← Chapters

မသေမျိုးနတ်ဆေးဆရာ၏တပည့်

Vol. 11 Ch. 163

မသေမျိုးနတ်ဆေးဆရာ၏တပည့်

Vol. 11 Ch. 163

အခြားတစ်ဖက်၌...

လျိုဝူချန်း သူ့မျက်ခုံးတွေကိုမြင့်လိုက်ပြီး အသက်ရူထုတ်လိုက်၏။ ထို့နောက် ကောင်းကင်သို့မော့ကာ ရယ်မောပြီး ပြောလိုက်သည်။

"ချင်းရှန်, သမီးက အဖေကို အရမ်းဂုဏ်ယူရအောင်လုပ်လိုက်တာပဲ..."

လျိုချင်းရှန် သူမဆံပင်ကို ပင့်မြှောက်လိုက်ပြီး မျက်နှာပေါ်ရှိပျော်ရွင်မှုတွေကို ဖုံးကွယ်မထားနိုင်ပေ။

သို့ပေမယ့် ဤတစ်ချိန် သူမအနိုင်ရတာ အားလုံးဂျန်ဖန်းကြောင့်ဆိုတာ မမေ့ပေ။

"အဖေ, သမီးတိုးတက်မှုတွေအားလုံးအတွက် ဂျန်ဖန်းကို ကျေးဇူးတင်ရမယ်..."

ဂျန်ဖန်း?...

လျိုဝူချန်းအပြုံး ချက်ချင်းပျောက်ကွယ်သွားပြီး ပြောလိုက်သည်။

"သူ့ကိုကျေးဇူးတင်ရမယ်? ဟုတ်လား..."

"ကံကောင်းလို့ မင်းအနိုင်ရသွားတာ, မင်းသာရှုံးရင် ငါ အဲ့ကောင်ကို ခွင့်လွတ်မှာမဟုတ်ဘူး..."

လျိုချင်းရှန် အလျှင်အမြန်ပြောလိုက်သည်။

"ဒီတစ်ချိန်က တကယ်ပဲ ဂျန်ဖန်းအကူအညီကြောင့်ပါ။ အဖေ သူ့ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ရမယ်...."

ဂျန်ဖန်း၏ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်အကြောင်း သူမအဖေဆီမှဖုံးကွယ်ထားခဲ့တာကို သူမအတော်လေး နောင်တရနေခဲ့သည်။

ရလဒ်အနေဖြင့် သူမအဖေက ဂျန်ဖန်းကို ဤကဲ့သို့ဆက်ဆံလာခဲ့သည်။

သို့ပေမယ့် ယခုအချိန်မှ အမှန်တရားကိုပြောဖို့က နောက်ကျလွန်းသွားပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဂျန်ဖန်းလုပ်ဆောင်မှုတွေက သူမမျှော်လင့်ထားတာထက် များစွာကျော်လွန်နေခဲ့သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ပုဂ္ဂိုလ်မျိုးကို လူသိရှင်ကြားထုတ်ဖော်လိုက်လျှင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏သန်မာသည့်အဖွဲ့ဝင်များက သူ့ကိုခေါ်ဆောင်ကြဖို့ ပထမဆုံးကြိုးစားကြမည်ပဲဖြစ်သည်။

အခြားဂိုဏ်း ၈ ဂိုဏ်းကလည်း လုယူဖို့ အကောင်းဆုံးကြိုးစားမည်ပဲဖြစ်သည်။

ထို့ပြင် တိမ်စိမ်းဂိုဏ်းရန်သူတွေဆို ဂျန်ဖန်းကို ထိခိုက်အောင်တောင် လုပ်လာနိုင်၏။

ထို့ကြောင့် ဤကိစ္စက ယခုချိန်မှာ သူမထိန်းချုပ်မှုကို ကျော်လွန်သွားပြီပဲဖြစ်သည်။

လျိုဝူချန်း တစ်ရာရာခိုင်နှုန်း ဆန္ဒမရှိပေ။

"နင်က အဲ့ကောင်ကို ဘာတွေအထင်ကြီးနေတာလဲ...."

