← Chapters

မြန်ဆန်သည့်တိုက်ပွဲနှင့် လျှင်မြန်သည့်ဆုံးဖြတ်ချက်

Vol. 11 Ch. 160

မြန်ဆန်သည့်တိုက်ပွဲနှင့် လျှင်မြန်သည့်ဆုံးဖြတ်ချက်

Vol. 11 Ch. 160

ဝမ်ချန်းဂျန် ဘာမြင်လို့ အရမ်းအံ့အားသင့်နေသနည်း။

လျိုဝူချန်း အံ့အားသင့်စွာလျှောက်လာပြီး အထဲကိုကြည့်လိုက်သည့်အခါ သူလည်း နေရာတင် ကြက်သေသေသွားခဲ့သည်။

လျို့ဝှက်ခန်းထဲ၌ လေ့ကျင့်နေသည့်သမီးဖြစ်သူကို ဂျန်ဖန်းက အမှန်တကယ် ပွေ့ဖက်နေခဲ့သည်။

သူက မနေနိုင်ပဲ ဆူပူကြိမ်းမောင်းလိုက်၏။

"ချင်းရှန်, နင်ဘာလုပ်နေတာလဲ...."

ဂျန်ဖန်းလမ်းညွှန်ပေးမှုအောက်၌ ခုလေးတင်မှ တစ်စုံတစ်ခုကိုခံစားမိသည့် လျိုချင်းရှန် ရုတ်တရက် အာရုံပျက်သွားခဲ့သည်။

သူမကျင့်ကြံရေးနှောင့်ယှက်ခံရသည့်အတွက် လျိုချင်းရှန် စိတ်အခြေအနေမကောင်းတော့ပဲ ဆက်ခနဲပြန်ပြောလိုက်သည်။

"လေ့ကျင့်နေတာ မမြင်ဘူးလား...."

လေ့ကျင့်နေတာ?....

လျိုဝူချန်း အလွန်ဒေါသထွက်သွားပြီး လက်ညိုးထိုးလိုက်ပေမယ့် မည်သည့်စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။

ဝမ်းချန်းဂျန် မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

"ဂျူနီယာညီမ, မင်းတကယ်လေ့ကျင့်ချင်တယ်ဆိုရင် ငါကူညီပေးမယ်...."

"ဂျန်ဖန်း, မင်း ထွက်သွားလို့ရပြီ...."

ထိုအချိုန်၌ သူတို့နားလည်မှုလွဲနေပြီဆိုတာ လျိုချင်းရှန် နားလည်လိုက်၏။

သူမက အလွန်ရှက်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။

"အဖေတို့တွေ ထွက်သွားကြတော့...."

ဒုန်း!

အသံတစ်ခုနှင့် သူမက တံခါးကို ပိတ်ချလိုက်သည်။

ထို့နောက် မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းကို ဆက်လက်လေ့ကျင့်နေခဲ့သည်။

ဝမ်ချန်းဂျန်မျက်နှာ အတော်လေး အရုပ်ဆိုးသွား၏။

သူက ဂျန်ဖန်းထက် ဘယ်လိုများ နိမ့်ကျနေသနည်း။

လေပြင်းပုလဲလေးတစ်လုံးပေးတာကြောင့် သူမက ဂျန်ဖန်းကို အရမ်း ကြင်နာနေသည်လား.....

လျိုဝူချန်းလည်း ဒေါသထွက်နေ၏။

"ငါ့သမီးက တစ်စုံတစ်ယောက်နဲ့ ယှဥ်ပြိုင်ရမှာကို မင်းလည်းသိတာပဲ။ ဒါကို မင်းက သူ့မကျင့်ကြံရေးကို သွားနှောင့်ယှက်တယ်...."

"ငါ့သမီးသာရှုံးလို့ကတော့, မင်းသေပြီပဲ..."

နှစ်ယောက်သား စိတ်အခြေအနေဆိုးရွားနေစဥ်....

လက်ထောက်ခန်းမသခင်ယို့က မြင်းမှီးတောင်ဝှေးကိုကိုင်ပြီး လျှောက်လာခဲ့သည်။

လျိုဝူချန်း အလျှင်အမြန် သူ့ဒေါသကိုထိန်းလိုက်ပြီး လေးလေးစားစား အရိုအသေပေးလိုက်သည်။

"လက်ထောက်ခန်းမသခင်ယို့..."

