အခန်း (၃၁၃-၃၁၅)
Vol. 21 Ch. 313-315
အခန်း ၃၁၃ - ပစ်မှတ်ကိုဖြတ်ကျော်ခြင်း
ရှောင်ယုသည် အပြန်လမ်းတွင် စိတ်မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာရယ်မောလိုက်သည်။
မသေမျိုးတပ်သားများ၏ ခွန်အားသည်အမှန်ပင် ထူးကဲလွန်းလှပေသည်။ သူသည် မသေမျိုးတပ်သား၅၀၀၀ထက်နည်းသောပမာဏကိုသာ ထုတ်သုံးခဲ့သော်လည်း ရန်သူလက်ရွေးစင်တပ်သား၆၀၀၀မှရ၀၀၀ထိ သတ်ဖြတ်နိုင်ခဲ့သည်။ ဤအရာသည် ကြီးကျယ်သောအောင်ပွဲတစ်ခုဖြစ်သည်။ ထို့ပြင် ယခုအချိန်၌ မသေမျိုးတပ်သားများသည် အနိမ့်ဆုံးအဆင့်၌သာရှိနေသေးသည့်အတွက် သူတို့အဆင့်မြင့်လာချိန်၌ မည်သို့ဖြစ်လာမည်ကို သူပင်မတွေးဝံ့ပေ။
ရှောင်ယုသည် ဤတိုက်ပွဲ၌ မသေမျိုးတပ်သား၁၀၀၀ခန့်ဆုံးရှံးခဲ့သော်လည်း ဂရုမစိုက်ပေ။ သူသည် ဆုံးရှံးသွားသည့်တပ်သားများကို နောက်ထပ်တစ်ကြိမ်ဆင့်ခေါ်နိုင်သည်။ အပြန်လမ်းတစ်လျှောက်တွင် ရှောင်ယုသည်လင်းနို့မကောင်းဆိုးဝါးများနှင့်ပင့်ကူများကို သူတို့၏နောက်မှလုပ်ကြံသူသို့မဟုတ် ကင်းထောက်တစ်ယောက်မပါလာစေရန် သတိထားစောင့်ကြပ်စေခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်လိုက်ပါလာပါက သူတို့သည်ချက်ချင်းသတင်းပို့မည်ဖြစ်သည်။ ပင့်ကူများသည် မြေအောက်၌တွင်းတူး၍ပုန်းအောင်းနိုင်ကာ လင်းနို့မကောင်းဆိုးဝါးများက ကျောက်ရုပ်တုအဖြစ်သို့ပြောင်းလဲနိုင်စွမ်းရှိသည်။
ရှောင်ယုသည် မသေမျိုးတပ်ကို အခြေစိုက်စခန်းဆီသို့တန်း၍မခေါ်ဆောင်သွားဘဲ အချိန်အတော်ကြာကွေ့ပတ်သွားနေခဲ့သည်။ ထို့နောက် သူတို့၏နောက်သို့မည်သူမှမလိုက်ပါလာကြောင်း သေချာချိန်မှသာ အခြေစိုက်စခန်းသို့ပြန်လာခဲ့သည်။ သို့သော်လည်း ရှောင်ယုသည်ရန်သူများခြေရာခံမလိုက်လာနိုင်စေရန်အတွက် သူတို့၏တပ်များဆုတ်ခွာရာလမ်းကြောင်းကို မြူခိုးများဖြင့်ဖုံးအုပ်ထားခဲ့သည်။
ရှောင်ယုသည် သူ၏တပ်များကိုဆုတ်ခွာရန် အမိန့်ပေးလိုက်ချိန်တွင် အနူဘားရက်ကရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ပင့်ကူသခင်တဖြစ်လဲ အနူဘားရက်သည်အဆင့်၁၄ထိရောက်ရှိသွားသည်ကိုကြည့်ပြီး ရှောင်ယုထိတ်လန့်သွားခဲ့သည်။ဤတိုက်ပွဲတစ်ခုကပင် ဤကောင်အားထိုအဆင့်သို့ရောက်ရှိသွားစေပုံရသည်။
အားသက်စ်နှင့်ကဲလ်သဇက်တို့သည် တိုက်ပွဲတလျှောက် ရှောင်ယု၏နံဘေး၌သာအမြဲရှိနေခဲ့သည်။ ရှောင်ယုသည် အားသက်စ်များ တပ်ဖွဲ့များကြီးကြပ်ပုံကို သင်ကြားပေးနေခဲ့သည်။ ရှောင်ယုသည် မသေမျိုးတပ်သားများကိုအမြဲမဦးဆောင်နိုင်ပေရာ တစ်နေ့တွက်အားသက်စ်က သူ့နေရာကိုအစားထိုးဝင်ယူရမှာဖြစ်သည်။
ကဲလ်သဇက်သည်ကား မှော်ဆရာဖြစ်ရာ ရှောင်ယုသည်သူ့အား ဝေးဝေးလံလံသွားခွာခွင့်မပြုပေ။ ရှောင်ယုသည် ကဲလ်သဇက်အား သူ့နံဘေး၌နေစေကာ မှော်ပညာဖြင့်တိုက်ခိုက်နေစေခဲ့သည်။ ထိုသို့ဆိုလျှင်ပင် ကဲလ်သဇက်သည် အဆင့်၁၁သို့ရောက်ရှိနေကာ အားသက်စ်သည်ကား အဆင့်၂၁ထိရောက်ရှိသွားခဲ့သည်။
အားသက်စ်သည် အဆင့်၂၁သို့ရောက်ရှိချိန်၌ ပိုမိုကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ သူရဲကောင်းတစ်ယောက်သည် အဆင့်၁၀ခုတက်သွားတိုင်းတွင် သူတို့၏ကျွမ်းကျင်မှုများ၌ ကြီးကြီးမားမားအလှည့်အပြောင်းတစ်ခုဖြစ်လာတတ်သည်။ လက်ရှိအချိန်တွင် အားသက်စ်သည် လူသေ၁၀၀ကို မသေမျိုးများအဖြစ်ပြောင်းလဲနိုင်ပြီဖြစ်သည်။ ထို့ပြင်သူသည် အစွမ်းထက်သောမှော်ဆရာများနှင့်သူရဲကောင်းများကိုလည်း ထိန်းချုပ်နိုင်ပုံရပေသည်။ ရှောင်ယု၏ခန့်မှန်းချက်အရဆိုလျှင် အားသက်စ်သည်အဆင့်၃၀သို့ရောက်ရှိလာပါက မသေမျိုး၁၀၀၀က်ိုထိန်းချုပ်နိုင်မည်ဖြစ်သည်။ အားသက်စ်၏ အနာဂတ်အလားအလာသည် မသေမျိုးဘုရင်နှင့်နှိုင်းယှည်နိုင်သည်မှာ အံ့သြဖွယ်မကောင်းတော့ပေ။
အဆင့်တက်သွားပြီးနောက် အားသက်စ်၏လက်နက်ဖြစ်သော ဓားသည်လည်းပိုမိုအစွမ်းထက်လာပုံရသည်။ အားသက်စ်၏လက်နက်သည် စစ်ကမ္ဘာဂိမ်းတွင် အဆုံးစွန်သောအန္တိမလက်နက်တစ်ခုဖြစ်ကာ စွမ်းအားနှင့်ပြိုင်ဘက်ကင်းခြင်း၏ သင်္ကေတဖြစ်သည်။
ရှောင်ယုထွက်ခွာသွားချိန်တွင် ကနေဒီမိသားစု၏စခန်းသည် ဖရိုဖရဲဖြစ်ကျန်ရစ်ခဲ့သည်။ တိုက်ခိုက်ခံရသည့် နေရာတစ်ခုလုံးသည် အနံ့ဆိုးများနှင့်အသားစများဖြင့်ပြည့်နှက်နေခဲ့ကာ သက်ရှိငရဲတစ်ခု၏အသွင်ကို ဖော်ဆောင်နေခဲ့သည်။
ရောဘတ်သည် ထိုစက်ဆုပ်ရွံရှာဖွယ်မြင်ကွင်းကို တွေ့တွေ့ချင်း ထိုးအန်မိလိုက်သည်။ သူသည် မြေအောက်မြို့တော်သို့ရောက်ဖူးကာ မသေမျိုးသတ္တဝါများနှင့် ရင်းနှီးနေသော်လည်း ယခုကဲ့သို့မြင်ကွင်းကိုမမြင်ဖူးပေ။ မြေအောက်မြို့တော်သည် မသေမျိူးများ၏မြင့်မြတ်နယ်မြေဖြစ်ကာ သန့်ရှင်းစင်ကြယ်သောအရပ်ဖြစ်သည်။ သို့သော်လည်း သူရှေ့မှမြင်ကွင်းသည် မြေအောက်မြို့တော်ထက်ပင် အဆပေါင်းထောင်ချီဆိုးရွားနေခဲ့သည်။
" ဒီမှာဘာတွေဖြစ်နေတာလဲ..."