သို့ပေမယ့် ယနေ့ သူ့သမီးက သူမကိုယ်တိုင်နှင့် ဂိုဏ်းသခင်တောင်ထိပ်အတွက်သာမက တိမ်စိမ်းဂိုဏ်းတစ်ခုလုံးအတွက်ပါ ဂုဏ်ကျက်သရေ ဆောင်ကြဥ်းပေးခဲ့သည်။

ထို့ကြောင့် သူမတောင်းဆိုမှုကို လျိုဝူချန်း မငြင်းဆန်နိုင်ပေ။

သူက ဂျန်ဖန်းကိုကြည်ပြီး စိတ်တိုစွာဖြင့် ပြောလိုက်သည်။

"မင်း ဘာဆုလိုချင်လဲ...."

ဂျန်ဖန်း ရယ်ချင်သွားသလို စိတ်လည်းပျက်သွားခဲ့သည်။

သေချာတာပေါ့၊ သူက ဟိတ်ကြီးဟန်ကြီး လုပ်မနေပေ။

အဆုံးမှာတော့ သူက လျိုဝူချန်းသမီးကို အများကြီးကူညီထားသည်ဖြစ်၍ ဆုယူတာ ဘာများနစ်နာသွားမည်နည်း။

အထွတ်အမြတ်ခန်းမနှင့် သိုင်းဝိညာဥ်ခန်းမကို တစ်ခေါက်လောက်သွားရုံနှင့် သူကျင့်ကြံရေးက အများကြီးတိုးတက်သွားခဲ့သည်။

ထိုအခိုက်အတန့်၌ သူဘာလိုအပ်လဲဆိုတာ အမှန်တကယ်မတွေးတတ်ပေ။

ခဏတွေးပြီးနောက် သူက ပြောလိုက်သည်။

"ဆုကိုသိမ်းထားပြီး ကျွန်တော်လိုအပ်တဲ့အချိန်မှ ပြောလို့ရမလား..."

လျိုဝူချန်း နောက်ထပ်မေးရမှာပျင်းလွန်း၍ ပြောလိုက်သည်။

"မင်းသဘောပဲ..."

ထို့နောက် ပတ်ဝန်းကျင်ကလူအုပ်ကို ပျော်ရွင်နေသည့်မျက်နှာဖြင့် ကြည့်လိုက်သည်။

"ငါ့သမီးလျိုချင်းရှန်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်သွားသလို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ ဂုဏ်ယူရတဲ့သမီးတော်ကိုလည်း အနိုင်ရခဲ့တယ်။ ဒါက ပျော်ရွင်မှုနှစ်ထပ်ကွမ်းပဲ...."

"ဒါကြောင့် ဂိုဏ်းက အတွင်းစည်းတပည့် တစ်ယောက်ချင်းဆီကို သလင်းကျောက်တစ်ရာတန်တဲ့ စိတ်ဝိညာဥ်ဆေးတစ်ခုဆီပေးမယ်။ အဲ့ဒါတွေကို ဆေးဝါးတောင်ထိပ်မှာ သွားထုတ်လို့ရတယ်...."

နေရာတစ်ခုလုံး အားပေးသံတွေနှင့် ဆူညံသွား၏။

ပုံမှန်အားဖြင့်ကပ်စေးနှဲသည့်ဂိုဏ်းချုပ်က ဤကဲ့သို့ဆုလဒ်မျိုး တစ်ဂိုဏ်းလုံးကို ပေးဝေမည်ဟု မည်သူမှမျှော်လင့်မထားပေ။

ဂျန်ဖန်းပြုံးလိုက်၏။

ခြင်ခြေထောက်ဆိုတောင် အသားဖြစ်နေဆဲပင်။

ထို့ပြင် သူက အမှန်တကယ်ပဲ စိတ်ဝိညာဥ်ဆေးလိုအပ်၏။

မဟုတ်လျှင်, ချီလင်းလေးက ဆေးဥယျာဥ်သွားပြီး ကောင်းကင်နှင့်မြေကြီးရတနာတွေကို ခိုးစားမည်ပဲဖြစ်သည်။

ထို့ကြောင့်...

