ကျင့်ကြံရေးနည်းလမ်းကိုနားလည်ခြင်း
Vol. 11 Ch. 158
ငုံ့ကြည့်လိုက်သည့်အခါ....
သူမတစ်ကိုယ်လုံး ချွေတွေစိုရွှဲနေတာ မြင်လိုက်ရ၏။
ခရမ်းရောင်စကတ်ရှည်က ခန္ဓာကိုယ်နှင့်ကပ်ရပ်နေပြီး ပြီးပြည့်စုံသည့်ခန္ဓာကိုယ်ကောက်ကြောင်းအစုံကို ထုတ်ဖော်ပြသနေခဲ့သည်။
သူမ၏ကြီးမားသည့်ရွှေရင်အစုံကလည်း လှုပ်ရှားမှုကြောင့် နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး လူတစ်ယောက်သွေးတွေဆူပွက်သွားစေနိုင်သည့် လှိုင်းဂယက်တစ်ခုကို ဖန်းတီးနေခဲ့သည်။
သူမကို အာရုံအစိုက်စေဆုံးကတော့....
သူမက အမှန်တကယ်ပဲ ဂျန်ဖန်းလက်မောင်းကို ဖက်တွယ်ထားပြီး သူ့ကို ပွေ့ဖက်တော့မလိုပင်။
သူမမျက်နှာချက်ချင်းနီရဲသွားပြီး အလျှင်အမြန်လွတ်ပေးကာ တစ်ဖက်လှည့်ပြီး ဒေါသထွက်စွာ ပြောလိုက်သည်။
"နင် အရင်က မိန်းမမမြင်ဖူးဘူးလား...."
သူမက ရှက်ရွံ့ပြီး စိတ်တိုနေသော်လည်း ရှင်းပြလို့မရသည့် ဂုဏ်ယူမှုတစ်ခုကို ခံစားနေရ၏။
'ငါက ရှုရို့ရန်ထက်ဘာမှ နိမ့်ကျမနေဘူး...'
ဟမ့်... ဟမ့်....
ဂျန်ဖန်း ကို့ရို့ကားယားဖြင့် ပြောလိုက်သည်။
"အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်သွားလို့ ဂုဏ်ယူပါတယ်, စီနီယာအမ...."
"နောက်ရက်အနည်းငယ်အတွင်းမှာ အရင်ဆုံး အမဘာသာအမပဲ လေ့ကျင့်သင့်တယ်..."
"အကူအညီတစ်ခုခုလိုခဲ့ရင် အချိန်မရွေး ငါ့ကို ပြောပါ..."
သိုင်းဝိညာဥ်ဒင်္ဂါးပြားတစ်ခုက သုံးရက်သာ အသုံးပြုနိုင်၏။
သူ့၌ နှစ်ရက်နှင့် နေ့တစ်ဝက်ကျန်ရှိ သေး၏။
ထိုအချိန်က သူ့နယ်ပယ်ကို အခြေခိုင်အောင်လုပ်ဖို့ လုံလောက်၏။
ကံကောင်းလျှင် မြေကမ္ဘာအဆင့် လက်ချောင်းသိုင်းကိုတောင် ပြီးပြည့်စုံသွားနိုင်၏။
ထို့ကြောင့် သူက အနီးနားက ရုပ်ထုတစ်ခုဆီကို ချက်ချင်းသွားလိုက်သည်။