ဤလက်ထောက်ခန်းမသခင်ယို့၏ခွန်အားက ခန့်မှန်းမရအောင် နက်နဲ၏။

ထို့ပြင် ဂုဏ်သတင်းကလည်း လျိုဝူချန်းထက်မြင့်၏။

ပိုအရေးကြီးတာက လက်ထောက်ခန်းမသခင်ယို့က တိမ်စိမ်းဂိုဏ်းကို သိပ်အထင်မကြီးပေ။

သူရောက်လာကတည်းက မျက်နှာကောင်း မပြခဲ့ပေ။

"ဂိုဏ်းချုပ်လျို, စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်က သူ့ကိုယ်သူဘယ်တော့မှ ထုတ်မပြဘူးတဲ့။ ထုတ်ပြရင်လည်း စစ်မှန်တဲ့ခေါင်းဆောင် ဘယ်ဟုတ်တော့မလဲ...."

လက်ထောက်ခန်းမသခင်ယို့မျက်နှာက ရင်းနှီးသည့်အပြုံးတစ်ခုနှင့် ပြည့်နေခဲ့သည်။

"ငါသာ တိမ်စိမ်းဂိုဏ်းကိုမလာရင် မင်းအရူးလုပ်တာခံနေရအုန်းမှာ...."

ဟမ်?....

လျိုဝူချန်း ခေါင်းရှုပ်သွား၏။

ငါက မင်းကို ဘာတွေအရူးလုပ်လို့လဲ?....

သူက အပြုံးတစ်ခုဖြင့် ဂရုတစိုက်မေးလိုက်သည်။

"လက်ထောက်ခန်းမသခင်ယို့, မင်း ဘာတွေပြောနေတာလဲ..."

လက်ထောက်ခန်းမသခင်ယို့ ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး လက်ညိုးထိုးကာ ပြောလိုက်သည်။

"ကြည့်စမ်း, ဖုန်းကွယ်နေတုန်းပါပဲလား...."

"မင်းတို့ဂိုဏ်းအကြီးအကဲရဲ့စွမ်းအားကို ငါတွေ့ပြီးပါပြီ..."

"သူက တကယ့်ကို ပြိုင်ဘက်ကင်းဆရာတစ်ယောက်ပဲ..."

"ငါ နှိမ့်ကျစွာနဲ့ပဲ ရှုံးနိမ့်ကြောင်းဝန်ခံရမှာပဲ..."

လျိုဝူချန်း ကြောင်သွား၏။

ပြိုင်ဘက်ကင်းဆရာသခင်?....

နှိမ့်ချစွာနဲ့ ရှုံးနှိမ့်ကြောင်းဝန်ခံတယ်?....

ဘယ်လိုဟာသကြီးလဲဟ...

ဘယ်အချိန်က တိမ်စိမ်းဂိုဏ်း၌ ဤကဲ့သို့ ထူးခြားသည့် အကြီးအကဲတစ်ယောက် ရှိသွားသနည်း။

သူက ရယ်မောပြီး ပြောလိုက်သည်။

"လက်ထောက်ခန်းမသခင်ယို့, ဟာသတွေလုပ်မနေပါနဲ့တော့..."

လက်ထောက်ခန်းမသခင်ယို့ သူ့ခေါင်းကိုခါယမ်းပြီး ပြုံးလိုက်သည်။

"ငါဒီလောက်အများကြီးပြေပြီးတာကို ဂိုဏ်းချုပ်က ဘာလို့ဆက်ဖုံးကွယ်နေအုန်းမှာလဲ...."

"ဒီလိုအကြီးအကဲမျိုးနဲ့ဆိုရင် မင်းတို့ရဲ့အနာဂတ်အလားအလာက အကန့်အသတ်မရှိတော့ဘူး..."

ပြောပြီးနောက် သူက အဝေးကို လျှောက်ထွက်သွားခဲ့သည်။

လျိုဝူချန်းတစ်ယောက်သာ အတွေးနက်ပြီး ကျန်ခဲ့၏။

"ဘယ်တုန်းက ငါတို့တိမ်စိမ်းဂိုဏ်းမှာ အဲ့လိုအကြီးအကဲရှိသွားတာလဲ..."

"ဒါပေမယ့်, လက်ထောက်ခန်းမသခင်ယို့က ဒါကို အကြောင်းပြချက်မရှိပဲ ပြောမှာမဟုတ်ဘူး...."

"နေပါအုန်း..."

လျိုဝူချန်း ရုတ်တရက် အေးခဲသွားပြီး မျက်နှာထားတင်းမာသွားခဲ့သည်။

"သူက မဟာအကြီးအကဲအကြောင်းပြောနေတာများလား...."

