← Chapters

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း ၂၉၂ - လက်ချီမြို့အားတိုက်ခိုက်ခြင်း

" လှံပစ်စက်တွေ ... အဲ့ကောင်ကြီးတွေကိုပစ်ကြစမ်း ... "

ရွှီး ... ရွှီး ...

လှံပစ်စက်များမှ ပစ်လွှတ်လိုက်သောလှံတံများသည် တောင်ဘီလူးများကို သွားရောက်ထိမှန်ခဲ့သည်။ သို့သော်လည်း တောင်ဘီလူးများဝတ်ဆင်ထားသည့် သံချပ်ကာနှင့်ထိတွေ့အမိတွင် ထိုလှံတံများအားလုံးသည် တစ်ခုမကျန်ပျက်စီးသွားခဲ့ရသည်။ လှံတံ၏အရှိန်ကြောင့် တောင်ဘီလူးများသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ခွာပေးလိုက်ရသော်လည်း ချက်ချင်းပြန်တက်လာခဲ့သည်။

အကယ်၍ ထူထဲသောသံချပ်ကာ၏ အကာအကွယ်ကိုမရရှိပါက တောင်ဘီလူးများသည် လှံပစ်စက်များ၏ဒဏ်ကြောင့် ပြင်းထန်စွာထိခိုက်သွားကြမှာဖြစ်သည်။ လက်ရှိအချိန်တွင် ရန်သူများ၏အကြီးစားလှံပစ်စက်များသည်ပင် သံချပ်ကာကိုလုံးဝအစွန်းအထင်းလေးတောင် မဖြစ်ပေါ်စေနိုင်ဘဲ တောင်ဘီလူးများကိုထိခိုက်နာကျင်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။ တောင်ဘီလူးများသည် ထိုအခြေအနေကိုအခွင့်ကောင်းယူကာ မြို့ရိုးဆီသို့ချီတက်သွားကြသည်။

တောင်ဘီလူးများသည် မြို့ရိုးဆီသို့ရောက်ရှိချိန်၌ ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းကို ဖြစ်ပေါ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏မြင့်မားလှသောအရပ်ကြောင့် မြို့ရိုးနှင့်တစ်တန်းတည်းဖြစ်နေသလို သူတို့၏လက်ထဲ၌လည်း သစ်ပင်ကြီးများကိုကိုင်ဆောင်ထား၍ဖြစ်သည်။ သူတို့သည် မြို့ရိုးစောင့်စစ်သားများကို သစ်ပင်များဖြင့်ရိုက်ချလိုက်ကြရာ စစ်သားများသည်မြို့ရိုးပေါ်မှလွှင့်ထွက်သွားခဲ့ရသည်။ ချပ်ဝတ်မပါရှိသော တောင်ဘီလူးများအတွက် အဓိကပြသနာမှာ အကြီးစားလှံပစ်စက်များဖြစ်သည်။ ယခုအခါ သံဘီလူးများကရန်သူများကိုထိန်းချုပ်ထား၍ သူတို့သည်မြို့ရိုးဆီချည်းကပ်နိုင်ခဲ့ကြသည်။

ရှောင်ယုသည် စစ်မြေပြင်သို့ သံဘီလူးကြီးများကိုချပြပြီးနောက်တွင် သူ၏အစီအစဉ်၌ ဗျူဟာမြောက်ပြောင်းလဲမှုများလုပ်ဆောင်နိုင်ခဲ့သည်။ သံဘီလူးများ၏အဓိကတာဝန်မှာ ရန်သူများ၏အဝေးပစ်တိုက်ခိုက်ရေးစွမ်းအားကို ဖိနှိပ်ချိုးနှိမ်ရန်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လေကြောင်းတပ်ဖွဲ့များသည် နှစ်ဖွဲ့ခွဲကာလက်ချီမြို့သို့ပျံသန်းသွားကြသည်။ သူတို့သည် မတူညီသောဦးတည်ချက်အသီးသီးသို့ ပျံသန်းသွားကြသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ရှောင်ယုသည်ရန်သူ၏အဝေးပစ်လက်နက်များကို ကြောက်ရွံ့၍ဖြစ်သည်။ ထိုသို့နှစ်ဖွဲ့ခွဲထုတ်လိုက်ခြင်းဖြင့် ရန်သူသည်လှံပစ်စက်များကိုပြင်ဆင်ရန် အချိန်ပိုမိုလိုအပ်မည်ဖြစ်သည်။ ထို့ပြင် လေတပ်၏ခွဲထုတ်ပျံသန်းမှုကြောင့် ရန်သူ၏အဝေးပစ်လက်နက်များသည် ထိရောက်မှုအားနည်းသွားမည်ဖြစ်သည်။

ဗုံး ... ဗုံး .... ဗုံး

လင်းနို့၁၀၀၀သည် လေတပ်များ၏သာလွန်ထူးခြားမှုအား နောက်ထပ်တစ်ကြိမ်ထုတ်ပြနိုင်ခဲ့သည်။ သူတို့သည် မီးတောက်ဆီးများနှင့်ဗုံးများကို မြို့တွင်းသို့ပစ်ချကာ ဖရိုဖရဲဖြစ်စေခဲ့သည်။ လူသားများ၏ပင်ကိုယ်ဗီဇအရ မီးကိုကြောက်ရွံ့ကြသည်ဖြစ်ရာ သူတို့၏ပတ်ဝန်းကျင်၌ ကြီးမားသောမီးတောက်များဝိုင်းရံလာသည်ကိုမြင်သည်နှင့် လူတိုင်းထိတ်လန့်တုန်လှုပ်သွားကြသည်။ မီးတောက်များသည် ရန်သူများကိုစိတ်ပိုင်းဆိုင်ရာဖိအားပေးနိုင်သလို စစ်ပွဲကိုအနိုင်ရရှိရန် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပေသည်။

အကိုင်းအခက်နှစ်ခုအဖြစ် တောင်ဘီလူးများနှင့်လင်းနို့များ၏ မြေပြင် ၊ ဝေဟင်ပူးပေါင်းတိုက်စစ်ဆင်မှုသည် ရန်သူများကိုကြီးကြီးမားမားထိခိုက်ဆုံးရှံးစေခဲ့သည်။ သူတို့သည် ရှောင်ယုတိုက်ခိုက်လာမည်ကိုသတင်းရ၍ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ရှောင်ယုကယခုလို ပြင်းထန်သောထိုးစစ်တစ်ခုအား ထုတ်ဖော်လာလိမ့်မည်ဟု သူတို့မကထင်ထားခဲ့ကြပေ။ မည်သို့ပင်ဆိုစေ သူတို့၌လေကြောင်းတပ်များကိုတန်ပြန်ရန် နည်းလမ်းမရှိပေ။

အမြင့်၌ရှိနေသော ရန်သူစစ်သားများသည် လေကြောင်းတပ်များကို အဝေးပစ်လက်နက်များဖြင့်ပစ်ခတ်ခဲ့သော်လည်း သူတို့၏အောင်မြင်မှုနှုန်းသည် အလွန်နိမ့်ကျပေသည်။ လင်းနို့များသည် ရန်သူများကိုသူတို့စိတ်ဆန္ဒရှိသလို ပြုလုပ်ခွင့်မပေးခဲ့ပေ။ လင်းနို့များသည် သူတို့အားအန္တာရယ်ပေးနိုင်မည့် နေရာမှန်သမျှကို မီးတောက်ဆီများဆက်တိုက်ပစ်ချနေခဲ့သည်။

