← Chapters

ဆန္ဒခြောက်ပါးအရှင်သခင် 

Vol. 170 Ch. 2433

ဆန္ဒခြောက်ပါးအရှင်သခင် 

Vol. 170 Ch. 2433

ဆန္ဒခြောက်ပါးကောင်းကင်တွင် နတ်ဘုရားတောင်တန်းတစ်ခု ရှိသည်။ ၎င်းက အမြင့်ဆုံးနေရာ၌ တည်ရှိပေသည်။ ထိုနတ်ဘုရားတောင်တန်းကို နက်နဲသိမ်မွေ့သော မြူများ ဝန်းရံထားသည်မှာ နတ်နန်းတော်ကဲ့သို့ပင် ဖြစ်သည်။

နတ်ဘုရားတောင်တန်းပေါ်တွင် နတ်ဘုရားအိမ်တော်များစွာ ရှိပေသည်။ ၎င်းတို့ကြားတွင် အမြင့်ဆုံးနေရာ၌ တည်ရှိနေသည့် တစ်ခုကို နတ်အလင်းတို့ဖြင့် လွှမ်းခြုံထားပြီး နက်နဲသိမ်မွေ့သော အရှိန်အဝါတို့ ဝန်းရံထားသည်။ ထိုအိမ်တော်များနှင့် နန်းတော်များတွင် နတ်အလင်းများဖြင့် ဝန်းရံခံထားရသည့် ထူးခြားလှပသော နတ်ဘုရားပုံရိပ်များ ရှိပေသည်။ နတ်ရောင်ဝါတို့ဖြင့် ဖုံးလွှမ်းခံထားရသော အံ့သြမှင်တက်ဖွယ် အလှလေးများကို စကားနှင့် ဖော်ပြ၍ပင် မရနိုင်ပေ။

ဤနေရာသည် ဆန္ဒခြောက်ပါးကောင်းကင်အတွင်းမှ အစွမ်းထက်ဆုံး သန့်စင်မြင့်မြတ်နယ်မြေဖြစ်သည့် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော် ဖြစ်ပေသည်။

ထို့ပြင် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်အတွင်း ဆန္ဒခြောက်ပါးကောင်းကင်မှ ကျင့်ကြံသူများအားလုံးထဲတွင် အစွမ်းထက်ဆုံးမှာ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်၏ နန်းတော်သခင် ဆန္ဒခြောက်ပါးအရှင်သခင် ဖြစ်သည်။

ထိုအချိန်တွင် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်၏ အလယ်မှ ဂီတသံတစ်ခု ထွက်ပေါ်လာပေသည်။ တိမ်တိုက်နှင့် မြူများကြားတွင် ပါးလွှသော ဝတ်စုံနှင့် အမျိုးသမီးများက ကျက်သရေရှိစွာ ကခုန်နေခဲ့သည်။ သူတို့၏ မျက်နှာများထက် အဖြူရောင်ပုဝါများကို တပ်ထားကာ အဖြူရောင်ဝတ်စုံရှည်အား ဝတ်ဆင်ထားခဲ့သည်။ သူတို့၏ ဖုံးကွယ်ထားသော မျက်နှာများက ထူးခြားလှပလွန်းမည်ကို ပြောနိုင်ပေသည်။

