← Chapters

အမျိုးသမီးနှစ်ယောက်၏တိုက်ပွဲ

Vol. 11 Ch. 159

အမျိုးသမီးနှစ်ယောက်၏တိုက်ပွဲ

Vol. 11 Ch. 159

"မဖြစ်နိုင်တာ...."

"နန်းကုန်းရှောင်ယွင်ကို ရိုက်လိုက်တာ ငါလား..."

ဂျန်ဖန်း၏ထူးဆန်းသည့်အမူအရာကို မြင်သည့်အခါ နန်းကုန်းရှောင်ယွင် သံသယဖြစ်စွာဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."

"နင် ဒီလက်ချောင်းသိုင်းကို မြင်ဖူးလို့လား..."

ဂျန်ဖန်း အလျှင်အမြန် ခေါင်းခါယမ်းလိုက်သည်။

"မမြင်ဖူးပါဘူး။ ဘယ်တုန်းကမှ မမြင်ဖူးဘူး..."

သူက ဘယ်လိုလုပ် ဝန်ခံရဲမည်နည်း။

ထိုနေ့က မြူခိုးတွေကြောင့် ဤမိန်းကလေး ခွန်းအားအစစ်အမှန်ကို ထုတ်မသုံးနိုင်ခဲ့ပေ။ သူမက ဆက်တိုက်အော်ဟစ်နေပြီး တည်နေရာကို ထုတ်ဖော်ပြသနေခဲ့သည်။

ထို့ကြောင့် ဂျန်ဖန်းက လှုပ်ရှားမှုနည်းလမ်းဖြင့် အလွယ်တကူလှုပ်ရှားနိုင်ခဲ့ကာ သူမကို သင်ခန်းစာပေးနိုင်ခြင်းဖြစ်သည်။

ထိပ်တိုက်သာရင်ဆိုင်တိုက်ခိုက်ကြမည်ဆိုလျှင် ခံစားသွားရမည်သူမှာ သူ,ဂျန်ဖန်းကိုယ်တိုင်ဖြစ်မှာ အသေအချာပင်။

နန်းကုန်းရှောင်းယွင် သိပ်သံသယမဝင်ခဲ့ပေ။

သူမစိတ်ထဲ၌ ဂျန်ဖန်းက အတော်လေး ယဥ်ကျေးပုံပေါ်၏။

ရိုင်းစိုင်းသည့် လူဆိုးတစ်ယောက်နှင် မတူပေ။

"ဒီတော့, နင် ဒါကို နားလည်နိုင်မလား..."

နန်းကုန်းရှောင်ယွင် အများကြီးမျှော်လင့်မထားပေ။

အဘယ်ကြောင့်ဆိုသော် အချိန်က နှစ်နာရီသာ ကျန်ရှိတော့၏။

အင်မော်တယ်တစ်ယောက်ဆိုလျှင်တောင် နာလည်ဖို့မဖြစ်နိုင်ပေ။

ဂျန်ဖန်း သူ့နှာခေါင်းကိုထိပြီး ပြောလိုက်သည်။

"ဒါက ပြဿနာမရှိပါဘူး..."

မြေကမ္ဘာအဆင့်သိုင်းပညာကို နားလည်ဆင်ခြင်တာက တကယ်ပဲ စိန်ခေါ်မှုများ၏။

သူကဲ့သို့လူတောင် ဖိအားကိုခံစားရ၏။

သို့ပေမယ့် အဓိကအချက်က...

သူက ပထမပုံစံကို နာလည်ထားဖူးပြီးသားဖြစ်သည်။

ယခု ဒုတိယပုံစံကို လေ့လာရုံသာလိုအပ်၏။

အဘယ်ကြောင့်ဆိုသော် တတိယပုံစံပေါ်လာသည့်အခါ သူက ထိုအရာကိုမှတ်သားထားပြီး သိုင်းပညာခန်းမအပြင်ဘက်၌ အချိန်မရွေး နားလည်ဆင်ခြင်လို့ရ၏။

ယို့ယွင်ကျီ ပြောလိုက်သည်။

"မိတ်ဆွေလေးဂျန်, ဒီမြေကမ္ဘာအဆင့်နည်းလမ်းကို နားလည်နိုင်မယ်ဆိုတာ မင်းသေချာလား...."

