ကျေးဇူးပြုပြီးပြန်လာခဲ့ပါ
Vol. 11 Ch. 154
ခုလေးတင်ထွက်သွားသည်လား…
စုရှန်ချွမ်း တစ်ခဏကြာအေးခဲသွား၏။
စောနက ဝမ်ရှန်နန်နှင့်သူမခေါ်လာသည့် တိမ်စိမ်းဂိုဏ်းတပည့်သာ ရှိတာမဟုတ်ဘူးလား….
ခဏနေအုန်း…
သူက အံ့အားသင့်စွာပြောလိုက်သည်။
"မင်းလည်ပင်းက လေပြင်းပုလဲကို သခင်လေးဂျန်ပေးခဲ့တာလား…."
သူ၏တုန်လှုပ်နေသည့်အမူအရာကိုမြင်သည့်အခါ လျိုချင်းရှန် အနည်းငယ်ကျေနပ်မှုကိခံစားလိုက်ရသည်။
စနောက်သည့်လေသံဖြင့်ပြောလိုက်သည်။
"ဒုဥက္ကဠစု, နင်က တန်ဖိုးကြီးရတနာတွေရှိတဲ့ဖောက်သည်ကို ဒုဥက္ကဠချန်းဆီပေးပစ်လိုက်လိုက်တာပဲ…."
ပြောပြီးနောက် သူက အဖြူရောင်လည်တိုင်ကျော့ကျော့လေးကိုမော့ကာ ကြီးမားသည့်အပြုံးတစ်ခုနှင့် ထွက်ခွာသွားခဲ့သည်။
ဝမ်ချန်းဂျန်မျက်နှာ မဲမှောင်သွား၏။
ထိုလေပြင်းပုလဲကို အမှန်တကယ်ပဲ ဂျန်ဖန်းက ပေးခဲ့သည်လား….
"သူက ဒါကိုဘယ်ကရတာလဲ…."
"တစ်ယောက်ယောက်သူ့ကိုပေးတာပဲဖြစ်ရမယ်။ သူက ဘယ်လိုလုပ်ပြီး သလင်းဖြူသားရဲကိုသတ်နိုင်မှာလဲ…"
ထိုစဉ်…
ဝမ်ရှန်နန် နီရဲနေသည့်မျက်လုံးတွေဖြင့် ဒုဥက္ကဠချန်းနေရာကို ရှက်ရွံ့စွာရောက်ရှိလာခဲ့သည်။
ဒုဥက္ကဠချန်းက အသက်ငါးဆယ်အရွယ် လှပသည့်အမျိုးသမီးတစ်ယောက်ဖြစ်၏။ လူအတိုင်းပင် ချန်းလျိုယွဲ့ဆိုသည့်နာမည်လှလှလေးလည်းရှိ၏။
အရည်အချင်းနှင့် လူမှုဆက်ဆံရေးများတွင် သူမက ဒုဥက္ကဠစုထက် အတော်လေးနိမ့်ကျသည်။
ထို့ကြောင့် နေရာအမျိုးမျိုးမှာလှည့်လည်ကျင်းပခဲ့သည့် လေလံပွဲများ၌ ဒုဥက္ကစုက တန်ဖိုးကြီးလေလံပစ္စည်းများစွာကို အလွယ်တကူစုဆောင်းနိုင်၏။
တစ်ဖက်မှာတော့ သူမက နည်းနည်းသာ စုဆောင်းနိုင်တာဖြစ်သည်။
သူမက သူမကံကြမ္မာကိုအချိန်အတော်ကြာကတည်းက လက်ခံထားပြီးပြီဖြစ်သည်။
ဤအချိန်မှာ သူမက သူမ၏ကြီးကြပ်ရေးမှူးနှစ်ယောက်ကို ညွှန်ကြားနေခဲ့သည်။
"အားလန်, နင်က အပူပင်မဲ့တောင်ထိပ် အကြီးအကဲကျောက်ဆီအလည်သွားလိုက်။ ငါသူနဲ့အကြိမ်အနည်းငယ်တွေ့ဖူးတယ်။ လေလံပွဲအတွက်ပစ္စည်းတစ်ခုခုများရှိမလားလို့ သူ့ကိုငါ့ကိုယ်စားမေးလိုက်ပါ…"
