တကယ့် နတ်ဘုရားနှင့်အနီးစပ်ဆုံးသော တည်ရှိမှု
Vol. 74 Ch. 1167
ရေခဲရုပ်ထုက ခရမ်းရောင် အလင်း ရေးရေးလေး တစ်ခုကို ပြသခဲ့သည်။ အတွင်းမှ ခရမ်းရောင်အလင်း တစ်ခု ထွန်းလင်းနေခြင်း ဖြစ်သည်။ ထို့နောက် ရေခဲရုပ်ထုပေါ် အက်ကွဲကြောင်း တစ်ခု ပေါ်လာခဲ့သည်။
အက်ကွဲကြောင်းမှ လင်းလာသော ခရမ်းရောင်အလင်းက အလွန်ပင် စူးရှ တောက်ပနေသည်။ ကြယ်အလင်းရောင် ဆက်လက်၍ ပျံ့နှံ့သွားခဲ့သည်။ ထို့နောက် အေးခဲနေသော ရေခဲတုံးက ချက်ချင်းပင် တစ်လက်မချင်းစီ ကြေသွားပြီး အတွင်းမှ တောက်ပသော ပုံရိပ်ကို ဖော်ပြလိုက်၏။
ချန်လွေ့ ချက်ချင်း ပြန်တိုက်ခိုက်ခြင်း မရှိဘဲ ကောင်းကင်ပေါ်မှ မျက်နှာကိုသာ မော့ကြည့်နေခဲ့သည်။
တိမ်ထဲမှ မှုန်ဝါးဝါး မျက်နှာသွင်ပြင်များ တဖြည်းဖြည်း ထင်ရှားလာပြီး ပုံသဏ္ဌာန် မရှိသော အဖြူရောင် ရေငွေ့က အပြာနုရောင် ဖောက်ထွင်းမြင်နိုင်သော ဖြစ်တည်မှုအဖြစ် စုစည်းသွားခဲ့သည်။ ၎င်းမှာ ကျောက်မျက်ရတနာ တစ်မျိုးမျိုး ကဲ့သို့ပင် ကြည်လင်နေ၏။
မျိုးနွယ်စု - ဒြပ်စင်သက်ရှိ (ရေ)
စွမ်းအားအကဲဖြတ်မှု - SSSS++
ခန္ဓာအမျိုးအစာ - SSSS+
ခွန်အား - SSSS+
စိတ်ဝိညာဉ် - SSSS++
အမြန်နှုန်း - SSSS+
[စိစစ်ချက်]- ရေဂုဏ်သတ္တိ၊ အဓိက ဒြပ်စင်နတ်ဝင်သည်။
အန္တရာယ်အဆင့် - အလွန်မြင့်များ!
တကယ် SSSS++ စွမ်းအားပဲ။ ချန်လွေ့ တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။ သူက နတ်ဆိုးအရှင်သခင် အဆင့်တွင် ရှိနေစဉ်က ‘+’နှစ်ခု စွမ်းအားအဆင့် သတ်မှတ်ချက်များကို ကြုံတွေ့ခဲ့ဖူးသည်။ အမြင့်ဆုံးသော အကန့်အသတ်ထဲသို့ ချဉ်းကပ်လျှင် သာမန်ထက် ကျော်သော ထိုသို့ အကဲဖြတ်မှုများ ရှိလာပုံရသည်။
S++သည် S+ထက် အတော်ပင် အားကောင်းပြီး အထူးအဆင့်နှင့် များစွာ ပိုနီးစပ်သည်။ SSSS++က သာမန် နတ်ဘုရား-ယောင် အထွတ်အထိပ်ထက် နတ်ဘုရားအဆင့်နှင့် အသေအချာပင် ပိုမို နီးစပ်သည်။ ရှေ့မှ SSSS++ စွမ်းအားရှိ အဓိကဒြပ်စင်သံတမန်က အမှန်တကယ် နတ်ဘုရားနှင့် အနီးစပ်ဆုံးပင်။
အဓိက ဒြပ်စင်သံတမန်! ဒါက အဓိက ဒြပ်စင်သံတမန်ပဲ ဖြစ်ရမယ်။ ဒါဆိုရင် အဓိကဒြပ်စင်နတ်ဝင်သည်လို့လည်း ခေါ်တာပေါ့!