ဂျန်ဖန်း ပြန်ပြောလိုက်သည်။

"ငါ ကြိုးစားကြည့်မယ်...."

ထို့နောက် သူက ထိုအရာကို နားလည်ဆင်ခြင်သလို ဟန်ဆောင်လိုက်၏။

တစ်နာရီကြာပြီးနောက်....

သူက စိတ်ဝိညာဥ်စွမ်းအင်ကို လှည့်ပတ်လိုက်ပြီး လက်ချောင်းကို လေထဲသို့ ညွှန်ပြလိုက်၏။

ဝှစ်!

အလွန်အားကောင်းသည့်လက်ချောင်းအားက လေထုကို ဆူပွက်သွားစေ၏။ ထို့နောက် အဝေးရှိ နံရံကိုထိုးဖောက်သွားကာ အပေါက်တစ်ခုကို ချန်ထားခဲ့သည်။

ဟစ်...

ယို့ယွင်ကျီ အသက်ပြင်းပြင်းရူလိုက်ပြီး တုန်လှုပ်နေခဲ့သည်။

"မင်း... မင်း တကယ် ဒါကို နားလည်နိုင်တယ်..."

ဂျန်ဖန်းသာ အရင်ကတည်းက သိမ်မွေ့အဆင့်မြင့် သိုင်းပညာကို လေ့ကျင့်ထားခဲ့လျှင်...

မြေကမ္ဘာအဆင့်သိုင်းပညာကိုလည်း အရင်တကည်းက လေ့ကျင့်ခဲ့ဖူးနိုင်သည်မလား...

နေပါအုန်း...

ယို့ယွင်ကျီ မျက်လုံးတွေကျဥ်းမြောင်းသွားပြီး မေးလိုက်သည်။

"မင်း ဒီသိုင်းပညာကို အရင်က လေ့ကျင့်ဖူးတယ်မလား..."

အခြားအဓိပ္ပာယ်အရ...

နန်းကုန်းရှောင်ယွင်ကို ရိုက်တာက သူပဲဖြစ်သည်။

ဂျန်ဖန်း ဦးရေပြားထုန်ကျဥ်သွားပြီး အလျှင်အမြန်ပြောလိုက်သည်။

"လက်ထောက်ခန်းမသခင်ယို့, မင်းအတွေးလွန်နေပြီ..."

ထို့နောက် သူကထွက်ပေါ်လာသည့် ဒုတိယပုံစံကို စတင်လေ့ကျင့်လိုက်၏။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

အချိန်ကုန်လာသည်နှင့်အမျှ ဂျန်ဖန်း ခုချိန်ထိ နားမလည်သေးတာကိုမြင်ပြီး ယို့ယွင်ကျီသံသယတွေ ပိုလို့တောင် ကြီးမားလာခဲ့သည်။

သို့ပေမယ့် အဆုံးသတ်ခေါင်းလောင်းသံ မြည်တော့မည့်အချိန်မှာပဲ....

ဂျန်ဖန်း ရုတ်တရက် သူမျက်လုံးတွေကို ဖွင့်လိုက်သည်။

"အရှေ့ရပ်မှ ခရမ်းရောင်စွမ်းအင်..."

သူက နောက်တစ်ကြိမ် လေထဲကို ညွှန်ပြလိုက်ပြီး ခရမ်းရောင်းအလင်းတန်းတစ်ခု သူ့လက်ချောင်းထိပ်မှ ပစ်လွတ်လိုက်၏။

ဤအကွက်က ပထမပုံစံထက် အဆများစွာ ပိုသန်မာ၏။

သလင်းဖြူသားရဲလို သားရဲဘုရင်နှင့် နောက်တစ်ကြိမ်ပြန်တွေ့ခဲ့လျှင် ဤလက်ချောင်းက ထိုသားရဲ၏ခန္ဓာကိုယ်ကို ဖောက်ထွက်နိုင်ပြီ အပြင်းအထန်ဒဏ်ရာရစေမည်ဟု ယုံကြည်မှုရှိသည်။

ဂျန်ဖန်း ပျော်ရွင်သည့်အမူအရာ ပြသလာခဲ့သည်။

သို့ပေမယ့် ယို့ယွင်ကျီကတော့ ပင့်သက်ရှိုက်လိုက်သည်။

"မိတ်ဆွေလေးဂျန်, မင်း... မင်း...."

