အခန်း (၂၉၈-၃၀၀)
Vol. 20 Ch. 298-300
အခန်း ၂၉၈ - ရန်သူတွေရောက်လာပြီ
ဆရာဟစ်ဂင်သည် သူ့အနားတွင်ရှိနေသည့်အတွက် ရှောင်ယု၏စိတ်ခံစားချက်များကောင်းမွန်နေခဲ့သည်။
သူ့ထံတွင် ပစ္စည်းကောင်းများ ပြတ်လပ်မှုမရှိပေရာ ဆရာဟစ်ဂင်သည် အရည်အသွေးမြင့်သောမှော်လက်နက်များကို အလုံးအရင်းထုတ်လုပ်နိုင်မည်ဟု ရှောင်ယုယုံကြည်နေခဲ့သည်။ ထိုလက်နက်များဖြင့်ဆိုပါက သူသည်ကနေဒီမိသားစုကို သက်တောင့်သက်သာတွန်းလှန်နိုင်ပြီး အရိုက်ခံရသောခွေးများနှင့်တူညီအောင် ပြုလုပ်ပေးနိုင်ပေသည်။ ထို့ကြောင့် ရှောင်ယုသည်သီချင်းညည်းကာ မြို့အနှံ့လျှောက်သွားနေခဲ့သည်။
ရှောင်ယုသည် သူ၏ကမ္မကုသိုလ်မှတ်များကို စစ်ဆေးပြီးနောက်တွင် သူသည်မသေမျိုးအခြေစိုက်စခန်းအား နောက်တစ်ဆင့်သို့မြင့်တင်နိုင်ရန်အတွက် ဗိုလ်ချုပ်အဆင့်သို့အမြန်ဆုံးတက်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ စနစ်၏သတ်မှတ်ချက်အရဆိုလျှင်သူသည် ဗိုလ်ချုပ်အဆင့်၌နောက်ထပ်တပ်သား၄၀၀၀ကို ဆင့်ခေါ်ခွင့်ရမည်ဖြစ်သည်။ ထို့ကြောင့်ရှောင်ယုသည် သူ၏နောက်ထပ်လှုပ်ရှားမှုအဖြစ် မသေမျိုးအခြေစိုက်စခန်းကို အာရုံစိုက်ရန်ဆုံးဖြတ်လိုက်သည်။ သူသာ မသေမျိုးများကိုကောင်းစွာအသုံးချနိုင်ခဲ့ပါက ရန်သူများကိုစိတ်ဒုက္ခကောင်းစွာပေးနိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မသေမျိုးများသည် သူ၏ပိုင်နက်အတွင်းရှိ ရွာများကိုတိုက်ခိုက်ရန်ကြိုးစားကြသော်လည်း ထိုရွာများ၌သူတပ်ဆင်ထားသော အဆောင်လက်ဖွဲ့များကြောင့် နောက်ပြန်ဆုတ်သွားကြကြောင်း ရှောင်ယုသတင်းရရှိလိုက်သည်။ ထိုအဖြစ်အပျက်အပြီးတွင် လူတိုင်းသည် မသေမျိုးများတည်ရှိမှုအကြောင်းကို စတင်သိရှိလာကြသည်။ ယခင်က ထိုမသေမျိုးများသည် ဆိုလိုမွန်း၏နယ်မြေကိုသာတိုက်ခိုက်ပြီး ရှောင်ယု၏နယ်မြေကိုမတိုက်ခိုက်ဖူး၍ လူများကရှောင်ယုကိုသံသယဝင်ခဲ့ကြသော်လည်း ယခူမူထိုသို့လုပ်၍မရတော့ပေ။
တစ်ချိန်တည်းမှာပင် သူအသစ်ဆင့်ခေါ်ထားသည့်တပ်သားများသည် ပလီဒက်စ်နှင့်လက်ချီမြို့တိုက်ပွဲအပြီးတွင် အဆင့်၆သို့တိုးမြင့်လာကြပြီး အများစုမှာအနည်းဆုံး ကျွမ်းကျင်မှု၂ခုအားအသုံးပြုနိုင်ကြပြီဖြစ်သည်။ ထို့ကြောင့်သူတို့သည် အသစ်ဆင့်ခေါ်ထားသည့်တပ်သားများမဟုတ်ကြတော့ပေ။ အကယ်၍သူသာ အသစ်ဆင့်ခေါ်ထားသောတပ်သားများကိုဦးဆောင်၍ ကနေဒီမိသားစုအားတိုက်ပွဲဝင်ခဲ့မည်ဆိုပါက အဆုံးအရှုံးများစွာကို ရင်ဆိုင်ရမည်ဖြစ်သည်။
သူ၏သူရဲကောင်းများသည်လည်း အဆင့်တက်လာခဲ့ကြသည်။ ဂရင်း ၊ ခိုင်ရင်း ၊ တိုင်ရန်ဒီနှင့်မိုင်ယဗ်တို့သည် အဆင့်၂၈သို့ရောက်ရှိလာကြသည်။ အန်တိုနီဒက်စ်သည် အဆင့်၂၉သို့ရောက်ရှိနေကာ အချိန်မရွေးအဆင့်၃၀သို့ထိုးဖောက်သွားနိုင်သည်။ အူသည် အဆင့်၂၀သို့ရောက်ရှိသွားခဲ့ပြီးနောက် နောက်ထပ်ကျွမ်းကျင်မှုအသစ်များကို သင်ယူလာနိုင်ပြီဖြစ်သည်။ ထိုကျွမ်းကျင်မှုအသစ်များမှာ ပေးဆပ်ခြင်းအော်ရာ ၊ ကာကွယ်မှုလက်နှင့်ဖြောင့်မတ်သောတူနှင့်စွန့်လွှတ်ခြင်းတို့ဖြစ်ကြသည်။
ပေးဆပ်ခြင်းအော်ရာ
- ပါလာဒင်သည် ရန်သူများအားလုံးကို အော်ရာဖြင့်ဖုံးလွှမ်းလိုက်မည်ဖြစ်ပြီး ရန်သူများအားထိခိုက်စေမည်ဖြစ်သည်။ အဆင့်၃ထိမြင့်တင်နိုင်သည်။