အဓိကဒြပ်စင်သံတမန်က နတ်ဘုရား ပြီးရင် ဒြပ်စင်လောက တစ်ခုလုံးရဲ့ အမြင့်ဆုံး ထိန်းချုပ်သူပဲ။ စုစုပေါင်း ၆ယောက်ပဲ ရှိတာ။ တစ်ယောက်နဲ့ ငါ ဒီလောက်မြန်မြန် တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ပြီးတော့ အဓိက ရေဒြပ်စင်သံတမန် ဖြစ်နေတယ်!
ရှုပ်ထွေးသော စိတ်ခံစားမှု တစ်ခုက ချန်လွေ့၏ မျက်လုံးတွင် လက်သွား၏။ သူက အဓိကရေဒြပ်စင်သံတမန် ကိုယ်ပွား ရေဒြပ်စင် လန်ဘို့စ်ကို တွေးမိလိုက်၏။ ထိုဘုရင်၏ ပိုအရေးကြီးသော သရုပ်မှာ တစ်ချိန်က ချန်လွေ့နှင့် ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့ဖူးခြင်းပင်။ သူက မိတ်ဆွေကို ကာကွယ်ရန် ဒြပ်စင်နှလုံးသားကိုပင် အသုံးပြုခဲ့သည်။
ကံဆိုးသည်မှာ လန်ဘို့စ် ပြန်သွားပြီ ဖြစ်သည်။ မိုးရီပြောသည့် အတိုင်းပင် ထိုဒြပ်စင်ဘုရင်များက နောက်ဆုံးတွင် အရိပ်မျှသာ ဖြစ်သည်။ မူလခန္ဓာကိုယ်သို့ ပြန်ရောက်ရှိပြီးနောက် လွတ်လပ်သော အသိစိတ်က ပင်လယ်ထဲမှ ရေတစ်စက်လို ဖြစ်သွားပြီး ပင်လယ်ပြင် တစ်ခုလုံးကို မသက်ရောက်စေနိုင်ပေ။
ထို့ကြောင့် သူ၏ အရှေ့ ရှိနေသည်က အဓိကရေဒြပ်စင်သံတမန် ဖြစ်ပေသည်၊ လန်ဘို့စ် မဟုတ်။
အပြာနက် မျက်လုံး နှစ်လုံးသည် ဖြည်းဖြည်းချင်း ရွေ့လာပြီး ချန်လွေ့နှင့် ဆုံသွားသည်။ အဓိက ရေဒြပ်စင် သံတမန်၏ အစွမ်းအထက်ဆုံးမှာ စိတ်စွမ်းအား ဖြစ်၏။ SSSS++ အဆင့်က သာမန် နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်နှင့် အလှမ်းဝေးသည်။ ချန်လွေ့က ရေခဲတိုက်တစ်ခုထဲ ပြုတ်ကျ သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။ ထိုသို့ စိတ်အာရုံ လွင့်သွားသည့် အခိုက်တွင် အဓိက ရေဒြပ်စင်သံတမန်က တိုက်ခိုက်မှုကို စတင်လိုက်ပြီ ဖြစ်သည်။
မရေတွက်နိုင်သော ရေစီးကြောင်းများ ချန်လွေ့၏ ဘေးနားတွင် ပေါ်လာပြီး မျက်စိတစ် မှိတ်အတွင်းတွင် ဧရာမမြစ် တစ်ခု အဖြစ်သို့ စုစည်းသွားခဲ့သည်။ ဟိန်းဟောက်နေသော စီးကြောင်းများက ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို သယ်ဆောင်လာလေသည်။ ချန်လွေ့က အနားမကပ်ခင်မှာပင် ကြောက်မက်ဖွယ် အကျပ်အတည်းကို ခံစားလိုက်ရသည်။ ယခင် ‘မိုး’ထက်ပင် ကြီးမားလှ၏။
ချန်လွေ့သည် ပြင်းထန်လှသော ရေစီးကြောင်းကို ရှောင်တိမ်းရန် သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ရွှေ့ပြောင်း နေခဲ့သည်။ မူလက ရွှေ့ပြောင်းမှု အတိုင်းအတာ ကြီးမားသော်လည်း ရေစီးကြောင်းက နေရာလွတ်ကို ကျော်လွန်နေပုံရသည်။ အကွာအဝေး မည်သို့ပင်ဖြစ်စေ သူက အလွယ်တကူ ခြေရာခံမိနေသည်။