သူက စကားမပြောနိင်လောက်အောင်ကို အလွန်အံ့အားသင့်နေခဲ့သည်။

တစ်နာရီခွဲအတွင်းမှာပဲ ဂျန်ဖန်းက မြေကမ္ဘာအဆင့်သိုင်းပညာ၏ အပိုင်းတစ်ပိုင်းကို နားလည်နိုင်ခဲ့၏။

သာမန်လူတွေအတွက်တော့ ထိုအရာက တစ်နှစ်ခွဲလောက် အချိန်ယူရမည်ပဲဖြစ်သည်။

မျက်စိနှင့်ကိုယ်တိုင်မြင်ရတာသာ မဟုတ်လျှင် သူ့ကိုသတ်မည်ဆိုလျှင်တောင် ယုံမည်မဟုတ်ပေ။

နန်းကုန်းရှောင်ယွင်လည်း အံ့အားသင့်နေပြီး တီးတိုးပြောလိုက်သည်။

"လက်ထောက်ခန်းမသခင်, သူ့နားလည်နိုင်စွမ်းက တကယ်မြင့်တာပဲ..."

ယို့ယွင်ကျီမျက်လုံးတွေ တုန်လှုပ်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

"သူ့နာလည်နိုင်စွမ်းက အရမ်းမြင့်နေရုံတင်မဟုတ်ဘူး...."

"ဒါက မကောင်းဆိုးဝါးဆန်လွန်းနေတာ..."

"ဟစ်, တိမ်စိမ်းဂိုဏ်းမှာ ဘယ်လို မကောင်းဆိုးဝါးအကြီးအကဲမျိုး ဖုံးကွယ်နေတာလဲ..."

သူက ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့သည်။

"လူတိုင်းက အမြဲတမ်း တိမ်စိမ်းဂိုဏ်းဟာ အားအနည်းဆုံးလို့ ထင်ကြတယ်..."

"ဒါပေမယ့် အခုကြည့်ရတာတော့, တိမ်စိမ်းဂိုဏ်းက သူ့တို့ခွန်အားကို ဖုံးကွယ်ထားတာပဲ..."

ရုတ်တရက်...

ခေါင်းလောင်းသံမည်လာပြီး အချိန်ကုန်ဆုံးသွားပြီဆိုတာ သိုင်းပညာခန်းမထဲက လူတိုင်းကို အသိပေးလိုက်သည်။

ဂျန်ဖန်း အလျှင်အမြန်ပဲ ရုပ်ထုကို ကြည့်လိုက်သည်။

အချိန်မှီလေးပဲ ကောင်းကင်ဘုံပျက်သုဥ်းခြင်းလက်ချောင်း၏ နောက်ဆုံးပုံစံ ထွက်ပေါ်လာခဲ့သည်။

သူက ထိုအရာကိုကြည့်ပြီး သေသေချာချာလေး မှတ်သားထားလိုက်သည်။

ထို့နောက် သိုင်းပညာခန်းမထဲကနေ ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့သည်။

ယို့ယွင်ကျီ သူ့နှလုံသားကို တည်ငြိမ်အောင် မလုပ်နိုင်သေးပေ။

ဂျန်ဖန်းနှင့်ပတ်သက်ပြီး သူက ခန်းမသခင်ကို ချက်ချင်း အကြောင်းကြားဖို့ လိုကြောင်း ခံစားမိ၏။

"ရှောင်ယွင်,ငါတို့ အပြင်ထွက်လာတာလည်းကြာပြီ, ပြန်သင့်ပြီ...."

