င်းနှီးသော ခံစားချက်
Vol. 74 Ch. 1168
ချန်လွေ့နှင့် အဓိက ရေဒြပ်စင် သံတမန်နှစ်ဦးစလုံးက ထိပ်တန်း အထူး အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ တိုက်ပွဲမှ အလှည့်အပြောင်းလေးများက အမှန်တကယ် မျက်စိတစ်မှိတ်အတွင်း၌ ဖြစ်ပွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ‘ပူဖောင်း’က အနီရောင် ပြည့်နှက်သွားပြီး တလှိမ်လှိမ့်စွမ်းအားက နောက်တစ်ကြိမ် တန်ပြန်သွားခဲ့သည်။ ထိုသို့ရှေ့နောက် သွားလာရင်း ချန်လွေ့ကို ပျောက်ကွယ် သွားတော့မည့် အနီရောင်ထဲတွင် မမြင်နိုင်တော့ပေ။ သူက ပျက်စီးသွားပြီး မတည်ရှိ နိုင်တော့ပေ။
ထိုအောင်ပွဲကို အဓိက ရေဒြပ်စင် သံတမန်မှ မျှော်လင့်ထားပြီး ဖြစ်သည်။ သူ ထွက်သွားတော့မည် ပြင်လိုက်စဉ်မှာပင် အံ့အားသင့်သွားခဲ့သည်။
ကြယ်အလင်း အစုအဝေး တစ်ခုက ‘ပူဖောင်း’ထဲတွင် လင်းထိန်လာခဲ့သည်။ ထိုကြယ်အလင်းရောင်တွင် ယခင်ကထက် များစွာ ပိုကြီးမားသော စွမ်းအားမျိုး ပါဝင်နေ၏။
ဖောက်ထွင်းမြင်နိုင်သော အခြေအနေမှ ခဲနေသော အခြေအနေသို့ တဖြည်းဖြည်း ပြောင်းလဲသွားသော ပုံရိပ်တစ်ခုက တစ်လှမ်းချင်းစီ ရှေ့သို့ တိုးလာခဲ့သည်။ ခုနက တိုက်ကွက်သည် သူ့အပေါ်တွင် ပျက်စီးမှု အနည်းငယ်မျှပင် မဖြစ်စေခဲ့ပုံ ရလေသည်။
အစွမ်းထက်ဆုံး ရေဒြပ်စင် အရှိန်အဝါ ပါဝင်သော ‘ပူဖောင်း’ကမူ လျင်မြန်စွာ ပါးလွှာသွားပြီး နောက်ဆုံး ကြယ်အလင်း အောက်တွင် ပျောက်ကွယ်သွားခဲ့သည်။
အဓိက ရေဒြပ်စင် သံတမန်၏ မျက်လုံးများတွင် ပထမဆုံးအကြိမ် အဖြစ် လေးနက်သော အမူအရာတစ်ခု ထုတ်ဖော် ပြသခဲ့သည်။ သူက ချန်လွေ့၏ နောက်မှ ကြယ်အစုအဝေး၌ မယုံနိုင်လောက်သော အသက် အငွေ့အသက်နှင့် ယုံကြည်မှု အငွေ့အသက်ကို ပိုင်ဆိုင်ထားရုံသာမက နက်ဗျူလာထဲမှ အရွယ်စုံ ကြယ်များ၏ ဖွဲ့စည်းပုံက အမှန်တကယ်ပင် သူကဲ့သို့ အဓိက ရေဒြပ်စင် သံတမန်အား “စိတ်ထင်ယောင်ထင်မှား” ဖြစ်စေသလို ခံစားမိသည်။ ၎င်းမှာ အဆုံးမဲ့ပင်လယ် တစ်ခု ဖြစ်သည့်အလား ထင်ရ၏။ လုံးဝ ခန့်မှန်း၍ မရနိုင်ပေ။