ကျယ်ပြန့်သော အတိုင်းအတာအတွင်း သူ အကြိမ်အနည်းငယ် ရှောင်တိမ်းပြီး နောက်တွင် ပတ်လည် ချိတ်ဆက်နေသော ရေတိုင်များကို တွေ့လိုက်ရလေသည်။ ရုတ်တရက် ကြည့်လျှင် ၎င်းမှာ သူ၏ လမ်းကြောင်း ခြေရာခံနေပုံရသော်လည်း အနီးကပ်ကြည့်လျှင် ထိုရေတိုင်များက သူ၏ ပတ်ပတ်လည်မှ အရာအားလုံးကို တဖြည်းဖြည်း ဝါးမျိုသွားပြီး အရာ အားလုံးကို ရေအဖြစ် ပြောင်းနေသည်ကို တွေ့ရှိလိုက်ရသည်။
မကြာမီတွင် နေရာလွတ်တစ်ခုလုံး ကြီးမား ကျယ်ပြန့်သော သမုဒ္ဒရာတစ်ခု အဖြစ် ပြောင်းလဲသွား၏။ ကောင်းကင်မှ တိမ်များပင်လျှင် ရေကုလားကာ တစ်ခု အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ထိုအရာမှာ မြစ် သို့မဟုတ် ပင်လယ် မဟုတ်တော့ဘဲ ရင်သပ်ရှုမောဖွယ် ‘ရေလောက’ပင်!
ရေလောကတွင် နူးညံ့ပုံရသော်လည်း အဆုံးမဲ့ပြီး နေရာအနှံ့ ပျံ့နှံ့နေသော ဧရာမ စွမ်းအားတစ်ခု ရှိနေ၏။
ထိုသို့သော စွမ်းအားမျိုးကြောင့် ဖိုက်သွန်က သာမန်ကုန်းမြေတွင်ပင် အဓိကဒြပ်စင်သံတမန်ကို အနိုင်ယူရန် မသေချာကြောင်း ပြောခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ။ ဒြပ်စင်လောက ကဲ့သို့သော အထူး‘အိမ်ကွင်း’ တစ်ခုတွင် ပို၍ပင် ဆိုးလိမ့်မည်။
ရေလောက ပေါ်လာပြီးနောက်တွင် ပတ်ပတ်လည် ပျံသန်းနေသော ‘ရေ’သည် သေစေနိုင်သော လက်နက်တစ်ခု ဖြစ်လာ ခဲ့သည်။ ချန်လွေ့ ခဏ ရှောင်တိမ်းရုံသာ ရှောင်တိမ်းခဲ့ပြီး ကြယ်ချပ်ကာပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာခဲ့သည်။
ချန်လွေ့က ထိုသို့ အနိမ့်ဘက်တွင် နေနေ၍မရကြောင်း သိသည်။ သူ၏ မျက်လုံးထဲ တောက်ပမှုတစ်ခု လင်းလက် သွားခဲ့ပြီး အေးစက်သည့် အငွေ့အသက် တစ်ခုက ဧရာမယုံကြည်မှု စွမ်းအားကို သယ်ဆောင်လာကာ ပျံ့နှံ့သွားခဲ့သည်။ အနီးအနားမှ တိုးဝင်လာသော ရေများ အမြန်ပင် ခဲသွားခဲ့သည်။ ခဲသွားခြင်းက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ရေလောက တစ်ခုလုံး တဖြည်းဖြည်း နှေးကွေးသွား၏။
ချန်လွေ့က ရေကို တားဆီးရန် ရေကို အသုံးပြုကာ ရေလောကကို ထိန်းချုပ် လိုက်ပုံရသည်။ အမှန်တွင် ထိုအရာမှာ ရေဒြပ်စင်စွမ်းအားမဟုတ်ဘဲ ပျက်စီးခြင်း ဇစ်မြစ်မှ တစ်ဆင့် သိမြင်လာသော [ဆောင်းပိုင်နက်]ပင်!
