← Chapters

မီးတောက်ပြာငွေအပ်

Vol. 11 Ch. 164

မီးတောက်ပြာငွေအပ်

Vol. 11 Ch. 164

ထိုအရာကိုကြားသည့်အခါ ဝမ်ဟုန်ယောင်မျက်နှာ အနည်းငယ်ပြောင်းလဲသွား၏။

သူမက မနေနိုင်ပဲ ဝမ်ရှန်နန်ကို ဒေါသတကြီးကြည့်လိုက်သည်။ သူမက ဘယ်လိုလုပ် စီနီယာနှင့် ဂျူနီယာကြားကို မခွဲခြားနိုင်ရသနည်း။

ရလဒ်အနေဖြင့် ရှန်ဂွမ်ရှန်ကို ဒေါသထွက်သွားစေပြီး ဂျန်ဖန်းကိုခက်ခဲအောင်လုပ်စေခဲ့၏။

သူမက အလျှင်အမြန်ပဲ ကိစ္စတွေအဆင်ပြေစေဖို့ ဂျန်ဖန်းအတွက်ပြောပေးလိုက်သ်ည။

"အကိုကြီးရှန်ဂွမ်, သူ့ရဲ့အရည်အချင်းသေးသေးလေးက ဘယ်လိုလုပ် နင့်မျက်စိကို ဖမ်းစားနိုင်မှာလဲ...."

"ခန်းမထဲသွားပြီး ကျွန်မတို့တိမ်စိမ်းဂိုဏ်းရဲ့ စိတ်ဝိညာဥ်လက်ဖက်ရည်ကို မြည်းစမ်းရီရအောင်...."

ရှန်ဂွမ်ရှန် ဂျန်ဖန်းကို ဆက်လက်စိုက်ကြည့်နေပြီး ပြောလိုက်သည်။

"မင်းရဲ့တူမကို အလွန်ရိုသေလေစားအောင်လုပ်နိုင်တဲ့သူရဲ့ အရည်အချင်းက မနိမ့်နိုင်ပါဘူး။ ဟုတ်တယ်မလား..."

"လူငယ်လေး, မင်းဘယ်လိုလဲ...."

"မင်းသာငါ့စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ရင် ငါ မင်းကို ဒီမီးတောက်ပြာငွေအပ်တစ်စုံ ပေးမယ်။"

သူက ကျောက်စိမ်းသေတ္တာတစ်ခုထဲမှာ ထည့်ထားသည့် အရွယ်အစားအမျိုးမျိုးရှိသည့် ငွေအပ်တစ်စုံကို ထုတ်ယူလိုက်သည်။

ငွေအပ်ထိပ်ဖျားတွေက အပြာရောင်မီးပွားလေးတွေ မှိန်ဖျော့ဖျော့လင်းလက်နေခဲ့၏။

ဂျန်ဖန်း မျက်ခွံ့တွေ ကျုံ့သွား၏။

ထိုအရာက မသေမျိုးနတ်ဆေးဆရာ၏ ငွေအပ်သုံးစုံထဲမှ တစ်စုံဖြစ်သည်။

၎င်းတို့ကို ကောင်းကင်ပြင်ပ ဥက္ကာခဲဖြင့်ပြုလုပ်ထားပြီး တစ်ချာင်းချင်းစီက အလယ်အလတ်အဆင့် မှော်ရတနာတွေ ဖြစ်ကြသည်။ တစ်စုံလုံး၏တန်ဖိုးက ထိပ်တန်းအဆင့် မှော်ရတနာတွေထက် မနိမ့်ကျပေ။

ထိုသတ္ထုက ငွေအပ်တွေ၏အကျိုးသက်ရောက်မှုကိုတိုးစေပြီး ရောဂါတွေကိုချက်ချင်းကုသနိုင်၏။

မီးတောက်ပြာငွေအပ်က ဂိုဏ်း ၉ ဂိုဏ်းနယ်မြေတစ်ဝှမ်း မသေမျိုးနတ်ဆေးဆရာ၏ကျော်ကြားမှု၌ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့၏။

