← Chapters

ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်သို့ ရောက်ရှိခြင်း

Vol. 11 Ch. 156

ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်သို့ ရောက်ရှိခြင်း

Vol. 11 Ch. 156

သူမအမူအရာကြောင့် ဝမ်ရှန်းနန် ထိတ်လန့်သွားခဲ့သည်၊၊

ထိုအရာက ကျရှုံးသွားသည့်ဆေးပုလင်းဟု သူမထင်သွားကာ စိုးရိမ်စွာဖြင့် ပြောလိုက်သည်၊၊

"ဒုဥက္ကဠ, ဒုဥက္ကဠ, ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ---"

"ကျွန်မ တစ်ခုခုများ အမှားလုပ်မိလို့လား---"

ဘယ်လိုလုပ်ပြီး ချန်းလျိုယွဲ့ စိတ်အေးအေးထားနိုင်မည်နည်း၊၊

သူမရင်ဘတ်က အပြင်းအထန်လှုပ်ရှားနေခဲ့သည်၊၊ မျက်နှာကလည်း စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေကာ ဝမ်းရှန်းနန် ပုခုံးကိုလှုပ်ယမ်းပြီး ပြောလိုက်သည်၊၊

"နင် ဘာအမှားမှ မလုပ်ပါဘူး---"

"နင်က ကောင်းကောင်းလုပ်ခဲ့တာပဲ၊၊ တကယ်ကို ကောင်းကောင်းလုပ်ခဲ့တာပဲ---"

"ငါ ခုချက်ချင်း ဥက္ကဠဆီသွားပြီး နင့်ကို ကြယ်ငါးပွင့်ကြီးကြပ်ရေးမှုးအဖြစ် ရာထူးတိုးခိုင်းရမယ်----"

"ပြီးတော့ ငါ ဒုဥက္ကအဖြစ်ကနေ အနားယူသွားရင် နင်က အဲ့ရာထူးကို တိုက်ရိုက် ဆက်ခံနိုင်မယ်---"

ဘာ?

ဘေးနားမှာရပ်နေကြသည့် အာလန်နှင့် ရှောင်ချွမ်း သူမတို့မေးရိုးတွေပြုတ်ကျမတတ် အံ့အားသင့်သွားကြသည်၊၊

ဝမ်ရှန်းနန်၏ ကြယ်သုံးပွင့်ရာထူးတောင် ခုထိ အတည်မပြုရသေးပေ၊၊

ယခု သူမက ကြယ်တစ်ပွင့်ကြီးကြပ်ရေးမှုးမှ ကြယ်ငါးပွင့်ကို တိုက်ရိုက် ရာထူးတိုးသွားခဲ့၏၊၊

ထို့ပြင် ဒုဥက္ကဠအဖြစ်လည်း လျာထားခြင်းခံရ၏။

သူမတို့ကို မပြောနှင့် ဝမ်ရှန်နန်ကိုယ်တိုင်တောင် အလွန်အံ့အားသင့်နေခဲ့သည်။

ချန်းလျိုယွဲ့ ရူးသွားပြီလားဟုတောင် သူမထင်မိ၏။

“ဒုဥက္ကဠ, ဘာတွေဖြစ်နေတာလဲ….”

ချန်းလျိုယွဲ့ နောက်ဆုံးမှာတော့ သူမကို လွတ်ပေးလိုက်သည်။

သူမက ဆေးပုလင်းကိုကောက်ယူလိုက်ပြီး မျက်လုံးတွေက အရောင်တောက်နေခဲ့သည်။

“ဒါဘာလဲဆိုတာ နင်သိလား….”

ဝမ်ရှန်နန် ခေါင်းခါယမ်းလိုက်သည်။

ဒုဥက္ကဠချန်းကိုတောင် ရူးသွပ်သွားလောက် ထိုအရာက ဘာဖြစ်နိုင်သနည်း။

အဆိပ်ပြင်းတစ်မျိုးလား…

“ဒါက လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်ပဲ၊ ဒဏ္ဍာရီလာလမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်….”