ပို၍ အရေးကြီးသည်မှာ သူတို့ထဲက မည်သူမှ ကျင့်ကြံခြင်းတွင် အားနည်းခြင်း မရှိပေ။

ကောင်းကင်နန်းတော်၏ အမြင့်တစ်နေရာတွင် နတ်မိမယ်များက ကခုန်နေခဲ့၏။

"အားလုံး ထွက်သွားတော့။" သို့သော် ထိုအခိုက်အတန့်တွင် အသံတစ်ခုက တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်သည်။ ထိုအသံက အတော်လေး ကြမ်းတမ်းခက်ထန်ပေသည်။ ဂီတရပ်တန့်သွားသည်နှင့် ချက်ချင်းပင် အမျိုးသမီးများက ဦးညွှတ်ကာ ဆုတ်ခွာသွား၍ အလျင်အမြန် ထွက်ခွာသွားကြသည်။ ခန်းမ၏ တစ်ဖက်တစ်ချက်တွင် အစွမ်းထက်ပုဂ္ဂိုလ်များ ရပ်နေခဲ့သည်။ သူတို့က လှေကားများအထက်တွင် ရှိနေသည့် ကောင်းကင်နန်းတော် အရှင်သခင်ကို ကြည့်လိုက်ပြီး ရုတ်တရက် စိတ်ခံစားချက်အပြောင်းအလဲကြောင့် အတော်လေး ဇဝေဇဝါ ဖြစ်သွားကြသည်။

ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်သခင်က မျက်မှောင်ကြုတ်ထား၏။ ထူးဆန်းသည့် အကြည့်တစ်ခုက သူ့မျက်လုံးများတွင် လင်းလက်လာသည်။ အောက်ဘက်မှ တစ်စုံတစ်ယောက်က အရိုအသေပေးကာ အရဲစွန့်ပြောလိုက်သည်။ "အရှင် ကိစ္စတစ်ခုခု ဖြစ်လို့လား။"

ဆန္ဒခြောက်ပါးအရှင်သခင်က စကားပြောသူကို ကြည့်လိုက်ကာ သူ့ မျက်ခုံးနှစ်ခုကြားမှ နတ်အလင်းတို့ ထိုးထွက်လာသည်။ ချက်ချင်းပင် သူ့ရှေ့၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။

"ကိုယ့်ဘာသာကြည့်ကြ။" ဆန္ဒခြောက်ပါးအရှင်သခင်က ပြောလိုက်သည်။ လူတိုင်း၏ အာရုံစိုက်မှုက ချက်ချင်းပင် လှုပ်ရှားနေသည့် ပုံရိပ်၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။ ဖြစ်ပွားနေသည့် တိုက်ပွဲက အချိန်တိုအတွင်း ပြီးဆုံးသွားပုံရပေသည်။ တိုက်ပွဲက အချိန်တိုအတွင်းတွင် ပြိုင်ဘက်နှစ်ယောက်ထဲမှ တစ်ယောက် သေဆုံးသွားခြင်းနှင့် အဆုံးသတ်သွားပေသည်။

သို့သော် ထိုပုံရိပ်များက အနားတွင် ဝန်းရံနေသည့် လူအများကို ထိတ်လန့်သွားစေကာ သူတို့၏ မျက်နှာများအား ပြောင်းလဲသွားစေခဲ့သည်။ သူတို့အားလုံးသည် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် လူကို သိကြပြီး ထိုလူမှာ  မော့ထျန်းတောင်တန်း၏ အရှင်သခင်ဖြစ်သော မဟာအကြီးအကဲ မော့ထျန်း ဖြစ်သည်။

တစ်စုံတစ်ယောက်က သူ့ကို သတ်ဖြတ်လိုက်သည်။

ထိုပုံရိပ်များမှာ ရီဖူရှင်းနှင့် မဟာအကြီးအကဲကြားမှ တိုက်ပွဲဖြစ်ကာ မဟာအကြီးအကဲ မော့ထျန်း၏ နောက်ဆုံး အခိုက်အတန့်လည်း ဖြစ်ပေသည်။

'အဲဒါက ဘာလဲ။' လက်ရှိ ရှိနေသည့် လူတိုင်းက အံ့အားသင့်ကာ ရီဖူရှင်းကို စိုက်ကြည့်နေခဲ့သည်။

"နတ်ခန္ဓာ။ အဲဒါက မဟာအင်ပါယာတစ်ပါးရဲ့ နတ်ခန္ဓာဖြစ်လိမ့်မယ်။" တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်ပြီး အခြားကျင့်ကြံသူများ၏ မျက်လုံးများကို အနည်းငယ် ထက်ရှသွားစေခဲ့သည်။ ၎င်းက အမှန်တကယ် မဟာအင်ပါယာ၏ နတ်ဘုရားရုပ်ကြွင်း ဖြစ်နိုင်သလား။

