← Chapters

နှုတ်ဆက်ပါတယ် မိတ်ဆွေ

Vol. 74 Ch. 1163

နှုတ်ဆက်ပါတယ် မိတ်ဆွေ

Vol. 74 Ch. 1163

ရှီလန်တောင်-

ချန်လွေ့က မြေဒြပ်စင်ကောင်များ၏ ပထဝီဘုံသို့ နောက်တစ်ကြိမ် ခြေချလာရာ ထိုမြေအောက်လောက စွန့်စားခန်းများကို မတွေးဘဲ မနေနိုင်တော့ပေ။ အတိတ်က ပြတ်သားပြီး ရဲရင့်သော အမျိုးသမီး ဓားသမားက ယခုအခါ သူ၏ဇနီးနှင့် ကလေးအမေဖြစ်လာသည်။ သူ ပထမဆုံး တွေ့ဆုံခဲ့သော ဒြပ်စင်ဘုရင်သည်လည်း အကောင်းဆုံးမိတ်ဆွေ ဖြစ်လာခဲ့သည်။

ပုံမှန်နှင့် မတူဘဲ မြေနန်းတော်သို့ သွားရာလမ်းတွင် မြေဒြပ်စင်ကောင် တစ်ယောက်မျှ မတွေ့ရပေ။

သံသယများ ချန်လွေ့၏ စိတ်ထဲတွင် ပေါ်ပေါက်လာပြီး မြေကြီးနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နေသော ခန့်ညားထည်ဝါသည့် နန်းတော်သို့ လမ်းလျှောက်သွားခဲ့သည်။

ဘုရင်ခန်းမတွင် ပုံရိပ်တစ်ခုတည်းသာ ရှိနေ၏။

ရင်းနှီးသော ပုံရိပ်ပင်။

ချန်လွေ့၏ ရင်းနှီးသော မိတ်ဆွေများ ထဲမှတစ်ဦး ဖြစ်သော မြေဒြပ်စင်ဘုရင် မိုးရီ။

မြေဒြပ်စင်ဘုရင်က ချဉ်းကပ်လာရင်း သူ့ကို စိုက်ကြည့်နေသည်။ “ငါ မင်းကို စောင့်နေတာ။ ချန်လွေ့။”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ “ဘာဖြစ်တာလဲ သိနေတာလား။”

“ဟုတ်တယ်။” မိုးရီက သူ၏ အကြည့်ကို အနည်းငယ် လွှဲလိုက်သည်။ “ဒီအခိုက်အတန့်က မကြာခင် ဒါမှမဟုတ် နောက်မှရောက်လာနိုင်ပေမယ့် ဒီလောက် မြန်မယ်လို့ မထင်ထားခဲ့ဘူး။”

ချန်လွေ့သည် မိုးရီ၏ မျက်လုံးများကို တည့်တည့် ကြည့်လိုက်သည်။ “ဒါလိုမျိုး ဖြစ်လာမယ်လို့ ခင်ဗျား သိနေခဲ့တာပေါ့။”

“ဟုတ်တယ်။” မိုးရီက ထိုစကားကို နောက်တစ်ကြိမ် ပြန်ဖြေလိုက်သည်။ သူ့အငွေ့အသက်က နတ်ဆိုးအရှင်သခင် အထွတ်အထိပ်၌ ရှိနေဆဲဖြစ်သော်လည်း အကြောင်း တစ်ခုခုကြောင့် ချန်လွေ့က ဘုရင်ထံမှ အရာများစွာ ပျောက်ဆုံး နေသကဲ့သို့ ခံစားမိနေသည်။

“ဇိုလာ ဘာဖြစ်သွားလဲ ဆိုတာကို ကျုပ် သိချင်တယ်။” ချန်လွေ့က တင်းမာလျက် မေးလိုက်သည်။ “အရင်က ဘာတွေပဲ ဖုံးကွယ်ခဲ့ပါစေ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ အဖြေကို ကြားချင်တယ်။ ပေါ့ပေါ့တန်တန်နဲ့ မသေမချာ အဖြေမျိုး မဟုတ်ဘူး။”

“ငါ ဒီမှာ မင်းကို စောင့်နေမှတော့ ပေါ့ပေါ့တန်တန် ဖြေဖို့ မရည်ရွယ်ပါဘူး။” မိုးရီ သက်ပြင်းချလိုက်သည်။ “စစ်မှန်တဲ့ အဖြေကတော့ ဇိုလာ ဒြပ်စင်အဖြစ်ကို ပြောင်းလဲသွားတာပဲ။”