ချန်းလျိုယွဲ့စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

သူမက ထိုအရာကို ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာသာ တွေ့ဖူးတာဖြစ်၏။ ထို့ကြောင့် စစချင်းတုန်းက မမှတ်မိသွားတာဖြစ်သည်။

ထိုအရာက အချိန်အတော်ကြာ ပျောက်ဆုံးနေသည့် စိတ်ဝိညာဥ်ဆေးတစ်မျိုးဖြစ်ပြီး ယနေ့အချိန်မှာ မည်သူမှ မသန့်စင်နိုင်တော့ပေ။

ဝမ်ရှန်းနန် ပဟေဠိဖြစ်သွား၏။

"လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်?... ကျွန်မဗဟုသုတက အကန့်အသတ်ရှိပါတယ်၊ အဲ့အမှုန့်က ဘာအတွက်သုံးရတာလဲ...."

"အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ဖို့..."

ချန်းလျိုယွဲ့ စကားလေးလုံးနှင့် ပြန်ဖြေလိုက်သည်။

ဝမ်ရှန်နန်မျက်လုံးတွေ တဖြည်းဖြည်းနှင့် အပ်ပေါက်လောက်ထိ ကျုံ့ဝင်သွားခဲ့သည်။

သူမခန္ဓာကိုယ်က အပြင်အထန်တုန်ယင်နေပြီး နောက်ကိုတယိမ်တယိုင်ဆုတ်သွားကာ ကျောက်တုံးတစ်ခုပေါ်လဲကျသွားခဲ့သည်။

သို့ပေမယ့်သူမက နာကျင်မှုကို မခံစားရပဲ သူမစိတ်က လုံးဝဗလာကျင်းနေခဲ့သည်။

"အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုဖြတ်နိုင်တဲ့ဆေးလုံးက ကြယ်သုံးလုံးဝိညာဥ်သခင်ပဲ သန့်စင်နိုင်တာမလား...."

"ဂျန်ဖန်းက...."

ချန်းလျိုယွဲ့ အလျင်အမြန်ပဲ သူမပါးစပ်ကို ပိတ်လိုက်ပြီး တင်းမာစွာ ပြောလိုက်သည်။

"နင်က သူ့အထောက်အထားကို ထုတ်ဖော်ခြင်နေတာလား...."

ထိုသို့ဆိုလျှင် သူမတို့က တစ်ဖက်လူကို အမှားလုပ်မိမှာကို မပြောလိုသေးပေ။

ထိုကိစ္စသာပေါက်ကြားသွားလျှင် မျက်နှာလိုမျက်နှာရလုပ်မည့်လူတွေ မရေမတွက်နိုင်အောင် ရှိလာပြီး သူမတို့အတွက် နေရာတောင်ကျန်တော့မည်မဟုတ်ပေ။

ဝမ်ရှန်းနန် အလျှင်အမြန်ပဲ ထိုအရာကို နားလည်လိုက်၏။

သူမက ချက်ချင်းပဲ အသံတိတ်သွား၏။ သို့ပေမယ့် သူမခန္ဓာကိုယ်က ဆက်လက်တုန်ယင်နေဆဲဖြစ်သည်။

"ဒီတော့, ဒီတစ်ချိန်လုံး ငါ့ကိုထောက်ပံ့ပေးနေတဲ့လူက...."

ထိုအရာကိုတွေးမိပြီး သူမကိုယ်သူမ လေထဲမြောက်တက်သွားသလို ခံစားလိုက်ရ၏။

ချန်းလျိုယွဲ့ အတော်လေး မနာလိုဖြစ်စွာဖြင့် ပြောလိုက်သည်။

"နင်တို့ဝမ်မိသားစုကို နင်တို့ဘိုးဘေးတွေက တော်တော်ကောင်းကျိုးပေးတာပဲ၊ ဒီလိုစွမ်းအားကြီးပုဂ္ဂိုလ်မျိုးနဲ့တောင် ပတ်သက်မိစေတယ်...."

"အနာဂတ်မှာ နင်တို့မြင့်တက်လာရင် ငါ့ကို မမေ့ရဘူးနော်...."

ကြယ်သုံးလုံးဝိညာဥ်သခင်နှင့် ချိတ်ဆက်မိခြင်းက ကြီးမားသည့်အမြင့်ကို မရောက်ဖူးဆိုမှ ခက်ခဲနေအုန်းမည်ဖြစ်သည်။

ထိုအရာက သူမ ဝမ်ရှန်နန်ကို ချက်ချင်း ရာထူးတိုးပေးရသည့် အကြာင်းအရင်းပဲဖြစ်သည်။

ထိုစဥ်...

