← Chapters

တံခါးရှေ့လာပို့ခြင်း

Vol. 11 Ch. 153

တံခါးရှေ့လာပို့ခြင်း

Vol. 11 Ch. 153

လျိုချင်းရှန် ဇဝေဇဝါဖြစ်သွား၏။

သူမက သူမခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး ပြောလိုက်သည်။

"သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးတာပါ။ ဒါဘာလဲဆိုတာ ငါမေ့သွားပြီ…"

လက်ဆောင်?...

စုရှန်ချွမ်း အံ့အားသင့်သွား၏။

ထို့နောက်တစ်ခုခုကိုတွေးမိပြီး သူ့မျက်လုံးတွေတောက်ပသွား၏။

"သခင်မလေးလျို, မင်းရဲ့အဲ့ဒီသူငယ်ချင်းက အတော်လေးချမ်းသာပြီး ဆွေကြီးမျိုးကြီးထဲကနဲ့တူတယ်…."

ချမ်းသာပြီး ဆွေကြီးမျိုးကြီးထဲက….

ဂျန်ဖန်းကလား….

သူက အရင်းအမြစ်တောင်မရှိပဲ နတ်ဆိုးသားရဲတွေကို အမဲလိုက်ရတာလေ…

သူမက ခေါင်းခါယမ်းလိုက်ပြီး လေပြင်းပုလဲကို ပြန်ယူလိုက်သည်။ ထို့နောက် သူမလည်ပင်းမှာ ပြန်ဝတ်ဆင်လိုက်ပြီး ပြောလိုက်သည်။

"ဒုဥက္ကစု, ဒါက အတိအကျဘာများလဲ…"

စုရှန်ချွမ်း တွန့်ဆုတ်စွာဖြင့် လေပြင်းပုလဲကို ကြည့်လိုက်သည်။

အစောပိုင်းသူ၏မောက်မာမှုတွေလည်း ပြောင်းလဲသွားပြီး လက်ချင်းပွတ်ကာ ပြောလိုက်သည်။

"သခင်မလေးလျို, ဒါကို လေပြင်းပုလဲလို့ခေါ်တယ်…."

"သလင်းဖြူသားရဲရဲ့ မျက်လုံးလေ။ နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ရှိပြီး အတော်ရှားပါးတဲ့သားရဲတစ်ကောင်ပေါ့…."

"အသက်သွင်းလိုက်ရင် မင်းက ပျံလွားငှက်တစ်ကောင်လို လျှင်မြန်သွားလိမ့်မယ်။ အဲ့ဒါက အဆင့်မြင့်လှုပ်ရှားမှုနည်းလမ်းတစ်ခုကို ကျွမ်းကျင်ထားသလိုမျိုးပဲ…"

"ပေါက်ဈေးက သလင်းကျောက်တစ်သောင်းလောက်ရှိတယ်…"

ဘာ?...

လျိုချင်းရှန်၏ နှင်းဖြူရောင်လှပသည့်မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။ သူမက ကျောက်စိမ်းရောင်လေပြင်းပုလဲကိုကိုင်ထားပြီး အံ့အားသင့်စွာပြောလိုက်သည်။

"ဘယ်လောက်, သလင်းကျောက်တစ်သောင်း, ဟုတ်လား…."

သလင်းကျောက်တစ်သောင်း, သူမကဲ့သို့ ဂိုဏ်းချုပ်သမီးတစ်ယောက်အတွက်တောင် ထိုအရာက အလွန်များပြားသည့် ပမာဏဖြစ်သည်။

စုရှန်ချွမ်း လက်ဝှေ့ယမ်းလိုက်သည်။

"သလင်းကျောက်တစ်သောင်းဆိုတာ ပေါက်ဈေးကိုပြောတာ…"

"ဒါပေမယ့် ဒီပစ္စည်းက အဖိုးမဖြစ်နိုင်ဘူး။ လေလံသာတင်မယ်ဆိုရင် တစ်သောင်းကျော်မှာ အသေအချာပဲ…."

ဘာ?...

လျိုချင်းရှန် လေပြင်းပုလဲကို ထပ်ခါထပ်ခါကြည့်နေပြီး ယုံကြည်ဖို့ခက်ခဲနေခဲ့သည်။

"ဒုဥက္ကစု, နင်အမှတ်မမှားဘူးဆိုတာ သေချာလား…."