ရုပ်ထုရှေ့ရောက်သည့်အခါ ရုပ်ထုမှ မှိန်ဖျော့ဖျော့အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဂျန်ဖန်းကို ဖုံးအုပ်သွားခဲ့သည်။
လျိုချင်းရှန် တိတ်တဆိတ် ကြည့်နေခဲ့သည်။
သူမက ဂျန်ဖန်းပုံရိပ်ကို မမြင်နိုင်တော့သော်လည်း မှိန်မောစွာစိုက်ကြည့်နေဆဲဖြစ်ပြီး မျက်နှာက အနည်းငယ်အနီရောင်သန်းနေခဲ့သည်။
ထို့နောက် လည်ပင်းက လေပြင်းပုလဲကို ကိုင်လိုက်ပြီး နှလုံးသားအောက်ခြေမှ ရေးတေးတေးစိတ်လှုပ်ရှားသည့် ခံစားချက်တစ်မျိုး ထွက်ပေါ်လာခဲ့သည်။
နှစ်ရက်ကုန်ဆုံးသွား၏။
ဂျန်ဖန်း ရုပ်ထုဒါဇင်ပေါင်းများစွာကို ဆက်တိုက် စိန်ခေါ်နေခဲ့သည်။
ရုပ်ထုတစ်ခုချင်းစီ၏ လုပ်ဆောင်ချက်တွေက မျှော်လင့်ထားသည့်အတိုင်း အားကောင်းလှ၏။
ခရမ်းဓားကို မသုံးလျှင် သူ့အတွက် အနိုင်ရဖို့ ခက်ခဲလွန်း၏။
သို့ပေမယ့် သူက အကျိုးကျေးဇူးများစွာလည်း ရရှိခဲ့သည်။
သူ့နယ်ပယ်က အခြေခံတည်ဆောက်ခြင်း အဆင့် ၆ ၌ အခြေခိုင်သွားရုံသာမက ပြီးပြည့်စုံခြင်းအဆင့်ကိုလည်း ရောက်ရှိသွားခဲ့သည်။
နောက်ထပ်အနည်းငယ်သာ လေ့ကျင့်လိုက်လျှင် သူက အခြေခံတည်ဆောက်ခြင်း အဆင့် ၇ ကို ချိုးဖြတ်နိုင်ပြီပဲဖြစ်သည်။
တစ်ခုတည်းစိတ်မကောင်းစရာကတော့...
သူက မြေကမ္ဘာအဆင့် လက်ချောင်းသိုင်းကို ပြီးပြည့်စုံအောင်မလုပ်နိုင်ခဲ့ခြင်းပင်။
အချိန်ခဏကြာ အသက်ရူသံကိုထိန်းညှိပြီးနောက် သူက လျိုချင်းရှန် အခြေအနေကို စစ်ဆေးကြည့်ဖို့ ထရပ်လိုက်သည်။
သူမက ကြီးမားသည့်ရုပ်ထုတစ်ခုရှေ့မှာ မတ်တပ်ရပ်နေပြီး အတော်လေး စိတ်လှုပ်ရှားနေပုံရကာ မရင်းနှီးသည့် သိုင်းပညာတစ်ခုကို ကိုးရို့ကားယား လေ့ကျင့်နေခဲ့သည်။
"စီနီယာအမ, နင် ကျင့်ကြံရေးနည်းလမ်းကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့တာလား...."