"ရှောင်ချွမ်း, နင်က လျိုမိသားစုဆီသွားလိုက်။ သူတို့က မြို့ထဲမှာ မိသားစုကြီးတစ်ခုပဲ။ တန်ဖိုးကြီးရတနာတွေတော့ရှိမှာပဲ…"
ကြီးကြပ်ရေးမှူးရှောင်ချွမ်း အခက်တွေ့သွား၏။
"ဒုဥက္ကဠချန်း, လျိုမိသားစုကို ယွင်အာဆက်သွယ်ပြီးပါပြီ။ သူတို့မိသားစုအမွေအချို့ကို လေလံတင်ဖို့ ဆန္ဒရှိတယ်တဲ့…"
"ဒါပေမယ့် သူမကို ဒုဥက္ကစုဆီလွဲပြောင်းလိုက်ပါပြီ။ ငါ နောက်တစ်ကြိမ်ထပ်သွားရင် သူတို့ဧည့်မခံလောက်တော့ဘူး…."
ထိုစဉ်…
ဝမ်ရှန်နန်ရောက်လာခဲ့သည်။ သူမက အလွန်စိတ်လှုပ်ရှားနေပြီး တံခါးဝကနေ အရိုအသေပေးလိုက်သည်။
"ဒုဥက္ကဠချန်း, လက်အောက်ငယ်သားဝမ်ရှန်နန် အစီရင်ခံပါတယ်…"
ထိုအရာကိုကြားသည့်အခါ အားလန်နှင့် ရှောင်ချွမ်း နှုတ်ခမ်းဆူလိုက်ကြသည်။
"ဒုဥက္ကဠစုက အရမ်းလွန်တာပဲ…."
"ငါတို့ဆရာလက်အောက်က အတော်ဆုံးလူဖြစ်တဲ့ ယွင်အာကိုကြခေါ်သွားတယ်။ ပြန်ပေးတော့ကျ သူ့လက်အောက်က အညံ့ဆုံးလူပြန်ပေးတယ်…."
"လာမယ့်ငါတို့ရဲ့နေ့ရက်တွေကတော့ ပိုခက်ခဲတော့မှာပဲ…."
ချန်းလျိုယွဲ့၏ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိသည့်မျက်နှာလေးမှာလည်း အကူအညီမဲ့သည့်အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့သည်။
သူမဘာလုပ်နိုင်မည်နည်း။ စုရှန်းချွမ်းက ပိုအတွေ့အကြုံရှိပြီး ဥက္ကဠက သူကို အရာရာမှာပိုသဘောကျ၏။
"ဝင်လာခဲ့…."
ဒုဥက္ကဠစုချန်း သက်ပြင်းချလိုက်သည်။
သူမက ဝမ်ရှန်နန်ကို အပြစ်မတင်ပေ။
ကြီးကြပ်ရေးမှူးလွဲပြောင်းတာက ဝမ်ရှန်နန်ကိုင်တွယ်နိုင်တာကို ကျော်လွန်နေပြီဖြစ်သည်။
ဝမ်ရှန်နန်သတိထားပြီး လျှောက်ဝင်လာခဲ့သည်။ အခြားကြီးကြပ်ရေးမှူးနှစ်ယောက်ဆီမှအလိုမကျမှုကိုခံစားမိသည့်အခါ သူမ အောင်မြင်မှုအချို့ယူလာရမယ်ဆိုတာ သဘောပေါက်လိုက်၏။
မဟုတ်လျှင် အနာဂတ်မှာ သူတို့လက်ခံမှုရဖို့ခက်ခဲပြီပဲဖြစ်သည်။
"ဒုဥက္ကဠချန်း, ကျွန်မဧည့်သည်တစ်ယောက်ခေါ်လာတယ်။ သူမှာလေလံတင်ဖို့ပစ္စည်းအချို့ရှိတယ်----"
အို?...