"ဒါက သာမန်လက်ဆောင်လေးတစ်ခုပါ။ ဘယ်လိုလုပ်ပြီး ဒီလောက်တန်ဖိုးကြီးတဲ့ရတနာဖြစ်နိုင်မှာလဲ…."

စုရှန်ချွမ်း အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

"မှားဖို့က မဖြစ်နိုင်ဘူး…."

"ကြည့်ရတာ သခင်မလေးလျိုက အဲ့ဒီသူငယ်ချင်းရဲ့ခွန်အားကို နားမလည်တာဖြစ်နိုင်တယ်…."

"သလင်းကျောက်တစ်သောင်းတန်တဲ့ပစ္စည်းကိုတောင် ပေါ့ပေါ့ပါးပါးပေးနိုင်တယ်ဆိုတော့ သာမန်လူမဖြစ်နိုင်ဘူး…."

လျိုချင်းရှန် စကားမပြောနိုင်ဖြစ်သွား၏။

ဂျန်ဖန်းက တကယ်ပဲ သူမကို တန်ဖိုးမဖြတ်နိုင်သည့်ရတနာတစ်ခု ပေးခဲ့၏။

ဤအရာကြောင့် သူမနှလုံးသားထဲမှာ မရေမတွက်နိုင်သည့် လှိုင်းကယက်တွေဖြစ်ပေါ်လာခဲ့သည်။

အကြောင်းပြချက်မရှိပဲ ဤကဲ့သို့တန်ဖိုးကြီးပစ္စည်းပေးတာ တစ်စုံတစ်ခုကို ဖော်ပြဖို့ကြိုးစားနေတာပဲဖြစ်သည်။

ထိုအရာကိုတွေးမိပြီး သူမနှလုံးသားက အပြင်းအထန်ခုန်ပေါက်လာခဲ့သည်။

"ဂျူနီယာညီမ, ညီမကို ဒါပေးလိုက်တာ ဘယ်စီနီယာများလဲ…."

ဝမ်ချန်းဂျန် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

ထင်ရှားသည့်အကြောင်းပြချက်မရှိပဲ မည်သူက သူမကို ဤကဲ့သို့တန်ဖိုးကြီးရတနာပေးမည်နည်း။

အကြီးအကဲတွေတောင် ထိုမျှလောက်ထိရက်ရောမည်မဟုတ်ပေ။

စုရှန်ချွမ်းလည်းပြုံးပြီး ပြောလိုက်သည်။

"သခင်မလေးလျို, အဲ့ဒီထူးခြားတဲ့ပုဂ္ဂိုလ်ကို ပြောပြပေးလို့ရမလား…."

လေပြင်းပုလဲက လတ်ဆတ်နေပြီး မကြာသေးခင်ကမှထုတ်ယူထားတာကို သူ သတိထားမိ၏။

ထိုအရာဟာ ထိုပုဂ္ဂိုလ်က သားရဲကို သတ်ထားတာ မကြားသေးဘူးဆို ညွှန်ပြနေ၏။

သူ့၌ နောက်ထပ်လေပြင်းပုလဲတစ်ခုရှိနိုင်ပြီး အလားတူတန်ဖိုးကြီး နတ်ဆိုးသားရဲပစ္စည်းတွေလည်းရှိနိုင်၏။

သူတို့မေးခွန်းတွေကြောင့် လျိုချင်းရှန် အသိပြန်ဝင်လာခဲ့သည်။

သူမဂျန်ဖန်းလျို့ဝှက်ချက်ကိုထိန်းသိမ်းဖို့ ငြင်းတော့မည့်အချိန်မှာပဲ….

သူမနေရာမှာပဲအေးခဲသွားခဲ့သည်။

ဂျန်ဖန်း အသက်သုံးဆယ်အရွယ်အမျိုးသမီးတစ်ယောက်နဲ့အတူ လျှောက်ဝင်လာပြီး စုရှန်ချွမ်းဆီတည့်တည့်မတ်မတ်လာနေခဲ့သည်။

အာ….

သူက သူ့ကိုယ့်သူ တံခါးရှေ့လာပို့သည်လား….

"ဒုဥက္ကဠစု…."