ဂျန်ဖန်း ပျော်ရွင်စွာဖြင့် လျှောက်လှမ်းလာခဲ့သည်။
သူမျက်လုံးပင့်ကြည့်လိုက်သည့်အခါ ရုပ်ထုရှေ့၌ အလင်းတန်းတွေသိပ်သည်းလာပြီး ကျင့်ကြံရေးနည်းလမ်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကောင်းကင်ဘုံတိုက်ပွဲပုံစံကိုးမျိုး- အဆင့်မြင့်သိမ်မွေ့အဆင့်နည်းလမ်း"
ဂျန်ဖန်း အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
သိမ်မွေ့အဆင့်မြင့်နည်းလမ်းတွေကို တိမ်စိမ်းဂိုဏ်း၌ ထိပ်တန်း လျို့ဝှက်နည်းလမ်းတွေအဖြစ် မှတ်ယူနိုင်တာပဲဖြစ်သည်။
သိုင်းကျမ်းတစ်ခုလုံးကို ပြီးပြည့်စုံအောင်လုပ်နိုင်တာ ကြီးမားသည့်ကံကောင်းမှုကြီးပင်။
သို့ပေမယ့် လျိုချင်းရှန် ထိုအရာကို ရှာတွေ့တာ နောက်ကျလွန်း၏။
သူမက ခုလေးတင်မှ စတင်လေ့ကျင့်ရတာဖြစ်သည်။
ထို့ပြင် အချိန်ကလည်း နေ့တစ်ဝက်သာ ကျန်ရှိတော့၏။
ဒုတိယပုံစံကို အောင်မြင်ဖို့တောင် ခက်ခဲနေပြီဖြစ်၍ ကျန်ရှိသည့် ပုံစံခုနှစ်မျိုးကိုတော့ ပြောနေစရာကို မလိုတော့ပေ။
လျိုချင်းရှန်း စိတ်လှုပ်ရှားနေပေမယ့် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
"ဒါဟာ တစ်ခါက သန္ဓေသားဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ ကျင့်ကြံခဲ့တဲ့ သိုင်းကျမ်းလေ..."
"စွမ်းအားက ပြိုင်ဘက်ကင်းပြီး နင့်ရဲ့ ဓားနှလုံးသားထွင်းထုခြင်းထက် မနိမ့်ဘူး...."
"ကံမကောင်းစွာနဲ့ပဲ,ဒါက အချိန်အတော်ကြာကတည်းကပျောက်ဆုံးသွားခဲ့ပြီး ပထမပုံစံပဲ ကျန်ရှိတော့..."
"ငါတစ်ခါမှ မျှော်လင့်မထားဘူး။ ဒီရုပ်ထုက အမှန်တကယ်ပဲ ဒါကို ပြီးပြည့်စုံအောင်လုပ်ပေးနိုင်မယ်လို့..."
သူမက ကံစမ်းကြည့်ရုံသာဖြစ်ပြီး အမှန်တကယ်ရှာတွေ့မယ်လို့ ဘယ်တုန်းကမှ ထင်မထားပေ။
ဂျန်ဖန်း တုန်လှုပ်သွား၏။
သန္ဓေသားဖွဲ့စည်းခြင်းအဆင့် စွမ်းအားကြီးသူ ကျင့်ကြံခဲ့သည့်နည်းလမ်းတစ်ခု...
သူ့နှလုံးသားက မနေနိုင်ပဲ ခုန်ပေါက်လာခဲ့သည်။
"ငါလည်းကြိုးစားကြည့်ရမယ်..."
ဂျန်ဖန်း သိုင်းကျမ်းပါအကြောင်းအရာတွေကို ဂရုတစိုက်ဖတ်လိုက်သည်။
လျိုချင်းရှန် ပြောလိုက်သည်။
"နင်က ပထမပုံစံကိုတောင် မလေ့ကျင့်ရသေးဘူးလေ။ ဒါကို သင်ယူဖို့က ခက်ခဲလိမ့်မယ်...."
အနည်းဆုံး သူမက မပြည့်စုံသည့်သိုင်းကျမ်းကို လေ့ကျင့်ဖူးသည်ဖြစ်၍ အခြေခံရှိ၏။
ထိုအရာကြောင့်ပဲ သူမက ဒုတိယပုံစံကို ကြိုးစားကြည့်ရဲတာဖြစ်သည်။
ဂျန်ဖန်းကတော့ လုံးဝမလေ့ကျင့်ဖူးသည်ဖြစ်၍ နေ့တစ်ဝက်တည်းဖြင့် ပထမပုံစံကို နားလည်ဖို့က မလုံလောက်ပေ။
ဤအရာက အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်သည်။
ဂျန်ဖန်း ဘာမှမပြောတော့ပဲ ချက်ချင်းပဲ နားလည်ဆင်ခြင်လိုက်၏။
အခြားတစ်ဖက်၌....