ဗုံး ... ဗုံး .... ဗုံး

ထိုအချိန်၌ ဒါဇင်နှင့်ချီသောမီးဘောလုံးများသည် မြို့ရိုးနံရံထိပ်မှထွင်ပေါ်လာပြီး တောင်ဘီလူးများအားထိမှန်သွားခဲ့သည်။ တောင်ဘီလူးနှစ်ကောင်သည် သူတို့၏လက်များကိုရင်ဘတ်ရှေ့တွင်ကြက်ခြေခတ်ပုံစံကာကွယ်ထားလိုက်ကြပြီး ကျန်တောင်ဘီလူးများက မြေပေါ်လဲချလိုက်ကြသည်။ ထိုအရာသည် အဆင့်မြင့်မှော်ဆရာများ၏အစွမ်းဖြစ်သည်။ အဆင့်မြင့်မှော်ဆရာများသည် နဂါးများကိုသတ်ဖြတ်နိုင်သလို တောင်ဘီလူးများကိုသတ်ဖြတ်နိုင်သည်။

" သူတို့မှာအဆင့်မြင့်မှော်ဆရာတွေရှိနေတာလား ... "

ရှောင်ယုသည် သူ့ရှေ့မှမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ပလီဒက်စ်မြို့အားတိုက်ခိုက်စဉ်က မြို့ထဲ၌အဆင့်မြင့်မှော်ဆရာများမတွေ့ခဲ့ရပေ။ ထို့ကြောင့်ရန်သူသည် သူတို့၏အဆင့်မြင့်မှော်ဆရာအများစုကို လက်ချီမြို့၌တပ်စွဲခိုင်းထားခြင်းဖြစ်ပေသည်။ အဆင့်မြင့်မှော်ဆရာများသည် သူ၏တပ်များကိုကြီးကြီးမားမားခြိမ်းခြောက်နိုင်၍ ရှောင်ယုသည်ထိုမှော်ဆရာများကို အမြန်ဆုံးရှင်းလင်းပစ်ရမည်ဖြစ်သည်။ ရှောင်ယုသည် ထိုမှော်ဆရာများကိုတန်ပြန်ရန် တပ်ဖွဲ့များကိုစီစဉ်နေချိန်တွင် နောက်ထပ်မီးလုံးတစ်ဒါဇင်ကျော်သည် တောင်ဘီလူးများအား နောက်ထပ်တစ်ကြိမ်ထိမှန်ခဲ့သည်။

" မောက်မာလှတဲ့ မအေပေးတွေ ... "

ရှောင်ယုသည် ကျိန်ဆဲလိုက်ကာ ဂရစ်ဖင်များကိုတိုက်ပွဲ၌ပါဝင်ရန် အမိန့်ပေးလိုက်သည်။ ရှောင်ယုထံတွင် မှော်ဆရာများ၏အိပ်မက်ဆိုးများဖြစ်သော ဖယ်ရီနဂါးများနှင့်မန္တန်ဖြိုခွဲသူများရှိနေသော်လည်း လက်ရှိအချိန်၌သူတို့အား မြို့ရိုးနံရံထိပ်သို့သွားရောက်တိုက်ခိုက်ရန် အမိန့်မပေးနိုင်ပေ။ ဖယ်ရီနဂါးများသည် အဆင့်၁၀သို့ရောက်ရှိချိန်မှသာ မှော်မီးတောက်နှင့်အသေခံတိုက်ခိုက်မှုကိုလုပ်ဆောင်နိုင်မှာဖြစ်သည်။ မန္တန်ဖြိုခွဲသူများကလည်း ပျံသန်းနိုင်ခြင်းမရှိပေ။ သို့ဖြစ်ရာ ထိုမှော်ဆရာများကိုဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ သူတို့အားလုံးကိုတိုက်ရိုက်သတ်ဖြတ်ရန်ဖြစ်သည်။

ဂရစ်ဖင်အကောင်၅၀၀သည် ရှောင်ယု၏အမိန့်ကိုရရှိလိုက်သောအခိုက်အတန့်တွင် မြို့ဆီသို့ဦးတည်ပျံသန်းသွားကြသည်။ သူတို့ထဲမှအများစုသည် အဆင့်၃သို့ရောက်ရှိနေပြီဖြစ်ရာ သူတို့၏လျှပ်စီးတိုက်ခိုက်မှုသည် ပိုမိုအစွမ်းထက်လာပေသည်။

ဂရစ်ဖင်များသည် မှော်ဆရာအုပ်စုအား စတင်၍တိုက်ခိုက်ကြတော့သည်။ မှော်ဆရာများသည် ဂရစ်ဖင်တစ်ကောင်၏တိုက်ခိုက်မှုမှ သူတို့ကိုယ်သူတို့ကာကွယ်နိုင်သော်လည်း ဂရစ်ဖင်များ၏အုပ်စုလိုက်တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် အကာအကွယ်မဲ့ခဲ့ရသည်။

သို့သော်လည်း မှော်ဆရာများသည် သူတို့ကိုယ်သူတို့ကာကွယ်ရန် နည်းလမ်းများရှိနေဆဲဖြစ်သည်။ စတုတ္ထအဆင့်သို့မဟုတ် ပဥ္စမအဆင့်မှော်ဆရာများသည် သူတို့ကိုယ်သူတို့ကာကွယ်ရန် မှော်စာလိပ်များအားပိုင်ဆိုင်ထားသည့်အပြင် အစွမ်းထက်သူရဲကောင်းများကလည်း သူတို့အားကာကွယ်ပေးနေခဲ့သည်။

ထိုအချိန်တွင် လျှပ်စီးများသည်မြို့ရိုးပေါ်သို့ အစုလိုက်အပြုံလိုက်ကျဆင်းလာခဲ့သည်။ မှော်ဆရာများသည် ထိုကဲ့သို့တိုက်ခိုက်မှုတစ်ခုအား မမျှော်လင့်ထားခဲ့ပေ။ သူတို့သည်ပြင်းထန်သောမှော်စွမ်းအင်လှိုင်းများဝင်ရောက်လာသည်ကို ခံစားမိချိန်မှသာ သူတို့တိုက်ခိုက်ခံရကြောင်း သိရှိလိုက်ရသည်။ ထိုအချိန်တွင် ဂရစ်ဖင်များက စက္ကန့်အနည်းငယ်သာအချိန်ယူ၍ နောက်တစ်ကြိမ်တိုက်ခိုက်လိုက်ကြသည်။ မှော်ဆရာများအနက်တစ်ဦးသည် ထိုတိုက်ခိုက်မှုကြောင့် ချက်ချင်းသေဆုံးသွားခဲ့ကာ ကျန်လူများသည်လည်း လျှပ်စီးဖြင့်ထိမှန်ခံလိုက်ရသည်။

ပလီဒက်စ်မြို့၌ သူတို့ရင်ဆိုင်ခဲ့ရသော မှော်ဆရာများသည် အဆင့်နိမ့်မှော်ဆရာများသာဖြစ်ကြ၍ သူတို့အားအဆင့်မြင့်သူရဲကောင်းများက ကာကွယ်မပေးထားပေ။ သို့သော်လည်း ယနေ့ရင်ဆိုင်ရသည့်မှော်ဆရာများသည် ပိုမိုအဆင့်မြင့်ကာ သူတို့ကိုကာကွယ်ပေးထားသောသူရဲကောင်းများရှိပေသည်။ မှော်ဆရာများသည် အဆင့်တက်လာသည်နှင့်အမျှ ပိုမ်ိုကောင်းမွန်သည့် အရင်းအမြစ်များနှင့်သူတို့ကိုကာကွယ်ပေးမယ့် အစောင့်များရှိလာကြသည်။

မည်သို့ပင်ဆိုစေ ရန်သူများသည် ဂရစ်ဖင်များ၏တိုက်ခိုက်မှုကြောင့် တုန်လှုပ်သွားခဲ့ရသည်။ ရန်သူများသည် ပဥ္စမအဆင့်မှော်မန္တန်နှင့်ညီမျှသော မှော်တိုက်ခိုက်မှုများကို ချက်ချင်းထုတ်ဖော်နိုင်ပေသည်။

ဂရစ်ဖင်များသည် မှော်ဆရာများပုန်းအောင်းနေသောနေရာကို တိုက်ခိုက်လိုက်ချိန်တွင် လူတိုင်းအံ့သြသွားကြသည်။

ဗုံး ....