သူတို့၏ မျက်လုံးများက ဆန္ဒခြောက်ပါးအရှင်သခင်ကို ကြည့်လိုက်ကြပြီး ထိုအချိန်၌ သူ့စကားသံအား ကြားလိုက်ရပေသည်။ "ဒါက မော့ထျန်း မသေခင် သူဘယ်လိုသေသွားလဲ သိရအောင် ကျုပ်ဆီ ပို့လိုက်တဲ့ သတင်းစကားပဲ။ အဲဒီဆံပင်အဖြူရောင်လူငယ်က ကျင့်ကြံခြင်း အရမ်း မမြင့်ပေမယ့် မဟာအင်ပါယာရဲ့ ရုပ်ကြွင်းကို အသုံးပြုနိုင်တာကြောင့် မော့ထျန်း အသတ်ခံလိုက်ရတာပဲ။"

"မော့ထျန်းက အရှင်သခင်ကို သူ့အစား လက်စားချေပေးစေချင်တာ ထင်တယ်။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ဆန္ဒခြောက်ပါးကောင်းကင်တွင် ဆန္ဒခြောက်ပါးကောင်းကင်အရှင်က အစွမ်းထက်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။ မဟာအကြီးအကဲမော့ထျန်းနှင့် အခြားလူများက ဤနေရာသို့ မကြာခဏ လာလည်နေသည့် ဧည့်သည်ဖြစ်လေသည်။ သိသာစွာပင် သူက ဆန္ဒခြောက်ပါးအရှင်သခင်ထံ သူ၏ နောက်ဆုံးအခိုက်အတန့်အား ပို့ဆောင်ပေးနိုင်သည့်အတွက်ကြောင့် ဤနေရာ၌ တစ်စုံတစ်ယောက် ချန်ထားရစ်ခဲ့ခြင်း ဖြစ်ရပေမည်။

ဤနတ်ဘုရားရုပ်ကြွင်းနှင့် ဆန္ဒခြောက်ပါးအရှင်သခင်က သေချာပေါက် တန်ပြန်တိုက်ခိုက်မှု ပြုလုပ်ပေလိမ့်မည်။

ဆန္ဒခြောက်ပါးအရှင်သခင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ရုတ်တရက် အလင်းတန်းများက သူ့ခန္ဓာကိုယ်ပေါ် တောက်ပလာသည်။ ချက်ချင်းပင် များပြားလှသော ပုံရိပ်များက အောက်ဘက်၌ ပေါ်ပေါက်လာသည်။ ထိုထွက်ပေါ်လာသည့် လူအနည်းငယ်တွင် အားလုံးက ထူးခြားလှပသော အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားသည်။

"အရှင်သခင်ကို နှုတ်ဆက်ပါတယ်။" ထွက်ပေါ်လာသည့် လူတိုင်းက ဆန္ဒခြောက်ပါးအရှင်သခင်ကို အရိုအသေ ပြုလိုက်သည်။

"ဒါကိုကြည့်။" ဆန္ဒခြောက်ပါးအရှင်သခင်က မော့ထျန်းအသတ်ခံခဲ့ရသည့် မြင်ကွင်းကို သူတို့်အား ပြသခဲ့သည်။ ၎င်းကို ကြည့်ပြီးနောက် လူတိုင်းက အံသြထိတ်လန့်စွာဖြင့် သတိအနေအထား ဖြစ်သွားခဲ့သည်။ သူတို့က ဆန္ဒခြောက်ပါးအရှင်သခင် ပြောလာသည်ကို ကြားလိုက်ရ၏။ "သူက ဆန္ဒခြောက်ပါးကောင်းကင်မှာ ရှိနေဆဲပဲ။ စစ်ရယ် သူက အခု မင်းရဲ့ နယ်မြေထဲမှာ ရှိနေသေးတယ်။ သူ့ကို လိုက်ရှာ ထွက်မပြေးစေနဲ့။"