[ဆောင်းပိုင်နက်]မှာ စူပါစနစ်ရှိ ‘စကြဝဠာ’ ယုံကြည်မှု စွမ်းအားမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဒြပ်စင် လောကအတွက် ထိုယုံကြည်မှုစွမ်းအားက ‘အပြင်လူ’ ဖြစ်သော်လည်း ၎င်းသည် တွန်းလှန်ခြင်း နိယာမဖြင့် အပြည့်အဝ မဖျက်ဆီးနိုင်လောက်အောင် အလွန်ပင် အားကောင်းနေခဲ့သည်။
[ဆောင်းပိုင်နက်]၏ အေးခဲခြင်းသည် အဓိက ရေဒြပ်စင် သံတမန်၏ ခြေဆီသို့ ပျံ့နှံ့သွားပြီး ခြေထောက်များကို အေးခဲ သွားစေခဲ့သည်။ အဓိက ရေဒြပ်စင် သံတမန်က မရှောင်သလို အေးခဲခြင်းကို ချေမှုန်းရန် စွမ်းအားကိုလည်း မသုံးခဲ့ပေ။ သူက အထူးပျက်စီးခြင်း အအေးဓာတ်ဖြင့် အေးခဲနေသော ခြေများကို ငုံ့ကြည့်ရင်း ခပ်ရေးရေး အံ့ဩဟန် ဖော်ပြခဲ့သည်။
“ဒီလောက် သန့်စင်ပြီးတော့ ကြီးမားတဲ့ ယုံကြည်မှု...” အဓိကရေဒြပ်စင်သံတမန် နောက်ဆုံးတွင် စကားပြောလိုက်သည်။ ဒြပ်စင် ဘာသာစကား ဖြစ်သော်လည်း ချန်လွေ့က [သရုပ်ခွဲမျက်လုံး] မှတစ်ဆင့် ၎င်းကို နားလည်နိုင်သည်။ ထိုအသံက လန်ဘို့စ်၏ အသံနှင့် သိသိသာသာကို ဆင်တူနေသည်။
ချန်လွေ့က [ဆောင်းပိုင်နက်] ဖိနှိပ်မှုမှာ ယာယီသာ ဖြစ်ကြောင်း သိနေသည်။ ထို့နောက် သူက ခြေထောက်များကို တော့လိုက်ပြီး အဓိက ရေဒြပ်စင် သံတမန်၏ အရှေ့ ရောက်လာခဲ့သည်။ ရွှေ့ပြောင်းသည့် အချိန်တို အတွင်းမှာပင် သူ၏ ညာဘက်က ဧရာ မပျက်စီးခြင်း အရှိန်အဝါတစ်ခုကို စုစည်းလိုက်၏။ “[မီးလိုကျူးကျော်]!”
ကြက်သွေးရောင် အလင်းတစ်ခုကို အဓိက ရေဒြပ်စင်သံ တမန်ထံသို့ တန်းတန်းမတ်မတ် ပစ်လွှလိုက်သည်။ ထိုရောင်ခြည်တွင် အံ့ဩဖွယ် အရှိန်အဝါ မရှိဘဲ သာမန်ပုံစံ ထင်နေရသော်လည်း အဓိကရေဒြပ်စင်သံတမန်၏ အပြာနက် မျက်လုံးများတွင် ရောင်ခြည်၌ ပါဝင်သော အဆက်မပြတ် ပျက်စီးနေသည့် ‘လောက’ တစ်ခုကို မြင်တွေ့နေရလေသည်။
[အစစ်အမှန်အနီရောင်ပျက်သုဉ်း]!
