အခန်း (၂၈၆-၂၈၈)
Vol. 20 Ch. 286-288
အခန်း 286 - ရန်သူ၏ခြေရာများ
ရှောင်ယုသည် ခြင်္သေ့မြို့သို့ပြန်လာ၍ အထက်အရာရှိများနှင့် စစ်ပွဲအတွက်စတင်ဆွေးနွေးခဲ့သည်။
သို့သော်လည်း ကင်းထောက်များသည် ကနေဒီမိသားစု၏ခြေရာလက်ရာကို လုံးဝရှာမတွေ့၍ ရှောင်ယုအံသြသွားရသည်။ ထိုအရာသည် လုံးဝမဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆ်ိုသော် ကနေဒီမိသားစုစစ်တပ်သည် ခြင်္သေ့နယ်မြေသို့ရောက်ရှိရန် နယ်မြေနှင့်မြို့ပေါင်းများစွာကိုဖြတ်ကျော်လာရမည်ဖြစ်သည်။ ထို့ကြောင့် ကနေဒီမိသားစု၏တပ်များချီတက်လာသည့်သတင်းနှင့်ပတ်သက်၍ အနည်းနှင့်အများဆိုသလ်ိုရရှိမည်ဖြစ်သည်။ ကင်းထောက်များက မည်သည့်သတင်းအချက်အလက်မှ မရရှိခြင်းသည် မည်သည်ကိုဆိုလိုသနည်း။
နီကိုးလပ်စ်သည် သူ့အားနောက်ပြောင်ခဲ့သည်လား...နီကိုးလပ်စ်သည် ဂုဏ်သိက္ခာရှိသည့် ရှေးဟောင်းမိသားစုတစ်ခု၏သခင်လေးဖြစ်ရာ ရှောင်ယုအားနောက်ပြောင်ရန်မဖြစ်နိုင်ပေ။
အကယ်၍ နီကိုးလပ်စ်သာ သူ့အားအမှန်တကယ်လိမ်လည်ခဲ့သည်ဆိုပါက နီကိုးလ်ပ်စ်သည် အနောက်တိမ်တိုက်အင်ပါယာနှင့်ပတ်သက်၍ ကိုယ်ပိုင်အကြံအစည်အချို့ရှိနေခြင်းဖြစ်သည်။ အကယ်၍ နီကိုးလပ်စ်သည် အနောက်တိမ်တိုက်အင်ပါယာ၌ တစ်စုံတစ်ခုစတင်လှုပ်ရှားခဲ့ပါက ထိုအရာသည်ဝတ်ရုံနက်များနှင့်နီကိုးလပ်စ်တို့ ဆက်စပ်နေသည်ဟုဖော်ပြခြင်းဖြစ်သည်။ သို့သော်လည်း နီကိုးလပ်စ်ကိုယ်တိုင်က ရှေးဟောင်းမိသားစု၏သခင်လေးဖြစ်ရာ ဝတ်ရုံနက်များနှင့်ဆက်သွယ်ရန်မဖြစ်နိုင်ပေ။
" မဖြစ်နိုင်ဘူး ... "
နီကိုးလပ်စ်သည် ထိုဝတ်ရုံနက်များနှင့်ဆက်စပ်မှုမရှိနိုင်ဟု ရှောင်ယုယုံကြည်ထားပေသည်။ အကယ်၍ နီကိုးလပ်စ်ကသာ ဝတ်ရုံနက်များ၏တစ်စိတ်တစ်ပိုင်းဖြစ်ပါက ရှောင်ယုသည်ထိုနေရာ၌ပင် သတ်ဖြတ်ခံရမည်ဖြစ်သည်။ သူသည် သွေးနတ်သူငယ်များ၏နန်းတော်မှ ရှောင်ယုအားထွက်ခွာခွင့်ပြုမည်မဟုတ်ပေ။ နီကိုးလပ်စ်သည် ရှောင်ယုအားထွက်ခွာခွင့်ပြုခဲ့သည်မှာ သူနှင့်ကနေဒီမိသားစုတို့ တိုက်ခိုက်နေချိန်၌ ဘေးမှနေ၍တိုက်ပွဲကိုထိုင်ကြည့်ရန်ဖြစ်သည်။ သူသည် အခြေအနေကိုစောင့်ကြည့်ကာ အကျိူးအမြတ်အချို့ရယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ထိုအကြောင်းကိုတွေးမိသည်နှင့် နီကိုးလပ်စ်သည် သူ့အားအမှန်တရားကိုသာပြောခဲ့သည်ဟု ရှောင်ယုနားလည်လိုက်သည်။ သို့သော်ပြဿနာမှာ သူသည်ကနေဒီမိသားစုစစ်တပ်ကို အစအနပင်ရှာမတွေ့ပေ။ သူတို့သည် အကြီးစားတည်နေရာရွေ့ပြောင်းခြင်းမှော်ကိုအသုံးပြုကာ စစ်တပ်တစ်ခုလုံးအား တည်နေရာရွေ့ပြောင်းခဲ့သည်လား...ထိုအရာသည် အမှန်တကယ်ပင်မဖြစ်နိုင်ပေ။ နီကိုးလပ်စ်ကိုယ်တိုင်ကလည်း ကနေဒီမိသားစု၏စစ်တပ်သည် မကြာမှီရောက်လာမည်ဟု ပြောခဲ့ပေသည်။
ရှောင်ယုသည် မုဆိုးများ ၊ မှော်စုန်းဆရာများ ၊ နတ်မြင်းပျံများအားလုံးကိုစေလွှတ်ကာ နယ်မြေတစ်ခုလုံးအား ကင်းလှည့်ခိုင်းခဲ့သည်။ သရောလ်သည်လည်း မြင်ကွင်းကျယ်ကိုအဆုံးစွန်ထိအသုံးချကာ နယ်မြေတစ်ခုလုံးအားစူးစမ်းခဲ့သည်။ သူ၏စူးစမ်းမှုမှ မည်သည့်လှုပ်ရှားမှုကမှ လွတ်ကင်းသွားခြင်းမရှိပေ။
" စစ်တပ်ကိုမတွေ့ရဘူး ... ဒါပေမဲ့အဆင့်မြင့်လုပ်ကြံသူအချို့ကိုတော့ အခြေစိုက်စခန်းတွေအနားမှာတွေ့ရတယ် ... သူတို့ကစွန့်စားသူတွေနဲ့တူပြီး နတ်သူငယ်တွေကိုဖမ်းဆီးဖို့ရောက်လာတယ်လို့ယူဆရပေမဲ့ ကနေဒီမိသားစုရဲ့ကင်းထောက်တွေလည်းဖြစ်နိုင်တယ် ... သူတို့ကအခြေအနေကိုကြိုတင်စုံစမ်းဖို့ရောက်လာပြီထင်တယ် "
မူလီသည် ရှောင်ယုအားတင်ပြလိုက်သည်။
" ကောင်းပြီ... "
ရှောင်ယုသည် ထိုသတင်းကိုကြားချိန်၌ မျက်မှောင်ကြုတ်မိလိုက်သည်။
အမှန်အတိုင်းဆိုလျှင် သူတို့သည်နတ်သူငယ်များကို လာရောက်ဖမ်းဆီးသည့် လုပ်ကြံသူများစွာကိုသတ်ဖြတ်ခဲ့ပြီးဖြစ်သော်လည်း အဆင့်မြင့်လုပ်ကြံသူများကိုမူ မဖမ်းဆီးနိုင်ခဲ့ပေ။ သူတို့သည် လုပ်ကြံသူများအားကိုင်တွယ်ရန် နည်းလမ်းများစွာပိုင်ဆိုင်ထားသော်လည်း အဆင့်မြင့်လုပ်ကြံသူများက ထောင်ချောက်များကိုအလွယ်တကူဖြတ်ကျော်နိုင်သည်။