ကွင်းဆက်လျှပ်စီးကြောင်းသည် ထိုနေရာကိုကျရောက်လာခဲ့ပြီး ကြီးမားသောပျက်စီးမှုကိုဖြစ်ပေါ်စေခဲ့သည်။ မှော်ဆရာအချို့သည် အချိန်မှီတည်နေရာရွေ့ပြောင်းခဲ့ကာ အစောင့်အချို့သည်လည်းရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော်လည်း သူတို့ထဲမှနှစ်ယောက်သည် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားခဲ့သည်။

မည်သို့ပင်ဆိုစေ သူတို့နှင့်နီးကပ်နေသည့်စစ်သားများသည် ကံမကောင်းခဲ့ကြပေ။ ဂရစ်ဖင်၅၀၀သည် ကွင်းဆက်လျှပ်စီးကြောင်းကိုအသုံးပြု၍ တိုက်ခိုက်လိုက်သောအခါတွင် သာမန်စစ်သားများသည် မည်သို့မှခုခံနိုင်စွမ်းမရှိဘဲ လောင်ကျွမ်းသွားခဲ့ရသည်။

အခန်း ၂၉၃ - ချာထိုက်

ဂရစ်ဖင်များနှင့်နတ်မြင်းပျံများသည် မြို့ရိုးပေါ်ရှိမှော်ဆရာများကို အဆက်မပြတ်တိုက်ခိုက်နေကြသည်။

ရှောင်ယု၏လေကြောင်းတပ်များသည် သူတို့အားလုံးကိုမသတ်ဖြတ်နိုင်သော်လည်း သူတို့၏ခံစစ်ပြင်ဆင်မှုများကို အနှောင့်အယှက်ပေးနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် လင်းနို့များသည်ပျံဝဲလာခဲ့ပြီး နောက်ထပ်တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်လိုက်ကြသည်။

တောင်ဘီလူးများစတင်တိုက်ခိုက်ပြီးနောက်တွင် ဖြိုဖျက်သူများနှင့်လမင်းပစ်ခတ်သူများသည် မြို့ရ်ိုးထိပ်များကို စတင်၍တိုက်ခိုက်ကြတော့သည်။ အတိုချုပ်ပြောရလျှင် ရန်သူများ၏ပြင်းထန်သောအဝေးပစ်စွမ်းအားကို ထိန်းချုပ်နိုင်ပြီးနောက်တွင် ရှောင်ယုသည်တောင်ဘီလူးများကို ဂိတ်ပေါက်များအားချိုးဖျက်၍ မြို့ထဲဝင်ရန်အမိန့်ပေးခဲ့သည်။

ဘန်း ... ဘန်း ...

လင်းနို့များဗုံးကြဲပြီးချိန်တွင် တောင်ဘီလူးများက ဂိတ်တံခါးကိုဝင်တိုက်လိုက်ကြသည်။ အောစ့်များသည် ဖွဲ့စည်းပုံပြင်ဆင်လိုက်ကြပြီးနောက် ဂိတ်ပေါက်ကျိုးပျက်သွားချိန်တွင် မြို့တွင်းသို့ချီတက်ဝင်ရောက်ခဲ့ကြသည်။ သို့သော်လည်း ရန်သူများ၏မှော်ဆရာများက အောစ့်များကိုတိုက်ခိုက်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ရှေ့တိုးတိုက်ခိုက်ပြီးသည်နှင့် နောက်ပြန်ဆုတ်၍မရတော့ပေ။ ရှောင်ယု၏လက်အောက်တွင် အမျိုးမျိုးသောစစ်သားများရှိနေသော်လည်း ရန်သူမှော်ဆရာများကိုအလုံးစုံနှိမ်နင်းပစ်ရန် မဖြစ်နိုင်ပေ။

စစ်မြေပြင်တစ်ခုလုံးသည် မီးနှင့်ရေခဲမိုးများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤစစ်ပွဲသည် အအေးလက်နက်များကြီးစိုးသည့်ခေတ်၌ ဖြစ်ပွားခဲ့သော်လည်း အပူလက်နက်များနှင့်တိုက်ခိုက်နေသည်နှင့်ပင်တူနေခဲ့သည်။ ရှောင်ယုယခင်က ရင်ဆိုင်ခဲ့ရသော ရန်သူများသည်စွမ်းအားမကြီးမား၍ စစ်ပွဲတိုင်းအားအလွယ်တကူဖြတ်ကျော်ကာ အောင်ပွဲများရရှိခဲ့သည်။ သို့သော်လည်း ယခုအခါတွင်သူသည် ကနေဒီမိသားစုကဲ့သို့သောရှေးမိသားစုတစ်ခုအား ရင်ဆိုင်နေရသည်ဖြစ်ရာ အသေအပျောက်များပြားသည့် ဆုံးရှုံးမှုများကို အနာဂတ်၌မလွဲမသေရင်ဆိုင်ရမည်ဖြစ်သည်။

မြို့တံခါးသို့ချီတက်လာသည့် အောစ့်များသည်ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။

ဘန်း ...

တောင်ဘီလူးများသည် မြို့တံခါးအားဖျက်ဆီးလိုက်ပြီးနောက် အောစ့်များသည်အထဲသို့ပြေးဝင်လာကြသည်။ ထို့ပြင်ရှောင်ယုသည် ကြီးမားသောခြင်းတောင်းများကို ကြိုတင်ပြုလုပ်ထားခဲ့သည်။ အောစ့်၁၀ကောင်သည် ထိုခြင်းတောင်းကြီးများထဲဝင်ရောက်လိုက်ကြပြီး တောင်ဘီလူးများကထိုခြင်းတောင်းများအား မြို့ရိုးပေါ်သို့ပစ်ချလိုက်ကြသည်။ဤနည်းဖြင့်အောစ့်များသည် အစောင့်များ ၊ လှည့်ကင်းများနှင့်မြို့ရိုးပေါ်ရှိရန်သူများအား တိုက်ခိုက်နိုင်ခဲ့ကြသည်။

အဆင့်၁၀သို့ရောက်ရှိသွားသည့် တောင်ဘီလူးများအတွက် အောစ့်၁၀ကောင်ကိုမြို့ရိုးသို့အရောက် ပစ်တင်ပေးရန်မှာပြဿနာမရှိပေ။ ထို့ပြင် ဤနည်းလမ်းသည် မြို့သိမ်းလှေကားများကိုအသုံးပြုသည်ထက် ပိုမိုမြန်ဆန်နေခဲ့သည်။