ချန်လွေ့က အဓိက ရေဒြပ်စင် သံတမန်ထံ တစ်လှမ်းချင်းစီ လျှောက်သွား ခဲ့သည်။ သူ၏နောက်မှ နက်ဗျူလာ အစုအဝေးသည် ပို၍ပို၍ အဆုံးမဲ့ ဖြစ်လာပုံရသည်။
၎င်းမှာ [ကြယ်စုံနတ်ဘုရားမြင်ကွင်း] ၏ နက္ခတ်တာရာများထဲမှ တစ်ခု ဖြစ်သော စူပါစနစ်ထဲမှ ပင်လယ် နတ်ဘုရားမ ဟယ်လင်၏ နက္ခတ်တာရာ ‘ဝိညာဉ်တေးသံပင်လယ်’ ဖြစ်လေသည်။
ယခင်တစ်ခေါက် အမှောင်မီးဖိုတွင် အက်ဘက်ဒွန်ကို ရင်ဆိုင်စဉ်က သေခြင်း နက္ခတ်တာရာကို အသက်သွင်းခဲ့ပြီးမှ ချန်လွေ့သည် ‘ဝိညာဉ်တေးသံပင်လယ်’ နက္ခတ်တာရာ၏ စွမ်းအားကို သူ၏ ကိုယ်ပိုင်ကြယ်စွမ်းအားနှင့် ပေါင်းစပ်ပြီးမှ နောက်တစ်ကြိမ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ယခင်တစ်ခေါက်နှင့် ယှဉ်လျှင် ၎င်းမှာ ပို၍သန့်စင်ပြီး မျှတသည်။
အဓိက ရေဒြပ်စင် သံတမန်က သူ၏ လက်နှစ်ဖက်ဖြင့် စက်ဝိုင်း တစ်ခုကို ရေးဆွဲလိုက်ရာ ရေတွက်၍ မရနိုင်သော နူးညံ့သည့် ရေခဲ သလင်းကျောက်များဖြင့် ပြုလုပ်ထားသော ဧရာမပင့်ကူအိမ်တစ်ခု ချန်လွေ့၏ ဘေးတွင် ပေါ်လာခဲ့သည်။ ချန်လွေ့က ၎င်းအပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ ကြယ်သံချပ်ကာပေါ် နက်ရှိုင်းသော အက်ကွဲကြောင်း တစ်ခု ပေါ်လာပြီး သွေးရောင်အလင်းတန်းတစ်ခု တစ်ချိန်တည်း ပစ်လွှတ်လိုက်သည်။
ထိုအချိန် ‘ဝိညာဉ်တေးသံပင်လယ်’ နက္ခတ်တာရာက တဖြည်းဖြည်း စတင် လည်ပတ်လာပြီး ထုတ်လုပ်လိုက်သော စည်းချက်က ရေကဲ့သို့ တေးသံသဖွယ် ဖျော့တော့စွာဖြင့် ပြောင်းလဲသွားခဲ့သည်။ ထိုတေးသံအောက်တွင် ‘ပင့်ကူအိမ်’သည် အမှန်ပင် အနည်းငယ် အရည်ပျော် သွားခဲ့သည်။ ၎င်းက ခဏအကြာတွင် ရေကုလားကာ တစ်ခု ဖြစ်လာပြီး နက်ဗျူလာ၏ စုပ်ယူခြင်း ခံလိုက်ရသည်။
အဓိကရေဒြပ်စင်သံတမန်က လက်များ အဆက်မပြတ် ဝှေ့ယမ်းပြီး ရေဒြပ်စင် တိုက်ခိုက်မှုပုံစံ အမျိုးမျိုး ရောက်ရှိလာ သော်လည်း ၎င်းတို့က ခြွင်းချက်မရှိ နက်ဗျူလာ၏ စုပ်ယူခြင်း ခံလိုက်ရသည်။