ထိုအရာက ဆေးပညာလမ်းကြောင်းလျှောက်လှမ်းနေသည့်လူတိုင်း အိမ်မက်မက်နေရသည့် နတ်ဘုရားပစ္စည်းတစ်ခုပင်ဖြစ်သည်။

ဂျန်ဖန်း ချက်ချင်းဆွဲဆောင်ခံလိုက်ရပြီး ပြောလိုက်သည်။

"မင်းရဲကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်, စီနီယာ။ ငါ ကြိုးစားကြည့်ဖို့ ဆန္ဒရှိပါတယ်...."

အာ?...

ဝမ်ဟုန်ယောင်တုန်လှုပ်သွား၏။ ဂျန်ဖန်း ယုံကြည်မှုရှိလွန်းနေသည်မဟုတ်လား...

ရှန်ဂွမ်ရှန်က မီးတောက်ပြာငွေအပ်တွေကို အမှန်တကယ်ပေးဖို့ရည်ရွယ်ချက်မရှိတာ သူနားမလည်ဘူးလား...

ဤငွေအပ်တွေက မသေမျိုးနတ်ဆေးဆရာ မသေခင်သူ့ကိုပေးခဲ့သည့် အဖိုးတန်ဆုံးအမွေအနှစ်တစ်ခုဖြစ်၏။

လူတစ်ယောက်က သလင်းကျောက်သောင်းချီနှင့်ဝယ်ဖို့ ကမ်းလှမ်းခဲ့တာတောင် ငြင်းဆန်ခဲ့၏။

ဘယ်လိုလုပ်ပြီး ဂျန်ဖန်းကို ပေးချင်မှာလဲ...

သူက ခက်ခဲသည့်စမ်းသပ်မှုတစ်ခု ပြုလုပ်ထားမှာသေချာ၏။ ထိုမှသာ ဂျန်ဖန်း ငွေအပ်တွေရဖို့ခက်ခဲသွားစေမှာဖြစ်သည်။

ရှန်ဂွမ်ရှန် အနည်းငယ်ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကောင်းပြီလေ, ဒါဆိုလည်း ငါမင်းကို စမ်းသပ်ရတာပေါ့...."

သူ့အကြည့်ရွေ့သွားပြီး ရှေ့ရှိ လင်ဗန်းပေါ်ရောက်ရှိသွား၏။

သူက ချက်ချင်းပဲ စမ်းသပ်ဖို့အကြံတစ်ခုရလာခဲ့သည်။

"ဒီစိတ်ဝိညာဥ်ဆေးတွေကြားမှာ စံနှုန်းမမှီတဲ့သုံးခုရှိတယ်။ မင်း အဲ့တာတွေကို ရှာနိုင်မလား...."

ဘာ?...

ဝမ်ဟုန်ယောင် ရုတ်တရက် ထိတ်လန့်သွား၏။

ဤစိတ်ဝိညာဥ်ဆေးတွေထဲ၌ စံနှုန်းမမှီသည့်အရာတွေရှိနေသည်လား....

ဤအရာတွေအားလုံးကို တပည့်တွေသန့်စင်ခဲ့ပီး တစ်ခုချင်းစီကို သူမကိုယ်တိုင်စစ်ဆေးထားတာဖြစ်သည်။ မသိုလှောင်ခင် အပြစ်အနာမရှိဘူးဆိုတာ အတည်ပြုပြီးသားပဲဖြစ်သည်။

သို့ပေမယ့် ရှန်ဂွမ်ရှန်က အကြည့်တစ်ချက်ဖြင့် စံနှုန်းမမှီသည့်သုံးခုကို ရှာတွေ့သွား၏။

သူမနှလုံးသား တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။

နှစ်သုံးဆယ်ကြာသွားပြီးနောက်...