ရောဘတ်သည် ထိုသို့မေးပြီးပြီးချင်း သူ၏နှာခေါင်းထဲသိုအပုပ်နံ့များနှင့် အလောင်းကောင်များ၏အနံ့ကတိုးဝင်လာခဲ့ရာ နောက်ထပ်တစ်ကြိမ် ထိုးအန်မိလိုက်သည်။ ရောဘတ်သည် လက်ရှိမြင်ကွင်းကို မခံစားနိုင်ကြောင်းတွေ့မြင်လိုက်ရချိန်တွင် အခြားသူများက ရောဘတ်အားထိုနေရာမှ ထွက်ခွာသွားနိုင်အောင် ကူညီပေးခဲ့ကြသည်။
အမှန်တော့ ရှောင်ယုမသေမျိုးတပ်များ၏ အခြားသူများအပေါ် သက်ရောက်နိုင်စွမ်းကို လျော့တွက်မိခဲ့သည်။ သူတို့ဆုတ်ခွာပြီးနောက် ကျန်ရစ်ခဲ့သောမြင်ကွင်းသည်ပင် လူတိုင်းကိုထိတ်လန့်စေနိုင်ပေသည်။ ထိုအခိုက်အတန့်တွင် မသေမျိုးတပ်များဆုတ်ခွာသွားသည်ကို သူတို့မြင်တွေ့နေရသော်လည်း မည်သူကမှနောက်သို့မလိုက်ဝံ့ကြပေ။
ထို့ပြင် မှော်ဆရာများနှင့်စက်ရုပ်အမြောက်အများသည် တိုက်ခိုက်ခံရသောနေရာသို့ ရောက်ရှိလာကြသည်။ ဆိုလိုသည်မှာ သူတို့သည် မသေမျိုးတပ်များကို နှိမ်နင်းနိုင်သော်လည်း ငရဲ၏သတ္တဝါများကို တိုက်ခ်ိုက်ရန်ဆန္ဒမရှိကြပေ။
အထူးသဖြင့် သူတို့၏သေဆုံးသွားပြီးသော ရဲဘော်ရဲဘက်များအား မသေမျိုးများအဖြစ် ပြန်လည်တိုက်ခိုက်ရသည့်အတွက် ရန်သူစစ်သားများသည် စွမ်းအားမဲ့နေသလိုခံစားလိုက်ရသည်။ သူတို့အားလုံးသည် လက်ရွေးစင်စစ်သားများဖြစ်ကြပြီး သေခြင်းတရားကိုမကြောက်ရွံ့ကြပေ။ သ်ို့သော်လည်း သူတို့၏ရဲဘော်ရဲဘင်များကိုမူ ပြန်လည်တိုက်ခိုက်လိုစိတ် လုံးဝမရှိကြပေ။
တိုက်ခိုက်ခံရသောနေရာတစ်ခုလုံးသည် အဆိပ်အတောက်ဖြစ်စေသော အစိမ်းရောင်အရည်များနှင့်ပြည့်နှက်နေ၍ လူတိုင်းကိုနောက်တွန့်သွားစေခဲ့သည်။ အဆုံးသတ်တွင် မှော်ဆရာများသည်မီးတောက်မန္တန်များကိုသုံးစွဲကာ အရာအားလုံးကိုလောင်ကျွမ်း အငွေ့ပျံစေခဲ့သည်။ ထို့နောက် မည်သည့်စစ်သားကမှ တိုက်ခိုက်ခံထားရသော တန်းလျားများ၌မနေထိုင်လိုတော့ပဲ အခြားသောတန်းလျားများဆီသို့ ရွေ့ပြောင်းနေထိုင်ခဲ့ကြသည်။
အမှန်တော့ သူတို့သည်သေဆုံးသွားသူများကို မီးရှိ့ခဲ့ခြင်းမှာ မှန်ကန်သောလုပ်ရပ်ဖြစ်သည်။ အကယ်၍ သူတို့ကိုသာမြေအောင်၌မြုပ်နှံထားခဲ့ပါက ရှောင်ယု၏အောက်လမ်းမှော်ကဝေများသည် ထိုလူသေများကိုထိန်းချုပ်ကာ မသေမျိုးများအဖြစ်ပြောင်းလဲပစ်နိုင်ပေသည်။
လူသေအလောင်းများကို မီးရှိ့လိုက်ပြီးဖြစ်သော်လည်း ယခင်တိုက်ပွဲကြောင့်ရရှိခဲ့သော စိတ်ဒဏ်ရာများသည် ရန်သူစစ်သားများ၏နှလုံးသားထဲ၌ စွဲထင်ကျန်ရစ်ခဲ့သည်။ မနေ့ညတိုက်ပွဲတွင်သူတို့သည် လူအသားကိုကိုက်ဖြတ်စားသောက်သော ဖုတ်ကောင်များ၊အဆိပ်ပြင်းပင့်ကူမျှင်များကို ပစ်လွှတ်တတ်သည့်ပင့်ကူများ ၊ အသားပုပ်များဖြင့်ဖွဲ့စည်းထားသည့် ရွှံရှာဖွယ်အသားကောင်များနှင့် အရာအားလုံးကိုခုတ်ထစ်ဖိခြေပစ်သည့် အသားကြိတ်စက်များကို ရင်ဆိုင်ခဲ့ရသည်။
...
...
