အမြုတေဖွဲ့စည်းခြင်း၏တုန်လှုပ်မှု
Vol. 11 Ch. 161
နန်းကုန်းရှောင်ယွင် ခေါင်းညိတ်လိုက်၏။
အားကောင်းသည့်စိတ်ဝိညာဥ်စွမ်းအင်က လှိုင်းတစ်ခုကဲ့သို့ထွက်ပေါ်လာပြီး သူမပတ်ပတ်လည်ရှိလေထုကို လည်ပတ်လာစေခဲ့သည်။
၎င်းက ဖုန်မှုန့်တွေကို လှည်းကျင်းသွားပြီး သူမခြေထောက်ပတ်လည်၌ ဝဲကတော့တစ်ခုကဲ့သို့လည်ပတ်နေခဲ့သည်။
တိမ်စိမ်းဂိုဏ်းတပည့်တွေ မနေနိုင်ပဲ သူတို့နှလုံးသားထဲမှနေ၍ လေးစားအားကျမှုကို ခံစားလိုက်ရသည်။
"အမြုတေဖွဲ့စည်းခြင်းနယ်ပယ်..."
"သူမက လွန်ခဲ့တဲ့နှစ်ကမှ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို ဝင်ရောက်ခဲ့တာတဲ့။ ဒါက တကယ့်ကို ယုံကြည်ဖို့ခက်ခဲလွန်းတယ်..."
"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ နံပါတ်တစ်ဂုဏ်ယူရသူသမီးတော်ဆိုတဲ့နာမည်နဲ့ ထိုက်တန်ပါတယ်..."
"ခွန်အားအရဆိုရင်တော့ သူမက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှာ ပထမဟုတ်ချင်မှဟုတ်မှာ။ ဒါပေမယ့် အလားအလာမှာတော့ သံသယမရှိအောင်ကို သူမက ပြိုင်ဘက်ကင်းပဲ..."
နန်းကုန်းရှောင်ယွင် ကိုယ်နေဟန်ထားတစ်ခု ယူလိုက်ပြီး ကျင့်ကြံရေးနည်းလမ်းကိုအသက်သွင်းကာ ပြောလိုက်သည်။
"လျိုချင်းရှန်, တိုက်ကြမယ်..."
လူတိုင်း လျိုချင်းရှန်ကို ကြည့်လိုက်ကြသည်။
သူတို့က လျိုချင်းရှန်ကို အများကြီးမျှော်လင့်မထားကြသော်လည်း တိမ်စိမ်းဂိုဏ်း၏နံပါတ်တစ်အလှလေးကို အနီးကပ်မြင်ရတာက အတော်လေး မျက်စိပသာဓဖြစ်စေ၏။
နှစ်ဖက် တိုက်ခိုက်တော့မည့်အချိန်၌...
ဂျန်ဖန်း အားပေးလိုက်သည်။
"စီနီယာအမ, အစွမ်းကုန်ကြိုးစား။ ဘာမှ ပူပန်မနေနဲ့..."
"ဒီနေ့တိုက်ပွဲမှာ နင်မနိုင်ရင်တောင်, အရှက်မကွဲပါဘူး..."
