← Chapters

သတင်းများ 

Vol. 170 Ch. 2436

သတင်းများ 

Vol. 170 Ch. 2436

သူက ကျောရိုးတလျှောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရသော်လည်း ရီဖူရှင်း၏ မျက်နှာပေါ်၌ မည်သည့် အမူအရာမှ ရှိမနေခဲ့ဘဲ သူ့ခံစားချက်ကို သစ္စာမဖောက်ခဲ့ပေ။ သူ၏ နှလုံးသားက အနည်းငယ်မျှပင် လှုပ်ရှားနေခြင်း မရှိသကဲ့သို့ အလွန် တည်ငြိမ်နေပုံပေါ်သည်။

သူက အချိန်အနည်းငယ်ခန့် စဥ်းစားတွေးတောနေပြီးနောက် ဆန္ဒခြောက်ပါးအရှင်သခင်ကို အနည်းငယ် အရိုအသေပြုရင်း ပြောလိုက်၏။ "ဆန္ဒခြောက်ပါးအရှင်သခင် ခင်ဗျား ပြောတာ ကျုပ် တွေးနေတဲ့အတိုင်းပါပဲ။ မူလဘုံမှာ ကောင်းကင်ဒေသရဲ့ အင်အားစုတွေအားလုံးက ကျုပ်ကို လိုက်ဖမ်းနေပြီး မင်းသမီးဒွန်ဟောင်ကလည်း သူမရဲ့ နတ်စစ်သူကြီးတွေကို လွှတ်ပြီး ကျုပ် အသက်ကို လိုချင်နေတယ်။ ကျုပ်က စီဝေ့ကြယ်ကမ္ဘာမှာ ကျင့်ကြံနေဖို့ပဲ ဖိအားပေးခံရပြီး မူလဘုံကို လုံးဝ ခြေမချနိုင်တော့ဘူး။ ဒါကြောင့် ကျုပ် ဘုံကနေ ထွက်ခွာပြီး အနောက်ဘက်လောကမှာ ကျင့်ကြံခြင်းအတွက် ကံကြမ္မာအခွင့်အလမ်းတွေ ရှာဖွေဖို့ ရောက်လာခဲ့တာ။ ကျုပ်ရဲ့ ကျင့်ကြံခြင်းအထွတ်အထိပ်ကို ရောက်ရင် ကျုပ် အဲဒီကို သေချာပေါက် ပြန်မှာ။"

ရီဖူရှင်း၏ အသံက ရိုးသားစစ်မှန်နေသည်။ ထိုစကားများက သူ့နှလုံးသားထဲမှ ထွက်ပေါ်လာသလိုပင် ​ဖြစ်၏။ ဆန္ဒခြောက်ပါးအရှင်သခင်က သူ့အား ယုံကြည်ခြင်းရှိမရှိမှာ အရေးမကြီးလှပေ။

ယခင်က ရီဖူရှင်းသည် မဟာအကြီးအကဲ မော့ထျန်းကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် သုံးပြီး ဆန့်ကျင်ခဲ့သည်။ သူတို့က အချင်းချင်း ပရိယာယ်သုံးကာ အနိုင်ရရန် ကြိုးစားခဲ့ကြသည်။ အဆုံးမှာတော့ ရီဖူရှင်းက အနိုင်ရသူ ဖြစ်လာခဲ့ပေသည်။

ယခုလည်း ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်း ပိုင်ဆိုင်သမျှ အရာအားလုံးကို ရယူပိုင်ဆိုင်ချင်ခဲ့သည်။ သို့သော် တိုက်ရိုက် လုယက်ရမည့်အစား ဆန္ဒခြောက်ပါးအရှင်သခင်က ပို၍ သိမ်မွေ့ညင်သာသော နည်းလမ်းကို အသုံးပြုကာ ရတနာများကို ရယူရန် ကြိုးစားခဲ့သည်။ ၎င်းသည် သူ၏ စိတ်ထဲ၌ ပို၍ပင် ကြီးမားသော အကြံအစည် ရှိနေသောကြောင့် ဖြစ်ပေသည်။ သူက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို လိုချင်ရုံမျှမက ရီဖူရှင်း အမွေဆက်ခံထားသည့် ပညာရပ်များကိုပါ ရယူချင်နေခြင်း ဖြစ်သည်။