ကာကွယ်မှုလက်
- ၎င်းကိုအသုံးပြုပြီးနောက်တွင် မိမိ၏တပ်သားတစ်ဦးအပေါ်သို့ စွမ်းအင်အကာအရံတစ်ခုကို အသုံးပြုလိုက်မည်ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများမှ ကာကွယ်ပေးနိုင်သည်။ အဆင့်၃ထိမြင့်တင်နိုင်သည်။
ဖြောင့်မတ်သောတူ
- ၎င်းကိုအသုံးပြုချိန်၌ ပါလာဒင်သည်ရန်သူကိုတိုက်ခိုက်ရန်အတွက် သူ၏တူကိုပစ်လွှတ်လိုက်မည်ဖြစ်သည်။ ပစ်လွှတ်လိုက်သောတူသည် ရန်သူ၉ယောက်ထိ အများဆုံးထိမှန်ကာ ပါလာဒင်ထံပြန်လည်ပျံသန်းလာမည်ဖြစ်သည်။ ၎င်းသည် တိုက်စစ်ကျွမ်းကျင်မှုဖြစ်ကာ အဆင့်၃ထိမြင့်တင်နိုင်သည်။
စွန့်လွှတ်ခြင်း
- ၎င်းကိုအသုံးပြုချိန်တွင် ပါလာဒင်သည်သူ၏ခြေထောက်များအောက်၌ မီးတောက်များကိုဆင့်ခေါ်နိုင်မည်ဖြစ်ကာ ထိုမီးတောက်များ၏နယ်ပယ်အတွင်း၌ ရှိနေသောရန်သူများအားလုံးသည် ထိခိုက်ခံရမည်ဖြစ်သည်။
သရောလ်သည် အဆင့်၂၂သို့ရောက်ရှိနေခဲ့ပြီး နောက်ထပ်ကျွမ်းကျင်မှု ၄ခုအားသင်ယူနိုင်ခဲ့သည်။ ထိုကျွမ်းကျင်မှုများမှာ လေတိုတမ် ၊ မုန်တိုင်းရိုက်ချက် ၊ မှော်စွမ်းအင်တိုတမ်နှင့်ချော်ရည်တိုတမ်တို့ဖြစ်သည်။
လေတိုတမ် - (အဆင့် ၃ထိမြင့်တင်နိုင်သည်)
- ၎င်းကိုအသုံးပြုချိန်တွင် မိမိတို့တပ်သားများ၏ အမြန်နှုန်းကိုမြင့်တင်ပေးနိုင်သည်။
မုန်တိုင်းရိုက်ချက် - (အဆင့် ၃ထိမြင့်တင်နိုင်သည်)
- ၎င်းကိုအသုံးပြုချိန်တွင် သရောလ်သည်ရန်သူများကို တိုက်ခိုက်ရန် မုန်တိုင်းတစ်ခုကိုအသုံးပြုနိင်သည်။
မှော်စွမ်းအင်တိုတမ်
- ၎င်းကိုအသုံးပြုချိန်တွင် မိမိတို့တပ်သားများ၏ မှော်စွမ်းအင်ပြန်လည်ရယူနှုန်းအား တိုးမြင့်ပေးနိုင်သည်။
ချော်ရည်တိုတမ်
- ၎င်းကိုအသုံးပြုပါက သရောလ်သည် ရန်သူများကိုတိုက်ခိုက်ရန်အတွက် မီးတောက်များကိုဆင့်ခေါ်နိုင်သည်။
ရှောင်ယုကိုယ်တိုင်သည်လည်း အဆင့်၂၆သို့ရောက်ရှိနေခဲ့ပြီး သရောလ်၏အဝေးမြင်ကွင်းကိုသင်ယူကာ အမြင့်ဆုံးထိအဆင့်မြင့်လိုက်သည်။ တစ်ချိန်တည်းမှာပင်သူသည် မိုင်ယဗ်၏ရွေ့ပြောင်းခြင်းနှင့်ခိုင်ရင်း၏ ရက်စက်ကြမ်းကြုတ်သောသက်ရောက်မှုတို့အား သင်ယူခဲ့သည်။ ဤနည်းဖြင့်သူသည် မည်သည့်အန္တာရယ်ကိုမှ ဂရုစိုက်စရာမလိုဘဲ စစ်မြေပြင်၌လွတ်လွတ်လပ်လပ်သွားလာနိုင်မည်ဖြစ်သည်။ သူ၏အိပ်မက်သည် အသန်မာဆုံးဖြစ်လာရန်ဖြစ်ပြီး ယခုအခါထိုအခွင့်အရေးသည် သူ၏တံခါးဝ၌ရောက်နေပြီဖြစ်သည်။ သူသည် ရန်သူရာချီဖြင့်ဝိုင်းရံခံထားရချိန်တွင် ထိုကျွမ်းကျင်မှုများ၏အစွမ်းကြောင့် ရှင်သန်နိုင်စွမ်းတိုးလာမည်ဖြစ်သည်။
ရှောင်ယုသည် အမြန်နှုန်းကိုဦးစားပေးနေသော်လည်း သန်မာမှုအရာ၌လည်း နောက်ကောက်မကျခဲ့ပေ။ သူသည် ဆန်းကြယ်ပုဆိန်အားအသုံးပြုနေသော်လည်း စစ်မြေပြင်၌ ခိုင်ရင်းလောက်သန်မာမှုမရှိသည့်ရန်သူများကို အလွယ်တကူရင်ဆိုင်နိုင်ပေသည်။ မိုင်ယဗ်၏ရွေ့ပြောင်းခြင်းနှင့်အန်တိုနီဒက်စ်၏ တည်နေရာရွေ့ပြောင်းခြင်းတို့သည် မတူညီကြပေရာ ရှောင်ယုသည်ထိုကျွမ်းကျင်မှုနှစ်ခုအား တစ်ခုပြီးတစ်ခုဆက်တိုက်ထုတ်သုံးနိုင်ပေသည်။ ထို့ကြောင့် သူ့အားဟန့်တားလိုသူမှန်သမျှသည် ကျရှံးမှုနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။
...
...