ရောဘတ်၏တဲတစ်ခုလုံးသည် အလင်းရောင်ဖြင့်လင်းထိန်နေခဲ့သည်။ ထိုအလင်းရောင်ကသာ သူ၏ကြောက်ရွံ့စိတ်ကို ဖယ်ရှားပေးနိုင်ခဲ့သည်။ တဲတစ်ခုလုံးသည် တိတ်ဆိတ်နေကာ စကားသံလုံးဝမထွက်လာပေ။ ရောဘတ်သည် အဓိကထိုင်ခုံပေါ်၌ထိုင်နေရင်း သူ၏မျက်နှာသည်ဖြူဖျော့နေခဲ့သည်။
သူသည် အလွန်ကြောက်ရွံ့နေခဲ့သည် ... သူသည် သူမြင်တွေ့ခဲ့ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်နေခဲ့ရသည် ... သူသည်စစ်သားတစ်ယောက်မဟုတ်သလို ဗိုလ်ချုပ်တစ်ယောက်လည်းမဟုတ်ပေ။ ဇန်းကဲ့သို့စစ်သူကြီးတစ်ယောက်သည် ထိုမြင်ကွင်းအားတွေ့မြင်ပြီးနောက် မကြာခင်တည်ငြိမ်သွားခဲ့သော်လည်း ရောဘတ်သည် မာနကြီးသောသခင်လေး တစ်ယောက်သာဖြစ်သည်။
သူသည်မိသားစုနောက်ခံဖြင့် သူအလိုရှိသော အရာမှန်သမျှကိုလုပ်ဆောင်နိုင်ခဲ့သည်။ သူ၏နောက်ကွယ်ရှိအင်အားကြောင့် သူ၏ဘဝတလျှောက်လုံးသည် ချောမွေ့နေခဲ့ကာမည်သည့်အခက်အခဲ အတားအဆီးမှမကြုံတွေ့ခဲ့ရပေ။ သို့သော်လည်း သူသည် ခြင်္သေ့မြို့အားသိမ်းပိုက်ရန် ရှောင်ယုအားရင်ဆိုင်စဉ်မှစ၍ နေ့တိုင်းဆုံးရှံးမှုများနှင့် ရင်ဆိုင်နေရသည်။
" ဒီမှာ ဘာတွေဖြစ်နေတာလဲ ... "
ရောဘတ်သည် ပစ္စည်းများကိုမြေပေါ်ပစ်ပေါက်လိုက်ပြီး သူ၏လက်များသည် တဆတ်ဆတ်တုန်ရီနေခဲ့သည်။ အချိန်အတော်ကြာသွားသော်လည်း မည်သူကမှအဖြေမပေးခဲ့ကြပေ။ ထိုမသေမျိုးတပ်သည် အဘယ်ကြောင့် သူတို့အားရုတ်တရက်တိုက်ခိုက်လာသည်ကို မည်သူကသိရှိမည်နည်း။ သူတို့သည် ကြိုတင်ပြင်ဆင်ထားသော လေ့ကျင့်မှုများကြောင့် ရှောင်ယု၏တပ်များကိုစနစ်တကျရင်ဆိုင်နိုင်သော်လည်း မသေမျိုးတပ်များကို တိုက်ခိုက်ရမည်ဟု မမျှော်လင့်ထားကြပေ။
" ဇန်း ... ဘာတွေဖြစ်နေတာလဲပြောစမ်း "
ရောဘတ်သည် လူတိုင်းတိတ်ဆိတ်နေသည်ကိုမြင်သော ဇန်းဘက်သို့ ခြေဦးလှည့်လာခဲ့သည်။
ဇန်းက ချက်ချင်းတင်ပြလိုက်သည်။
" သခင်လေး ... ငါတို့ကဒီလိုတိုက်ခိုက်ခံမှုမျိုးအတွက် ဘာမှကိုမပြင်ဆင်ထားခဲ့ပါဘူး ... တကယ်လို့ငါတို့သာနောက်တစ်ကြိမ် ဒီလိုတိုက်ခိုက်ခံရရင်ကြီးကြီးမားမား ဆုံးရှံးတော့မှာမဟုတ်ဘူး "
ရောဘတ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။
" ငါကသေသွားတဲ့စစ်သားတွေအကြောင်းကိုမေးနေတာမဟုတ်ဘူး ... ငါသိချင်တာကဘာတွေဖြစ်နေတာလဲ ... ဘာလို့မသေမျိူးတပ်သားတွေက ရုတ်တရက်ငါတို့ကိုတိုက်ခိုက်ရတာလဲ "
ဇန်းသည် အကူအညီမဲ့စွာဖြင့်တင်ပြလိုက်သည်။
" သခင်လေး ... ငါတို့ကအကြောင်းရင်းကိုသိရဖို့ လူတွေကိုစေလွှတ်ထားတယ် ... ဒါပေမဲ့ငါတို့က မသေမျိုးတွေနဲ့ခဏခဏတွေ့ဆုံနေရတာမဟုတ်တော့ အခက်အခဲအချို့ရှိတယ် "
" ပြန်သွားပြီးတော့ သေချာစုံစမ်းခဲ့ကြ ... မနက်ဖြန်နေ့လည်မတိုင်ခင် ငါအချက်အလက်အပြည့်အစုံကိုလိုချင်တယ် ... "
ရောဘတ်သည်လူတိုင်းကို လက်ပြကာထွက်ခွာခိုင်းလိုက်သည်။ သူသည်ကား ခေါင်းကိုက်နေ၍နဖူးကိုကိုင်ကာ ကျန်ရစ်ခဲ့သည်။ မည်သို့ပင်ဆိုစေ ရောဘတ်သည်တစ်ညလုံးအိပ်မက်ဆိုးမက်နေ၍ ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ သူသည်နေထွက်ခါနီးအချိန်မှ တဖြည်းဖြည်းအိပ်ပျော်သွားခဲ့သည်။ ထို့နေ့တွင် သူတို့သည်ခြင်္သေ့မြို့အား မတိုက်ခိုက်ဖြစ်ခဲ့ပေ။ ရောဘတ်သည် နေ့လည်ခင်းအချိန်၌အိပ်ရာမှနိုးလာခဲ့ကာ ဇန်းသည်အချက်အလက်အပြည့်အစုံဖြင့် သူ့ထံရောက်ရှိလာခဲ့သည်။
" မင်းဘာတွေရှာတွေ့ခဲ့လဲ ... "
ရောဘတ်သည် ဂျုံယာဂုက်ိုစားနေရင်း မေးမြန်းလိုက်သည်။
စားဖိုမှုးသည် ရောဘတ်၏မနက်စာအတွက် အလွန်အရသာရှိအောင် ချက်လုပ်ပေးခဲ့သော်လည်း ရောဘတ်သည်မနေ့ညက ဖြစ်ရပ်ဆိုးများကိုသတိရသွားကာ ထိုမနက်စာကိုပြုလုပ်သော စားဖိုမှူးကိုသတ်ဖြတ်လိုက်သည်။
" သခင်လေး ... ငါတို့ဒီကိစ္စကို သေသေချာချာကျကျနန စစ်ဆေးခဲ့ပြီးပြီ ... အရင်ကလည်းခြင်္သေ့နယ်မြေကရွာအချို့ဟာ ဒီမသေမျိုးတွေရဲ့တိုက်ခိုက်နှောင့်ယှက်မှုကိုခံခဲ့ရတယ် ... ရှောင်ယုက အနီးအနားမှာရှိတဲ့နယ်မြေတစ်ခုကိုသိမ်းပိုက်လိုက်ပြီးတော့ အဲ့ဒီမသေမျိုးတွေဟာ အဲ့နယ်မြေကနေ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ထွက်ပေါ်လာခဲ့တယ် ... ဒါပေမဲ့ရှောင်ယုက အဲ့နယ်မြေကိုသိမ်းပိုက်ပြီးတဲ့နောက်မှာ မသေမျိုးတွေကရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ် ... ရှောင်ယုကမသေမျိုးတွေ တိုက်ခ်ိုက်ခံရတဲ့ရွာတွေကို အဆောင်လက်ဖွဲ့တွေအမြောက်အများပေးအပ်ထားခဲ့တယ် ... အဲ့နောက်ပိုင်းမှာတော့ မသေမျိုးတွေကအဆောင်လက်ဖွဲ့တွေကြောင့် ရွာတွေကိုထပ်ပြီးမနှောင့်ယှက်ကြတော့ဘူး ... ဒါကြောင့်သူတို့က ဒီက်ိုလာပြီးတိုက်ခိုက်တာပဲ "
ဇန်းသည် လွန်ခဲ့သောတစ်ညလုံးမအိပ်စက်ဘဲ အချက်အလက်များကို ရှာဖွေနေခဲ့သည်။
