ဖိတ်ကြားချက်
Vol. 170 Ch. 2434
ရီဖူရှင်းသည် ကိစ္စများက ပို၍ ရှုပ်ထွေးလာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ဖူးခြင်း မရှိပေ။ ယခု ဆန္ဒခြောက်ပါးကောင်းကင်အတွင်း အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကပင် ဝင်ရောက်စွက်ဖက်လာပေသည်။
သူသည် ဆန္ဒခြောက်ပါးကောင်းကင်အရှင်က မည်သည်ကို ပြုလုပ်ချင်နေကြောင်း မသိခဲ့ပေ။
သိသာစွာပင် မဟာအကြီးအကဲ မော့ထျန်း၏ သေဆုံးခြင်းကြောင့် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်မှ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ခြင်း ဖြစ်ပေသည်။
စစ်ရယ်က မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။ သူမ ဤနေရာ၌ ထွက်ပေါ်လာခြင်းသည် မဟာအကြီးအကဲ မော့ထျန်းနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းက ဆန္ဒခြောက်ပါးကောင်းကင်တစ်ခွင်လုံးကို တုန်လှုပ်သွားစေနိုင်သည်။ အထူးသဖြင့် အထွတ်အထိပ်တွင် ရှိနေသည့် ကျင့်ကြံသူများကြားတွင် ဖြစ်သည်။
ရီဖူရှင်းက အနောက်ဘက်လောကသို့ ရောက်လာပြီးနောက်၌ ဆန္ဒခြောက်ပါးကောင်းကင်တွင် ဤကဲ့သို့သော ကြီးမားသည့် လှုပ်ရှားမှုဖြစ်ပေါ်စေလိမ့်မည်ဟု မတွေးမိဖူးခဲ့ပေ။
"ဂျီယူ၊ ဦးလေးထျယ် ကျုပ် သူတို့နဲ့ လိုက်သွားလိုက်မယ်။ ဒါပေမယ့် ခင်ဗျားတို့ နေခဲ့သင့်တယ်။" ရီဖူရှင်းက ဟွားဂျီယူနှင့် မျက်မမြင်ထျယ်တို့ကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
"ဦးလေးထျယ် တခြားလူတွေကို ခေါ်ပြီး ထွက်သွားနိုင်တယ်။" ဟွားဂျီယူက ရီဖူရှင်းကို စိတ်ထဲမှ ပြန်ပြောလိုက်သည်။ သူမက ထွက်သွားရန် ရည်ရွယ်ချက် မရှိပေ။ "ငါ စိတ်ပူတယ်။ တိတ်တိတ်လေး လိုက်ခဲ့ပေးမယ်။"
"ကောင်းပြီ။" ရီဖူရှင်းက တားဆီးရန် မလုပ်ဆောင်ခဲ့ပေ။ သူနှင့် ဟွားဂျီယူက တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်ပေသည်။ သူသည် ဟွားဂျီယူက ဤတစ်ကြိမ်၌ သူ့ကို ထားသွားရန်မဖြစ်နိုင်ကြောင်း နားလည်သည့်အတွက် သူမ၏ ဆုံးဖြတ်ချက်ကို လက်ခံလိုက်ရုံသာ တတ်နိုင်ပေသည်။
ကိစ္စများက တစ်စထက်တစ်စပြင်းထန်လာပြီ ဖြစ်သည်။ မျက်မမြင်ထျယ်နှင့် အခြားလူများက ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာလိမ့်မည်ဖြစ်တာကြောင့် သူတစ်ယောက်တည်း သွားလိုက်သည်က အကောင်းဆုံးဖြစ်လိမ့်မည်ဟု ခံစားလိုက်ရပေသည်။