ဂိုဏ်းကိုးဂိုဏ်းတပည့်တစ်ယောက်အနေနှင့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ ကောင်းကင်ဂုဏ်ယူရသူသမီးတော်ကို ယှဥ်ပြိုင်နိုင်တာကကို ကောင်းမွန်သည့်ဖြစ်စဥ်တစ်ခုဖြစ်နေပြီဖြစ်သည်။
သူမရှုံးလျှင်တောင် ဘယ်သူကမှ သူမညံ့ဖျင်းတယ်လို့ထင်မှာမဟုတ်ပေ။
ဆန့်ကျင်ဘက်အနေနဲ့ သူတို့က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမထက်မနိမ့်ကျသည့် သူမ၏ထူးခြားသည့်အရည်အချင်းကို ချီးမွမ်းကြမည်ဖြစ်သည်။
သူမသာနိုင်ခဲ့လျှင် ထိုအရာက ကြီးမားသည့် ဂုဏ်သတင်းတစ်ခုဖြစ်မည်ပင်။
ထို့ကြောင့်, သူမနိုင်ခဲ့လျှင် ကောင်း၏။ ရှုံးခဲ့လျှင်လည်း ကိစ္စမရှိပေ။
လျိုချင်းရှန် ထိုအဓိပ္ပာယ်ကိုနားလည်၏။ သူမ၏ လှုပ်ရှားနေသည့်စိတ်လည်း အတော်လေးတည်ငြိမ်သွားခဲ့သည်။
သူမက ခေါင်းညိတ်လိုက်ပြီး နန်းကုန်းရှောင်ယွင်ကို တည်ငြိမ်စွာကြည့်လိုက်သည်။
နှစ်ဖက်စတင်တိုက်ခိုက်တော့မည်ဖြစ်၍ ဂျန်ဖန်း တိုက်ပွဲကွင်းပြင်ထဲမှထွက်ကာ လျိုဝူချန်းဘေးမှာ လာရပ်နေလိုက်၏။
လျိုဝူချန်း မနေနိုင်ပဲ အပြစ်တင်လိုက်၏။
"တိုက်ပွဲမစခင်ကတည်းက မင်းက သူမကို ဆွဲချနေတာပဲ။ သူမမရှုံးမှာ၊ အရှက်မကွဲမှာ မင်းစိုးရိမ်နေတာမလား..."
ဂျန်ဖန်း လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ဆရာ,စီနီယာအမက အကြီးအကျယ်တိုးတက်ထားပြီးပါပြီ။ အမက ဒီတိုက်ပွဲကို ရှုံးမှာမဟုတ်ပါဘူး..."
"အကြီးအကျယ်တိုးတက်ထားတယ်?..."
လျို့ဝှက်ခန်းထဲမှာ ဂျန်ဖန်းတို့ဖက်နေတာကို ပြန်တွေးမိပြီး လျိုဝူချန်းမနေနိုင်ပဲ ဒေါသတကြီးရယ်လိုက်၏။
"ဒါဆိုလည်း မင်းရဲကူညီမှုအတွက် ငါက ကျေးဇူးတင်ရမှာပေါ့...."
ဒီကောင်ဂျန်ဖန်းက ကိုယ့်ကိုယ်ကို လုံးဝကို နားမလည်တာလား...
သူက လျိုချင်းရှန်ကို ဆွဲချနေတာ အသိသာကြီးပင်။
ဝမ်ချန်းဂျန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ဂျူနီယာညီလေး, ဂျူနီယာညီမလျို ခွန်အားတိုးဖို့ဖက်တာလို့တော့ မင်းမပြောဘူးမလား...."
ထိုကိစ္စကိုပြောဖို့ ဂျန်ဖန်းမှာမျက်နှာရှိနေတာ အံ့သြစရာပင်။
သို့ပေမယ့် ထိုအချိန်မှာပဲ...
လျိုချင်းရှန် အလျှင်အမြန်ပဲ သူမစိတ်ဝိညာဥ်စွမ်းအင်ကို ထုတ်လွတ်လိုက်သည်။
ထိုစိတ်ဝိညာဥ်စွမ်းအင်က မရပ်မနားစီးဆင်းနေသည့်ရေစီကြောင်းပမာ ထွက်ပေါ်လာပြီး သူ့ကို အံ့အားသင့်သွားစေခဲ့သည်။
"ဆရာ, ဂျူနီယာညီမရဲ့စိတ်ဝိညာဥ်စွမ်းအင်က ပုံမှန်မဟုတ်ဘူး..."
"အခြေခံတည်ဆောက်ခြင်းအဆင့် ၉ က ဒီလောက်အားကောင်းတာလား...."