နောက်ထပ်၃ရက်ခန့်အကြာတွင် ကနေဒီမိသားစု၏စစ်တပ်သည် ခြင်္သေ့မြို့၏တံခါးဝသို့ရောက်ရှိလာခဲ့ပြီး ခြင်္သေ့မြို့နှင့်အလွန်နီးကပ်စွာ စခန်းချခဲ့သည်။ သူတို့သည် ရေရှည်စစ်ပွဲတစ်ခုအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ထင်ရှားနေခဲ့သည်။
ရှောင်ယုသည် မြို့ပြင်ရှိသူတို့၏စခန်းဆီသို့ အေးအေးလူလူထွက်ခွာလာခဲ့သည်။ ထိုနေရာတွင် ရန်သူစစ်သားများသည် တဲဆောက်ကာအလုပ်ရှုပ်နေကြသည်ကို သူတွေ့လိုက်ရသည်။
" ဆက်ကြိုးစားထားကြ ... "
ခြင်္သေ့မြို့မှနေ၍ လူတစ်ယောက်မြင်းစီးပြီးထွက်လာသည်ကိုမြင်သောအခါတွင် ရန်သူစစ်သားများသည် အနည်းငယ်အံ့သြသွားခဲ့သည်။ ရှောင်ယုသည် သူတို့၏စခန်းဆီသို့ရောက်လာလိမ့်မည်ဟု မည်သူကမှမထင်ထားခဲ့ကြပေ။ ထို့ပြင်သူတို့သည် ခြင်္သေ့နယ်မြေသခင်က ယခုလ်ိုအရူးတစ်ယောက်ဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူတို့သည် ရှောင်ယုအားခဏလောက်စိုက်ကြည့်နေသော်လည်း အဆုံးသတ်တွင် လျစ်လျူရှုရန်ရွေးချယ်လိုက်သည်။ ရှောင်ယုသည် ခေါင်းကုတ်လိုက်ကာ မြင်းပေါ်မှဆင်း၍မေးမြန်းလိုက်သည်။
" ဟေး ... မင်းတို့ရဲ့ခေါင်းဆောင်ဘယ်သူလဲ "
" ဘယ်ကခေါင်းဆောင်လဲ ... "
စစ်သားကထင်းခုတ်မပျက် ပြန်မေးလိုက်သည်။ ရှောင်ယုသည် သူ့အားမေးခွန်းမေးနေခြင်းက သူ၏အလုပ်များကို အဟန့်အတားဖြစ်စေသည်ဟု သူခံစားမိပေသည်။
" မင်းရဲ့တပ်မှူးလေ ... "
ရှောင်ယုက ထပ်မေးလိုက်သည်။
" ဟိုမှာ ... သူကငါတို့ရဲ့တပ်မှူးပဲ "
ထိုစစ်သားသည် လက်ထဲတွင်ကြာပွတ်တစ်ခုကိုကိုင်ထားသော လူတစ်ယောက်ကိုညွန်ပြလိုက်ပြီးနောက် အလုပ်ဆက်လုပ်နေခဲ့သည်။
" သူကရာထူးနိမ့်သေးတယ်လေ ... ငါကမင်းတို့ရဲ့ခေါင်းဆောင်ကိုရှာနေတာ ... တပ်ဖွဲ့တစ်ခုလုံးက်ိုဦးဆောင်လာတဲ့သူ "
ရှောင်ယုကပြောလိုက်သည်။
" အိုး ... အဲဒါလား ... မင်းကသူ့ဆီကိုစာလာပို့တာလား "
ရှောင်ယုသည် ခြင်္သေ့မြို့မှစေလွှတ်လိုက်သော သံတမန်တစ်ယောက်ဖြစ်သည်ဟု ထိုလူကယုံကြည်နေခဲ့သည်။ ဤတိုက်ကြီးပေါ်၌ တိုက်ပွဲမစတင်မှီ သံတမန်များကိုသတ်ဖြတ်ခြင်းမပြုရဟူသော စည်းမျည်းတစ်ခုရှိကြောင်း ရှောင်ယုနားလည်ထားသည်။
" ဟုတ်တယ် ... ငါပဲ "
ရှောင်ယုက အဖြေပေးလိုက်သည်။
" တပ်မှူးတွေ ဘယ်မှာနေတယ်ဆိုတာ ငါမသိဘူး .. အများစုကတော့ စခန်းနောက်ဘက်ကတဲတွေမှာနေတာပဲ "
ထိုလူကတုံ့ပြန်ပြောဆိုလိုက်သည်။
ထိုအချိန်တွင် ဤနေရာကိုကွပ်ကဲသောအရာရှိရောက်ရှိလာပြီး ရှောင်ယုကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
" မင်းကဒီမှာဘာလာလုပ်တာလဲ .. "
စစ်ပွဲမစတင်ရသေးရာ တစ်ယောက်ကိုတစ်ယောက်ရန်သူဟု မမြင်ကြသေးပေ။ ထိုကြီးကြပ်ရေးအရာရှိကလည်း ရှောင်ယုကိုသံတမန်တစ်ယောက်ဟု ယုံကြည်နေခဲ့သည်။
ရှောင်ယုသည် ထိုလူအားကြည့်ကာ မေးမြန်းလိုက်သည်။
" ဒီကိုရောက်လာတဲ့တပ်တွေကို ဦးဆောင်လာတဲ့ကနေဒီမိသားစုရဲ့ တပ်မှူးနာမည်ကိုသိချင်တယ် "
ကြီးကြပ်ရေးအရာရှိသည် မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။
" ငါတို့ကိုဦးဆောင်တာက ဝေပြည်နယ်ရဲ့ဗိုလ်ချုပ်လီဟဲပဲ ... ကနေဒီမိသားစုကငါတို့ကိုကူညီဖို့ရောက်လာတာ "
ကနေဒီမိသားစုသည် ဝေပြည်နယ်အားသိမ်းပိုက်ထားခဲ့ပြီဖြစ်သည်။ သို့သော်လည်း ထိုအကြောင်းကိုသာမန်လူများက မသိကြသေးရာ ကနေဒီမိသားစုကသူတို့အား လာရောက်ထောက်ပံ့သည်ဟုသာ ယူဆထားကြသည်။
ရှောင်ယု၏မျက်လုံးများသည် အရောင်တောက်လာကာ တိုးတိုးလေးပြောလိုက်သည်။
" မင်းတို့အားလုံးအလိမ်ခံနေရတာပဲ ... မင်းတို့ရဲ့အရှင်ကအသတ်ခံလိုက်ရပြီ ... လီဟဲဆိုတာကလည်း ကနေဒီမိသားစုရဲ့ရုပ်သေးတစ်ခုပဲ ... မင်းတို့ပြန်ရောက်ရင် ဝေပြည်နယ်ရဲ့အုပ်ချုပ်သူကပြောင်းလဲသွားပြီဆိုတာ တွေ့ရလိမ့်မယ် "
အခန်း ၂၉၉ - စကားတစ်ခွန်း
ရှောင်ယု၏စကားနှင့်လေသံအရ တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ထိုကြီးကြပ်အရာရှိခံစားမိလိုက်သည်။
