← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း ၃၀၄ - ကျောက်တုံးနက်မျိုးနွယ်

ရှောင်ယုသည် မှော်စာလိပ်များကဖန်တီးလိုက်သော လမ်းကြောင်းကိုကြည့်၍ ကျိန်ဆဲမိလိုက်သည်။

" မင်းအမေပဲပေါ့ ... မင်းဘေးနားမှာ မှော်ဆရာတွေအများကြီးရှိနေလို့ ကံကောင်းနေတာပဲ ... ကဲလ်သက်က အဆင့်၂၁ပဲရှိသေးတာနှမြောစရာပဲ ... မဟုတ်ရင်သူရဲ့မီးတောက်မှော်က ဒီကောင်တွေအကုန်လုံးကိုလောင်မြိုက်ပစ်လို့ရတယ် ... "

ကဲလ်သက်သည် ဒူပြည်နယ်အားတိုက်ခိုက်ခဲ့သည့် တိုက်ပွဲအပြီးတွင် အဆင့်၂၁ထိရောက်ရှိသွားခဲ့သည်။ သို့သော်လည်း စတုတ္ထအဆင့်မှော်ဆရာများနှင့်ယှည်ပါက သူ၏မှော်အစွမ်းသည်အတန်ငယ်အားနည်းနေသေးသည်။ ရှောင်ယုသည် ကနေဒီမိသားစုထံတွင် စွမ်းအားကြီးမှော်ဆရာအမြောက်အများရှိနေသည်ကိုမြင်သော် အမှန်ပင်မနာလိုဖြစ်မိခဲ့သည်။

" အောစ့်တွေ .. အောစ့်စစ်သည်တွေ ... သူတို့မှာလည်းအောစ့်တွေရှိနေတာလား ... "

ရှောင်ယုသည် သူ၏မျက်လုံးများကိုပင် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ သူသည် စခန်းဆီသို့ပြေးဝင်လာနေသော အနက်ရောင်အရေပြားရှိသည့် အောစ့်များကိုစူးစိုက်၍ကြည့်ရှုလိုက်သည်။ ထို့နောက်သူသည် ထိုအောစ့်များ၏ပုံပန်းသွင်ပြင်ကို မှတ်မိသွားကာ တိုးတိုးလေးရေရွတ်လိုက်သည်။

" ကျောက်တုံးနက်မျိုးနွယ် ... မင်းအမေပဲပေါ့ ... ဒီလိုငတုံးကောင်က ကျောက်တုံးနက်မျိုးနွယ်ကိုသူ့လက်အောက်ထဲရောက်အောင် လုပ်န်ိုင်ခဲ့တာလား ... သူကဒီကျောက်တုံးနက်မျိုးနွယ်ကဘာတွေလဲဆိုတာ သတိမထားမိဘူးလား ... ဒီကောင်တွေကအဆုံးမှာ သူ့ကိုပြန်ပြီးအန္တာရယ်ပြုလာမှာမကြောက်ကြဘူးလား "

အောစ့်များသည် အခြားမျိုးနွယ်များကဲ့သို့ အေဇာရောဂ့်တိုက်ကြီး၏ မူရင်းမျိုးနွယ်များမဟုတ်ကြပေ။ သူတို့သည် ဒီရေနာတိုက်ကြီးမှ ပြောင်းရွေ့လာသူများဖြစ်ကြသည်။ ကာလကြာရှည်စစ်ပွဲများနှင့်မျိုးနွယ်တွင်းပဋိပက္ခများက သူတို့၏မျိုးနွယ်ကိုအစိတ်စိတ်အမွှာမွှာကွဲထွက်စေခဲ့သည်။ အောစ့်များ၏အဓိကမျိုးနွယ်များမှာ စစ်ပွဲတေးသံမျိုးနွယ် ၊ ရေခဲဝံပုလွေမျိုးနွယ်နှင့်အခြားမျိုးနွယ်များဖြစ်ကြပြီး ကျောက်တုံးနက်မျိုးနွယ်နှင့်အရိပ်လမျိုးနွယ်တို့သည် နတ်ဆိုးဆန်သောမျိုးနွယ်များဖြစ်ကြသည်။ ရှောင်ယုသည် ထိုနတ်ဆိုးကျောက်တုံးနက်မျိုးနွယ်များသည် နှစ်ပေါင်းထောင်ချီကြာသည်အထိ မည်သို့ရှင်သန်နေထိုင်ခဲ့သည်ကို မသိခဲ့ပေ။

ထိုသို့ဆိုလျှင် အခြားသောအောစ့်မျိုးနွယ်စုများသည်လည်း အသက်ရှင်သန်နေသည်ဟု ဆိုလိုပါသလား ...

ရှောင်ယုသည် ရှချီထံမှသတင်းကိုရရချင်းတွင် သရောလ်နှင့်ဂရင်းတို့ကို ရှေ့တိုးစေကာ ရောဘတ်၏အောစ့်များကိုသိမ်းသွင်းရန် စိတ်ကူးရှိခဲ့သည်။ သို့သော်လည်း ဤနေရာတွင်ကျောက်တုံးနက်မျိုးနွယ်ဆိုပါက လုံးဝမဖြစ်နိုင်တော့ပေ။ ကျောက်တုံးနက်မျိုးနွယ်ခေါင်းဆောင် အနက်ရောင်လက်သည် သရောလ်၏ရန်သူဖြစ်သည်။

အားဂီး ...

အခြေစိုက်စခန်းမှအောစ့်များသည် ကျောက်တုံးနက်မျိုးနွယ်မှ အောစ့်များကိုတွေ့မြင်လိုက်ချိန်တွင် ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။ ထို့နောက်သူတို့သည် ရန်သူအောစ့်များကိုတိုက်ခိုက်ရန်အတွက် ပြေးဝင်သွားခဲ့ကြသည်။ ထိုဆန့်ကျင်ဖက်အောစ့်များ တိုက်ခိုက်ကြချိန်တွင် သွေးဆာမှုနှင့်သတ်ဖြတ်လိုသောရည်ရွယ်ချက်ကို အဝေးကနေပင်ရရှိနေခဲ့သည်။ ဤတိုက်ပွဲသည် ကမ္ဘာမြေပေါ်သို့ ဥက္ကာပျံကြွေကျသည်နှင့်ပင် တူနေခဲ့သည်။ ဤတိုက်ကြီးပေါ်၌ အောစ့်များသည်သူတို့ကိုယ်သူတို့ အကောင်းဆုံးစစ်သည်တော်များဟု ခေါ်ကြသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ လက်ရှိအချိန်တွင် အခြားသောတပ်သားများကို အရန်တပ်သားများအဖြစ်သာ အသုံးပြုကူညီပေးနိုင်သည်။