နန်းကုန်းရှောင်ယွင် မဆုတ်မနစ်ကြိုးပမ်းပြီးနောက် နောက်ဆုံးမှာ ပျော်ရွင်စွာ အော်ဟစ်လိုက်၏။
"ဟ..ဟ.. ငါနောက်ဆုံးတော့ သိုင်းကျမ်းကို ပြီးပြည့်စုံအောင်လုပ်နိုင်ခဲ့ပြီ...."
သူမက သူမရှေ့ရှိ ရုပ်ထုကို ကြည့်ပြီး အလွန်ပျော်ရွင်နေခဲ့သည်။ ထိုရုပ်ထုပေါ်၌ "ကောင်းကင်ဘုံပျက်သုဥ်းခြင်းလက်ချောင်း" ဟူသည့် ပြီးပြည့်စုံသည့် သိုင်းကျမ်းနာမည်တစ်ခုရှိနေခဲ့သည်။
"ဟ... ဟ... အယုတ်တမာကောင်, နင်အခု ငါ့လက်က မလွတ်တော့ပါဘူး..."
"လေ့ကျင့်ပြီးတဲ့အခါကျရင် နည်းစနစ်တိုင်းနဲ့ယှဥ်ကြည့်ပြီး နင့်ကို သေချာပေါက် ဖော်ထုတ်ပြမယ်...."
သို့ပေမယ့်....
သူမ ထိုအရာကို နားလည်ဆင်ခြင်တော့မည့် အချိန်မှာပဲ သိုင်းကျမ်းအညွှန်းက သူမကို တုန်လှုပ်သွားစေခဲ့သည်။
"အဆင့်နိမ့် မြေကမ္ဘာနည်းလမ်း? လက်ထောက်ခန်းမသခင် ငါမြင်နေတာ မမှားပါဘူးနော်...."
ယို့ယွင်ကျီလည်း စိတ်လှုပ်ရှားနေပြီး ပြောလိုက်သည်။
"တိမ်စိမ်းဂိုဏ်းမှာ တကယ်ပဲ မြေကမ္ဘာအဆင့် လက်ချောင်းသိုင်းတစ်ခု ရှိတာပဲ...."
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၌တောင် မြေကမ္ဘာအဆင့်သိုင်းကျမ်းတွေက အတော်လေး ရှား၏။
အနည်းစုသောသိုင်းပညာရှင်တွေ၌သာ ရှိတာဖြစ်သည်။
ကံမကောင်းစွာဖြင့် အချိန်က နေ့တစ်ဝက်သာ ကျန်ရှိတော့၏။
ထိုအရာကို နားလည်ဖို့ သူ့မှာ အချိန်မရှိတော့ပေ။
"လက်ထောက်ခန်းမသခင်, ဒါကိုမြန်မြန်နားလည်ဖို့ ငါ့ကို ကူညီပါအုန်း..."
အချိန်းမရှိတော့တာကို နန်းကုန်ရှောင်ယွင်လည်း နားလည်ပြီး တိုက်တွန်းလိုက်၏။
ယို့ယွင်ကျီ ခါးသီးစွာပြုံးလိုက်သည်။
"ငါ့ကိုပြောတော့ကော ဘာအသုံးဝင်မှာလဲ..."
"သုံးနှစ် ငါးနှစ် မလေ့ကျင့်ပဲနဲ့ မြေကမ္ဘာအဆင့်သိုင်းကျမ်းကို မကျွမ်းကျင်နိုင်ဘူး...."
"နေ့တစ်ဝက်တည်းကတော့ ပြောကိုမနေနဲ့တော့..."
"နင် အဲ့လူကို ရှာမတွေ့တော့မှာကို ကြောက်မိတယ်..."
နန်းကုန်းရှောင်ယွင် ဆန္ဒမရှိစွာဖြင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ထိုအခိုက်အတန့်၌....