သို့သော်လည်း သူသည်သာမန်စစ်သားတစ်ယောက်သာဖြစ်ပြီး ဤကိစ္စ၌ အမှားအယွင်းတစ်စုံတစ်ခုဖြစ်ခဲ့ပါက သူ၏ခေါင်းဆောင်များကို သတင်းမပေးမိသည့်အတွက် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။
" လီဟဲဒါမှမဟုတ် ... ရှချီကိုခေါ်လ်ိုက် ... ငါသူတို့နဲ့စကားပြောချင်တယ် "
ရှောင်ယုကပြောလ်ိုက်သည်။
" မင်းက ငါတို့ရဲ့ဗိုလ်ချုပ်တွေကိုတွေ့ချင်တာလား ... မင်းမှာသတင်းပို့စရာတစ်ခုခုရှိလား ... ငါကဗိုလ်ချုပ်ရှချီကိုပြန်ပြောပေးမယ် "
ရှောင်ယုသည် ခဏလောက်စဉ်းစားပြီး ပြန်ပြောလ်ိုက်သည်။
" ငါကဒီကိုသတင်းပို့ဖို့ရောက်လာတာမဟုတ်ဘူး ... သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်က သူ့က်ိုတွေ့ဖို့ရောက်လာတယ်လို့ ရှချီကိုပြောလိုက်ပါ ... သူသာငါ့ကိုမြင်ရင် ငါဘယ်သူလဲဆိုတာသိလိမ့်မယ် "
ကြီးကြပ်အရာရှိသည် ရှောင်ယုကိုအံ့အားသင့်စွာစိုက်ကြည့်လိုက်ပြီးနောက် သူ၏ဗိုလ်ချုပ်များထံသို့အစီရင်ခံရန် လှည့်ထွက်သွားခဲ့သည်။ ရှောင်ယုသည် ခုနကစစ်သားနှင့်စကားစမြည်ဆက်ပြောနေခဲ့ကာ သစ်သားတုံးအနည်းငယ်ကိုကူခွဲပေးခဲ့သည်။
" သစ်ခုတ်ရင် တောင့်တောင့်ကြီးရပ်မနေနဲ့ ... မြေကြီးကိုရောက်တဲ့ထိ အားစိုက်ပြီးခုတ်ကြ "
ရှောင်ယုသည် ဤနေရာ၌အလုပ်လုပ်နေသောစစ်သားများ၏ ခေါင်းဆောင်ဖြစ်လာရန်အတွက် အချိန်များစွာမလိုလိုက်ပေ။ ထိုစစ်သားများ၏အမြင်၌ ရှောင်ယုသည်သာမန်လူတစ်ယောက်ဖြစ်သော်လည်း သူ၏စကားများက သြဇာအာဏာနှင့်ပြည့်ဝနေခဲ့သည်။ သူတို့အားလုံးသည် ရှောင်ယုကရန်သူစခန်းမှလာရောက်သည်ကိုပင် မေ့လျောသွားခဲ့ကြသည်။ ထို့နောက် မြင်းခွာသံအချို့ထွက်ပေါ်လာကာ မြင်းအချို့သည်ရှောင်ယုထံသို့ချည်းကပ်လာခဲ့သည်။
" ဗိုလ်ချုပ် ... ဒါကသူပဲ "
ကြီးကြပ်အရာရှိသည် ရှောင်ယုအားလက်ညိုးထိုးပြလိုက်ပြီး သူသည်လည်းအနည်းငယ်အံ့သြသွားခဲ့သည်။ ထိုလူသည် သူတို့၏ရန်သူဖြစ်သော်လည်း အဘယ်ကြောင့်သူတို့အားကူညီရသနည်း။ သူအမှန်ပင်စဉ်းစားမတတ်တော့ပေ။
ထိုအချိန်တွင် မြင်းပေါ်ရှိဗိုလ်ချုပ်၏အကြည့်များသည် တောက်ပသွားခဲ့ပြီး မြင်းပေါ်မှခုန်ဆင်းလိုက်သည်။
" ဟားဟား ... အစ်ကိုယု မတွေ့ရတောင် အတော်ကြာပြီ "
ရှချီကပြုံး၍ပြောလိုက်သည်။
ရှောင်ယုသည် သူ့ခေါင်းပေါ်ရှိချွေးများကိုသုတ်ရင်းပြောလိုက်သည်။
" ဟုတ်တယ် ... အတော်ကိုကြာခဲ့ပြီ ... မင်းရောအဆင်ပြေတယ်မလား "
ရှချီသည် ဝေပြည်နယ်၌ရှိစဉ်က မူလီအားချောက်တွန်းရန်အတွက် ရှောင်ယုနှင့်ပူးပေါင်းခဲ့ဖူးသည်။
" ငါအဆင်ပြေပါတယ် ... မင်းကိုယ်တိုင်လည်းအတော်လေး ကောင်းကောင်းမွန်မွန်လုပ်ဆောင်ခဲ့တယ်လို့ ငါသတင်းရထားတယ် ... မင်းရဲ့စွမ်းဆောင်မှုကတော်တော်မနာလိုစရာကောင်းတာပဲ "
ရှချီကရယ်မောလိုက်သည်။
ရှောင်ယုက သူ၏လက်များကိုခါယမ်းလိုက်သည်။
" အဲလောက်လည်းမဟုတ်ပါဘူး ... ငါကငါ့အဖေထားခဲ့တဲ့ အခြေခံကိုအသုံးပြုပြီး ဒီလိုအခြေအနေကိုရောက်လာတာပဲ ... ငါကဒီအရာတွေကိုအမွေဆက်ခံရုံသက်သက်ပဲ ... မင်းလည်းအခွင့်အရေးတွေ တော်တော်ရခဲ့တယ်လို့ငါသတင်းကြားတယ် "
ရှချီသည်ပြုံးလိုက်ပြီး ထိုအကြောင်းနှင့်ပတ်သက်၍ မတုန့်ပြန်ခဲ့ပေ။ သူသည် ရှောင်ယုအားပွေ့ဖက်ရင်း ပြောလိုက်သည်။
" ဘယ်လ်ိုပဲဖြစ်ဖြစ် ငါတို့ကညီအစ်ကိုတွေပဲ ... ဒါကြောင့်ငါတတ်နိုင်တဲ့အရာသာဆိုရင် ဘာပဲဖြစ်ဖြစ်ငါတို့ကူညီပေးမယ် ... ခုဆိုရင်အရမ်းကိုအင်အားကြီးတဲ့စစ်တပ်တစ်ခုက ခြင်္သေ့မြို့ရဲ့တံခါးဝနားကိုရောက်နေခဲ့ပြီ ... ဒါကြောင့်ညဏ်ရှိရှိနဲ့စောစောအညံ့ခံလိုက်တာအကောင်းဆုံးပဲ ... ငါ့ရဲ့အထက်လူကြီးတွေကို မင်းအကြောင်းကောင်းကောင်းတင်ပြပေးမယ် ... မင်းရဲ့နောက်ဆုံးနေ့ရက်တွေမတိုင်ခင်အထိ မင်းအဆင်ပြေစေရမယ်လို့ငါကတိပေးတယ် "
ရှောင်ယုက ပြုံးမိလိုက်သည်။
" မင်းရဲ့လိုက်လျောမှုအတွက် ငါတကယ်ကိုကျေးဇူးတင်တယ် ... ဒါပေမဲ့ငါကတစ်ကိုယ်တော်ဝံပုလွေတစ်ယောက်ပဲ ... ငါ့အပေါ်ထိန်းချုပ်မယ့်သခင်တစ်ယောက်ကို ငါမလိုချင်ဘူး ... ငါကထိန်းချုပ်ခံရတာကိုမကြိုက်တဲ့အတွက် ငါအညံ့ခံမှာမဟုတ်ဘူးဆိုတာ နားလည်ထားသင့်တယ် "