ရှောင်ယုတို့အောစ့်များ၏ အားသာချက်သည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းကျဆင်းလာခဲ့တော့သည်။ သရောလ်နှင့်ဂရင်းတို့သည် အောစ့်များကိုဦးဆောင်ကာတိုက်ခိုက်နေပြီး နတ်ဆရာများ ၊ ကိုဒိုသားရဲများနှင့် တိုတမ်များကသူတို့အား ထောက်ပံ့ပေးနေခဲ့သည်။ ကျောက်တုံးနက်များသည် ယခုအချိန်ထိရှင်သန်နေခဲ့ကြသော်လည်း သူတို့ထံ၌စစ်မြေပြင်၌ ကူညီထောက်ပံ့ပေးမယ့် အကြီးအကဲများနှင့်စစ်ပွဲမှော်ဆရာများမရှိတော့ပေ။ သို့သော်လည်း ကနေဒီမိသားစု၏ အားကောင်းသောစစ်သည်တော်များ ၊ မှော်ဆရာများနှင့်စက်ရုပ်များက ကျောက်တုံးနက်မျိူးနွယ်မှအောစ့်များကို ပါဝင်ကူညီတိုက်ခ်ိုက်ပေးနေခဲ့သည်။

မှော်ဆရာများသည် သူတို့၏မှော်မန္တန်များကိုထုတ်ဖော်၍ အောစ့်များက်ိုဆက်တိုက်သတ်ဖြတ်နေခဲ့သည်။ သို့သော်လည်း ရှောင်ယုတို့ဘက်ရှိ ရာနှင့်ချီသောခုခံမျှော်စင်များကြောင့် သူတို့သည်လည်းလွတ်လွတ်လပ်လပ်မလှုပ်ရှားနိုင်ပေ။ ထိုခုခံမျှော်စင်များကြောင့်သာမဟုတ်ပါက ရှောင်ယုသည်ကနေဒီမိသားစု၏ထိုးစစ်ကို ခုခံနိုင်မည်မဟုတ်ကြောင်းနားလည်ထားခဲ့သည်။ ရှောင်ယုသည် ဂရစ်ဖင်များကို သူတို့အားချက်ချင်းသတ်ဖြတ်နိုင်သည့် မှော်ဆရာများနှင့် ဝေးဝေးနေရန် အမိန့်ပေးထားခဲ့သည်။

ရွှီး .... ရွှီး ...

မြှားများသည် အမှောင်ထုလွှမ်းခြုံနေသော သစ်တောအတွင်းမှအဆက်မပြတ်ထွက်ပေါ်လာခဲ့ကာ ကနေဒီမိသားစု၏တပ်သားများကို သတ်ဖြတ်နေခဲ့သည်။ သစ်တောကိုအမှောင်ထုကလွှမ်းခြုံထားပြီး နတ်သူငယ်များသည်ဤပတ်ဝန်းကျင်၌ ပြီးပြည့်စုံစွာဖုံးကွယ်လှုပ်ရှားနိုင်ကြသည်။ ရန်သူများဘက်၌ မှော်ဆရာများရှိနေသော်လည်း သူတို့သည်အမှောင်ထုထဲ၌ ဖုံးကွယ်နေသောနတ်သူငယ်များကို မတားဆီးနိုင်ခဲ့ပေ။ ထို့ပြင်သူတို့သည် နတ်သူငယ်တစ်ယောက်အား သတ်ဖြတ်လိုပါက မှော်စွမ်းအင်အမြောက်အများကိုအသုံးပြုရမည်ဖြစ်ရေ မတန်လှပေ။

ရှောင်ယုသည် မြေမျက်နှာသွင်ပြင်အသာစီးနှင့် အမျိုးမျိုးသောတပ်သားများအပေါ်မှီခိုအားထားကာ ကနေဒီမိသားစုကိုခုခံတိုက်ခိုက်နေသော်လည်း ကနေဒီမိသားစုသည် မှော်ဆရာများ ၊ အောစ့်များနှင့်စွမ်းအားကြီးသူရဲကောင်းများအကူအညီဖြင့် တဖြည်းဖြည်းရှေ့တိုးလာခဲ့သည်။

" မင်းအမေပဲပေါ့ ... မင်းတို့ကငါ့ကိုအနိုင်ကျင့်ချင်နေတာလား ... အလုပ်သမားတွေကိုပါ တိုက်ခိုက်ခိုင်းလိုက် "

တိုက်ပွဲသည်ရှေ့မတိုး နောက်မဆုတ်ဖြစ်နေကော နှစ်ဖက်လုံးထိခိုက်ကျရှုံးနေသည်ကိုမြင်လိုက်ရ၍ ရှောင်ယုစိတ်မရှည်ဖြစ်လာခဲ့သည်။ ယခုအချိန်၌ သူသည်တပ်သားသစ်များကို မဆင့်ခေါ်နိုင်သေးသော်လည်း လက်ရှိအချိန်၌ အလုပ်သမားများကိုပါထွက်တိုက်ခိုင်းရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။ ရှောင်ယုသည် အခြေစိုက်စခန်းများကို တိုက်ခိုက်ခြင်းမှကာကွယ်နိုင်ရန်အတွက် အလုပ်သမားများစွာကို ဆင့်ခေါ်ထားခဲ့သည်။ ထိုအလုပ်သမားများသည် ကောင်းစွာအလုပ်လုပ်နိုင်သော်လည်း တိုက်ခိုက်ရေးအပိုင်း၌အားနည်းကြသည်။ သို့သော်လည်း ရန်သူများက အခြေစိုက်စခန်းကိုတိုက်ခိုက်လာချိန်တွင် သူတို့လည်းတိုက်ခိုက်ရန်ရှေ့ထွက်လာကြသည်။

ရှောင်ယု၏အမိန့်ကြောင့် အလုပ်သမားထောင်ချီသည် ဓားနှင့်ဒိုင်းများကိုဝှေ့ယမ်းကာ လူသားအခြေစိုက်စခန်းမှထွက်ပေါ်လာကြသည်။ သူတို့၏တိုက်ခိုက်ရေးစွမ်းအားသည် နိမ့်ပါးသော်လည်း ပုရွက်ဆိတ်များစွာပေါင်းစည်းလိုက်ပါက ဆင်ကိုပင်သတ်ဖြတ်နိုင်ကြောင်း နားလည်ထားသင့်ပေသည်။