ဝမ်ရှန်နန်ပြန်ရောက်လာပြီး အတော်လေးရွင်မြူးတက်ကြွနေခဲ့သည်။

အစောပိုင်းပြုံးနေသည့် စုရှန်ချွမ်း ဝမ်ရှန်နန်ကိုမြင်သည့်အခါ မှုန်ကုတ်သွား၏။

သူက အေးစက်စွာမေးလိုက်သည်။

"မြို့ထဲမှာ အခြေအနေဘယ်လိုရှိလဲ…"

ဝမ်ရှန်နန် လက်ချင်းယှက်ကာပြောလိုက်သည်။

"တာဝန်ပြီးခဲ့ပါပြီ…"

"တကယ်လား…"

စုရှန်ချွမ်းမျက်ခုံးတွေမြင့်တက်သွားပြီးပြောလိုက်သည်။

"နင် ပစ္စည်းကောင်းတစ်ခုခုရှာတွေ့ခဲ့တာလား…."

"ငါ့ကိုပြစမ်းပါအုန်း…."

ဝမ်ရှန်နန် အလျှင်အမြန်ပဲ ဂျန်ဖန်းဘက်ကိုလှည့်လိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, ဒုဥက္ကဠစုကို ပြလိုက်ပါအုန်း…."

ဤတစ်ချိန်၌ စုရှန်ချွမ်း အသိအမှတ်ပြုမည်ဟု သူမယုံကြည်၏။ ထိုအရာက အခက်အခဲကိုအတော်လေးပြေလည်သွားစေမည်ပဲဖြစ်သည်။

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။ သူက သလင်းဖြူသားရဲပစ္စည်းတွေကို ချက်ချင်းမထုတ်ယူပေ။

အကြောင်းပြချက်အချို့ကြောင့် သူက စုရှန်ချွမ်အကြည့်မှ ဝမ်ရှန်နန်အားအထင်မြင်သေးလှောင်ပြောင်မှုကို ခံစားနေရ၏။

ထို့ကြောင့် သူက အရင်ဆုံးအခြေအနေကိုစမ်းသပ်ဖို့အတွက် ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ကိုသာ ထုတ်ယူလိုက်၏။

ထိုအရာကိုမြင်သည့်အခါ စုရှန်ချွမ်း အံ့အားသင့်သည့်အမူအရာတွေ ပြသလာခဲ့သည်။

"ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်? မဆိုးပါဘူး, မဆိုးပါဘူး… နင်က ပစ္စည်းကောင်းတစ်ခုခုရှာတွေ့ခဲ့သားပဲ…."

စုရှန်ချွမ်း ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ကိုယူပြီး ခဏကြာ ဂရုတစိုက်တန်ဖိုးဖြတ်ပြီး ပြောလိုက်သည်။

"ပြီးတော့သန့်စင်မှုကလည်းမြင့်တယ်။ အညစ်အကြေးမရှိဘူး…."

"ကြည့်ရတာ ဝိညာဉ်သခင်တစ်ယောက်က သန့်စင်ခဲ့တာနဲ့တူတယ်…"

"ဘယ်လိုပဲဖြစ်ဖြစ်, ဒါက ပစ္စည်းကောင်းတစ်ခုပဲ…."

ဟမ်?...

ဝမ်ရှန်နန် ထူးဆန်းသွား၏။

ဤပစ္စည်းကို မည်သူမှသန့်စင်ခဲ့တာမဟုတ်ပေ။ ဂျန်ဖန်းကိုယ်တိုင် သန့်စင်ခဲ့တာပဲဖြစ်သည်။

သို့ပေမယ့် ထိုထူးဆန်းမှုက သူမ၏ပျော်ရွင်နေသည့်စိတ်အခြေအနေကြောင့် အလျှင်အမြန်ပဲမေ့ပြောက်သွားခဲ့သည်။

သူမက မျှော်လင့်တကြီးမေးလိုက်သည်။

"ဒုဥက္ကဠစု, ဒါကို လေလံတင်လို့ရတယ်မလား…."

စုရှန်းနန်ခေါင်းညိတ်လိုက်၏။ ထို့နောက် ရုတ်တရက် အကြောင်းအရာပြောင်းကာ တံခါးဆီကိုလှမ်းခေါ်လိုက်၏။

"မုန့်ထျန်းထျန်း, ဒီကိုလာခဲ့…."