ဂျန်ဖန်းက လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်နှင့်အတူ ပြန်ရောက်လာခဲ့သည်။

ဂိုဏ်းလှေကားကို ခြေချချခြင်းပဲ ရုတ်တရက် လျိုချင်းရှန်က သူ့ကို ထောင့်တစ်နေရာဆွဲခေါ်သွားခဲ့သည်။

သူမက လည်ပင်းမှ လေပြင်းပုလဲကို ဖြုတ်လိုက်ပြီး ဂျန်ဖန်းလက်ထဲကို ထိုးထည့်ပေးကာ တည်ကြည်စွာပြောလိုက်သည်။

"ဒါက တန်ဖိုးအရမ်းကြီးလွန်းတယ်၊ ငါလက်မခံနိုင်ဘူး...."

အတော်တော်များများကို တွေးကြည့်ပြီးနောက် သူမက ထိုအရာကို ဂျန်ဖန်အား ပြန်ပေးဖို့ဆုံးဖြတ်ခဲ့သည်။

ဤပစ္စည်းက အရမ်းတန်ဖိုးကြီးလွန်း၏။

သူမ ထိုအရာကို လက်မခံနိုင်ပေ။

ဂျန်ဖန်း ကြောင်သွားပြီး ပြောလိုက်သည်။

"ဘာလို့လဲ...."

အရင်က သူမလက်မခံခဲ့ဘူးလား....

အခုမှဘာကြောင့် ပြန်ပေးရသနည်း...

လျိုချင်းရှန် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွား၏။

ဤပစ္စည်းက သလင်းကျောက်တစ်သောင်း တန်ဖိုးရှိပြီး သူမခန်းဝင်ပစ္စည်းဖြစ်ဖို့တောင် လုံလောက်နေပြီဖြစ်သည်။

ဤကဲ့သို့ပစ္စည်းကို ဂျန်ဖန်းက သူမအား ဘာကြောင့်ပေးရသနည်း။

သူမနားမလည်နိုင်တော့ပဲ ထိုအရာကို ပြန်ပေးပြီး ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်, ငါ ဒါကိုလက်မခံနိုင်ဘူး...."

ဒါဆိုလည်းကောင်းပြီလေ...

ဂျန်ဖန်း အတင်းအကြပ်တိုက်တွန်းမနေတော့ပေ။

သူက သိုင်းဝိညာဥ်ဒင်္ဂါးပြားနှစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။

"သိုင်းဝိညာဥ်ခန်းမကို သွားကြစို့...."

"အမ, နန်ဂုန်းရှောင်ယွင်ကို အနိုင်ရဖို့ ကျွန်တော် အကောင်းဆုံး ကူညီပေးမယ်...."

လျိုချင်းရှန်ခွန်အားတိုးတက်ဖို့ သူမနယ်ပယ်နှင့်အတူ ကျင့်ကြံရေးနည်းလမ်းတွေကိုလည်း တိုးမြင့်ရမည်ဖြစ်သည်။

သိုင်းဝိညာဥ်ခန်းမက သူမကျင့်ကြံရေးနည်းလမ်းတွေကို ပြီးပြည့်စုံဖို့ကူညီပေးနိုင်၏။

လျိုချင်းရှန်မှာသာ မပြည့်စုံသည့်သိုင်းကွက်တွေရှိနေလျှင် သူက သူမနှင့်အတူ နားလည်အောင် ကူညီပေးနိုင်၏။

သို့ပေမယ့် လျိုချင်းရှန်အာရုံက ချက်ချင်းပဲ သိုင်းဝိညာဥ်ဒင်္ဂါးပြာနှစ်ခုပေါ် ကျရောက်သွားခဲ့သည်။

"ဘယ်လိုလုပ်ပြီး နင့်မှာနောက်တစ်ခုရှိနေတာလဲ...."