“ဒြပ်စင်အဖြစ် ပြောင်းလဲသွားတယ်!” ချန်လွေ့ ထိတ်လန့်သွားသည်။ “ဒါ ဘာကို ဆိုလိုတာလဲ။”

“ဒါက... သူ စစ်မှန်တဲ့ ဒြပ်စင်သတ္တဝါ တစ်ကောင်အဖြစ်ကို ပြောင်းသွားပြီးတော့ ဒြပ်စင်လောကရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာတော့မှာ။ ပြီးတော့ သူ့ရဲ့ မူလ အသိစိတ်ကို လုံးဝ ဆုံးရှုံးသွားနိုင်တယ်။”

ရလဒ်က ချန်လွေ့ ထင်ထားသည်ထက် ပိုမြန်နေ၏။ သူ၏နှလုံးသား တုန်ခါ သွား‌သည်။ “ဘာလို့ ဒီလိုဖြစ်ရတာလဲ။”

“ဇိုလာက ဒြပ်စင်နတ်ဘုရားမသရဖူ ရပြီးကတည်းက... မဟုတ်ဘူး။ သူ [ဒြပ်စင်၆ခုတိုင်းပြည်]ကို အောင်မြင်စွာ ကျွမ်းကျင် ပိုင်နိုင်ပြီးကတည်းက သူက မတူညီတဲ့ လမ်းကြောင်း တစ်ခုပေါ်ကို စတင် လျှောက်လှမ်းခဲ့တာပဲ။”

“[ဒြပ်စင်၆ခုတိုင်းပြည်]!” ချန်လွေ့က လက်သီးဆုပ်လိုက်၏။ “တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ။”

“ငါက ‘ကံကြမ္မာ’ဆိုတဲ့ စကားလုံးကို မကြိုက်ပေမယ့် ကံကြမ္မာက ခန့်မှန်းလို့ မရဘူးဆိုတာတော့ အပြစ်တင်ရမှာပဲ။ [ဒြပ်စင်၆ခုတိုင်းပြည်]က သူ့ကို ဒြပ်စင် ယုံကြည်မှုကို ထိတွေ့စေခဲ့တယ်။ ဒါက အခြားလောကတစ်ခုရဲ့ ဘုံထဲကို ဝင်တာနဲ့ ညီမျှတယ်။ အရာအားလုံး အဲဒီကနေ စတင်ခဲ့တာ။”

[ဒြပ်စင်၆ခုတိုင်းပြည်]! ချန်လွေ့က မိုးကြိုးပစ်ခံ လိုက်ရသကဲ့သို့ မှင်တက်စွာ ရပ်နေခဲ့သည်။ ဇိုလာ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် သူက ဒြပ်စင်၆ခု ဇစ်မြစ်စွမ်းအား ရှာဖွေရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ နောက်ဆုံး ဇိုလာက နတ်မိမယ်နဂါးများ၏ အစွမ်းအထက်ဆုံး တိုင်းပြည်ဖြစ်သည့် [ဒြပ်စင်၆ခုတိုင်းပြည်] ကို အောင်မြင်ခဲ့၏။ သူ၏စွမ်းအားလည်း တဟုန်ထိုး တိုးတက်လာခဲ့သည်။ သို့သော် ထိုအရာမှာ အမှန်တကယ်တွင် ဇိုလာကို ယနေ့ ထိုသို့သော လမ်းဆုံးသို့ ရောက်ရှိ စေခဲ့သည်။

ဒါက ငါ့လက်တွေနဲ့ ကိုယ်တိုင်...

“[ဒြပ်စင်၆ခုတိုင်းပြည်]က ဘာကိုမှ မဆိုလိုပါဘူး။ ဒါက ဒြပ်စင်ယုံကြည်မှုကို ‘ထိတွေ့တာ’ သက်သက်ပဲ။ ဒါက အခြေခံ အုတ်မြစ်တစ်ခု ရှိတယ်လို့ သတ်မှတ် နိုင်တယ်။ ပြီးတော့ ဇိုလာက သမိုင်းမှာ [ဒြပ်စင်၆ခုတိုင်းပြည်]ကို ပိုင်ဆိုင်တဲ့ ပထမဆုံး နတ်မိမယ်နဂါး မဟုတ်ဘူး။” မိုးရီက ချန်လွေ့၏ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုကို သတိပြုမိလိုက်သည်။ “တကယ်လို့ [ဒြပ်စင်၆ခုတိုင်းပြည်]က ဇိုလာကို ဒြပ်စင်တွေရဲ့ ယုံကြည်မှုကို ထိတွေ့ခွင့် ပေးခဲ့တယ်ဆိုရင် ဒြပ်စင် နတ်ဘုရားမသရဖူရဲ့ အသိအမှတ်ပြုမှုက ဒီယုံကြည်မှုမျိုးကို ‘ထိန်းချုပ်’နိုင်စွမ်း သူ့ကို ပေးခဲ့တာပဲ။”

