← Chapters

ဒုဥက္ကဠစု

Vol. 11 Ch. 152

ဒုဥက္ကဠစု

Vol. 11 Ch. 152

လူအုပ်ပဟေဠိဖြစ်သွားကြသည်။

ရုတ်တရက် ဂျန်ဖန်း အင်္ကျီလက်ကိုဝှေ့ယမ်းကာ စာပွဲပေါ်ရှိ ခြောက်သွေ့နေသည့်အလွာတွေကိုလက်ဝါးထဲစုယူလိုက်သည်။

ထို့နောက်စိတ်ဝိညာဉ်စွမ်းအင်ကိုလည်ပတ်လိုက်သည့်အခါ ချက်ချင်းပဲ သူ့လက်ဝါးထဲမှာ မီးဘောလုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ခရက်! ခရက်!

ခြောက်သွေ့နေသည့်အလွာ စတင်လောင်ကျွမ်းလာပြီး အနက်ရောင်မီးခိုးငွေ့တွေအဖြစ်ပြောင်းကာ လေထဲကိုပြောက်ကွယ်သွားခဲ့သည်။

အညစ်အကြေးတစ်ခုမှမရှိတော့သည့်အခါ ဂျန်ဖန်း မီးတောက်ကို ရပ်တန့်လိုက်ပြီး သူ့လက်ဝါးကိုဖွင့်လိုက်သည်။

လူအုပ်လည်း အံ့အားင့်စွာဖြင့် ကြည့်နေခဲ့၏၊၊

သူတို့မြင်လိုက်ရတာက သူ့လက်ဝါးထဲရှိ ခြောက်သွေ့နေသည့်အလွာတွေ လောင်ကျွမ်းပျောက်ကွယ်သွားပြီး တောက်ပသည့်ရွှေရောင်အမှုန့်တွေသာ ကျန်ရှိတော့၏။

ဝမ်ဟုန်ယောင်လည်းကြည့်နေပြီး တစ်စုံတစ်ခုကို ရှာတွေ့သွားပုံရကာ သူမမျက်လုံးတွေ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူမက သူမတောင်ဝှေးအကူအညီဖြင့်ရှေ့တက်လာကာ အနီကပ်စစ်ဆေးကြည့်လိုက်ပြီး အံ့အားသင့်စွာပြောလိုက်သည်။

"ကောင်းကင်တုန်ခါခြင်းအမှုန့်…"

"ဒါက တကယ်ကောင်းကင်တုန်ခါခြင်းအမှုန့်ပဲ…"

"အဲ့ဒီဂျင်ဆင်းရဲ့အလွာထဲမှာ ပုန်းကွယ်နေတဲ့ ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်အချို့ရှိနေတာပဲ…"

ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ဆိုသည့်အသံကြားသည့်အခါ နေရာတစ်ခုလုံး ဆူညံ့သွားခဲ့သည်။

"မဖြစ်နိုင်တာ, အဲ့ဒါက ဒဏ္ဍာရီလာအမှုန့်လေ။ ရေနဲ့ပေါင်းစပ်လိုက်ရင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုတောင်သတ်နိုင်တယ်…."

"အဲ့ဒီပစ္စည်းက အတော်လေးရှားပါးတယ်။ အမှုန့်တစ်မှုန့်လေးရရင်ကို အတော်လေးကံကောင်းနေပြီ…"

"အခုပမာဏနဲ့ဆိုရင် အနည်းဆုံး သလင်းကျောက်တစ်သောင်းနဲ့ ရောင်းလို့ရတယ်…"

"ဘုရားရေ, ငါဘယ်လိုအခွင့်အရေးမျိုးကို လွဲချော်သွားတာလဲ။ ဒီလိုတန်ဖိုးကြီးပစ္စည်းမျိုးငါ့ရှေ့မှာရှိနေတာ ငါသတိမထားမိဘူးကွာ…."