သူက လူအုပ်နောက်ကနေ ဆေးတောင်ထိပ်ကို လိုက်လာခဲ့သည်။

သူတို့က ဂိုဏ်းချုပ်ခွင့်ပြုမှုရခဲ့သော်လည်း အချိန်ကတိုးတောင်းပြီး ဆေးတောင်ထိပ်ပြင်ဆင်ဖို့အချိန်အလုံအလောက်မရခဲ့ပေ။

တပည့်ထောင်ချီက ဆေးတောင်ထိပ်ကို ဝန်းရံထားခဲ့သည်။

မြင်ကွင်းက စိတ်ကူးကြည့်နိုင်ပြီး ဆေးတောင်ထိပ် နင်းချေခံရလုနီးပါးပင်။

"လူတိုင်း တန်းစီကြပါ။ အတင်းတိုးဝင်တဲ့လူတိုင်း ထုတ်ပယ်ခံရမယ်..."

ဖရိုဖရဲဖြစ်နေချိန်...

ကြိုးကြာငှက်တစ်ကောင်စီနင်းထားသည့် ဝမ်ဟုန်ယောင် တောင်အဝင်ဝကို ပိတ်ထားဖို့ တပည့်တွေကိုဦးဆောင်လာခဲ့သည်။

သူမက ပတ်ဝန်းကျင်ကို မုန်မှိုင်းသည့်မျက်နှာထားဖြင့် စစ်ဆေးကြည့်လိုက်သည်။

ထိုသို့အကြည့်ခံရသည့်အခါ တပည့်အားလုံး လည်ပင်းတွေကျုံ့လိုက်ကြပြီး နာခံစွာဖြင့် တန်းစီလိုက်ကြသည်။

ဂျန်ဖန်း ရယ်ချင်သွား၏။

ဂိုဏ်းထဲရှိလူတိုင်းက အကြီးအကဲဝမ်၏ ဆိုးဝါးသည့်ဂုဏ်သတင်းကို သိကြ၏။

"ဟမ်? ဂျန်ဖန်း..."

ဝမ်ဟုန်ယောင် လူအုပ်ထဲရှိဂျန်ဖန်းကို သတိထားမိသွားပြီး ဆူပူလိုက်သည်။

"နင်က တန်းစီပြီး ဘာလုပ်နေတာလဲ..."

"ဒီကိုမြန်မြန်လာခဲ့...."

အမ်...

နာခံစွာတန်းစီနေကြသည့်တပည့်တွေ ချက်ချင်းပဲ မကျေမနပ်ဖြစ်သွားကြသည်။

စိတ်ဝိညာဥ်အမြစ်တောင်မရှိသည့်လူတစ်ယောက်က သူတို့စောင့်နေရချိန်မှာ အဘယ်ကြောင့် စည်းမျဥ်းကိုချိုးဖြတ်နိုင်ရသနည်း။

"အကြီးအကဲဝမ်, ဘာကြောင့်လဲ..."

မကျေနပ်သည့်တပည့်တစ်ယောက်က ရေရွတ်လိုက်သည်။

ဝမ်ဟုန်ယောင် သူ့ကို ဘေးတိုက်တစ်ချက်ကြည့်လိုက်၏။

"နင်မကျေနပ်ရင် ထွက်သွားလိုက်..."

"ဂျန်ဖန်း, လာခဲ့...."

မကျေနပ်တဲ့မျက်လုံးများစွာ အလယ်မှာပဲ...

ဂျန်ဖန်း ရှုက်ရွံ့စွာဖြင့် တန်းနောက်ဆုံးကနေထွက်ကာ ထိပ်ဆုံးနေရာသို့ရောက်ရှိသွားခဲ့သည်။

"စိတ်ဝိညာဥ်ဆေး ခွဲတမ်းတစ်ခုလောက်အတွက်နဲ့ ဒီလောက်လူမုန်းခံရတာ, တကယ်မတန်ဘူး..."

ဝမ်ဟုန်ယောင် သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။

"ခွဲတမ်းတစ်ခု... ဒါက အခြားလူတွေအတွက်ပဲ...."

"ငါက နင့်ကို ခွဲတမ်းလောက်ပဲပေးမယ်လို့ နင်ထင်လား..."

သူမက စိတ်ဝိညာဥ်ဆေးအပြည့်ရှိသည့် လင်ဗန်းကို ဂျန်ဖန်းဆီသို့ တွန်းပို့ပေးပြီး ပြောလိုက်သည်။

"နင်ကြိုက်သလောက် ယူလိုက်...."

အမ်?....