တစ်ခုက အမှန်တကယ်ပဲ သူမဟာဖြစ်၏။

သို့ပေမယ့် အခြားတစ်ခုက ဘယ်ကရောက်လာသနည်း။

ဂျန်ဖန်း ခေါင်းကုတ်ပြီး ပြောလိုက်သည်။

"အကြီးအကဲလီချင်ဖုန်း ငါ့ကိုပေးလိုက်တာ...."

လျိုချင်းရှန် မယုံသင်္ကာဖြစ်သွား၏။

"အကြီးအကဲလီက နင့်ကို အမြင်မကြည်ဘူးမဟုတ်လား...."

"သူ့မှာ သိုင်းဝိညာဥ်ဒင်္ဂါးပြားတစ်ခုပဲရှိတာ၊ နင့်ကို ဘယ်တော့မှပေးမှာမဟုတ်ဘူး...."

ဂျန်ဖန်း တစ်ခဏတွေးပြီး ပြောလိုက်သည်။

"ဒါက ဘာလို့လဲဆိုတော့ ငါက သူ့တပည့်မတွေဖြစ်တဲ့ ရှုရို့ရန်နဲ့ ချန်းစီလင်ကို အထွတ်အမြတ်ခန်းမမှာ အကြီးအကျယ်အောင်မြင်မှုရအောင် ကူညီပေးခဲ့လို့ပဲ။ သူက ငါ့ကို ဆုလဒ်အနေနဲ့ပေးလိုက်တာ..."

လျိုချင်းရှန် မနေနိုင်ပဲ ရှုရို့ရန်၏ရန်မူသည့်အပြုအမူကို ပြန်တွေးမိပြီး သူမမျက်နှာ အေးစက်သွားခဲ့သည်။

"ဒီတော့, သူမက အထွတ်အမြတ်ခန်းမမှာ အတော်လေးတိုးတက်သွားတယ်ပေါ့...."

ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။

"သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ၁ ကနေ အဆင့် ၃ ကို ချိုးဖြတ်သွားတယ်လေ..."

ခရက်....

လျိုချင်းရှန် ဒေါသထွက်သွား၏။

သူမက ဂျန်ဖန်းအတွက် သိုင်းဝိညဥ်ဒင်္ဂါးပြားရဖို့ အတော်လေးကြိုးစားခဲ့ရ၏။

သို့ပေမယ့် ထိုကောင်ကတော့ အခြားမိန်းမတွေ ခွန်အားတိုးအောင် ကူညီပေးနေ၏။

ထိုအရာက အတော်လေး အကြင်နာမဲ့လွန်း၏။

သူမက ဂျန်ဖန်းလက်ထဲက လေပြင်းပုလဲကို တစ်ချက်ကြည့်ပြီး ပြန်လုယူကာ လည်ပင်းမှာ နောက်တစ်ကြိမ်ပြန်ဆွဲလိုက်သည်။

ထို့နောက် အံ့ကြိတ်ကာ ပြောလိုက်သည်။

"ဒါက ငါနဲ့ထိုက်တန်တဲ့အရာပဲ...."

ဂျန်ဖန်းကို လျစ်လျူရှုထားပြီး သူမက ထိုအရာကိုဝတ်ဆင်လိုက်သည်။

"သွားစို့... သိုင်းဝိညာဥ်ခန်းမကို သွားကြမယ်...."

ဂျန်ဖန်း သူ့နှာခေါင်းကို ထိလိုက်သည်။

ဘာဖြစ်ရပြန်တာလဲ....

သူမကို ဘယ်သူက ဒေါသထွက်သွားစေခဲ့သနည်း။

ဤသို့ဖြင့် သူတို့က သိုင်းဝိညာဥ်ခန်းမကို ရောက်ရှိလာကြသည်။

ဤနေရာက များသောအားဖြင့် ခြောက်သွေ့နေတတ်၏။

အဘယ်ကြောင့်ဆိုသော် အကြီးအကဲတစ်ယောက်ကို တစ်နှစ်လျှင် ဒင်္ဂါးပြားတစ်ခုသာ ရသောကြောင့် ဖြစ်သည်။

သို့ပေမယ့်...