လူတွေ၏ကိုယ့်ပေါင်ကိုရိုက်သည့် အသံတွေက နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်၊၊

သလင်းကျောက်တုံးရေနေသည့် လူထွားကြီး နေရာမှာပဲ မှိန်မောစွာ မတ်တပ်ရပ်နေခဲ့သည်၊၊

သူက သွေးအန်တော့မလိုခံစားနေရသည်။

လက်စသတ်တော့ သူက ဂျန်ဖန်းဆီက အကျိုးအမြတ်ရလိုက်တာ မဟုတ်ပေ၊၊

ဂျန်ဖန်းကမှ အသင်္ချေရတနာအဆောက်အဦးဆီမှ အကျိုးအမြတ်များစွာ ရသွားတာဖြစ်သည်။

ဝမ်ရှန်နန် ပါးစပ်အဟောင်းသားဖြင့် မတ်တပ်ရပ်နေခဲ့သည်၊၊

သူမက ဂျန်ဖန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေခဲ့သည်။

အခြေခံတည်ဆောက်ခြင်းဆေးလုံးက ဂျန်ဖန်းကံကောင်းသွားတာဆိုလျှင် ဤကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ကတော့ ဘယ်နည်းနဲ့မှ တိုက်ဆိုင်တာ မဟုတ်တော့ပေ။

"ဒေါ်လေး, ဒီကောင်… မဟုတ်ဘူး, ဒီသခင်လေးဂျန်က…."

ဝမ်ရှန်းနန်ရေရွတ်လိုက်သည်။

ဝမ်ဟုန်ယောင် နောက်ထပ်ဖုံးကွယ်မထားတော့ပဲ ပြောလိုက်သည်။

"ဆေးပင်တွေနဲ့ပတ်သက်ရင် သခင်လေးဂျန်ရဲ့အရည်အချင်းက အရမ်းနတ်ဆိုးဆန်တယ်..."

"နင်အခုယုံပြီလား…."

ဝမ်ရှန်နန် အံ့အားသင့်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူမအဒေါ်တောင် ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်၏တည်ရှိမှုကို သတိမထားမိပေမယ့် ဂျန်ဖန်းကတော့အကြည့်တစ်ချက်ဖြင့် အတည်ပြုနိုင်ခဲ့သည်။

သူ့အရည်အချင်းကို နတ်ဆိုးဆန်တယ်ဟုပြောတာ လုံးဝမလွန်ပေ။

သူမအဒေါ် ဂျန်ဖန်းကို ဘာကြောင့် အရမ်းနှစ်သက်နေရလဲဆိုတာ သူမ နောက်ဆုံးမှာတော့ နားလည်သွားခဲ့သည်။

ဤကဲ့သို့ပါရမီရှင်မျိုးကို မည်သူက တန်ဖိုးမထားမည်နည်း။

ထိုစဉ်…

အသင်္ချေရတနာအဆောက်အဦးမှ တာဝန်ခံတစ်ဦးသတင်းကြားပြီး အပြေးရောက်လာခဲ့သည်။ သူက ဂျန်ဖန်းလက်ထဲရှိ ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ကို အလွန်အမင်းနောင်တရစွာဖြင့်ကြည့်နေခဲ့သည်။

ဂျန်ဖန်းဝတ်စုံကိုမြင်ပြီးနောက် တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်ဆိုတာ သိသွားပြီး ရွေးချယ်စရာမရှိတော့ပဲ လက်ခံရတော့ပေမည်။

သူက လက်ချင်းယှက်ကာပြောလိုက်သည်။

"သခင်လေး, ငါတို့က ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ကို ဈေးမြင့်မြင့်ပဲ ပြန်ဝယ်ဖို့ဆန္ဒရှိပါတယ်…"

"သလင်းကျောက်တစ်ထောင်, ဘယ်လိုသဘောရလဲ…"

တစ်ထောင်?....

ဂျန်ဖန်း ဒေါသတကြီးရယ်လိုက်ပြီး ပြောလိုက်သည်။

"ငါစိတ်ဝိညာဉ်ဂျင်ဆင်းကနေ ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ကို ထုတ်ယူနိုင်မှတော့ ဒါဘယ်လောက်တန်လဲမသိဘူးလို့မင်းထင်လား…."

