← Chapters

သူကညံ့ဖျင်းတဲ့ကျောင်းသားလို့ မင်းပြောတာလား

Vol. 11 Ch. 162

သူကညံ့ဖျင်းတဲ့ကျောင်းသားလို့ မင်းပြောတာလား

Vol. 11 Ch. 162

ရွစ်!

ချက်ချင်းဆိုသလိုပဲ...

ပြိုင်ဘက်ကင်းလက်ချောင်းအားက စိတ်ဝိညာဥ်လက်ဝါးကြီးကို ထိုးဖောက်သွားခဲ့သည်။

ထို့ပြင် နန်းကုန်းရှောင်ယွင်၏ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။

ခရက်!

သူမဝတ်ဆင်ထားသည့် နှလုံးကာကွယ်ရေးမှန် ချက်ချင်းကွဲကျေသွားပြီး တိုက်ခိုက်မှုကို ခုခံလိုက်၏။

သို့ပေမယ့် ကျန်ရှိသည့်အားက သူမကို ဇန်ပေါင်းများစွာအဝေးကို လွင့်ထွက်သွားစေတုန်းပဲဖြစ်သည်။

အမြဲတမ်းလိုလို တည်ငြိမ်နေသည့် ယို့ယွင်ကျီမျက်နှာ တောင့်တင်းနေခဲ့သည်။

သူက သူ့အင်္ကျီလက်ကိုဝှေ့ယမ်းကာ ပြုတ်ကျလာသည့်နန်းကုန်းရှောင်ယွင်ကိုဖမ်းဖို့ အလျှင်အမြန်ပြေးထွက်သွားခဲ့သည်။

နန်းကုန်းရှောင်ယွင် သူမ၏နာကျင်နေသည့် ရင်ဘတ်ကို ဆုပ်ကိုင်ထားပြီး မျက်လုံးတွေက ပြူးကျယ်နေခဲ့သည်။

"သူမ... သူမက မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းကို သင်ယူနိုင်ခဲ့တယ်...."

ယို့ယွင်ကျီက သူမထက်ပိုလို့တောင် အံ့အားသင့်နေခဲ့သည်။

သူက ဂျန်ဖန်းကို မယုံကြည်နိုင်စွာဖြင့်ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

"သူ တကယ်ပဲ လျိုချင်းရှန်ကို ကောင်းကင်ဘုံပျက်သုဥ်းခြင်းလက်ချောင်းသိုင်း သင်ပေးနိုင်ခဲ့တာပဲ..."

"ဒီလိုအချိန်တိုလေးအတွင်းမှာ ဒီလောက်ပမာဏထိ သူ ဘယ်လိုလုပ် နားလည်သွားတာလဲ...."

ပွဲကြည့်လူအုပ်တစ်ခုလုံး နားကွဲမတတ်အော်ဟစ်သံတွေနှင့် ပေါက်ကွဲထွက်လာခဲ့သည်။

"စီနီယာအမလျို.... နိုင်သွားပြီ...."

"ငါတို့တိမ်စိမ်းဂိုဏ်း နိုင်သွားပြီဟ..."

"ငါတို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို နိုင်သွားပြီ..."

မျှော်လင့်မထားသည့်အောင်နိုင်မှုက သူတို့အား ထိန်းချုပ်မရသည့်စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည်။

တိမ်စိမ်းဂိုဏ်းတပည့်က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ ဂုဏ်ယူရသည့်သမီးတော်ကိုအနိုင်ရတာဟာ ကျန်ဂိုဏ်း ၈ ဂိုဏ်းကြားမျာ တစ်ခါမှမကြားဖူးသည့် ဂုဏ်ကျက်သရေတစ်ခုပင်ဖြစ်သည်။

တပည့်တွေ အောင်မြင်မှုကြောင့် အံ့အားသင့်နေခဲ့ကြ၏။

လျိုဝူချန်းနှင့် အကြီးအကဲတွေလည်း လျိုချင်းရှန်အသုံးပြုခဲ့သည့် လက်ချောင်းသိုင်းပညာကြောင့် တုန်လှုပ်နေခဲ့ကြသည်။

ဖုန်းဂုချန်းထိုအရာကို မယုံနိုင်ဖြစ်နေခဲ့၏။

"မြေကမ္ဘာအဆင့်သိုင်းပညာ? ဒါက ဘယ်လိုလုပ် မြေကမ္ဘာအဆင့်သိုင်းပညာဖြစ်နိုင်မှာလဲ..."