မှော်တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုများက နေရာအနှံ့ဖြစ်ပေါ်နေခဲ့သည်။ စတုတ္ထအဆင့် သို့မဟုတ် ပဥ္စမအဆင့်မှော်ဆရာတစ်ဦး၏ တိုက်ခိုက်မှုအကွာအဝေးသည် အလွန်ကျယ်ပြန့်ပေသည်။ ယခုအချိန်တွင် သူတို့ထဲမှတစ်ဒါဇင်ကျော်သည် မြို့ရိုးများပေါ်၌ရှိနေခဲ့သည်။ ရှောင်ယုသည် ဂရစ်ဖင်များနှင့်တောင်ဘီလူးများကိုအသုံးပြုကာ ရန်သူမှော်ဆရာများကိုမဖိနှိပ်ထားခဲ့ပါက တပ်အင်အား၁၀၀၀၀၀ပါဝင်သည့် စစ်တပ်တစ်ခုသည်ပင် လက်ချီမြို့အားတိုက်ခိုက်ရန် အနားကပ်နိုင်မှာမဟုတ်ပေ။

ရှောင်ယုသည် သူ၏စစ်သားအများစု မြို့ထဲသို့ဝင်ရောက်သွားသည်ကိုမြင်သောအခါ ဆန်းကြယ်ပုဆိန်အားဆွဲထုတ်လိုက်သည်။ သူသည် မြို့ပြင်ရှိတပ်များကိုအမိန့်ပေးစရာမလိုအပ်ပေ။ မြို့ထဲတွင် အဆင့်မြင့်စစ်သည်များစွာရှိနေသည်ကို သူသိရှိထား၍ တတ်န်ိုင်သမျှအမြန်ဆုံးနှိမ်နင်းရမည်ဖြစ်သည်။

သရောလ်သည် တိုတမ်များကို နေရာအနှံ့ခေါ်ယူလိုက်ပြီး ရန်သူများကိုရှာဖွေရန် အဝေးမြင်ကွင်းကိုအသုံးပြုခဲ့သည်။ သူသည် အဆင့်မြင့်ရန်သူများကိုရှာဖွေတွေ့ရှိပါက သူတို့အားတိုက်ခိုက်ရန်အတွက် အောစ့်တစ်ဖွဲ့ကိုအမိန့်ပေးမှာဖြစ်သည်။ သရောလ်၏ကွပ်ကဲမှုစွမ်းရည်သည် အလွန်ပင်ကောင်းမွန်လှပြီး ယခုအချိန်တွင် သရောလ်သည် သေးငယ်သောတပ်ဖွဲ့များအဖြစ်ခွဲထုတ်ဖွဲ့စည်း၍ စနစ်တကျတိုက်ခိုက်ရန် အမိန့်ပေးနေခဲ့သည်။ ဂရင်းနှင့်ခိုင်ရင်းတို့သည် သရောလ်အမိန့်ပေးနေသောစစ်မြေပြင်၏ ရူးသွပ်နေသော ဗိုလ်ချုပ်များဖြစ်ကြသည်။

" ဂရစ်ဖင်တွေကိုစုစည်းလိုက် ... "

အဆင့်မြင့်မှော်ဆရာအမြောက်အများသည် အစောင့်အကြပ်များ၏ကာကွယ်ပေးမှုအောက်တွင် ဘေးလွတ်ရာသို့ထွက်ပြေးနေကြသည်ကို သရောလ်တွေ့မြင်လိုက်၍ အမိန့်ပေးလိုက်သည်။ အောစ့်များသည် ထိုမှော်ဆရာများ၏ပြိုင်ဘက်မဟုတ်ကြသည့်အတွက် သူသည်ဂရစ်ဖင်များကို ဦးစွာစုစည်းခဲ့သည်။ ထို့နောက်တွင် ဂရစ်ဖင်များကို ဦးစွာတိုက်ခိုက်ခိုင်းကာ မှော်ဆရာများကိုနှိမ်နင်းစေပြီးမှ အောစ့်များကမြေပြင်မှဝင်ရောက်တိုက်ခိုက်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဂရစ်ဖင်များသည် ဤအဆင့်မြင့်မှော်ဆရာများနှင့်အဆင့်မြင့်သူရဲကောင်းများကို အချိန်တိုအတွင်းနှိမ်နင်းရန်မဖြစ်နိုင်ပေ။ အထူးသဖြင့် ရန်သူများသည် အချိန်တိုင်းလှုပ်ရှားနေကြပြီး တိုက်ခိုက်မှုများကိုတားဆီးပိတ်ဆို့ကာ အခြားနေရာများသို့လျင်မြန်စွာ ထွက်ပြေးသွားကြသည်။ ရှောင်ယုသည် ထိုအခြေအနေအားတွေ့မြင်ချိန်တွင် လက်ဝှေ့ယမ်းကာအမိန့်ပေးလိုက်သည်။

" သူတို့ကိုထွက်သွားခိုင်းလိုက် ... "

အကယ်၍သူသာ ရန်သူများ၏အဆင့်မြင့်မှော်ဆရာများနှင့်အဆင့်မြင့်သူရဲကောင်းများကို သတ်ဖြတ်ရန်အာရုံစိုက်လိုက်ပါက အသေအပျောက်အလွန်များပြားမည်ဖြစ်ကြောင်း ရှောင်ယုသတိပြုမိလိုက်သည်။ ယခုအခါ သူ့ထံတွင်ဆုံးရှုံးမှုများလုံလောက်နေပြီဖြစ်၍ အသေအပျောက်ကိုထပ်မတိုးလိုတော့ပေ။

ထိုအဆင့်မြင့်မှော်ဆရာများနှင့်အဆင့်မြင့်သူရဲကောင်းများသည် အခွင့်အရေးကို လက်လွတ်မခံဘဲ လျင်မြန်စွာထွက်ပြေးသွားကြသည်။ သူတို့သည် စွမ်းအားကြီးမားသော်လည်း ရှောင်ယုတွင် ကြီးမားသည့်အရေအတွက်အားသားချက်ရှိနေပေရာ သူတို့မနိုင်နိုင်သောစစ်ပွဲတစ်ခုအား အသေခံမတိုက်လိုပေ။ ထိုသန်မာသူများသည် လက်ချီမြို့မှထွက်ပြေးသွားပြီးနောက် မြို့သည်ရှောင်ယုလက်တွင်းသို့ကျရောက်လာခဲ့သည်။ စစ်သားများသည် မြို့ကိုအသေခံ၍ ကာကွယ်နေကြသော်လည်း ရှောင်ယုသည်အချိန်တိုအတွင်း မြို့ကိုသိမ်းပိုက်နီုင်ခဲ့သည်။

တစ်နာရီခန့်ကြာပြီးနောက် တိုက်ပွဲသည်ပြီးဆုံးသွားခဲ့သည်။ လက်ချီမြို့ရှိစစ်သားများသည် သတ်ဖြတ်ခံရခြင်းသို့မဟုတ် လက်နက်ချခဲ့ရသည်။ ရှောင်ယုသည် အုပ်ချုပ်ရေးခန်းမသို့သွားနေစဉ် ဂိုထောင်အားလုံးကိုအပြတ်ရှင်းပစ်ရန် ဖော်ရာကိုအမိန့်ပေးထားခဲ့သည်။ ထိုအချိန်တွင် ဒူနယ်မြေ၏အရှင်သခင်ဖြစ်သော ချာထိုက်ကို အုပ်ချုပ်ရေးခန်းမ၏နောက်တွင် ရှာတွေ့ခဲ့သည်။ သူ၏တစ်ကိုယ်လုံးသည် ဒဏ်ရာဒဏ်ချက်များနှင့်ပြည့်နှက်နေခဲ့သည်။ ရှောင်ယုသည် ထိုနေရာသို့ဝင်ရောက်လိုက်ချိန်တွင် ချာထိုက်ကမျက်လုံးဖွင့်ကြည့်လိုက်သည်။

" မင်း .... မင်းကခြင်္သေ့နယ်မြေရဲ့အရှင်သခင်လား "

နယ်မြေသခင်ချာထိုက်သည် လွန်ခဲ့သောအချိန်ကာလများက ရှောင်ယုအား ဝေပြည်နယ်၌တွေ့မြင်ဖူးခဲ့သည်။