ယနေ့၌ လူအချို့ရှိနေခဲ့သည်။

ထို့ပြင် သူတို့က အခြားသူတွေမဟုတ်ပဲ နန်းကုန်းရှောင်ယွင်နှင့် ယို့ယွင်ကျီတို့ပဲဖြစ်သည်။

"သိုင်းဝိညာဥ်ခန်းမကိုလာတာ နင့်အတွက် ဘာအသုံးဝင်လို့လဲ။ နင့်ရဲ့ကျင့်ကြံရေးနည်းလမ်းအားလုံးက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှာရှိတဲ့ အကောင်းဆုံးတွေပဲ မဟုတ်ဘူးလား...."

ယို့ယွင်ကျီ နောက်ကလိုက်လာပြီး အကူအညီမဲ့နေခဲ့သည်။

နန်းကုန်းရှောင်ယွင် မျက်နှာ၌ ပွန်းပဲဒဏ်ရာတွေရှိနေပြီး ဒေါသတကြီးပြောလိုက်သည်။

"ရှင်က ကျွန်မကို လက်စားချေဖို့ မကူညီဘူးဆိုမှတော့ ကျွန်မဘာသာကျွန်မပဲ လုပ်မယ်...."

"အဲ့လူယုတ်မာရဲ့ မပြည့်စုံတဲ့ သိုင်းကွက်ကို ကျွန်မ မှတ်မိတယ်။ အခုဒီကိုလာတာလည်း အဲ့တာကို နားလည်အောင်လုပ်ဖို့ပဲ...."

"အဲ့သိုင်းပညာကို တစ်ယောက်ယောက်အသုံးပြုတာတွေ့ရင် ငါအဲ့လူယုတ်မာကို ရှာတွေ့ပြီ...."

ယို့ယွင်ကျီ အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

"အဲ့ဒါက ငါ နင့်ကို မကူညီတာမဟုတ်ဘူး...."

"နင်က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ ကောင်းကင်ဂုဏ်ယူရသူ သမီးတော်တစ်ယောက်ဖြစ်ပြီး တိမ်စိမ်းဂိုဏ်းမှာ အရိုက်ခံလာရတယ်လေ။ ဘယ်လိုလုပ်ပြီး ငါ အဲ့ဒါကို ထုတ်ပြောရမှာလဲ။ ရှက်စရာကောင်းလွန်းတယ်...."

"အဲ့ကိစ္စသာအပြင်ပျံ့သွားရင် ဘယ်လိုလုပ်မလဲ...."

သူက အတော်လေး စော်ကားခံရသလို ခံစားနေရ၏။

နန်းကုန်းရှောင်ယွင် သနားစရာကောင်းသည့်အခြေအနေဖြင့် ပြန်ရောက်လာတာ မြင်တုန်းက သူလည်း အတော်လေး ဒေါသထွက်သွားခဲ့သည်။

သူက လျိုဝူချန်းကို ခေါ်ပြီး ကြိမ်းမောင်းဖို့တောင် တွေးလိုက်မိ၏။

သို့ပေမယ့် တွေးကြည့်လိုက်သည့်အခါ သူထိုအရာကို လုံးဝထုတ်မပြောနိုင်ပေ။

သူသာ ထုတ်ပြောလျှင် အရှက်ရစရာတွေပဲ ဖြစ်လာမည်ဖြစ်သည်။

"ငါဂရုမစိုက်ဘူး။ ငါ အဲ့လူယုတ်မာကို တွေ့အောင်ကို ရှာမယ်..."

"ငါ့ကို ဒီလိုဖြစ်အောင်ရိုက်ရဲတယ်။ ဟမ့် ဒင်းကို ငါအလွတ်ပေးမှာမဟုတ်ဘူး...."

နန်းကုန်းရှောင်ယွင် ခြေဆောင့်လိုက်ပြီး အံကြိတ်လိုက်သည်။

ရုတ်တရက်....

သူမက လျိုချင်းရှန်နှင့် ဂျန်ဖန်း ခန်းမရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရသည်။

သူမက သူတို့ကို ထူးဆန်းစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

လျိုချင်းရှန် အံ့အားသင့်သွားပြီး နန်းကုန်းရှောင်ယွင်ကို မမှတ်လုနီးပါးဖြစ်သွားသည်။

"ဘယ်သူက နင့်ကို ရိုက်လွတ်လိုက်တာလဲ...."