" အိုး .. . ခြင်္သေ့နယ်မြေကလည်း မသေမျိုးတွေရဲ့တိုက်ခိုက်တာကိုခံခဲ့ရတယ်ပေါ့ ... အဲ့ဒါဆိုရင် ရှောင်ယုကသူတို့ကိုထိန်းချုပ်ထားတာဖြစ်နိုင်မလား ... "
ရောဘတ်သည် ငတုံးတစ်ယောက်မဟုတ်ပေ။ သူသည် ရှောင်ယုနှင့်မသေမျိုးများအကြောင်း ဆက်စပ်မှုရှိနိုင်ကြောင်း တွေးတောနိုင်ခဲ့သည်။
ဇန်းကခဏလောက်စဉ်းစားပြီး အဖြေပေးလိုက်သည်။
" အဲ့ဒါကသိပ်ပြီးတော့မသေချာပါဘူး ... ဒါပေမဲ့ရှောင်ယုက အဲ့လောက်မသေမျိုးတွေအများကြီးကို ဘယ်လ်ိုထိန်းချုပ်ထားနိုင်မှာလဲ ...ဒါ့ ပြင် သူသာမသေမျိုးတွေကိုထိန်းချုပ်နိုင်ရင် အမှောင်မြို့တော်ကမသေမျိုးတွေကိုထိန်းချုပ်ပြီး ငါတို့ကိုတိုက်ခိုက်ခိုင်းလိမ့်မယ် ... "
သူတို့သည်မသေမျိုးများအကြောင်းကို သေချာမသိသော်လည်း ရှေးဟောင်းစာအုပ်များ၏အဆိုအရ အစွမ်းထက်သောအောက်လမ်းမှော်ကဝေများသည်ပင် တစ်ချိန်တည်း၌မသေမျိုး၄ကောင်မှ ၅ကောင်ထိမထိန်းချုပ်နိုင်ကြောင်း ဖော်ပြထားပေသည်။ ထို့ပြင်ရှောင်ယုသည် အောက်လမ်းမှော်ကဝေတစ်ယောက်မဟုတ်ကြောင်း ထင်ရှားပေသည်။
ထို့ကြောင့်ရှောင်ယုသည် ထိုမသေမျိူးများအား ထိန်းချုပ်နေသည်မှာ မဖြစ်နိုင်ကြောင်းသူတို့ဆုံးဖြတ်လိုက်ကြသည်။ ဤကိစ္စတွင် သူတို့သံသယအနည်းငယ်ရှိနိုင်သော်လည်း အထောက်အထားအတိအကျဖြင့် ခိုင်လုံအောင်သက်သေပြနိုင်ရန် ခက်ခဲပေသည်။
" မင်းဆိုလိုချင်တာက ငါတို့ကိုတိုက်ခိုက်တဲ့မသေမျိုးတွေဟာ မြေအောက်မြို့တော်ကလာတယ်လို့ ပြောချင်တာလား "
ရောဘတ်သည် မြေအောက်မြို့တော်သို့ရောက်ဖူးသည့်အတွက် ထိုမသေမျိုးများနှင့်စိမ်းကားနေခြင်းမရှိပေ။ သူတို့သည် အန်ကာဂန်တောင်တန်းများနှင့် နီးကပ်စွာစခန်းချနေပေရာ မြေအောက်မြို့တော်မှမသေမျိုးများသည် သူတို့ထံသို့ရောက်ရှိလာသည်မှာဖြစ်နိုင်ပေသည်။
ဇန်းက ခေါင်းညိတ်ရင်းပြောလိုက်သည်။
" အဲ့ဒါလည်းဖြစ်နိုင်တယ် ... မသေမျိုးတွေက စခန်းကိုတိုက်ခိုက်ပြီးတော့ပုန်းအောင်းနေနိုင်တဲ့နေရာက အန်ကာဂန်တောင်တန်းတွေပဲရှိတယ် ... ဆိုတော့သူတို့ကသာ အန်ကာဂန်တောင်တန်းတွေထဲက ထွက်လာခဲ့တယ်ဆိုရင် သူတို့ရဲ့မူရင်းနေရာကမြေအောက်မြို့တော်ဆိုတာ သေချာနေတာပဲ "
" သေစမ်း ... ခေါင်းကိုက်စရာတွေချည်းပဲ "
ရောဘတ်သည် သူ့နဖူးကိုပွတ်ရင်းကျိန်ဆဲလိုက်သည်။သူသည် အစွမ်းထက်သောတပ်ဖွဲ့များစွာကို ယူဆောင်လာသည့်အတွက်ကြောင့် ခြင်္သေ့မြို့အားတစ်ကြိမ်တည်းဖြင့် သိမ်းပိုက်နိုင်မည်ဟုယုံကြည်ခဲ့သည်။ သို့သော်လည်း ခြင်္သေ့မြို့သည် ယခုအချိန်ထိ ကြံ့ကြံ့ခံရပ်တည်နေဆဲဖြစ်သည်။
...
...
နီကိုးလပ်စ်သည် ခြင်္သေ့မြို့အားအဝေးမှစောင့်ကြည့်ရင်း ရေရွတ်လိုက်သည်။
" ဘာတွေဖြစ်နေတာလဲ .... ဘာလို့ ခုချိန်ထိခြင်္သေ့မြို့ကို မတိုက်ခိုက်ကြသေးတာလဲ "
ထိုအချိန်တွင် တစ်စုံတစ်ယောက်က နီးကိုးလပ်စ်အားတင်ပြလာခဲ့သည်။
" ခေါင်းဆောင် ... ကင်းထောက်တွေရဲ့စုံစမ်းချက်အရဆိုရင် ကနေဒီမိသားစုရဲ့စခန်းဟာ မနေ့ညကမသေမျိုးတွေရဲ့တိုက်ခိုက်ခံရတယ်လို့သိရပါတယ် ...အဲ့ ဒီတိုက်ခိုက်ခံရမှုကြောင့် သူတို့ကကြီးကြီးမားမားဆုံးရှုံးခဲ့ရပြီးတော့ ဒီနေ့ခြင်္သေ့မြို့ကို မတိုက်ခိုက်နိင်ဘူးလို့ သတင်းရပါတယ် "
" ဘာ ... မသေမျိုးတွေ .... ဘာလို့မသေမျိုးတွေက ဒီမှာပေါ်လာရတာလဲ "
နီကိုးလပ်စ်သည် အလွန်အံ့သြသွားခဲ့သည်။
" ကနေဒီမိသားစုကလူတွေရဲ့အဆိုအရ အဲ့မသေမျိုးတွေဟာ အန်ကာဂန်တောင်တန်းမှာရှိတဲ့ မြေအောက်မြို့တော်ကနေ ရောက်လာတယ်လို့ပြောကြပါတယ် ... ခြင်္သေ့နယ်မြေကလည်း မကြာသေးခင်ကမှ အဲ့မသေမျိုးတွေကြောင့်တော်တော်အထိနာခဲ့တယ်လို့သိရပါတယ် "
ထိုလူက တင်ပြလိုက်သည်။
" အန်ကာဂန်တောင်တန်းတွေပဲ ဖြစ်ပြန်ပြီလား ... အဲ့နေရာရဲ့လျှို့ဝှက်ချက်ကဘာများလဲ "
နီကိုးလပ်စ်သည်မျက်မှောက်ကြုတ်လိုက်ပြီးနောက် အန်ကာဂန်တောင်တန်းများ၏ အနက်ပိုင်းသို့စိုက်ကြည့်လိုက်တော့သည်။
အခန်း ၃၁၄ - နောက်တစ်ကြိမ်ခိုးဝင်တိုက်ခိုက်ခြင်း
ရှောင်ယုသည် ခြင်္သေ့မြို့သို့ပြန်လာပြီးနောက်တွင် အိပ်စက်အနားယူခဲ့သည်။
အကယ်၍ ကနေဒီမိသားစုကသာ လာရောက်တိုက်ခိုက်ခြင်း မပြုလုပ်ပါက သူ့အားလာမနှောင့်ယှက်ရန် သူ၏အစေခံများကို အမိန့်ပေးထားခဲ့သည်။ မနေ့ညတိုက်ခိုက်မှုသည် အလွန်ကောင်းမွန်သောရလဒ်ကိုရရှိခဲ့ရာ ရန်သူများသည် မြို့အားဝိုင်းရံတိုက်ခိုက်မှုကို မပြုလုပ်နိုင်သင့်ပေ။ ရှောင်ယုသည် ဤကဲ့သို့ညအနည်းငယ်ဆက်တိုက် တိုက်ခိုက်မှုပြုလုပ်ကာ ရန်သူများအားစိတ်ပိုင်းဆိုင်ရာထိခိုက်မှုပေးရန် ဆုံးဖြတ်ထားသည်။