နန်းကုန်းရှောင်ယွင် မျက်ခုံးတွေ မြင့်တက်သွား၏။

"မဖြစ်နိုင်ဘူး, ငါ အဲ့လူယုတ်မာကို ခုထိ ရှာမတွေ့သေးဘူး...."

ယို့ယွင်ကျီမျက်နှာ လေးနက်သွား၏။

"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့..."

နန်းကုန်ရှောင်ယွင် အတော်လေး ဆန္ဒမရှိနေပြီး အံ့ကြိတ်ကာ ပြောလိုက်သည်။

"ဒါဆိုလည်း ငါ လျိုချင်းရှန်နဲ့ ပြိုင်ပြီးမှ ပြန်ကြတာပေါ့...."

ဤခရီး၏အဓိက ရည်ရွယ်ချက်က လျိုချင်းရှန်ကို အနိုင်ယူပြီး အတိတ်က သူမရှုံးနိမ့်မှုကို ပြန်လက်စားချေဖို့ပဲဖြစ်သည်။

ယို့ယွင်ကျီ ခေါင်းညိတ်လိုက်၏။

"ဒါဆိုလည်း မြန်မြန်လုပ်, အချိန်တွေ မကြန့်ကြာစေနဲ့...."

ထို့နောက် နန်းကုန်ရှောင်ယွင် လျိုချင်းရှန်ကို တိုက်ခိုက်လိုစိတ်ဖြင့် ကြည့်လိုက်သည်။

"ငါနဲ့ ယှဥ်ပြိုင်ရဲလား...."

လျိုချင်းရှန် သူမကို နောက်ပိုင်းမှာ ရှောင်နေခဲ့၏။

သူမ နောက်ထပ် မရှောင်နိုင်တော့တာကို မြင်သည့်အခါ...

လည်ပင်းအနည်းငယ်မော့လိုက်ပြီး ပြောလိုက်သည်။

"အရှုံသမားကလည်း အာကျယ်ရဲသေးတာလား...."

နန်းကုန်ရှောင်ယွင် အလွန်ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။

"နင်ကသာ အရှုံးသမား...."

"ငါတို့ သရေကျခဲ့တာ အသိသာကြီးပဲ...."

လျိုချင်းရှန် ရယ်လိုက်၏။

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ အရင်းအမြစ်တွေသုံးပြီး ငါနဲ့သရေကျတယ်။ ဒါက ရှုံးတာနဲ့ ဘာများကွာလို့လဲ..."

နန်းကုန်းရှောင်ယွင်ရင်ဘတ် နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

ဤအရာက အတိအကျ သူမ၏ အရှက်ရစရာ ကိစ္စပင်။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ ဂုဏ်ယူရသည့်သမီးတော်က အဆင့်နိမ့်ဂိုဏ်းတစ်ခုမှ အမျိုးသမီးတပည့်တစ်ယောက်ကို ရှုံးနိမ့်ခဲ့သည်။

ထိုအရာကသာ ကြီးမားသည့်အရှက်ရမှု မဟုတ်လျှင် ဘယ်အရာက အရှက်ရမှု ဖြစ်အုန်းမည်နည်း။

"တိုက်ခိုက်မယ်, အခုတိုက်ခိုက်ကြမယ်..."

နန်းကုန်ရှောင်ယွင် အလွန်ဒေါသထွက်လာပြီး ချက်ချင်း လက်စားချေချင်နေခဲ့သည်။

လျိုချင်းရှန် တွေဝေနေခဲ့သည်။

သူမက ခုလေးတင်မှ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ထားတာဖြစ်ပြီး သူမကျင့်ကြံရေးက တစ်ဖက်လူလောက် အားမကောင်းပေ။

အစစ်အမှန်တိုက်ပွဲ၌ သူမ၏ အနိုင်ရမည့်အခွင့်အရေးက မများပေ။

ထိုအချိန်၌ ဂျန်ဖန်း ဝင်ပြောလိုက်သည်။

"မမလေးနန်ကုန်း, ငါတို့က ခုလေးတင်မှ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ပြီးတာ။ ဒီတော့ ငါတို့နယ်ပယ်က မတည်ငြိမ်သေးဘူး...."