"သူမက မြေကမ္ဘာအဆင့်သိုင်းပညာကို ဘယ်နေရာက ရလာခဲ့တာလဲ..."

သူက မနေနိုင်ပဲ လျိုဝူချန်းကို ကြည့်လိုက်ပြီး ထိုအရာကို သူသင်ပေးတာဟု သံသယဝင်မိ၏။

မည်သူသိမည်နည်း၊ လျိုဝူချန်းအမူအရာက သူ့ထက်တောင် ပိုအံ့အားသင့်နေခဲ့သည်။

"ချင်းရှန် မြေကမ္ဘာအဆင့်သိုင်းပညာကို ဘယ်ကရခဲ့တာလဲ..."

"ဘယ်သူက သူမကိုသင်ပေးတာလဲ..."

ထိုအခိုက်အတန့်၌....

ယို့ယွင်ကျီလျှောက်လာပြီး သူ့မျက်နှာက အတော်လေး စိတ်မသာမယာဖြစ်နေပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်လျို, မင်းက မင်းသမီးကို ကောင်းကောင်းပျိုးထောင်ပေးခဲ့တာပဲ...."

"ဂုဏ်ယူပါတယ်..."

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ နံပါတစ်ဂုဏ်ယူရသူက အမှန်တကယ်ပဲ တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်ကို ရှုံးနိမ့်သွားခဲ့သည်။

ထိုသတင်းသာပျံ့သွားလျှင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ဂုဏ်သိက္ခာထိခိုက်မှာ အသေအချာပင်ဖြစ်သည်။

သူသာကြိုသိခဲ့လျှင် နန်းကုန်းရှောင်ယွင်ကို ပြိုင်ခိုင်းခဲ့မည်မဟုတ်ပေ။

လျိုဝူချန်း အလျှင်အမြန်ပဲ ပြန်လည်နှုတ်ဆက်လိုက်၏။

"မမလေးနန်းကုန်း အလျှော့ပေးလို့ပါ...."

ယို့ယွင်ကျီ အနည်းငယ် ခံပြင်းသွား၏။

နန်းကုန်းရှောင်ယွင် လျိုချင်းရှန်ကို ရှုံးနိမ့်သွားသည်ဟု သူမထင်ပေ။ ထိုမယုံနိုင်လောက်အောင် အားကောင်းသည့် အကြီးအကဲဂျန်ဖန်းကို ရှုံးသွားခြင်သာဖြစ်သည်။

သူ၏လမ်းညွှန်မှုမရှိပဲနှင့် လျိုချင်းရှန် အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုတောင် ချိုးဖျက်နိုင်မည်မဟုတ်ပေ။

နန်းကုန်ရှောင်ယွင်ကို အနိုင်ရဖို့ဆိုတာကတော့ ပြောစရာကိုမလိုတော့ပေ။

"ဂိုဏ်းချုပ်လျို, နှိမ့်ချနေဖိုမလိုပါဘူး။ လျိုချင်းရှန် အနိုင်ရတာအားလုံးက မင်းတို့ရဲ့ အကြီးအကဲဂျန်ကြောင့်ပဲလေ..."

ယို့ယွင်ကျီ သက်ပြင်းချလိုက်သည်။

"ဒီလိုအကြီးအကဲမျိုးရှိတာ မင်းတို့တိမ်စိမ်းဂိုဏ်းအတွက် ကြီးမားတဲ့ကံကြမ္မာပဲ..."