ရှောင်ယုနှင့်ရှချီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ရယ်မောမိလိုက်ကြသည်။ အခြားသူများသာဆိုလျှင် အမှန်တရားကိုမသိပါက သူတို့အားညီအစ်ကိုအရင်းများဟု ထင်မြင်သွားလောက်ပေသည်။
" ကောင်းပြီလေ .... ညီကို .... ဒါကမင်းရဲ့ရွေးချယ်မှုပဲ ... ပြီးမှဒီအစ်ကိုက မင်းကိုသတိမပေးဘူးလို့တော့မပြောနဲ့ "
ရှချီကပြောလိုက်ပြီး အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေကမကြာခင် ဖြစ်ကိုဖြစ်လာရမှာပဲ ... ဒါပေမဲ့ငါက ကနေဒီမိသားစုရဲ့သခင်လေးဆီကိုအလည်အပတ်သွားချင်နေတုံးပဲ ... သူ့ရဲ့နာမည်ကဘာလဲ "
ရှောင်ယုသည် အကြောင်းအရာကိုချက်ချင်းပြောင်းလဲလိုက်သည်။
" မင်းက သခင်လေးရောဘတ်ကိုတွေ့ချင်နေတာလား "
ရှချီ၏အကြည့်များသည် ချက်ချင်းကျဉ်းမြောင်းသွားခဲ့သည်။
ရှောင်ယုက ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ် .... နောက်ဆုံးအကြိမ်တွေ့ဆုံတုန်းက သူနဲ့ငါအကြားနားလည်မှုလွဲမှုအချို့ရှိခဲ့တယ်လေ ... ဒါကြောင့်ငါကသူနဲ့တွေ့ပြီးအဲကိစ္စကိုဖြေရှင်းချင်လို့ "
" အိုး ... မင်းကဘာတွေပြောချင်လို့လဲ "
ရှချီသည် ရှောင်ယု၏စကားကိုကြားချိန်တွင် အတော်လေးသိချင်စိတ်ဖြစ်သွားခဲ့သည်။
" ဒါကနည်းနည်းတော့ပုဂ္ဂိုလ်ရေးနည်းနည်းဆန်တယ် .. .ငါသူနဲ့မျက်နှာချင်းဆိုင်ပြောချင်တယ် "
ရှောင်ယုကပြုံးပြလိုက်သည်။
ရှချီသည် ထိုစကားကိုကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ ခဏလောက်စဉ်းစားလိုက်သည်။
" ကောင်းပြီလေ ... ငါသူ့ကိုခေါ်ပေးမယ် ... မင်းကိုငါတတ်နိုင်သလောက်ကူညီပေးမယ် ... ဒါပေမဲ့ကနေဒီမိသားစုက မင်းဆန့်ကျင်နိုင်တဲ့အင်အားစုတစ်ခုမဟုတ်ဘူးဆိုတာ မင်းသိထားသင့်တယ် ... မင်းသာအညံ့ခံလိုက်ပြီး မင်းရဲ့တပ်သားတွေကို သခင်လေးရောဘတ်ဆီအပ်နှံလိုက်တာ အကောင်းဆုံးပဲ .. .ငါမင်းကိုလျှို့ဝှက်ချက်တစ်ခုလောက်ပြောပြမယ် ... သခင်လေးရောဘတ်က သူ့ရဲ့ကိုယ်ပိုင်အောစ့်စစ်တပ်တစ်ခုကို ယူဆောင်လာခဲ့တယ် ... ပြီးတော့အခြားအားကောင်းတဲ့စစ်သားတွေလည်းရှိသေးတယ် .. ခြင်္သေ့မြို့ကတစ်ကြိမ်တည်းနဲ့ ကျရှုံးရလိမ့်မယ် "
ရှောင်ယုသည် ရှချီ၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
" အိုး ... တကယ်လား ... သူကအောစ့်တွေကိုအမိန့်ပေးနိင်တယ်ပေါ့ "
ရှောင်ယုသည် ထိုသတင်းကိုကြားကြားချင်းတွင် ရောဘတ်၏လက်အောက်၌ရှိနေသော အောစ့်များကိုမြင်တွေ့လိုခဲ့သည်။ သူ့ဘက်တွင် ဂရင်း ၊ ခိုင်ရင်းနှင့်သရောလ်တို့ရှိနေပေရာ ထိုအောစ့်များကိုသူ့ဘက်သို့ ဆွဲသွင်းနိုင်မည်လား သူသိရှိချင်မိသည်။ အဆုံးသတ်တွင် သရောလ်နှင့်အောစ့်တို့သည် အောစ့်တို့၏ရှေးခေတ်သူရဲကောင်းများဖြစ်ကြသည်။ သရောလ်နှင့်ဂရင်းတို့သည် သူ့ဘက်၌ရှိနေသောကြောင့် ထိုအောစ့်များသည် သူ့အားဆက်လက်တိုက်ခိုက်ဝံ့မည်လားဟု ရှောင်ယုတွေးနေမိသည်။
" ညီကို ... မင်းကငါလိမ်နေတယ်လို့မင်းထင်နေတာလား ... ခဏနေဦး ... ငါသခင်လေးရောဘတ်ကိုသွားခေါ်လိုက်မယ် "
ရှောင်ယုသည် နောက်သို့ခေါင်းလှည့်လိုက်ကာ အလုပ်လုပ်နေသောစစ်သားတစ်ဦးကို ပြောလိုက်သည်။
" ဟေး ... မင်းတို့ကိုအဲလိုမလုပ်နဲ့လို့မပြောခဲ့ဘူးလား ... ပိုပြီးတော့နက်နက်ခုတ်စမ်းပါ "
ရှောင်ယုနှင့်ထိုတပ်သားများသည် သစ်တုံးများကိုခုတ်ထစ်လိုက်ကြပြီး ခံစစ်စည်းကိုဆက်လက်ဖော်ဆောင်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူရဲကောင်းတစ်ဖွဲ့သည် သူ့ထံသို့ချဉ်းကပ်လာခဲ့သည်။ ရှောင်ယုသည် သစ်တုံးတစ်ခုပေါ်၌ထိုင်နေကာ အလုပ်လုပ်နေသောစစ်သားများကို ကြည့်နေခဲ့သည်။ ရှောင်ယုသည် သူ့ဆီလာနေသောစစ်သားများကို ဂရုပင်မစိုက်ပေ။ အလုပ်ကြမ်းလုပ်နေသောစစ်သားများသည် သူတို့လုပ်လက်စအလုပ်များကိုရပ်တန့်၍ အသစ်ရောက်ရှိလာသူများအား ဦးညွတ်လိုက်ကြသည်။ ထိုမြင်ကွင်းမှတဆင့် ယခုရောက်ရှိလာသူများသည် ရာထူးအမြင့်ကိုရရှိထားကြောင်း တွေ့မြင်နိုင်သည်။