တန်းစီနေကြသည့်တပည့်တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။

ဆေးတောင်ထိပ်ရှိ စိတ်ဝိညာဥ်ဆေးအားလုံးက ကောင်းကင်နှင့်မြေကြီးရတနာတွေမှ သန့်စင်ထားတာဖြစ်သည်။

ခွဲတမ်းတစ်ခုတည်းဆိုလျှင်တောင် အနည်းဆုံး သလင်းကျောက်တစ်ရာတန်၏။

ဂျန်ဖန်းက ခွဲတမ်းများစွာယူနိုင်သည့်အတွက် သလင်းကျောက်ထောင်ပေါင်းများစွာ တန်ဖိုးရှိတာပဲဖြစ်သည်။

ဂျန်ဖန်းလည်း အံ့အားသင့်သွား၏။

"အကြီးအကဲဝမ်, မင်းဘာလုပ်နေတာလဲ..."

ဝမ်ဟုန်ယောင် အပြုံးတစ်ခုနှင့် သူ့ပုခုံးကိုပုတ်လိုက်သည်။

"နင်က ငါ့တူမကို အကူအညီကြီးတစ်ခုပေးခဲ့တယ်လေ။ အဲ့ဒါနဲ့ယှဥ်ရင် ဒါတွေက ဘာမှမဟုတ်ပါဘူး...."

သူမက ဂျန်ဖန်းကို ချစ်ခင်စွာကြည့်လိုက်ပြီး သူမကိုယ်ပိုင်းသားတစ်ယောက်ထက်ပင် ပိုမိုနူးညံ့နေခဲ့သည်။

ဂျန်ဖန်း၏ထောက်ပံ့ပေးမှုကြောင့် သူမတူမက အံ့သြသင့်စွာ ကြယ်ငါးပွင့် ကြီးကြပ်ရေးမှူးဖြစ်လာပဲဖြစ်သည်။

သူမ ဂျန်ဖန်းကို ဘယ်လောက်ပင်ကျေးဇူးတင်ပါစေ လုံလောက်မည်မဟုတ်ပေ။

ထို့သို့ဆိုမှတော့...

ဂျန်ဖန်း နောက်ထပ်ဟန်ဆောင်မနေတော့ပဲ ဆယ်ခုထက်များသည့်စိတ်ဝိညာဥ်ဆေးတွေကို ကောက်ယူကာ အိတ်ထဲထည့်လိုက်သည်။

ထိုအရာက ချီလင်းလေးအတွက် ရက်အနည်းငယ်စားဖို့ လုံလောက်၏။

ထို့အခိုက်အတန့်၌...

ဝမ်ရှန်နန် သူမစကတ်ကိုမပြီး ပျော်ရွင်စွာ ပြေးလာခဲ့သည်။

"ဒေါ်လေး, ဒီမှာဘယ်သူလဲကြည့်ပါအုန်း..."

သူမနောက်၌ အဖြူဝတ်လူအိုကြီးတစ်ယောက်ရှိနေခဲ့သည်။ သူက လက်နောက်ပစ်ထားပြီး မီးခိုးရောင်ဆံပင်၊ငယ်ရွယ်သည့်မျက်နှာဖြင့် တည်ငြိမ်စွာလျှောက်လမ်းလာခဲ့သည်။

သူ့မျက်နှာက ထူးခြားစွာပဲ နီရဲနေခဲ့သည်။

ထိုပုဂ္ဂိုလ်ကိုမြင်သည့်အခါ ဝမ်ဟုန်ယောင်အံ့သြသွားပြီး အလျှင်အမြန်ရှေ့ထွက်ကာ နှုတ်ဆက်လိုက်သည်။

"အကိုကြီးရှန်ဂွမ်, ဘာလို့လာတာလဲ..."

အကိုကြီးရှန်ဂွမ်က အခြားသူမဟုတ်ပေ။

တစ်ခါက လောက၏နံပါတ်တစ်နတ်ဆေးဆရာ၊ မသေမျိုးနတ်ဆေးဆရာ၏ တပည့်ဖြစ်သည့် ရှန်ဂွမ်ရှန်ပင်ဖြစ်သည်။

ဝမ်ဟုန်ယောင်၏လက်ရှိအဆင့်အတန်းဟာ အတိတ်က ရှန်ဂွမ်းရှန်၏လမ်းညွှန်ပေးမှုကြောင့်ဖြစ်သည်။

ထို့ကြောင့် သူမက သူ့ကို သဘာဝအတိုင်း အတော်လေးလေးစား၏။

ရှန်ဂွမ်းရှန် အသက်အရွယ်ရနေပြီဖြစ်သည့် ဝမ်ဟုန်ယောင်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

"နှစ်သုံးဆယ်ကုန်သွားပြီ။ မင်းရော ငါရော နှစ်ယောက်လုံး အသက်အရွယ်ရလာပြီ..."