ရှန်ဂွမ်ရှန်၏ဆေးပညာက မည်သည့်အဆင့်ကို ရောက်ရှိနေသနည်း။

သူ၏စမ်းသပ်မှုက သူမအတွက်တောင် ကျော်ဖြတ်ဖို့ ခက်ခဲ၏။

ဂျန်ဖန်းဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။

သူမ မနေနိုင်ပဲ ခါးသီးစွာပြုံးလိုက်မိသည်။ ထိုအရာက သူမခန့်မှန်းချက်သက်သက်သာဖြစ်သည်။

ရှန်ဂွမ်းရှန်က ဂျန်ဖန်းအားခက်ခဲအောင်လုပ်ဖို့ ကြိုးစားနေခြင်းသာဖြစ်သည်။

ထိုအရာက ရိုးသားသည့်စမ်းသပ်မှုတစ်ခု မဟုတ်ပေ။

သို့ပေမယ့် ဂျန်ဖန်းကြည့်ရတာ တုန်လှုပ်သွားပုံမရပေ။

သူက ရုတ်တရက်သဘောပေါက်ပုံပေါ်ပြီး ရေရွတ်လိုက်သည်။

"ဒါကို ငါ့အတွေးလို့ပဲထင်နေခဲ့တာ။ တကယ်ပဲ စံနှုန်းမမှီတဲ့ဟာရှိနေပါ့လား..."

အစောပိုင်း စိတ်ဝိညာဥ်ဆေးရွေးချယ်တုန်းက အနည်းငယ်မှားနေကြောင်း သူခံစားမိ၏။

ဝမ်ဟုန်ယောင်ကို ယုံကြည်သည့်အတွက် သူက သံသယမဖြစ်ခဲ့ပေ။

လက်စသတ်တော့ သူတို့မှာတကယ်ပဲ ပြဿနာရှိနေခဲ့သည်။

ထို့ကြောင့်...

သူက ပြဿနာရှိသည့်စိတ်ဝိညာဥ်ဆေးသုံးမျိုးကို ကောက်ယူပြီး ပြောလိုက်သည်။

"ဒီသုံးခုများလား..."

ဝမ်ဟုန််ယောင် စိတ်ထဲမှာ ဆွံ့အနေခဲ့သည်။

နားမလည်လျှင် နားမလည်ဘူးပေါ့။ ဘာကြောာင့် ဂျန်ဖန်းက ဟန်ဆောင်နေရသနည်း။

ဂျန်ဖန်းက ငယ်ရွယ်ပြီးအရေပါးသည့်အတွက် တိမ်စိမ်းဂိုဏ်းတပည့်များစွာရှေ့မှာ မျက်နှာမပျက်ချင်ပေ။ ထို့ကြောင့် ကြုံရာသုံးခုကောက်ယူလိုက်သည်ဟု သူမထင်လိုက်၏။

သူမက သူ့ဆီလျှောက်လာပြီး တီးတိုးပြောလိုက်သည်။

"စမ်းသပ်မှုကျရှုံးတာသာမာန်ပါပဲ။ ဒါက ဂိုဏ်း ၉ ဂိုဏ်းရဲ့ နံပါတ်တစ်နတ်ဆေးဆရာရဲ့စမ်းသပ်မှုပဲလေ။ ရှက်စရာမဟုတ်ပါဘူး..."

ထိုအရာပြောပြီးနောက် သူမက စိတ်ဝိညာဥ်ဆေးတွေကိုပြန်ထားဖို့ပြင်လိုက်၏။

သို့ပေမယ့် ရှန်ဂွမ်းရှန်၏အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။

ဂျန်ဖန်းကို အံ့အားသင့်သည့်အမူအရာနှင့်ကြည့်နေပြီး ပြောလိုက်သည်။

"မင်းက တကယ်ကို အရည်အချင်းအချို့ရှိတာပဲ..."

ဟမ်?...

ဝမ်ဟုန်ယောင် အေးခဲသွား၏။

သူမလက်ဝါးထဲက စိတ်ဝိညာဥ်ဆေးသုံးခုကိုကြည့်ပြီး တုန်လှုပ်နေခဲ့သည်။

"အကိုကြီးရှန်ဂွမ်း, သူရွေးတာမှန်သွားတယ်လို့တော့ မပြောနဲ့နော်..."