ရီဖူရှင်းက ဆန္ဒခြောက်ပါးအရှင်သခင်အား သူကိုယ်တိုင် လိုလိုလားလား ပေးအပ်ခြင်းမှ မဟုတ်လျှင် လုယက်ခြင်းမှတဆင့် ၎င်းတို့ကို ရယူရန် မဖြစ်နိုင်ပေ။ လုယက်ခြင်းကသာ ရီဖူရှင်းအပေါ် အလုပ်ဖြစ်လျှင် ဆန္ဒခြောက်ပါးအရှင်သခင်က သူ၏ ရည်မှန်းချက်ရရှိရန် ထိုသို့ နူးညံ့ညင်သာသည့် နည်းလမ်းမျိုးကို အသုံးပြုလိမ့်မည် မဟုတ်ချေ။

"ကျုပ်တို့မှာ တူညီတဲ့ အတွေးရှိတယ်ဆိုမှတော့ အကောင်းဆုံးပဲပေါ့။" ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်း၏ တုန့်ပြန်မှုကို နားထောင်ပြီးနောက် ခေါင်းညိတ်အတည်ပြုလိုက်သည်။ "ရီဖူရှင်း မင်းက ဒီလိုပြောတယ်ဆိုတော့ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်မှာ ကျင့်ကြံဖို့ ဆန္ဒရှိတယ်လို့ ဆိုလိုတာလား။"

ရီဖူရှင်းက ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ခေါင်းညိတ်ရင်း ပြောလိုက်သည်။ "အင်း.. ကျုပ် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။ ကျုပ်ရဲ့ ကျင့်ကြံခြင်းကို တိုးတက်လာအောင် ကောင်းကင်နန်းတော်မှာ အချိန်ပေးပြီး ကျင့်ကြံမယ်။ အဲဒါမှ အနာဂတ်မှာ မူလဘုံကို ပြန်သွားနိုင်စွမ်း ရှိမှာ။" သူက ဆန္ဒခြောက်ပါးအရှင်သခင်ကို ကြည့်ကာ ထပ်ပြောလိုက်သည်။ "အနာဂတ်မှာ ကျုပ် ကျင့်ကြံနေရင်း နားမလည်တာ တစ်ခုခုနဲ့ ကြုံတွေ့လာရရင် သင်ကြားပေးဖို့ ဒုက္ခပေးရမှာကို စိတ်မရှိဖို့ မျှော်လင့်ပါတယ်။"

ဆန္ဒခြောက်ပါးအရှင်သခင်က ပြန်ဖြေလိုက်သည်။ "မင်းမှာ အစကတည်းက ထူးခြားတဲ့ ပါရမီရှိပြီးသားပဲ။ မင်း ကျုပ်တို့နဲ့ ပူးပေါင်းလာတာကနေ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ကလည်း အကျိုးကျေးဇူးတွေ ရလာနိုင်တယ်။ မင်းက ဒီနေရာရဲ့ တပည့်တစ်ယောက်ဖြစ်လာဖို့ ဆန္ဒရှိမှတော့ ကျုပ် မင်းကို ဆိုးဆိုးဝါးဝါး ဆက်ဆံမှာ မဟုတ်ပါဘူး။ မင်းရဲ့ ကျင့်ကြံခြင်းမှာ ဘာပြဿနာပဲရှိရှိ ကျုပ်ကို လာတွေ့လို့ရတယ်။"

"ကျေးဇူးအများကြီးတင်ပါတယ် ဆန္ဒခြောက်ပါးအရှင်သခင်။" ရီဖူရှင်းက ပြောလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ထွက်ပေါ်လာသည်။