ထိုအချိန်မှ ရှောင်ယုသည် အသစ်ရောက်ရှိလာသူများကို လှည့်ကြည့်လိုက်သည်။ ထိုအုပ်စုအလယ်တွင် သူရဲကောင်းများဝိုင်းရံကာကွယ်ပေးထားသော လူငယ်တစ်ယောက်ရှိနေခဲ့သည်။ ထိုလူငယ်သည် ရောဘတ်ဖြစ်ပြီး မြေအောက်မြို့တော်၌စူးစမ်းလေ့လာခဲ့ချိန်က ရှောင်ယုနှင့်တွေ့ဆုံခဲ့သူဖြစ်သည်။ ထိုအချိန်က ရှောင်ယုသည် ရောဘတ်၏အမည်ကိုမသိဘဲ စော်ကားမိခဲ့သည်။
" ဟမ့် ... ပုရွက်ဆိတ်လေး ... မင်းကခုမှလာပြီးအညံ့ခံချင်နေတာလား ... တကယ်လို့မင်းသာငါ့ရဲ့အစေခံဖြစ်ပေးမယ်ဆိုရင်တော့ ငါမင်းရဲ့အသက်ကိုချမ်းသာပေးမယ် ... ဒါပေမဲ့တစ်နေ့ကို မင်းကြိမ်ဒဏ်၁၀ချက်ခံရမယ် "
ရောဘတ်၏အတွေးများသည် ယခုအချိန်ထိမပြောင်းလဲသေးပေ။ သူသည်ယခင်အတိုင်း အခြားသူများကိုနှိမ့်ချတတ်သော မာနကြီးသောသခင်လေးတစ်ယောက်ဖြစ်နေဆဲဖြစ်သည်။ အမှန်တော့ ရှချီသည်ရှောင်ယုနှင့်ပတ်သက်၍ ကောင်းမွန်သောစကားများစွာကိုပြောခဲ့သလို ရှောင်ယုသည်ငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန်ရောက်လာကြောင်း ရောဘတ်က်ိုပြောခဲ့သည်။ ထို့ကြောင့် ရှောင်ယုသာသူ၏ကျွန်အဖြစ်လက်ခံပါက ငြိမ်းချမ်းရေးဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
" သခင်လေးရောဘတ် ... ငါဒီကိုရောက်လာတာကအညံ့ခံဖို့အတွက်မဟုတ်ဘူး ... နောက်ဆုံးအကြိမ်ငါတို့တွေ့တုံးက မင်းကိုပြောစရာစကားတစ်ခွန်း ငါမေ့ကျန်ခဲ့လို့ "
ရှောင်ယုသည် ရောဘတ်ကိုစိုက်ကြည့်ရင်း လျင်မြန်စွာပြောလိုက်သည်။
ရှောင်ယု၏စကားကြောင့် ရောဘတ်၏မျက်လုံးများ၌ သတ်ဖြတ်လိုသောအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားခဲ့သည်။
" မင်းကဒီကိုအညံ့ခံဖို့ရောက်လာတာမဟုတ်ဘူးဆိုတော့ ဘာလို့ရောက်လာတာလဲ "
ထိုအခိုက်အတန့်တွင် ရောဘတ်သည်အနည်းငယ်နားမလည်နိုင်ဖြစ်ခဲ့သည်။ ရန်သူဘက်မှခေါင်းဆောင်သည် သူ၏စခန်းသို့လာရောက်ကာ အညံ့မခံဟု ရဲရဲတင်းတင်းပြောဆိုလာခဲ့သည်။ ထိုကောင်သည် အမှန်ပင်သေချင်နေသည်လား ...
ရှောင်ယု၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
" ချစ်လှစွာသောရောဘတ် ... ငါမင်းကိုပြောချင်တာတစ်ခုရှိတယ် ... အဲ့ဒါကတော့ မင်းမေ** -ိုးလိုက် "
ရှောင်ယုသည် ထိုသို့အော်ဟစ်ပြီးနောက် သူရဲကောင်းဆန်စွာခုန်လွှားခြင်းကိုထုတ်ဖော်၍ ချက်ချင်းခုန်ထွက်သွားခဲ့သည်။
အခန်း ၃၀၀ - မျက်စိမှိတ်တိုက်ခိုက်ခြင်း
ရှောင်ယု၏ရုတ်တရက်အပြုအမူကြောင့် ရောဘတ်သည်တုန်လှုပ်သွားခဲ့ကာ ၃စက္ကန့်ခန့်ကြောင်အစွာရပ်နေခဲ့သည်။
သို့သော်လည်း သူသည်ချက်ချင်းသတိပြန်ဝင်လာကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
" သတ် ... သတ် ... အဲ့ကောင်က်ိုသတ်စမ်း "
ရောဘတ်၏ဘေးနှစ်ဖက်တွင် ပဥ္စမအဆင့်သူရဲကောင်းနှစ်ဦးရှိနေသော်လည်း သူတို့သည်ရှောင်ယုအားလိုက်ဖမ်းရန် အတန်ငယ်နောက်ကျနေခဲ့ပြီဖြစ်သည်။ သူတို့နှစ်ဦးလုံးသည် ရောဘတ်က်ိုလက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်းရှိသော်လည်း ယခုအခါတွင် မည်သည့်အထွန့်တက်မှုမှမရှိဘဲ ရောဘတ်ရှေ့၌ဒူးထောက်လိုက်ကြသည်။
" အမှိုက်တွေ ... မင်းတို့အကုန်လုံးကအမှိုက်တွေချည်းပဲ ... မင်းတို့ကောင်တွေက သူထွက်သွားတဲ့အထိ ဘာရပ်လုပ်နေကြတာလဲ "
ရောဘတ်သည် သူ့အားဝိုင်းကြည့်နေကြသည့် သာမန်စစ်သားများ၏မျက်နှာပေါ်ရှိ ထူးဆန်းသောအမူအရာကိုတွေ့မြင်လိုက်ချိန်တွင် ကျယ်လောင်စွာအော်ဟစ်ကြိမ်းမောင်းလိုက်သည်။ ထိုစစ်သားများသည် ရယ်မောလိုကြသော်လည်း ထိုရယ်မောချင်စိတိကို အတင်းဖိနှိပ်ထားရသည့်အတွက် သူတို့၏မျက်နှာအမူအရာသည် ထူးဆန်းနေခဲ့သည်။ ထို့ကြောင့်ရောဘတ်က ဒေါသတကြီအော်ဟစ်လိုက်သည်။
" အသံထွက်လာတဲ့သူတိုင်းကိုသတ် .... "
ရောဘတ်၏စကားက်ိုကြားချိန်၌ သာမန်စစ်သားများအားလုံးသည် တောင့်တင်းသွားခဲ့ကြသည်။
မင်းကဘာလို့ တခြားသူတစ်ယောက်ဆီမှာ ကြိမ်းမောင်းခံရတိုင်း ငါတို့ကိုသတ်ချင်နေရတာလဲ ... ဒါကတအားမလွန်လွန်းဘူးလား ....