ဟမ်?...

လျိုဝူချန်း ကြောင်သွား၏။

"အကြီးအကဲဂျန်?..."

"လက်ထောက်ခန်းမသခင်ယို့, မင်းတစ်ခုခုများမှားနေလား...."

တိမ်စိမ်းဂိုဏ်းအကြီးအကဲ ၉ ယောက်ထဲ၌ တစ်ယောက်မှ မျိုးရိုးနာမည် ဂျန် မရှိပေ။

အာ?...

ထိုအခိုက်အတန့်၌ ယို့ယွင်ကျီသာမက နန်းကုန်ရှောင်ယွင်ပါ အံ့အားသင့်သွားခဲ့သည်။

ဘယ်လိုလုပ်မှားနိုင်မည်နည်း။

ဂျန်ဖန်းက လျိုဝူချန်းရှေ့မျာ မတ်တပ်ရပ်နေတာပဲ မဟုတ်ဘူးလား....

ဘာမှားစရာရှိလို့နည်း။

နန်းကုန်းရှောင်ယွင် စိတ်ရှုပ်နေသည့်အမူအရာနှင့် မေးလိုက်သည်။

"ဒါဆို သူကဘယ်သူလဲ..."

အမှန်တကယ်ပဲ သူ့နာမည်က ဂျန်ဖန်းမဟုတ်ပဲ မျိုးရိုးနာမည်ဂျန် မဟုတ်တာ ဖြစ်နိုင်လား....

သူမညွှန်ပြရာကိုကြည့်လိုက်သည့်အခါ လျိုဝူချန်း ဂျန်ဖန်းကို အံ့အားသင့်စွာဖြင့်ကြည့်လိုက်သည်။

နန်းကုန်းရှောင်ယွင်ကဲ့သို့တစ်စုံတစ်ယောက်က ဂျန်ဖန်းလိုတပည့်လေးကို ဘာကြောင့်ဂရုစိုက်နေကြောင်း သူမသိသော်လည်း

အလျှင်အမြန်ပဲ မိတ်ဆက်ပေးလိုက်သည်။

"ဒါက ငါ့ရဲ့ မထိုက်တန်တဲ့တပည့် ဂျန်ဖန်းပါ..."

"ဂျန်ဖန်း, ဒီကိုလာပြီး မမလေးနန်းကုန်းကို အရိုအသေပေးလိုက်..."

"သူမက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ နံပါတ်တစ်ကောင်းကင်ဂုဏ်ယူရသူပဲ။ သိုင်းပညာပါရမီကထူးခြားပြီး ပြိုင်ဘက်ကင်းနားလည်နိုင်စွမ်းကို ပိုင််ဆိုင်ထားတယ်..."

"သူမဆီက ဘယ်လမ်းညွှန်ပေးမှုမဆို မင်းအတွက် တစ်ဘဝစာလောက် အကျိုးရှိတယ်..."

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

သူက ယို့ယွင်ကျီနှင့် နန်းကုန်းရှောင်ယွင်ရှေ့ကိုလာကာ လက်ချင်းယှက်ပြီးပြောလိုက်သည်။

"လက်ထောက်ခန်းသခင်ယို့, မမလေးနန်းကုန်း..."

"တိမ်စိမ်းဂိုဏ်းဂျန်ဖန်း, မင်းတို့နှစ်ယောက်ကို နှုတ်ဆက်ပါတယ်...."