ချန်းယွဲ့ချိုမျက်လုံးတွေတောက်ပသွား၏။
သို့ပေမယ့် အလျှင်အမြန်ပဲ ပြန်တည်ငြိမ်သွားပြီး မျက်လုံးမှေးလိုက်သည်။
ဝမ်ရှန်နန် ထိုပုဂ္ဂိုလ်ကို စုရှန်းချွမ်းဆီအရင်ခေါ်သွားမှာ သိသာလှ၏။
သူ့ရတနာသာ အမှန်တကယ်တန်ဖိုးရှိလျှင် ဘယ်လိုလုပ်ပြီး စုရှန်ချွမ်းက အလွတ်ပေးမည်နည်း။
အဖြစ်နိုင်ဆုံးက စုရှန်ချွမ်း ထိုအရာကို အကျိုးမရှိဘူးဟု သတ်မှတ်လိုက်တာဖြစ်၏။
ထို့နောက် ဝမ်ရှန်နန်က ကံစမ်းကြည့်ဖို့ ဤနေရာကိုခေါ်လာပြီး သူမ တန်ဖိုးတစ်ခုခုရှာတွေ့ဖို့ မျှော်လင့်နေတာပဲဖြစ်သည်။
ထိုအရာကိုတွေးမိသည့်အခါ သူမစိတ်ဝင်စားမှုတွေ ဆုံးရှုံးသွားခဲ့သည်။
သူက ထိုပစ္စည်းကို တန်ဖိုးမဖြတ်ချင်တော့ပေ။
ဝမ်ရှန်နန်ရှက်သွားမှာစိုးသည့်အတွက် သူမက ပြောလိုက်သည်။
"သူ့ကိုအထဲခေါ်လိုက်ပါ…."
ဝမ်ရှန်းနန်ချက်ချင်းပဲ တံခါးအပြင်ဘက်က ဂျန်ဖန်းကို အကြောင်းကြားလိုက်သည်။
ဂျန်ဖန်း လျှောက်ဝင်လာပြီး လက်ချင်းယှက်ကာပြောလိုက်သည်။
"ငါက ဂျန်ဖန်းပါ။ ဒုဥက္ကဠချန်းကို နှုတ်ဆက်ပါတယ်…."
ဝင်ရောက်လာသူကိုကြည့်လိုက်သည့်အခါ တပည့်အငယ်တစ်ယောက်ဖြစ်နေပြီး သူမထင်မြင်ချက်ကို အတည်ပြုပေးလိုက်သည်။
စိတ်မဝင်စားစွာဖြင့် သူမက မေးလိုက်သည်။
"သခင်လေးဂျန်, မင်းက ငါတို့လေလံပွဲမှာ ဘာစ္စည်းလေလံတင်ချင်တာလဲ…"
ဂျန်ဖန်း ချန်းလျိုယွဲ့၏စိတ်ဓာတ်ကိုစမ်းသပ်ဖို့ ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ကို ထုတ်ယူလိုက်သည်။
ချန်းလျိုယွဲ့အမြင်က စုရှန်ချွမ်းထက်မနိမ့်ပေ။
အကြည့်တစ်ချက်ဖြင့် သူမက ထိုအရာကို မှတ်မိသွားခဲ့သည်။
သူမက ချက်ချင်းပဲတက်ကြွလာပြီး အံ့အားသင့်သည့်အမူအရာတွေပြသလာခဲ့သည်။
"ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်? ပြီးတော့ အတော်လေးလဲသန့်စင်တယ်။ ဒါက ရှားပါးပစ္စည်းတစ်ခုပဲ…."