"ဂိုဏ်းထဲက အသန်မာဆုံးအကြီးအကဲက သံသယရှိစရာမလိုအောင် သူတစ်ယောက်ပဲရှိတယ်...."

ထိုအတွေးဖြင့် လျိုဝူချန်းနှလုံးသာ ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။

မဟာအကြီးအကဲကို လက်ထောက်ခန်းမသခင်ယို့က အတော်လေး သဘောကျနေသည်လား?...

သူက မကြုံစဖူး ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ဂိုဏ်း ၉ ဂိုဏ်း ခေါင်းဆောင်တွေ၏နေရာကို ကောင်ကင်ဘုံစက်ယန္ဒယားခန်းမမှ ဆုံးဖြတ်တာဖြစ်၏။

လက်ထောက်ခန်းမသခင်ယို့သာ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမသခင်ရှေ့မှာ စကားကောင်းအနည်းငယ်ပြောပေးလိုက်လျှင်....

ထိုအတွေးနှင့်တင် လျိုဝူချန်းကို ကျောချမ်းသွားစေ၏။

ထိုအခိုက်အတန့်မှာပဲ...

မဟာအကြီးအကဲလည်း သတင်းကြားပြီး ရောက်လာခဲ့သည်။

ဂိုဏ်းသခင်သမီးက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ နံပါတစ်ဂုဏ်ယူရသူ သမီးတော်နှင့် တိုက်ခိုက်တော့မည်ဖြစ်သည်။

သူ, ပြဿနာဖန်တီးသူ... မဟုတ်သေးဘူး၊ မဟာအကြီးဖြစ်သည့်သူက ဤကဲ့သို့အရေးကြီးအချိန်အခါမျိုးကို ဘယ်လိုလုပ် လွဲချော်လို့ဖြစ်မည်နည်း။

"ဂိုဏ်းချုပ်, မင်းသမီးရဲ့အရည်အချင်းက ထူးခြားတယ်။ အစောကြီးကတည်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကို ချိုးဖြတ်ထားပြီးပြီ။ သူမက ငါတို့ တိမ်စိမ်းဂိုဏ်းရဲ့ ကျောရိုးလို့ပြောလို့်ရတယ်..."

"ဒီတစ်ချိန်သူမနိုင်မယ်လို့ ငါအကြွင်းမဲ့ယုံတယ်..."

သူက ကျွမ်းကျင်လှသည့်လှောင်ပြောင်မှုဖြင့် စတင်လိုက်သည်။

လျိုဝူချန်းမျက်နှာ မှုန်ကုပ်နေပြီး ဘာမှမပြောပဲ သူ့ကိုသာစိုက်ကြည့်နေခဲ့သည်။

မဟာအကြီးအကဲနောက်မှလိုက်လာသည့် တန်ထျန်လုံလည်း မနေနိုင်ပဲ တုန်ယင်သွား၏။

သူက တီးတိုးပြောလိုက်သည်။

"ဆရာ, ဒီနေ့ ဂိုဏ်းချုပ် စိတ်သိပ်မကြည်ဘူးနဲ့တူတယ်..."

အတိတ်၌ တစ်ယောက်ယောက်က ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေကို အထင်သေးလှောင်ပြောင်သည့်အခါတိုင်း လျိုဝူချန်းက အမြဲတမ်း ပြန်လည်ချေပတတ်၏။

သို့ပေမယ့် ယနေ့၌ ထူးခြားစွာဖြင့် တိတ်ဆိတ်နေခဲ့သည်။

ထို့ပြင် စိတ်မချမ်းမသာဖြစ်စေသည့်အကြည့်မျိုးနှင့် စိုက်ကြည့်နေခဲ့သည်။

မဟာအကြီးအကဲလည်း ထူးဆန်းမှုကို ခံစားမိ၏။

"ဒီကောင် စိတ်ဆိုးနေတာလား..."

"ဒါ လိုအပ်လို့လား။ သူသမီးရှုံးမှာကို ဟာသလုပ်ရုံလေးပဲကို..."

"ဖြစ်နိုင်တာ... တကယ်ပဲ သူ့သမီးတိုက်ပွဲကို မျှော်လင့်ထားတာလား..."