သူက သူတို့နှင့် ဆက်ဆံဖူးသော်လည်း ဤအရာက ပမဆုံးအကြိမ် တရားဝင်မိတ်ဆက်တာဖြစ်သည်။

ယို့ယွင်ကျီမျက်လုံးတွေ ဗလာကျင်းနေပြီး ဂျန်ဖန်းကို ကြောင်အစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

အခြားတစ်ဖက်မှာတော့ နန်းကုန်းရှောင်ယွင် အသေးစားဦးနှောက်အေးခဲမှုခံစားသွားသကဲ့သို့ပင်။

ကောင်းကင်တုန်လှုပ်စေသည့် ဓားချီတွေထုတ်လွတ်ကာ သားရဲဘုရင်ကို ဓားတစ်ချက်တည်းဖြင့် သတ်လိုက်သည့် အကြီးအကဲဂျန်...

စိတ်ဝိညာဥ်စွမ်းအားကို ဆန္ဒအတိုင်း ဆင့်ခေါ်နိုင်သည့် မယုံနိုင်လောက်အောင်အားကောင်းသည့် စိတ်ဝိညာဥ်အမြစ်နှင့် အကြီးအကဲဂျန်...

ကောင်းကင်ဆန့်ကျင်သည့်နားလည်နိုင်စွမ်းနှင့် အကြီးအကဲဂျန်....

မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းကို နာရီအနည်းငယ်ဖြင့်အောင်မြင်ခဲ့ပြီး လျိုချင်းရှန်ကို နေ့တစ်ဝက်တည်းဖြင့် သင်ကြားပေးနိုင်ခဲ့သူ...

ဤကဲ့သို့လူမျိုးကို တိမ်စိမ်းဂိုဏ်းရဲ့သာမာန်တပည့်တစ်ယောက်လို နင်က ငါ့ကို ပြောနေတာလား....

ပြီးတော့...မထိုက်တန်တဲ့တပည့် ဟုတ်လား...

ဘယ်မိသားစု၏ မထိုက်တန်သည့်တပည့်က ဤကဲ့သို့ထူးခြားမည်နည်း။

ယို့ယွင်ကျီ လည်ချောင်းထဲမှာ တစ်ခုခုနင်သွားသကဲ့သို့ အချိန်အတောကြာ စကားမပြောနိုင်ဖြစ်သွားပြီး နောက်ဆုံးမှာမှ ပြောလိုက်သည်။

"ဂိုဏ်းချုပ်လျို..."

"မင်းပြောတာ... သူက သာမညောင်ညတပည့်ပေါ့?...."

လျိုဝူချန်း အပ်ပေါ်မှာဖင်ထိုင်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူက ဂျန်ဖန်းအကြောင်း မပြောချင်ပေ။

ထိုကောင်က စိတ်ဝိညာဥ်အမြစ်မရှိပြီး သူ၏အရှက်ရစရာပဲဖြစ်သည်။

သို့ပေမယ့် ယို့ယွင်ကျီမေးနေမှတော့ ရွေးချယ်စရာမရှိတော့ပဲ အားတင်းပြောလိုက်ရသည်။

"သူက တကယ်ကို သာမညောင်ညတပည့်တစ်ယောက်ပါ။ လက်ထောက်ခန်းမသခင်ကို မျက်စိနှောက်စေမိပြီ...."း

နန်းကုန်းရှောင်ယွင် မှိန်မောစွာမတ်တပ်ရပ်နေပြီး လျိုဝူချန်းပြောတာကို မယုံနိုင်ဖြစ်နေခဲ့သည်။

ဤကဲ့သို့ထူးချွန်သည့်တပည့်တစ်ယောက်ကို သူ အမှန်တကယ်ပဲ သာမညောင်ညတပည့်ဟု ပြောနေခဲ့သည်။

သူမ ခက်ခက်ခဲခဲ ဆံထွေးမျိုချပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်လျို, တစ်ခုခုများနားလည်မှုလွဲနေသလား..."

နားလည်မှုလွဲတယ်?...

လျိုဝူချန်း ရှက်ရွံ့စွာဖြင့်သက်ပြင်းချလိုက်သည်။

"မမလေးနန်းကုန်း မသိလို့...."

"ငါ နှိမ်နေတာမဟုတ်ဘူး၊ သူက တကယ်ကို သာမညောင်ညတပည့်တစ်ယောက်ပါ..."