"အားလန်, သခင်လေးဂျန်အတွက် လက်ဖက်ရည်မြန်မြန်ယူလာခဲ့…."
အားလန် အလျှင်အမြန်ပဲ ဂျန်ဖန်းအတွက် လက်ဖက်ရည်ယူပေးလိုက်၏။
ဝမ်ရှန်နန်ကိုကြည့်သည့်သူမအကြည့်တွေကလည်း နောက်ထပ်အထင်သေးမှုတွေမရှိတော့ပေ။
ဝမ်ရှန်နန် စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
သူမက ဂျန်ဖန်းကို အတော်လေးကျေးဇူးတင်နေခဲ့သည်။ သူ့ထောက်ပံ့မှုကြောင့်သာမဟုတ်လျှင် ယနေ့ အတော်လေးအရှက်ကွဲပြီပဲဖြစ်သည်။
"ကျေးဇူးပြုပြီးထိုင်ပါ, သခင်လေးဂျန်…"
ချန်းလျိုယွဲ့ ဂျန်ဖန်းကို နွေးထွေးစွာနှုတ်ဆက်ပြီး မေးလိုက်သည်။
"သခင်လေးစိတ်ထဲမှာ ဈေးဘယ်လောက်မှန်းထားလဲ…."
ဂျန်ဖန်း ပြောလိုက်သည်။
"တစ်သောင်း…"
ချန်းလျိုယွဲ့ ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ကို တစ်ခဏကြာ ဂရုတစိုက်စစ်ဆေးပြီး ပြောလိုက်သည်။
"နည်းလွန်းတယ်။ ဒီပစ္စည်းက သောင်းနှစ်ထောင်၊ သောင်းသုံးထောင်လောက်ရလိမ့်မယ်…"
"သခင်လေး ကျွန်မကိုယုံရင်, ဒီပစ္စည်းကိုလေလံတင်ဖို့ ကျွန်မစီစဉ်ပေးပါ့မယ်…."
"ဒါ့အပြင် ဝန်ဆောင်ခကိုလည်း အနည်းငယ်လျော့ပေးပါ့မယ်…."
သူမ၏ ရိုးသားသည့်အမူအရာကိုမြင်သည့်အခါ ဂျန်ဖန်း စိတ်သက်သာယာရသွား၏။
သူက သူမဆီကို သားရဲဘုရင်ပစ္စည်းတွေ လွဲအပ်လို့ရပြီပဲဖြစ်သည်။
ထိုအခိုက်အတန့်၌…
စုရှန်ချွမ် စိုးရိမ်တကြီး အပြေးရောက်လာခဲ့သည်။
"သခင်လေးဂျန်, သခင်လေးဂျန်…."
သူက ရေးကြီးသုတ်ပြာဖြင့် အမောတကောပြောလိုက်သည်။
"ငါတို့ဒါကို ဆွေးနွေးလို့ရပါတယ်။ သေချာလေး ဆွေးနွေးကြရအောင်…."
ဂျန်ဖန်း ထူးမခြားနားစွာ ပြောလိုက်သည်။
"ငါတို့ ဘာမှဆွေးနွေးစရာမရှိတော့ဘူး…."
"ငါက စီနီယာအမဝမ်ကို ထောက်ပံ့ပေးချင်တယ်။ ဒါကြောင့်ပဲ လေလံအိမ်ကိုရောက်လာတာ…."
"သူမသွားတဲ့ဘယ်နေရာမဆို ငါသွားမယ်…."