မြစ်အားလုံး ပင်လယ်ထဲသို့ စီးဝင်ပြီး ဇစ်မြစ်သို့ ပြန်လည်ရောက်သွားသလိုပင်။
၎င်းမှာ ‘ဝိညာဉ်တေးသံပင်လယ်’၏ လျှို့ဝှက်ချက် ဖြစ်သည်။
‘ဝိညာဉ်တေးသံပင်လယ်’ အရှိန်အဝါ နှင့် စွမ်းအားက နောက်ဆုံးတွင် အဓိက ရေဒြပ်စင် သံတမန်ကို လှုပ်ရှားသွား စေခဲ့၏။ ထို‘ရေ’၏ လျို့ဝှက်နက်နဲသော အဓိပ္ပာယ်က အဓိကဒြပ်စင်သံတမန်၏ အဆင့်ထက် ကျော်လွန်နေ၍ မဟုတ်ဘဲ ‘ဝိညာဉ်တေးသံပင်လယ်ပြင်’တွင် ပါဝင်သော သန့်စင်သော အသက်နှင့် ယုံကြည်မှုက ထိုကုန်းမြေမှ ဒြပ်စင် ယုံကြည်မှု အားလုံးကို ခပ်ရေးရေးလေး ကျော်လွန်သွား၍ပင်။
၎င်းမှာ လုံးဝ မယုံနိုင်စရာ ဖြစ်သည်။ အရေးအကြီးဆုံးမှာ ဒြပ်စင်လောကသည် ထိုနက္ခတ်တာရာ၏ စွမ်းအားကို မဖိနှိပ် နိုင်တော့ခြင်းပင်။
ချန်လွေ့က ကိုယ်ပိုင် အခြေအနေကို ကောင်းကောင်း သိသည်။ နက္ခတ်တာရာ တစ်ခုတည်း၏ စွမ်းအားက [ကြယ်စုံ နတ်ဘုရားမြင်ကွင်း] ကဲ့သို့သော အထူး တိုက်ကွက်ကြီး တစ်ခုထက် ကြာရှည် ခံနိုင်သော်လည်း ၎င်းမှာ နောက်ဆုံးတွင် အကြာကြီး မခံနိုင်ပေ။ သူက အဓိက ရေဒြပ်စင် သံတမန်အား အမြန်ဆုံး အဆုံးအဖြတ် တိုက်ကွက် တစ်ခုကို ထုတ်သုံးရမည် ဖြစ်ပေသည်။
ထိုအချိန်တွင် သူတို့ နှစ်ဦးအကြား အကွာအဝေး များစွာ ကျဉ်းမြောင်းသွားပြီ ဖြစ်သည်။ အဓိက ရေဒြပ်စင် သံတမန် ရုတ်တရက် မော့ကြည့်ရာ ချန်လွေ့၏ ပုံရိပ်က ရုတ်တရက် ကောင်းကင်တွင် ပေါ်လာသည်ကို တွေ့ရှိလိုက်ရသည်။ သူက အဓိက ရေဒြပ်စင် သံတမန်ကို ဝန်းရံထားလိုက်သည်။
အဓိက ရေဒြပ်စင် သံတမန်က ချက်ချင်း ဆိုသလို အန္တရာယ်ရှိသော နိမိတ်တစ်ခုကို ခံစားလိုက်ရလေသည်။ သူ တုံ့ပြန်မှု မပြုနိုင်ခင်မှာပင် ‘ဝိညာဉ်တေးသံ ပင်လယ်’ နက္ခတ်တာရာ၏ စွမ်းအား ပါဝင်သော အလင်းတန်း သုံးခုသည် နေရာတစ်ခုတည်းတွင် ဖြတ်ကျော်လျက် ပစ်လွှတ်လိုက်လေပြီ။ ပတ်ဝန်းကျင်မှ နေရာလွတ် ရုတ်တရက် ပိုင်းခြားသွားပြီး အထူး တြိဂံနေရာလွတ် တစ်ခုကို ဖွဲ့စည်းကာ အဓိကရေဒြပ်စင်သံတမန်ကို ပိတ်ဆို့လိုက်၏။
[ရှုထောင့်ဖျက်ဆီးခြင်း]!