ရှန်ဂွမ်ရှန် ဂျန်ဖန်းကိုစိုက်ကြည့်နေပြီး ပြောလိုက်သည်။

"ဘာလို့အဲ့တာတွေကို ဖွင့်မကြည့်တာလဲ..."

ဝမ်ဟုန်ယောင် မယုံနိုင်ဖြစ်နေခဲ့သည်။

ဂျန်ဖန်းက အမှန်တကယ်ပဲ စိတ်ဝိညာဥ်ဆေးရာချီကြားမှ စံနှုန်းမမှီသည့်သုံးခုကို ရွေးချယ်နိုင်ခဲ့၏။

စိတ်ဝိညာဥ်ဆေးတစ်ခုချင်းဆီကို အဆင့်မြင့်စာရွက်နှင့်တင်းတင်းကြပ်ကြပ် ရစ်ပတ်ထား၏။

ထို့ကြောင့် အပြင်ဘက်မှ အပြစ်အနာရှာကိုမြင်ရဖို့က မဖြစ်နိုင်ပေ။

သူမကအလျှင်အမြန်ပဲ "ဆံသားပေါင်းတင်ဆီ" ဟုတံဆိတ်တပ်ထားသည့် ပထမဆုံးတစ်ထုပ်ကို ဖွင့်လိုက်သည်။

သူမဖွင့်သည်နှင့် အနံ့ဆိုးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အနီးကပ်စစ်ဆေးကြည့်လိုက်သည့်အခါ အဖြူရောင်ခရင်မ်တွေက အနက်ရောင်ပြောင်းနေကာ မှိုတက်နေပြီပဲဖြစ်သည်။

ဂျန်ဖန်းပြောလိုက်သည်။

"ဒါက ကျိုချက်နေချိန် အပူရှိန်များသွားလို့ဖြစ်ရတာ။ အပြင်ပိုင်းကကျက်သွားပေမယ့် အထဲမှာစိုနေတုန်းလေ...."

"အချိန်ကြာလာတော့ သဘာဝအတိုင်း မှိုတက်သွားတာပေါ့..."

ဝမ်ဟုန်ယောင်မျက်နှာ၌ ရှုက်ရွံ့သည့်အရိပ်အယောာင်တွေပြသလာခဲ့၏။

သူမကိုယ်တိုင်စစ်ဆေးခဲ့သည့် စိတ်ဝိညာဥ်ဆေးက အမှန်တကယ်ပဲ ပြဿနာရှိနေခဲ့သည်။

သူမ ချက်ချင်းပဲ ဆေးသန့်စင်ခဲ့သည့် အမျိုးသမီးတပည့်ကို ပြင်းပြင်းထန်ထန် ဆူပူလိုက်၏။

ထို့နောက် ဒုတိယတစ်ထုပ်နှင့် တတိယတစ်ထုပ်တို့ကို ဖွင့်လိုက်သည်။

ခြွင်းချက်မရှိ ၎င်းတို့လည်း ပြဿနာရှိနေခဲ့သည်။

ရှုက်ရွံ့မှုကော အထင်ကြီးမှုကောခံစားရပြီး သူမက မေးလိုက်သည်။

"ဂျန်ဖန်း, နင် ဒါတွေကို ဘယ်လိုလုပ်ရှာတွေ့တာလဲ..."

ရှန်ဂွမ်ရှန်မြင်နိုင်တာက သူ၏ဆေးပညာအတွေ့အကြုံကြောင့်ဖြစ်၏။

သို့ပေမယ့် ဂျန်ဖန်းကတော့ ဂျူနီယာတစ်ယောက်သာဖြစ်၏။

ဂျန်ဖန်း သာမာန်အတိုင်းပြန်ပြောလိုက်သည်။

"ကျွန်တော် ဗဟုသုတအနည်းငယ်လေ့လာထားလို့ နားလည်သွားတာပါ..."