သူမျှော်လင့်ထားသည့်အတိုင်း ကနေဒီမိသားစုသည် ခြင်္သေ့မြို့အားလာရောက်မတိုက်ခိုက်ခဲ့ပေ။ သူတို့သည် မသေမျိုးများ၏ တိုက်ခ်ိုက်မှုအားကိုင်တွယ်ရန် အာရုံစ်ိုက်နေခဲ့သည်။ ထို့ပြင် စစ်သားများသည် ခြင်္သေ့မြို့အားတိုက်ခိုက်၍ မောပန်းနေပါက မသေမျိုးများကိုတိုက်ခိုက်ရန် အားအင်ရှိတော့မှာမဟုတ်ပေ။ ထို့ပြင် မသေမျိုးများ၏ တိုက်ခိုက်မှုနှင့်ပတ်သက်သော ကောလဟာလများက စစ်သားများ၏တိုက်ခိုက်လိုစိတ်ကို များစွာဆုတ်ယုတ်စေခဲ့သည်။ သူတို့သည် ဖြစ်န်ိုင်ပါက ဤကဲ့သို့ညစ်ပတ်သောနေရာမျိူးမှ တတ်နိုင်သမျှမြန်မြန်ထွက်ခွာလိုကြသည်။
ကနေဒီမိသားစုသည် တိုက်ခိုက်ခြင်းမပြုသော်လည်း ခြင်္သေ့မြို့ကငြိမ်ငြိမ်လေးရှိနေမှာမဟုတ်ပေ။ မှင်စာများသည် အကြီးအကျယ်ထိခိုက်ထားသော မြို့နံရံအစိတ်အပိုင်းများကိုပြင်ဆင်နေကြပြီး နဂိုထက်ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေကြသည်။ သူတို့အချိန်မှီမပြင်ဆင်နိုင်သော ကွက်လပ်များကိုအားဖြည့်ရန်အတွက် အကြီးစားလောက်လွဲများနှင့်လှံပစ်စက်များကို ပြင်ဆင်ထားကြသည်။ ယခုအချိန်၌ ရန်သူများကလာရောက်တိုက်ခိုက်ပါက ပင်ပန်းနွမ်းနယ်နေသောခြင်္သေ့မြို့သည် ကြီးမားသောထိခိုက်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော်လည်း ကနေဒီမိသားစုကလာရောက်တိုက်ခိုက်ခြင်းမပြုပေ။ ဘုန်းတော်ကြီးများသည် ဒဏ်ရာရရှိထားသောစစ်သားများစွာကို ကုသပေးခဲ့ကာ ရှေ့တန်း၌တိုက်ခ်ိုက်ရန် အသင့်ဖြစ်နေစေခဲ့သည်။
ဇန်းသည် ခြင်္သေ့မြို့၏အားနည်းနေသော အခြေအနေအားကောင်းစွာနားလည်ထားသည်။ သို့သော်လည်းသူသည် မသေမျိုးများ၏အန္တာရယ်ကိုဦးစွာကိုင်တွယ်ဖြေရှင်းရမည်ဖြစ်၍ ခြင်္သေ့မြို့အားမတိုက်ခိုက်နိုင်ခဲ့ပေ။
" အဲ့မသေမျိုးတွေက ဘာတွေဖြစ်နေတာလဲ "
မသေမျိုးများ၏သတင်းကို မကြားရသည်မှာရက်အနည်းငယ်ကြာမြင့်ပြီဖြစ်၍ ဇန်းသည်ရူးချင်သလိုခံစားနေရသည်။ သူ့ထံတွင်စွမ်းအားကြီးသူရဲကောင်းများနှင့် မှော်ဆရာများရှိနေသည့်အတွက်ကြောင့် ဇန်းသည်မသေမျိုးများကိုမကြောက်ရွံ့ပေ။ သို့သော်လည်း သူသည်ထိုပြဿနာအားမဖြေရှင်းနိုင်သရွေ့ ခြင်္သေ့မြို့အားတိုက်ခိုက်ရန်ကိစ္စကို အာရုံစိုက်ထားန်ိုင်မည်မဟုတ်ပေ။
ညအချိန်တွင် မသေမျိုးများလာရောက်တိုက်ခိုက်နိုင်၍ ကနေဒီမိသားစု၏စခန်းတစ်ခုလုံးကို အမြင့်ဆုံးသတိပေးချက်ထုတ်လွှင့်ထားခဲ့သည်။ သို့သော်လည်း မသေမျိုးများက စခန်းကိုတိုက်ခိုက်မယ့်အစား ခြင်္သေ့နယ်မြေတွင်းရှိရွာများကိုသာ သွားရောက်တိုက်ခိုက်နေခဲ့ကြသည်။ ထိုရွာများကိုကာကွယ်ပေးထားသော အဆောင်လက်ဖွဲ့များရှိနေဆဲဖြစ်သော်လည်း မသေမျိုးများသည် လယ်သမားများကိုသတ်ဖြတ်ရန် ကြိုးစားနေဆဲဖြစ်သည်။
အဆောင်လက်ဖွဲ့များနှင့်မသေမျိုးများ၏တိုက်ခိုက်မှုတို့သည် ကနေဒီမိသားစုနှင့်နီကိုးလပ်စ်၏နားတွင်းသို့ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် အင်အားစုနှစ်ခုလုံးသည် ထိုအဆောင်လက်ဖွဲ့များကို ကြီးကြီးမားမားစိတ်ဝင်စားလာကြသည်။ ကနေဒီမိသားစုသည် လူအချို့ကိုစေလွှတ်ကာ အဆောင်လက်ဖွဲ့များအားခိုးယူပြီး စခန်း၌ပြန်လည်တပ်ဆင်ရန် ယူဆောင်လာခဲ့သည်။ ထိုအဆောင်လက်ဖွဲ့များသည် စခန်းအားမသေမျိုးများ တိုက်ခိုက်လာပါက ကာကွယ်ပေးရန်မျှော်လင့်ထားကြသည်။
ရှောင်ယုသည် ကနေဒီမိသားစု၏လှုပ်ရှားမှုသတင်းအကြောင်းကိုကြားသောအခါ အားရပါးရရယ်မောလိုက်သည်။ သူသည် အဆောင်အမြောက်အများကိုထုတ်လုပ်ကာ ရွာပေါင်းများစွာ၌တပ်ဆင်စေခဲ့သည်။ သို့သော်လည်း ထိုအဆောင်လက်ဖွဲ့များသည် တပ်ဆင်သည့်နေရာအပေါ်ကိုသာသက်ရောက်ပြီး နေရာရွေ့ပြောင်းပါက အကျိုးသက်ရောက်မှုမရှိကြောင်း သူကြိုတင်ပြောကြားထားခဲ့သည်။
ထိုနေ့ညတွင် ရှောင်ယုသည် မသေမျိုးတပ်များကိုဦးဆောင်ကာ ကနေဒီမိသားစုကို နောက်ထပ်တစ်ကြိမ်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။
ယခုတစ်ကြိမ်တွင်သူသည် အခြားတစ်ဖက်မှနေ၍တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။ မသေမျိုးတပ်များသည် ပထမဆုံးအကြိမ်တိုက်ခိုက်ပြီးနောက် ရှောင်ယု၏ပုံစံအတိုင်း အံဝင်ခွင်ကျဖြစ်လာခဲ့သည်။ သူတို့အားလုံးသည် သူတို့၏တည်နေရာအား ရန်သူမှချက်ချင်းရှာမတွေ့နိုင်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း နားလည်ထားခဲ့သည်။ ထိုအခါမှ မသေမျိုးတပ်သားများ၏ဉာဏ်ရည်သည် အောစ့်များနှင့်နတ်သူငယ်များနှင့်ယှဉ်လျင်ပင် နောက်ကောက်မကျကြောင်း ရှောင်ယုတွေ့ရှိခဲ့သည်။ ဖုတ်ကောင်များသည် ပို၍ပင်ညဏ်ကောင်းကြပြီး ပုန်းအောင်းခြင်းနှင့်ရုတ်တရက်အလစ်ချောင်းတိုက်ခ်ိုက်ခြင်းတို့ကို ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ကြသည်။ သူတို့သည် ရန်သူ၏နောက်သို့တိတ်တဆိတ်ချဉ်းကပ်ကာ ရန်သူ၏လည်ပင်းကိုခိုးဝင်ကိုက်ခဲတတ်ကြသည်။ ရန်သူများသည် နောက်သို့လှည့်ကြည့်ရန်ပင် အခွင့်အရေးရလိုက်မှာမဟုတ်ပေ။
....