အနည်းငယ်မျှ နှောင့်နှေးခြင်းမရှိဘဲ နေရာလွတ် တစ်ခုလုံး ပေါက်ကွဲထွက် သွားတော့သည်။
ပေါက်ကွဲမှုမတိုင်မီ အခိုက်အတန့်တွင် ‘ပူဖောင်း’က ထပ်မံ ပေါ်လာသော်လည်း ၎င်းက အဓိက ရေဒြပ်စင် သံတမန် ကိုယ်တိုင်ကို ပတ်ရစ်ထား၏။ သို့သော် ‘ဝိညာဉ်တေးသံပင်လယ်’ နက္ခတ်တာရာ စွမ်းအားများ ပါဝင်နေသော [ရှုထောင့် ဖျက်ဆီးခြင်း] စွမ်းအား အောက်တွင် ‘ပူဖောင်း’က တန်ပြန်ခြင်း စွမ်းအားကို မထုတ်ဖော် နိုင်တော့ပေ။ ၎င်းက ချက်ချင်း ပြိုလဲသွား၏။ မျက်စိတစ်မှိတ် အတွင်းတွင် ထိုထဲမှ အဓိက ရေဒြပ်စင် သံတမန်က ‘ကွဲကြေခြင်း’ စွမ်းအား၏ လုံးဝ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။
[ရှုထောင့်ဖျက်ဆီးခြင်း]မှ ဖန်တီးသော လေဟာနယ် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားရာ အဓိက ရေဒြပ်စင် သံတမန်၏ ပုံရိပ်က ချန်လွေ့၏ အမြင် အာရုံတွင် နောက်တစ်ကြိမ် ပေါ်ထွက် လာခဲ့သည်။ သူက မမျှော်လင့်ထားဘဲ မပျက်စီးလျက် ရှိနေ၏။
“ဒီလော့စ်ရို ကိုယ်ပွားကို အနိုင်ယူခဲ့တဲ့ သူဆိုတဲ့ အတိုင်းပါပဲ။ ဒီတိုက်ကွက်က အဲဒီအချိန်က အန္တိမ တိုက်ကွက်ကနေ ဆင့်ကဲ ပြောင်းလဲလာတာ ဖြစ်မယ်။ လျို့ဝှက်နက်နဲမှုနဲ့ အရှိန်အဝါ နှစ်ခုစလုံးရဲ့ အရည်အသွေးက အရင်ထက် အများကြီး သာလွန်တယ်။” အဓိက ရေဒြပ်စင် သံတမန်က ချီးကျူးလိုက်သည်။ မူလ ခန္ဓာကိုယ်အနေဖြင့် သူက လန်ဘို့စ်၏ အသိစိတ်ကို စုပ်ယူခဲ့ရာ သူသည် ယခင်က [ကြယ်စုံနတ်ဘုရားမြင်ကွင်း]ကို မြင်ခဲ့ရာ ၎င်းကို မှတ်မိနေ၏။
သို့တိုင် လန်ဘို့စ်၏ မှတ်ဉာဏ်မှာ လွန်ခဲ့သော ၃နှစ် အကြာက ဖြစ်သည်။ အဓိက ရေဒြပ်စင် သံတမန်ကဲ့သို့ အသိပညာနှင့် အတွေ့အကြုံရှိသူပင်လျှင် ၃နှစ်အတွင်း ချန်လွေ့၏ တိုက်ခိုက်ရေး စွမ်းအားသည် နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားရုံ သာမက ထိုတိုက်ကွက်၏ စွမ်းအားလည်း ရေတွက်မရနိုင်သည်အထိ တိုးသွားမည် ဟူ၍ လုံးဝ စိတ်ကူးမိမည် မဟုတ်ပေ။
