက်၏။
ထိုအရာက အလွန်လေးလံ၏။ သူက အရည်ထက် ရွှေပုလင်းငယ်လေးတစ်ခုကို ကိုင်ထားသလိုဖြစ်နေခဲ့သည်။
ဖွင့်ကြည့်လိုက်သည့်အခါ အထဲ၌ စေးကပ်သည့်အစက်တွေကို မြင်လိုက်ရသည်။
ထိုအရာက တကယ်ပဲ စမ်းချောင်းဝါရေစင်ဖြစ်သည်။
ဂျန်ဖန်း ပျော်ရွင်သွားခဲ့သည်။
သူက လေလံပွဲတရားဝင်စတာကို စောင့်စရာမလိုတော့ပဲ လမ်းစဉ်ချိုးဖြတ်ခြင်းအမှုန့်ကို သန့်စင်နိုင်ပြီပဲဖြစ်သည်။
သို့ပေမယ့် ချန်းလျိုယွဲ့အပေါ် အကြွေးမတင်ချင်၍ တစ်ခဏ စဉ်းစားပြီးပြောလိုက်သည်။
"ဒုဥက္ကဠချန်း, မင်းမှာလျို့ဝှက်ခန်းတစ်ခန်းလောက်များရှိလား။ ရှိရင် ငါ့ကို ခနလောက်ငှားပေးနိုင်မလား…."
ချန်းလျိုယွဲ့ ဂျန်ဖန်းဘာလုပ်ချင်လဲဆိုတာ မသိပေ။
သို့ပေမယ့် ဤကဲ့သို့တောင်းဆိုမှုသေးသေးလေးကို သူမက သဘာဝအတိုင်း သဘောတူလိုက်၏။
ဤသို့ဖြင့်….
ဂျန်ဖန်း သလင်းဖြူသားရဲအမြုတေ၊ စမ်းချောင်းဝါရေစင်တို့နှင့်အတူ လျို့ဝှက်အခန်းထဲကို ဝင်ရောက်သွားခဲ့သည်။
ချန်းလျိုယွဲ့ စိတ်အခြေအနေ ကောင်းနေခဲ့သည်။
သူမက လျို့ဝှက်ခန်းအပြင်ဘက်၌ ဝမ်ရှန်နန်နှင့် စိတ်ဝိညာဉ်လက်ဖက်ရည်သောက်ရင်း ပျော်ရွင်စွာ စကားစမြည်ပြောနေခဲ့သည်။
ထိုအရာကြောင့် အာလန်နှင့် ရှောင်ချွမ်းတို့ ကြီးစွာ မနာလိုဖြစ်သွားခဲ့သည်။
ဒုဥက္ကဠချန်း လက်ထောက်တစ်ယောက်နှင့် ပျော်ရွင်စွာ စကားပြောတာ မမြင်ရတာ အတော်ကိုကြာခဲ့ပြီဖြစ်သည်။
အကြောင်းပြချက်ကတော့ ဝမ်ရှန်နန်က အံ့အားသင့်စရာဖောက်သည်တစ်ယောက် ခေါ်လာပေးတာကြောင့်ပင်။
"ရှန်နန်, နင် သခင်လေးဂျန်နဲ့ ဘယ်လိုဆုံခဲ့တာလဲ…."
ချန်းလျိုယွဲ့ သိချင်စွာဖြင့် မေးလိုက်သည်။
ဝမ်ရှန်းနန် မည်သည့်အရာမှ ဖုန်းကွယ်မထားရဲပေ။
ထို့ကြောင့် သူမတို့ ဘယ်လိုတွေ့ခဲ့တယ်ဆိုတာ ရှင်းပြခဲ့သည်။
ထိုအရာကိုနားထောင်ပြီးနောက်, ချန်းလျိုယွဲ့ သိချင်စွာဖြင့် လျာကိုစုပ်သပ်လိုက်သည်။
"ငါကြားတာတော့ နင့်အဒေါ်က ပေါင်းသင်းရခက်ပြီး ဂျူနီယာတွေကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတယ်ဆို…."
"ဒါပေမယ့် သခင်လေးဂျန်ကိုတော့ ဒီလိုနွေးနွေးထွေးထွေးဆက်ဆံတယ်ပေါ့…."
ဝမ်ရှန်နန် အကြီးအကျယ်သဘောတူလိုက်သည်။
"ဟုတ်တယ်…."
"အဒေါ်ပြောတာတော့ သူက အရည်အချင်းရှိတဲ့။ ငါက အဲ့ဒါကို အစမှာတော့ မယုံခဲ့ဘူး…."
"နောက်ပိုင်းမှာတော့, ငါလုံးဝကို အကြွင်းမဲ့ယုံသွားခဲ့တယ်။ ဆေးသန့်စင်တဲ့အခါမှာ သူ့ပါရမီက ပြိုင်ဘက်ကင်းပဲ။ ငါ့အဒေါ်ကိုတောင် ကျော်တက်သွားတာ…."
ချန်းလျိုယွဲ့ အတော်လေးသဘောကျသွားခဲ့သည်။
သို့ပေမယ့် ထို့နောက် သူမ အံ့အားသင့်သည့်အမူအရာ ပြသလာခဲ့သည်။
"ဒါပေမယ့်သူက အခု ဘာလုပ်နေတာလဲ…."
"စမ်းချောင်းဝါရေစင်က ဝိညာဉ်သခင်တွေ ဆေးဖော်ဖို့ပဲလိုအပ်တာ…."