တိုက်ပွဲအခြေအနေသည် အလုပ်သမားများပါဝင်လာသည်နှင့် ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ကနေဒီမိသားစု၏တပ်များသည် အောစ့်များကိုထောက်ပံ့ပေးနေကြသော်လည်း အလုပ်သမားများသည် အောစ့်များကိုအနီးကပ်ဝိုင်းရံတိုက်ခိုက်၍ သတ်ဖြတ်ပစ်ကြသည်။ ထိုတိုက်ခိုက်မှုအတွင်း အလုပ်သမားအနည်းငယ်သေဆုံးခဲ့ရသော်လည်း သူတို့သည်ရန်သူအောစ့်များကို အောင်အောင်မြင်မြင်သတ်ဖြတ်နိုင်ခဲ့သည်။

" ဒီအလုပ်သမားတွေက တော်တော်အသုံးဝင်တာပဲ ... သူတို့ကိုထပ်ပြီးဆင့်ခေါ်လိုက်"

ရှောင်ယုသည် အလုပ်သမားများက စစ်မြေပြင်၌သူတို့၏အသုံးဝင်မှုကိုပြသချိန်တွင် ၎င်းတို့အားပ်ိုမိုဆင့်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။ အစောပိုင်းတွင် နှစ်ဖက်လုံးသည်တိုက်ပွဲ၌ ညီညီမျှမျှတိုက်ခိုက်နေကြသော်လည်း အလုပ်သမားများကစစ်မြေပြင်သို့ ဝင်ရောက်လာချိန်တွင် စစ်ပွဲဒီရေသည်ရှောင်ယုဘက်သို့ အလေးသာလာခဲ့သည်။

" သခင်လေး ... ငါတို့ဒီတိုင်းဆက်နေလို့မဖြစ်တော့ဘူး ... ခဏလောက်ဆုတ်ခွာလိုက်တာက အကောင်းဆုံးပဲ "

ဇန်းသည် ဂရုတစိုက်ဖြင့်ရောဘတ်ကိုနားချလိုက်သည်။

ထိုအခိုက်အတန့်တွင် ရောဘတ်၏အမူအရာသည် ဆိုးရွားနေခဲ့သည်။ ယခုအချိန်တွင် သူတို့၏တပ်များသည်အားနည်းချက်ရှိနေခဲ့ကာ ဆက်လက်တိုက်ခိုက်နေပါက ကြီးမားသည့်ဆုံးရှုံးမှုများအား ရင်ဆိုင်ရမည်ဖြစ်ကြောင်း သူနားလည်လိုက်သည်။ ထို့ကြောင့် စိတ်မပါသော်လည်း တပ်များကိုပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ အစောပိုင်းတွင် အခြေစိုက်စခန်း၌ ခံစစ်နံရံများမရှိ၍ လာရောက်တိုက်ခိုက်ခဲ့သော်လည်း ခံစစ်မျှော်စင်များကအလွန်အစွမ်းထက်နေမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

အခန်း ၃၀၅ - ဆက်လက်ပြင်းထန်နေဆဲတိုက်ပွဲ

ရှောင်ယုသည် စစ်မြေပြင်မှဆုတ်ခွာသွားသည့် ကနေဒီမိသားစု၏တပ်များကို သတိထားမိသော်လည်း နောက်မှလိုက်လံတိုက်ခ်ိုက်ခြင်း မပြုခဲ့ပေ။

ရောဘတ်သည်ဆုတ်ခွာသွားသော်လည်း သူ၏တပ်ထဲ၌ အဆင့်မြင့်မှော်ဆရာများစွာပါရှိနေသေးသည်။ ခံစစ်မျှော်စင်များသည် ကနေဒီမိသားစုကိုဖိအားများစွာပေးခဲ့ပြီး အဆင့်မြင့်မှော်ဆရာအချို့ကိုလည်း သတ်ဖြတ်နိုင်ခဲ့သည်။ ထိုအရာသည် လုံလောက်သည်ထက်ပိုမိုနေပြီဖြစ်သည်။ သို့သော်လည်း ရှောင်ယုသာ ကနေဒီမိသားစု၏တပ်များနောက်သို့ လိုက်လံတိုက်ခိုက်ခဲ့မည်ဆိုပါက ဆုံးရှုံးမှုများစွာကြုံတွေ့နိုင်ကြောင်း သူနားလည်ထားသည်။

အမှန်တော့ စက်ရုပ်များသည် စစ်မြေပြင်၌ပြိုင်ဘက်ကင်းသော လက်နက်များဖြစ်ကြသည်။ သို့သော်လည်း ဂရစ်ဖင်များဝင်ရောက်လာချိန်တွင် ထိုစက်ရုပ်များအသုံးမဝင်ဖြစ်ခဲ့ရသည်။ သို့သော်လည်း စစ်မြေပြင်၌ ထိုကဲ့သို့စက်ရုပ်၂၀၀ခန့်ကို ချက်ချင်းထုတ်သုံးလိုက်မည်ဆိုပါက အခြေအနေများသည်များစွာကွဲပြားသွားမည်ဖြစ်သည်။

ရှောင်ယု၏အမူအရာသည် ဆိုးရွားနေသလိုပင် ရောဘတ်၏မျက်နှာ၌လည်း စိတ်ဖိစီးနေသော အမူအရာများဖြစ်ပေါ်နေခဲ့သည်။ သူသည် ရှောင်ယု၏အခြေစိုက်စခန်းကို သိမ်းပိုက်ရန်အတွက် စက်ရုပ်များ ၊ အဆင့်မြင့်မှော်ဆရာနှင့်သူရဲကောင်းများသာမက ကျောက်တုံးနက်အောစ့်များကိုပါထုတ်သုံးခဲ့သည်။ သို့သော်လည်း ခံစစ်မျှော်စင်များမှ ဆက်တိုက်ပစ်လွှတ်နေသည့် ဒူးလေးများကြောင့် သူတို့သည်ခက်ခဲသောအခြေအနေသို့ ကျရောက်သွားခဲ့ရသည်။ သူသည် စွမ်းအားကြီးမှော်ဆရာများပြုလုပ်ထားသော မှော်စာလိပ်များကိုအသုံးပြုကာ မျှော်စင်များစွာကိုဖြိုလဲခဲ့သော်လည်း တစ်ချိန်တည်းမှာပင် စတုတ္ထအဆင့်မှော်ဆရာများစွာကို ဆုံးရှုံးခဲ့ရသည်။