“ဒြပ်စင်သံတမန်လား။” ချန်လွေ့သည် မိုးရီနှင့် ဟီဂယ်တို့ အမှောင်လသို့ ရောက်ရှိလာစဉ်က ပြောခဲ့သည်များကို တွေးမိလိုက်သည်။

မိုးရီ ခေါင်းညိတ်သည်။ “ဒြပ်စင် သံတမန်က ဒြပ်စင်တွေကို အမိန့်ပေးသူပဲ။ ဒါက ဒြပ်စင်တွေရဲ့ စွမ်းအားကို အမြင့်ဆုံး အထိ တိုးမြှင့်နိုင်ပြီး ကြီးမားတဲ့စွမ်းအားကို ထုတ်ဖော်နိုင်တယ်။ အကြောင်းရင်းက ဒြပ်စင် သံတမန်တစ်ဦးက ဒြပ်စင်တွေရဲ့ ယုံကြည်မှုကို ထိန်းချုပ်နိုင်လို့ပဲ။ ဒြပ်စင် လောက အပြင်ဘက်မှာရှိတဲ့ သက်ရှိ တစ်ဦးအနေနဲ့ သူ ဒြပ်စင်သံတမန် တစ်ဦး ဖြစ်လာနိုင်တာက အထူး အခြေအနေ တစ်ခုပဲ။ အကြောင်းရင်းကတော့ ဒြပ်စင် နတ်ဘုရားမသရဖူပဲ။ ဇိုလာက အဲဒီ အဆောင်ပစ္စည်းကို ရရှိခဲ့တဲ့ အချိန်ကစပြီး သူ့ရဲ့ ‘အခြေခံအုတ်မြစ်’က စစ်မှန်တဲ့ ‘အရည်အချင်း’ ဖြစ်လာခဲ့တယ်။”

“အရည်အချင်းလား။” ချန်လွေ့က အဓိကစကားလုံး တစ်ခုကို ဖမ်းဆုပ် လိုက်နိုင်သည်။

မိုးရီက မဖြေဘဲ ဆက်၍ပြောနေ၏။ “အဲဒါကြောင့် ဒြပ်စင် နတ်ဘုရားမ တောင်ဝှေးက စောပြီးနိုးထလာတဲ့အခါ ငါတို့ ဒြပ်စင်နတ်ဘုရားမအသုံးအဆောင် ပိုင်ဆိုင်တဲ့ ဇိုလာဆီကိုပဲ လှည့်နိုင်ခဲ့တယ်။ ဒြပ်စင်နတ်ဘုရားမတောင်ဝှေးကို ဇိုလာ ထိန်းချုပ်နိုင်မနိုင် ဆိုတာကိုတော့ ငါတို့ မယုံကြည်ခဲ့ဘူး။ တကယ်လို့ ဇိုလာ ရှုံးနိမ့်ခဲ့ရင် သူ [ဒြပ်စင်၆ခုတိုင်းပြည်] ကို ဆုံးရှုံးရုံတင် မကဘူး။ ဒြပ်စင်နတ်ဘုရားမ သရဖူကိုပါ ဆုံးရှုံးသွားလိမ့်မယ်။ ဒါက သူ့ရဲ့ ‘အရည်အချင်း’ကို ဆုံးရှုံးတာနဲ့ အတူတူပဲ။”

“ဒါက အကောင်းဆုံး အဆုံးသတ်ပဲ။” ချန်လွေ့၏ ဆုပ်ထားသော လက်သီးများ အနည်းငယ် တုန်ခါသွားသည်။ ဇိုလာ စွမ်းအား ဆုံးရှုံးသွားတာ အရေးမကြီးဘူး။ အနည်းဆုံးတော့ သူ လုံခြုံနေမှာပဲ။