" စုံစမ်းရေးအဖွဲ့တွေ အကုန်လုံးကိုအရှိန်မြင့်ခိုင်းလိုက် ... အဆင့်၁၀ကိုရောက်နေတဲ့ မုဆိုးတွေ ၊ မှော်စုန်းဆရာတွေနဲ့ပယောဂဆရာတွေအားလုံးက်ို ထောင်ချောက်တွေဆင်ခိုင်းထားလိုက် ... အပြောင်းအလဲရှိလာရင် ငါ့ကိုချက်ချင်းတင်ပြ "
ရှောင်ယုက အမိန့်ပေးလိုက်သည်။
သရောလ်၏မြင်ကွင်းကျယ်သည် တည်နေရာတစ်ခုအားအကျဉ်းချုပ်ဖော်ပြသည့် မြေပုံငယ်တစ်ခုနှင့်တူကြောင်း ရှောင်ယုနားလည်ပေသည်။ ထို့ကြောင့်သူသည် မှော်စုန်းဆရာများနှင့်ပယောဆရာများကိုအသုံးပြုပြီးနောက် ရှာဖွေမှုဧရိယာကိုလျော့ချနိုင်ခဲ့သည်။
ထိုသို့ရှာဖွေဖော်ထုတ်မှုပြုလုပ်ပြီး ရက်အနည်းငယ်အကြာတွင် ခြင်္သေ့နယ်မြေနှင့်မြို့အနီးသို့ ရောက်ရှိလာသည့်လုပ်ကြံသူအမြောက်အများကို ရှာတွေ့ခဲ့သည်။ သူတို့ထဲမှအချို့တွင် သူတို့ရှာဖွေတွေ့ရှိထားသည်တို့ကို မှတ်တမ်းတင်ရန်အတွက် ဘောပင်နှင့်စာရွက်များပါရှိပေသည်။
ပုံမှန်အတိုင်းဆိုလျှင် လုပ်ကြံသူများသည် နတ်သူငယ်များအားဖမ်းမိသည်နှင့် ခြင်္သေ့နယ်မြေမှထွက်ခွာရန် အမြန်ဆုံးကြိုးစားရမည်ဖြစ်သည်။ သို့သော်လည်း ဤလုပ်ကြံသူများကမူ ရှောင်ယုတပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို ရယူရန်ကြိုးပမ်းနေကြသည်။
သို့ဖြစ်ရာ ထိုလုပ်ကြံသူများအားလုံးသည် ခြင်္သေ့နယ်မြေနှင့်ပတ်သက်၍ ဆိုးရွားသောအကြံအစည်များရှိနေကြောင်း တွေ့မြင်နိုင်သည်။ ထိုအဆင့်မြင့်လုပ်ကြံသူများကို ကနေဒီမိသားစုကဲ့သို့သောအဆင့်မြင့်အင်အားစုတစ်ခုကသာ ခိုင်းစေနိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့၏စစ်တပ်သည် မည်သည့်နေရာ၌ရှိနေသနည်း။
သူတို့ရဲ့စစ်တပ်ကို ဘယ်လိုကွယ်ဝှက်ထားကြတာလဲ ...
" လူတချို့ကိုစေလွှတ်ပြီးနောက် ငါတို့နဲ့နယ်မြေချင်းထိစပ်နေတဲ့ မိုင်၁၀၀အတွင်းက နယ်မြေတွေအားလုံးကိုစစ်ဆေးခိုင်းလိုက် "
ရှောင်ယုကအမိန့်ပေးလိုက်သည်။
ရန်သူများသည် အမှောင်ထုထဲ၌လှုပ်ရှားနေသော်လည်း သူ၏လှုပ်ရှားမှုများအားလုံးကို သိရှိနေခြင်းအားရှောင်ယုအမှန်ပင် မနှစ်သက်ပေ။ ထိုကင်းထောက်များသည် ရက်အနည်းငယ်ကြာသည်ထိ စုံစမ်းစစ်ဆေးခဲ့သော်လည်း ကနေဒီမိသားစု၏စစ်တပ်နှင့်ပတ်သက်၍ မည်သည့်သတင်းကိုမှမရရှိခဲ့ပေ။ ရှောင်ယုသည် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ သူသည် ယခင်ကလည်းအန္တာရာယ်များပြားလှသည့် အခြေအနေမျိုးစုံနှင့်စစ်ပွဲများစွာကို ကြုံတွေ့ခဲ့ဖူးပြီး သူသည်ရန်သူ၏လှုပ်ရှားမှုများကို သိရှိထား၍ တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော်ယခုအခါ၌ ယခင်အကြိမ်များနှင့်မတူဘဲ ရန်သူ၏သတင်းသည် စုံးစုံးမြုပ်နေခဲ့သည်။
ရှောင်ယုသည် ကင်းထောက်များအားတွေ့ဆုံကာ အသေးစိတ်အချက်အလက်များကို မေးမြန်းခဲ့သည်။
" မင်းဘာပြောတာလဲ ... ဝေဟောင်ကနေမကောင်းဖြစ်နေတယ်ဟုတ်လား "
ရှောင်ယုသည် ထိုသို့မေးမြန်းပြီးနောက် အလွန်သံသယဝင်ဖွယ်သတင်းတစ်ခုအား ရရှိလိုက်သည်။
“ ဟုတ်တယ်အရှင် ... ဝေပြည်နယ်မှာရှိတဲ့လူတိုင်းက သူတို့ရဲ့အရှင်နေမကောင်းဖြစ်နေတယ်ဆိုတာ သိထားကြတယ် ... ဒီအချိန်မှာ လီဟဲလို့ခေါ်တဲ့လူတစ်ယောက်က ဝေပြည်နယ်မှာတပ်ဖြန့်ထားတဲ့စစ်တပ်အားလုံးကိုဆင့်ခေါ်နေတယ် ... သူ့ကိုကြည့်ရတာထီးနန်းလုတော့မည့်ပုံစံပဲ "
ကင်းထောက်ဖြစ်သူက အသေးစိတ်တင်ပြလိုက်သည်။
“ သူတို့ကစစ်သည်တွေ လေ့ကျင့်ပေးနေတယ်ဆိုတဲ့ သတင်းကိုကြားခဲ့လား ... လက်နက်တွေကောထုတ်လုပ်နေလား "
ရှောင်ယုက မေးမြန်းလိုက်သည်။
" ဟုတ်တယ်အရှင် ... ငါ့ရဲ့ကိုယ်ပိုင်မျက်လုံးတွေနဲ့ အဲ့ဒါကိုမြင်တွေ့ခဲ့တယ် ... သူတို့ကကြီးကြီးမားမားလှုပ်ရှားမှုတစ်ခုပြုလုပ်နေသလိုပဲ "
ကင်းထောက်ဖြစ်သူက ပြောလိုက်သည်။
“ ဒါကနည်းနည်းထူးဆန်းနေတယ်လို့မထင်ဘူးလား ... "
ရှောင်ယုသည် ကင်းထောက်ကိုကြည့်ရင်း မေးလိုက်သည်။
ကင်းထောက်ဖြစ်သူက ခဏလောက်စဉ်းစားပြီးပြန်ဖြေလိုက်သည်။