အမှန်တကယ်ပင်၊ သူက ဂိုဏ်းသခင်တောင်ထိပ်ကို လှောင်ရယ်ပြီး လျိုဝူချန်းအရှက်ရတာကို မြင်ချင်၏။

သို့ပေမယ့် သူမလုပ်နိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤပြိုင်ပွဲ၌ လျိုချင်းရှန်ရှုံးမှာက သာမန်ကိစ္စသာ ဖြစ်သောကြောင့်ပင်။

အဆုံးမှာတော့ တစ်ဖက်ပြိုင်ဘက်က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ နံပါတ်တစ်ဂုဏ်ယူရသူ သမီးတော်ဖြစ်၏။

သူမကို ရှုံးရတာ ဘာမှရှက်စရာအကြောင်းမရှိပေ။

ဘာကြောင့် လျိုဝူချန်း ဤကဲ့သို့တုန့်ပြန်နေမှန်း သူနားမလည်နိုင်ပေ။

"သူ့ကိုလျစ်လျူရှူထားလိုက်။ ငါမင်းကို ဒီနေရာခေါ်လာတာ လျိုချင်းရှန်ရဲ့သိုင်းပညာကို ကြည့်ခိုင်းဖို့ပဲ...."

"မင်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ နဲ့မဝေးတော့ဘူး။ မင်းသူမကို အနိုင်ယူပြီး ဂိုဏ်းသခင်တောင်ထိပ်ကို လွမ်းမိုးနိုင်ဖို့ ငါမျှော်လင့်တယ်...."

"ပြီးတော့ အနိုင်ရဖို့ဆို မင်းက သူမရဲ့နည်းလမ်းတွေနဲ့ရင်းနှီးနေမှရမယ်။ ဒါမှ တိုက်ပွဲတိုင်းမှာ အနိုင်ရဖို့သေချာမှာ...."

လျိုချင်းရှန်က လှုပ်ရှားခဲပြီး ယခုက ရှားရှားပါးပါးအခွင့်အရေးတစ်ခုဖြစ်သည်။

တန်ထျန်းလုံ အလေးအနက် ခေါင်းညိတ်လိုက်၏။

"ဆရာပြောတာမှန်တယ်။ ကျွန်တော်တို့နှစ်ယောက်လုံးက သိမ်မွေ့အဆင့်မြင့်နည်းလမ်းတွေ သုံးကြတယ်။ ငါသာ သူမနည်းလမ်းကို နားလည်ရင် အနိုင်ရဖို့အခွင့်အလမ်းက နှစ်မှတ်လောက်တိုးလာလိမ့်မယ်..."

အချိန်တွေကုန်ဆုံးသွား၏။

ပိုပိုများသည့်တပည့်တွေ သိုင်းဝိညာဥ်ခန်းမရှေ့၌စုဝေးလာပြီး ထိုးဖောက်မရလုနီးပါးဖြစ်လာခဲ့သည်။

လျိုဝှက်ခန်းအတွင်း၌...

ဂျန်ဖန်း နေ့ဝက်လောက် သူမကို လက်ချင်းထပ်သင်ပေးပြီးနောက်...

လျိုချင်းရှန် နောက်ဆုံးမှာတော့ ကောင်းကင်ဘုံပျက်သုဥ်းခြင်းလက်ချောင်း၏ ပထမပုံစံကို ကျွမ်းကျင်သွားခဲ့သည်။

"ဟူး..."

သူမရှေ့ရှိ လုပ်ရှားနေသည့်လေထုကိုခံစားပြီး လေပြင်းကြောင့်လွင့်လာသည့်ဆံပင်တွေကိုဖီးသပ်လိုက်သည့်အခါ မယုံနိုင်လောက်အောင်လှပပြီး စိတ်လှုပ်ရှားနေသည့်မျက်နှာလေး ထွက်ပေါ်လာခဲ့သည်။

"ဒါက မြေကမ္ဘာအဆင့်သိုင်းပညာလား..."

"ဂျန်ဖန်း, နင် တကယ်ပဲ ငါ့ကို မြေကမ္ဘာအဆင့်သိုင်းပညာတစ်ခုသင်ပေးလိုက်တာပဲ...."

သူမက ပျော်ရွင်နေတာကို ထိန်းချုပ်လို့မရတော့ပေ။

ဂျန်ဖန်းကို လျိုချင်းရှန်ရနံတွေက ဖုံးလွမ်းနေပြီး ထိိုအရာက သူ့ကို အာရုံပျံ့လွင့်အောင် ပြုလုပ်နေခဲ့သည်။

ထူးဆန်းသည့်လေထုကိုရှောင်ရှားဖို့အတွက် သူက အလျှင်အမြန်ပြောလိုက်သည်။

"ပြိုင်ပွဲစတော့မယ်, သွားရအောင်..."