စုရှန်ချွမ်း နောင်တအကြီးအကျယ်ရသွား၏။
ဝမ်ရှန်နန်သာ ဖောက်သည်အကြီးကြီးတစ်ယောက် ခေါ်လာမှန်းသိလျှင် သူ သူမကို ဘာအတွက်မှ အခြားပို့မည်မဟုတ်ပေ။
သူက အလျှင်အမြန်ပဲ ပြောလိုက်သည်။
"ဒါဆို ငါ သူမကို ချက်ချင်း နေရာပြန်ပြောင်းပေးဖို့ ဥက္ကဠကို သွားမေးလိုက်ပါ့မယ်…."
"သခင်လေးဂျန် ငါ့ကိုအခွင့်အရေးတစ်ခုပေးဖို့ တောင်းဆိုပါတယ်…"
ဘန်း!
ချန်းလျိုယွဲ့ နောက်ထပ်သည်းမခံနိုင်တော့ပေ။
သူမက လက်ဖြင့် စားပွဲကိုရိုက်လိုက်သည်။
"စုရှန်ချွမ်း, နင်အရမ်းလွန်မလာနဲ့နော်…."
"ဒါက ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်လေးပဲကိုး, ဒီလောက်ထိလုပ်စရာလိုလို့လား…."
အတိတ်၌ သူမက သူအာဏာပြတာကို သည်းခံခဲ့၏။
ဤတစ်ချိန်၌ သူက သူမ၏အတော်ဆုံးလက်ထောက်ကို ခေါ်သွားပြီး သူ၏အညံ့ဆုံးလက်ထောက်ကို ပြန်ပို့ခဲ့၏။
ယခုလည်း ထိုလက်ထောက်ယူလာသည့် အကျိုးပြုမှုအနည်းငယ်လေးကို စုရှန်ချွမ်းက ပြန်လိုချင်နေခဲ့သည်။
သူက သူမ,ချန်းလျိုယွဲ့ကိုဘာလို့ထင်နေသနည်း။
သူမ ခံအပြင်းဆုံးက ဝမ်ရှန်ယူလာတာက ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်လေးသာဖြစ်သည်။
ထိုအရာက တန်ဖိုးရှိသော်လည်း အဖိုးမဖြတ်နိုင်သည့်ရတနာတစ်ခုတော့မဟုတ်ပေ။
ထိုကဲ့သို့အောင်မြင်မှုမျိုးကို လုယူစရာလိုသည်လား….
စုရှန်ချွမ်း တိတ်တဆိတ် ခံစားသွားရ၏။
ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်အနည်းငယ်ဖြင့် ထိုမျှလောက် ရေးကြီးခွင်ကျယ်လုပ်စရာမလိုပေ။
သူ့ရည်ရွယ်ချက်က ဂျန်ဖန်းလက်ထဲမှာရှိသည့် သားရဲဘုရင်ပစ္စည်းတွေပဲဖြစ်သည်။
ထို့ကြောင့် သူက နှိမ့်ချစွာပြောလိုက်သည်။
"ဒုဥက္ကဠချန်း, ဒီတစ်ကြိမ် ငါမှားသွားတာပါ…."
"ဒီလိုဆိုရင်ကောဘယ်လိုလဲ, ငါ မင်းအကောက်ထဲကို ရတနာအချို့ လွဲပြောင်းပေးမယ်လေ…."
"မင်းက ငါဝမ်ရှန်နန်ကို ပြန်ခေါ်တာ ခွင့်ပြုပေးရုံလေးပဲ…."
ချန်းလျိုယွဲ့မျက်နှာ တင်းမာနေဆဲဖြစ်သည်။
ဤအရာက အကျိုးအမြတ်ကိစ္စတစ်ခုမဟုတ်ပေ။
သူမ၏ ဂုဏ်သိက္ခာနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်သည်။
ထိုအချိန်၌ ဝမ်ရှန်နန်လည်း ဝင်ပြောပြီး တောင်းဆိုလိုက်၏။
"ဒုဥက္ကဠချန်း ကျွန်မပြန်မသွားချင်ဘူး။ ကျေးဇူးပြုပြီး သဘောမတူလိုက်ပါနဲ့…."