တာဝန်ခံရှက်သွားပြီး ရယ်ကာ နောက်တစ်ကြိမ်ပြောလိုက်သည်။

"ဒါဆိုလည်း ရှစ်ထောင်…."

ပေါက်ဈေးက သလင်းကျောက်တစ်သောင်းပတ်လည်ရှိ၏။

ရှစ်ထောင်က အတော်လေးနည်း၏၊၊

သို့ပေမယ့် ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်က အနည်းငယ်သာဝယ်ယူလို့ရပြီး ရောင်းချဖို့အချိန်အတော်ကြာယူရတာပဲ ဖြစ်သည်။

ထို့ပြင် လေလံပွဲနီးနေပြီဖြစ်၍ စမ်းချောင်းဝါရေစင်အတွက် ပိုက်ဆံလိုသေး၏။

"ဂျူနီယာမောင်လေးဂျန်, ပစ္စည်းကောင်းတွေက အမြဲတမ်း ဈေးကောင်းရတယ်။ ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်က အတော်လေးရှားတော့ ဘာလို့လေလံမတင်ရမှာလဲ။ တန်ဖိုးက သေချာပေါက် သလင်းကျောက်တစ်သောင်းကို ကျော်သွားမှာ…."

ဂျန်ဖန်း စဉ်းစားနေတာမြင်တော့ ဝမ်ရှန်နန် အလျှင်အမြန်ရှေ့တက်ကာ တားလိုက်၏။

ထိုအရာက အဓိပ္ပာယ်ရှိသည်ဟု ဂျန်ဖန်းလည်းထင်၏။ ထို့ကြောင့် သူက ဝမ်းမြောက်ဝမ်းသာပဲ သဘောတူလိုက်သည်။

"ဒါနဲ့စကားမစပ်, ငါ့မှာ မင်းတို့လေလံအိမ်ကိုရောင်းဖို့ ပစ္စည်းအနည်းငယ်ရှိတယ်…."

"ကြိုက်မကြိုက်ကြည့်ကြည့်ပါလား…."

အို?....

ဝမ်ရှန်နန် အံ့အားသင့်သွား၏။

ဂျန်ဖန်းမှာ ပစ္စည်းကောင်းတွေရှိသေးသည်လား….

သို့ပေမယ့် သူက တပည့်တစ်ယောက်သာဖြစ်သည်။

သူ၏ထူးချွန်သည့်အရည်အချင်းကိုတွေးပြီး ဝမ်ရှန်နန် နောက်ထပ်ဘာမှမတွေးတော့ပဲ ပြောလိုက်သည်။

"ငါနဲ့ လေလံအိမ်ကိုလိုက်ခဲ့။ ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာ မဟုတ်ဘူး…."

သူမ၏ဦးဆောင်မှုနှင့်အတူ ဂျန်ဖန်းက လေလံအိမ်၏အဆင့်မြင့်အဖွဲ့ဝင်တွေယာယီနားနေသည့် တည်ခိုဆောင်ကို အလွယ်အတူပဲဝင်ရောက်လာခဲ့သည်။

လမ်းလျှောက်နေရင်းဖြင့်, ဝမ်ရှန်နန်က ရှင်းပြလိုက်သည်။

"လေလံအိမ်မှာ ဥက္ကဠတစ်ယောက်၊ ဒုဥက္ကဠနှစ်ယောက်နဲ့ ကြီးကြပ်ရေးမှူးခြောက်ယောက်ဆိုပြီး ရှိတယ်…."

"ငါက ဒုဥက္ကဠစုလက်အောက်မှာရှိတဲ့ ကြီးကြပ်ရေးမှူးသုံးယောက်ထဲက တစ်ယောက်ပဲ။ များသောအားဖြင့် ငါ့တာဝန်က အဓိကအင်အားကြီးအဖွဲ့တွေနဲ့ညှိနှိုင်းရတာ။ ပြီးတော့ ထိပ်တန်းအဆင့်ရတနာတွေကိုရှာရတာပေါ့…."