ရှောင်ယုသည် ချာထိုက်ကိုပြုံးပြလိုက်သည်။

" မင်းငါ့ကိုမှတ်မိသေးတယ်ပေါ့ ... မင်းဘာတွေဖြစ်သွားတာလဲ "

ချာထိုက်သည် မချိပြုံးပြုံးမိလိုက်သည်။

" ကနေဒီမိသာစုက ငါ့ရဲ့တပ်တွေနဲ့နယ်မြေကို သူတို့ဆီအပ်ခိုင်းခဲ့တယ် ... ငါကငြင်းဆန်တော့သူတို့ကငါ့ကိုဖမ်းလိုက်တာပဲ ... ဒီရှေးဟောင်းမိသားစုတွေက တော်တော်ရက်စက်ကြမ်းကြုတ်ပြီးလူမဆန်တာပဲ ... ငါရဲ့နောက်ဆုံးထွက်သက်ကိုရောက်တဲ့အထိ သူတို့ကိုဆန့်ကျင်တိုက်ခိုက်နေမှာပဲ "

ချာထိုက်၏တုံ့ပြန်မှုကိုကြားလိုက်ချိန်တွင် ရှောင်ယုပြုံးမိလိုက်သည်။

" မင်းကအဲလိုစိတ်မျိုးရှိနေမှတော့ ငါကမင်းကိုအခွင့်အရေးပေးမယ် ... မင်းကိုငါရွေးချယ်ခွင့်နှစ်ခုပေးမယ် ... ပထမတစ်ခုကတော့မင်းက ဒူနယ်မြေရဲ့အရှင်သခင်ဖြစ်ခွင့်ပြန်ရမယ် ... ဒါပေမဲ့ကနေဒီမိသားစုကပြန်လာပြီးမင်းကိုသတ်သွားမှာပဲ ... ဒုတိယတစ်ခုကတော့ခြင်္သေ့နယ်မြေကိုလိုက်လာပြီး ငါ့ရဲ့ညီအစ်ကိုတစ်ယောက်အဖြစ် ကနေဒီမိသားစုကိုဆန့်ကျင်တိုက်ခိုက်ဖို့ဘဲ ... မင်းဘာကိုရွေးမှာလဲ "

ချာထိုက်က သက်ပြင်းချလိုက်သည်။

" ငါ့မှာရွေးချယ်စရာရှိသေးတယ်ထင်လား ... "

ချာထိုက်သည် ဂိုထောင်များအတွင်းရှိ စည်းစိမ်ရတနာများကိုရှောင်ယုထံပေးအပ်ခဲ့ပြီး လက်နက်ချစစ်သည်များကို ခြင်္သေ့မြို့သို့ပို့ဆောင်ရာတွင် ရှောင်ယုအားကူညီပေးခဲ့သည်။ ချာထိုက်သည် လက်ရှိအခြေအနေမှလွတ်မြောက်ရန်အတွက် နည်းလမ်းမရှိကြောင်းကိုလည်း နားလည်ထားသည်။ သူသည် ကနေဒီမိသားစု၏ဖိအားပေးမှုကို သူကိုယ်တိုင်တောင့်မခံနိုင်၍ ရှောင်ယုနှင့်ပူးပေါင်းရမည်ဖြစ်သည်။ သူသည် ခေါင်းမာသူတစ်ယောက်ဖြစ်သော်လည်း ငတုံးတစ်ယောက်တော့မဟုတ်ပေ။ သူသည် အကောင်းနှင့်အဆိုးကိုခွဲခြားသိမြင်ပြီး ကောင်းကင်ခြင်္သေ့မင်းဆက်၏မြောက်ဘက်သည် ဖရိုဖရဲဖြစ်နေကြောင်း နားလည်ပေသည်။ သူ၏နယ်မြေသည်သေးငယ်ပေရာ တစ်ချိန်ချိန်တွင် အကျပ်အတည်းကြုံတွေ့လာရမည်ဖြစ်သည်။

ချာထိုက်သည် အကြီးမြတ်ဆုံးအရှင်သခင်နှင့်ပတ်သက်သော ကောလဟာလများကိုသိရှိထားပြီး ရှောင်ယု၏နံဘေးတွင် ထူးဆန်းသောစစ်သည်များရှိနေသည်ကို သတင်းရထားပေသည်။ သို့ဖြစ်ရာ သူသည်အလောင်းအစားပြုလုပ်ရန်ဆုံးဖြတ်ခဲ့သည်။ အကယ်၍ ပရောဖက်ပြုချက်အတိုင်း ရှောင်ယုသာအကြီးမြတ်ဆုံးအရှင်သခင်ဖြစ်လာပါက သူသည်ဤနယ်မြေသေးသေးလေး၏အရှင်ဖြစ်သည်ထက် ပိုမိုသောအကျိုးခံစားခွင့်များရရှိမည်ဖြစ်သည်။

ချာထိုက်သည် ကနေဒီမိသားစုတပ်သားများ၏ ညဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့် ဒဏ်ရာများစွာရရှိထားခဲ့သည့်အတွက် ရှောင်ယုက အနာကျက်ဆေးကိုအသုံးပြုကာ ကုသပေးခဲ့သည်။ ထိုအနာကျက်ဆေးကိုသုံးလိုက်သည့် အခိုက်အတန့်တွင် ချာထိုက်၏အခြေအနေသည်ပိုမိုသက်သာကောင်းမွန်လာခဲ့သည်။ ရှောင်ယုတွင် ဒဏ်ရာရသူများကိုကုသပေးနိုင်သည့် နတ်ဆေးများရှိနေသည်ကိုသတိထားမိချိန်တွင် ချာထိုက်ကသူသည် မှားယွင်းသောရွေးချယ်မှုကိုမလုပ်ဆောင်မိခဲ့ဟု ပိုမိုယုံကြည်လာခဲ့သည်။

အခန်း ၂၉၄ - အဂ္ဂိရိတ်ပညာရှင် ဟစ်ဂင်

ရှောင်ယုသည် လက်ချီမြို့မှနေ၍ လက်နက်ချထားသည့်စစ်သားများနှင့်အကျဉ်းသားများစွာရရှိခဲ့သည်။

ထို့ပြင်သူသည် လက်ချီမြို့၏ရတနာများကိုသိမ်းဆည်းကာ ခြင်္သေ့မြို့သို့ပြန်လည်ပို့ဆောင်ခဲ့သည်။ ထို့ကြောင့်သူတို့အဖွဲ့၏အပြန်ခရီးသည် ပုံမှန်ထက်နှေးကွေးနေခဲ့သည်။ ထိုသို့ဆိုစေကာမူ ရှောင်ယုသည် ခြင်္သေ့မြို့သို့ရောက်ရှိသည်အထိ မည်သူ့ကိုမှအနားမပေးခဲ့ပေ။ သူသည် ခြင်္သေ့မြို့သို့အပြန်ခရီးတွင် နတ်မြင်းပျံများအား ပတ်ဝန်းကျင်အခြေအနေကို မျက်ခြေမပြတ်စစ်ဆေးစေခဲ့သည်။ ခြင်္သေ့မြို့သို့မရောက်မှီတွင်လည်း နတ်မြင်းပျံ၂ကောင်အား မြို့၏အခြေအနေကိုစစ်ဆေးစေပြီးမှ မြို့ထဲသို့ဝင်ရောက်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် ကနေဒီမိသားစု၏စစ်တပ်သည် ခြင်္သေ့မြို့နှင့်မိုင်၁၀၀အကွာသို့ရောက်ရှိနေပြီဖြစ်ကြောင်း ရှောင်ယုသတင်းရရှိခဲ့သည်။