" ဝေဟောင်က အကြီးအကျယ်နေမကောင်းဖြစ်နေပြီး လီဟဲကစစ်တပ်ကိုစုစည်းနေတယ် ... အဖြစ်နိုင်ဆုံးကတော့ သူကထီးနန်းကိုသိမ်းပိုက်ချင်နေတာပဲ ... ဒါပေမဲ့ဝေဟောင်က ထီးနန်းကိုအမွေဆက်ခံထားတယ်ဆိုတာ လူတိုင်းသိကြတယ် ... ဒါကြောင့်စစ်တပ်ကိုအသုံးပြုပြီးတော့ ထီးနန်းကိုလုယူချင်တယ်ဆိုတာကမဖြစ်နိုင်ဘူး "
ရှောင်ယုကရယ်မောလိုက်သည်။
" မင်းကတကယ်မဆိုးဘူး ... တကယ်လည်းသူတို့ကထီးနန်းကိုအဲလို လက်လွဲသိမ်းယူလို့မရနိုင်ဘူး ... ဒါပေမဲ့သူ့ကိုကျောထောက်နောက်ခံပေးထားတဲ့ အင်အားစုကြီးတစ်ခုရှိနေနိုင်တယ် ... ငါတို့က ကနေဒီမိသားစုရဲ့စစ်တပ်ကိုရှာမတွေ့တာ အံ့သြစရာမဟုတ်တော့ဘူး ... သူတို့ကဝေပြည်နယ်တစ်ခုလုံးကိုထိန်းချုပ်ထားပြီးတော့ လိုအပ်တဲ့အင်အားကိုစုစည်းဖို့ ဝေပြည်နယ်ရဲ့တပ်တွေကိုအသုံးပြုချင်နေတာပဲ ... ကနေဒီမိသားစုက အကြံပက်စက်လိုက်တာ "
ကင်းထောက်ဖြစ်သူသည် ရှောင်ယု၏စကားကိုကြားချိန်၌ ပြန်လည်တုံ့ပြန်လိုက်သည်။
" ဒီငယ်သားရဲ့အမြင်ကတော့ ဝေဟာင်ကတော်တော်ကံဆိုးတဲ့သူပဲ ... ကနေဒီမိသားစုက ဝေပြည်နယ်ကိုထိန်းချုပ်လိမ့်မည်လို့ သူထင်ထားမှာမဟုတ်ဘူး "
ရှောင်ယုက ချက်ချင်းအမိန့်ပေးလိုက်သည်။
" ခုချိန်ကစပြီးတော့ အနီးအနားကနယ်မြေတွေမှာ ဝေပြည်နယ်လိုမျိုး အလားတူဖြစ်ရပ်မျိုးကြုံတွေ့နေရသလား စုံစမ်းလိုက် "
" ဟုတ်ကဲ့ပါ အရှင် "
ကင်းထောက်သည် ချက်ချင်းထွက်ခွာသွားခဲ့သည်။
ရှောင်ယုသည် ဝေပြည်နယ်ကဲ့သို့အလားတူပြည်နယ်တစ်ခုရှိနေကြောင်း သတင်းရရှိရန်အချိန်သိပ်မကြာလိုက်ပေ။ ထိုနယ်မြေ၏အရှင်သည်လည်း နာမကျန်းဖြစ်နေခဲ့ကာ နယ်မြေ၏စစ်တပ်ကိုလည်းစုစည်းနေခဲ့သည်။
ကနေဒီမိသားစုသည် သူ၏ကိုယ်ပိုင်တပ်များနှင့်အတူ ဤနယ်မြေနှစ်ခု၏တပ်များကိုအသုံးပြုကာ ခြင်္သေ့နယ်မြေအားစစ်ကြောင်းနှစ်ခုဖြင့် တိုက်ခိုက်ရန်ကြံစည်နေကြောင်း ရှောင်ယုနားလည်လိုက်သည်။ ကနေဒီမိသားစုသည် သူတို့၏လူများကိုအမြောက်စာများအဖြစ် တွန်းပို့မည်မဟုတ်ပေ။ သူတို့သည် ထိုနယ်မြေနှစ်ခုမှလူများကိုပိုမိုအားကောင်းလာစေရန် စစ်ပွဲတူကုမ္ပဏီမှလက်နက်များကို ဝယ်ယူတပ်ဆင်ပေး၍ ခြင်္သေ့နယ်မြေအားရှေ့ဆုံးမှဝင်တိုက်ခိုင်းမည်ဖြစ်သည်။
ထိုဖြစ်ရပ်သည် ရှောင်ယုကအနောက်တိမ်တိုက်အင်ပါယာသို့ခိုးဝင်ရန်အတွက် ကုန်သည်အဖြစ်ဟန်ဆောင်ခဲ့သည်နှင့်တူပေသည်။ ကနေဒီမိသားစုကလည်း သူတို့၏လှုပ်ရှားမှုများကိုဖုံးကွယ်ရန်အတွက် အလားတူနည်းလမ်းအားအသုံးပြုခဲ့ခြင်းဖြစ်သည်။ သူတို့သည် ခြင်္သေ့နယ်မြေအားချက်ချင်းမတိုက်ခိုက်ရသည်မှာ စစ်တပ်များကိုလေ့ကျင့်ပေးနေ၍ဖြစ်သည်။ စစ်တပ်တစ်ခုအား အားကောင်းလာစေရန်မှာ အရေအတွက်ရှိရုံဖြင့်မလုံလောက်ပေ။ တင်းကျပ်သောစည်းမျည်းစည်းကမ်းများနှင့် အမိန့်အတိုင်းလိုက်ပါဆောင်ရွက်နိုင်ရန်လည်းလိုအပ်ပေသည်။ ကနေဒီမိသားစုသည် စစ်တပ်နှစ်ခုအားဖြစ်သလိုစုစည်းကာ တိုက်ခိုက်ခိုင်းရလောက်အောင် မမိုက်မဲပေ။ သူတို့သည်စစ်နည်းဗျူဟာများအတိုင်း သေချာလေ့ကျင့်ပေးထားသည့်စစ်တပ်နှစ်ခုက်ို ဖွဲ့စည်းနေခြင်းဖြစ်သည်။
ရှောင်ယုသည် သူသိထားသည့်အချက်အလက်များကို အခြားသူများနှင့်မျှဝေပေးခဲ့သည်။
" သူတို့ရဲ့တည်နေရာတွေကိုသိထားလိုက်ပြီဆိုတော့ စိုးရိမ်နေစရာမလိုတော့ဘူး ... ငါတို့ကကင်းထောက်တွေကိုစေလွှတ်ပြီးတော့ ခုခံစစ်အတွက်သေချာပြင်ဆင်ရုံပဲကျန်တော့တယ် ... သူတို့တွေလာခဲ့ရင် ကြီးကြီးမားမားဆုံးရှံးသွားရလိမ့်မယ် "
မူလီက ကြုံးဝါးလိုက်သည်။
သို့သော်ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။
" ခုခံစစ် ... ငါတို့ကဘာလို့သူတို့လာတိုက်မှာကိုစောင့်နေရမှာလဲ ... တိုက်စစ်က အကောင်းဆုံးခံစစ်ပဲမလား ... ငါတို့ကဘာလို့အရင်မတိုက်ရမှာလဲ "
မူလီနှင့်ကပ္ပတိန်ဟွေ့တို့သည် ရှောင်ယု၏စကားများကိုကြားကြားချင်း တုန်လှုပ်သွားခဲ့ကြသည်။ သို့သော်လည်း ခဏလောက်စဉ်းစားပြီးနောက်တွင် ရှောင်ယု၏စကားများသည်မှန်ကန်ကြောင်း သူတို့နားလည်သွားကြသည်။
အခန်း ၂၈၇ - ချက်ချင်းတိုက်ခိုက်ခြင်း
ရှောင်ယုသည် ကနေဒီမိသားစုနှင့်ပူးပေါင်းဆောင်ရွက်နေသော အကြီးအကဲများကိုစုံစမ်းစစ်ဆေးရန်အတွက် ကင်းထောက်များစွာကိုစေလွှတ်ခဲ့သည်။