စတုတ္ထအဆင့်မှော်ဆရာများကို ပိုင်ဆိုင်ထားသည့်မည်သည့်နယ်မြေမဆို သူတို့၏အပိုင်းအခြား၌ ပြိုင်ဘက်ကင်းသည်ဟုဆိုနိုင်၍ ယခုအချိန်၌ရောဘတ်သည် မည်မျှထိဆုံးရှံးခဲ့ကြောင်း နားလည်နိုင်သည်။ ထို့ပြင် စစ်မြေပြင်၌ အဆင့်မြင့်သူရဲကောင်းအမြောက်အများကိုလည်း ဆုံးရှံးခဲ့ရသေးသည်။ အထွတ်အထိပ်စတုတ္ထအဆင့်သူရဲကောင်းများနှင့်ပဥ္စမအဆင့်သူရဲကောင်းများသည် အလွယ်တကူတွေ့မြင်နိုင်သည့် ဂေါ်ဖီထုပ်များမဟုတ်ကြပေ။ ရောဘတ်သည် သူ့လက်အောက်တွင်ဤသို့သောတပ်မျိူးစုံကို စုဆောင်းထားနိုင်ရန်နည်းလမ်းမျိုးစုံကိုအသုံးပြုခဲ့ရသည်။ ကြီးမားသည့်နယ်မြေအချို့နှင့် နယ်စားအချို့သည်ပင် သူ့လောက်အင်အားကြီးမားမည်မဟုတ်ပေ။ သို့သော်လည်း ရှောင်ယုသည်သူ့အားလက်ရည်တူရင်ဆိုင်တိုက်ခိုက်နေနိုင်ခဲ့သည်။

...

...

" ရှောင်ယုက ဘာကောင်လဲ...သူကဘယ်လိုဖြစ်ပြီးတော့ ဒီလိုတပ်တွေအများကြီးစုဆောင်းထားနိုင်ရတာလဲ ... "

ရောဘတ်သည်ထိုအကြောင်းကိုတွေးရင်း သူ၏မျက်နှာသည် ကျောက်တုံးနက်အောစ့်များ၏ အရေပြားကဲ့သို့မဲနက်လာခဲ့သည်။ သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ သူ၏မေးခွန်းကိုမဖြေကြားနိုင်ခဲ့ကြပေ။ လက်ရှိအချိန်၌ သူ၏လက်အောက်ငယ်သားများသည် အသက်ကိုပင်ဝံ့ဝံ့ရဲရဲမရှုဝံ့ကြပေ။ သူတို့၏သခင်လေးကို ဒေါသထွက်အောင်လုပ်မိသူတိုင်း သေဆုံးကြရမည်ကို သူတို့နားလည်ထားကြသည်။

" ငါတို့အခုဘာဆက်လုပ်ကြမလဲ ... မင်းရဲ့အမြင်ကိုပြော ဇန်း "

တစ်စုံတစ်ယောက်မှ စကားသံထွက်မလာသောကြောင့် ရောဘတ်သည် ဒေါသပေါက်ကွဲသွားခဲ့ကာ သူ၏စစ်သူကြီးဖြစ်သူကိုသာ တိုက်ရိုက်စကားပြောလိုက်သည်။

" သခင်လေး ... ဒီကိစ္စအတွက်စိုးရိမ်စရာမလိုပါဘူး ... ငါတို့မှာအရေအတွက်အားသာချက်ရှိနေတာပဲ ... ငါတို့ကခိုးကြောင်ခိုးဝှက်တိုက်ခိုက်လို့မအောင်မြင်ရင် သူတို့ကိုတဖြည်းဖြည်းအမှည့်ခြွေဖို့ မုန်တိုင်းနည်းဗျူဟာကိုအသုံးပြုရမယ် .... "

ဇန်းသည် ရှေ့တို့လာကာအဖြေပေးလိုက်သည်။ အမှန်တော့ ဇန်းထံတွင်လက်ရှိဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်၍ ကိုယ်ပိုင်အတွေးအမြင်များရှိသော်လည်း ထိုအကြောင်းကို ရောဘတ်ရှေ့၌ထုတ်မပြောဝံ့ပေ။ စိတ်ရှည်သည်းမခံတတ်ခြင်းသည် ရာဘတ်၏အဓိကအားနည်းချက်ဖြစ်ကြောင်း အခြားသူများထက်ပို၍ ဇန်းကကောင်းကောင်းသိရှိပေသည်။

" နောက်တစ်ဆင့်အနေနဲ့ ငါတို့ဘာဆက်လုပ်ရမှာလဲ ... "

ရောဘတ်သည်အရှုံးနှင့်ရင်ဆိုင်ထားရ၍ စိတ်ရှုပ်ထွေးနေခဲ့သည်။ အမှန်တော့ ရောဘတ်သည်ယခင်ကလည်း စစ်ပွဲများစွာကိုဖြတ်ကျော်ခဲ့ဖူးကာ ရန်သူခံစစ်ကိုချေမှုန်းရန်အတွက် ကြမ်းကြုတ်သောစွမ်းအားကို အမြဲအသုံးပြုခဲ့သည်။ သူသည် မည်သည့်နည်းဗျူဟာကိုမှ သုံးစရာမလိုဘဲ အမြဲအနိုင်ရနေခဲ့သည့်အတွက် ယခုလိုရှုံးနိမ့်မှုနှင့်ရင်ဆိုင်ရချိန်၌ မည်သည်ကိုမှမစဉ်းစားနိုင်တော့ပေ။ သူသည် အလွန်စွမ်းအားကြီးသောတပ်ဖွဲ့များကိုယူဆောင်လာခဲ့သော်လည်း မည်သည့်တိုးတက်မှုမှမရရှိခဲ့၍ အလွန်စိတ်မောနေမိသည်။

သူသည်အရာအားလုံးထက် ဂရစ်ဖင်များကိုအလွန်မုန်းတီးနေခဲ့သည်။ ထိုကောင်များ၏လျှပ်စီးများသည် စက်ရုပ်များကိုမရွေ့လျားနိုင်အောင် ထိခိုက်စေသည်။ ထိုကောင်များကြောင့်မဟုတ်ပါက သူသည်အောင်ပွဲကိုရရှိနိုင်မှာဖြစ်သည်။

" ရိုးရှင်းစွာသတ်ဖြတ်ခြင်း "

ဇန်းသည် မျက်ခုံးပင့်ရင်းပြောလိုက်သည်။ ခြင်္သေ့မြို့၌ စစ်သားများစွာမရှိသည့်အပြင် အများစုမှာတပ်သားသစ်များဖြစ်ကြောင်း ဇန်းသိရှိထားပေသည်။ သူတို့၏တိုက်ပွဲအတွေ့အကြုံနုနယ်မှုကြောင့် ရန်သူ၏မုန်တိုင်းတိုက်သလို အဆက်မပြတ်တိုက်ခိုက်မှုများကို ရင်ဆိုင်လာရပါက မောပန်းနွမ်းနယ်လာမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့သည်ခြင်္သေ့မြို့အားအနှေးနှင့်အမြန် သိမ်းပိုက်နိုင်မှာဖြစ်သည်။