"ဘာလို့လဲဆိုတော့ သူ့မှာ စိတ်ဝိညာဥ်အမြစ်မရှိဘူးလေ..."

ဘာ?...

စိတ်ဝိညာဥ်အမြစ်မရှိဘူး?...

ထိုသို့ဆိုလျှင် သိုင်းဝိညာဥ်ခန်းမထဲ၌ မိုင်ပေါင်းများစွာရှိ စိတ်ဝိညာဥ်စွမ်းအင်တွေကို ဆင့်ခေါ်ခဲ့သည့် ကြောက်စရာကောင်းသည့် စိတ်ဝိညာဥ်အမြစ်ကဘာလဲ...

နန်းကုန်းရှောင်ယွင် စကားပြောဖို့ ပါးစပ်ဟလိုက်သည်။

"နင်... အွန်း...အွန်း...အွန်း...."

ယို့ယွင်ကျီ သူ့အကြည့်ကိုရွေ့လိုက်ပြီး သူမပါးစပ်ကိုအလျှင်အမြန်ပိတ်လိုက်သည်။

ထို့နောက် လျိုဝူချန်းကို ပြောလိုက်သည်။

"ဂိုဏ်းချုပ်လျို, မင်းကို ရက်ပေါင်းများစွာ နှောင့်ယှက်မိပြီ။ ငါတို့ အခုပဲ ပြန်ပါတော့မယ်..."

"ကျေးဇူးပြုပြီး ကောင်ကင်ဘုံစက်ယန္ဒယားခန်းမမှာကြားတာကို ဖြစ်နိုင်သမျှ မြန်မြန်လေးလုပ်ဆောင်ပေးပါ..."

လျိုဝူချန်းလက်ချင်းယှက်လိုက်ပြီး သူတို့နှစ်ယောက်ကြိုးကြာသားရဲစီပြီးထွက်ခွာသွားတာကိုကြည့်နေခဲ့သည်။

တိမ်စိမ်းဂိုဏ်းမှ အတော်ဝေးဝေးရောက်သည့်အခါ...

နန်းကုန်ရှောင်ယွင် ယို့ယွင်ကျီ၏အတားအဆီးမှလွတ်မြောက်သွားပြီး အသက်ဝဝရူကာ ပြောလိုက်သည်။

"ရှင်ကျွန်မကို အသက်ရူကျပ်သေအောင် လုပ်နေတာလား..."

"ဘာလို့ ကျွန်မကို စကားမပြောခိုင်းတာလဲ..."

ယခုအချိန်၌ ယို့ယွင်ကျီမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး ပြောလိုက်သည်။

"ရတနာ, ငါတို့ တန်ဖိုးမဖြစ်နိုင်တဲ့ရတနာကို ရှာတွေ့ပြီ...."

"ပြိုင်ဘက်ကင်းစိတ်ဝိညာဥ်အမြစ်နဲ့ ထူးချွန်တဲ့ပါရမီရှင်တစ်ယောက်၊ ပြီးတော့ လျိုဝူချန်းက မျက်စိရှိပေမယ့် မမြင်နိုင်ဘူး။ သူ့ကို သာမညောင်ညတပည့်တစ်ယောက်လိုပဲဆက်ဆံနေတာ..."

အာ...

ယို့ယွင်ကျီ သူမကို တားလိုက်တာအား နန်းကုန်းရှောင်ယွင် စတင်နားလည်လာခဲ့သည်။

"လက်ထောက်ခန်းမသခင်, နင်က ဂျန်ဖန်းကို နင့်လက်အောက်သိမ်းသွင်းမလို့လား..."

ယို့ယွင်ကျီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"သေချာတာပေါ့..."

"ဒီပါရမီရှင်ကိုသာပြုစုပျိုးထောင်ပေးလိုက်ရင် သေချာပေါက် အနာဂတ်မှာ စွမ်းအားကြီးပုံရိပ်တစ်ခုဖြစ်လာမှာ...."