ထိုသို့စုံစမ်းပြီးပါက သူသည်သူ၏တပ်ဖွဲ့အားလုံးကိုချက်ချင်းလှုပ်ရှားစေကာ အမြစ်ဖြုတ်သုတ်သင်မည်ဖြစ်သည်။
ပထမဆုံးနယ်မြေမှာ ခြင်္သေ့နယ်မြေ၏အရှေ့ဘက်တွင်ရှိနေသော သေးငယ်သည့်ပြည်နယ်တစ်ခုဖြစ်သည်။ ထိုနယ်မြေသည် ဆိုလိုမွန်း၏နယ်မြေထက် အနည်းငယ်သေးငယ်ပေသည်။ သို့သော်လည်း ကောင်းမွန်စွာအုပ်ချုပ်ထားသောကြောင့် သာယာဝပြောသည့်ပြည်နယ်တစ်ခုဖြစ်နေခဲ့သည်။
ထိုနယ်မြေတွင် စစ်သား၅၀၀၀၀သာရှိ၍ ရှောင်ယုအနေဖြင့်ထိုမျှလောက်ရှိသည့်တပ်ဖွဲ့အား ဂရုစိုက်နေစရာမလိုအပ်ပေ။ အမှန်အတိုင်းပြောရလျှင် ရှောင်ယုသည်ထိုစစ်သား၅၀၀၀၀၌ မည်သည့်တပ်ဖွဲ့များပါဝင်သည်ကိုပင်မသိပေ။ သို့သော်လည်း လက်ရှိအခြေအနေကများစွာကွာခြားနေသည်။ အကယ်၍ ကနေဒီမိသားစုကသာ ထိုစစ်တပ်အားထောက်ပံ့မှုအချို့ပေးလိုက်သည်နှင့် သာမန်စစ်တပ်အဖြစ်မှ လက်ရွေးစင်တပ်သားများအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။
သို့သော်လည်း ရှောင်ယုကသူတို့်အားကြောက်နေသည်ဟု မဆိုလိုပေ။ လက်ရှိအချိန်တွင် ထိုတပ်သား၅၀၀၀၀သည် ဝေပြည်နယ်၏တပ်များနှင့်သွားရောက်မပူးပေါင်းရသေး၍ သူတို့သည်ရှောင်ယုအပေါ်၌ အခက်အခဲကြီးကြီးမားမားမဖြစ်ပေါ်စေပေ။ သို့သော်လည်း အချိန်ကျရောက်လာသည့်အခါတွင် ကနေဒီမိသားစုက ထိုတပ်ဖွဲ့များအား ကနေဒီမိသားစု၏တပ်မှူးတစ်ယောက်က ဦးဆောင်လ်ိုက်ပါက ရှောင်ယုအားပြဿနာပေးလာနိုင်သည်။
မည်သို့ပင်ဆိုစေ လက်ရှိအချိန်သည် ရှောင်ယုအတွက်အခွင့်အရေးပင်ဖြစ်သည်။ သူသည် ရန်သူများအဆင်သင့်မဖြစ်သေးချိန်ကို အခွင့်ကောင်းယူကာ လျှပ်တပြက်တိုက်ခိုက်ရမည်ဖြစ်သည်။ သာမန်လူများဆိုလျှင် သူတို့အားအင်အားကြီးမားသည့်တပ်ဖွဲ့တစ်ခုက တိုက်ခိုက်ရန်ရောက်လာချိန်တွင် ပြန်လည်တိုက်ခိုက်ရန်စိတ်ကူးမိကြမှာမဟုတ်ပေ။ သူတို့သည် ထိုတပ်ဖွဲ့ကြီးအားခုခံရန်အတွက် ကောင်းမွန်သောခံစစ်အဆောက်အဦးများနှင့် နည်းဗျူဟာများကိုချမှတ်ကြမည်ဖြစ်သည်။
သို့သော်လည်း ရှောင်ယုသည်သူတို့နှင့်လုံးဝမတူပေ။ သူသည် သန်မာသောရန်သူတစ်ယောက်နှင့်ရင်ဆိုင်ရချိန်တွင် ခံစစ်အစား တိုက်စစ်ကိုဖွင့်ထုတ်၍ တိုက်ခိုက်လိုခဲ့သည်။ စစ်မှန်သောတပ်မှူးများသည် အခြေအနေနှင့်အချိန်အခါကလိုက်၍ ရဲတင်းသောဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရမည်ဖြစ်သည်။
နှစ်ရက်ကုန်လွန်သွားပြီးနောက်တွင် ရှောင်ယုသည်ဒူပြည်နယ်၌တပ်စွဲထားသော တပ်ဖွဲ့၏အချက်အလက်များကို ရရှိခဲ့ပြီး ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ခဲ့ပြီးနောက် တိုက်ခိုက်မှုပြုလုပ်ရန်စတင်ခဲ့သည်။ ရှောင်ယု၏ခန့်မှန်းချက်များအရ ရန်သူများသည် သူ့အားလာရောက်တိုက်ခိုက်ရန်အတွက် အချိန်တစ်ပတ်ထက်ပိုယူရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။ ထိုအချိန်မတိုင်မှီ သူသည် ရန်သူများကို လက်ဦးရယူ တိုက်ခိုက်ရမည်ဖြစ်သည်။ ထိုသို့တိုက်ခိုက်မှုအောင်မြင်မှသာ ရှောင်ယုပုခုံးပေါ်ရှိ ဖိအားများလျော့ကျသွားမည်ဖြစ်သည်။
ရှောင်ယုသည် ဒူပြည်နယ်အားတိုက်ခိုက်ရန်အတွက် သူ၏အကောင်းဆုံးသောတပ်များကိုသာ ထုတ်သုံးသွားမည့်အပြင် အသစ်ဆင့်ခေါ်ထားသည့်တပ်များကိုလည်း ထုတ်သုံးမည်ဖြစ်သည်။ အကယ်၍ သူသာအကောင်းဆုံးလုပ်ဆောင်ခဲ့ပါက ရန်သူများ၏အခြေစိုက်စခန်းကို ပြားချပ်သွားအောင်လုပ်ဆောင်နိုင်မည်ဖြစ်ပေသည်။ထို့ပြင် ကနေဒီမိသားစုသည် သူ့အားတိုက်ခိုက်ရန်အတွက် ဒူနယ်မြေမှတပ်များကို ဦးစွာထုတ်သုံးသွားမည်ဖြစ်သည်။ သူတို့နှစ်ဖက်သည် ပြင်းထန်စွာတိုက်ပွဲဝင်နေချိန်၌ ဝေပြည်နယ်မှတပ်များသာ စစ်ပွဲအတွင်းသို့ဝင်ရောက်လာခဲ့ပါက ရှောင်ယုသည်ဤစစ်ပွဲအား အနိုင်ရတော့မည်မဟုတ်ပေ။
ရှောင်ယုသည် ဒူနယ်မြေအားဦးစွာတိုက်ခိုက်ရန် ကြံစည်ခဲ့ရခြင်းမှာ အခြားအကြောင်းပြချက်များရှိပေသည်။ သူသည်စစ်သည်အသစ်များစွာကိုဆင့်ခေါ်ထားခဲ့သည်ဖြစ်ရာ သူတို့အားအဆင့်မမြင့်ပေးနိုင်ပါက စစ်ပွဲကျရောက်လာချိန်၌ သူတို့သည်အပျက်အဆီးကြီးကြီးမားမားကိုရင်ဆိုင်ရမည်ဖြစ်သည်။
...