"ဒီအိုမင်းနေတဲ့ခန္ဓာကိုယ်က အခုချိန်မှ မိတ်ဆွေဟောင်းတွေဆီအလည်မသွားရင် နောက်ဘယ်တော့မှ အခွင့်အရေးရှိိတော့မှာမဟုတ်ဘူး..."

သူ့စကားတွေကြောင့် ဝမ်ဟုန်ဟောင် စိတ်လှုပ်ရှားသွား၏။

လွန်ခဲ့သည့်နှစ်သုံးဆယ်က သူတို့ဆေးပညာအကြောင်းဆွေးနွေးသည့်မြင်ကွင်းကို ပြန်မြင်နေရသကဲ့သို့ပင်။

သူမက စိုစွတ်နေသည့်သူမမျက်လုံးတွေကို ပွတ်ပြီး ပြောလိုက်သည်။

"အကိုကြီးရှန်ဂွမ်, ကျေးဇူးပြုပြီး အထဲကိုလိုက်ခဲ့ပါ။ ကျွန်မရှင့်ကို ဆေးတောင်ထိပ်ကို လိုက်ပြပေးမယ်..."

တန်းစီနေသည့်တပည့်တွေ ငယ်ရွယ်သည့်မျက်နှာနှင့် အသက်ကြီးကြီးလူကြီးကိုကြည့်ပြီး တုန်လှုပ်သည့်အမူအရာတွေဖြစ်နေကြ၏။

သူတို့အားလုံးက ဘေးကို လေးလေးစားစားဖြင့် ဆုတ်ပေးလိုက်ကြသည်။

ရှန်ဂွမ်ရှန်....

ဂိုဏ်း ၉ ဂိုဏ်းနယ်ပယ်၌ နံပါတ်တစ် နတ်ဆေးဆရာ...

လက်ရှိ၌ သူက မြင့်မြတ်ဂိုဏ်း၏မဟာအကြီးအကဲဖြစ်ပြီ ဆေးတောင်ထိပ်ကို တာဝန်ယူထား၏။

သူ့အဆင့်အတန်းနှင့် ဂုဏ်သတင်းက လေးစားစရာပင်။

ဆေးပညာကလည်းပြိုင်ဘက်ကင်းဖြစ်ပြီး မဟာအကြီးအကဲတစ်ယောက်အနေနှင့်တောင် ဂိုဏ်း ၉ ဂိုဏ်း ခေါင်းဆောင်တွေ လေးလေးစားစားဆက်ဆံရသည့်လူဖြစ်သည်။

သူ့ရှေ့၌ မည်သူက ရိုင်းစိုင်းရဲမည်နည်း။

ရှန်းဂွမ်ရှန် တောင်ထိပ်ပေါ်ကို ခြေလှမ်းလိုက်သည့်အခါ ဝမ်ဟုန်ယောင်ဘေးရှိ ဂျန်ဖန်းကိုသတိထားမိပြီး မေးလိုက်သည်။

"ဒါက နင့်တပည့်လား..."

ဝမ်ဟုန်ယောင် ခါးသီးသည့်အမူအရာ ပြသလာ၏။

"ကျွန်မက အဲ့လောက်ကံမကောင်းပါဘူး..."

အို?...

ရှန်ဂွမ်ရှန် အံ့အားသင့်သည့်အမူအရာဖြင့် ဝမ်ဟုန်ယောင်ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။

"ဒီနှစ်တွေအတွင်းမှာ နင်အတော့်ကိုးပြောင်းလဲသွားတာပါလား။ အရင်လိုမကြမ်းတမ်းတော့ဘူး...."