"မင်းနိုင်သွားတယ်ဆိုရင်တောင် ဒါက မမျှတတဲ့ အနိုင်ရမှုပဲဖြစ်မှာ..."

"နေ့ဝက်လောက် အနားယူပြီးမှဆိုရင်ကော ဘယ်လိုလဲ...."

အနားယူတာက ဒုတိယကိစ္စဖြစ်၏။

အဓိကကိစ္စက သူ လျိုချင်းရှန်ကို ကျင့်ကြံရေးနည်းလမ်းအချို့သင်ပေးပြီး အနိုင်ရဖို့အခွင့်အရေး တိုးစေချင်တာဖြစ်သည်။

ယို့ယွင်ကျီ ဂျန်ဖန်းရည်ရွယ်ချက်ကို သိပြီး ရယ်လိုက်သည်။

"မိတ်ဆွေလေးဂျန်..."

"နေ့တစ်ဝက်တည်းနဲ့, မင်းက သူမကို သိုင်းပညာတစ်ခုသင်ပေးချင်နေတာလား..."

ကျင့်ကြံရေးနည်းလမ်းတွေက နောက်ဆုံးမှာတော့ လူတစ်ယောက်၏နားလည်နိုင်စွမ်းပေါ်မှာ မူတည်၏။

တစ်စုံတစ်ယောက်က သင်ပေးတယ်ဆိုလျှင်တောင် တစ်ဖက်လူကလုံလောက်တဲ့နားလည်နိုင်စွမ်းတော့ လိုအပ်တာဖြစ်သည်။

မဟုတ်လျှင် သင်ပေးသည့်တစ်ယောက်က ကျင့်ကြံရေးနည်းလမ်းကို နက်နက်ရှိုင်းရှိုင်းနားလည်ထားမှရမည်ဖြစ်သည်။

ဥပမာ, သူက တပည့်တွေကိုသင်ကြားပေးလိုက်လျှင် သူ၏ဆယ်စုနှစ်အနည်းငယ် အတွေ့အကြုံက တပည့်တွေကို အလျှင်အမြန်နားလည်အောင် ကူညီပေးနိုင်၏။

သို့ပေမယ့် ထိုအရာ အဆင့်နိမ့် သိမ်မွေ့အဆင့်သိုင်းပညာသာဖြစ်သည်။

ထို့ပြင် သူက ထိုသိုင်းပညာကို ဆယ်စုနှစ်ကြာ ကျင့်ကြံထားပြီး အလုံးစုံနားလည်နေရမည်ဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်းက 'ကောင်းကင်ဘုံပျက်သုဥ်းခြင်းလက်ချောင်း'သိုင်းကို နားလည်ထားတာ ဘာကြာသေးသနည်း။

သူကိုယ်တိုင်ကကို အပိုင်းများစွာကို အပြည့်အဝနားမလည်သေးသည်ဖြစ်၍ အခြားသူကို သင်ပေးဖို့က အတော်ခက်မည်ပင်။

ဂျန်ဖန်း ငြင်းဆိုခြင်းမရှိပဲ ပြောလိုက်သည်။

"ကြိုးစားကြည့်တာပေါ့..."

သူက ပုံစံနှစ်မျိုးသားကျင့်ကြံပြီးသော်လည်း ထိုနှစ်ပိုင်းကို အပြည့်အဝနားလည်သည်ဟု ယုံကြည်မှုရှိ၏။

လျိုချင်းရှန် နားလည်နိုင်စွမ်းသာ အရမ်းကြီး မဆိုးလျှင် ပထမပုံစံကို နားလည်ဖို့က ပြဿနာမဖြစ်သင့်ပေ။

ယို့ယွင်ကျီ ပြုံးလိုက်သည်။

"ကောင်းပြီလေ, နေ့တစ်ဝက်ဆိုတော့လည်း နေ့တစ်ဝက်ပေါ့..."

"ငါတို့လည်း အလျှင်မလိုပါဘူး...."