...
" စထွက်ကြ ... "
ရှောင်ယုသည် ညအချိန်၌ ခြင်္သေ့မြို့မှစတင်ချီတက်လာခဲ့သည်။
လုပ်ကြံသူများနှင့်သူလျှိုများစွာတို့သည် ခြင်္သေ့မြို့ကိုအမြဲတမ်းစောင့်ကြည့်နေကြောင်း ရှောင်ယုသိရှိထားပြီးဖြစ်ရာ ဤတိုက်ခိုက်မှုနှင့်ပတ်သက်သည့်အရာရာကို လျှို့ဝှက်ချက်အဖြစ်ထားရှိခဲ့သည်။ အကယ်၍ ရန်သူများသာသူတို့၏ချီတက်မှုအကြောင်းကိုသိရှိသွားပါက သူတို့၏တိုက်ခိုက်မှုသည်ကျရှုံးသွားနိုင်ခြေရှိသည်။
ရှောင်ယုသည် ရန်သူများစောင့်ကြည့်နေသည့်ကြားထဲမှ ယခုလိုရဲရဲဝံ့ဝံ့ချီတက်ရသည့်အကြောင်းရင်းမှာ လူသားအခြေစိုက်စခန်းကို အဆင့်မြင့်တင်ပြီးနောက် တိမ်တိုက်ဖန်တီးခြင်းဟူသည့် အစွမ်းအသစ်ကို ရရှိလာ၍ဖြစ်သည်။
ထိုအစွမ်းကိုအသုံးပြုပြီးနောက်တွင် သူ၏တပ်သားများအပေါ်၌ တိမ်တိုက်များနှင့်မြူခိုးများဖုံးအုပ်သွားမည်ဖြစ်ကာ ထိုတိမ်တိုက်များအတွင်းပုန်းအောင်းချီတက်နိုင်ပေသည်။ သူလျှိုများသည် ထိုတိမ်တိုက်များအကြား ဖြစ်ပျက်နေသည့်အရာများကိုစုံစမ်းစစ်ဆေးရန် အလွန်ခက်ခဲမည်ဖြစ်သည်။ ထို့ပြင်ရှောင်ယုသည် ရန်သူများ၏ထောက်လှမ်းမှုအား ကာကွယ်ရန်အတွက် သရောလ်၏အဝေးမြင်ကွင်းနှင့်တိုင်ရန်ဒီ၏လင်းယုန်မျက်လုံးတို့အား အသက်သွင်းစေခဲ့သည်။ ဤသို့ဖြင့် ရှောင်ယုသည်သူ၏တပ်ဖွဲ့အား မည်သည့်သတင်းမှမထွက်ပေါ်စေဘဲ ချီတက်နိုင်စေခဲ့သည်။
" ဒီတိမ်တိုက်ဖန်တီးတဲ့လှည့်ကွက်က အကောင်းဆုံးပဲ ... ဒါကတစ်စုံတစ်ယောက်ကို ရုတ်တရက်ဝင်တိုက်ခိုက်ဖို့ အကောင်းဆုံးလက်နက်ပဲ ... ဒါပေမဲ့ မသေမျိုးစခန်းကိုအဆင့်မြင့်ဖို့အတွက် ငါကမ္မကုသိုလ်မှတ်တွေရှာရလိမ့်မယ် ... ရန်သူတွေကိုတိုက်ခိုက်ဖို့အတွက် မသေမျိုးအခြေစိုက်စခန်းကနေ စွမ်းအားကြီးတဲ့တပ်သားတွေရဖို့လိုအပ်တယ် ... မသေမျိုးတပ်သားတွေက နတ်ဆိုးဆန်ပေမဲ့ သူတို့ရဲ့စွမ်းအားကမယုံန်ိုင်လောက်အောင်ကြီးမားတယ် ... ပြီးတော့မသေမျိုးတွေက ရန်သူကိုတိုက်ခိုက်တဲ့အခါကျ ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာဖိအားကိုပေးစွမ်းနိုင်တယ် ... ဟိဟိသူတို့မြူခိုးတွေကြားက ဘွားခနဲ့ထွက်လာပြီး ရန်သူက်ိုတိုက်ခိုက်တာနဲ့တင်ကြောက်စရာကောင်းနေပြီ "
ရှောင်ယုသည် မသေမျိုးတပ်သားများကိုရရှိချိန်တွင် ကြီးမားသောလှည့်ကွက်အချို့အား အသုံးပြုရန်စီစဉ်နေခဲ့သည်။
မသေမျိုးစစ်တပ်သည် အခြေစိုက်စခန်းလေးခုအနက် အစွမ်းအထက်ဆုံးစစ်တပ်ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူတို့သည်အေဇာရောဂ့်တိုက်အား အဘယ်ကြောင့်အုပ်စိုးနိုင်ရမည်နည်း ... အကယ်၍ပြဿနာတစ်ခုကြောင့် မသေမျိုးဘုရင်နှင့်အားသက်စ်တို့ပျောက်ကွယ်မသွားပါက မသေမျိုးများသည် အေဇာရောဂ့်တိုက်ကြီးအား အပြည့်အဝမင်းမူနိုင်မည်ဖြစ်သည်။
သို့သော်လည်း ရှောင်ယုသည် ထိုမသေမျိုးတပ်သားများကို ရှင်းရှင်းလင်းလင်းအသုံးမပြုနိုင်ကြောင်း နားလည်ထားပေသည်။ အကယ်၍သူသာ ထိုမသေမျိုးများအား အမိန့်ပေးတိုက်ခိုက်နိုင်သည်ကိုသိသွားပါက တိုက်ကြီးတစ်ခုလုံးသည် ခြင်္သေ့နယ်မြေအား ဝိုင်းဝန်းဖျက်ဆီးကြမည်ဖြစ်သည်။
ရှောင်ယုသည် ဒူနယ်မြေသို့သွားရာလမ်းတလျှောက်၌ ထိုအကြောင်းကိုစဉ်းစားနေခဲ့သည်။ အကယ်၍ သူသည်ဂိမ်းစနစ်မှသတ်မှတ်ပေးထားသည့်ရာထူးအဆင့်၌ နောက်တစ်ဆင့်သို့တက်နိုင်ခဲ့ပါက ကနေဒီမိသားစု၏တပ်များကို လုံးဝချေမှုန်းပစ်နိုင်မည်ဟုယုံကြည်မှုအပြည့်ရှိပေသည်။ အဆင့်တက်သွားပါက မသေမျိုးအခြေစိုက်စခန်းအား အဆင့်မြင့်တင်ရန်မှာပြဿနာမဟုတ်ပေ။ လက်ရှိအချိန်၌သူသည် တစ္ဆေအချို့နှင့်ဖုတ်ကောင်၁၀၀ကိုသာဆင့်ခေါ်၍ အားသက်စ်ကိုအမိန့်ပေးခိုင်းထားရသည်။
" မသေမျိုးအခြေစိုက်စခန်းကိုအဆင့်မြင့်ပြီးရင် အားသက်စ်ကို စွမ်းအားကြီးတဲ့တပ်မှူးတစ်ယောက်ဖြစ်အောင်လုပ်ပေးပြီး သူ့ကိုမသေမျိုးစစ်တပ်ကိုကွပ်ကဲခိုင်းရမယ် .... ဒီကိစ္စတွေရဲ့နောက်ကွယ်မှာငါရှိနေတယ်ဆိုတာ ဘယ်သူမှမရိပ်မိစေအောင် ငါ့ကိုယ်စားပြဿနာတွေကိုအားသက်စ်က ကူညီဖြေရှင်းပေးလိမ့်မယ် "
ရှောင်ယုက ရေရွတ်လိုက်သည်။
ရှောင်ယုတို့တပ်ဖွဲ့သည် မြူခိုးများ၏ဖုံးကွယ်မှုအောက်၌ နေ့ရောညပါအပြင်းချီတက်လာခဲ့ကြသည်။ သူတို့သည် နှစ်ရက်ကြာမခရီးပြင်းနှင်ပြီးနောက်တွင် ဒူနယ်မြေ၏ပထမဆုံးမြို့သို့ရောက်ရှိလာခဲ့ကြသည်။