ထိုတိုက်ကွက်တွင် [မီးလိုကျူးကျော်] ၏ ပျက်စီးခြင်း အရှိန်အဝါနှင့် [ဆောင်းပိုင်နက်နယ်မြေ]၏ တိုးမြှင့်မှုတို့ ပါဝင်သည်။ ထို့ကြောင့် ပျက်စီးခြင်း စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ အကယ်၍ ၎င်းမှာ ကောင်းကင်တမန်တော်သုံးပါး သို့မဟုတ် စေတန်နှင့် အခြားသူများ ဖြစ်ခဲ့ပါက ၎င်းကို တိုက်ရိုက် မခုခံနိုင်လောက်ပေ။
ချန်လွေ့က ထိုသို့ အားကောင်းသော အဆုံးသတ် တိုက်ကွက်ကို မထိမ်ချန်ဘဲ အသုံးပြုခဲ့သည်။ အကြောင်းမှာ တချိန်က တစ္ဆေစမ်းရေကို အသုံးပြု၍ လန်ဘို့စ်အား ဒြပ်စင်နှလုံးသား ကုသရန် ကူညီခဲ့စဉ်က ပြောခဲ့ဖူးသော တစ်စုံတစ်ခုကြောင့်ပင်။
“အကယ်၍ အနာဂတ် တစ်နေ့နေ့မှာ ရန်သူတွေ ဖြစ်လာရမယ်ဆိုရင် ကျုပ် သနားညှာတာမှာမဟုတ်ဘူး။ ဒီလက်နဲ့ ကိုယ်တိုင် အဆုံးသတ်ပေးမယ်။ အရင်က ရင်းနှီးမှုတွေကို ထောက်မပြီးတော့ပေါ့။”
[အစစ်အမှန်အနီရောင်ပျက်သုဉ်း] အလင်း ဖြတ်သန်းသွားရာ နေရာတိုင်း နေရာလွတ်တစ်ခုလုံး နှစ်ပိုင်းပိုင်းသွား၏။ ခဲနေသော ‘လှိုင်းလုံးများ’က တစ်ခုပြီး တစ်ခု ယိမ်းထိုးသွားခဲ့သည်။
အဓိကရေဒြပ်စင်သံတမန်က အရှိန်မြင့် ကပ်လာသော ပျက်စီးခြင်း အနီရောင် အလင်းကို ကြည့်ပြီး အမှန်တကယ်ပင် လုံးဝမရှောင်ခဲ့ပေ။ [အစစ်အမှန်အနီရောင် ပျက်သုဉ်း]သည် သူ၏ကိုယ်ကို အမှန်ပင် ထိုးဖောက် ဝင်ရောက် သွားခဲ့သည်။ ကျောက်မျက်ရတနာ ကဲ့သို့သော ခန္ဓာက ကြေမွသွားပြီး ရေတွက်၍ မရနိုင်သော အမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ ဒါက လွယ်လွန်းတယ်။ SSSS++ အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် အနေဖြင့် အဓိကဒြပ်စင်သံတမန်က သေချာပေါက် ဒီလိုမျိုး ပျက်စီးသွားမှာ မဟုတ်ဘူး။
အဓိကရေဒြပ်စင်သံတမန် ပျက်စီးသွား ပြီးနောက် အေးခဲနေသော ရေလောက တစ်ခုလုံး အမြန် အငွေ့ပျံသွားသော်လည်း အငွေ့ပျံသွားသော မြူခိုးက လျင်မြန်စွာ ပြန်စုစည်းသွားပြီး အဓိက ရေဒြပ်စင် သံတမန်၏ပုံစံသို့ ပြန်ရောက်သွားခဲ့သည်။ ခုနက ဘာမှမဖြစ်ခဲ့သလိုပင်။
ချန်လွေ့ တိတ်တဆိတ် အံ့ဩသွား၏။ သူ စိတ်ကို ပြင်ဆင်ထားသော်လည်း ထိုသို့ [အစစ်အမှန် အနီရောင်ပျက်သုဉ်း]ကို ခန္ဓာကိုယ်ဖြင့် တိုက်ရိုက် ခုခံနိုင်သော ပြိုင်ဘက်တစ်ဦးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထိုအရာသည် အပေါ်ယံ ရင်ဆိုင်တိုက်ခိုက်မှု တစ်ခု မဟုတ်ပေ။ [အစစ်အမှန်အနီရောင် ပျက်သုဉ်း]ထဲမှ ပျက်စီးခြင်း ‘လောက’ သည် ပိုကြီးမားသော ‘လောက’တစ်ခု အဖြစ်သို့ ရောက်သွားပုံရသည်။ ၎င်းက ထိုထဲတွင် အဆက်မပြတ် ‘အရည်ပျော်’ နေခဲ့သည်။ နောက်ဆုံး ပျက်စီးခြင်း ဇစ်မြစ်၌ အပေါ်ယံသာ ကျန်တော့သည်။ အဓိကရေဒြပ်စင်သံတမန်က ၎င်းကို လုံးဝ ဖယ်ရှားပစ်ရန် အသွင်ပြောင်းနည်းလမ်း တစ်ခုကို အလွယ်တကူ အသုံးပြုခဲ့၏။