"ဘယ်လို့သဘောရလဲ, ရှောင်ယွင်..."

နန်းကုန်းရှောင်ယွင် လက်ပိုက်ထားပြီး ဂုဏ်ယူစွာပြောလိုက်သည်။

"ပြဿနာမရှိဘူး...."

"နေ့တစ်ဝက်မပြောနဲ့ နှစ်ဝက်ဆိုရင်တောင် ကိစ္စမရှိဘူး..."

ဂျန်ဖန်း ခေါင်းညိတ်လိုက်ပြီး လျိုချင်းရှန်ကို အနီးနားရှိ လျို့ဝှက်ခန်းတစ်ခုကို ခေါ်သွားခဲ့သည်။

"စီနီယာအမ, အချိန်ကနည်းပေမယ့် မင်းသာ စိတ်နစ်ပြီးလုပ်ရင် အဆင်ပြေမှာပါ..."

လျိုချင်းရှန် စိုးရိမ်စွာဖြင့် မေးလိုက်သည်။

"ငါလုပ်နိုင်ပါ့မလား..."

"ငါ့နားလည်နိုင်စွမ်းက နင့်ထက်အတော်လေးနိမ့်တယ်။ နင်က ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်ရင်တောင် ငါ နားလည်ချင်မှ နားလည်မှာ..."

ဂျန်ဖန်း နောက်ထပ်ဘာမှမပြောပေ။

သူက စိတ်ရှည်စွာဖြင့် နားလည်ထားသည့် ပထမပုံစံကို ရှင်းပြလိုက်၏။

အစပိုင်း၌ သူမနားမလည်နိုင်လောက်ဘူးဆိုပြီး လျိုချင်းရှန် အနည်းငယ်တုန့်ဆိုင်းနေခဲ့သည်။

သို့ပေမယ့် နားထောင်းပြီးနောက် ဂျန်ဖန်းရှင်းပြတာတွေက နားလည်ဖို့လွယ်ကူတယ်ဆိုတာ သိလိုက်ရသည်။

မသိလိုက်ခင်မှာပဲ သူမက ထိုအထဲကို နစ်မြှောသွားခဲ့သည်။

"ကောင်းပြီ, ဒါကို ကျေညက်အောင်လုပ်လိုက်။ ပြီးမှထပ်လုပ်ကြတာပေါ့..."

ဂျန်ဖန်းပြောလိုက်သည်။

အမ်...

လျိုချင်းရှန် ကြောင်အသွား၏။

"ပထမအကွက်ပြီးသွားပြီပေါ့။ မြန်လှကြီလား..."

လုပ်ငန်းစဥ်တစ်ခုလုံး၌ သူမက မည်သည့်ခက်ခဲမှုမှ ရှာမတွေ့ခဲ့ပေ။

ထက်မြက်သည့်ဆရာတစ်ယောက်မှ တပည့်တစ်ယောက်ကို သင်ကြားပေးသကဲ့သို့ ထိုအရာက သူမကို ဉာဏ်အလင်းပွင့်သွားစေခဲ့သည်။

သူမက ချက်ချင်းပဲမျက်လုံးပိတ်ကာ ဂျန်ဖန်းနားလည်မှုတွေကို ဂရုတစိုက်ကျေညက်အောင်လုပ်လိုက်၏။

တစ်နာရီကြာပြီးနောက်....

သူမက သိုင်းကွက်ကို စတင်ကျင့်ကြံနေပြီဖြစ်သည်။

သို့ပေမယ့် အပြောလွယ်သလောက် အလုပ်ခက်၏။

သူမ အကြိမ်ကြိမ်ကျရှုံးခဲ့သည်။

အချိန်ကုန်လာတာမြင်သည့်အခါ ဂျန်ဖန်း စိုးရိမ်လာခဲ့သည်။

တစ်ခဏတွေဝေနေပြီးနောက် သူက ပြောလိုက်သည်။

"စီနီယာအမ, မင်းစိတ်မရှိရင် ငါမင်းကို လက်ချင်းထပ်သင်ပေးမယ်...."

လက်ချင်းထပ်?....