လျိုချင်းရှန် ခေါင်းညိတ်လိုက်၏။ သူမမျက်လုံးတွေက ပြင်းထန်သည့်တိုက်ခိုက်လိုစိတ်တွေနှင့် ပြည့်နှက်နေခဲသည်။

"နန်းကုန်းရှောင်ယွင်, ဒီတစ်ချိန် ငါနင့်ကို နောက်တစ်ကြိမ်ငိုသွားအောင်လုပ်ပြမယ်..."

နှစ်ယောက်သား လျို့ဝှက်ခန်းထဲက ထွက်လာသည့်အခါ...

လူအုပ်ကြီးက ချက်ချင်းပဲ ဆူညံပွက်လောရိုက်သွားခဲ့သည်။

"စီနီယာအမလျိုအနိုင်ရဖို့ ငါတကယ် မျှော်လင့်တယ်...."

"ကောင်းပြီ၊ ဒီပြိုင်ပွဲရလဒ်က အဓိကဟုတ်လို့လား။ ရလဒ်က ဆုံဖြတ်ပြီးသားကို..."

"သေချာပေါက် မိန်းမလှလေးနှစ်ယောက်ရဲ့ ပြိုင်ပွဲကိုပဲ အာရုံစိုက်ကြည့်ရမှာပေါ့..."

"ငါတို့အတွက်တော့ ဒီလိုကြီးကျယ်ခမ်းနားတဲ့တိုက်ပွဲမျိုးမြင်ရတာ နှစ်အတော်ကြာကြွားဖို့ လုံလောက်တယ်..."

နောက်ဆုံး လျိုချင်းရှန် ထွက်လာတာမြင်တော့...

နန်းကုန်ရှောင်ယွင် နောက်ထပ်ထိန်းမထားနိုင်တော့ပဲ ရှေ့ထွက်လာခဲ့သည်။ သူမ၏နူးညံ့သည့်မျက်နှာလေး၌ အတိတ်က အစော်ကားခံခဲ့ရတာကိုလက်စားချေဖို့ ပြတ်သားသည့်ဆုံးဖြတ်ချက်တွေနှင့် ပြည့်နှက်နေခဲ့သည်။

"လျိုချင်းရှန်, ဒီတစ်ချိန် ငါနင့်ကို ရှုံးနိမ့်မှုရဲ့အရသာကို ခံစားရအောင်လုပ်ပေးမယ်..."

လျိုချင်းရှန် အကြောက်အလန့်ကင်းမဲ့စွာဖြင့် သူမစိန်ခေါ်မှုကို လက်ခံလိုက်သည်။

သူမ၏လှပသည့်မျက်လုံးတွေက ရယ်ချင်သည့်အရိပ်အယောင်တွေ ပြသနေခဲ့သည်။

"နင်သေချာပေါက်နိုင်မယ်လို့ ထင်လား..."

အို?...

ကြည့်ရှုနေသည့် လက်ထောက်ခန်းမသခင်ယို့လည်း အံ့သြသည့်အမူအရာပြသလာခဲ့ည်။

နေ့တစ်ဝက်ကျင့်ကြံပြီးနောက် လျိုချင်းရှန်က ပိုပြီးယုံကြည်မှုရှိလာပုံပေါ်၏။

ဖြစ်နိုင်တာ သူမတကယ်ပဲ ကောင်းကင်ဘုံပျက်သုဥ်းခြင်းလက်ချောင်းကို တတ်မြောက်သွားသည်လား....

သို့ပေမယ့် ထိုအတွေးပေါ်လာသည့်အခါ သူ့ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

အကြောင်းပြချက်က အတူတူပင်။

ဂျန်ဖန်းကိုယ်တိုင်ကတောင် ထိုအရာကို အပြည့်အဝမကျွမ်းကျင်တာ ဘယ်လိုလုပ်ပြီး အခြားလူကို သင်ပေးနိုင်မည်နည်း။

ဤတိုက်ပွဲက စိုးရိမ်းစရာမရှိသေးပေ။

သူက လက်ဖက်ခွက်တစ်ခုကို ကောက်ယူပြီး လည်ချောင်းရှင်းကာ ပြောလိုက်သည်။

"ရှောင်ယွင်, ဒါကို မြန်မြန်အဆုံးသတ်လိုက်...."

သူမတို့နှစ်ယောက်ကြား၌ ကြီးမားသည့်ကွာခြားမှုကြီးတစ်ခုရှိနေ၏။

လှုပ်ရှားမှုအနည်းငယ်ဖြင့် ရလဒ်ကို ဆုံးဖြတ်နိုင်တာပဲဖြစ်သည်။

All Chapters