အထူးအဆင့် စွမ်းအားထက် မြင့်သော အဆင့်သို့ ရောက်ရှိလေလေ၊ အဆင့်ငယ် အကြား ခြားနားချက် ကြီးမားလေလေ ဖြစ်သည်။ ချန်လွေ့၏ [ဓူဝံကြယ်ခရမ်း အသွင်ပြောင်းခြင်း] သဘောပေါက်မှုက အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပြီး စွမ်းအားက သာမန် နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်ကို ကျော်လွန်ပြီ ဖြစ်သည်။ အကယ်၍ သူက တိုက်ခိုက်ရေး စွမ်းအား အမျိုးမျိုးကို ပေါင်းလိုက်ပါက အခြေခံ စွမ်းအားသည် ‘++’ အဆင့်သို့ မရောက်လျှင် တိုက်ခိုက်ရေး စွမ်းအားက ၎င်းနှင့် ဆင်တူလောက်သည်။
ထိုနေရာမှာ ဒြပ်စင်လောက ဖြစ်ပြီး အဆောင်ပစ္စည်း ၇ခု၏ စွမ်းရည်များကို ဆုံးရှုံးထား၍ အဓိကဒြပ်စင်သံတမန်ကို အနိုင်ယူရန်မှာ အမှန်တကယ်ပင် အလွန် ခက်ခဲသည်။ [ကြယ်စုံနတ်ဘုရားမြင်ကွင်း] သည် အစွမ်းအထက်ဆုံး အဆုံးသတ် တိုက်ကွက်ဖြစ်ပြီး နောက်ဆုံးဝှက်ဖဲလည်း ဖြစ်သည်။ အားနည်းချက်မှာ စွမ်းအား အလွန်အကျွံ သုံးစွဲရမည် ဖြစ်ပြီး အထူးသဖြင့် ထိုနေရာတွင် သုံးစွဲမှုမှာ နှစ်ဆပင်။ အဓိကရေဒြပ်စင်သံတမန်ကို အနိုင်ယူနိုင်၊ သတ်ဖြတ် နိုင်လျှင်ပင် စွမ်းအား လုံးဝ နီးပါး ကုန်သွားလိမ့်မည်။ ထို့အပြင် အဓိက ဒြပ်စင်သံတမန် တစ်ဦး မကရှိနေသည်။
အရေးအကြီးဆုံးမှာ ယနေ့ ထိုနေရာသို့ ရောက်ရှိလာခြင်း၏ ရည်ရွယ်ချက် အမှန်မှာ အဓိက ဒြပ်စင်သံတမန်ကို စိန်ခေါ်ရန် မဟုတ်ဘဲ ဇိုလာကို ခေါ်သွားရန်ပင်။
အဓိကရေဒြပ်စင်သံတမန် ဆက်လက် တိုက်ခိုက်ခြင်းတော့ဘဲ မျက်လုံးများထဲမှ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုကို သိမ်းလိုက်ပြီး ဒုတိယ စာကားကို ပြောလိုက်သည်။ “မင်းက ဒြပ်စင်တွေရဲ့ စကားလုံးတွေကို နားလည်လောက်တယ်။ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ အခုပဲ ဒြပ်စင်လောကကနေ ထွက်သွားပါ။”
“ထွက်သွားမှာပါ။” ချန်လွေ့က အဓိက ရေဒြပ်စင်သံတမန်၏ မျက်လုံးများကို တည့်တည့်ကြည့်ပြီး [သရုပ်ခွဲမျက်လုံး]၏ ဝိညာဉ် အဆက်အသွယ်ဖြင့် ပြန်ဖြေ လိုက်သည်။ “ဒါပေမဲ့ တစ်ယောက်တည်း မဟုတ်ဘူး။”
“သေလမ်း ရှာနေတာပဲ။” အဓိက ရေဒြပ်စင်သံတမန်၏ အသံက ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။
“ဇိုလာ ဘယ်မှာလဲ။”
အဓိကရေဒြပ်စင်သံတမန် မဖြေပေ။ “မင်းရဲ့ အတွေးအချို့က ‘မဆင်မခြင်’ လုပ်နေတာလို့ပဲ ပြောလို့ရမယ်။ ငါ့ကို ရေဇစ်မြစ်အပိုင်းအစ ရှာဖွေပေးခဲ့ပြီးတော့ ရေဒြပ်စင်နှလုံးသားကို ပြန်ကောင်းအောင် လုပ်ပေးတဲ့အတွက် ထွက်လမ်း တစ်ခု ပေးခဲ့တယ်။ အခု မင်းက...”