လျိုချင်းရှန် ရှက်သွားပြီး သဘာဝအလျောက်ငြင်းဆန်ဖို့ပြင်လိုက်၏။ သို့ပေမယ့် ကျရောက်လာတော့မည့်တိုက်ပွဲကို တွေးပြီး သူမခေါင်းညိတ်လိုက်သည်။

"အင်း..."

တွေဝေမနေတော့ပဲ ဂျန်ဖန်း သူမနောက်ကို သွားသည်။ ထို့နောက် လက်တစ်ဖက်က သူမဝမ်းဗိုက်အောက်ပိုင်း ဒန်ထျန်ပေါ်တင်ပြီး အခြားတစ်ဖက်က သူမ၏ကျောက်စိမ်းရောင်ကဲ့သို့လက်လေးကိုကိုင်ကာ ပြောလိုက်သည်။

"ငါ့စိတ်ဝိညာဥ်စွမ်းအင်ပုံစံနဲ့ စီးဆင်းမှုကို ဂရုတစိုက် အာရုံခံကြည့်..."

သူက စိတ်ဝိညာဥ်စွမ်းအင်တစ်မျှင်ကို သူမဝမ်းဗိုက်ထဲသို့ပို့လွတ်လိုက်ပြီး သွေးကြောတွေတစ်လျှောက်စီးဆင်းစေလိုက်သည်။

တစ်ချိန်တည်းမှာပဲ သူမလက်ကိုကိုင်ကာ ရှုပ်ထွေးသည့်ပုံစံတွေကို လေထဲမှာ ရေးဆွဲနေခဲ့သည်။

လျိုချင်းရှန်မျက်နှာ နီရဲနေ၏။

ဤအခိုက်အတန့်၌ သူမအား ဂျန်ဖန်းက လုံးဝကို ပွေ့ဖက်ထားသည်ဖြစ်၍ နှလုံးခုန်တွေမြန်ကာ ခန္ဓာကိုယ်ကလည်း တောင့်တင်းနေခဲ့သည်။

ထိုအချိန်မှာပဲ....

သူမနှင့် နန်းကုန်းရှောင်ယွင်တို့၏တိုက်ပွဲသတင်းက အလျှင်အမြန်ပျံ့နှံ့သွားခဲ့သည်။

တောင်ထိပ်များစွာမှ အကြီးအကဲတွေနှင့် တပည့်တွေ အလျှင်အမြန်ပဲ ပြေးလာခဲ့ကြသည်။

အဆုံးမှာတော့, သူမတို့က ဂိုဏ်းကိုးဂိုဏ်း၌ ကျော်ကြားသည့် ကောင်းကင်ဂုဏ်ယူရသူသမီးတော်တွေဖြစ်ကြပြီး သူမတို့၏တိုက်ပွဲက တစ်သက်မှာတစ်ခါကြုံရသည့် ကိစ္စပင်ဖြစ်သည်။

လျိုဝူချန်းတောင် ဝမ်ချန်းဂျန်နှင့်အတူ အပြေးရောက်လာခဲ့သည်။

လျိုချင်းရှန် လျို့ဝှက်ခန်းထဲ၌ လေ့ကျင့်နေတာသိပြီး ဝမ်ဂျန်ချန် စိုးရိမ်စွာပြောလိုက်သည်။

"အခုချိန်မှာ ဂျူနီယာညီမက အချိန်လုပြီး လေ့ကျင့်နေရတာဖြစ်မယ်...."

"ငါ သွားကူညီရမယ်...."

အားပေးသည့်အပြုံးတစ်ခုနှင့် သူက လျို့ဝှက်အခန်းတံခါးကို တွန်းဖွင့်ကာ ပြောလိုက်သည်။

"ဂျူနီယာညီမ, စီနီယာအကို မင်းကို ကူညီဖို့ လာ...."

သူ့အသံ ရုတ်တရက် ရပ်တန့်သွားပြီး ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလုပ်မယက် ရပ်တန့်သွားခဲ့သည်။

လျိုဝူချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"ဘာဖြစ်လို့လဲ...."

All Chapters