ရီဖူရှင်းက ပြောလိုက်၏။ "ဆန္ဒခြောက်ပါးအရှင်သခင် ဒါက မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းပါ။ အရင်တုန်းက ကျုပ် ကံကောင်းထောက်မစွာနဲ့ နားလည်သဘောပေါက်ခဲ့ပြီး မတော်တဆ နတ်ဘုရားရုပ်ကြွင်းနဲ့ ပေါင်းစပ်နိုင်ခဲ့ပြီးတော့ အခုလို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဆုံးမှာတော့ ဒါက ကျုပ်ရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်တာကြောင့် အသုံးပြုတဲ့အခါတိုင်း ကျုပ်ရဲ့ စိတ်ဝိညာဥ်ကို အရမ်း ပင်ပန်းနွမ်းနယ်စေတယ်။ ကျုပ် တန်ပြန်ထိခိုက်မှုတွေလည်း ရင်ဆိုင်ရနိုင်သေးတယ်။ အခု ကျုပ် ဒါကို ကောင်းကင်နန်းတော်မှာ ထားပေးမယ်။ ခင်ဗျားရဲ့ ထူးချွန်တဲ့ ကျင့်ကြံခြင်းနဲ့ဆိုရင် ဒီနတ်ခန္ဓာကို ကောင်းကောင်းထိန်းချုပ်နိုင်မယ်လို့ ယုံတယ်။"

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်လုံးတို့က ကျဥ်း​မြောင်းသွားပြီး နတ်ဘုရားရုပ်ကြွင်းကို စိုက်ကြည့်နေခဲ့ကြသည်။ ထို့နောက် သူတို့က မျက်နှာလွှဲကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူတို့အားလုံးက ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာတို့ဖြင့် ရှိနေခဲ့သည်။ ရီဖူရှင်းကို ဤနေရာသို့ ခေါ်ဆောင်လာသည့် စစ်ရယ်သည်ပင် သူ့အပြုအမူကြောင့် တုန်လှုပ်သွားခဲ့ပေသည်။ ရီဖူရှင်းက ဤနေရာသို့ လာနေသည့် ခရီးစဥ်တလျှောက် အလွန် တည်ငြိမ်ပုံပေါ်နေသည်မှာ အံ့သြစရာ မရှိတော့ပေ။ သူသည် အစကတည်းက မည်သည်ကို လုပ်ဆောင်မည်အား စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်လေသည်။

ဤလူသည် အမှန်တကယ်ပင် နတ်ဘုရားရုပ်ကြွင်းကို ပေးပစ်ရလောက်အောင် သတ္တိရှိပေသည်။ သူက ထိုသို့လုပ်ဆောင်ပြီးနောက် သူ၏ အသက်သည် သူ့ဆုံးဖြတ်ချက်ပေါ် မူတည်နေခြင်း မရှိတော့ပေ။ သူ့လက်ထဲမှ ဝှက်ဖဲက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူက ဆန္ဒခြောက်ပါးအရှင်သခင်နှင့် ရင်ဆိုင်ရသည့်အခါ ခုခံကာကွယ်မှုကင်းမဲ့နေလိမ့်မည် ဖြစ်သည်။

ရီဖူရှင်းက ဆန္ဒခြောက်ပါးအရှင်သခင်ထံသို့ နတ်ဘုရားရုပ်ကြွင်း ပေးအပ်လိုက်ခြင်းမှာ သူ၏ အသက်ကို ပေးအပ်လိုက်ခြင်းဟု ဆိုလိုပေသည်။ ဆန္ဒခြောက်ပါးအရှင်သခင်၏ ယုံကြည်မှုကို ရယူရန် ရီဖူရှင်းသည် သတ္တိရှိစွာဖြင့် သူ့ကိုယ်သူ ပြန်လမ်းမရှိတော့အောင် တွန်းပို့ခဲ့သည်။

စစ်ရယ်က ရီဖူရှင်း အမှန်တကယ် မည်သည့်အရာကို တွေးနေကြောင်း မသိပေ။ အဆုံးမှာတော့ ရီဖူရှင်းက မဟာအကြီးအကဲ မော့ထျန်းကို သတ်ဖြတ်ရန် အကွက်ချစီစဥ်ခဲ့ပေသည်။ မဟာအကြီးအကဲ မော့ထျန်းက သတိထားတတ်ကာ ဉာဏ်များကောက်ကျစ်သော်လည်း ရီဖူရှင်းက ကိစ္စတစ်ခုလုံးကို အကွက်ချစီစဥ်နိုင်ခဲ့သည့်အတွက် ရီဖူရှင်းကလည်း မြင်ရသလောက် မရိုးရှင်းနိုင်ပေ။