ဂျန်ဖန်း အနည်းငယ် ခေါင်းညိတ်လိုက်၏။

ဝမ်ရှန်နန် မျက်ခုံးတွေ စိုးရိမ်မှုကြောင့် တွန့်ခေါက်သွားခဲ့သည်။

"နောက်ပိုင်းမှာ ငါကောင်းကောင်းမလုပ်ဆောင်နိုင်တော့ပဲ အဆင့်မြင့်ရတနာတွေဘာတစ်ခုမှ မရှာနိုင်တော့ဘူး။ ဒုဥက္ကစုက ငါ့ကို အတော်လေးအပြစ်တင်နေတယ်…"

"ဒီတစ်ချိန် ချင်းယွမ်မြို့(တိမ်စိမ်းမြို့)ကိုရောက်တော့လည်း လေလံအိမ်ကိုတင်ပြဖို့ ငါသင့်တော်တဲ့ရတနာတစ်ခုရှာမတွေ့သေးဘူး…."

"ငါကြောက်မိတယ်…ဟူး…."

သူမက သက်ပြင်းအကြိမ်ကြိမ်ချနေပြီး သူမအနာဂတ်ကို အတော်လေး ရင်လေးနေခဲ့သည်။

ဂျန်ဖန်း နားလည်၏။

ဒုဥက္ကဠနှစ်ယောက်နှင့် ကြီးကြပ်ရေးမှူးခြောက်ယောက်ကြား၌ ပြိုင်ဆိုင်မှုဆိုတာ ရှိမှာပဲဖြစ်သည်။

ရတနာများများပိုရှာနိုင်သည့်လူက လေလံအိမ်မှာ အဆင့်အတန်း၊ အကျိုးအမြတ်၊ ဂုဏ်သိက္ခာ အစရှိတာတွေပိုရမှာပဲဖြစ်သည်။

သူက ရယ်ပြီးပြောလိုက်သည်။

"ငါ့မှာရှိတဲ့ပစ္စည်းတွေကို မင်း ဒုဥက္ကဠစုဆီ တင်ပြလိုက်ရင်, မင်းပြဿနာတွေအလွယ်လေးပြေလည်သွားမယ်လို့ငါယုံတယ်…."

ဝမ်ရှန်နန်က ဂျန်ဖန်း ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်အကြောင်းပြောနေသည်ထင်ပြီးပျော်ရွင်စွာ ပြန်ပြောလိုက်သည်။

"ပြဿနာတော့မရှိလောက်ပါဘူး…."

"ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်က သေချာပေါက်ရတနာတစ်ခုပဲ ဟာကို…"

"လာ, ငါနင့်ကို ဒုဥက္ကစုနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်….."

ထိုအချိန်, ဧည့်ခန်းတစ်ခု၌….

ဒုဥက္ကစုရှန်ချွမ်, ဝမ်ချန်းဂျန်နှင့် လျိုချင်းရှန်တို့ကို လက်ခံတွေ့ဆုံနေခဲ့သည်။

သူက အသက်ခုနှစ်ဆယ်လောက်ရှိပြီး မျက်လုံးတွေက သိမ်းငှက်တစ်ကောင်ကဲ့သို့ဖြစ်၏။ မျက်နှာက ဆောက်ဖြင့်ထွင်းထုထားသကဲ့သို့ဖြစ်ပြီး နှုတ်ခမ်းပါးတွေရှိကာ မျက်အိမ်တွေကအလွန်နက်၏။

သူ့ပုံစံက အလွန်ခက်ထန်သည့်အမူအရာကို ပေးစွမ်းနေ၏။

ထိုအရာက အမှန်တကယ်ပင်ဖြစ်သည်။

သူက လက်ဖက်ရည်ခွက်ကိုကိုင်ထားပြီး စားပွဲပေါ်က အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲအမြုတေကို ထူးမခြားနားစွာကြည့်ပြီး ပြောလိုက်သည်။

"သခင်လေးဝမ်, ဒါက ကောင်းကင်ဘုံစက်ယန္ဒရားခန်းမရဲ့ ကမ္ဘာလှည့်လေလံပွဲပါ။ ငါတို့က ထိပ်တန်းအဆင့်ရတနာတွေပဲလေလံတင်တယ်…."