စစ်သားများ၏နှလုံးသားထဲ၌ ကြောက်ရွံ့မှုများဖြစ်ပေါ်လာပြီး သနားညာတာမှုတောင်းရန်ပြင်ဆင်လိုက်ချိန်တွင် ရောဘတ်နံဘေးရှိ ပဥ္စမအဆင့်စစ်သည်နှစ်ယောက်က ချက်ချင်းလှုပ်ရှားလိုက်သည်။ ထို့နောက် ဤနေရာရှိစစ်သားအားလုံးကို တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်လိုက်ကြကာ စစ်သားများကတုံ့ပြန်ရန်အချိန်မရခဲ့ပေ။
ရှချီသည်လည်း တောင့်တင်းနေခဲ့ကာ ထိုအခိုက်အတန့်တွင် သူသည် အသက်ပင်မရှုရဲတော့ပေ။
အချို့သောစစ်သားများက ရှချီအားလှမ်း၍အကူအညီတောင်းလိုက်ကြသည်။
" ဗိုလ်ချုပ် ... ကယ် ... ကယ်ပါ "
သို့သော်လည်း ပဥ္စမအဆင့်သူရဲကောင်းနှစ်ဦးက ထိုစစ်သားများ၏နှလုံးသားကိုဆွဲထုတ်လိုက်ကြသည်။ ထိုစစ်သားများသည် သူတို့၏မျက်လုံးများမှ အသက်ဝိညာဉ်ကင်းမဲ့သွားချိန်တွင် ရှချီအားနောက်ဆုံးအချိန်ထိအားကိုးတကြီးကြည့်နေခဲ့သည်။ ရှချီသည် သူ့ရှေ့မှမြင်ကွင်းကိုကြည့်ရင်း မြင်းပေါ်မှပြုတ်ကျသွားခဲ့သည်။ သူသည် သူ၏အဖေကဲ့သို့ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကာ မရေမတွက်နိုင်သောလူများကိုသတ်ဖြတ်ဖူးပြီး မည်သည့်အခါမှယခုလိုမကြောက်ရွံ့ဖူးပေ။ သို့သော်လည်း ယခုအချိန်တွင် ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် သူ၏ကိုယ်ပိုင်တပ်သားများကိုပင်မကာကွယ်နိုင်ခဲ့ပေ။ သူသည် ထိုမြင်ကွင်းကြောင့်အလွန်ထိတ်လန့်သွားကာ စကားပင်မပြောနိုင်တော့ပေ။
" ဟမ့် ... မင်းကဒီကောင်တွေအတွက် ကိုယ်ချင်းစာပေးနေတာလား "
ရောဘတ်ကမေးမြန်းလိုက်သည်။
ရှချီသည် သူ၏လက်များကိုချက်ချင်းခါရမ်းလိုက်သည်။
" မဟုတ်ဘူး ... သခင်လေးရောဘတ်ကိုရယ်မောဝံ့တဲ့ ဘယ်သူမဆိုခုလိုသတ်ဖြတ်ခံရသင့်တယ် "
" ကောင်းပြီ ... မင်းကညဏ်ကောင်းသားပဲ "
ရောဘတ်၏မျက်နှာသည် ဆိုးရွားနေသော်လည်း ရှချီအားသတ်ဖြတ်ရန်အတွက် သူ၏သူရဲကောင်းများကိုအမိန့်မပေးဘဲ ထိန်းချုပ်ထားနိုင်ခဲ့သည်။ အမှန်တော့ ရှချီသည်သူ့အား ဤအခြေအနေသို့ရောက်အောင် ပို့ဆောင်ခဲ့သူဖြစ်သည်။ ရောဘတ်သည် မာနမကြီးသော သခင်လေးတစ်ယောက်ဖြစ်သော်လည်း စစ်တပ်ကိုဦးဆောင်ရန်အတွက် ဗိုလ်ချုပ်များနှင့်ကွပ်ကဲရေးမှူးများလိုအပ်ကြောင်းကို သူနားလည်ထားသည်။ ယခုအခိုက်အတန့်တွင် သူသည်ဝေပြည်နယ်၏တပ်များကို ထိန်းချုပ်ရန်အတွက် ဤသားအဖကိုလိုအပ်နေသေးသည်။ အကယ်၍ သူတို့သာသေဆုံးသွားပါက ဝေပြည်နယ်၏စစ်တပ်သည် သူ၏အမိန့်ကိုမနာခံလောက်တော့ပေ။
...
...
ရောဘတ်သည် သာမန်စစ်သားများကိုသတ်ဖြတ်ပြီးနောက်တွင် သူ၏မြင်းကိုနောက်လှည့်၍ ထွက်ခွာသွားခဲ့သည်။ သို့သော်လည်း သူသည်ရှောင်ယု၏ကြိမ်းမောင်းစကားကို ပြန်သတိရလိုက်ချိန်တွင် သူ၏ရင်ဘတ်သည်ပြင်းပြင်းထန်ထန်တုန်ခါလာခဲ့သည်။ သူသည် ရှောင်ယု၏ကြိမ်းမောင်းခြင်းကို အသားလွတ်ခံခဲ့ရသော်လည်း ဘာမှပြန်မလုပ်န်ိုင်ခဲ့ပေ။ တစ်စုံတစ်ယောက်သည် သူ့အားထိုသို့မကြောက်မလန့်ကြိမ်းမောင်းရဲသည်မှာ အချိန်မည်မျှကြာသွားပြီမှန်းမသိပေ။ နောက်ဆုံးအကြိမ်ကလည်း မြေအောက်မြို့တော်၌ ရှောင်ယုကသာ သူ့အားကြိမ်းမောင်းခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ကြိမ်းမောင်းကျိန်ဆဲမှုသည် ယခုတစ်ကြိမ်လောက် မဆိုးရွားသော်လည်း ရှောင်ယုအားထာဝရ မုန်းတီးသွားစေခဲ့သည်။
" မြို့သိမ်းလက်နက်တွေအသင့်ပြင်စမ်း ... ဒီမြို့ကိုလေတောင်မဝင်ရအောင်ပိတ်ဆို့ထားလိုက် ... မြို့ကိုသိမ်းပိုက်ပြီးရင် အဲ့ကောင်ကိုဖမ်းထားပြီးတော့ မသေခင်နှစ်အနည်းငယ်လောက်ကြာအောင် နှိပ်စက်ပစ်လိုက်မယ် .. "
ရောဘတ်၏နဖူးပေါ်ရှိ သွေးကြောများသည်ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖောင်းကားလာခဲ့သည်။ ထိုသွေးကြောများသည် အချိန်မရွေးပေါက်ကွဲသွားနိုင်ပုံပင်ရှိသည်။ သူ့နောက်တွင်ရပ်နေသော သူရဲကောင်းများသည်လည်း စကားတစ်ခွန်းမှမပြောဘဲ တိတ်ဆိတ်နေကြသည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူတို့သည်ရောဘတ်အားအကြံညဏ်အချို့ဝင်ပေးမည်ဆိုသော်လည်း လက်ရှိအချိန်တွင် ရောဘတ်အားတစ်စုံတစ်ယောက်ကမှ ဝင်ရောက်အကြံပေးလိုခြင်းမရှိကြပေ။
...
...