မျက်မမြင်ထျယ်က ရီဖူရှင်း၏ ရည်ရွယ်ချက်ကို ကောင်းစွာနားလည်သည့်အတွက် အများကြီး မပြောဘဲ သဘောတူလိုက်သည်။ သူက အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်နေသော်လည်း မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့သူများ ပါဝင်ပတ်သတ်နေသည့် တိုက်ပွဲများ၌ ပါရန် အနည်းငယ် အကူအညီမဲ့နေဆဲ ဖြစ်သည်။ ရီဖူရှင်းသာလျှင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို အသုံးပြုကာ ထိုသို့သော ပုဂ္ဂိုလ်များကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
ရီဖူရှင်းက ဖြေရှင်းပြီးသည့်အခါ စစ်ရယ်ကို မော့ကြည့်၍ ပြန်ဖြေလိုက်သည်။ "ဆန္ဒခြောက်ပါးအရှင်သခင်ရဲ့ ဖိတ်ကြားမှုကို ကျုပ် ဘယ်လို ငြင်းပယ်နိုင်မှာလဲ။ စီနီယာ ကျေးဇူးပြုပြီး လမ်းပြပါ။"
စစ်ရယ်က အနည်းငယ် အံ့အားသင့်သွားပုံရသည်။ မဟာအကြီးအကဲ မော့ထျန်းကို သတ်ဖြတ်နိုင်ခဲ့သည့် အဖြူရောင်ဝတ် လူငယ်လေးက ထိုမျှ ရင်းနှီးဖော်ရွေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူမသည် မဟာအကြီးအကဲ မော့ထျန်းကဲ့သို့ အဆုံးသတ်မည်ကို စိုးရိမ်သောကြောင့် လူကိုယ်တိုင် ထွက်ပေါ်လာရန် မဝံ့ရဲခဲ့ပေ။ သူမသည် မဟာအကြီးအကဲ မော့ထျန်း၏ အဆုံးသတ်ကို မြင်တွေ့ခဲ့ရသောကြောင့် ရီဖူရှင်းနှင့် ပတ်သတ်၍ အနည်းငယ် သတိထားနေခဲ့သည်။
"ကောင်းပြီ။ ဒါဆို သွားကြတာပေါ့။" စစ်ရယ်၏ ပုံရိပ်က ပြန်ဖြေလိုက်သည်။ ချက်ချင်းပင် ထိုအဖြူရောင်ဝတ် အမျိုးသမီးက လှည့်ထွက်သွားခဲ့၏။ သူတို့ ပုံရိပ်များက ကောင်းကင်သို့ တက်သွားပြီး အဝေးကို ရွေ့လျားသွားခဲ့ပေသည်။ ရီဖူရှင်း၏ ပုံရိပ်ကလည်း အပေါ်သို့ တက်သွားကာ သူတို့နောက်မှ လိုက်ပါသွားခဲ့သည်။
"ဆရာ။" ဖန်းချွင့်နှင့် ရှောင်လင်းတို့နှစ်ယောက်လုံး၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုနှင့် ဒေါသများ ရှိနေခဲ့ပေသည်။ သူတို့က ရီဖူရှင်း တစ်ခုခုဖြစ်မည်ကို ကြောက်ရွံ့သောကြောင့် စိုးရိမ်နေခဲ့ကြသည်။ သူတို့ ရောက်ရှိလာကတည်းက အန္တရာယ်များစွာ ကြုံတွေ့နေခဲ့ရသည့်အတွက် ဒေါသထွက်နေခဲ့သည်။ ထိုလူများက သူတို့အား မည်သည့်အတွက်ကြောင့် လွှတ်မထားနိုင်ရသနည်း။
သော်ယွီကလည်း သူ၏ နည်းပါးလှသော ခွန်အားကြောင့် လက်သီးကျစ်ကျစ်ဆုပ်ထားရုံသာ တတ်နိုင်ပေသည်။
သူတို့ရှေ့မှ အဖြစ်အပျက်က ထိုလူငယ်လေးယောက်ပေါ်၌ ထင်မြင်ချက်အချို့ ချန်ရစ်ထားနိုင်ပေသည်။ ၎င်းသည် သူတို့ကို ပို၍ အစွမ်းထက်ချင်စိတ်များ ထက်သန်လာစေသည်။
ဆန့်ကျင်ဘက်အနေနှင့် ချန်ယိက အတော်လေး တည်ငြိမ်နေခဲ့သည်။ သူက ရီဖူရှင်းကို အချိန်အကြာကြီး မသိခဲ့သော်လည်း သူတို့က အခက်အခဲများစွာကို အတူဖြတ်ကျော်ခဲ့ကြသည်။ ရီဖူရှင်းက ဝှက်ဖဲများစွာ ကိုင်ဆောင်ထားပြီး ပြဿနာအများအပြားတွင် အထိအခိုက်မရှိဘဲ ကျော်ဖြတ်နိုင်စွမ်းရှိသည်။ ချန်ယိသည် ရီဖူရှင်းက ဤတစ်ကြိမ်၌လည်း မည်သို့မှမဖြစ်ဘဲ ပြန်ထွက်လာနိုင်မည်ကို ယုံကြည်ပေသည်။