မကြာမီ, အနီရောင်ဝတ်စုံဝတ်ထားပြီး ဆွဲဆောင်မှုရှိသည့်အမျိုးသမီးတစ်ဦး အပြုံးတစ်ခုနှင့် ဝင်လာခဲ့သည်။ သူမက အပြုံးတစ်ခုနှင့် ဦးညွတ်အရိုအသေပေးလိုက်သည်။

"ဒုဥက္ကဠစု, ငါနင့်အတွက်ဘာများလုပ်ပေးရမလဲ…."

စုရှန်ချွမ်း လက်ထဲက ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ကို ခါယမ်းပြလိုက်သည်။

"မင်းကောင်းကောင်းလုပ်ခဲ့တာပဲ…."

"ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ကိုရှာတွေ့ခဲ့တယ်။ မင်းရဲ့အကျိုးဆောင်မှုကြီးအတွက် ကောင်းကောင်းဆုချရမယ်…."

"အသေးစိတ်ဆွေးနွေးဖို့ ဒီကသခင်လေးကိုခေါ်သွားလိုက်…."

ပြောပြီးနောက် သူက ဂျန်ဖန်းကို နွေးထွေးသည့်အပြုံးတစ်ခု ပြုံးပြလိုက်သည်။

လျိုချင်းရှန် အနည်းငယ်မျက်မှောင်ကြုတ်သွား၏။

အောင်မြင်မှုကိုခိုးယူသည်လား….

ဤအရာက သိုင်းပညာနယ်ပယ်မှာ ဖြစ်နေကြဖြစ်သော်လည်း ဤကဲ့သို့ပေါ်တင်ကြီးခိုးတာကတော့ အတော်ရှား၏။

ထိုအရာကြောင့် ဝမ်ရှန်းနန် သူမနားသူမ သံသယဖြစ်သွား၏။

"ဒုဥက္ကဠစု, သခင်လေးဂျန်ကိုခေါ်လာတာ ကျွန်မလေ…."

"ဘာလို့မုန့်ထျန်းထျန်းကို ဆုချရတာလဲ…."

စုရှန်းချွမ်း အေးစက်စွာပြန်ပြောလိုက်၏။

"မုန့်ထျန်းထျန်းက ကြယ်ငါးပွင့်ကြီးကြပ်ရေးမှူးအဖြစ်ရာထူးတို့ဖို့ အကျိုးဆောင်မှုအနည်းငယ်လိုနေတယ်…"

"မင်းက ကြယ်တစ်လုံးကြီးကြပ်ရေးမှူးလေ။ အကျိုးဆောင်မှုများတာနည်းတာက ဘာမှထူးလာမှာမဟုတ်ဘူး…."

ဘာ?....

ဝမ်ရှန်နန် နောက်ထပ်သည်းမခံနိုင်တော့ပေ။

ဤကဲ့သို့ကိစ္စမျိုးအရင်ကလည်း အကြိမ်များစွာ ဖြစ်ခဲ့ဖူး၏။ မဟုတ်လျှင် သူမက အချိန်အတော်ကြာကတည်းက ကြယ်နှစ်ပွင့်ကြီးကြပ်ရေးမှူးဖြစ်နေပြီဖြစ်သည်။

"ဒုဥက္ကဠစု, ငါသဘောမတူဘူး…."

စုရှန်ချွမ်း သူမကို ဂရုမစိုက်ပေ။

"သဘောမတူဘူး, ဟုတ်လား… ဟမ့်…"

"ဒါဆိုလည်းအဆင်ပြေပါတယ်၊ ငါ့မှာမင်းကိုပြောစရာရှိတယ်…."

"ငါ့အမိန့်ကိုမနာခံတဲ့လူတွေကို ငါ့လက်အောက်မှာမထားဘူး…."

"မင်းကိုငါ့လက်အောက်ကနေလွှဲပြောင်းဖို့ ဥက္ကဠကို လျှောက်တင်ပြီးသွားပြီ…."

"ဥက္ကဠကလည်းသဘောတူတယ်။ မင်းကို ဒုဥက္ကဠချန်းလက်အောက်ပို့လိုက်တဲ့။ အခုကစပြီး မင်းက ငါ့ရဲ့ကြီးကြပ်ရေးမှူးမဟုတ်တော့ဘူး…."