သူမက ဂျန်ဖန်း သိုင်းကျမ်းတစ်ခုနားလည်ဆင်ခြင်နေတာ သတိထားမိလိုက်ပြီး မနေနိုင်ပဲ စိတ်ဆိုးစွာပြောလိုက်သည်။
"လက်ထောက်ခန်းမသခင်, နင် အကြီးအကဲဂျန်ဆီက သင်ယူသင့်တယ်...."
"သူတောင် အရှုံးမပေးသေးဘူးမလား...."
ယို့ယွင်ကျီပါးစပ် တွန့်လိမ်သွား၏။
"နင်က ငါ့ကို သင်ပေးနေတာလား...."
သူကြည့်လိုက်သည့်အခါ ဂျန်ဖန်းက သိမ်မွေ့အဆင့်မြင့်နည်းလမ်းတစ်ခုနားလည်ဆင်ခြင်နေတာ မြင်ပြီး ခေါင်းခါယမ်းလိုက်သည်။
"ဒါက အကျိုးမရှိဘူး...."
"သိုင်းကျမ်းတစ်ခုရဲ့ အခက်ခဲဆုံးအပိုင်းက အစပဲ။ သူသာ ပထမအပိုင်းကို လေ့ကျင့်ထားပြီး အခြေခံရှိမယ်ဆိုရင် ဒုတိယအပိုင်းကို ကြိုးစားကြည့်လို့ရတယ်..."
"ဒါပေမယ့် သူကလုံးဝမလေ့ကျင့်ဖူးဘူး။ သိုင်းကျမ်းရဲ့ အကြောင်းအရာတွေနားလည်ဖို့ကို အချိန်အတော်အကြာယူရလိမ့်မယ်..."
သို့ပေမယ့် သူ့စကားမဆုံးခင်....
ဂျန်ဖန်း သူ့မျက်လုံးတွေကို ရုတ်တရက် ဖွင့်လိုက်ပြီး စိတ်ဝိညာဥ်စွမ်းအင်ကိုလည်ပတ်ကာ ထူးခြားသောပုံစံဖြင့် သူ့ခန္ဓာကိုယ်တစ်လျှောက်ကို ရွေ့လျားလိုက်သည်။
ထို့နောက် သူ့လက်ဝါးကိုမြောက်ကာ ရှေ့သို့ ရိုက်ချက်တစ်ခုထုတ်ဖော်လိုက်၏။
ဖုန်း...
ခပ်အုပ်အုပ်အသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။
ထို့နောက် လေထုက လည်ပတ်လာကာ အားကောင်းသည့် လေပြင်းတစ်ခု တိုက်ခတ်လာခဲ့သည်။
ပထမပုံစံ, အောင်မြင်စွာ လေ့ကျင့်ပြီးသွားပြီဖြစ်သည်။
ယို့ယွင်ကျီအမူအရာ အေးခဲ့သွား၏။
"သူ.... သူအောင်မြင်သွားပြီ...."
နန်းကုန်းရှောင်းယွင်လည်း တုန်လှုပ်နေခဲ့သည်။
သိမ်မွေ့အဆင့်မြင့်နည်းလမ်းတစ်ခုကျင့်ကြံဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ဘယ်လိုလုပ် သူမမသိပဲနေမည်နည်း။
အစောပိုင်းက သူမ ယို့ယွင်ကျီကို ရည်ရွယ်ချက်ရှိရှိ တိုက်တွန်းနေရုံသာဖြစ်ပြီး ဂျန်ဖန်း နေ့တစ်ဝက်တည်းဖြင့် ပထမပုံစံကိုနားလည်နိုင်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
သို့ပေမယ့် အမွေးတိုင်းတစ်တိုင်စာလောက်ဖြင့် ဂျန်ဖန်းက ထိုအရာကို နားလည်သွားခဲ့သည်။
လျိုချင်းရှန်လည်း အံ့အားသင့်နေခဲ့သည်။
"ဂျန်ဖန်း, နင်...."