"ဒီအခြေခံတည်ဆောက်ခြင်းအဆင့်သားရဲအမြုတေကိုသာလေလံတင်လိုက်ရင် ငါတို့လေလံအိမ်ရဲ့ဂုဏ်သတင်းကို နိမ့်ကျသွားစေလိမ့်မယ်…."

ဝမ်ချန်းဂျန်မျက်နှာ အနည်းငယ်တောင့်တင်းသွား၏။

သူက ထပ်ပေါင်းပြောလိုက်သည်။

"ဒုဥက္ကစု, ဒါက သာမန်အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲအမြုတေ မဟုတ်ပါဘူး…"

"ဒီနတ်ဆိုးသားရဲက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်တော့မယ့်သားရဲတစ်ကောင်ပါ။ အမြုတေကလည်း သာမန်အမြုတေတွေနဲ့မတူပါဘူး…"

စုရှန်ချွမ်း ထူးမခြားနားစွာ လက်ဖက်ရည်ကို စုပ်သောက်လိုက်သည်။

သူက ယဉ်ယဉ်ကျေးကျေးပဲပြောလိုက်သည်။

"အမြုတေဖွဲ့စည်းခြင်းအဆင့်နဲ့ အတော်လေးနီးကပ်တယ်၊ ဟုတ်လား…."

"ဒါပေမယ့် ဒါက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲမဟုတ်ဘူးလား…."

"သခင်လေးဝမ်,ကျေးဇူးပြုပြီး ဒါကို ဈေးထဲက ဆိုင်တစ်ဆိုင်မှာ သွားရောင်းလိုက်ပါ…."

"မင်းမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်သားရဲအမြုတေရှိတဲ့အခါကျရင် ပြန်လာခဲ့ပါ…."

ဝမ်ချန်းဂျန် ယုံကြည်မှုရှိစွာလာခဲ့ပေမယ့် စိတ်ပျက်အားလျှော့စွာ ပြန်ရတော့မည်ဖြစ်သည်။

အထူးသဖြင့် လျိုချင်းရှန်ရှေ့မှာဖြစ်သည်။

သူက အတော်လေး ရှက်နေခဲ့ပြီး တွန့်ဆုတ်စွာပြောလိုက်သည်။

"ဒီလိုဆိုမှတော့, ပြန်လိုက်ပါအုန်းမယ်…."

ခဏကြာသည့်အခါ သူက လာရင်းအကြောင်းကိစ္စကိုအမှတ်သွား၏။ သူတို့လာတာက လျိုချင်းရှန်အမြုတေဖွဲ့ဖို့အတွက် စိတ်ဝိညာဉ်ဆေးလုံးလာရှာတာပဲဖြစ်သည်။

သူက မေးလိုက်သည်။

"ဒါနဲ့စကားမစပ်, လက်ထောက်စု, ဒီသခင်မလေးက တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်ရဲ့သမီးလေ…"

"သူမက အခုလက်ရှိ အမြုတေဖွဲ့ဖို့စိတ်ဝိညာဉ်ဆေးလုံးလိုက်ရှာနေတာ…"

"ဒီလေလံပွဲမှာများ ရှိမလား…."