ခုနကက တိုက်ကွက်မှာ [ကြယ်စုံ နတ်ဘုရားမြင်ကွင်း]၏ ‘ဆင့်ကဲပြောင်းလဲ လာသော’ တိုက်ကွက်မဟုတ်ဘဲ... ၎င်း၏ အစိတ်အပိုင်းငယ် တစ်ခုမျှသာ ဖြစ်သည်။
“ဇိုလာ ဘယ်မှာလဲ။” ချန်လွေ့က ယခင်က မေးခွန်းကိုသာ မေးလိုက်သည်။
ထိုအချိန် အဓိကရေဒြပ်စင်သံတမန်က ခဏ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေသည်။ “မင်းသိရင်တောင်မှ အသုံးမဝင်ဘူး။ ဇိုလာက ဒြပ်စင်လောကထဲမှာ ၇ယောက်မြောက် အဓိကဒြပ်စင်သံတမန် ဖြစ်လာပြီ။ သူက ဒြပ်စင်လောက တစ်ခုလုံးရဲ့ ခေါင်းဆောင် ဖြစ်လာဖို့ ဒြပ်စင် နတ်ဘုရားမရဲ့ စိတ်ဆန္ဒကို အပြည့်အဝ လက်ခံလိမ့်မယ်။”
ဇိုလာက ၇ယောက်မြောက် အဓိက ဒြပ်စင်သံတမန် ဖြစ်လာသည့် သတင်းက ချန်လွေ့ကို အံ့ဩသွားစေလေသည်။ “အပြည့်အဝ လက်ခံမယ် ဟုတ်လား။ အဲဒါက ဒြပ်စင် နတ်ဘုရားမ ဝတ်ရုံလား။”
“မင်း ငါ့ကို ဒီတစ်ခေါက် မတော်တဆ အနိုင်ယူခဲ့ပေမယ့် ဒါတွေ အားလုံးကို ရပ်တန့်ဖို့က မဖြစ်နိုင်ဘူး။” အဓိက ရေဒြပ်စင်သံတမန်က အဖြေမပေးဘဲ သူ၏ ခန္ဓာကိုယ် ပို၍ ပါးလာနေစဉ် လျစ်လျူရှု ပြောလိုက်သည်။
‘ဝိညာဉ်တေးသံပင်လယ်’ ကြယ်စွမ်းအားနှင့် ပေါင်းစပ်ထားသော [ရှုထောင့်ဖျက်ဆီးခြင်း]သည် အဓိက ရေဒြပ်စင်သံတမန်၏ ခန္ဓာကိုယ်ကို လုံးဝ ဖျက်ဆီးပစ်ခဲ့ခြင်းပင်။
“ဒြပ်စင် နတ်ဘုရားမရဲ့ အမြင့်ဆုံး နတ်ဝင်သည်အနေနဲ့ ဒီလောကမှာ ငါ တကယ် ပျက်စီးမှာမဟုတ်ဘူး။ မကြာခင် ငါတို့ နောက်တစ်ခါ တွေ့ကြဦးမှာပါ...” အဓိက ရေဒြပ်စင် သံတမန်၏ အသံက တဖြည်းဖြည်း အားနည်းသွားသော်လည်း သူ၏အကြည့် ပိုမို စူးရှလာခဲ့လေသည်။ “ဒီရှုံးနိမ့်မှုက ငါ့ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ခဲ့တာ သေချာပေမဲ့ ဒါက မင်းရဲ့ စွမ်းအားကိုလည်း ပြသခဲ့တယ်။ မင်းကို တကယ် လျှော့တွက်လို့ မရနိုင်ဘူး။ ငါတို့ မင်းကို ကံကောင်းခြင်းတွေ ထပ်ပြီး ပေးတော့မှာမဟုတ်ဘူး။ ဒီလောကကနေ မင်း အခု ထွက်အပြေးသွားရင်ပေါ့။”
“ကျုပ်ပြောခဲ့ပြီးပြီ၊ တစ်ယောက်တည်း ထွက်သွားမှာ မဟုတ်ဘူး။ ကျုပ်ရဲ့မိန်းမကို ခေါ်သွားမှာ။” ချန်လွေ့သည် အဓိက ရေဒြပ်စင် သံတမန်၏ အကြည့်ကို အားနည်းဟန်မပြဘဲ ရင်ဆိုင်လိုက်သည်။