"ကောင်းပါပြီ အရှင်။" ပုံရိပ်များထဲမှ တစ်ယောက်​ဖြစ်သော အမျိုးသမီးတစ်ယောက်က ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။

"ဂရုစိုက်။ သူ့ကို တားထားနိုင်ရုံပဲလုပ်။ ဒီလူက မော့ထျန်းကို သတ်နိုင်လောက်အောင် နတ်ဘုရားရုပ်ကြွင်းကို အသုံးပြုနိုင်တာကြောင့် သူနဲ့ အရမ်းနီးကပ်မသွားစေနဲ့။" ဆန္ဒခြောက်ပါးအရှင်သခင်က သူမကို သတိပေးလိုက်သည်။

"နားလည်ပါပြီ။" စစ်ရယ်က ခေါင်းညိတ်လိုက်သည်။

"အခုသွားတော့။" ဆန္ဒခြောက်ပါးအရှင်သခင်က လက်ကို ယမ်းလိုက်လျှင် ထွက်ပေါ်လာသည့် ပုံရိပ်များစွာက ရုတ်တရက် လျင်မြန်စွာ ပျောက်ကွယ်သွားပေသည်။ ဆန္ဒခြောက်ပါးကောင်းကင်အတွင်း ဆန္ဒခြောက်ပါးအရှင်သခင်က ထရပ်လိုက်သည်။ လူတိုင်းကလည်း လိုက်ပါသွားခဲ့၏။ သူတို့အားလုံး၏ နှလုံးသားထဲ၌ နက်ရှိုင်းစွာ တုန်လှုပ်သွားခဲ့သည်။

သူတို့သည် ဆန္ဒခြောက်ပါးကောင်းကင်အတွင်းမှ ထိပ်သီးကျင့်ကြကသူများစွာက အဖြူရောင်ဆံပင်နှင့် လူငယ်လေးတစ်ယောက်ကြောင့် အတူတကွ လှုပ်ရှားကြရမည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိပေ။ ဤကဲ့သို့သော အခြေအနေ၌ နှစ်ပေါင်းများစွာအတွင်း၌ပင် ဖြစ်ပျက်လိမ့်မည် မဟုတ်ချေ။

…

ရီဖူရှင်းက အစောပိုင်း ဖြစ်ပျက်ခဲ့သည့်အရာများကို တစ်ခုမှ မသိခဲ့ပေ။ သူသည် မဟာအကြီးအကဲ မော့ထျန်းက သေဆုံးရသည့်အခါ၌ပင် သူ့ကို ရိုက်ချနိုင်မည့် အခွင့်အရေးတစ်ကြိမ် ပိုမိုရရှိရန် မသေခင် သူ့အတွက် ထောင်ချောက်ဆင်သွားလိမ့်မည်ဖြစ်ကြောင်း ထင်မှတ်ထားခဲ့ခြင်း မရှိပါချေ။

သူတို့က တောင်တန်းပေါ်၌ တည်ထားသော မြို့တစ်မြို့သို့ ရောက်ရှိလာသည်။ ထိုနေရာက အလွန် ကျယ်ဝန်းပြီး  အစွမ်းထ​က်ကျင့်ကြံသူများစွာ ရှိသည်။ ရီဖူရှင်းက သူ၏ ဒဏ်ရာများကို ကုသရန် ဤနေရာ၌ ခေတ္တအခြေချရန် ကြံရွယ်ထားသည်။

သိမ်မွေ့နက်နဲသော လေထုတစ်ခုက တောင်ပေါ်ရှိ တည်းခိုဆောင်ကို ရစ်သိုင်းလွှမ်းခြုံထားပြီး ရီဖူရှင်းက ချောက်ကမ်းပါးအနီးတွင် ထိုင်ကာ ကျင့်ကြံနေခဲ့သည်။ သူ့ခန္ဓာကိုယ်ကို စွမ်းအင်လှိုင်းများက ဝန်းရံထားပြီး အသက်စွမ်းအင်က သူ့စိတ်ဝိညာဥ်ကို ဆက်လက် အားဖြည့်ထားသည်။ သူက တဖြေးဖြေး ပြန်လည်သက်သာလာသလို ထင်မှတ်ရပေသည်။