ရောဘတ်သည် အချိန်ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။

" ငါတို့မနက်ဖြန်မှစတိုက်ကြတာပေါ့ ... "

ထိုသို့ပြောပြီးနောက် ရောဘတ်သည်သူ၏ကိုယ်ပိုင်တဲအတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။ ထိုထဲတွင် လှပသောအမျိူးသမီးများကသူ့ကိုစောင့်ဆိုင်းနေခဲ့ကာ သူ၏ဒေါသများကိုထိုအမျိုးသမီးများထံဖွင့်ထုတ်ပစ်မည်ဖြစ်သည်။ ဇန်းသည် သူ၏အစီအစဉ်အတွက် တိုက်ခိုက်မှုများကိုစတင်ရေးဆွဲပြင်ဆင်ခဲ့သည်။

...

ရှောင်ယုသည် လယ်သမားများနှင့်အလုပ်သမားများအား ခံစစ်မျှော်စင်များကို ပြန်လည်ပြင်ဆင်ရန် အမိန့်ပေးထားခဲ့သည်။ ကနေဒီမိသားစုသည် အခြေစ်ိုက်စခန်းများအား နောက်ထပ်တစ်ကြိမ်မတိုက်ခိုက်ဟု သူတပ်အပ်မပြောနိုင်ပေ။ ထို့နောက်သူသည် ခြင်္သေ့မြို့သို့ပြန်သွားခဲ့သည်။ ကနေဒီမိသားစုသည် သူ၏တပ်သားများကို မောပန်းနွမ်းနယ်စေရန် ကြမ်းကြုတ်စွာတိုက်ခိုက်လာမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ထားပေသည်။ ကနေဒီမိသားစု၏တပ်များသည် ဆိုလိုမွန်းနှင့်စုဘာရူတို့၏တပ်များနှင့်ယှဉ်ပါက များစွာကွဲပြားပေသည်။ ရှောင်ယုသည် အပြန်လမ်း၌ သူ၏ကမ္မကုသိုလ်မှတ်များအား စစ်ဆေးခဲ့သည်။

" နောက်တစ်ဆင့်ကိုရောက်ဖို့ သိပ်မလိုတော့ဘူးပဲ ... ငါသာမသေမျိုးအခြေစိုက်စခန်းကို နောက်တစ်ဆင့်ရောက်အောင်မြင့်ပြီးတာနဲ့ မသေမျိုးတပ်သားထောင်ချီဆင့်ခေါ်ပြီးတော့ အသေခံတိုက်ခိုက်မှုလုပ်ပစ်လိုက်မယ် ... မင်းတို့ကောင်တွေညဘက်ရောက်တိုင်း အိပ်ဝံ့မလားငါစောင့်ကြည့်ရသေးတာပေါ့ "

ရှောင်ယု၏မျက်လုံးများ၌ အေးစက်သောသတ်ဖြတ်လိုစိတ်များဖြတ်ပြေးသွားကာ အံကြိတ်ရေရွတ်လိုက်သည်။

စစ်သားကောင်းတစ်ဦးအား လေ့ကျင့်ရန်အတွက် အရင်းအနှီးများစွာလိုအပ်သလို အနည်းဆုံးအချိန်တစ်နှစ်မှ နှစ်နှစ်အထိလိုအပ်ပေသည်။ ရှောင်ယုကမူ အခြေစိုက်စခန်းများမှနေ၍ တပ်သားများကိုတိုက်ရိုက်ဆင့်ခေါ်ခဲ့ရာ ထိုသို့စောင့်ဆိုင်းနေရန် မလိုအပ်ပေ။ ယခုအချိန်တွင် သူ့ထံ၌ငွေကြေးမလုံလောက်ခြင်းမျိုးမရှိတော့ပေ။ ဤကိစ္စအတွက် သူအကောင်းဆုံးဆင့်ခေါ်နိုင်သည့်တပ်သားမှာ မသေမျိုးတပ်သားများဖြစ်ကြသည်။ သူသည် သူနှင့်နီးစပ်သောတပ်သားများကို မိတ်ဆွေ ၊ သူငယ်ချင်းများအဖြစ် ဆက်ဆံလေ့ရှိသည်။ ထို့ကြောင့်စစ်မြေပြင်၌ အောစ့်တစ်ကောင် ၊ နတ်သူငယ်တစ်ယောက်ကျသွားတိုင်း ရှောင်ယုနာကျင်ခံစားရသော်လည်း မသေမျိုးများအတွက်မူ ထိုသို့ခံစားရမည်မဟုတ်ပေ။

...

...

နေထွက်လာသည်နှင့် စစ်ပွဲစည်သံများမြည်ဟိန်းလာပြီး ရန်သူသည်နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။ ရှောင်ယုသည် မြို့ရိုးပေါ်၌ရပ်နေပြီး အကြီးစားလှံပစ်စက်များ ၊ ကျောက်တုံးနက်အောစ့်များနှင့်အခြားမြို့သိမ်းလက်နက်များကို တည်ငြိမ်စွာကြည့်ရှုနေခဲ့သည်။ ယနေ့တွင် ကြီးမားသောသွေးထွက်သံယိုတ်ိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည့်ဟန်ရှိပေသည်။

ရှောင်ယုသည် တင်းမာသောအမူအရာတို့ရှိနေသည့်တပ်သားသစ်များကို လှည့်ကြည့်မိလိုက်သည်။ ထို့နောက်ရှောင်ယုသည် သူတို့အားပြုံးပြလိုက်ကာ သူတို့အားစတင်ကောင်းချီပေးလိုက်သည်။ တပ်သားသစ်များသည် ရှောင်ယု၏အပြုံးနှင့်အလင်းကောင်းချီးကိုလက်ခံရရှိချိန်၌ စတင်တည်ငြိမ်လာခဲ့ကြသည်။ ထို့နောက်သူတို့၏ကြောက်ရွံ့သောခံစားချက်များက သတ္တိအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

ရန်သူစစ်သားများသည် ခြင်္သေ့မြို့သို့စတင်၍ ချီတက်လာကြသည်။ ဝေပြည်နယ်မှစစ်သားများသည် သူတို့ကအဘယ်ကြောင့် ဤစစ်ပွဲအားစတင်ခဲ့ရသည်ကို မသိရှိကြသေးပေ။ သူတို့သိထားသည့်တစ်ခုတည်းသောအရာမှာ ဝေပြည်နယ်၏စစ်သားများအဖြစ် သူတို့၏တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ရန်ဖြစ်သည်။ အမှန်တော့ ဤစစ်သားများသည် ခြင်္သေ့မြို့၏တပ်သားသစ်များထက် ပိုမိုသနားစရာကောင်းပေသည်။ ခြင်္သေ့မြို့၏တပ်သားများသည် သူတို့၏ကိုယ်ပိုင်နယ်မြေကို ကာကွယ်ရန်တိုက်ခိုက်နေသော်လည်း ဝေပြည်နယ်တပ်သားများကမူ ရှေးဟောင်းမိသားစုကိုယ်စား တိုက်ခိုက်ပေးနေရသည်။

သတ်ကြ ...