“မဟုတ်ဘူး။ တကယ်တော့ ဒီလိုမျိုး အခြေအနေမှာ အဆုံးသတ် နှစ်ခု ရှိလာလိမ့်မယ်။ ပထမတစ်ခုက ဒြပ်စင် နတ်ဘုရားမသရဖူနဲ့ ဒြပ်စင်နတ်ဘုရားမ တောင်ဝှေးတို့က ဆုံးရှုံးသွားတဲ့ [ဒြပ်စင်၆ခုတိုင်းပြည်]ကို စုပ်ယူပြီးတော့ နောက်တစ်ကြိမ် တိတ်ဆိတ်ခြင်းထဲကို ကျရောက်သွားလိမ့်မယ်။ ဒုတိယကတော့ ဒြပ်စင်နတ်ဘုရားမတောင်ဝှေးနဲ့ ဒြပ်စင်နတ်ဘုရားမသရဖူတို့က [ဒြပ်စင်၆ခုတိုင်းပြည်]ရဲ့ စွမ်းအားအောက် ပဲ့တင်ထပ်သွားပြီးတော့ ပိုအန္တရာယ်ရှိတဲ့ တုန်ခါမှုလှိုင်းတစ်ခု ပေါက်ကွဲသွားစေမှာ။ ပြီးတော့ ဒြပ်စင်လောကရဲ့ ချိပ်ပိတ်ကို လုံးဝ ဖြိုခွဲပစ်လိမ့်မယ်။ အဲဒီအချိန်ကျရင် ကြောက်စရာ အကောင်းဆုံး ကြမ္မာဆိုး ကပ်ဘေး ရောက်လာလိမ့်မယ်။ ဒြပ်စင် လောက တစ်ခုတည်း မဟုတ်ဘဲ အဓိ ကုန်းမြေတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။”

အဓိက ကုန်းမြေ တစ်ခုလုံးလား။ ချန်လွေ့၏ မျက်လုံးများ ကျုံ့သွားသည်။ သူက မမေးမြန်းနိုင်ခင်မှာပင် မိုးရီ၏ စကားက သူ့အာရုံကို နောက်တစ်ကြိမ် ဆွဲဆောင်လိုက်၏။ “ကံကောင်းချင်တော့ ဇိုလာက တတိယ အဆုံးသတ် တစ်ခုကို ဖန်တီးခဲ့ပြီးတော့ ဒြပ်စင်နတ်ဘုရားမ တောင်ဝှေးကို ထိန်းချုပ် နိုင်ခဲ့တယ်။ သူရဲ့ စွမ်းအားက နတ်ဘုရား-ယောင်အဆင့်ကို တက်လှမ်းသွားခဲ့တယ်။ တချိန်တည်းမှာပဲ ဒါက သူ့ကို နောက်ထပ် ‘အရည်အချင်း’ တစ်ခုကိုလည်း ရစေခဲ့တယ်။”

“‘အရည်အချင်း’ပဲလား။ ဒါက တကယ် ဘာကြီးလဲ။”

“အဆောင် ပစ္စည်းတွေမှာ ပါဝင်တဲ့ စွမ်းအားက ဒုတိယပဲ။ ဒြပ်စင် နတ်ဘုရားမ သရဖူက ‘ယုံကြည်မှု’ကို ကိုယ်စားပြုတယ်။ ဒြပ်စင် နတ်ဘုရားမ တောင်ဝှေးက ‘ဝိညာဉ်’ကို ကိုယ်စား ပြုတယ်။ ပြီးတော့ ဒြပ်စင် နတ်ဘုရားမ ဝတ်ရုံက ‘အသက်’ကို ကိုယ်စားပြုတယ်။” မိုးရီ၏ အကြည့်က နက်ရှိုင်းသွားသည်။ “ဒြပ်စင်နတ်ဘုရားမ စစ်လက်နက်ရဲ့ ဒီဒြပ်စင်၃ခု စစ်မှန်တဲ့ အဓိပ္ပာယ်က... နတ်ဘုရားဘဝပဲ!”

“နတ်ဘုရားဘဝ ဟုတ်လား။” ချန်လွေ့ နောက်တစ်ကြိမ် တုန်လှုပ်သွားပြန်သည်။ မိုးရီ၏ စကားလုံးများမှာ အလွန်ပင် ရှင်းလင်းပေသည်။ ၎င်းမှာ နတ်ဘုရား-ယောင်ဘဝမဟုတ်ဘဲ နတ်ဘုရားဘဝပင်!

နတ်ဘုရားရဲ့ စစ်မှန်တဲ့ အနှစ်သာရ!