အချိန်အတော်ကြာထိ တုံ့ပြန်သံမလာခဲ့ပေ။
သူလှည့်ကြည့်လိုက်သည့်အခါ လျိုဝူချန်း သူ့ထိုင်ခုံမှ အံ့အားသင့်စွာဖြင့် မတ်တပ်ထရပ်နေတာကို တွေ့လိုက်ရသည်။
မျက်လုံးတွေက ပြူးကျယ်နေပြီး ရေရွတ်လိုက်သည်။
"အမြုတေဖွဲ့စည်းခြင်း၊ ဒါက အမြုတေဖွဲ့စည်းခြင်းအဆင့်နယ်ပယ်ပဲ..."
ထို့နောက် လျိုဝူချန်း သူ၏ပျော်ရွင်မှုကို ထိန်းမထားနိုင်တော့ပေ။
"ငါ့သမီးက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်သွားပြီ။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်သွားပြီကွ..."
သူက ထိုအရာကို ယုံကြည်ဖို့ခက်ခဲနေခဲ့သည်။
သူ့သမီးဖြစ်သူက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ မှာ ပိတ်မိနေတာ နှစ်ဝက်လောက်ရှိပြီဖြစ်သည်။ သူက သူမကို အစွမ်းကုန်ကူညီခဲ့သော်လည်း အရာမထင်ခဲ့ပေ။
သို့ပေမယ့် ရုတ်တရက် သူမက အမြုတေဖွဲ့စည်းနိုင်ခဲ့သည်။
ထိုရုတ်တရက်ပျော်ရွင်မှုက သူ့ကို အချိန်အတော်ကြာ စိတ်တည်ငြိမ်အောင် မလုပ်နိုင်ဖြစ်သွားစေခဲ့သည်။
ဝမ်ချန်ဂျန် ကြောင်အသွား၏။
"အမြုတေဖွဲ့စည်းခြင်းအဆင့်..."
သူက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကိုချိုးဖြတ်တော့မည်ဖြစ်၍ လျိုချင်းရှန်နှင့် ယှဥ်နိုင်တော့မည်ဟု တွေးထားခဲ့သည်။
သို့ပေမယ့် ယခုတော့, သူမက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းသွားခဲ့သည်။
ဤအရာက သူကို အတော်လေးနိမ့်ကျသည်ဟု ခံစားရစေ၏။ သို့ပေမယ့် တစ်ဖက်မှာတော့ သူတောင် လျိုချင်းရှန်နှင့်မထိုက်တန်လျှင် ဂျန်ဖန်းဆို ပိုလို့တောင် မထိုက်တန်သေးပေ။
ထိုအခါမှသာ သူ့ ခံစားချက်အနည်းငယ် ကောင်းလာခဲ့သည်။
အခြားတပည့်တွေနှင့် အကြီးအကဲတွေလည်း အတော်လေး အံ့အားသင့်နေခဲ့ကြသည်။
တန်ထျန်လုံ အနည်းငယ် အံ့ကြိတ်ပြီး ပြောလိုက်သည်။
"ဆရာ, ငါတို့ဆက်ကြည့်သင့်သေးလား..."
သူလာရသည့်ရည်ရွယ်ချက်က လျိုချင်းရှန်ကျင့်ကြံရေးနည်းလမ်းကိုကြည့်ဖို့ဖြစ်သည်။ ထိုအခါမှသာ သူ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ကို ချိုးဖြတ်ပြီးနောက် သူမကို အနိုင်ရဖို အခွင့်အရေးတိုးလာမည်ပဲဖြစ်သည်။
သို့ပေမယ့်ယခုတော့, သူမက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်သွားခဲ့သည်။
သူဘယ်လိုလုပ် အနိုင်ယူတော့မည်နည်း။
အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကို ချိုးဖြတ်နိုင်ခဲ့လျှင်တောင် အနိုင်ရဖို့အခွင့်အရေးမရှိတော့ပေ။
ဖုန်းဂုချန်းမျက်နှာ အတော်လေး ကြည့်ရဆိုးသွား၏။
"ဘာလဲဟ..."