ရှောင်ယုသည် ခြင်္သေ့မြို့သို့ပြန်ရောက်သည်နှင့် မူလီနှင့်ကပ္ပတိန်ဟွေ့က်ိုရှာကာ အမိန့်ပေးလိုက်သည်။
" အကုန်လုံးစစ်ပွဲအတွက် အသင့်ပြင်ထားပေး ... ဒီကောင်လေးက ခြင်္သေ့မြို့ကိုအချိန်မရွေးတိုက်ခိုက်လာနိုင်တယ် "
ရှောင်ယု၏စကားကြောင့် မူလီသည်အနည်းငယ်သံသယဝင်မိသွားသည်။
" ဒါကမဖြစ်နိုင်ဘူးလေ ... သူတို့ကခုမှရောက်ပြီး စခန်းချဖို့အတွက်တန်းလျားနဲ့တဲတွေဆောက်နေတာမလား ... ဘာလို့သူတို့ကအစောကြီးတိုက်ခိုက်ရမှာလဲ ... ထက်မြက်တဲ့ဗျူဟာမှူးတစ်ယောက်က ခုလိုအရူးတစ်ယောက်လိုလုပ်ဆောင်မှာမဟုတ်ဘူး "
ရှောင်ယုက မူလီကိုပြုံးပြလိုက်သည်။
" ငါကအဲ့ဒီဖြုန်းတီးတဲ့သားကို ရန်စစော်ကားလိုက်ပြီးတော့ ကိုယ့်မေကိုယ်ပြန်* -ိုး လိုက်ဆိုပြီး ပြောခဲ့တယ် ... ဒါကြောင့်ဖြစ်နိုင်ရင် သူကခုတောင်လာပြီးတိုက်ခိုက်လိမ့်မယ် "
ရှောင်ယု၏စကားက်ိုကြားသောအခါတွင် ကပ္ပိတိန်ဟွေ့နှင့်မူလီတို့သည် နောက်ကျောမှနေ၍ ချွေးအေးများစီးကျလာခဲ့ကာ ရန်သူများကိုခုခံရန် ပြင်ဆင်လိုက်ကြသည်။
အမှန်တော့ ခြင်္သေ့မြို့သည် ခုခံမှုများကို လွန်ခဲ့သောရက်အနည်းငယ်ခန့်ကပင် ပြင်ဆင်ပြီးသွားပြီဖြစ်သည်။ သူတို့သည် ဆရာဟစ်ဂင်ထုတ်လုပ်နေသော မှော်ပေါက်ကွဲရေးမြှားများကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင်တောင်မှ သူတို့သည်ရန်သူများ၏တိုက်ခိုက်မှုကို ခုခံကာကွယ်ရန်လုံလောက်သောအစွမ်းရှိပေသည်။
အကယ်၍ သူ့ထံတွင်မှော်ပေါက်ကွဲရေးမြှားများ မရှိလျှင်တောင်မှ ရန်သူများ၏တိုက်ခိုက်မှုလှိုင်းအနည်းငယ်ကို ခုခံကာကွယ်နိုင်မည်ဟု ရှောင်ယုယုံကြည်မှုအပြည့်ရှိသည်။ အမှန်တော့ ဤသို့ဖြစ်လာရန် သူကြိုတင်စဉ်းစားထားခြင်းဖြစ်သည်။ သူသည် လက်ရှိအခြေအနေအား သူ၏အကျိုးရလဒ်ဖြစ်အောင်ပြောင်းလဲလိုခဲ့သည်။ ယခုအချိန်တွင် ကနေဒီမိသားစုကသာ အလောတကြီးတိုက်ခိုက်လိုက်ပါက သူ၏စစ်သားများသည် ရန်သူအမြောက်အများကိုသတ်ဖြတ်နိုင်မည်ဖြစ်ကာ ကမ္မကုသိုလ်မှတ်အမြောက်အများကို ရရှိမှာဖြစ်သည်။ သူသည် နောက်တစ်ဆင့်သို့တက်ရောက်ရန်အတွက် များပြားသောကမ္မကုသိုလ်မှတ်များအား လိုအပ်နေခဲ့သည်။ မည်သို့ပင်ဆ်ိုစေ သူအဆင့်တက်သွားသည်နှင့် မသေမျိုးအခြေစိုက်စခန်းကိုအဆင့်မြင့်တင်ကာ မသေမျိုးများအားအသုံးပြုတိုက်ခိုက်နိုင်ပြီဖြစ်သည်။ ရှောင်ယုသည် ရန်သူများအားတိုက်ခိုက်ရန်အတွက် သချိူင်းပင့်ကူများနှင့်အခြားမသေမျိူးတပ်သားများကို ဆင့်ခေါ်ရန်ကြိုတင်အစီအစဉ်ဆွဲထားခဲ့သည်။
အထူးသဖြင့် ရှောင်ယုသည်စစ်မြေပြင်၌ မသေမျိူးတပ်သားများသေဆုံးသွားမည်ကို မကြောက်ရွံ့ပေ။ သူသည် အောစ့်နှင့်အခြားတပ်သားများ စစ်မြေပြင်၌သေဆုံးသည်ကိုမြင်ပါက ကြေကွဲဝမ်းနည်းရ၍ သူသည်ထိုတပ်သားများကိုအသုံးပြုကာ အသေခံတိုက်ခိုက်မှုများကို လုပ်ဆောင်ခြင်းမပြုခဲ့ပေ။ သို့သော်လည်း မသေမျိုး များကမူအခြားကိစ္စတစ်ခုဖြစ်ပေသည်။ သူတို့သည် ဆင့်ခေါ်ကတည်းကသေဆုံးနေသူများဖြစ်ရာ ထပ်မံသေဆုံးခြင်းကပြဿနာမရှိပေ။ ထို့ပြင် ရှောင်ယုသည်အနာဂတ်တွင် တိုက်ကြီးအားပေါင်းစည်းရန်စီစဉ်နေခဲ့သည်။ ထိုအချိန်တွင် သူသည်မသေမျိုးတပ်သားများစွာကို ဆုပ်ကိုင်ထားနိုင်ခဲ့ပါက တိုက်ကြီးပေါ်၌ မသေမျိုးကပ်ဘေးတစ်ခု ထပ်မံဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်သည်။
...
ရှောင်ယုထင်မှတ်ထားသည့်အတိုင်း ရန်သူတပ်များသည် ဖွဲ့စည်းပုံပြင်ဆင်ကာ ခြင်္သေ့မြို့အားစတင်၍ထိုးစစ်ဆင်တိုက်ခိုက်လာကြသည်။
" ကောင်းတယ် .... လာကြ ... ငါ့ဆီလာကြ .... ငါ့ကိုကမ္မကုသိုလ်မှတ်တွေ များများပေးစမ်း "
ရှောင်ယုသည် မြို့ထံချည်းကပ်လာသည့် ရန်သူများကိုကြည့်ရင်းပြုံးလိုက်မိသည်။ လက်ရှိသူ၏မျက်နှာအမူအရာသည် ရှားပါးရတနာများကိုရှာတွေ့သွားသည့် လောဘကြီးသောဓားပြတစ်ဦးကဲ့သို့ဖြစ်နေခဲ့သည်။
Thank For reading.