စုရှန်ချွမ်အမူအရာတင်းမာသွားပြီး ပြောလိုက်သည်။

"ဒါက လေလံပွဲရဲ့အတွင်းရေးသတင်းပဲ။ ဥက္ကဠက သတင်းမပေါက်ကြားစေဖို့မှာထားတယ်။ ငါပြောလို့မရဘူး…"

နောက်ထပ်တစ်ကြိမ်, သူတို့က အေးစက်စက်အဆက်ဆံခံလိုက်ရ၏။

ဝမ်ချန်းဂျန် နောက်ထပ်ပြောဖို့ မျက်နှာမရှိတော့ပေ။ သူက နတ်ဆိုးအမြုတေကိုဆုပ်ကိုင်ပြီး ပြောလိုက်သည်။

"ဂျူနီယာညီမလျို, သွားရအောင်…."

လျိုချင်းရှန်လည်း လက်လျော့လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

ဤဒုဥက္ကဠစုက ဆက်ဆံဖို့ တကယ်ခက်ခဲ၏။

မောက်မာပြီးကြမ်းတမ်းလှသည်။

ကြည့်ရတာ မည်သည့်အတွင်းရေးသတင်းကိုမှ ရဖို့မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူမလည်း ထွက်သွားဖို့ပြင်လိုက်၏။

သူမခါးကိုင်းလိုက်သည့်အခါ သူမရင်ဘတ်ထဲမှာနစ်မြုပ်နေသည့် အလွန်ကြီးမားသည့် လေပြင်းပုလဲထွက်လာပြီး ရင်ဘတ်ရှေ့မှာ လွဲယမ်းသွားခဲ့သည်။

သူမအလျှင်အမြန်ပဲ ထိုအရာကိုကိုင်လိုက်ပြီး ပြန်ထည့်ဖို့လုပ်လိုက်၏။

သို့ပေမယ့် တည်ငြိမ်စွာလက်ဖက်ရည်သောက်နေသည့်ဒုဥက္ကစုမျက်လုံးတွေ ရုတ်တရက် စူးရှသွားခဲ့သည်။ ထို့နောက်မတ်တပ်ရပ်ကာ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

"သခင်မလေးလျို, မင်းလည်းပင်ကပုလဲ ဒီလူအိုကြီးကို ခဏပြလို့ရမလား…"

လျိုချင်းရှန် တစ်ခဏ ကြောင်သွား၏။

ဂျန်ဖန်းပေးတဲ့လက်ဆောင်ကိုလား…

ထိုအချိန်က သူမဒေါသထွက်နေသည်ဖြစ်၍ ဂျန်ဖန်းပုလဲအကြောင်း ပြောတာတွေ ဘာတစ်ခုမှမကြားပေ။

သူမက တွေဝေစွာဖြင့်ထိုအရာကို ထုတ်ယူလိုက်ပြီး စုရှန်ချွမ်းကို ပေးလိုက်သည်။

စုရှန်ချွမ်း ပုလဲကို အနီးကပ်စစ်ဆေးလိုက်၏။

နောက်ဆုံး၌ စိတ်ဝိညာဉ်စွမ်းအင်အနည်းငယ်ထည့်သွင့်ကြည့်လိုက်သည့်အခါ ပုလဲမျက်နှာပြင်မှ အနက်ရောင်မီးခိုးငွေ့တွေထွက်ပေါ်လာခဲ့သည်။

စုရှန်ချွမ်မျက်ခွံ့တွေကျုံ့သွားပြီး သူ့အိုမင်းသည့်မျက်နှာက ပျော်ရွင်မှုကြောင့် တောက်ပလာခဲ့သည်။

လျိုချင်းရှန် ပိုလို့တောင် ပဟေဠိဖြစ်သွားခဲ့သည်။

"ဒုဥက္ကစု, ဒီပစ္စည်းက အတော်လေးတန်ဖိုးကြီးတာလား…."

စုရှန်ချွမ်း ပုလဲကို ပွတ်သပ်ကြည့်နေခဲ့သည်။

ထိုစကားကိုကြားသည့်အခါ, သူက ကြောင်အသွားပြီး အံ့အားသင့်သွားခဲ့သည်။

"မင်းက ဒါကိုဝတ်ထားပေမယ့် ဘာလဲဆိုတာမသိဘူးလား…."

All Chapters