" ကံကောင်းလိုက်တာ ... ငါအချိန်မှီလေးရောက်လာတာပဲ "

ရှောင်ယုသည် သူ၏နဖူးပေါ်ရှိချွေးများကိုသုတ်ရင်း ရေရွတ်လိုက်သည်။ ထို့နောက် သူ၏တပ်များအားလုံးကိုမြို့ထဲ၌နေရာချကာ ခုခံကာကွယ်ရေးအတွက် လိုအပ်သောအစီအစဉ်များကိုရေးဆွဲခဲ့သည်။

စုဘာရူသည် ခြင်္သေ့မြို့အားနောက်ဆုံးအကြိမ်တိုက်ခိုက်စဉ်ကလို အနီးအနားရှိရွာများမှ ရွာသားများနှင့်လယ်သမားများကို ခြင်္သေ့မြို့သို့လာရောက်နေထိုင်ရန်အတွက် အမိန့်ထုတ်ပြန်ရန်အစီအစဉ်မရှိပေ။ စုဘာရူသည်ခြင်္သေ့မြို့အားတိုက်ခိုက်စဉ်က အရပ်သားများအားသတ်ဖြတ်မည်ကို စိုးရိမ်ရသော်လည်း ကနေဒီမိသားစုကမူ ထိုသို့လုပ်ဆောင်မည်မဟုတ်ပေ။ ကနေဒီမိသားစုသာ ထိုသို့ရက်စက်ကြမ်းကြုတ်စွာပြုမူခဲ့ပါက တိုက်ကြီးတစ်ခုလုံးသည် ကနေဒီမိသားစုအားဝိုင်းဝန်းတိုက်ခိုက်ကြမည်ဖြစ်သည်။ အင်းစ်မိသားစုမှ နီကိုးလပ်စ်သည် ထိုအခွင့်အရေးကို ပထမဆုံးဖမ်းဆုပ်မည့်သူဖြစ်သည်။

နီကိုးလပ်စ်သည် ခြင်္သေ့မြို့နှင့်မနီးမဝေးတွင် ပုန်းအောင်းနေပြီး အခွင့်အရေးကိုစောင့်မျှော်နေမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ထားပေသည်။ ထို့နောက်သူသည် မူလီအားခြင်္သေ့မြို့အနီးတဝိုက်ရှိ လတ်တလောအခြေအနေအား မေးမြန်းခဲ့သည်။

" ထွေထွေထူးထူးတော့ဘာမှမဖြစ်ပါဘူး ... ဒါပေမဲ့မသေမျိုးတွေနှောင့်ယှက်ခံခဲ့ရတဲ့ ရွာအနည်းငယ်ရှိပြီး လူတော်တော်များများဒဏ်ရာတွေရခဲ့တယ် ... စစ်သားတွေသွားကြည့်တော့ မသေမျိုးတွေကမရှိတော့ဘူး "

ရှောင်ယုသည် မူလီ၏စကားကိုကြားသောအခါ အံ့အားသင့်နေသောလေသံဖြင့်ရေရွတ်လိုက်သည်။

" ဘာပြောတယ်...ငါ့ရဲ့နယ်မြေထဲမှာ မသေမျိုးတွေလှုပ်ရှားနေတာလား ... အမှောင်ထုကိုကိုယ်စားပြုတဲ့ဆိုးယုတ်တဲ့အကောင်တွေကလုပ်ရဲတယ်ပေါ့ ... ငါတို့မှာပါလာဒင်နဲ့ဘုန်းတော်ကြီးတွေရှိတယ် ... လောလောဆယ်တော့ ငါ့ဆီမှာအနောက်တိမ်တိုက်အင်ပါယာကယူလာတဲ့ အလင်းအဆောင်လက်ဖွဲ့တွေရှိတယ် ... အဲ့အဆောင်တွေက နတ်ဆိုးတွေ ၊သရဲတစ္ဆေတွေ မသေမျိုးတွေကို ခုခံကာကွယ်ပေးနိုင်တယ် ... ရွာတစ်ရွာကိုအဆောင်တစ်ခုနှုန်းနဲ့ ရွာတွေအားလုံးကိုကပ်ပေးထားလိုက် ... ဒါဆိုရင်အဲကောင်တွေလာရဲတော့မှာမဟုတ်ဘူး "

" အဲလိုအဆောင်လက်ဖွဲ့တွေရှိနေသေးတာလား ... အရမ်းကောင်းတယ် ... ရွာတွေအားလုံးမှာတစ်ခုချင်းစီ သေချာလိုက်ကပ်ရမယ် "

ရှောင်ယု၏ဖြေရှင်းနည်းကိုကြားလိုက်ရချိန်တွင် မူလီသည် ပျော်ရွှင်စွာတုံ့ပြန်ခဲ့သည်။

သို့သော်လည်း ထိုအရာများသည် ရှောင်ယု၏လှည့်ကွက်များဖြစ်ကြောင်း မူလီမသိခဲ့ပေ။ ရှောင်ယုသည် မသေမျိုးများကိုအသုံးပြုရန်စီစဉ်နေသည့်အတွက် သူ့အားတစ်နည်းနည်းဖြင့် သံသယမဝင်စေရန် ဤသို့ဖုံးကွယ်ခဲ့ခြင်းဖြစ်သည်။ ရှောင်ယုသည် ရန်သူများကိုတိုက်ခိုက်ရန် မသေမျိုးများကိုအသုံးပြုပါက သူတို့ပထမဆုံးထွက်ပေါ်လာသောနယ်မြေဖြစ်၍ ရှောင်ယုအားလူတိုင်းသံသယရှိကြမှာဖြစ်သည်။ ထို့ကြောင့် အသေးစိတ်စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် လူအချို့ရောက်လာနိုင်သည်။

သို့ဖြစ်ရာ ကြီးမားသောလှုပ်ရှားမှုကြီးတစ်ခုမလုပ်ဆောင်မှီတွင် ထိုမသေမျိုးများသည် သူ၏နယ်မြေကိုဦးစွာတိုက်ခိုက်ခဲ့ကြောင်း ရှောင်ယုကပေါ်လွင်စေခဲ့သည်။ သို့သော်ရှောင်ယုသည် အဆောင်များတပ်ဆင်အပြီးတွင် ထိုမသေမျိူးများကရွာများကိုဆက်လက်မတိုက်ခိုက်တော့သည့်အတွက် အခြားသူများ၏သံသယကိုလျော့ပါးစေသည်။ အတိုချုပ်ပြောရမည်ဆိုပါက ထိုအဆောင်များကြောင့် မသေမျိုးများကသူတို့အားမတိုက်ခိုက်သော်လည်း ရန်သူများမှာအဆောင်များမရှိ၍ မသေမျိုးများကသူတို့အားတိုက်ခိုက်သည်ဟု ချပြနိုင်သည်။

ရှောင်ယုသည် ဂိမ်းထဲ၌ မသေမျိုးများ၏စွမ်းအားကို သတိပြုမိပေသည်။ အကယ်၍ သူတို့ကိုသာမှန်ကန်စွာအသုံးချခဲ့ပါက အလွန်အစွမ်းထက်သောတပ်များဖြစ်သည်။ မသေမျိုးများသည် ညအချိန်၌ပိုမိုအစွမ်းထက်ကြပြီး ညအချိန်၌ဖြစ်ပေါ်လာသည့် ကြေယာက်မက်ဖွယ်ကောင်းသောလေထုသည် စစ်တပ်ကြီးများအားတိုက်ခိုက်ရန် ပြီးပြည့်စုံပေသည်။ ရှောင်ယုသည် မူလီအားအဆောင်လက်ဖွဲ့များကိုပေးရန် လီအာကိုအမိန့်ပေးလိုက်သည်။ အမှန်တော့ ထိုအဆောင်လက်ဖွဲ့များအားမည်သို့အသုံးပြုရမည်ကို လီအာကိုယ်တိုင်လည်းမသိခဲ့ပေ။

...