“ဒါဆိုရင် ငါတို့ တွေ့ဖို့ အခွင့်အရေး မရှိတော့ဘူး၊ ဘာလို့လဲ ဆိုတော့ မင်း အဲဒီမတိုင်ခင်မှာ သေသွားမှာ မို့လို့ပဲ။ ဒါက ခေါင်းမာတာဖြစ်ဖြစ်၊ မဆုတ်မနစ် ကြိုးပမ်းတာပဲဖြစ်ဖြစ် သေစေနိုင်ပြီး မှားယွင်းတဲ့ ရွေးချယ်မှု တစ်ခု မို့လို့ပဲ။” အဓိကရေဒြပ်စင်သံတမန် လှောင်ရယ်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ “ပြီးတော့ မင်းမှာ အချိန်မရှိဘူး...”
အချိန်မရှိဘူး ဟုတ်လား။ မသိစိတ်ဖြင့် ချန်လွေ့က အဓိက ရေဒြပ်စင်သံတမန်၏ အကြည့်နောက်သို့ လိုက်၍ ရောင်စုံ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ တုန်လှုပ်သွား၏။ ဧကန္တ...
“မင်း မကြာခင် ပြိုင်ဘက်အသစ်တွေ တွေ့ရလိမ့်မယ်။ အဲဒီအချိန် မင်း အဓိကဒြပ်စင်သံတမန် တစ်ယောက်ကိုပဲ ရင်ဆိုင်ရမှာ မဟုတ်တော့ဘူး...” ထိုစကား ပြောပြီးနောက် အဓိက ရေဒြပ်စင် သံတမန်၏ မှေးမှိန်နေသော ခန္ဓာကိုယ်က လုံးဝကြေမွသွားပြီး မရေမတွက်နိုင်သော ပူဖောင်းများအဖြစ် ပျောက်ကွယ်သွား၏။
ခုနက အဓိက ရေဒြပ်စင်သံတမန်နှင့် ပြင်းထန်သော တိုက်ပွဲအတွင်းတွင် သူက ထိုဒြပ်စင်လောကတွင် ဒြပ်စင်သက်ရှိက တကယ် သေဆုံးမည် မဟုတ်ကြောင်း နားလည်ခဲ့သည်။ သူတို့က ဒြပ်စင်များ၏ အခြေခံအကျဆုံး ယူနစ်သို့ ပြန်လည် ရောက်ရှိသွားသည် သို့မဟုတ် အခြား ပုံစံများသို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။ အရင်က သတ်ခဲ့သော ဒြပ်စင်သက်ရှိများ အတွက်လည်း အတူတူပင်။
ဗာရိုနီကာကဲ့သို့သော အဓိက ဒြပ်စင် သံတမန်အတွက်မူ ၎င်းမှာ အမှန်တကယ် မသေနိုင် ဖြစ်လောက်သည်။ အဓိက ရေဒြပ်စင် သံတမန်သည် ယာယီသာ ရှုံးနိမ့်သွားခဲ့သည်။ သူက မကြာမီ ယုံကြည်မှု စွမ်းအားအောက် ပြန်လည် စုစည်းသွားပြီး စွမ်းအား ပြန်ရရှိလိမ့်မည်။
ခုနက တိုက်ပွဲသည် ချန်လွေ့အား ပုံမှန်ထက် ပိုများသော စွမ်းအားများကို ကုန်ဆုံးစေခဲ့သည်။ သူ၏ တိုက်ခိုက်ရေး စွမ်းအား ကျဆင်းသွားသည်ကို ရှောင်လွှဲ မရနိုင်ပေ။