ပလီဒက်စ်မြို့တစ်ခုလုံးသည် ညအချိန်၌ငြိမ်သက်တိတ်ဆိတ်နေခဲ့သည်။ မြို့နံရံတံတိုင်းပေါ်၌ ကင်းလှည့်မျှော်စင်အချို့ရှိကာ စစ်သားများက လှည့်ပတ်ကင်းလှည့်နေကြသည်။ သို့သော်လည်း ထိုကင်းလှည့်မှုက သူ့အားပြဿနာဖြစ်စေလိမ့်မည်ဟု ရှောင်ယုမထင်ထားပေ။ သူ၏တပ်များသာ မြို့တွင်းသို့ထိုးဖောက်ဝင်ရောက်နိုင်သည်နှင့် ရန်သူများ၏ခုခံမှုသည် အသုံးမဝင်တော့ကြောင်းရှောင်ယု သိရှိထားသည်။ ညအချိန်၌ တပ်သားများကိုရုတ်တရက်စုစည်းရန် အလွန်ခက်ခဲမည်ဖြစ်သည်။ ထို့ပြင်သူတို့သည် ရန်သူတိုက်ခိုက်လာမည်ကို ကြိုတင်မသိရှိထားကြပေ။ ထို့ကြောင့် ရှောင်ယု၏အစီအစဉ်သည် ရိုးရှင်းမှုရှိပေသည်။
သူသည် ပလီဒက်စ်မြို့၏ ဂိတ်တံခါးများအားလုံးကို ဖွင့်ချလိုက်မည်ဖြစ်ပြီး သူ၏တပ်သားများကမြို့တွင်းသို့ဝင်ရောက်ကာ ရန်သူစစ်သားများကိုသတ်ဖြတ်မည်ဖြစ်သည်။ ရှောင်ယုသည် ဂရင်းနှင့်မိုင်ယဗ်တို့အား မြို့တွင်းသို့ခိုးဝင်စေကာ မြို့တံခါးများကိုဖွင့်ခိုင်းလိုက်သည်။ ထို့နောက်မြို့တွင်းသို့ ချီတက်တိုက်ခိုက်ရန်အတွက် သူ၏တပ်များကိုဖွဲ့စည်းပုံပြင်ရန် အမိန့်ပေးလိုက်သည်။
" ချီတက်ကြ ... "
ရှောင်ယုက တိုးတိုးတိတ်တိတ် အမိန့်ပေးလိုက်သည်။ ယခုတစ်ကြိမ်မတိုက်ခိုက်မှီတွင် သူသည်မိန့်ခွန်းများ ၊ အားပေးစကားများပြောနေမည်မဟုတ်ပေ။ သူသည်ဆင့်ခေါ်တပ်သားများအား တိုက်ခိုက်လိုစိတ်ဖြစ်အောင် နိုးဆွပေးရန်မလိုအပ်ပေ။ ရိုးရှင်းသောအမိန့်တစ်ခုက သူတို့အားအပြင်းထန်ဆုံးတိုက်ခိုက်စေရန် လုံလောက်နေပြီဖြစ်သည်။
ဘန်း ... ဘန်း ...
တောင်ဘီလူးများသည် မြို့ထံဦးတည်ချီတက်လာချိန်တွင် မြေကြီးသည်ပင်တုန်ခါနေခဲ့သည်။ မြို့ရိုးပေါ်ကင်းလှည့်နေသောစစ်သားများသည် မြေကြီးတုန်ခါနေသည်ကိုမြင်သော် ငလျင်လှုပ်သည်ဟုထင်မြင်သွားခဲ့သည်။ သို့သော်လည်း သူတို့သည်တောင်ဘီလူးများအား မြင်တွေ့လိုက်ရချိန်၌ မျက်နှာများဖြူဖျော့သွားကြသည်။သူတို့ထဲမှအချို့သည် ကြောင်အစွာဖြင့်ရပ်နေကြပြီး အော်ဟစ်ရန်ပင်မေ့လျောသွားကြသည်။ ယခုလို ၁၀မီတာခန့်မြင့်သော ဧရာမတောင်ဘီလူးများနှင့်ရင်ဆိုင်ရချိန်၌ သူတို့လုပ်နိုင်သောအရာမရှိပေ။ သူတို့သည် ထိုဧရာမတောင်ဘီလူးများကို မည်သို့ခုခံရမည်နည်း။
အခန်း ၂၈၈ - သံမဏိရုပ်သေးများ
" ရန်သူ ... ရန်သူတွေတိုက်ခိုက်နေပြီ "
ကင်းလှည့်တပ်သားများက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျယ်လောင်သောပေါက်ကွဲသံများက မြို့တံခါးအနီး၌ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် လုပ်ကြံသူတစ်ဦးသည် မြို့ထဲသို့ခိုးဝင်လာကာ မြို့တံခါးကိုဖွင့်ပေးလိုက်သည်။ သို့သော်လည်း မြို့တံခါးအနီး၌ သန်မာသောသူရဲကောင်းအချို့စောင့်ဆိုင်းနေရာ လုပ်ကြံသူသည်မြို့တံခါးကိုဖွင့်ပေးရန် အခက်တွေ့နေခဲ့သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင်သူတို့သည် မြို့ဂိတ်တံခါးမှနေ၍ ကျယ်လောင်သောအက်ကွဲသံများကိုကြားလိုက်ရသည်။ ထိုအက်ကွဲမှုကြောင့် မြို့ရိုးတံတိုင်းများပင်တုန်ခါသွားရသည်။
" ဒါကဘာကြီးလဲ ... မြို့တံခါးကကောဘာလို့အဲလောက်လွယ်လွယ်ကူကူ ကျိုးပျက်သွားရတာလဲ "
သို့သော်လည်း မြို့ဂိတ်စောင့်များသည် အလွန်သန်မာကြသည်။ ဂရင်းနှင့်မိုင်ယဗ်တို့သည် သံဗုံးများကိုအသုံးပြုခဲ့သော်လည်း စတုတ္ထအဆင့်သူရဲကောင်းများကို မဆန့်ကျင်နိုင်၍ အကောင်းဆုံးကြိုးစားပြီးနောက်တွက် တံခါး၃ပေါက်အနက် ၂ပေါက်ကိုသာဖောက်ခွဲနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျယ်လောင်သောပေါက်ကွဲသံကြီးထွက်ပေါ်လာခဲ့သည်။
တောင်ဘီလူးကြီးများသည် သစ်ပင်များကိုသူတို့၏လက်ထဲတွင် ကိုင်ဆောင်ထားကာ မြို့တံခါးအားရိုက်ချိုးနေကြသည်။ အဆင့်၁၀သို့ရောက်ရှိသွားသည့် တောင်ဘီလူးများသည် သစ်ပင်များကိုလက်နက်အဖြစ်အသုံးပြုနိုင်ကြသည်။ မြို့ရိုးပေါ်ရှိတပ်သားများသည် မြန်မြန်ဆန်ဆန်တုံ့ပြန်ခဲ့ကြကာ တောင်ဘီလူးများအားပစ်ခတ်ရန် လှံပစ်စက်များကိုပြင်ဆင်ခဲ့ကြသည်။ သို့သော်လည်း တောင်ဘီလူးများသည် နံရံများဆီသို့သစ်ပင်ဖြင့် တစ်ချက်ဝှေ့ယမ်းလ်ိုက်ချိန်တွင် ထိုတပ်သားများသည်မြို့ရိုးပေါ်မှ ပြုတ်ကျလာကြသည်။
အချို့သောစစ်သားများသည် အသည်းအသန်ပြေးလွှားကာ လှံပစ်စက်များဖြင့် ပစ်ခတ်ရန်ပြင်ဆင်လိုက်သော်လည်း လျှပ်စီးကြောင်းများက ကောင်းကင်မှကျဆင်းလာခဲ့သည်။ သူတို့ထဲမှအများစုသည် လျှပ်စီးဖြင့်ရိုက်ခတ်ခံလိုက်ရသည်။
လျှပ်စီးတွေ ... ကောင်းကင်ကရှင်းလင်းနေတာကို ဘယ်ကနေလျှပ်စီးတွေထွက်လာရတာလဲ ...