မြင်းကောင်းတစ်ကောင်းက စားကျက်ဟောင်းကို ပြန်သွားရိုးထုံစံမရှိပေ။
ထို့ပြင်, သူမသာပြန်သွားလိုက်လျှင် သူမအစွမ်းအစတွေကို ထုတ်ပြခွင့်ရမည်မဟုတ်ပေ။
သူမက မုန့်ထျန်းထျန်းအတွက် မင်္ဂလာဝတ်စုံချုပ်ပေးရုံသာ ဖြစ်မည်ဖြစ်သည်။
သူမစိုးရိမ်နေတာကြောင့် ချန်းလျိုယွဲ့ နောက်ဆုံးမှာ စုရှန်ချွမ်းကို ငြင်းလိုက်ပြီး အမူအယာကင်းမဲ့စွာပြောလိုက်သည်။
"ရှန်းနန်က အခုလေးမှငါ့လက်အောက်ကိုရောက်တာ၊ သူမကို ပြန်ပြောင်းပေးဖို့က အဓိပ္ပာယ်မရှိဘူး…."
"ကောင်းပြီ, ငါဧည့်သည်ကိုဧည့်ခံရအုန်းမယ်။ ဒုဥက္ကဠစုကို လိုက်မပို့တော့ဘူး…."
စုရှန်ချွမ်းမျက်နှာတင်းမာသွား၏။
"ဒုဥက္ကဠချန်း, မင်းတကယ်ပဲ ငါ့ကို မျက်နှာသာမပေးဘူးပေါ့…"
ဟမ်?....
ချန်းလျိုယွဲ့ နူးညံ့သည့်မျက်ခုံးလေးတွေ တွန့်ခေါက်သွား၏။
တကယ်ပဲ ဘာတွေဖြစ်နေသနည်း။
စုရှန်ချွမ်းက ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်လေးအတွက် တကယ်ပဲ သူမနှင့် ရန်သူလုပ်တော့မည်လား….
ထိုအရာက ထိုက်တန်ရဲ့လား…
အရာအားလုံးကိုမြင်ပြီးနောက် ချန်းလျိုယွဲ့က ယုံကြည်ရသည်ဟု ဂျန်ဖန်း ဆုံးဖြတ်လိုက်၏။
သူက အထုတ်သေးလေးတစ်ခုကို ထုတ်ယူပြီး ပြောလိုက်သည်။
"ဒုဥက္ကဠချန်း, ငါ့မှာပစ္စည်းအချို့ရှိသေးတယ်။ လေလံတင်ဖို့ ကူညီပေးပါအုန်း…."
ချန်းလျိုယွဲ့ အံ့အားသင့်သွား၏။
နောက်ထပ်ပစ္စည်း?....
ဘာကြောင့် ဝမ်ရှန်နန်က ထိုအကြောင်းမပြောရသနည်း။
သူမက ဝမ်ရှန်းနန်ကို ကြည့်လိုက်၏။ ဝမ်ရှန်န်က ပိုလို့တောင် စိတ်ရှုပ်ထွေးပုံ ပေါ်နေ၏။
သို့ပေမယ့် ဂျန်ဖန်း ဤပစ္စည်းကို ပထမဆုံးမပြတာတွေးပြီး တန်ဖိုးက ကောင်းကင်တုန်လှုပ်ခြင်းအမှုန့်ထက် နည်းနိုင်တာဖြစ်သည်။
သူမက အနည်းငယ် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ, ဖွင့်လိုက်ပါ, ကြည့်ကြည့်ရအောင်…."
လူတိုင်း၏ အာရုံစိုက်မှုအောက်မှာပဲ, ဂျန်ဖန်း အထုတ်ကို ဖွင့်လိုက်သည်။
တောက်ပသည့်အစိမ်းရောင်အလုံးတစ်ခု---
မြင်ကွင်းထဲကို ပေါ်လာခဲ့သည်။