"မင်းမှာမကျေနပ်တာရှိရင် ဒုဥက္ကဠချန်းကို သွားပြောနိုင်တယ်…."

ဘာ?...

သူမကို ဒုဥက္ကဠချန်းဆီ တိုက်ရိုက်လွဲပြောင်းလိုက်သည်လား…

ဒုဥက္ကဠချန်းက အမြဲတစေ စွမ်းဆောင်ရည်ညံ့ဖျင်းသူဖြစ်၍ ထိုအရာက သူမအနာဂတ်ကိုနင်းခြေပစ်လိုက်တာနှင့်အတူတူပဲဖြစ်သည်။

ပိုပြီးဒေါသထွက်စရာကောင်းတာက သူမက အပြောင်းခံရရုံတင်မက မပြောင်းခင် သူမအကျိုးဆောင်မှုပါ အခိုးခံခဲ့ရ၏။

သို့ပေမယ့် သူမက ကြီးကြပ်ရေးမှူးတစ်ယောက်သာဖြစ်သည်။

ဘယ်လောက်ပဲမကျေနပ်ဖြစ်နေပါစေ, သူမမပြောရဲပေ။

သူမမျက်ရည်တွေကိုထိန်းထားပြီး ဒေါသဖြင့်ထွက်ခွာသွားဖို့သာတတ်နိုင်၏။

ဂျန်ဖန်း အေးစက်စွာကြည့်နေခဲ့သည်။

သူက ချက်ချင်းပဲ စုရှန်ချွမ်းလက်ထဲက ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ကိုပြန်ယူလိုက်ပြီး ဝမ်ရှန်းနန်နောက်ကို လိုက်သွား၏။

"စီနီယာအမဝမ်, နေပါအုန်း…"

ဤစုရှန်းချွမ်းစိတ်ဓာတ်က တကယ်ကိုမေးခွန်းထုတ်စရာဖြစ်သည်။

လေလံတင်သည့်ပစ္စည်းတွေကိုလည်း အလွဲသုံးစားလုပ်ခံရမှာ ဂျန်ဖန်းစိုးရိမ်၏။

ထို့ပြင် ဝမ်ရှန်နန်က ဝမ်ဟုန်ယောင်တူမဖြစ်၏။

ဝမ်ဟုန်ယောင်ကိုလေးစားသည့်အနေဖြင့် သူက ဝမ်ရှန်းနန်ကို ထောက်ပံ့ပေးရမည်ဖြစ်သည်။

"ငါမင်းနဲ့အတူ ဒုဥက္ကဠချန်းဆီသွားမယ်…."

သူက သားရဲဘုရင်ပစ္စည်းအချို့သုံးပြီး ဝမ်ရှန်နန် အကြီးအကဲအသစ်ဆီမှာ ခြေကုတ်ယူနိုင်အောင်ကူညီပေးဖို့စီစဉ်ထား၏။

ဝမ်ရှန်နန် အကြီးအကျယ်နှစ်သိမ့်ပေးမှုကိုခံစားလိုက်ရပြီး ငိုသံပါပါဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်, ဂျူနီယာမောင်လေးဂျန်…."

မုန်ထျန်းထျန်း, သူမအဖိုးတန်ဆုလဒ်ထွက်သွားတော့မှာကိုမြင်သည့်အခါ အလျှင်အမြန်ရှေ့တက်လာပြီး ဂျန်ဖန်းလက်မောင်းကို ရင်းနှီးစွာဆုပ်ကိုင်ထားလိုက်သည်။

သူမလုံးဝန်းကြီးမားသည့်ရင်ဘတ်က ဂျန်ဖန်းလက်မောင်းကိုပွတ်သပ်နေခဲ့ပြီး ငြူတူတူဖြင့်ပြောလိုက်သည်။

"သခင်လေးဂျန်, ဒီကိစ္စကိုသေချာလေးဆွေးနွေးရအောင်လေ…."

"ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်က ဘယ်သူပဲရရ လေလံတင်ရမှာပဲလေ…"

"သီးသန့်တစ်နေရာရာသွားပြီး အေးအေးဆေးဆေးစကားပြောရီရအောင်လေ။ ဘယ်လိုလဲ…"

သူမက ဖြားယောင်းသွေးဆောင်သောအသံဖြင့် ပြောလိုက်သည်။

"အရှက်မရှိလိုက်တာ…."