မည်သို့ပင်ဖြစ်စေ ယခုအချိန်၌ ရီဖူရှင်း မည်သည်တို့ကို တွေးနေပါစေ ကိစ္စမရှိပါချေ။ အရေးကြီးသည့်ကိစ္စမှာ ရီဖူရှင်းက ဆန္ဒခြောက်ပါးအရှင်သခင်၏ စောင့်ကြည့်မှုအောက်မှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူက ယခု ဆန္ဒခြောက်ပါးအရှင်သခင်၏ ထိန်းချုပ်မှုအောက် အပြည့်အဝ ကျရောက်သွားပေသည်။ ရီဖူရှင်းသည် သူ၏ ကိုယ်ပိုင် လုံခြုံမှုအတွက် ဆန္ဒခြောက်ပါးအရှင်သခင်အား နတ်ဘုရားရုပ်ကြွင်းနှင့် အလဲအလှယ် လုပ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်း၏ အပြုအမူကို အလွန် ကျေနပ်နေခဲ့သည်။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ​ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများကို ပြောလိုက်သည်။ "အခုကစပြီး ရီဖူရှင်းက ကောင်းကင်နန်းတော်ရဲ့ ကာကွယ်စောင့်ရှောက်သူ ဖြစ်သွားပြီ။ သူက ကျုပ်တို့ထဲက အဖွဲ့ဝင်တစ်ယောက်ပဲ။ နားလည်ကြလား။"

"နားလည်ပါပြီ အရှင်" လူအုပ်ကြီးက နာခံစွာ ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်ကြသည်။ ထို့နောက် တစ်စုံတစ်ယောက်က ရီဖူရှင်းကို ပြောလိုက်၏။ "ဂုဏ်ယူပါတယ် ကာကွယ်စောင့်ရှောက်သူရီ။"

ရီဖူရှင်းက ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။ ထို့နောက် သူက ဆန္ဒခြောက်ပါးအရှင်သခင်ကို ကြည့်ကာ ပြောလိုက်သည်။ "မဟာအကြီးအကဲ မော့ထျန်းနဲ့ တိုက်ခိုက်တုန်းက ကျုပ်ရဲ့ စိတ်ဝိညာဥ် ထိခိုက်ဒဏ်ရာရသွားခဲ့တယ်။ ကျုပ်ရဲ့ ဒဏ်ရာတွေ ကုသဖို့ အချိန်တချို့ လိုအပ်တယ်။ ဒါကြောင့် အခုအချိန်အတောအတွင်း ခင်ဗျားနဲ့ ဆွေးနွေးမှုတစ်ခုခု လုပ်နိုင်ဦးမယ်လို့ မထင်ဘူး။ ကျုပ် အချိန်တစ်ခုလောက် အနားယူချင်တယ်။ ကျုပ်ရဲ့ စိတ်ဝိညာဥ် ပြန်သက်သာလာပြီးမှ ကျုပ် ရရှိထားတဲ့ ကံကြမ္မာအခွင့်အလမ်းတွေကို ခင်ဗျားနဲ့ မျှဝေပေးမယ်။ အဲဒီတော့မှ ခင်ဗျားလည်း ကျုပ်ကို လမ်းညွှန်မှုတချို့ ပေးနိုင်တာပေါ့။"

လူအုပ်ကြီးက ဆွံ့အသွားခဲ့သည်။ ထိုသည်မှာ သူက ရရှိခဲ့သမျှ ကံကြမ္မာအခွင့်အလမ်းများ အားလုံးကို ဆန္ဒခြောက်ပါးအရှင်သခင်ထံသို့ ပေးအပ်ကာ အညံ့ခံတော့မည်ဟု ဆိုလိုသည်လား။