မျက်မမြင်ချန်သည် ရီဖူရှင်းက ကံကြမ္မာလူသားတစ်ယောက် ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ ချန်ယိသည် ထိုအချိန်က 'ကံကြမ္မာ' ဟူသော စကားလုံးကို အတိအကျ နားမလည်ခဲ့သော်လည်း သူ့အတွက် နားလည်ရန် မလိုအပ်ပေ။
သူသည် မျက်မမြင်ချန်က သူ့ကို အလင်းကို အမွေဆက်ခံရန် ကံကြမ္မာရှိပြီး ထူးခြားစွာ မွေးဖွားလာသည့် အလင်းသားတော် ဖြစ်ကြောင်း ပြောခဲ့ဖူးသည်ကိုသာ သိပေသည်။
အလင်းသားတော်ဖြစ်ရန် ကံကြမ္မာရှိသည့် လူတစ်ယောက်အနေနှင့် မျက်မမြင်ချန်သည် သူ့အား ရီဖူရှင်းနောက် လိုက်ပါ၍ ကူညီပေးရန် ပြောခဲ့သည်။
ဤတောင်းဆိုချက်သည် မျက်မမြင်ချန်က ရီဖူရှင်းအပေါ် မည်မျှ မြင့်မားသော အထင်ကြီးလေးစားမှုရှိကြောင်း ဖော်ပြနေခဲ့သည်။
ချန်ယိက မျက်မမြင်ချန်ကို ယုံကြည်သောကြောင့် ရီဖူရှင်းကိုလည်း ယုံကြည်ပေသည်။
"ကျုပ်လည်း အခု သွားတော့မယ်။" ချန်ယိက ပြန်ဖြေလိုက်သည်။ သူတို့က ရီဖူရှင်းအတွက် အကူအညီ မဖြစ်နိုင်သော်လည်း သူ့အား ဝန်ထုပ်ဝန်ပိုးဖြစ်စေမှုမှ ရှောင်ကြဥ်သင့်သည်။ အနည်းဆုံး သူတို့က ကိုယ့်လုံခြုံရေးကို စိတ်ချရစေပြီး ရီဖူရှင်း ပြဿနာကို ရင်ဆိုင်ရာ၌ မည်သည့် စိုးရိမ်ပူပန်မှုမှ မရှိစေရန် လုပ်ဆောင်ပေးသင့်ပေသည်။
"အင်း။" မျက်မမြင်ထျယ်က ခေါင်းညိတ်လိုက်ကာ အဖွဲ့နှင့်အတူ ထွက်ခွာသွားသော်လည်း ရီဖူရှင်းကို ခေါ်ဆောင်သွားသူများနှင့်မတူညီသော ဦးတည်ရာသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
…
ခရီးစဥ်အတွင်း စစ်ရယ်က သူမ၏ အစစ်အမှန် ပုံသဏ္ဌာန်ကို ဖော်ပြခဲ့ခြင်း မရှိသော်လည်း ရီဖူရှင်းသည် သူမက ထိုနေရာ၌ တလျှောက်လုံး ရှိနေသည်ကို ခံစားမိနိုင်ပေသည်။ သူသည် တစ်စုံတစ်ယောက်က ဖြစ်ပျက်နေသည့်အရာများကို တလျှောက်လုံး စောင့်ကြည့်နေကြောင်း ခံစားမိခဲ့သည်။
"ကျုပ် နားမလည်တာရှိတယ်။ စီနီယာ ကျုပ်ကို ရှင်းပြပေးလို့ရမလား။" ရီဖူရှင်းက မေးလိုက်သည်။
"ပြောပါ။" အသံတစ်ခုက ရီဖူရှင်းအား တုန့်ပြန်လိုက်၏။
"စီနီယာက ဆန္ဒခြောက်ပါးအရှင်သခင်ရဲ့ အမိန့်ကြောင့် ကျုပ်ကို လာခေါ်ရတာဆိုပေမယ့် အစောပိုင်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ဆန္ဒခြောက်ပါးအရှင်သခင် ဘယ်လိုသိခဲ့တာလဲ။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။