ဂျန်ဖန်း ဘာမှမပြောပဲ ဒုတိယပုံစံကို ဆက်လက်နာလည်ဆင်ခြင်နေခဲ့၏။
ခနကြာပြီးနောက် သူ့မျက်လုံးတွေ နောက်တစ်ကြိမ်ပွင့်လာပြီး ကန်ချက်တစ်ခုထုတ်ဖော်လိုက်၏။
သူ့ခြေထောက်က ကြာပွတ်ရှည်တစ်ခုကဲ့သို့ဖြစ်နေပြီး ရှည်လျားသည့်အရိပ်ရှည်တစ်ခုကိုချန်ထားခဲ့တာ လေထုကို တစ်ဖျစ်ဖျစ်မြည်သွားစေခဲ့သည်။
ယို့ယွင်ကျီနှင့် နန်းကုန်းရှောင်ယွင်တို့ လည်း အံ့အားသင့်နေခဲ့ကြသည်။
"လက်ထောက်ခန်းမသခင်, အကြီးအကဲဂျန်ရဲ့ နာလည်နိုင်စွမ်းက နင်နဲ့ယှဥ်ရင်ဘယ်လိုရှိလဲ..."
ယို့ယွင်ကျီ သူ၏တုန်လှုပ်နေသည့်အမူအရာကို ထိန်းချုပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"တစ်ယောက်ယောက်က သိမ်မွေ့အဆင့်မြင့်နည်းလမ်းကို ဒီလောက်မြန်မြန်နားလည်နိုင်မယ်လို့ နင်တကယ်ယုံလား...."
နန်းကုန်းရှောင်ယွင် မျက်ခုံးတွေ တွန့်ခေါက်သွား၏။
"နင်ဆိုလိုတာ သူက ဒါကို အရင်ကလေ့ကျင့်ဖူးတယ်ပေါ့..."
ယို့ယွင်ကျီ ပြန်မဖြေပဲ သဘောတူကြောင်း ပြသနေခဲ့သည်။
ထို့နောက်....
ဂျန်ဖန်း လျှင်မြန်စွာ လေ့ကျင့်နေခဲ့သည်။
"ကောင်းကင်ဖွင့်လှစ်ခြင်း...."
သူက တံတောင်ဆစ်ဖြင့် ရှေ့ကိုတိုက်ခိုက်ပြီး လေထုကို တစ်ဝီတီမြည်သွားစေခဲ့သည်။
ထိုအရာသာ လူတစ်ယောက်ကို ထိမှန်သွားမည်ဆိုလျှင် အနည်းဆုံး အရိုးတွေကျိုးသွားမည်ပင်ဖြစ်သည်။
"ဒီတော့ ဒါက အနီးကပ်တိုက်ခိုက်ရေးနည်းလမ်းတစ်ခုပဲ...."
နောက်ဆုံးပုံစံကိုအောင်မြင်ပြီးနောက် ဂျန်ဖန်း နောက်ဆုံးမှာ "ကောင်းကင်ဘုံတိုက်ပွဲပုံစံကိုးမျိုး"၏ အစစ်အမှန်အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။
အနီးကပ်တိုက်ပွဲအတွက် ခန္ဓာကိုယ်ကို လက်နက်တစ်ခုအဖြစ် အသုံးပြုရတာပဲဖြစ်သည်။
ခန္ဓာကိုယ်က သန်မာနေမှသာလျှင် ဤအနီးကပ်တိုက်ခိုက်ရေးနည်းလမ်းက ထိရောက်မှာပဲဖြစ်သည်။ မဟုတ်လျှင် ၎င်းက အများကြီး အစွမ်းထက်မည်မဟုတ်ပေ။
လျိုချင်းရှန် ဒုတိယပုံစံကို ကြိုးကြိုးစားစား နားလည်ဆင်ခြင်နေတာကို မြင်သည့်အခါ သူက မနေနိုင်ပဲ အကြံဉာဏ်ပေးလိုက်သည်။
"ဘာလို့ နောက်သိုင်းကျမ်းတစ်မျိုးကို မပြောင်းတာလဲ...."