ထိုတိုက်ပွဲက အဓိက ဒြပ်စင် သံတမန်များအား သူ၏ စွမ်းအားကို ပြန်လည် အကဲဖြတ် စေလိမ့်မည်။ သာမန် အခြေအနေအောက်တွင် ထိုအရာမှာ ဂုဏ်ယူစရာကြီး တစ်ခု ဖြစ်သော်လည်း လက်ရှိ အခြေအနေအရဆိုလျှင် ၎င်းသည် ပိုဆိုးသွားစေရုံသာ ဖြစ်သည်။
ဖိုက်သွန် ပြောခဲ့သည်ကို အတည်ပြုပြီး ဖြစ်သည်။ အကယ်၍ သူက အဓိက ဒြပ်စင်သံတမန် တစ်ပါးနှင့် ကြုံခဲ့ပါက မကြုံစဖူးသော ခက်ခဲသော တိုက်ပွဲကို ရင်ဆိုင်ရပေမည်။ သို့ဆိုလျှင် တစ်ယောက် မကရင်ကော။
ထွက်ပြေးရမှာလား။ ဒါ သေချာပေါက် မဖြစ်နိုင်ဘူး။ ရှေ့ဆက်ဖို့ပဲ ရှိမယ်။
ချန်လွေ့ အများကြီး မတွေးတော့ပေ။ “အခက်အခဲ ကြုံလျှင် ရဲရင့်ရန် လိုအပ်ပြီး အခက်အခဲအကြား တည်ငြိမ်သင့်သည်” ဟူသော စကားပုံ တစ်ခု ရှိသည်။ အိုတာကုမှ လက်ရှိ ချန်လွေ့အထိ သူက မည်သို့သော အစွမ်းထက်သည့် ရန်သူနှင့် တိုက်ပွဲများကိုမျှ မကြောက်ရွံ့တော့ပေ။ အထူးသဖြင့် အရေးအကြီးဆုံး လူများကို ကာကွယ်ရန်အတွက်ပင်။
အဓိက ရေဒြပ်စင် သံတမန် ခုနက ပြောခဲ့တဲ့အတိုင်းဆိုရင် ဇိုလာက အခု နောက်ဆုံး ‘လုပ်ထုံး’ကို ရင်ဆိုင်နေရတာ ဖြစ်နိုင်တယ်။ မိုးရီ ငါ့ကို သြဇာယွမ်မြေ ပေးခဲ့တုန်းက ‘နောက်ဆုံးစမ်းသပ်မှု အခိုက်အတန့်’ကိုလည်း ပြောခဲ့တယ်။ အဲဒါကြောင့် ငါ သူ့ဆီကို ချက်ချင်း ပြေးသွားရမယ်။
မေးစရာရှိတာကတော့ ဇိုလာ အခု ဘယ်မှာလဲ ဆိုတာပဲ။
ချန်လွေ့ စိုးရိမ်နေစဉ် ကောင်းကင်မှ အရောင်များ နောက်တစ်ကြိမ် ပြင်းထန် လာခဲ့သည်။ တဖြည်းဖြည်းနှင့် အရောင် အားလုံးက စတင်၍ ရွေ့လျားလာခဲ့သည်။ ၎င်းမှာ သာမန်ပြောင်းလဲမှုများ မဟုတ်ဘဲ တစ်စုံတစ်ခု၏ ဆွဲဆောင်ခြင်း ခံရသကဲ့သို့ လားရာ တစ်ခုတည်းသို့ လျင်မြန်စွာ ပျံသန်းနေကြသည်။
ဒါ ဇိုလာပဲ ဖြစ်ရမယ်! ချန်လွေ့က အရောင်များ ရွေ့လျားသွားလာနေသည့် လားရာသို့ ချက်ချင်းပင် ရွှေ့ပြောင်း သွားခဲ့သည်။