"သူမက ဘယ်လိုလုပ်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်သွားတာလဲ..."
"ပြီးတော့ အမြုတေဖွဲ့တာကကော ဘယ်အချိန်ကစပြီး ချိုးဖြတ်ဖို့အရမ်းလွယ်သွားတာလဲ..."
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှ စိတ်ဝိညာဥ်ဆေးလုံးနှင့်ဆိုလျှင်တောင် သေချာပေါက်အောင်မြင်ဖို့ အနည်းဆုံး သုံးလုံးသောက်ရမည်ဖြစ်သည်။
သို့ပေမယ့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၌ တစ်လုံးတောင် မရှိပေ။
လျိုချင်းရှန်က မည်သို့ အဆင့်ချိုးဖြတ်သွားသနည်း။
ထိုသို့ဆိုလျှင် ဂိုဏ်းသခင်တောင်ထိပ်၌ အမြုတေဖွဲ့စည်းခြင်းအဆင့်တပည့်တစ်ယောက် ပိုတိုးသွားပြီပဲဖြစ်သည်။
ဂိုဏ်းသခင်တောင်ထိပ်၏ဂုဏ်သတင်းလည်း အကြီးအကျယ်တိုးတက်သွားခဲ့သည်။
"အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်သွားတော့ကောဘာဖြစ်လဲ။ သူမက ရှုံးအုန်းမှာပဲ...."
ဖုန်းဂုချန်း ဒေါသတကြီး ပြောလိုက်သည်။
ပတ်ဝန်းကျင်ကတပည့်တွေလည်း ဆူညံပွက်လောရိုက်သွားကြသည်။
"လျိုချင်းရှန် အမှန်တကယ်ပဲ အဆင့်ချိုးဖြတ်သွားပြီ။ သူမက အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သွားပြီဟ..."
"အမြုတေဖွဲ့စည်းခြင်း၊ ဒီအဆင့်က သိုင်းပညာရှင် ၉၉ ရာခိုင်နှုန်းလောက် မဖြတ်ကျော်နိုင်တဲ့အဆင့်ပဲ...."
"ဂိုဏ်း ၉ ဂိုဏ်း နတ်သမီး ၄ ယောက်ရဲ့ ကျော်ကြားမှုက နာမည်နဲ့ တကယ်ထိုက်တန်တာပဲ..."
"စီနီယာအမရဲ့ အရင်းအမြစ်တွေ မလုံလောက်တာစိတ်မကောင်းစရာပဲ။ သူမရဲ့ကျင့်ကြံရေးနည်းလမ်းတွေက နန်းကုန်းရှောင်ယွင်ထက် အဆင့်နိမ့်တယ်။ မဟုတ်ရင် ဒီပြိုင်ပွဲက စိတ်ဝင်စားစရာကောင်းလိမ့်မယ်..."
"ဟုတ်တယ်၊ စီနီယာအမလျို အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့တယ်ဆိုရင်တောင် အနိုင်ရဖို့ ခက်ခဲနေတုန်းပဲ...."
လူအုပ်ကြီးက ဆူညံပွက်လောရိုက်နေခဲ့သည်။
လျိုချင်းရှန်လို အေးစက်မောက်မာသည့် သဘောထားရှိသည့်လူတောင် ဤအခိုက်အတန့်၌ ဂုဏ်ယူမှုကို ခံစားရ၏။
သူမက မျက်လုံးထောင့်မှ ဂျန်ဖန်းကို တစ်ချက်ကြည့်လိုက်ပြီး အတော်လေးကျေးဇူးတင်နေခဲ့သည်။
နန်းကုန်းရှောင်ယွင်ကို ကြည့်လိုက်သည့်အခါမှာတော့ အနိုင်ရလိုစိတ်တွေ တောက်လောင်လာခဲ့သည်။
ဂျန်ဖန်းက သူမကို အများကြီးကူညီထားသည်ဖြစ်၍ သူ့ကို စိတ်ပျက်အောင်လုပ်လို့ မဖြစ်ပေ။
"လာစမ်း..."