"မဟာအကြီးအကဲ မော့ထျန်းက သူ မသေခင် ဆန္ဒခြောက်ပါး အရှင်သခင်ကို ပုံရိပ်တွေ ပို့ပေးလိုက်တယ်။" အမျိုးသမီးက ပြန်တုန့်ပြန်လိုက်သည်။ ထိုစကားများကို ကြားသောအခါ ရီဖူရှင်း၏ မျက်လုံးများက ထက်ရှလာသည်။ သူသည် ထိုသတိထားတတ်ပြီး ကောက်ကျစ်သည့် မြေခွေးအိုကြီးက မသေခင်၌ပင် သူ့ကို ဆန့်ကျင်ကာ အကွက်ဆင်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူက ဤညစ်ပတ်သော ကိစ္စများကို ဆန္ဒခြောက်ပါးအရှင်သခင်အား သတင်းပေးခဲ့သေးသည်။ ပို၍အရေးကြီးသည်မှာ သူ့ကို သတ်ဖြတ်ခဲ့သူက ရီဖူရှင်းဖြစ်ကြောင်း ဖော်ပြခဲ့ပေသည်။
အံ့သြစရာမရှိတော့ပေ။
"စီနီယာက ကျုပ်ရဲ့ တည်နေရာကို ဘယ်လိုသိတာလဲ။"ရီဖူရှင်းက ထပ်မံမေးမြန်းလိုက်သည်။
"အဲဒါ ရှင်သိစရာမလိုဘူး။" စစ်ရယ်က တုန့်ပြန်လိုက်ပေသည်။ "ရှင် တကယ် သိချင်တယ်ဆိုရင် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ကို ရောက်တဲ့အခါ ဆန္ဒခြောက်ပါးအရှင်သခင်ကို မေးကြည့်နိုင်တယ်။"
ရီဖူရှင်းက တစ်ဖက်လူ၏ အဖြေကို ကြားသောအခါ သူမက သူ့ကို မသိစေချင်ခြင်း ဖြစ်နိုင်ကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။ သို့သော် မဟာအကြီးအကဲ မော့ထျန်းက သူ၏ နောက်ဆုံး အခိုက်အတန့်အား ဆန္ဒခြောက်ပါးအရှင်သခင်ထံ ပို့ရန် စီမံနိုင်ပါက ထိုလူသည် သူ သတိမပြုမိဘဲ သူ့အပေါ် အမှတ်အသား ချန်ရစ်ထားခဲ့နိုင်ပေသည်။
အဆုံးမှာတော့ မဟာအကြီးအကဲ မော့ထျန်း၏ ကျင့်ကြံဆင့်က သူ့ထက် ပို၍ အစွမ်းထက်ပေသည်။ ထို့ပြင် သူသည် အခြားဖြစ်နိုင်ချေကို အမှန်တကယ် မတွေးနိုင်ခဲ့ပေ။ သူ ဆန္ဒခြောက်ပါးကောင်းကင်သို့ ရောက်ရောက်ချင်း သူနှင့် အငြင်းအခုန် ဖြစ်ဖူးသူမှာ မဟာအကြီးအကဲမော့ထျန်းတစ်ယောက်သာ ဖြစ်ပေသည်။ သူ၏ ပြိုင်ဘက် အသတ်ခံရပြီးနောက် အခြား မည်သူမှ သူနှင့် ဆက်သွယ်ခဲ့ခြင်း မရှိပေ။ သူတို့ကို ဤနေရာအတွင်းက မည်သူကမှ သတိထားမိလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် မဟာအကြီးအကဲ မော့ထျန်းက ဖြစ်ပျက်ခဲ့သည့် အရာအားလုံး၏ သော့ချက်ဖြစ်နေဆဲဖြစ်သည်။ သို့သော် ဤနေရာရှိ ထိုလူများ ထိုမျှအထိ မနှစ်သက်ဖွယ်ကောင်းလောက်အောင် မည်သည်တို့ ပြုလုပ်ခဲ့မိကြောင်း မသိပေ။
ထို့ကြောင့် သူ မည်သည့်နေရာကို သွားသည်ဖြစ်စေ ဆန္ဒခြောက်ပါးအရှင်သခင်၏ မျက်လုံးများမှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပါချေ။ ဤပြဿနာကို ဖြေရှင်းချင်လျှင် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ကို သွားဖို့ရာကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။
သို့သော် ဒုတိယအကြိမ် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီးသည့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ မည်သို့သော ရလဒ် ထွက်ပေါ်လာမည်ကို ရီဖူရှင်းကိုယ်တိုင်ပင် မသိပေ။