ရှချီ၏အမိန့်ပေးသံနှင့်အတူ စစ်သားများသည်စတင်၍ချီတက်လာကြသည်။ ဤအမိန့်သည် လုံးဝနောက်ဆုတ်၍မရဟူသော အဓိပ္ပါယ်သက်ရောက်မှုရှိပေသည် ။ သူတို့အားလုံးသည် ရှေ့ကိုသာတိုး၍တိုက်ရမည်ဖြစ်သည်။ ဤတိုက်ကြီးပေါ်၌ သာမန်စစ်သားများသည် စစ်သူကြီးနှင့်အခြားအဆင့်မြင့်အရာရှိများ၏အမြင်တွင် ဖုန်မှုန့်ထက်မပိုသောအရာများဖြစ်သည်။ သို့သော်လည်း ထိုစစ်သားများသည် အသွေးအသားဖြင့် ဖန်တီးခံထားရခြင်းဖြစ်၍ သူတို့တွင်လည်းချစ်ခြင်း၊မုန်းခြင်းစသည့် ခံစားချက်များရှိကြပေသည်။

သတ် ....

အခန်း ၃၀၆ - ကြီးမားသည့်အဆင့်မြင့်တင်မှု

သွေးထွက်သံယိုတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ဤတိုက်ပွဲသည် ခြင်္သေ့မြို့ရင်ဆိုင်ခဲ့ဖူးသမျှ တိုက်ပွဲများအနက်အခက်ခဲဆုံး တိုက်ပွဲလည်းဖြစ်သည်။ လူတိုင်း၏မျက်လုံးများသည် နီရဲနေကာသွေးဆာမှုများနှင့်ပြည့်နှက်နေပြီး ခုခံနေသူများက တိုးဝင်လာသောရန်သူတိုင်းကိုသတ်ဖြတ်နေကြသည်။ မည်သို့ပင်ဆိုစေ မြို့သည်ယခုအချိန်ထိ ခိုင်ခိုင်မာမာရပ်တည်နိုင်ဆဲဖြစ်သည်။ မြို့ရိုးနံရံများ၌ ရန်သူမှော်ဆရာများ၏တိုက်ခိုက်မှုကြောင့် နေရာလပ်များဖြစ်ပေါ်လာတတ်သည်။ ရန်သူစစ်သားများသည် ထိုအခြေအနေကိုအခွင့်ကောင်းယူကာ နေရာလပ်များကို သိမ်းပိုက်ရန်ကြိုးပမ်းကြသော်လည်း သူတို့ထဲမှမည်သူမှအသက်မရှင်ခဲ့ကြပေ။

" မင်းအမေပဲပေါ့ .... မှော်ဆရာတွေရဲ့မီးလုံးတွေက ခေတ်သစ်ကမ္ဘာရဲ့စစ်မြေပြင်ပေါ်က အပူလက်နက်တွေနဲ့ဘာမှမကွာဘူးပဲ ... အဲ့ဒါတွေကအမြှောက်ဆံတွေလ်ိုပဲ ငါတို့ကိုဆက်တိုက်ပစ်နေတယ် "

ရှောင်ယုသည် မီးလုံးတစ်လုံးကိုရှောင်တိမ်းရင်း ကျိန်ဆဲလိုက်သည်။ သို့သော်လည်း မှော်ဆရာများအား အမျိုးမျိုးသောအကာအကွယ်များပေးအပ်ထား၍ ၎င်းတို့အားသတ်ဖြတ်ရန်ခက်ခဲကြောင်း ရှောင်ယုသတိပြုမိပေသည်။ မှော်ဆရာတစ်ယောက်ချင်းစီတိုင်းကို အနည်းဆုံးစတုတ္ထအဆင့်သူရဲကောင်းအနည်းငယ်က ကာကွယ်ပေးထားခဲ့သည်။ တိုင်ရန်ဒီအတွက်ပင်လျှင် ထိုကာကွယ်မှုများကိုဖောက်ထွင်းကာ မှော်ဆရာကိုသတ်ဖြတ်ရန် ခက်ခဲပေသည်။

ယခုအချိန်တွင် ဖြိုဖျက်သူများ ၊ လမင်းပစ်ခတ်သူများနှင့် အကြီးစားလှံပစ်စက်များကသာ ထိုမှော်ဆရာများကိုခြိမ်းခြောက်နိုင်စွမ်းရှိခဲ့သည်။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က သူတို့သည်မှော်ဆရာအနည်းငယ်က်ို သတ်ဖြတ်ခဲ့သော်လည်း ခြင်္သေ့မြို့သည် ဆုံးရှုံးမှုများစွာဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ခြင်္သေ့မြို့၏မြို့ရိုးနံရံများသည် ထိုတိုက်ခိုက်မှုများကိုတောင့်ခံနိုင်သည်ထိ လုံလုံလောက်လောက်ခိုင်မာနေ၍ ရှောင်ယုကံကောင်းနေခြင်းဖြစ်သည်။

ဤတိုက်ပွဲတွင် လေကြောင်းတပ်များ၏အကူအညီသည် ကြီးမားလှပေသည်။ ရန်သူများထံတွင် အကြီးစားလှံပစ်စက်များပါရှိနေသေးသည့်အတွက် လေကြောင်းတပ်များသည် ရန်သူများလက်လှမ်းမမှီအောင် အမြင့်မှပျံသန်းတိုက်ခိုက်နေခဲ့သည်။ လင်းနို့များသည် ရန်သူများကိုအကြိမ်များစွာဗုံးကြဲခဲ့ပြီး ဂရစ်ဖင်များက လျှပ်စီးများအားအသုံးပြုကာ တိုက်ခိုက်နေခဲ့သလို နတ်မြင်းပျံများကလည်း တိကျသောပစ်ခတ်မှုများကိုထုတ်ဖော်၍ ရန်သူ၏အသက်ကိုနှုတ်ယူနေခဲ့သည်။ လင်းနို့များနှင့်ဂရစ်ဖင်များကြောင့် ရန်သူများသည်ပြဿနာများစွာကြုံတွေ့ခဲ့ရသည်။ ဤခေတ်တွင် လေကြောင်းတပ်များမရှိပေရာ ရန်သူသည်၎င်းတို့အားမည်သို့တိုက်ခိုက်ရမည်ကို နားမလည်၍ ခက်ခဲသောအခြေအနေသို့ရောက်ရှိနေခဲ့သည်။