ချန်လွေ့ နောက်ဆုံး နားလည်သွား၏။ “ဧကန္တ... အရည်အချင်း ဆိုတာက ဒြပ်စင် နတ်ဘုရားမရဲ့ နတ်ဘုရားဘဝကို အမွေ ဆက်ခံဖို့လား။”

“တိတိကျကျပြောရရင် ကြေမွနေတဲ့ နတ်ဘုရားဘဝပဲ! တကယ်တော့ ဒြပ်စင် ဘုရင်တွေ ရှာဖွေနေခဲ့တဲ့ ဒြပ်စင်ဇစ်မြစ် အပိုင်းအစတွေက ဒြပ်စင်နတ်ဘုရားမရဲ့ နတ်ဘုရားဘဝ အပိုင်းအစ ပုံရိပ်တွေပဲ။ ဇစ်မြစ် အပိုင်းအစ ၆ခုလုံး စုစည်းပြီးမှ ဒြပ်စင်နတ်ဘုရားမရဲ့ ကြေမွနေတဲ့ နတ်ဘုရားဘဝက နောက်တစ်ကြိမ် စပြီးတော့ စုစည်းလာနိုင်မယ်။ လက်ရှိမှာ ဇိုလာမှာ နောက်ဆုံးအရည်အချင်း မတိုင်မီ နောက်ဆုံးသော စမ်းသပ်ချက် တစ်ခု ရှိနေသေးတယ်။ အဲဒါက...” မိုးရီ စကား ပြောနေစဉ်မှာပင် ရုတ်တရက် ‘ခွက်’ ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ မာကြောလှသော ကိုယ်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ခြင်းပင်။

ထိုမြင်ကွင်းက ချန်လွေ့ကို အံ့အားသင့် သွားစေသည်။ ခုနက ထိုစကားများမှ ဖော်ထုတ်ခဲ့သော ကြီးမားသော သတင်း အချက်အလက်ပမာဏကို လျစ်လျူရှုကာ သူ အော်ပြောလိုက်လေသည်။ “ခင်ဗျား ဘာဖြစ်တာလဲ။”

“ဘာမှမဖြစ်ပါဘူး...” မိုးရီက သူ၏ ကိုယ်ပေါ်မှ အက်ကွဲကြောင်းများကို မကြည့်ခဲ့ပေ။ “သူက နောက်ဆုံးမှာ ပြီးပြည့်စုံတဲ့ အမွေဆက်ခံမှု ရရှိသွားခဲ့ရင် စိတ်ကူးလို့မရနိုင်တဲ့ စွမ်းအား ရလိမ့်မယ်။ ဒါပေမဲ့ အခြားရှုထောင့်မှ ကြည့်ရင်တော့ သူက ပိုဆုံးရှုံးသွားရမှာ။”

“ခွက်! ခွက်! ခွက်!” မိုးရီ၏ ခန္ဓာကိုယ် ပေါ်တွင် အက်ကွဲကြောင်း အနည်းငယ် ထပ်မံပေါ်လာပြီး ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလာ၏။ ဆူးသရဖူက ချန်လွေ့၏ ခေါင်းပေါ်တွင် ချက်ချင်းပင် ပေါ်လာပြီး [ကောင်းကင်ကုစား]ကို အသက်သွင်း လိုက်သည်။ သို့သော် အစွမ်းအထက်ဆုံး ကုသခြင်းအလင်းက မြေဒြပ်စင်ဘုရင် အပေါ်သို့ ကျရောက်သောအခါ အကျိုး သက်ရောက်မှု မရှိခဲ့ပေ။

“အသုံးမဝင်ပါဘူး။ ဒါက ဒဏ်ရာမှ မဟုတ်တာ။” မိုးရီက ပြုံးလိုက်သည်။ “စကားဆက်ပြောကြရအောင်။”

ချန်လွေ့က မိုးရီနှင့် အခြားသော ဒြပ်စင်ဘုရင်များက အချို့အရာများကို အဘယ်ကြောင့် လျှို့ဝှက်ဆန်းကြယ်စွာ ထားရှိပြီး ထုတ်ဖော်ရန် ငြင်းဆန်သည်ကို ခပ်ရေးရေး နားလည်သွားပြီ ဖြစ်သည်။ ထိုအရာများကို ပြောခြင်းက တားမြစ် ထားသော စွမ်းအား တစ်မျိုးမျိုးကြောင့် ဖျက်ဆီးခြင်းကို ဖြစ်ပေါ်စေ၍ပင်။

“ခင်ဗျား ထပ်ပြောစရာ မလိုတော့ဘူး။ မိုးရီ။ ဇိုလာကို ဘယ်လို ကယ်တင်ရမလဲ ဆိုတာကိုပဲ ပြောပြပါ။”

“ဒီဆန္ဒကို အောင်မြင်ချင်တ ယ်ဆိုရင် ငါရဲ့ စကားကို နားထောင်ရမယ်။” မိုးရီ ခေါင်းခါလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဒါက နောက်ဆုံး အခွင့်အရေးပဲ။”