အချိန်က တဖြေးဖြေး ကုန်သွားကာ အဖွဲ့တစ်ဖွဲ့သည် အဆုံးမဲ့လေဟာနယ်ကို ဖြတ်သန်းလာသည်။ နောက်ဆုံး၌ သူတို့က နတ်ဘုရားတောင်တန်း၏ ထိပ်သို့ ရောက်ရှိလာပေသည်။
ဤနတ်ဘုရားတောင်တန်းက ကောင်းကင်သို့တိုင် မြင့်မားစွာ ရပ်တည်နေပြီး ကောင်းကင်ကို အနားသတ်ထားသည်။ ၎င်းက ဆန္ဒခြောက်ပါးကောင်းကင်၏ အမြင့်ဆုံးနေရာ ဖြစ်ပေသည်။
ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်က ဆန္ဒခြောက်ပါးကောင်းကင်၏ အမြင့်ဆုံး၌ တည်ရှိသည်ဟု ကောလာဟလ ရှိသည်။
ထိုအချိန်တွင် ရီဖူရှင်းက စစ်ရယ်နှင့်အတူ နတ်ဘုရားတောင်တန်းပေါ်သို့ ခြေချလာခဲ့သည်။ သူ့ရှေ့ မနီးမဝေးတွင် ထူးခြားသော အရှိန်အဝါတို့နှင့် လှပသည့် အမျိုးသမီးတစ်ယောက်က လမ်းပြပေးနေသည်။ ၎င်းက ဆန္ဒခြောက်ပါးကောင်းကင်၏ ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်သည့် စစ်ရယ်ပင် ဖြစ်သည်။ သူတို့က ဤနေရာအနီးသို့ ရောက်လာသည်နှင့် သူမ၏ ပုံရိပ်အစစ်အမှန်ကို ထုတ်ပြလာပြီ ဖြစ်သည်။ သူမသည် ရီဖူရှင်းက အလွယ်တကူ မလွတ်မြောက်နိုင်သည်ကို သိရှိသည့်အပြင် သူက ဤနေရာသို့ သူ့ဆန္ဒနှင့်သူ ရောက်လာခဲ့ခြင်း ဖြစ်သည်။
လူများစွာ ပေါ်ပေါက်လာပြီး သူတို့က ရီဖူရှင်းကို စစ်ဆေးရန်ကြိုးစားကာ တစ်ယောက်ချင်းစီ၏ နတ်အာရုံတို့က ဖြန့်ကျက်လွှမ်းခြုံလာသည်။ ထိုအဆင့်ရှစ်ရန်ဟောင် ကျင့်ကြံဆင့်နှင့် ဆံပင်အဖြူရောင်လူငယ်က မဟာအကြီးအကဲ မော့ထျန်းကို သတ်ဖြတ်ရန် စီစဥ်နိုင်ခဲ့သည်။ ထို့ပြင် သူက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးအား ကျော်ဖြတ်နိုင်ခဲ့သည့် ကျင့်ကြံသူကို တစ်ချက်တည်းနှင့် သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည့် အကြောင်းပြချက်မှာ နတ်ဘုရားရုပ်ကြွင်းကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပေသည်။
စစ်ရယ်က နတ်ဘုရားတောင်တန်း၏ တောင်ထက် အတွင်းပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်က ယခု သူ့မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့ပေသည်။ သူက ခမ်းနားထည်ဝါသော ကောင်းကင်နန်းတော်ကို မြင်သည့်အခါ စိတ်ရှုပ်သွားသော်လည်း သူ့အမူအရာက ပုံမှန်အတိုင်း တည်ငြိမ်နေကာ အများကြီး အံ့သြမှုမပြခဲ့ပေ။ အခြားတစ်ဖက်၌ စစ်ရယ်က သူ၏ အမူအရာကို အံ့အားသင့်နေခဲ့သည်။ ထိုလူငယ်က အနည်းငယ်မျှပင် တုန့်ဆိုင်းခြင်းမရှိဘဲ ဤနေရာသို့ ရောက်လာခဲ့သည်။ သူက အမှန်တကယ် ထိုမျှ စိတ်ခိုင်မာလှသည်လား။