"ဒီတစ်ခုက အမျိုးသမီးတွေအတွက် မသင့်လျော်ဘူး...."
ဂျန်ဖန်း သိုင်းကျမ်းတစ်ခုလုံးအောင်မြင်သွားတာကိုကြည့်ပြီး ထိုသိုင်းကျမ်းက သူမနှင့် မသင့်လျော်တာကို လျိုချင်းရှန်လည်း နားလည်၏။
သို့ပေမယ့် နောက်ဆုံးမှာမှ သိမ့်မွေ့အဆင့်မြင့်နည်းလမ်းကိုတွေ့တာဖြစ်၍ သူမမလွဲချော်ခြင်ပေ။
"မိတ်ဆွေလေးဂျန်, မင်း ဒီမြေကမ္ဘာအဆင့် နည်းလမ်းကို နာလည်ဆင်ခြင်ဖို့ စိတ်ဝင်စားလား...."
ယို့ယွင်ကျီ အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။
သူက သေချာပေါက် အစောပိုင်း ဂျန်ဖန်း၏ ပါရမီဆန်ဆန်နားလည်နိုင်စွမ်းကို မယုံပေ။
သေချာပေါက် ထိုကောင်က အရင်က လေ့ကျင့်ဖူးထားတာဖြစ်ရမည်ပင်။
သူ့ထင်မြင်ချက်ကို အတည်ပြုဖို့က ရိုးစင်း၏။ ဂျန်ဖန်းကို မြေကမ္ဘာအဆင့်နည်းလမ်းကို ကြိုးစားကြည့်ခိုင်းလိုက်ဖို့ပင်။
အနည်းငယ်နားလည်နိုင်လျှင်တောင် ဂျန်ဖန်း နားလည်နိုင်စွမ်းက သူ့ထက်သာတယ်ဆိုတာ ယို့ယွင်ကျိဝန်ခံမည်ပဲဖြစ်သည်။
အို့?...
ဂျန်ဖန်း သိလိုစွာဖြင့် လျှောက်လာခဲ့သည်။
သိုင်းကျမ်းကိုမြင်လိုက်သည့်အခါ သူအံ့အားသင့်သွားခဲ့သည်။
"အဆင့်နိမ့် မြေကမ္ဘာအဆင့်သိုင်းကျမ်း- ကောင်းကင်ဘုံပျက်သုဥ်းခြင်းလက်ချောင်း"
နောက်ထပ်အကြောင်းအရာတွေကို ဆက်ကြည့်လိုက်သည့်အခါ ဂျန်ဖန်း ပိုလို့တောင် အံ့အားသင့်သွားခဲ့သည်။
ထိုအရာက သူ မိုခယ်ကျောက်နံရံမှ နားလည်ထားခဲ့သည့် လက်ချောင်းနည်းလမ်း မဟုတ်ဘူးလား....
နန်းကုန်းရှောင်ယွင် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
"ငါ့ကိုရိုက်တဲ့လူက ဒီလက်ချောင်းသိုင်းကို သုံးခဲ့တာလေ...."
"နင် ငါ့ကို နားလည်အောင်ကူညီပေးလို့ အဲ့လူကိုဖမ်းမိရင် နင့်ကိုထိုက်ထိုက်တန်တန် ဆုချီးမြင့်မှာပါ..."
အာ...
ဂျန်ဖန်း ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွား၏။
နေပါအုန်း....
နန်းကုန်းရှောင်ယွင်ကို ရိုက်လွတ်လိုက်တဲ့သူက... ငါလား?