အသားကြိတ်စက်များသည် သစ်သားခြံစည်းရိုးများကိုနင်းခြေသွားခဲ့သည်။ရှောင်ယုသည် ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် စခန်း၏ဂိတ်ပေါက်ဝအား တိုက်ခိုက်ရလောက်သည်ထိ မရူးသွပ်ပေ။ ခြံစည်းရိုးများကို သစ်တုံးများဖြင့်ပြုလုပ်ထားသော်လည်း အသားကြိတ်စက်များက ၎င်းတို့အားဖြတ်ကျော်ရန် အခက်အခဲမရှိပေ။ အသားကြိတ်စက်များသည် မြို့ရိုးများကိုဖြတ်ကျော်နိုင်စွမ်းမရှိသော်လည်း ဤသစ်သားခြံစည်းရိုးများကိုဖြတ်ကျော်ရန် ပြသနာမရှိပေ။
လှည့်ကင်းများသည် အချက်ပေးခေါင်းလောင်းများကို ဆူညံစွာတီးခတ်လိုက်ကာ စခန်းတစ်ခုလုံးအားအချက်ပေးလိုက်သည်။ သို့သော်လည်း စခန်းသည်အလွန်ကြီးမားကာ တန်းလျားများစွာပါဝင်နေသည့်အတွက် အသိပေးချက်ကိုလူတိုင်းရရှိရန်ခက်ခဲပေသည်။
စစ်သားများစုရုံးနေချိန်တွင် အသားကြိတ်စက်များသည် သစ်သားခြံစည်းရိုးများကို ဖြတ်ကျော်လာပြီဖြစ်သည်။ ခြံစည်းရိုးနှင့်နီးကပ်နေသည့် လှည့်ကင်းများသည် ချက်ချင်းသေဆုံးသွားခဲ့ရသည်။
" ဖွဲ့စည်းပုံပြင်ကြ .... ငါတို့စစ်ကူတွေကိုစောင့်ဖို့လိုတယ် "
တပ်မှူးများသည် ပထမတစ်ကြိမ်မသေမျိုးများ တိုက်ခိုက်အပြီးတွင် ပိုမိုအတွေ့အကြုံရှိလာကြပြီဖြစ်သည်။ စစ်သားများသည် လွန်ခဲ့သောရက်အနည်းငယ်အတွင်း မသေမျိုးများ၏တိုက်ခိုက်မှုအားခုခံရန် လေ့ကျင့်ပေးခံထားရသည်။ သို့သော်ဤသာမန်တပ်သားများသည် မသေမျိုးများကိုမတိုက်ခိုက်နိုင်သောကြောင့် သူတို့သည်လက်ရွေးစင်တပ်သားများနှင့် မှော်ဆရာများရောက်လာသည်ထိ မသေမျိုးများကိုအချိန်ဆွဲထားရမည်ဖြစ်သည်။ သို့သော်လည်း ရှောင်ယုကထိုအချိန်ထိစောင့်ဆိုင်းနေရလောက်အောင် မတုံးအပါချေ။
ပင့်ကူမကောင်းဆိုးဝါးများသည် မြေကြီးထဲမှနေ၍ ရန်သူများ၏ဖွဲ့စည်းပုံများအတွင်းသို့ ထိုးဝင်လာကြသည်။ ထိုအခိုက်အတန့်တွင် စစ်သားများ၏ဖွဲ့စည်းပုံများသည် ချက်ချင်းဖရိုဖရဲဖြစ်သွားခဲ့သည်။
" ဘာတွေလဲ ... ဘယ်လိုဖြစ်ပြီးမြေအောက်ကနေ တိုးထွက်လာရတာလဲ "
ဖုတ်ကောင်များသည် ရန်သူများ ဖရိုဖရဲဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ဖွဲ့စည်းပုံအတွင်းသို့တိုးဝင်သွားကြကာ ရန်သူစစ်သားများကို သတ်ဖြတ်ခဲ့ကြသည်။ စစ်ကူများသည် အလျင်အမြန်ရောက်ရှိလာသော်လည်း သူတို့သည်အောက်လမ်းမှော်ကဝေများဆင့်ခေါ်ထားသည့် အရိုးစုများနှင့်ရင်ဆိုင်ခဲ့ရသည်။ သတ်ဖြတ်ခံထားရသောရန်သူစစ်သားများသည် ချက်ချင်းထရပ်လာကာ သူတို့၏မျက်လုံးများမှ အဝါရောင်အလင်းတန်းများကိုထုတ်လွှတ်၍ စစ်ကူများထံသို့ချီတက်တိုက်ခိုက်လိုက်ကြသည်။
ရှောင်ယုသည် မသေမျိုးများကိုအသုံးပြုတိုက်ခ်ိုက်ရာတွင် ပိုမို၍အတွေ့အကြုံကြွယ်ဝလာခဲ့သည်။ ဤနေရာတွင် အောက်လမ်းမှော်ကဝေများသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ကြောင်း သူနားလည်ခဲ့သည်။ ဖုတ်ကောင်များသည် ရန်သူများကိုမြန်နိုင်သမျှမြန်မြန်သတ်ဖြတ်နိုင်သရွေ့ အောက်လမ်းမှော်ကဝေများသည် ၎င်းတို့ကိုအရိုးစုတပ်သားများအဖြစ်ပြောင်းလဲနိုင်မည်ဖြစ်သည်။ ဤသို့ဖြင့် မသေမျိုးတပ်သားများ၏ အရေအတွက်သည် မိနစ်ပိုင်းအတွင်းမြင့်တက်လာမည်ဖြစ်သည်။
" သတ်ကြ ... "
စစ်ကူများသည် မသေမျိုးများ ကျူးကျော်ဝင်ရောက်လာသည့်သတင်းကိုရရှိချိန်၌ အနည်းနှင့်အများဆိုသလို ထိတ်လန့်ခဲ့ရသည်။ သို့သော်လည်း သူတို့၏ရဲဘော်ရဲဘက်များကို ရန်သူအဖြစ်ပြန်လည်ရင်ဆိုင်ရချိန်တွင် ဝမ်းနည်းစိတ်ဝင်လာခဲ့ပြီး သူတို့၏တိုက်ခိုက်ရေးစွမ်းအားသည် အလွန်လျော့ကျသွားခဲ့သည်။ သူတို့သည် မသေမျိုးများကိုမကြောက်သော်လည်း သူတို့သေဆုံးပြီးပါကထိုသို့ဖြစ်လာမည်ကို မလိုလားကြပေ။ ထိုအရာသည် ကြီးကျယ်သောစိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်သည်။