" ရုပ်သေးတွေရဲ့အခြေအနေဘယ်လိုရှိလဲ ... "

ရှောင်ယုကမေးမြန်းလိုက်သည်။

" ခုချိန်ထိ အဲ့ဒါတွေကိုမထိရသေးပါဘူး ... အတင်းလုပ်မိရင်လည်းဖျက်ဆီးမိမှာစိုးရတယ် ... "

မူလီသည် သံမဏိရုပ်သေးများကိုတွေ့တွေ့ချင်း ထိတ်လန့်တုန်လှုပ်သွားရသည်။ စစ်မြေပြင်၌ ဤရုပ်သေးများထွက်ပေါ်လာပါက ခြင်္သေ့မြို့သည်ကြီးမားသောဆုံးရှုံးမှုနှင့်ရင်ဆိုင်ရမည်ကို သူနားလည်ပေသည်။ ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ကာ ထိုအရာများကိုစူစမ်းရန်အတွက် ဖော်ရာကိုအမိန့်ပေးလိုက်သည်။ ယခုအခါတွင် ကနေဒီမိသားစု၏တပ်များသည် ခြင်္သေ့မြို့၏တံခါးဝအနီးသို့ရောက်နေပေရာ သုတေသနပြုလုပ်ရန် အနည်းငယ်နောက်ကျနေပြီဖြစ်သည်။

ရှောင်ယုသည် ခြင်္သေ့မြို့ကာကွယ်ရေးအတွက် ခံစစ်အစီအမံများကိုချထားရန် အာရုံစိုက်နေသောအချိန်တွင် အပြင်ဘက်မှနေ၍ အစောင့်တစ်ဦးပြေးဝင်လာခဲ့သည်။

" အရှင် .. အပြင်လူတစ်ယောက်ကမင်းကိုတွေ့ဖို့ရောက်လာတယ် "

" ဘယ်သူလဲ ... "

ယခုလိုအချိန်မျိုးတွင် တစ်စုံတစ်ယောက်ကသူ့အားလာရောက်တွေ့ဆုံသောကြောင့် ရှောင်ယုအနည်းငယ်အံ့သြသွားခဲ့သည်၊

" သူ့ကိုသူဟစ်ဂင်လို့ခေါ်တယ်လို့ပြောတယ် ... သူကဆရာကြီအယ်လ်မာရဲ့သူငယ်ချင်းလို့လဲပြောပါတယ် ... "

အစောင့်ကပြန်ဖြေလိုက်သည်။

" ဟစ်ဂင် ... ဆရာသခင်အဆင့်အဂ္ဂိရိတ်ပညာရှင်လား ... "

ရှောင်ယုသည် စိတ်လှုပ်ရှားမှုကြောင့် ထခုန်လုနီးပါးဖြစ်သွားခဲ့သည်။ ဆရာကြီးအယ်လ်မာသည် အမှောင်မြို့တော်၌ရှိစဉ်က သူ၏သူငယ်ချင်းတစ်ယောက်ကို ခြင်္သေ့မြို့သို့အရောက်ပို့ပေးမယ်ဟု ကတိပေးထားခဲ့သည်။ ရှောင်ယုသည် ထိုအဂ္ဂိရိတ်ပညာရှင်ကို သွားရောက်တွေ့ဆုံရန်စီစဉ်ထားသော်လည်း အဂ္ဂိရိတ်ပညာရှင်ကသူ့ထက်ပိုမြန်အောင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ရှောင်ယုထံတွင် မြေအောက်မြို့တော်မှရရှိခဲ့သော ပစ္စည်းကောင်းများစွာရှိနေသော်လည်း သူ့ဘေးတွင်အဂ္ဂိရိတ်ပညာရှင်မရှိသည့်အတွက် ထိုပစ္စည်းများအားလုံးကို ဂိုထောင်အတွင်းထည့်သိမ်းထားရသည်။

အဂ္ဂိရိတ်ပညာရှင်များသည် အောက်လမ်းမှော်ကဝေအနှစ်သာရများကို ပေါက်ကွဲမြှားတံများအဖြစ်ဖော်စပ်သန့်စင်ပေးနိုင်ပေသည်။ ထိုမြှားတံများနှင့်ဆိုပါက စစ်ပွဲဒီရေသည်ရှောင်ယုထံသို့ ပြောင်းလဲရောက်ရှိလာမည်ဖြစ်သည်။

" သူအခုဘယ်ရောက်နေလဲ ... "

ရှောင်ယုသည် စိတ်လှုပ်ရှားမှုကြောင့် မျောက်တစ်ကောင်လိုဂနာမငြိမ်ဖြစ်နေခဲ့သည်။

" မြို့တံခါး အပြင်မှာပါ "

အစောင့်၏အဖြေကိုရသည်နှင့် ရှောင်ယုသည် လေလမ်းလျှောက်ခြင်းကိုအသုံးပြုကာ မြို့တံခါးဆီသို့ ဒုံးပျံတစ်စင်းလိုအမြန်နှုန်းဖြင့် ရွေ့လျားသွားခဲ့သည်။

သခင်ဟစ်ဂင်သည် စတုတ္ထအဆင့်အဂ္ဂိရိတ်ပညာရှင်ဖြစ်ပြီး ပဥ္စမအဆင့်မှော်ဆရာတစ်ယောက်ထက် များစွာအသုံးဝင်ပေသည်။ သူသာမှော်ဖောက်ခွဲရေးမြှားများကို ပိုင်ဆိုင်ထားခဲ့မည်ဆိုပါက ကနေဒီမိသားစု၏တိုက်ခိုက်မှုများကို စိတ်ပူနေစရာမလိုတော့ပေ။

ရှောင်ယုသည် မြို့တံခါးအနီးသို့ရောက်လာသောအခါတွင် လူ၃ယောက်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထို၃ယောက်အနက်တစ်ယောက်သည် မီးခိုးရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်ဖြစ်ပြီး ကျန်နှစ်ယောက်မှာ ဇီမ်ခံမှော်ဆရာဝတ်စုံကိုဝတ်ဆင်ထားသည့် ငယ်ရွယ်သည့်မှော်ဆရာနှစ်ဦးဖြစ်သည်။

" တစ်ခုလောက်မေးပါရစေ ... ဒီကဆရာကြီးဟစ်ဂင်လားမသိဘူး ... "

ရှောင်ယုသည် အဘိုးအိုကိုကြည့်ရင်း သူ၏လက်များကိုပွတ်သပ်လိုက်သည်။ သူ၏အကြည့်သည် သားကောင်ကဝံပုလွေအားကြည့်နေသည်နှင့်ပင်တူနေခဲ့သည်။ ယခုအခါသူ့ထံတွင် အဆင့်မြင့်မှော်ဆရာများနှင့်အဂ္ဂိရိတ်ပညာရှင်များ နည်းပါးနေသည့်အတွက် ရှောင်ယုသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

အဘိုးအိုသည် ရှောင်ယုကိုငုံ့ကြည့်လိုက်ပြီး ဘဝင်ဟပ်နေသောလေသံဖြင့် အမိန့်ပေးလိုက်သည်။

" မင်းရဲ့သခင်ကိုခေါ်လာခဲ့ ... "