ရှောင်ယု၏ဘက်တွင် အသေပျောက်များပြားနေသော်လည်း ဆင့်ခေါ်တပ်သားများ၏ အကျအရှုံးက အလွန်နည်းပါးနေခဲ့သည်။ အဓိကအားဖြင့် သာမန်စစ်သားများသည်သာ ထိခိုက်ကျရှံးနေခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် တစ်ဝက်ထက်ကျော်သော မှော်စုန်းဆရာများ ၊ ဝက်ဝံစစ်သည်များ ၊ ဂရစ်ဖင်များနှင့် မှော်ကဝေများသည် အဆင့်၁၀သို့ရောက်ရှိသွားခဲ့ကြသည်။

မှော်ကဝေများသည် ကိုယ်ဖျောက်ပေးခြင်း ၊ အသွင်ပြောင်းပေးခြင်း အစရှိသည့်ကျွမ်းကျင်မှုများကို အသုံးပြုကာ ရန်သူများ၏အသက်ကိုနှုတ်ယူနေခဲ့သည်။ မှော်ကဝေများသည် ရန်သူများစွာက ရှေ့သို့တဟုန်ထိုးချီတက်လာတိုင်း သူတို့၏လုပ်ရှားမှုများကို နှေးကွေးစေနိုင်သည်။ မှော်ကဝေတစ်ဒါဇင်ကျော်ခန့်သာ ပူးပေါင်းလုပ်ဆောင်လ်ိုက်မည်ဆိုပါက အဆင့်မြင့်သူရဲကောင်းများသည်ပင် အကျိုးသက်ရောက်မှုခံစားရမည်ဖြစ်သည်။ အချိန်အများစုတွင် စတုတ္ထအဆင့်သို့မဟုတ် ပဥ္စမအဆင့်သူရဲကောင်းများသည် မှော်ကဝေများ၏ သိုးအဖြစ်အသွင်ပြောင်းလဲမှုကိုခံကြရသည်။ သိုးအဖြစ်အသွင်ပြောင်းခံရသူများသည် မည်သို့မှမတတ်နိင်ဘဲ ရန်သူများထံ လည်စင်းပေးခံကာ သေဆုံးမည်ကိုသာ ထိုင်စောင့်နေရသည်။ ထိုသို့သောအချိန်မျိုးတွင် အောစ့်များသည် အဆင့်မြင့်သူရဲကောင်းများကို ဝိုင်းရံကာ တိုက်ခိုက်သတ်ဖြတ်လိုက်ကြသည်။

မှော်ကဝေများအတွက် စတုတ္ထအဆင့်သူရဲကောင်းများကို သိုးအဖြစ်အသွင်ပြောင်းပေးရန် လွယ်ကူသော်လည်း ပဥ္စမအဆင့်သူရဲကောင်းများကို အသွင်ပြောင်းပေးရန် အတန်ငယ်ခက်ခဲပေသည်။ သို့သော်လည်း မှော်ကဝေတစ်ဒါဇင်ခန့်သာ အတူတကွလုပ်ဆောင်ပါက ကျရှုံးမှုနှုန်းသည် အတန်ငယ်လျော့ကျသွားမည်ဖြစ်သည်။ ကနေဒီမိသားစုသည် သူတို့၏စတုတ္ထအဆင့်နှင့်ပဥ္စမအဆင့်သူရဲကောင်းများကြောင့် အလွန်ပင်ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။ ထိုသူရဲကောင်းများသည် မြို့ရိုးထံပြေးဝင်တိုက်ခိုက်ချိန်၌ ရန်သူအားစိတ်ရှုပ်ထွေးစေနိုင်သည်။ အကယ်၍ သူတို့သာမြို့ရိုးပေါ်၌ခြေကုပ်မယူနိုင်ခဲ့၍မဟုတ်လျှင် ခြင်္သေ့မြို့ကျရှုံးသည်မှာ ကြာပြီဖြစ်သည်။မှော်ကဝေများကြောင့်သာမဟုတ်ပါက ရှောင်ယုသည် ထိုပြဿနာကြောင့်ခေါင်းကိုက်နေရမည်ဖြစ်သည်။

တစ်ဖက်တွင် မှော်စုန်းဆရာများသည် အဆင့်၁၀သို့ရောက်ရှိပြီးနောက် ဟာရီကိန်းမုန်တိုင်းကိုအသုံးပြုနိုင်ကာ စစ်မြေပြင်ကိုရှင်းလင်းနိုင်သည်။ ရန်သူအမြောက်အများသည် မြို့ရိုးကိုတိုက်ခိုက်လာသည့်အချိန်မျိုးတွင် မှော်စုန်းဆရာများသည် ရန်သူများကိုအဝေးသို့လွှင့်ထွက်စေရန်အတွက် ဟာရီကိန်းမုန်တိုင်းကိုထုတ်ဖော်ခဲ့သည်။

ရှချီနှင့်ဇန်းတို့သည် ထိုဟာရီကိန်းများကြောင့် အတန်ငယ်ဒုက္ခရောက်ခဲ့ရသည်။ သူတို့သည် မြို့ရိုးပေါ်၌ခြေကုပ်နေရာတစ်ခု ရယူလိုက်ချိန်တိုင်း မှော်စုန်းဆရာများက ဟာရီကိန်းမုန်တိုင်းကိုအသုံးပြုကြသည်။ သူတို့၏ကင်းထောက်များက ခြင်္သေ့မြို့၌မှော်ဆရာအနည်းငယ်သာ ရှိသည်ဟု သတင်းတင်ပြခဲ့သည့်အတွက် သူတို့မြင်တွေ့နေရသူများသည် မည်သူနည်းဟုမေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

ထိုလူများသည် အဆင့်မြင့်မှော်ဆရာများမဟုတ်ကြသော်လည်း သူတို့ထုတ်ဖော်လိုက်သည့် ဟာရီကိန်းများသည် မှော်ဆရာတိုင်းထုတ်ဖော်နိုင်သည့်အရာမဟုတ်ပေ။ ထို့ပြင် မှော်စုန်းဆရာအမြောက်အများက ဟာရီကိန်းကိုအသုံးပြုလိုက်ချိန်၌ အဆင့်မြင့်သူရဲကောင်းများပင် ထိခိုက်မှုခံစားရပေသည်။

" ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်သလဲ ... "

ရှောင်ယုသည် မြို့ကိုခုခံနေသောစစ်သားများကိုကြည့်ရင်း ပြုံးမိလိုက်သည်။ တိုက်ပွဲက်ိုအချိန်အတော်ကြာစောင့်ကြည့်ပြီးနောက် ခြင်္သေ့မြို့ကျရှုံးသွားမည်ကို သူစိတ်မပူတော့ပေ။ မည်သို့ပင်ဆိုစေ တိုက်ပွဲအတွင်းကျရှုံးခဲ့သည့် သာမန်စစ်သားများစွာရှိနေခဲ့သည်။ သူတို့၏ကျရှုံးမှုများသည် ရန်သူတပ်များနှင့်ယှဉ်ပါက နည်းပါးနေသော်လည်း ရှောင်ယုကကောင်းစွာမခံစားရပေ။ ရန်သူမှော်ဆရာများ၏ ပစ်ခတ်မှုသည်အလွန်ပင် စွမ်းအားကြီးမားလှပေသည်။ ယခုအချိန်ထိတိုင်အောင် ခြင်္သေ့မြို့ဘက်မှတပ်သား၁၀၀၀၀ကျော်ဆုံးရှံးခဲ့ရပြီး ရန်သူများဘက်မှတပ်သား၃၀၀၀၀ကျော် ဆုံးရှံးခဲ့ရသည်။

ဒင် .... ဒေါင်

ရှောင်ယုသည် ဂိမ်းစနစ်မှအချက်ပေးသံကိုကြားလိုက်ရပြီးနောက်တွင် သူ၏ဂိမ်းအဆင့်သည်နောက်တစ်ဆင့်သို့ တက်သွားပြီဖြစ်ကြောင်းသိလိုက်ရသည်။

" ဒါပဲကွ ... နောက်ဆုံးတော့ရောက်ခဲ့ပြီ "

ရှောင်ယုသည် ပျော်ရွှင်မှုကြောင့် ငိုကြွေးမိမတတ်ဖြစ်သွားခဲ့သည်။ အဆုံးသတ်တွင်သူသည် မသေမျိုးအခြေစိုက်စခန်းအား အဆင့်မြင့်တင်န်ိုင်ကာ မသေမျိုးများအားဆင့်ခေါ်နိုင်ပြီဖြစ်သည်။ ထို့ပြင်သူသည် တပ်သား၅၀၀၀ထိဆင့်ခေါ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ မသေမျိုးတပ်သား၅၀၀၀သည် ရန်သူကိုမည်မျှထိ ထိခိုက်စေမည်ကို ရှောင်ယုတွေးကြည့်၍မရပေ။

...

...

ညနေပိုင်းသို့ရောက်ချိန်တွင် ရန်သူများ၏ထိုးစစ်အဟုန်သည် လျော့နည်းသွားခဲ့သည်။ သူတို့သည်တစ်နေ့လုံးတိုက်ခိုက်ခဲ့ကြပြီး ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် စစ်သားများသည်အသွေးအသားဖြင့်တည်ဆောက်ထားရာ မောပန်းနွမ်းနယ်နေကြပြီး နေဝင်ချိန်၌စတင်ဆုတ်ခွာခဲ့ကြသည်။

ဤတိုက်ပွဲသည် အလွန်ကြမ်းတမ်းသော်လည်း ရှောင်ယုသည်အကျိုးအမြတ်များစွာကိုရရှိခဲ့သည်။ သူ၏ဆင့်ခေါ်တပ်သားအများစုသည် အဆင့်တက်သွားခဲ့ကြသလို သူ၏သူရဲကောင်းများသည်လည်း အဆင့်တက်သွားခဲ့ကြသည်။ အန်တိုနီဒက်စ်သည် အဆင့်၃၀ကို ပထမဆုံးချိုးဖျက်သွားသူဖြစ်ကာ အဆင့်၃၄ထိရောက်ရှိသွားခဲ့သည်။ အန်တိုနီဒက်စ်သည် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများစွာကို အသုံးပြုနိုင်ပေရာ အဆင့်တက်ရန်မခက်ခဲပေ။ တိုင်ရန်ဒီ ၊ ဂရင်း ၊ ခိုင်ရင်းနှင့်မိုင်ယဗ်တို့သည်လည်း အဆင့်၃၂သို့ရောက်ရှိသွားကြသည်။ အံ့သြဖွယ်ကောင်းစွာပင် အူသာသည် လူတိုင်းထက်ပိုမိုမြန်ဆန်ကာ အဆင့်၂၈သို့ရောက်ရှိခဲ့သည်။ သူသည် လူသားစစ်သည်အားလုံးက်ိုကောင်းချီးပေးခဲ့သည်ဖြစ်ရာ သူတို့၏စစ်သားများက ရန်သူများအပေါ်ထိခိုက်မှုပေးတိုင်း သူကအတွေ့အကြုံမှတ်များရရှိနေခဲ့သည်။ သရောလ်သည် အဆင့်၇ဆင့်ခုန်တက်သွားပြီး အဆင့်၂၉သို့ရောက်ရှိသွားခဲ့သည်။

သရောလ်သည် အောစ့်စစ်သည်များကိုထောက်ပံ့ရန် တိုတမ်များကိုထုတ်ဖော်ခဲ့ရုံသာမက စစ်မြေပြင်၌ရန်သူများကိုသတ်ဖြတ်ရန်အတွက် လျှပ်စီးကွင်းဆက်ကိုလည်းထုတ်ဖော်အသုံးပြုခဲ့သည်။ ကဲလ်သက်သည် အဆင့်၂၈သို့ရောက်ရှိနေခဲ့ကာ စစ်မြေပြင်၌တောက်ပနေခဲ့သည်။

သူရဲကောင်းများနှင့်တပ်သားများသည် အဆင့်တက်သွားပြီးနောက် ရှောင်ယု၏ခွန်အားသည်လည်း အဆင့်တစ်ခုထိရောက်ရှိသွားခဲ့သည်။ သူသည်ရန်သူများဆုတ်ခွာနေသည်ကို စောင့်ကြည့်နေပြီးနောက်တွင် လျှို့ဝှက်လမ်းကြောင်းတစ်ခုအားအသုံးပြုကာ မသေမျိုးအခြေစိုက်စခန်းသို့ ထွက်ခွာလာခဲ့သည်။

All Chapters