ထင်မှတ်ထားသလိုပင် ဆန္ဒခြောက်ပါးအရှင်သခင်သည် ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းနှင့် တက်ကြွစွာ ကမ်းလှမ်းလာပြီး သူ၏ ကံကြမ္မာအခွင့်အလမ်းများမှ သင်ယူရရှိခဲ့သည့် ပညာရပ်များကိုပါ မျှဝေပေးရန် ဆန္ဒရှိသည့်အကြောင်း ဖော်ပြလာသည့်အတွက် ကျေနပ်နေသည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေခဲ့ပြီး သူက ခေါင်းညိတ်လိုက်သည်။ သူက ရီဖူရှင်းကို ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ မင်းရဲ့ စိတ်ဝိညာဥ်က ဒဏ်ရာရထားတယ်ဆိုတော့ အနားယူဖို့ လိုအပ်တာပေါ့။ တခြားကိစ္စတွေ ဆွေးနွေးဖို့ မင်း ပြန်သက်သာတဲ့အထိ ကျုပ်တို့ စောင့်နိုင်ပါတယ်။"

မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းသည်ပင် အပေးအယူ ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။ ရီဖူရှင်းက အဆင့်ရှစ်ရန်ဟောင်တစ်ပါးမျှသာ ဖြစ်သည်။ သူက မည်သို့ ပြန်လည်သက်သာလာသည်ဖြစ်စေ သက်သာကောင်းမွန်လာပြီးနောက် သူ့ကျင့်ကြံခြင်းက ပို၍ အားကောင်းလာလျှင်ပင် အဓိပ္ပါယ်မဲ့နေဦးမည် ဖြစ်သည်။ ဆန္ဒခြောက်ပါးအရှင်သခင်က သူ့ကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်ပေသည်။ သူက ရီဖူရှင်း ပြဿနာရှာလိမ့်မည်ကို မကြောက်ရွံ့ပေ။

"ကျေးဇူးအများကြီးတင်ပါတယ် ဆန္ဒခြောက်ပါးအရှင်သခင်။" ရီဖူရှင်းက ပြောလိုက်သည်။

"ကာကွယ်စောင့်ရှောက်သူရီကို ယန်ရှင်းတောင်မှာ ကျင့်ကြံဖို့ ခေါ်သွားလိုက်။" ဆန္ဒခြောက်ပါးအရှင်သခင်​က သူ့ဘေးရှိ ကျင့်ကြံသူများထဲမှ တစ်ယောက်ကို အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် တစ်စုံတစ်ယောက် ရောက်လာပြီး ရီဖူရှင်းအား ခန်းမထဲမှ ခေါ်ဆောင်သွားခဲ့သည်။ ရီဖူရှင်းက ထိုလူနှင့်အတူ နာခံစွာ ထွက်ခွာသွားခဲ့၏။

ဆန္ဒခြောက်ပါးအရှင်သခင်နှင့် အခြားထိပ်သီးကျင့်ကြံသူများက နေရာမှ ထွက်ခွာသွားရန် တွန့်ဆုတ်နေခဲ့ကြသည်။ သူတို့က မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်း ရှိနေခဲ့သည့် ခန်းမထဲ၌ ကျန်ရစ်နေခဲ့ပေသည်။

ယန်ရှင်းတောင်သည် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်အထက်တွင် တည်ရှိပြီး ကျင့်ကြံရန် အလွန် သင့်တော်သော နေရာ ဖြစ်သည်။ ရီဖူရှင်းက ထိုနေရာ၌ တည်ငြိမ်စွာ ကျင့်ကြံနေခဲ့သည်။ နတ်ဘုရားရုပ်ကြွင်းအတွက်မူ အခြားလူများက ၎င်းနှင့် ဆက်သွယ်နိုင်ရန် လွယ်ကူသည်ဟု ထင်နေကြသည်လား။

ထင်ထားသလိုပင် နေ့ရက်များစွာက တဖြေးဖြေး ကုန်လွန်နေပြီး ဆန္ဒခြောက်ပါးအရှင်သခင်နှင့် အခြားလူများက ခန်းမအတွင်း၌ နတ်ဘုရားရုပ်ကြွင်းကို နားလည်သဘောပေါက်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ သူတို့သည် ၎င်းကို နားလည်သဘောပေါက်အောင် လုပ်နိုင်စွမ်း မရှိနေဆဲ ဖြစ်သည်။ သို့သော် စိန်ခေါ်မှုပြင်းထန်သည့် တာဝန်ဖြစ်လေ သူတို့၏ လိုချင်တပ်မက်သည့် စိတ်ဆန္ဒများက ပို၍ ပြင်းထန်လာလေ ဖြစ်သည်။