လျိုချင်းရှန် နောက်ထပ်မတွေဝေတော့ပဲ သူမဓားကိုဆွဲထုတ်လိုက်၏။
"အလှည့်တစ်ရာ, အကြိမ်တစ်ထောင်ပြန်လာခြင်း..."
သူမက ခရမ်းရောင်ဓားကိုကိုင်ပြီး ပြင်းထန်စွာခုတ်ပိုင်းချလိုက်၏။
မျက်စိဖြင့်မြင်နိုင်သည့်ဓားချီမျှင်တွေက နေရာတိုင်းကိုပျံ့နှံ့သွားပြီး နန်းကုန်ရှောင်ယွင်ဆီသို့ ခုတ်ပိုင်းချလိုက်၏။
ဓားချက်တစ်ချက်၏စွမ်းအားက တိမ်စိမ်းဂိုဏ်းတပည့်တွေကို ရှက်ရွံ့သွားစေခဲ့သည်။
တန်ထျန်လုံလည်း မလွယ်ကူသည့်အမူအရာတွေပြသလာခဲ့သည်။
ထိုဓားချက်ကို ခုခံနိုင်ပါ့မလားဟု သူ့ကိုယ်သူမေးကြည့်နေခဲ့သည်။
အခြားတပည့်တွေကတော့ ပြောနေစရာကိုမလိုတော့ပေ။
သူတို့နှလုံးသားတွေတုန်ယင်နေပြီး လျိုချင်းရှန်အနိုင်ရဖို အခွင့်အရေးရှိသည်ဟု ထင်မိကြ၏။
သို့ပေမယ့် နောက်ထပ်လှုပ်ရှားမှုက လူတိုင်းနှလုံးသားကို ကျုံ့ဝင်သွားစေခဲ့သည်။
နန်းကုန်ရှောင်ယွင်က သူမနှုတ်ခမ်းကိုသာတွန့်ကွေးလိုက်၏။
"ဒါက နောက်ဆုံးအကြိမ်ကနဲ့ ထူးမခြားနားပါပဲ..."
"ပန်းခြွေလက်ဝါး..."
သူမ၏ အချိန်အတော်ကြာပြင်ဆင်ထားသည့် လက်ဝါးသိုင်းကို ထုတ်ဖော်လိုက်သည့်အခါ စိတ်ဝိညာဥ်ချီလက်ဝါးပုံရိပ်ကြီး ထွက်ပေါ်လာခဲ့သည်။
ဓားချီတွေ ထိုစိတ်ဝိညာဥ်လက်ဝါးကြီးနှင့် တွေ့ဆုံသွားပြီး နှင်းပွင့်များသဖွယ် အရည်ပျော်ကြကုန်၏။
ထို့ပြင် စိတ်ဝိညာဥ်လက်ဝါးကြီးကပျောက်ကွယ်မသွားသေးပဲ လျိုချင်းရှန်ကို ပြင်းထန်စွာရိုက်ချလိုက်သည်။
လျိုချင်းရှန် အလျှင်အမြန်ပဲ သူမဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။
နန်းကုန်ရှောင်ယွင် ရယ်လိုက်၏။
"အသုံးမဝင်ဘူး။ ဒါက ငါတို့ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ အသန်မာဆုံး သိမ်မွေ့အဆင့်မြင့်သိုင်းပညာလေ..."
"နင့်ကိုအနိုင်ယူဖို့ ငါ ခန်းမသခင်ဆီကနေ အထူးတောင်းဆိုထားခဲ့တာ...."
"နင့်ရဲ့ဓားသိုင်းက လုံးဝ မယှဥ်နိုင်ဘူး...."