ထိုစစ်သားများသည် သူတို့၏ခန္ဓာကိုယ်ပေါ်သို့ လျှပ်စီးကြောင်းကျလာပြီး ညော်နံ့ထွက်လာချိန်ထိ အကြောင်းရင်းကိုမသိသွားကြပေ။ ဂရစ်ဖင်များပထမဆုံးထွက်ပေါ်လာချိန်တွင် ရန်သူများတုန်လှုပ်သွားကြသည်။ မြို့တစ်ခုလုံးသည် ခဏတွင်းမှာပင် ဂရစ်ဖင်များ၏လျှပ်စီးများနှင့်ပြည့်နှက်သွားခဲ့သည်။ ရန်သူစစ်သားများသည် အရည်အသွေးမြင့်မားလှသော ဂရစ်ဖင်များ၏လျှပ်စီးတိုက်ခိုက်မှုမှ မရှောင်တိမ်းနိုင်ခဲ့ကြသလ်ို တန်ပြန်တိုက်ခိုက်မှုကိုလည်း မလုပ်ဆောင်နိုင်ခဲ့ကြပေ။
ဗုံး ...
တောင်ဘီလူးများသည် မြို့ဂိတ်တံခါးများကို လွယ်လွယ်ကူကူချိုးဖျက်သွားကြသည်။ အောစ့်စစ်သည်များသည် မြို့ထဲသို့ပထမဆုံးဝင်ရောက်သွားကာ ကျန်တပ်သားများကနောက်မှလိုက်ပါလာခဲ့ကြသည်။ လင်းနို့များသည် မြို့ရိုးတလျှောက်ပျံသန်းသွားကာ ကြီးမားသည့်မီးတောက်ဆီဗုံးများကို မြို့ထဲသို့ပစ်ချလိုက်ကြသည်။ ထို့နောက် မီးတောက်မီးလျှံများသည် တမြို့လုံးကိုစတင်ဖုံးလွှမ်းလာခဲ့သည်။
ရန်သူများသည် ရှောင်ယု၏ရုတ်တရက်တိုက်ခိုက်မှုကို အချိန်မှီမတုံ့ပြန်နိုင်ခဲ့ကြပေ။ ပလီဒက်စ်မြို့တွင် စစ်သားများစွာတပ်စွဲထားပြီး သူတို့အားလုံးသည်တင်းကျပ်သောလေ့ကျင့်ရေးများစွာကို ဖြတ်ကျော်ခဲ့ကြသည်။ သို့သော်လည်း ယခုလိုဖရိုဖရဲအခြေအနေအောက်၌ သူတို့သည်ရိုးရှင်းသောဖွဲ့စည်းပုံတစ်ခုကိုပင် မဖော်ဆောင်နိုင်ခဲ့ကြပေ။
ထိုအရာသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ခဲ့သည်။
ရှောင်ယုသည် အသစ်ဆင့်ခေါ်ထားသောတပ်သားများကို အောစ့်များ၏နောက်မှ လိုက်ပါတိုက်ခိုက်ရန် စီစဉ်ပေးခဲ့သည်။ ထိုမီသာ အသစ်ဆင့်ခေါ်ထားသည့်တပ်သားများအန္တာရယ်ကျရောက်ချိန်တွင် အောစ့်များကဝင်ရောက်ကူညီပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အောစ့်များသည်ရန်သူများကိုမသတ်ဖြတ်ကြဘဲ သေခါနီးဆဲဆဲဖြစ်နေသူများအား အသစ်ဆင့်ခေါ်တပ်သားများကိုသတ်ဖြတ်စေကာ အဆင့်တက်စေခဲ့သည်။
ရှောင်ယုသည် လက်ထဲတွင်လက်နက်တစ်ခုကိုင်ဆောင်ထားသူမှန်သမျှကို သတ်ဖြတ်ရန်သူ၏တပ်သားများကို အမိန့်ပေးခဲ့သည်။ ဂရစ်ဖင်များ ၊ နဂါးသိမ်းငှက်များနှင့်နတ်မြင်းပျံများသည် လူတိုင်းကိုလိုက်လံဖမ်းဆီးခဲ့ကြသည်။ အကယ်၍ ထိုလူများသာခြင်္သေ့နယ်မြေအတွက် တိုက်ခိုက်ပေးပါကအသက်ရှင်သန်မည်ဖြစ်သည်။ ရှောင်ယုသည် အကျဉ်းသားများခေါ်ယူရန်နှင့် ထိုလူများအားပြန်လည်နေရာချထားရန် ပြင်ဆင်ထားခြင်းမရှိပေ။
ရှောင်ယုသည် လူသတ်ရသည်ကိုကြိုက်နှစ်သက်သူမဟုတ်သော်လည်း ဤအရာသည်စစ်ပွဲဖြစ်သည်။ ယခုအခါ သူသာကရုဏာပြလိုက်ပါက အဆုံးသတ်၌သူသာဆိုးကျိုးခံစားရမည်ဖြစ်သည်။
သို့သော်လည်း ယခုလိုမြို့ကြီးတစ်ခု၌ တပ်သားထောင်သောင်းချီရှိနေပေရာ သူ့တို့အားလုံးက်ိုသတ်ဖြတ်ရန် အချိန်အတော်ကြာယူရမည်ဖြစ်သည်။
မြို့သူမြို့သားများသည် ကြောက်ရွံ့မှုကြောင့်အိမ်တွင်းမှ အိမ်ပြင်သို့မထွက်ကြပေ။ ရှောင်ယုကလည်း လက်နက်ကိုင်ဆောင်ထားသူများကိုသာသတ်ဖြတ်ရန် သူ့တပ်များကိုအမိန့်ပေးထားခဲ့သည်။
သို့သော် မြို့၏ခုခံမှုသည် အတန်ငယ်အားကောင်းနေဆဲဖြစ်သည်။ တိုက်ပွဲအတွင်း အချို့သောသူရဲကောင်းများ ၊ မှော်ဆရာများနှင့်အထူးတပ်သားအချို့သည် အောစ့်များကိုပင်ဒဏ်ရာရရှိလောက်သည်ထိ သန်မာကြသည်။ ထိုလူများသည် ကနေဒီမိသားစုမှစေလွှတ်လိုက်သူများဖြစ်ကြောင်း ရှောင်ယုသတိပြုမိပေသည်။
သူတို့ကိုမူ တစ်ယောက်မကျန်သတ်ဖြတ်ရပေမည်။
ရှောင်ယုသည် ထိုလူများအားဝိုင်းရံရန် လေကြောင်းတပ်များကိုအမိန့်ပေးလိုက်ပြီး မြေပြင်တပ်များကို ထိုလူများအားသတ်ဖြတ်ရန်အမိန့်ပေးလိုက်သည်။ အကယ်၍ထိုလူများထဲမှ အချို့သာထွက်ပြေးလွတ်မြောက်သွားပါက အနာဂတ်တွင်ထိုလူများသည် သူ့အားအကြီးကျယ်ပြဿနာဖြစ်စေမည်ကို ရှောင်ယုနားလည်ထားသည်။ ထို့ပြင် စစ်ပွဲမစမှီအထိ သူ၏တပ်များအကြောင်းကိုသတင်းပေါက်ကြားခွင့်မပေးနိုင်ပေ။