နှစ်ဖက်တပ်များ အချင်းချင်းထိပ်တိုက်တွေ့ချိန်တွင် သွေးများနေရာအနှံ့ပျံ့ကျဲသွားခဲ့သည်။ သို့သော်လည်း ကနေဒီမိသားစု၏ဆုံးရှံးမှုက ပိုမိုကြီးမားပေသည်။ လူသားများသည် မသေမျိုးများကို မည်သို့တိုက်ခိုက်ရမည်မှန်းမသိကြဘဲ သာမန်ရန်သူများကိုတိုက်ခိုက်သည့်ပုံစံဖြင့် တိုက်ခိုက်ကြသည်။ သူတို့သည် ဓားများကိုဝှေ့ယမ်းခြင်း ၊ ထိုးသွင်းခြင်းစသည်ဖြင့် တိုက်ခိုက်ကြသော်လည်း မသေမျိုးများကမရှောင်တိမ်းကြပေ။ မသေမျိုးများသည် နာကျင်မှုနှင့်သေဆုံးခြင်းကိုမကြောက်ရွံ့ကြပေ။
သူတို့သည် ဓားဖြင့်ထိုးစိုက်ခံထားရလျှင်ပင် ဆက်လက်တိုက်ခိုက်နေကြမှာဖြစ်သည်။ ထိုအခါ မည်သူကအရင်ဆုံးသေဆုံးမည်ကို ညဏ်ကောင်းသူတိုင်းသိနိုင်ပေသည်။ ထို့ပြင် ရန်သူများလဲကျသေဆုံးသွားတိုင်း သူတို့ကိုအရိုးစုတပ်သားများအဖြစ်ပြောင်းလဲပေးမယ့် အောက်လမ်းမှော်ကဝေများရှိနေရာ မသေမျိုးများ၏အရေအတွက်သည် တိုးပွားလာခဲ့သည်။
တိုက်ပွဲသည် လက်ရှိပုံစံအတိုင်း၁၀မိနစ်ခန့် ဆက်လက်ဖြစ်ပွားခဲ့သည်။ ရှောင်ယုသည် အဆင့်မြင့်မှော်ဆရာများနှင့်သူရဲကောင်းများက တိုက်ပွဲသို့ဝင်ရောက်ပူးပေါင်းလာသည်ကိုမြင်သော် မသေမျိုးများကို တပ်ဆုတ်ခိုင်းလိုက်သည်။ မည်သို့ပင်ဆိုစေ သူသည်မသေမျိုးများကို ဂရုမစိုက်ပေ။ သူတို့သေဆုံးသွားပါကလည်း အခြေစိုက်စခန်းမှနေ၍ ပြန်လည်ထုတ်လုပ်နိုင်သည်။ သို့သော် ကနေဒီမိသားစုက ထိုသို့မလုပ်ဆောင်နိုင်ပေ။
ယခုတစ်ကြိမ်တွင် ရှောင်ယုသည် ကနေဒီမိသားစု၏တပ်များကိုအနိုင်ရရန်အတွက် ရွှေပြားများကိုသုံးစွဲတော့မည်ဖြစ်သည်။
ရှောင်ယုသည် မသေမျိုးများကိုဆုတ်ခွာခိုင်းချိန်၌ ပြဿနာများစွာဖြင့်ရင်ဆိုင်ခဲ့ရသည်။ ယခုတစ်ကြိမ်တွင် ကနေဒိမိသားစု၏စွမ်းအားကြီးမားသောမှော်ဆရာများနှင့်သူရဲကောင်းများသည် မသေမျိုးများကိုလိုက်လံတိုက်ခိုက်ခဲ့သည်။ ထိုအတွက်ကြောင့် ရှောင်ယုသည် ဖုတ်ကောင်များနှင့်ပင့်ကူမကောင်းဆိုးဝါးအချို့ကို ရန်သူများအားတားဆီးရန်ချန်ရစ်ခဲ့ကာ ကျန်တပ်သားများနှင့်အတူဆုတ်ခွာခဲ့သည်။ ရှောင်ယုသည် သူတို့၏ဆုတ်ခွာရာလမ်းကြောင်းကိုဖုံးကွယ်ရန် မြူခိုးများနှင့်ကာရံထားခဲ့ကာ အန်ကာဂန်တောင်တန်းသို့ဝင်ရောက်လာခဲ့သည်။ ထို့နောက် နောက်ထပ်တစ်ကြိမ် အောင်မြင်စွာဆုတ်ခွာမှုဖြစ်ခဲ့သည်။
" သူတို့က မရမကလိုက်ပြီးတိုက်နေကြတာပဲ ... သူတို့ကိုကြည့်ရတာမသေမျိုးတွေအားလုံးကို အပြတ်သုတ်သင်ချင်နေပုံရတယ် "
ရှောင်ယုသည် နောက်ထပ်တစ်ကြိမ်တွင် သူအသုံးပြုမယ့်နည်းဗျူဟာအကြောင်းအား စတင်စဉ်းစားခဲ့သည်။
အခန်း ၃၁၅ - ဘုရားကျောင်း
ရှောင်ယုသည် ရက်အနည်းငယ်ကြာတိုင်း မသေမျိုးတပ်များကိုအသုံးပြုကာ ကနေဒီမိသားစု၏စခန်းကိုတိုက်ခိုက်နေခဲ့သည်။
ထို့ကြောင့်ကနေဒီမိသားစုသည် လဝက်ကြာသည်ထိ ခြင်္သေ့မြို့အားမတိုက်ခိုက်ခဲ့ရပေ။ သူတို့သည် မသေမျိုးများ၏တိုက်ခိုက်မှုကိုအာရုံစိုက်ခုခံနေရသောကြောင့် ခြင်္သေ့မြို့အားဝိုင်းရံတိုက်ခိုက်ရန် မလုပ်ဆောင်နိုင်ခဲ့ပေ။ ရှောင်ယုက ရန်သူများသည် မသေမျိုးများ၏တိုက်ခိုက်မှုကို အာရုံစိုက်နေကြောင်းသိလိုက်ချိန်တွင် သူသည်စခန်းကိုတစ်ခါတိုက်ပြီးသည်နှင့် နောက်ထပ်တစ်ကြိမ်၌မတူညီသောနေရာမှ ဝင်ရောက်တိုက်ခ်ိုက်လေ့ရှိသည်။
ကနေဒီမိသားစု၏ လက်ရွေးစင်တပ်သားများသည် တိုက်ခိုက်ခံရသည့်နေရာသို့ရောက်ချိန်တွင် ရှောင်ယုနှင့်မသေမျိုးများက ထိုနေရာ၌မရှိကြတော့ပေ။ ဇန်းသည် ရှောင်ယုအသုံးပြုသည့်ပြောက်ကျားနည်းဗျူဟာကြောင့် နေ့စဉ်ရက်ဆက်ဆိုသလ်ိုခေါင်းကိုက်နေရသည်။
ရှောင်ယုသည် နေ့အချိန်သို့ရောက်တိုင်း ခြင်္သေ့မြို့ရှိသူ၏စံအိမ်အတွင်း အိပ်စက်အနားယူလေ့ရှိသည်။ ကနေဒီမိသားစုသည် သူတို့အားလာမတိုက်သော်လည်း ရှောင်ယုသည်သူတို့၏စခန်းကို နေ့အချိန်၌တိုက်ခိုက်ရန် ခွန်အားရှိသည်ဟုမဆိုလိုပေ။
...
...