ဒြပ်စင်လောက၏ အတိုင်းအတာမှာ အတော်လေး ကြီးမားလှသည်။ နာရီ အနည်းငယ် ကုန်လွန်သွားပြီး ချန်လွေ့ ကိုယ်တိုင် ရွှေ့ပြောင်းမှု အကြိမ်များစွာကို အသက်သွင်းခဲ့သည်ကို မမှတ်မိတော့။ သို့သော် ထို‘ဆွဲဆောင်မှု’၏ ဇစ်မြစ်သို့ မရောက်ရှိသေးပေ။ သူက ယခုအခါ [ဓူဝံကြယ်ခရမ်းအသွင်ပြောင်းခြင်း] ကို အချိန်အကြာကြီး အသက်သွင်းနိုင်ပြီ ဖြစ်သော်လည်း ပင်ပန်းနွမ်းနယ်မှု အာရုံကိုလည်း ခံစားရနိုင်ပေည်။
အရှိန်မြင့် ရွှေ့ပြောင်းမှု အနည်းငယ် ပြီးနောက် ချန်လွေ့က ဖျော့တော့တော့ အထူး အငွေ့အသက် တစ်ခုကို နောက်ဆုံး အာရုံခံမိလိုက်သည်။ ထိုအငွေ့အသက်က အားနည်းလှသော်လည်း ရှေးဟောင်း ခံစားချက် တစ်ခုခုကို ထုတ်ဖော် ပြသနေ၏။ သူ၏ လက်ရှိအဆင့်တွင်ပင် ၎င်းမှာ ဖော်ပြ၍ မရနိုင်အောင် လျှို့ဝှက် ဆန်းကြယ်ပြီး တသိမ့်သိမ့် ဖြစ်နေသလို ခံစားမိသည်။
ထိုခံစားချက်ကို တစ်နေရာရာတွင် သူ ကြုံတွေ့ခဲ့ဖူး သကဲ့သို့ပင် အနည်းငယ် ရင်းနှီးနေ၏။
ချန်လွေ့၏စိတ် လှုပ်ရှားသွားခဲ့ပြီး အငွေ့အသက်၏ လားရာသို့ အစွမ်းကုန် အရှိန်ဖြင့် ချက်ချင်း ရွှေ့ပြောင်းသွားသည်။
ခံစားချက် ပို၍ပို၍ ထင်ရှားလာခဲ့သည်။ ရှေးဟောင်း၊ ထာဝရ အသက်၊ မသေနိုင်ခြင်း... ရေတွက်၍ မရနိုင်သော စကားလုံးများနှင့် အတွေးအခေါ်များက ချန်လွေ့၏ စိတ်ထဲတွင် တစ်ချိန်တည်း ပေါ်ပေါက်လာသည်။ တစ်ချိန်တည်းပင် ကြောက်ရွံ့မှု အာရုံတစ်ခုလည်း ရှိနေ၏။ ၎င်းမှာ အမှောင်ထဲတွင် မျက်လုံးတစ်စုံ ရှိနေပြီး ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ သေးငယ်သော သူ့ကို အထက်စီးဆန်စွာ ကြည့်ရှုနေသည့်အလားပင်။
လက်ရှိ စွမ်းအားနှင့်ပင် ထိုသို့သော အကြည့်အောက် သူက ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်နေဆဲ ဖြစ်သည်။
ချန်လွေ့ တုန်လှုပ်သွားခဲ့ပြီး ထိုသို့သော ‘ရင်းနှီး’ပြီး ကြောက်စရာ ကောင်းသည့် ခံစားချက်မျိုးကို မည်သည့်နေရာတွင် ခံစားခဲ့ဖူးကြောင်း နောက်ဆုံးတွင် သတိရသွားတော့သည်။
ဖရိုဖရဲဘုံ...
နေရာလွတ်တွင် လွင့်မျောနေသော ထိုဧရာမအလောင်းများ...