အတိတ်၌ ဝမ်ဟုန်ယောင်က ဂျူနီယာတွေကို ဘယ်သောအခါမှ ချီးမွမ်းစကားမပြောခဲ့ပေ။

မဆူပူတာကကို ချီမွမ်းလွန်းနေပြီဖြစ်သည်။

ယခု, သူမက အမှန်တကယ်ပဲ ဤကဲ့သို့စကားမျိုးပြောနေ၏။ ထိုအရာက သူအတွက် အတော်လေး မရင်းနှီးပေ။

ဝမ်ဟုန်ယောင် သက်ပြင်းချလိုက်သည်။

"အကိုကြီးရှန်ဂွမ်, နင်သာ ဒီကောင်လေးရဲ့ဆေးသန့်စင်တဲ့အရည်အချင်းကိုသိရင် အခုလိုပြောမှာမဟုတ်ဘူး..."

ဒီလိုလား?...

ရှန်ဂွမ်ရှန် ထူးမခြားနားပင်။

သူက ဆေးပညာပါရမီရှင်လို့ခေါ်သည့် မရေမတွက်နိုင်သည့်လူပေါင်းများစွာကိုမြင်ဖူး၏။

သူ့စံသတ်မှတ်ချက်က အတော်လေးမြင့်မား၏။

ဝမ်ဟုန်ယောင် ယူဆသည့် ပါရမီရှင်က သူ့မျက်လုံးထဲမှာတော့ ဟုတ်ချင်မှဟုတ်မှာဖြစ်သည်။

ထိုအခိုက်အတန့်၌...

ဝမ်ရှန်နန်လည်း ဂျန်ဖန်းကို သတိထားမိသွား၏။ သူမက အတော်လေး လေးစားနေကာ မနေနိုင်ပဲ ခါးညွတ်အရိုအသေပေးလိုက်သည်။

"သခင်လေးဂျန်, နင်လည်းဒီမှာရှိနေတာလား..."

ခါးညွတ်အရိုအသေပေးတာက မသင့်လျော်ဘူးဆိုတာ သူမနားလည်လိုက်သည့်အချိန်၌ အတော်လေးနောက်ကျသွားပြီဖြစ်သည်။

ရှန်ဂွမ်ရှန် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

ဝမ််ရှန်နန် သူ့ကိုတွေ့တုန်းက ခြေထောက်တစ်ဖက်သာရှေ့ထုတ်ပြီး အရိုအသေပေးခဲ့သည်။

သို့ပေမယ့် ဤဂျန်ဖန်းကိုမြင်သည့်အခါ၌ သူမက ခါးညွတ်အရိုအသေပေး၏။

ဤကဲ့သို့အရိုအသေပေးမှုမျိုးက စီနီယာတွေအတွက်သာဖြစ်သင့်၏။

ဤအရာက ရှန်ဂွမ်ရှန်ကို အတော်လေး မကျေမနပ်ဖြစ်သွားစေခဲ့သည်။

သူက ဂျန်ဖန်းကို ဝေဖန်သည့်အကြည့်ဖြင့် စေ့စေ့စပ်စပ်ကြည့်ပြီး ပြောလိုက်သည်။

"ငါက မသေမျိုးနတ်ဆေးဆရာရဲ့တပည့်ပဲ..."

"မင်းရဲ့ဆေးပညာအရည်အချင်းကို ငါစမ်းသပ်ချင်တယ်။ မင်းလက်ခံရဲလား..."

ဆေးပညာလမ်းကြောင်းက ဆေးဘက်ဆိုင်ရာလမ်းကြောင်း၏ တစ်စိတ်တစ်ပိုင်းသာဖြစ်၏။ ဂျန်ဖန်းက မသေမျိုးဆေးစာအုပ်၏ အသိပညာအားလုံးကို အမွေဆက်ခံထားပြီးပြီဖြစ်သည်။

ထို့ကြောင့် သဘာဝအတိုင်း ထိုနယ်ပယ်၌ အလွန်ကျွမ်းကျင်၏။

အခြားလူတစ်ယောက်သာသူ့ကိုစမ်းသပ်မယ်ဆိုလျှင် စိတ်ဝင်စားမည်မဟုတ်ပေ။

သို့ပေမယ့် သူ့ရှေ့ရှိလူအိုကြီးက မသေမျိုးနတ်ဆေးဆရာ၏တပည့်ဆိုတာကိုကြားသည့်အခါ...

သူက အတော်လေး သိချင်လာခဲ့သည်။

သူသိချင်၏။ မသေမျိုးနတ်ဆေးဆရာ၏တိုက်ရိုက်တပည့်နှင့်ယှဥ်လျှင် ဘယ်သူက ပိုအားကောင်းလဲဆိုတာကိုပင်။

All Chapters