“နောက်ဆုံး ဟုတ်လား။” ချန်လွေ့က နောက်တစ်ကြိမ် တုန်လှုပ်သွားပြန်သည်။

“ဒြပ်စင်ဘုရင်တွေဟာ အဓိကကုန်းမြေ ပေါ်က အဓိက ဒြပ်စင်သံတမန်တွေရဲ့ ကိုယ်ပွားတွေပဲ။ ငါတို့မှာ လွတ်လပ်တဲ့ အသိစိတ်တွေ ရှိကြတယ်။ စွမ်းအားနဲ့ အသိပညာကို စုဆောင်းတာ အပြင်ကို အရေးအကြီးဆုံး တည်ရှိမှု အဓိပ္ပာယ်က ဒြပ်စင်နတ်ဘုရားမရဲ့ နတ်ဘုရားဘဝ အပိုင်းအစပုံရိပ်တွေကို ရှာဖွေဖို့ပဲ။ အဲဒါက ဇစ်မြစ် အပိုင်းအစတွေပေါ့။ အခု ငါတို့က မင်းရဲ့ အကူအညီနဲ့ ဒြပ်စင်ဇစ်မြစ် အပိုင်းအစ ၆ခုလုံးကို ရှာတွေ့ပြီဆိုတော့ တာဝန် ပြီးဆုံးသွားပြီ။ ပြန်ဖို့အတွက်... အချိန်ရောက်ပြီ။ ငါ တစ်ယောက်တည်း မဟုတ်ဘူး၊ တခြား ဒြပ်စင်ဘုရင်တွေနဲ့ ဒြပ်စင်ကောင်တွေအားလုံးရောပဲ။”

“ခင်ဗျား ပြောတာက လန်ဘို့စ်၊ အော့ဂ်မာတွန်၊ သူတို့အကုန်...” ချန်လွေ့ လွတ်လပ်ပြီး မြေဒြပ်စင်ကောင်များ မရှိနေသော ပထဝီဘုံကို တွေးမိသောအခါ နှလုံးသား တုန်လှုပ်သွားခဲ့သည်။

“ဟုတ်တယ်။ တကယ်တော့ ငါ့ရဲ့ ဒြပ်စင် နှလုံးသားနဲ့ ဇစ်မြစ် အပိုင်းအစ နှစ်ခုစလုံး ပြန်သွားပြီ။ အခု မင်းရှေ့မှာ ရှိနေတာက အပြည့်အဝ မပြန်သေးတဲ့ အသိစိတ်ပဲ။ ကံကောင်းစွာနဲ့ ငါ လုံးဝ ပြန်မသွားခင် မင်း ဒီကိုရောက်လာတယ်။”

“လုံးဝ ပြန်သွားမှာလား။” ချန်လွေ့၏ နှလုံးသား တင်းကျပ်သွားသည်။ သူ၏ စိတ်ထဲမှ မကျေနပ်မှု လုံးဝပျောက်သွားပြီး ထိတ်လန့်မှုသာ ကျန်ရစ်နေတော့သည်။ ဒြပ်စင်ဘုရင် ၆ပါးရဲ့ ဒြပ်စင်နှလုံးသားနဲ့ ဇစ်မြစ် အပိုင်းအစတွေ အားလုံးက ဒြပ်စင်လောကကို ပြန်ရောက်သွားပြီ!

“ဒါဆို ‘မိုးရီ’...”

မိုးရီ သက်ပြင်းချလိုက်၏။ “‘မိုးရီ’ က အရိပ် တစ်ခုပါပဲ။ သူ့မှာ လွတ်လပ်တဲ့ အသိစိတ် ရှိရင်တောင်မှ နောက်ဆုံးမှာ အရိပ်တစ်ခုပါပဲ။ ပူဖောင်း တစ်ခုလိုပဲ။ နောက်ဆုံးတော့ ပေါက်ကွဲသွားမှာ။ အခု သူ့ရဲ့ တည်ရှိမှုအဓိပ္ပာယ် ပြီးဆုံးသွားပြီ။ မူလခန္ဓာကိုယ်ဆီကို ပြန်သွားလိမ့်မယ်။ ပင်လယ်ထဲ ရောက်သွားတဲ့ ရေတစ်စက် လိုပဲ၊ ဘာလှိုင်းမှ မဖြစ်စေနိုင်ဘူး။”