" အဲဒါ .. ငါကခြင်္သေ့နယ်မြေရဲ့အရှင်သခင်ပဲ "

ရှောင်ယုသည် အဘိုးအို၏စကားကိုကြားသောအခါ အံ့အားသင့်သွားခဲ့သည်။

" မင်းက မြို့စားကြီးလား ... "

အဘိုးအိုသည် မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်ယုအားတဖန်ပြန်စိုက်ကြည့်လိုက်သည်။

" မင်းအဖေရှောင်ကျန်းထျန်က သူ့မျိုးဆက်ရဲ့သူရဲကောင်းတစ်ယောက်ဖြစ်တယ် ... မင်းကဘယ်လိုပုံစံဖြစ်နေတာလဲ "

ထိုအဘိုးအိုသည် သူ့အားအထင်သေးနေကြောင်း ရှောင်ယုချက်ချင်းသဘောပေါက်လိုက်သည်။ သူသည် အဘိုးအိုအားကိုယ်တိုင်လာရောက်နှုတ်ဆက်ခဲ့သော်လည်း အဘိုးအိုသည်သူ၏ရိုးသားသောစိတ်ကို အသိအမှတ်မပြုခဲ့ပေ။ သို့သော်လည်း ယခုအချိန်၌ရှောင်ယုသည် အဂ္ဂိရိတ်ပညာရှင်တစ်ယောက်ကို အသည်းအသန်လိုအပ်နေသည့်အတွက်ကြောင့် သူ၏ဒေါသကိုထိန်းထားခဲ့ရသည်။

" အမှန်ပဲ ငါက ရှောင်ကျန်းထျန်ရဲ့သားဖြစ်တဲ့ရှောင်ယုပါ ခြင်္သေ့နယ်မြေရဲ့ကိုဘာလာလုပ်တာလဲ သိခွင့်ရမလား "

သခင်ဟစ်ဂင်သည် သူ့အားကိုယ်တိုင်ကိုယ်ကျလာရောက်တွေ့ဆုံရန် ခြင်္သေ့နယ်မြေသို့ရောက်လာခြင်းမဟုတ်ကြောင်း ရှောင်ယုသတိပြုမိပေသည်။ ထိုသို့သောအဂ္ဂိရိတ်ပညာရှင်တစ်ယောက်ကို သူတို့နယ်မြေသို့လာရောက်ရန်အတွက် သူတို့ပိုင်ဆိုင်သမျှကိုထုတ်ပေးမယ့် နယ်မြေသခင်များစွာရှိနေပေသည်။ ထိုအဘိုးကြီးသည် ခြင်္သေ့နယ်မြေသို့တကူးတက လာရောက်ရသည့် အကြောင်းရင်းတစ်ခုခုရှိနေနိုင်သည်။

ရှောင်ယု၏စကားကိုကြားချိန်တွင် အဘိုးကြီး၏မျက်နှာသည်အနည်းငယ်မဲ့ရွဲ့သွားခဲ့သည်။ ရှောင်ယု၏စကားပြောပုံအရ သူသည်လိုအပ်သောပစ္စည်းများကိုရယူရန် ခြင်္သေ့နယ်မြေသို့လာရသည်ကို မမေ့လျောရန်သတိပေးနေခြင်းဖြစ်သည်။

" အယ်လ်မာက မင်းဆီမှာငါသုံးနိုင်တဲ့ပစ္စည်းတွေရှိနေတယ်လို့ပြောခဲ့တယ် ... ငါကအဲ့ဒီပစ္စည်းတွေကိုဝယ်ယူဖို့ ဒါမှမဟုတ် ... တစ်စုံတစ်ခုနဲ့လဲလှယ်ဖို့ရောက်လာတာပဲ "

" အိုး ... ဆရာကြီးကဒီကိုပစ္စည်းတွေဝယ်ဖို့ရောက်လာတာလား ... အဆင်ပြေပါတယ် ... ကျေးဇူးပြုပြီးအထဲကိုဝင်ပါ "

ရှောင်ယုသည် မြေခွေးတစ်ကောင်လို ကောက်ကျစ်စွာပြုံးလိုက်ပြီး သခင်ဟစ်ဂင်ကိုမြို့တွင်းသို့ဝင်ရောက်ရန် ယဉ်ကျေးစွာဖိတ်ခေါ်လိုက်သည်။

" ဒါပေမဲ့ မင်းကငါဘာလိုချင်တာလဲဆိုတာ မမေးတာလဲ ... "

သခင်ဟစ်ဂင်သည် အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။ သူသည်ရှောင်ယု၏ဖိတ်ခေါ်ချက်ကိုလက်ခံလိုက်ပါက ငရဲသို့ပင်တိုးဝင်ရမယ့်ပုံစံရှိသည်။ သူသည် စမ်းသပ်မှုတစ်ခုပြုလုပ်ရန်အတွက် ရှားပါးသည့်ပစ္စည်းအချို့ကိုလိုအပ်နေခဲ့ပြီး ထိုပစ္စည်းများကိုတိုက်ကြီး၏မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပေ။ သို့သော်မကြာသေးမှီက အယ်လ်မာနှင့်တွေ့ဆုံမိခဲ့ပြီး ခြင်္သေ့နယ်မြေသခင်ရှောင်ယုသည် မြေအောက်မြို့တော်မှပစ္စည်းများစွာရရှိလာကြောင်း သူသတင်းရရှိခဲ့သည်။

သခင်ဟစ်ဂင်သည် မြို့တွင်းသို့ဝင်ရောက်ကာ ပြင်ဆင်နေချိန်တွင် ကောင်းကင်ယံ၌ပြင်းထန်သောဟိန်းဟောက်သံတစ်ခုက ပဲ့တင်ထပ်လာခဲ့၍ ခြေလှမ်းအနည်းငယ်နောက်ဆုတ်မိလိုက်သည်။ လူတိုင်းသည် အသံလာရာဘက်မော့ကြည့်လိုက်ရာ ခြင်္သေ့မြို့ပေါ်၌ ကြီးမားသည့်အနီရောင်နဂါးကြီးတစ်ကောင်ပျံသန်းနေသည်ကိုတွေ့လိုက်ရသည်။ ရှောင်ယုသည် ထိုနဂါးကိုကြည့်ရင်းပြုံးလိုက်မိသော်လည်း သခင်ဟစ်ဂင်ကမူ အံ့သြသွားခဲ့သည်။ ထို့နောက်သူသည် မှော်ကြိမ်လုံးကိုထုတ်ယူကာ မန္တန်တစ်ခုအားစတင်ရွတ်ဆိုလိုက်သည်။

" ဆရာ ... အဲလိုလုပ်စရာမလိုပါဘူး ... အဲ့ဒါငါ့ရဲ့နဂါးပဲ"

ရှောင်ယုသည် သခင်ဟစ်ဒင်အား ဟန့်တားလိုက်သည်။

" ဘာ ... မင်းရဲ့နဂါးဟုတ်လား ... "

သခင်ဟစ်ဒင်သည် အလွန်ပင်အံ့သြမှင်သက်သွားခဲ့ပြီး သူရွတ်ဖတ်နေသော မှော်မန္တန်သည်ပင်အပြောင်းအပြန်ဖြစ်သွားခဲ့သည်။ အကယ်၍သူသာ မှော်မန္တန်အားထိန်းချုပ်ရာ၌မကျွမ်းကျင်ပါက ထိုနေရာတွင်ဆိုးရွားသောမတော်တဆမှုတစ်ခုဖြစ်ပေါ်လာမည်ဖြစ်သည်။

ခြင်္သေ့နယ်မြေမှာ နဂါးတစ်ကောင်ရှိနေတာလား ....

All Chapters