ဆန့်ကျင်ဘက်အနေနှင့် ရီဖူရှင်းကိုယ်တိုင်က နတ်ဘုရားရုပ်ကြွင်းကို အမှန်တကယ် လက်လွှတ်လိုက်သလို ထင်မှတ်ရပြီး သူက ဆန္ဒခြောက်ပါးအရှင်သခင်အတွက် လက်ဆောင် ပေးလိုက်သလိုပင် ဖြစ်ပေသည်။

…

ဆန္ဒခြောက်ပါးကောင်းကင်က အနောက်ဘက်လောက၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကောင်းကင်ဒေသအတွင်းမှ နယ်မြေဆယ့်ရှစ်ခုနှင့် တူပေသည်။

မျက်​မမြင်ထျယ်နှင့် အခြားလူများက ဆန္ဒခြောက်ပါးကောင်းကင်မှ ထွက်ခွာသွားပြီး နောက်ထပ်နယ်မြေတစ်ခုသို့ ရောက်လာခဲ့သည်။ သူတို့အောက်တွင် ရွှေတောင်ပံခွန်ပန်ငှက်ကြီး မော့ယွင်ကျီ ရှိနေသည်။ သူက ရီဖူရှင်းနှင့် စိတ်ချင်းဆက်သွယ်မှုရှိသည့်အတွက် သူ့ထံ၌ ဖြစ်ပျက်နေသည့် အရာအားလုံးကို သိရှိပေသည်။ ထို့ကြောင့် ရီဖူရှင်းက သူ့ကို မျက်မ​မြင်ထျယ်တို့အဖွဲ့နှင့် လိုက်သွားရန် ပြောခဲ့ခြင်း ဖြစ်သည်။

"ကျုပ်တို့ ရောက်ပြီ။" သူတို့အဖွဲ့က  တိမ်တိုက်များကို ဖြတ်သန်းကာ ခရီးဆက်လာခဲ့သည်။

"ဗဟိုဒေသကို သွားကြရအောင်။" ချန်ယိက ပြောလိုက်သည်။ သူတို့က ရှေ့ဆက် သွားခဲ့ကြ၏။

ရက်အနည်းငယ် ကြာပြီးနောက် ထိုနယ်မြေတဝိုက်တွင် သတင်းများ စတင်ပျံ့နှံ့လာသည်။

ဆန္ဒခြောက်ပါးကောင်းကင်၏ အုပ်ချုပ်သူ ဆန္ဒခြောက်ပါးအရှင်သခင်က မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအပြင် မဟာအင်ပါယာများ၏ ​အမွေအနှစ်ပညာရပ်များကိုလည်း ရရှိခဲ့သည်။ ကောလာဟလများအရ သူက တံခါးပိတ်ကျင့်ကြံနေပြီး သူ၏ ကျင့်ကြံခြင်းက တိုးတက်လာသည်ဟု ဖြစ်သည်။ သူက အလွန် လျင်မြန်လှသည့် အရှိန်နှင့် တိုးတက်လာနေသည်။ အနာဂတ်တွင် သူက မဟာအင်ပါယာများအောက်မှ အသန်မာဆုံး ဖြစ်တည်မှု ဖြစ်လာပေလိမ့်မည်။

သူတို့ မည်သည့်နေရာ၌ဖြစ်စေ ကျင့်ကြံသူများအားလုံးသည် ထိပ်သီးပုဂ္ဂိုလ်များ၏ ပညာရပ်အမွေအနှစ်များကို လိုချင်တောင့်တကြပေသည်။ ဆန္ဒခြောက်ပါးအရှင်သခင်နှင့် ပတ်သတ်သည့် သတင်းများက အလွန် လျင်မြန်လှသော အရှိန်နှင့် ပျံ့နှံ့သွားသည်။ အားလုံးသော အင်အားစုများကလည်း ထိုသတင်းအား လက်ခံရရှိကြသည်။ ပို၍များပြားသော ကျင့်ကြံသူများက ထိတ်လန့်ဖွယ် လျင်မြန်လှသော အရှိန်နှင့် ထိုအကြောင်းကို သိရှိခဲ့ကြပေသည်။

All Chapters