"ဒါဆို ငါလည်း အကျိုးရှိမယ်။ ကောင်ကင်ဘုံစက်ယန္ဒယားခန်းမလည်း အကျိုးရှိမယ်..."

"သားရဲလှိုင်းကို ဖြေရှင်းပြီးတာနဲ့, ငါ ချက်ချင်းနည်းလမ်းရှာပြီး သူ့ကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမဆီ ခေါ်ရမယ်..."

နန်းကုန်းရှောင်ယွင် ရုတ်တရက် နားလည်သွားခဲ့သည်။

ထို့နောက် အလျှင်အမြန်ပဲ သံသယအချို့နှင့် မေးလိုက်သည်။

"ဒါပေမယ့် တစ်ယောက်ယောက်က သူ့ရဲ့ထူးခြားမှုုကို ရှာတွေ့သွားရင်ကော..."

သားရဲလှိုင်းဘယ်အချိန် အဆုံးသတ်မယ်ဆိုတာ ဘယ်သူမှမသိပေ။

ထို့ပြင် ဂျန်ဖန်းက အရမ်းထူးချွန်ပြီး အခြားသူတွေသတိမထားမိဖို့ခက်ခဲ၏။

ထို့ကြောင့် ယို့ယွင်ကျီဆန္ဒအတိုင်း ဖြစ်မယ်ဆိုတာ မသေချာပေ။

ထိုအရာကိုကြားသည့်အခါ ယို့ယွင်ကျီလည်း စိုးရိမ်သွား၏။ ဤမကောင်းဆိုးဝါးဆန်သည့်ပါရမီရှင်ကို တစ်ယောက်ယောက်ကသာ ရသွားလျှင် သူရူးသွပ်သွားပြီး သက်တမ်းသုံးနှစ်လောက်တိုသွားနိုင်၏။

"ဟမ့်... ဘယ်သူ သူ့ကို လုရဲလဲ။ ငါ အဲ့ကောင်နဲ့ သေတဲ့အထိတိုက်မယ်...."

သူက ဒေါသတကြီးပြောလိုက်သည်။

ထို့နောက် နန်းကုန်းရှောင်ယွင် ဆက်မေးလိုက်သည်။

"ဒါပေမယ့် ရှာတွေ့သွားတဲ့လူက လျိုဝူချန်းဆိုရင်ကော..."

အာ...

ယို့ယွင်ကျီ ကြောင်အသွား၏။

ဂျန်ဖန်းက တိမ်စိမ်းဂိုဏ်းတပည့်ဖြစ်၏။ လျိုဝူချန်းသာ ဂျန်ဖန်းထူးခြားမှုကို ရုတ်တရက်နားလည်သွားလျှင်....

သေချာပေါက် ဤတပည့်ကို လက်လွတ်ခံတော့မှာမဟုတ်ပေ။

တစ်ခဏစဥ်းစားပြီးနောက်, ယို့ယွင်ကျီ နှာမှုတ်လိုက်သည်။

"သူရှာတွေ့တော့ကော ဘာဖြစ်လဲ..."

"ဂျန်ဖန်းကို သာမညောင်ညတပည့်တစ်ယောက်လိုဆက်ဆံတယ်။ သူမှာ သူ့ဆရာဆက်ဖြစ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ...."

ယို့ယွင်ကျီ၏ ဂျန်ဖန်းကို အားသုံးလုယူမည့် ရည်ရွယ်ချက်ကို ကြားသည့်အခါ....

နန်းကုန်းရှောင်ယွင် စုတ်တစ်ချက်သပ်လိုက်၏။

ထိုအချိန်ရောက်လျှင် လျိုဝူချန်းတစ်ယောက် ဘယ်လောက်ထိနောင်တရနေမလဲဆိုတာ သူမ သိချင်နေခဲ့သည်။

All Chapters