ကျင့်ကြံသူများစွာက တည်းခိုဆောင်အတွင်း သောက်စားရင်း စကားစမြည် ပြောနေကြသည်။ မျက်မ​မြင်ထျယ်နှင့် ဖန်းချွင့်တို့လည်း ထိုနေရာ၌ ရှိနေခဲ့သည်။ ဟွားဂျီယူနှင့် ဟွာချင်းချင်းတို့က ရီဖူရှင်း၏ ဘေး၌ ရှိနေခဲ့သည်။

"ဒီနေရာမှာ တောင်တွေအများကြီး ရှိတယ်။" ဖန်းချွင့်က ပြောလိုက်သည်။ သူတို့ ဆန္ဒခြောက်ပါးကောင်းကင်သို့ ရောက်လာစဥ်ကတည်းက ကျင့်ကြံရန် နေရာအတွက် တောင်များစွာ ရှိနေသည်ကို သိခဲ့ရသည်။ ကြည့်ရသည်မှာ ဤလောကအတွင်းမှ လူတိုင်းသည် ကျင့်ကြံရန် ရည်ရွယ်ချက်ဖြင့် တောင်များပေါ်တွင် မြို့များ တဘ်ဆောက်ရခြင်းကို သဘောကျကြပုံရသည်။

ရွှေတောင်ပံခွန်ပန်ငှက်ကြီး မော့ယွင်ကျီက သူ၏ လူသားသဏ္ဌာန်သို့ ပြောင်းလဲလိုက်သည်။ သူက ဖန်းချွင့်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "ဒီလောကမှာ ကျင့်ကြံခြင်းအတွက် အရေးပါတဲ့ နေရာတွေအားလုံးက ဒီတောင်တန်းတွေပေါ်မှာ ရှိတယ်။"

ဖန်းချွင့်က ခေါင်းညိတ်လိုက်၏။ ၎င်းက အနောက်ဘက်လောက၏ သင်္ကေတအက္ခရာပင် ဖြစ်နိုင်သည်။

ထိုအချိန်တွင် နတ်ဘုရားအငွေ့အသက်များက အဝေးမှ ထိုးဖောက်ဝင်ရောက်လာသည်။ ကျင့်ကြံသူများက ထိုနေရာသို့ ကြည့်လိုက်သည့်အခါ အဖြူရောင်ဝတ်ဆင်ထားသည့် နတ်မိမယ်ကဲ့သို့ အမျိုးသမီးများအဖွဲ့က လေဟာနယ်ကို ဖြတ်သန်းကာ လာနေသည်ကို မြင်လိုက်ရပေသည်။ သူတို့အားလုံးက ပါးလွှသော အဖြူရောင်ဝတ်စုံများနှင့် အံ့သြမှင်တက်ဖွယ် လှပသည့် အလှလေးများဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုများက မြှူဆွယ်နေသလိုပင် ဖြစ်သည်။ သူတို့က ချက်ချင်းပင် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပေသည်။ ကြည့်ရှုနေသူများက ထိုအမျိုးသမီးများထံမှ အကြည့်လွှဲရန် ခက်ခဲနေခဲ့ပေသည်။

"ဒါက သူတို့ပဲ။" ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ အာရုံစိုက်မှုက ရောက်ရှိလာသည့် အမျိုးသမီးများထံ ကျရောက်သွားသည်။ အမျိုးသမီးများကလည်း ထိုကျင့်ကြံသူများအား ပြန်ကြည့်လိုက်ပြီး သူတို့၏ နတ်အာရုံများက အပြင်ဘက်သို့ ဖြန့်ကျက်လာကာ တောင်ပေါ်ကို လွှမ်းခြုံလာသည်။