"များသောအားဖြင့်, ဂိုဏ်းအသီးသီးက ဝိညာဉ်သခင်တွေပဲ အဲ့ဒါကို လေလံဆွဲဖို့ တပည့်တွေကိုစေလွတ်ကြတာ…."
ဝမ်ရှန်နန် ပဟေဠိဖြစ်သွား၏။
"ဒါကတော့, ငါလည်းမသိဘူး…."
"ဖြစ်နိုင်တာ, ဆေးသန့်စင်တာအပြင် သူက ဝိညာဉ်သခင်တစ်ယောက်လည်းဖြစ်နေသေးတာလား…."
ထိုအရာကိုတွေးမိသည့်အခါ သူမက မနေနိုင်ပဲ ရယ်လိုက်၏။
ဝိညာဉ်သခင်တွေက ထိုမျှလောက်ထိ ပေါမည်လား….
ဝိညာဉ်သခင်တွေက ရတနာတွေဖြစ်ပြီး သူတို့ကို စွမ်းအားကြီးပုဂ္ဂိုလ်တွေက ဘိုးဘေးကဲ့သို့ဆက်ဆံကြတာပဲဖြစ်သည်။
ဂျန်ဖန်းသာဝိညာဉ်သခင်ဆိုလျှင် တပည့်တစ်ယောက်အဖြစ် ရှိနေအုန်းမည်လား….
သူက တိုက်ရိုက်ပဲ တိမ်စိမ်းဂိုဏ်းအကြီးအကဲတစ်ယောက်အဖြစ် ဝင်ရောက်နိုင်တာဖြစ်သည်။
ချန်းလျိုယွဲ့လည်း စနောက်လိုက်သည်။
"နင်က တကယ်စိတ်ကူးယဉ်တတ်တာပဲ။ ဝိညာဉ်သခင်တစ်ယောက်က မင်းကိုဒီလို ထောက်ပံ့ပေးမယ်ပေါ့…."
သူမတောင် ထိုမောက်မာသည့်ဝိညာဉ်သခင်တွေနှင့် ဆက်သွယ်ဖို့ အရည်အချင်းမပြည့်မှီပေ။
ဒုန်း!
ထိုအခိုက်အတန့်၌ ကျောက်တုန်းတံခါးပွင့်လာခဲ့သည်။
ဂျန်ဖန်းလက်ထဲ၌ ကျောက်စိမ်းပုလင်းနှစ်ခုကို ကိုင်ထားခဲ့သည်။
သူက တစ်ပုလင်းကို အင်္ကျီလက်ထဲထည့်လိုက်ပြီး နောက်တစ်ခုကို ချန်းလျိုယွဲ့ရှေ့မှာချကာ ပြောလိုက်သည်။
"ကျေးဇူးတင်တဲ့အနေနဲ့ပေးတာ။ ဒီစိတ်ဝိညာဉ်ပုလင်းက နင့်အတွက်ပဲ, ငါးဆယ်ငါးဆယ် အညီအမျှခွဲယူလိုက်ကြပါ…."
အခုလေးတင် သူက ကုန်ကြမ်းပစ္စည်းတွေသုံးပြီး လမ်းစဉ်ချိုဖြတ်ခြင်းအမှုန့် နှစ်ပုလင်း သန့်စင်နိုင်ခဲ့၏။
ချန်းလျိုယွဲ့က စမ်းချောင်းဝါရေစင်ကို ထုတ်ပေးခဲ့သည့်အတွက် သူမက လေးပုံတစ်ပုံရသင့်၏။
ဤသို့ဖြင့် သူတို့က ကျေသွားပြီပဲဖြစ်သည်။
ဤသို့ဖြင့် ဂျန်ဖန်း ထွက်ခွာသွားခဲ့သည်။
ချန်းလျိုယွဲ့ ဂျန်ဖန်းပေးခဲ့သည့် ဆေးပုလင်းကို ပဟေဠိဖြစ်စွာဖြင့် ကြည့်နေခဲ့သည်။
ဝမ်ရှန်နန်လည်း သိချင်နေခဲ့သည်။
“ဒါက ဘာလဲ? ငါ အရင်က တစ်ခါမှ မမြင်ဖူးဘူး…”
ချန်းလျိုယွဲ့ ဂရုတစိုက်စစ်ဆေးကြည့်လိုက်၏။ သို့ပေမယ့် သူမအတွေ့အကြုံနှင့်တောင် ထိုအရာကို အမှတ်မိနိုင်ဖြစ်နေခဲ့သည်။
“ဒါက အတော်လေးရင်းနှီးနေသလိုပဲ။ ငါ စာအုပ်တစ်အုပ်အုပ်ထဲမှာ မြင်ဖူးသလိုပဲ….”
သူမက မျက်လုံးမိတ်လိုက်ပြီး သေချာလေး ပြန်စဥ်းစားကြည့်လိုက်၏။
ရုတ်တရက်….
သူမမျက်လုံးတွေပွင့်လာပြီး ပြူးကျယ်နေခဲ့သည်။ မျက်နှာကလည်း အကြီးအကျယ် အံ့အားသင့်သည့်အမူအရာတွေ ပြသနေခဲ့သည်။
ထို့နောက် ဝမ်ရှန်နန်ပုခုံးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး မျက်လုံးတွေက ဝမ်ရှန်နန်ကို အရည်ပျော်သွားတော့မတတ် တောက်လောင်နေခဲ့သည်။
သူမက အလျှင်စလို ပြောလိုက်သည်။
“ရှန်းနန်, နင် ဘယ်သူ့ကို ငါ့ဆီခေါ်လာတာလဲ….”