ဤကဲ့သို့နှိမ့်ချသည့်သဘောထားက ရှန်ဂွမ်ရှန်မျက်လုံးထဲ၌ အယောင်ဆောင်ရိုးသားမှု၊ မာနနှင့် မောက်မာမှုတို့ပဲဖြစ်သည်။

"ဒါက တကယ်ပဲ ဗဟုသုတနည်းနည်းလေးပါ..."

ရှန်ဂွမ်းရှန် ပေါ်တင်ပဲပြောလိုက်သည်။

"ဒါဆိုရင် ငါ မင်းကို နောက်တစ်ကြိမ် မေးမယ်..."

"အကြီးအကဲဝမ်ရဲ့ ရောဂါဟောင်းကို မင်းဘယ်လိုကုသမလဲ..."

အကြီးအကဲဝမ်က နှလုံးရောဂါခံစားရတာကို ဂျန်ဖန်းမှတ်မိ၏။

နောက်ဆုံးအကြိမ်အကြီးအကဲတွေ တပည့်ရွေးတုန်းက သူမဂျန်ဖန်းကိုမရခဲ့တာကြောင့် ရောဂါဟောင်းပြန်ထကာ အိပ်ယာထဲလဲနေခဲ့ရ၏။

ရနံ့ကိုးမျိုးနှလုံးအားတိုးဆေးသောက်လိုက်မှသာ အခြေအနေပြန်ကောင်းလာခဲ့သည်။

ဂျန်ဖန်း အတွေးနက်သွား၏။

ဝမ်ဟုန်ယောင် ခါးသီးစွာပြုံးလိုက်သည်။

"အကိုကြီးရှန်ဂွမ်း, သူ့ကိုခက်ခဲအောင်မလုပ်ပါနဲ့..."

"ငါ့အခြေအနေကိုနင်သိပါတယ်။ အဲ့တာက ကုသလို့မရတဲ့ရောဂါတစ်ခုပဲ။ ရနံ့ကိုးမျိုးနှလုံးအားတိုးဆေးနဲ့ပဲ ဖိနှိပ်ထားလို့ရတယ်..."

ထိုအချိန်က သူမရောဂါကုသဖို့ နာမည်ကြီးဆေးဆရာများစွာကိုရှာဖွေခဲ့ပြီး ရှန်ဂွမ်ရှန်နှင့် တွေ့ခဲ့၏။

ရနံ့ကိုးမျိုးနှလုံးအားတိုးဆေးကလည်း ရှန်ဂွမ််းရှန် သူမကို ပေးထားတာဖြစ်သည်။

ထိုရောဂါက ကုသလို့မရပေ။

"ဟ...ဟ..."

ရှန်ဂွမ်းရှန် ရယ်လိုက်ပြီး သူ့မုတ်ဆိတ်မွေးကို သပ်လိုက်သည်။

"အတိတ်တုန်းကတော့ တကယ်ပဲ ကုသဖို့နည်းလမ်းမရှိခဲ့ဘူး..."

"ဒါပေမယ့် မကြာသေးခင်နှစ်တွေတုန်းက ငါ ဆရာ့မှတ်စုတွေထဲကနေ တစ်စုံတစ်ခုတွေ့ခဲ့တယ်...."

"နှစ်ပေါင်းများစွာလေ့လာပြီးတဲ့နောက်မှာတော့ ငါ နောက်ဆုံးမှာ နင့်နှလုံးရောဂါအတွက် ဆေးကျမ်းတစ်ခုအောင်မြင်စွာ ဖန်တီးနိုင်ခဲ့တယ်...."

ပြောပြီးနောက် သူက ဆေးညွှန်းတစ်ခုထုတ်ပြီး ဝမ်ဟုန်ယောင်ကိုပေးလိုက်သည်။

"ငါက လေလံပွဲကိုလာတာ။ ပြီးတော့ နင့်ကိုဒါပေးရအောင် တိမ်စိမ်းဂိုဏ်းကိုတစ်ခါတည်း အလည်လာခဲ့လိုက်တာ..."