စကားမဆုံးခင်မှာပင် ပတ်ဝန်းကျင်မှ အငွေ့အသက် ရုတ်တရက် နှိုင်းယှဉ်၍ မရနိုင်သော ကြမ်းတမ်းမှု ဖြစ်လာခဲ့သည်။ ရေတွက်၍ မရနိုင်သော နီမြန်းနေသည့် ဧရာမသားရဲများ ဟိန်းဟောက်နေကာ အဓိကရေဒြပ်စင်သံတမန်ကို အလယ်တွင် ဝန်းရံလိုက်ကြသည်။
စကားပြောစရာ မရှိတော့ရာ ချန်လွေ့ [မီးသင့်နဂါးဟိန်းသံ]ကို အသက်သွင်းရန် လုံးဝ မတွန့်ဆုတ်ခဲ့ပေ။ ထိုတိုက်ကွက်၌ ပျက်စီးခြင်း မီးလျှံစွမ်းအား ပါဝင်နေပြီး အဓိက ရေဒြပ်စင်သံတမန်ကို ချုပ်ထိန်း နိုင်လောက်သည်။
သို့သော် [မီးသင့်နဂါးဟိန်းသံ] စွမ်းအား မပေါက်ကွဲမီမှာပင် အဓိက ရေဒြပ်စင် သံတမန်၏ ခန္ဓာကိုယ် ကြေမွသွားပြီ ဖြစ်သည်ကို တွေ့လိုက်ရ၏။
တစ်ချိန်တည်းနီးပါးတွင် ချန်လွေ့က ပတ်ဝန်းကျင် နေရာလွတ် တစ်စုံတစ်ခုဖြင့် ချိပ်ပိတ်ခံလိုက်ရသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ထိုအရာမှာ ဧရာမ... ရေပူဖောင်းတစ်ခု ကဲ့သို့ပင်။
အဓိက ရေဒြပ်စင် သံတမန်သည် ချန်လွေ့ထက်အရင် လှုပ်ရှားမှု ပြုခဲ့ခြင်း ဖြစ်သည်။ ကောက်ကျစ်ပြီး ဉာဏ်ပညာ ရှိသော အဓိကရေဒြပ်စင်သံတမန်က သူ ပထမဆုံး စကားကို ပြောခဲ့စဉ်က ပြင်ဆင်ထားပုံရသည်။
သာမန်ဆန်သော ‘ပူဖောင်း’က အမှန်၌ အဓိက ရေဒြပ်စင် သံတမန်၏ အစွမ်း အထက်ဆုံး တိုက်ကွက်များထဲမှ တစ်ခု ဖြစ်သည်။ ၎င်းက တိုက်ခိုက်မှုအားလုံးကို အဆုံးမဲ့ တန်ပြန်နိုင်လေသည်။ ရန်သူက တိုက်ခိုက် မနေလျှင်ပင် ပူဖောင်းက ချုပ်နှောင်ထားသောအရာ လုံးဝ ပျက်စီး သွားသည်အထိ တစ်ဆင့်ပြီး တစ်ဆင့် ကျုံ့သွားပေလိမ့်မည်။ ၎င်းမှာ တိုက်စစ် ခံစစ် သုံး၍ ရပေသည်။ အားနည်းချက် မသိသလောက်ပင်။
မီးသင့်နဂါးများ လုံးဝ ပေါက်ကွဲသွားပြီ ဖြစ်သည်။ ထိုသို့ စွမ်းအားအောက်တွင် ထိခိုက်လွယ်ပုံရသော ပူဖောင်းက အပြင်းအထန် တွန့်သွားရုံသာ ဖြစ်သွားပြီး မကြေမွခဲ့ပေ။ သို့သော် မီးသင့်နဂါးများ အားလုံးက အမှန်တကယ် တန်ပြန် ခံလိုက်ရသည်။ ဆိုလိုသည်မှာ ချန်လွေ့က ထိုအန္တိမ တိုက်ကွက်၏ စွမ်းအားကို ရင်ဆိုင်ရပေတော့မည်။