မော့ယွင်ကျီ၏ မျက်လုံးများက ထက်ရှလာသည်။ သူက လူသားအသွင်သို့ ကူးပြောင်းလိုက်ပြီး မကြာခင် ထိုလူများက မည်သူတို့ဖြစ်ကြောင်း သိလိုက်ပေသည်။

ဘုန်း...! သူတို့က ချောက်ကမ်းပါးအနီးသို့ ဆက်လက် လျှောက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းက သူ့မျက်လုံးများကို ဖွင့်ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ ရွှေတောင်ပံငှက်ကြီးက သူ့ကို စိတ်ထဲမှ ဆက်သွယ်ကာ လျှို့ဝှက်စွာ သတင်းပေးခဲ့သည့်အတွက်ကြောင့် ရီ​ဖူရှင်းက ထိုလူများ၏ သရုပ်မှန်ကို သတိပြုမိပြီး ဖြစ်သည်။

သူ့ မျက်ခုံးများက စုကျုံ့နေခဲ့၏။ ဆန္ဒခြောက်ပါးကောင်းကင်သို့ ရောက်ရှိပြီးနောက် မော့ထျန်းနန်းတော်၌ အဖြစ်အပျက်က မရည်ရွယ်သော အဖြစ်အပျက်ဖြစ်သည်မှာ သေချာပေသည်။ သို့သော် အကြီးအကဲမော့ထျန်း အသတ်ခံရပြီးနောက် အခြားထိပ်သီးပုဂ္ဂိုလ်များက သူ့နှင့် မည်သို့ ရင်ဆိုင်ချင်နေသနည်း။

ဤသည်က တိုက်ဆိုင်မှုဖြစ်လျှင် သူ၏ ကံကောင်းမှုက အတော်လေး ပုံမှန်မဟုတ်ပေ။

ရှင်းလင်းစွာပင် ဤသည်က တိုက်ဆိုင်မှုတစ်ခု မဟုတ်နေချေ။

တစ်ဖက်လူက သူ့အတွက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

ထိုအချိန်တွင် လေဟာနယ်အထက်မှ နတ်ဘုရားအလင်းတစ်ခု ကျဆင်းလာပြီး တောင်ပေါ်ရှိ အားလုံးသော ကျင့်ကြံသူများက ကြည့်လိုက်သည့်အခါ အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ အများစုက သူမကို အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။ သိသာစွာပင် သူတို့က သူမ မည်သူဖြစ်ကြောင်း သတိပြုမိကြပေသည်။

ရောက်ရှိလာသည့် အမျိုးသမီးက စစ်ရယ်မှလွဲ၍ အခြားသူမဟုတ်သော်လည်း ၎င်းက ပုံရိပ်တစ်ခုမျှသာ ဖြစ်သည်။ သူမက ခေါင်းကို ငုံ့ကာ ရီဖူရှင်း ရှိရာသို့ ကြည့်လိုက်သည်။ ရီဖူရှင်းက သူမကို မော့ကြည့်ကာ မေးလိုက်၏။ "စီနီယာက ကျုပ်ကို ဘာအတွက် ရှာတာလဲ။"

"ကျွန်မရဲ့ အရှင်သခင်က ရှင် ဆန္ဒခြောက်​ပါးကောင်းကင်ကို လိုက်လာပေးဖို့ မေးခိုင်းလိုက်လို့ပါ။" စစ်ရယ်က ခေါင်းငုံ့ကာ ကြည့်နေရင်း ပြန်ဖြေလိုက်သည်။

"ဆန္ဒခြောက်ပါးအရှင်သခင်။" ရီဖူရှင်းက ဆန္ဒခြောက်ပါးကောင်းကင်နှင့် ပတ်သတ်၍ သတင်းအချက်အလက် အချို့ကို သိရှိထားပြီးဖြစ်သည်။ သူသည် သူမက ဆန္ဒခြောက်ပါး​ကောင်းကင်၏ အစွမ်းထက်ဆုံး ကျင့်ကြံသူဖြစ်သော လူကို ရည်ညွှန်းကြောင်း သိရှိပေသည်။

All Chapters