ဤသို့ဖြင့် သူမက ရှေ့ကိုခုန်ထွက်ကာ စိတ်ဝိညာဥ်လက်ဝါးကြီးကို လျိုချင်းရှန်ဆီ တွန်းပို့လိုက်သည်။
လျိုချင်းရှန်ထုတ်ဖော်လိုက်သည့်ဓားကွက်က စိတ်ဝိညာဥ်လက်ဝါးကြောင့် ချက်ချင်းဆိုသလို ကြေမွသွားခဲ့သည်။
နန်းကုန်းရှောင်းယွင်၏ လှုံ့ဆော်မှုအောက်၌ စိတ်ဝိညာဥ်လက်ဝါးက ဓားကွက်ကို ဝါးချမ်းတစ်ခုကဲ့သို့ ချိုးဖြတ်သွားပြီး လျိုချင်းရှန်လက်ထဲရှိ ခရမ်းဓားကို အတွေးသို့လွင့်ထွက်သွားစေခဲ့သည်။
ဤအရာကြောင့် ကွင်းပြင်တစ်ခုလုံး သက်ပြင်းချသံတွေထွက်ပေါ်လာခဲ့သည်။
"ပြီးသွားပြီ၊ ဓားမရှိပဲနဲ့ သူမမှာ အခွင့်အရေးမရှိတော့ဘူး...."
"ကျင့်ကြံရေးနည်းလမ်းနိမ့်ကျတာကြောင့် စီနီယာအမလျို နောက်ဆုံးမှာတော့ ရှုံးနိမ့်သွားပြီ..."
ဖုန်းဂုချန်း စိတ်သက်သာရစွာသက်ပြင်းချလိုက်ပြီး နှာမှုတ်လိုက်၏။
"အနိုင်ရမယ်တဲ့၊ ဟာသပဲ..."
သို့ပေမယ့် လျိုဝူချန်းကတော့ အနည်းငယ် စိတ်ပျက်နေခဲ့သည်။
အစောပိုင်း သူ၏စိတ်လှုပ်ရှားမှုလည်း အတော်လေး တည်ငြိမ်သွားခဲ့သည်။
သူက သူ့ကိုယ်သူနှစ်သိမ့်လိုက်၏။
"အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်တာကကို အတော်လေး အထင်ကြီးဖို့ကောင်းနေပါပြီ။ ရှုံးတာကရှုံးတာ..."
သို့ပေမယ့်...
သူပြောလို့မပြီးခင်မှာပဲ...
လျိုချင်းရှန် မရိုးသားသည့်အပြုံးတစ်ခု ထုတ်ဖော်လိုက်၏။
"နန်းကုန်းရှောင်ယွင်, နင်နိုင်ပြီလို့ထင်နေတာလား..."
နန်းကုန်းရှောင်ယွင် ရုတ်တရက် ထိပ်လန့်သွား၏။ သူမနှလုံးသားက ရှင်းပြလို့မရအောင် အပြင်းအထန်ခုန်ပေါက်လာပြီး အလွန်ဆိုးဝါးသည့်ခံစားချက်တွေ ရနေခဲ့သည်။
အလျှင်အမြန်ပဲ နောက်ဆုတ်ဖို့ကြိုးစားလိုက်ပေမယ့် အစောပိုင်း သူမက အနိုင်ရဖို့စိတ်အားထက်သန်နေတာကြောင့် သူမတို့နှစ်ယောက်ကြားအကွာအဝေးက အလွန်နီးကပ်နေခဲ့သည်။
နောက်ဆုတ်ဖို့က ခက်ခဲလွန်း၏။
သူမက မျက်ခွံ့တွေကျုံ့ပြီး လျိုချင်းရှန် သူမရင်းနှီးသည့်လက်ချောင်းသိုင်းထုတ်ဖော်လိုက်တာကို ကြည့်နေဖို့သာ တတ်နိုင်တော့၏။
လျိုချင်းရှန်လည်း ပြုံးလိုက်ပြီး အားကောင်းသည့်တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။
"ကောင်းကင်ဘုံပျက်သုဥ်းခြင်းလက်ချောင်း..."