ဝမ်ဟုန်ယောင်လက်တွေတုန်ယင်နေပြီး ဆေးညွှန်းကိုကျေးဇူးတင်စွာဖြင့် ယူလိုက်သည်။

သူမက မျက်ရည်ဝဲလာပြီး ပြောလိုက်သည်။

"အကိုကြီးရှန်ဂွမ်း, ဒီနှစ်တွေတစ်လျှောက်လုံး နင် ငါ့အခြေအနေကို မှတ်မိနေသေးတာပဲ..."

ရှန်ဂွမ်းရှန် လက်နှောက်ပစ်ထားပြီး ပြုံးလိုက်သည်။

"လူသားတွေကိုကုသေပေးပြီး ဆေးပညာပြဿနာတွေကို အဖြေရှာရမှာ ငါ့တာဝန်ပဲမဟုတ်ဘူးလား..."

"ဒါ့အပြင်, ဒီဆေးညွှန်းဖော်စပ်နိုင်တာက ကောင်းကင်ဘုံမှာရှိတဲ့ငါ့ဆရာကို ဖြေသိမ့်ပေးရာရောက်ပါတယ်..."

"သူတောင်မှ ဒီအခြေအနေကို မဖြေရှင်းနိုင်ခဲ့ဘူးလေ..."

သူ၏အိုမင်းသည့်မျက်နှာ၌ ဂုဏ်ယူမှုတွေရှိနေခဲ့သည်။

ထို့နောက် စာရေးသံတစ်သံ သူတို့နားထဲကို ဝင်ရောက်လာခဲ့သည်။

ရှန်ဂွမ်းရှန် လှည့်ကြည့်လိုက်သည့်အခါ အံ့အားသင့်သွား၏။

ဂျန်ဖန်းက စုတ်တံတစ်ခုယူကာ တစ်ခုခုရေးနေတာကိုမြင်လိုက်ရသည်။

"မင်းဘာလုပ်နေတာလဲ..."

ဂျန်ဖန်း ခေါင်းမမော့ပဲပြောလိုက်သည်။

"နှလုံးရောဂါကုသတဲ့ ဆေးညွှန်းရေးနေတာလေ..."

ရှန်ဂွမ်းရှန် အပြုံးတစ်ခုနှင့် နှာမှုတ်လိုက်၏။

သူက ခေါင်းခါယမ်းလိုက်ပြီး အထင်မြင်သေးစွာဖြင့် အဝေးကိုကြည့်လိုက်သည်။

ဤဆေးညွှန်းက သူ နှစ်ပေါင်းများစွာ အပတ်တကုတ်ကြိုးစားပြီးမှ တီထွင်နိုင်ခဲ့တာဖြစ်သည်။

ဂျန်ဖန်း၏ကန့်သတ်ထားသည့်အတွေ့အကြုံ၊ နားလည်နိုင်စွမ်းဖြင့် ဆေးညွှန်းကို ဘယ်လိုလုပ်ရေးနိုင်မည်နည်း။

ဝမ်ဟုန်ယောင်လည်း အကူအညီမဲ့နေခဲ့သည်။

ရှန်ဂွမ်းရှန်က ဂျန်ဖန်းကို လက်လျော့စေချင်နေတာ သိသာလှ၏။

မမျှော်လင့်စွာပဲ သူကခေါင်းမာစွာ ချရေးနေခဲ့သည်။

သူမက သူ့ကိုနှစ်သိမ့်လိုက်၏။

"စိတ်ထဲထားမနေပါနဲ့။ နတ်ဆေးဆရာရှန်ဂွမ်းက နင့်ကို စနေ..."

သူမက ပြောနေရင်း မမျှော်လင့်စွာဖြင့် ဂျန်ဖန်းရေးနေတာကို ကြည့်လိုက်မိသည်။

သူမကြည့်တာက အရေးမကြီးပေ။

ထိုအရာကိုမြင်သည့်အခါ သူမအမူအရာ ရုတ်ချည်းအေးခဲသွား၏။

All Chapters