ထိုအချိန်တွင် လူအချို့သည်အနောက်တံခါးသို့ဦးတည်ကာ တဟုန်ထိုးပြေးထွက်သွားကြသည်ကို ရှောင်ယုသတိပြုမိလိုက်သည်။ ထိုအုပ်စုထဲတွင် ကြီးမားသည့်သံမဏိရုပ်သေးရုပ်အချို့ပါဝင်နေကြောင်း ရှောင်ယုတွေ့မြင်လိုက်သည်။ သူသည်ထိုကဲ့သို့ရုပ်သေးများကို တစ်ခါမှမမြင်တွေ့ဖူးပေ။
" သူတို့က အဲ့ဒါတွေကို ဘယ်ငရဲကနေရလာခဲ့တာလဲ ... ဒါတွေကမှင်စာတွေရဲ့နည်းပညာနဲ့ထုတ်လုပ်ထားပုံမရဘူး ... အဲ့ဒါတွေသာစစ်မြေပြင်မှာ ရုတ်တရက်ထွက်ပေါ်လာရင် ငါတို့ဆုံးရှံးမှုကြီးကြီးမားမားနဲ့ရင်ဆိုင်ရလိမ့်မယ် ... "
ရှောင်ယုသည် အမြင့်၃မီတာရှိသော ရာနှင့်ချီသည့်ရုပ်သေးရုပ်များကိုကြည့်လိုက်မိသည်။ သူတို့အားလုံးက်ို သံမဏိဖြင့်ပြုလုပ်ထားပြီး မြန်ဆန်စွာရွေ့လျားနိုင်ကာ ဧရာမဓားကြီးများကိုအသုံးပြုကြသည်။ ထိုရုပ်သေးတစ်ရုပ်သည် အောစ့်တစ်ကောင်ကိုတိုက်ခိုက်လိုက်သည်နှင့် ချက်ချင်းထက်ခြမ်းခွဲထုတ်ပစ်နိုင်ခဲ့သည်။ ထိုရုပ်သေးများ၏ခွန်အားသည် ဝံပုလွေစီးစစ်သည်များထက် ပိုမိုမြင့်မားပေသည်။
အောစ့်များသည် စုပေါင်းတိုက်ခ်ိုက်ကြလျှင် ဝံပုလွေစီးစစ်သည်တစ်ယောက်အား သတ်ဖြတ်နိုင်ကြသည်။ သို့သော်လည်း အောစ့်များ၏အစွမ်းကုန်တိုက်ခိုက်မှုသည် ဤရုပ်သေးများပေါ်၌ ခြစ်ရာလေးတစ်ခုကိုသာ ထင်ကျန်ရစ်စေခဲ့သည်။
သံမဏိရုပ်သေး၃၀၀နှင့်စွမ်းအားကြီးသူရဲကောင်းများ ၊ မှော်ဆရာများပေါင်းစည်းထားမှုသည် တားဆီး၍မရနိုင်သော အင်အားစုတစ်ခုဖြစ်ခဲ့သည်။ အချိန်ခဏတာအတွင်း၌ပင် သူတို့သည်အနောက်ဘက်ဂိတ်တံခါးသို့ ရောက်ရှိလုနီးပါးဖြစ်သွားခဲ့သည်။ သူတို့သာ တဟုန်ထိုးပြေးထွက်လ်ိုက်မည်ဆိုပါက အချိန်တိုအတွင်းမြို့တွင်းမှ ထွက်ပြေးနိုင်မည်ဖြစ်သည်။
" လမင်းပစ်ခတ်သူတွေ သူတို့ကိုပစ် ... ခြေလျင်တပ်သားတွေရှေ့ဆုံးကနေပြီးတော့ အခြားသူတွေကိုကာကွယ်ပေးထား "
ရှောင်ယုသည် အခြားသူများအားအော်ဟစ်အမိန့်ပေးလိုက်သည်။
သံမဏိရုပ်သေးများ၏ခန္ဓာကိုယ်သည် အလွန်ခိုင်ခံ့လှပြီး အောစ့်များသည်ပင်သူတို့အားဒဏ်ရာမပေးနိုင်ပေ။ ထို့ပြင်သူတို့်အသုံးပြုသော ဓားရှည်များက၂မီတာခန့်ရှည်ပေသည်။ အကယ်၍ ရှောင်ယုသာအောစ့်များကိုတိုက်ခိုက်ရန်အမိန့်ပေးလိုက်ပါက သူသည်အောစ့်များကိုဆုံးရှုံးရမည်ဖြစ်သည်။ ခြေလျင်တပ်သားများသည် ရှေ့သို့ပြေးထွက်သွားခဲ့ကာ သံမဏိရုပ်သေးများကိုတားဆီးလိုက်သည်။ အောစ့်များသည် လမင်းပစ်ခတ်သူများကိုပြင်ဆင်ကာ ထိုသံမဏိရုပ်သေးများကိုစတင်ပစ်ခတ်ကြသည်။
ဝှစ် ... ဝှစ် ... ဝှစ် ... ဒန် ... ဒန် ... ဒန်
လဓားစက်ဝိုင်းများသည် သံမဏိရုပ်သေးများအား ဖြတ်တောက်နိုင်ခြင်းမရှိခဲ့ပေ။ ဓားစက်ဝိုင်းများသည် သံမဏိရုပ်သေးကိုထိမှန်ချိန်၌ သံသံချင်းထိမှန်သံသာထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း လမင်းပစ်ခတ်သူများသည် ထိရောက်မှုလုံးဝမရှိဟုမဆိုလိုပေ။ လဓားစက်ဝိုင်းများသည် သံမဏိရုပ်သေးများအပေါ် တွန်းကန်အားအချို့ပေးနိုင်ကာ သံမဏိရုပ်သေးများအား နောက်သို့ဆုတ်စေခဲ့သည်။
ဒိုင်း ... ဒိုင်း ... ဒိုင်း
ထိုအချိန်တွင် ရိုင်ဖယ်တပ်သားများကလည်း စတင်၍ပစ်ခတ်လာကြသည်။ သူတို့၏ကျည်ဆန်များသည် သံမဏိရုပ်သေးများအား မဖောက်ထွင်းနိုင်ခဲ့သော်လည်း သံမဏိရုပ်သေးများအားပြဿနာအချို့ဖြစ်ပေါ်စေခဲ့သည်။
" မင်းအမေပဲပေါ့ ... သူတို့ကဘယ်လောက်တောင်သန်မာနေတာလဲ ... သူတို့သာအရေအတွက်၁၀၀၀လောက်ရှိနေရင် ခြင်္သေ့နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်လိမ့်မယ် "
ထိုသံမဏိရုပ်သေးများသည် သူမျှော်လင့်ထားသည်ထက် အဆများစွာပိုမိုသန်မာကြောင်း ရှောင်ယုတွေ့လိုက်ရသည်။