သူမအတော်လေး အံ့အားသင့်နေ၏။

နန်းကုန်းရှောင်ယွင်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ပြီးပြီဖြစ်သည်။

အမြုတေဖွဲ့စည်းခြင်အကြီးအကဲတစ်ယောက်မှလွဲပြီး သူမကို မည်သူက ရိုက်နိုင်မည်နည်း။

သို့ပေမယ့်....

အမြုတေဖွဲ့စည်းခြင်းအကြီးအကဲတစ်ယောက်က သူမကို ဘာကြောင့် ရိုက်မည်နည်း။

ဂျန်ဖန်းလည်း အံ့အားသင့်သွား၏။

"နန်းကုန်းရှောင်ယွင်, နင့်မျက်နှာကို ဒီလိုဖြစ်အောင် ဘယ်သူရိုက်လိုက်တာလဲ...."

သူ သူမကို တိမ်နေမင်းမြို့၌ တွေ့တုန်းက အတော်လေးလှသည်မဟုတ်လား....

ဘယ်သူက သူမကို ဒီလောက်ထိရိုက်လွတ်လိုက်သနည်း။

မျက်နှာမှာ ပွန်းပဲဒဏ်ရာတွေများစွာနှင့် ယောင်ကိုင်းနေခဲ့သည်။

နန်းကုန်းရှောင်ယွင် အမူအရာ အေးခဲသွားပြီး အလျှင်အမြန်ပြောလိုက်သည်။

"ဘယ်.. ဘယ်သူပြောလည်း ငါအရိုက်ခံရတယ်လို့...."

"ငါ မတော်တဆ ချော်လဲတာ...."

"ဟုတ်တယ်... ငါ ချော်လဲတာ...."

ယို့ယွင်ကျီ၏ အိုးမင်းနေသည်မျက်နှာ တောင့်တင်းသွား၏။

သူက ကို့ရို့ကားယားဖြင့် ဂျန်ဖန်းကို ပြုံးပြလိုက်ပြီး အကြောင်းအရာပြောင်းလိုက်သည်။

"မိတ်ဆွေလေး, ဒီကိုဘာလာလုပ်တာလဲ..."

ဂျန်ဖန်း သူ့ဘေးက လျိုချင်းရှန်ကို ညွှန်ပြကာ ပြောလိုက်သည်။

"သူမကျင့်ကြံရေးကို ကူညီပေးမလို့...."

နန်းကုန်းရှောင်ယွင် ချက်ချင်းပဲ မကျေမနပ်ဖြစ်သွားသည်။

သူမနှင့် ယို့ယွင်ကျီ သိထားတာအရ ဂျန်ဖန်းက အကြီးအကဲအဆင့် ပုံရိပ်တစ်ခုဖြစ်၏။

သူက ရုပ်ရည်သာ ငယ်ရွယ်နေပုံပေါ်တာဖြစ်သည်။

သူပြောသည့် လျိုချင်းရှန်ကို သိုင်းဝိညာဥ်ခန်းမမှာ ကူညီပေးမည်ဆိုတာ သိသာစွာပဲ လမ်းညွှန်ပေးဖို့ပဲဖြစ်သည်။

"လက်ထောက်ခန်းမသခင်, နင်လည်း ငါ့ကို လမ်းညွှန်ပေးရမယ်...."

"ဒါမှ တရားမှာပေါ့...."

ယို့ယွင်ကျီ ရယ်ရမလို ငိုရမလို ဖြစ်သွား၏။

သို့ပေမယ့် လမ်းညွှန်ပေးဖို့ ဂိုဏ်းအကြီးအကဲတွေကို မဖိတ်ခေါ်ရသည့် စည်းမျဥ်းကို လျိုချင်းရှန်က မလိုက်နာမှတော့....

သူလည်း သူ့ဂုဏ်သိက္ခာကို ဘေးချိတ်ပြီး နန်းကုန်းရှောင်ယွင်ကို လမ်းညွှန်ပေးရတော့မည်ပဲဖြစ်သည်။

သူက ယုံကြည်မှုရှိ၏။

ကျင့်ကြံရေးနည်းလမ်းတွေကို နားလည်ဆင်ခြင်ရာ၌ ဂျန်ဖန်း သူ့ထက် ဘယ်လိုမှမသာနိုင်ပေ။

All Chapters