ဂျန်ဖန်းစိတ်ပျက်သွား၏။ သူက သူ့ခန္ဓာကိုယ်ကိုခါယမ်းလိုက်ပြီး သူမကို မြေပြင်ပေါ်ပြုတ်ကျသွားစေခဲ့သည်။

သူမ နာကျင်စွာ ငြီးညူလိုက်ရ၏။

"ရိုင်းစိုင်းတဲ့တစ်ယောက်ကမင်းပဲ…."

စုရှန်းချွမ်း အလျှင်အမြန်ပဲ မုန့်ထျန်းထျန်းကိုထူပေးလိုက်ပြီး ဂျန်ဖန်းကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

"ငါ,စုရှန်းချွမ်းက ကြင်နာမှုပြတဲ့အနေတဲ့ မင်းရဲ့ ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ကို လက်ခံပေးတာ…."

"ဒါပေမယ့်မင်းက ကျေးဇူးမသိတတ်ဘူး…."

"ငါသလင်းဖြူသားရဲပိုင်ရှင်ကိုဆက်သွယ်နိုင်တဲ့အချိန်ကျရင် မင်းရဲ့ ကောင်းကင်တုန်လှုပ်ချင်းအမှုန့်က လေလံတင်ဖို့တောင်အရည်အချင်းပြည့်မှီတော့မှာမဟုတ်ဘူး…."

ဂျန်ဖန်း တစ်ခဏကြောင်အသွား၏။

လျိုချင်းရှန်လည်ပင်က လေပြင်းပုလဲကိုသတိထားမိသည့်အခါ သူ ရုတ်တရက် နားလည်သွားခဲ့သည်။

သူက အဓိပ္ပာယ်ပါပါပြောလိုက်သည်။

"မလိုပါဘူး…."

"မင်းသူ့ကို ဆက်သွယ်နိုင်မှာမဟုတ်ဘူး…."

ပြောပြီးနောက်, သူက ဒုဥက္ကဠချန်းကိုတွေ့ဖို့ ဝမ်ရှန်နန်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

စုရှန်နန် ဂျန်ဖန်းနောက်ကျောကို ဒေါသတကြီးစိုက်ကြည့်ပြီး ရေရွတ်လိုက်သည်။

"စေတနာကိုတန်ဖိုးမထားတတ်ဘူးပဲ…"

"အရည်အချင်းမရှိတဲ့ ဒုဥက္ကဠချန်းကပဲ မင်းရဲ့ကောင်းကင်တုန်ခါခြင်းအမှုန့်ကို အထင်ကြီးလိမ့်မယ်…."

"ဒီနေရာမှာ ပစ္စည်းကောင်းတွေက မြေပြင်ပေါ်ကဖုန်မှုန့်တွေလိုပဲ…."

သူက အကြိမ်များစွာအသက်ရူလိုက်ပြီး သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်သည်။

ထို့နောက် နောက်တဖန်ပြုံးလိုက်ပြီး ရိုးသားစွာပြောလိုက်သည်။

"သခင်မလေးလျို, ကျေးဇူးပြုပြီး မင်းကိုလက်ဆောင်ပေးတဲ့လူထူးဆန်းကို ပြောပြပါ…."

"သူ့ကိုဖိတ်ခေါ်ပြီး ငါ့ရဲ့လေးစားမှုကိုပြချင်လို့ပါ။ ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေးတစ်ခုလောက်ပေးပါ…."

လျိုချင်းရှန်းမျက်နှာက အေးစက်နေပြီဖြစ်သည်။

ဂျန်ဖန်းကိုဖြားယောင်းသွေးဆောင်ဖို့ကြိုးစားပြီး မအောင်မြင်သည့်အခါ ကျိန်ဆဲနေ၏။

စုရှန်းချွမ်း၏တောင်းဆိုမှုကိုကြားသည့်အခါ….

သူက မနေနိုင်ပဲ ပျော်ရွင်စွာပြုံးလိုက်မိ၏။

"အဲ့ဒီထူးဆန်းတဲ့လူကလား…."

"သူက ခုလေးတင်ထွက်သွားပြီမဟုတ်ဘူးလား…."

All Chapters