ချန်လွေ့၏ နှလုံးသား တုန်ခါသွား၏။ ထိုအချိန်တွင် ‘မိုးရီ’၏ လွတ်လပ်သော အသိစိတ်က ပျောက်ကွယ်သွားမည် ဖြစ်သော်လည်း အသိပညာနှင့် အတွေ့အကြုံက အဓိက ဒြပ်စင်သံတမန် ဝိညာဉ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားမည် ဖြစ်ပြီး ‘မိုးရီ’ လုံးဝပျောက်ကွယ်သွားမည် ဖြစ်သည်။ မိုးရီ တစ်ဦးတည်း သာမက လန်ဘို့စ်၊ ဒယ်ကတ်စ်၊ အော့ဂ်မာတွန်၊ ဆက်သ်တိုင်း၊ ဟီဂယ်နှင့် လွတ်လပ်သော အသိစိတ်ရှိခဲ့ဖူးသော ဒြပ်စင်များအားလုံး ပါဝင်ပေသည်။

“ငါ့မှာ အချိန် အများကြီး မရှိတော့ဘူး။ အတိုချုံးပြောရရင် ဇိုလာ လမ်းကြောင်းက ပြန်ပြောင်းလို့ မရတော့ဘူး။ အခု မင်း မဆင်မခြင် လုပ်မယ်ဆိုရင် ဘာကိုမှ မရပ်တန့်နိုင်ဘဲ သူ့ကို ပိုပြီးတော့ ထိခိုက်စေလိမ့်မယ်။ ဒါပေမဲ့ အကြွင်းမဲ့ ဆိုတာ မရှိဘူး။ ငါ့ရဲ့နော က်ဆုံးဝိညာဉ် စွမ်းအားအစအနကို သြဇာယွမ်မြေထဲမှာ ချန်ထားခဲ့တယ်။ အဲဒါက ပြင်းထန်တဲ့ ရောင်စုံအလင်းတန်း ထုတ်လွှတ်တဲ့အခါ ဇိုလာက နောက်ဆုံး စမ်းသပ်မှုထဲကို ဝင်ရောက်သွားပြီ ဆိုတာကို ဆိုလိုတာပဲ။ အဲဒါက ရွှေရောင်အလင်း ထုတ်လွှတ်ပြီး ကွဲအက်သွားရင် ဒြပ်စင်လေကရဲ့ ဝင်ပေါက်ကို ဖွင့်ပေးလိမ့်မယ်။ မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ယုံကြည်မှု စွမ်းအားကို သုံးပြီး ဒြပ်စင်ကမ္ဘာထဲကို ဝင်လို့ရတယ်။ အဲဒီအချိန်ကျရင် မင်း သူနဲ့ ရွေးချယ်မှုက မင်းရဲ့ အဆုံးသတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်။ ပြီးတော့ အရာ အားလုံးရဲ့ အဆုံးသတ်ကိုလည်း ဖြစ်နိုင်တယ်...”

မိုးရီ စကားအနည်းငယ် ပြောပြီးနောက် ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းများ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ၏မျက်နှာပင်လျှင် အက်ကွဲနေ၏။ သူ၏ ကိုယ်တစ်ခုလုံး ပြိုလဲလုနီးပါးဖြစ်နေလေပြီ။

“မိုးရီ!” ချန်လွေ့က ပြင်းထန်သော နောင်တကို ခံစားလိုက်ရ၏။ “ဒါတွေ အားလုံးက ကျုပ်ရဲ့အမှားပဲ! တကယ်လို့ ကျုပ်က ဇစ်မြစ် အပိုင်းအစအားလုံးကို မရှာတွေ့ခဲ့ရင်၊ ဒါတွေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး!”

“မဟုတ်ဘူး... ဒါက ကံကြမ္မာပဲ။ ဒါက မကြာခင် ဒါမှမဟုတ် နောက်ကျရင် ရောက်လာမှာပဲ။ ပြီးတော့ ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး။ ပြီးတော့ မင်း ဇစ်မြစ် အပိုင်းအစကို ရှာတွေ့ခဲ့လို့ပဲ ငါတို့ တကယ် စိတ်သက်သာရာ ရခဲ့ကြတာ။ ငါ တစ်ယောက်တည်း မဟုတ်ဘူး။ ဒြပ်စင် လောကရဲ့ သတ္တဝါအားလုံး၊ အဓိက ဒြပ်စင်သံတမန်တွေ အပါအဝင်ပဲ။ ဒါက ဒြပ်စင်တွေ မျှော်လင့်နေခဲ့တဲ့ အရာပဲ။ ဒီနေ့ကစပြီး ဒြပ်စင်စစ်ပွဲ မရှိတော့ဘူး...”

“ဒြပ်စင်စစ်ပွဲ ဆိုတာ ဘာလဲ။ ပြီးတော့ ဒြပ်စင်လောကရဲ့ ချိပ်ပိတ်ဆိုတာ ဘာလဲ။ ပြီးတော့ ခင်ဗျား အဓိကကုန်းမြေပေါ်မှာ ပြောခဲ့တဲ့ ကြမ္မာဆိုးကပ်ဘေးကရော...” ချန်လွေ့၏ အသံ ရုတ်တရက် တန့်သွားပြီး ထပ်မမေးတော့ပေ။ အကြောင်းမှာ မိုးရီ ခန္ဓာကိုယ်က တစ်စစီ ပြိုကွဲစပြုနေပြီ ဖြစ်၍ပင်။

“လန်ဘို့စ်က မင်းကို စကားတစ်ခု ပြောခိုင်းလိုက်တယ်။” မိုးရီ၏ အသံက အတော်လေး အားနည်းသွားခဲ့လေသည်။ “‘ကျေးဇူးတင်ပါတယ်’။”

ချန်လွေ့ အံကြိတ်ကာ သိဒ္ဓိခွက်၊ ဆူးသရဖူနှင့် အခြားသော စွမ်းအားများကို ဆက်တိုက် ကြိုးစားသော်လည်း ၎င်းတို့က မိုးရီ၏ ခန္ဓာကိုယ်ပြို လဲခြင်းကို မတားဆီး နိုင်ခဲ့ပေ။ ပြင်းထန်သော ဝမ်းနည်းမှုတစ်ခု သူ၏ စိတ်ထဲတွင် တိုးဝင်လာခဲ့၏။

“အံ့ဩစရာပဲ။ ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာ ရေဒြပ်စင်ကောင်တွေက လူတွေကို ဒီစကားမျိုး တကယ် မပြောကြဘူး။ မင်းမှာ ထူးဆန်းတဲ့ ဆွဲဆောင်မှု ရှိတယ်။ တစ်ယောက်ယောက်က မင်းနဲ့နီးကပ်လေ၊ ‘စစ်မှန်မှု’ကို ပိုပြီးတော့ ခံစားနိုင်လေပဲ။ တကယ်လို့ ဖြစ်နိုင်ရင် ကျေးဇူးပြုပြီး အဲဒီ အဖိုးတန် အမှန်တရားကို ထိန်းသိမ်း ထားပါ။ ဘာလို့လဲဆိုတော့ ဒါက စွမ်းအားထက် ပိုပြီး အဖိုးတန်လို့ပဲ...”

ချန်လွေ့၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်ပူများ လိမ့်ကျလာခဲ့သည်။

မိုးရီ၏ ခန္ဓာကိုယ်က စကားပြောနေရင်း ပိုပါးလွှာခဲ့လေသည်။ “ဒြပ်စင်တွေက မငိုတတ်ဘူး။ ဒါပေမဲ့ အဲဒီဝမ်းနည်းမှုရဲ့ နွေးထွေးမှုကို ခံစားလို့ရတယ်... ‘မိုးရီ’ အတွက် မင်း လုပ်ပေးခဲ့သမျှကို ကျေးဇူး တင်ပါတယ်။ ‘ငါ့ရဲ့’ တည်ရှိမှုကို ခံစားရ စေခဲ့တဲ့ ခင်မင်ရင်းနှီးမှုအတွက် ကျေးဇူး တင်ပါတယ်။ တကယ်လို့ လန်ဘို့စ်က မင်းကို ‘ကျေးဇူးတင်တယ်’လို့ ပြောခဲ့ရင် ငါ ပြောချင်တာတော့ ‘တောင်းပန်ပါတယ်’ နှုတ်ဆက်ပါတယ်၊ မိတ်ဆွေ။”

မိုးရီ၏ ပုံရိပ် လုံးဝပျောက်ကွယ်သွားပြီး သြဇာယွမ်မြေတစ်ခုသာ မြေပြင်ပေါ်တွင် တိတ်ဆိတ်စွာ ကျန်ရစ်နေခဲ့တော့သည်။ မြေဒြပ်စင်ဘုရင် မပျက်စီးခင် နောက်ဆုံး စကားများကို လေထဲတွင် ခပ်ရေးရေး ကြားနိုင်သေး၏။

“မင်း အဲဒီလူ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ကံကြမ္မာကို တကယ် ကျော်လွန်ဖို့ ကြိုးစားပါ...”

All Chapters