" ဝါး ... မှော်ပေါက်ကွဲရေးမြှားတွေအများကြီးပဲ ... "
ရှောင်ယုသည် ပထမဆုံးအဆင့်သင့်အသုံးပြုနိုင်သော မှော်ပေါက်ကွဲရေးမြှားတစ်သုတ်ကို တွေ့မြင်ချိန်၌ အံ့သြတကြီးရေရွတ်မိလိုက်သည်။ ရှောင်ယုသည် ထိုမြှားတံများကိုတွေ့ချိန်တွင် ဆရာဟစ်ဂင်ဖြစ်စေ မှင်စာများပင်ဖြစ်စေ ရှောင်ယုကိုလှည့်၍နှုတ်ဆက်ရန်မအားကြပေ။ ဆရာဟစ်ဂင်ဆိုလျှင် ရှောင်ယုကိုကြည့်ရန်ခေါင်းပင်မထောင်နိုင်ပေ။
" အချိန်တိုအတွင်းမှာ ဒီလောက်များပြားတဲ့ မှော်ပေါက်ကွဲရေးမြှားတွေကို ထုတ်လုပ်နိုင်တာကြောင့် ဆရာဟစ်ဂင်ကို ဆရာသခင်လို့ခေါ်ထိုက်ပါပေတယ် "
ရှောင်ယုသည် ဆရာဟစ်ဂင်ကိုချီးကျူးရန် အကောင်းဆုံးကြိုးပမ်းခဲ့သည်။
ဆရာဟစ်ဂင်သည် သူ၏လက်များကိုဝှေ့ယမ်းလိုက်သည်။
" သူတို့ကိုယူသွားလိုက်...ငါ့မှာမင်းနဲ့စကားပြောနေဖို့အချိန်တွေရှိမနေဘူး...စကားမစပ် မှင်စာတွေထပ်ပြီးစေလွှတ်ပေးအုံး ... သူတို့ကအတော်အားကိုးရတဲ့လက်ထောက်တွေပဲ "
ဆရာဟစ်ဂင်သည် သူ့ရှေ့တွင်ရှိနေသော ကိရိယာများအား အာရုံစူးစ်ိုက်နေသည်ကိုမြင်သောအခါတွင် ရှောင်ယုသည် ဆရာဟစ်ဂင်အားထပ်မံ၍မနှောင့်ယှက်တော့ပေ။ သူသည် မှော်ပေါက်ကွဲရေးမြှားများကို သူ၏သိုလှောင်လက်စွပ်အတွင်းထည့်သိမ်း၍ ထိုနေရာမှထွက်ခွာလာခဲ့သည်။ လက်ရှိအချိန်တွင် သူ့ထံ၌မှော်ပေါက်ကွဲရေးမြှား ၁၀၀၀ခန့်ရှိနေပြီဖြစ်ရာ မြို့အားတိုက်ခ်ိုက်လာမည့် မည်သည့်တိုက်ခိုက်မှုကိုမဆို ကာကွယ်နိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။
" ကာတီယူရှာက မြစ်ကမ်းဘေးမှာရပ်နေတယ် ... သီချင်းဆိုနေတယ် "
ရှောင်ယု၏စိတ်ခံစားချက်များသည် အလွန်ကောင်းမွန်နေကော နာမည်ကြီးသီချင်းတစ်ပုဒ်ကို ညည်းနေခဲ့သည်။ ဤအခိုက်အတန့်တွင် မှော်ပေါက်ကွဲရေးမြှားများသည် ကာတီယူရှာဒုံးပျံများဖြင့်နှိုင်းယှည်နိုင်ကြောင်း ရှောင်ယုခံစားမိသည်။ ရန်သူများသည် ဒုံးပျံများ၏သဘောတရားကိုမသိပေရာ ကတုတ်ကျင်းများကိုအသုံးပြုကြမည်မဟုတ်ပေ။ သို့ဖြစ်ရာ မှော်ပေါက်ကွဲရေးမြှားများဖြင့် သူသည်ရန်သူအမြောက်အများကိုသတ်ဖြတ်နိုင်မည်ဖြစ်သည်။
" ၁၀၀၀ကတော်တော်နည်းသေးတယ် ... ငါ့မှာအရေအတွက်အများကြီးမရှိတာ နှမြောစရာပဲ ... တကယ်လို့ငါ့မှာသာ ဒီလိုမြှားမျိုး၁၀၀၀၀လောက်ရှိခဲ့ရင် ကနေဒီမိသားစုတပ်တွေကို အမြစ်ဖြုတ်ချေမှုန်းလို့ရတယ် "
ရှောင်ယုသည် ထိုသို့ရေရွတ်ရင်း စိတ်မထိန်းနိုင်ဘဲ မှော်ပေါက်ကွဲရေးမြှားများကို ဒုံးကျည်များကဲ့သို့ ကနေဒီမိသားစုထံအဆက်မပြတ်ပစ်လွှတ်နေသည်ကို စဉ်းစားကြည့်မိလိုက်သည်။ မှော်ပေါက်ကွဲရေးမြှားများကို ပိုင်ဆိုင်ထားသူများသည် ထိုလက်နက်များကိုဗျူဟာမြောက်လက်နက်များအဖြစ် အသုံးပြုမည်ဖြစ်ကာ ရှောင်ယုကဲ့သို့ဖြုန်းတီးရန်စိတ်ကူးမိမှာမဟုတ်ပေ။
ထိုခဏတွင် ရှောင်ယုသည် မှော်ပေါက်ကွဲရေးမြှားများကို အမြောက်အများထုတ်လုပ်ရန် အကြံအစည်ရှိနေသော်လည်း ထိုအကြံအစည်သည် မဖြစ်နိုင်ကြောင်းတွေးမိ၍ ချက်ချင်းပယ်ဖျက်လိုက်သည်။ ၎င်းတို့ကိုထုတ်လုပ်ရန်အတွက် ပထမဆုံးအလွန်များပြားသော သားရဲများ၏အရိုးများကိုလိုအပ်ပေသည်။ အန်ကာဂန်တောင်တန်းအတွင်း၌ သားရဲများမရှားပါးသော်လည်း သူတို့အား အမဲလိုက်ရသည်မှာခက်ခဲသောအလုပ်ဖြစ်သည်။
ထို့ပြင်သူတို့သည် တစ်နေ့လျှင် သားရဲမည်မျှကိုအမဲလိုက်နိုင်မည်နည်း။ သူသည် အန်ကာဂန်တောင်တန်းများအတွင်းသို့ စစ်တပ်ကိုစေလွှတ်ကာ သားရဲများအားသတ်ဖြတ်စေနိုင်သော်လည်း ၎င်းသည်အလွန်ဖြုန်းတီးသောလုပ်ရပ်ဖြစ်သည်။
ရှောင်ယုသည် မှော်ပေါက်ကွဲရေးမြှားများအကြောင်းကို တွေးတောနေချိန်တွင် ရောဘတ်သည်ဧည့်သည်တစ်ယောက်နှင့် တွေ့ဆုံနေခဲ့သည်။
" သခင်လေးရောဘတ် ... အလင်းဘုရားကျောင်းရဲ့ဟေးစ်က မင်းဆီကိုအလည်လာတယ် ... "
ဇန်းသည် တဲအတွင်းသို့ဝင်ပြောလိုက်သည်။
" ဟေးစ် ... သူကဒီမှာဘာလာလုပ်တာလဲ"
ရောဘတ်သည် ကနေဒီမိသားစုဝင်ဖြစ်၍ ဟေးစ်အကြောင်းကိုသိရှိပေသည်။ သူတို့မိသားစုသည် မကြာသေးမှီက အလင်းဘုရားကျောင်းနှင့် အပြန်အလှန်ဆက်သွယ်မှုများရှိခဲ့သည်။
" သူတို့ရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ငါတို့အခုရင်ဆိုင်နေရတဲ့ ပြဿနာကိုဖြေရှင်းဖို့အတွက် တကယ်လိုအပ်နေတဲ့သူတစ်ယောက်ပဲ "
ဇန်းကပြုံးရင်းပြောလိုက်သည်။
ရောဘတ်က ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
" သူ့က်ိုအထဲဝင်ခိုင်းလိုက် "
အလင်းဘုရားကျောင်းသည် မသေမျိုးများ၏အကြီးမားဆုံး အိပ်မက်ဆိုးဖြစ်ပေသည်။ အလင်းဘုရားကျောင်းမှလူများသည် မသေမျိုးများကိုဆန့်ကျင်နိုင်ပေရာ ရောဘတ်သည်သူတို့အား မသေမျိုးများနှင့်ရင်ဆိုင်ရာတွင် အသုံးပြုရန်ဆုံးဖြတ်ထားခဲ့သည်။
ထို့နောက်တွင် ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့်အမျိူးသားတစ်ဦးက တဲတွင်းသို့ဝင်လာရန် အချိန်များစွာမကြာမြင့်လိုက်ပေ။ သူသည်ဝင်ဝင်လာချင်း ရောဘတ်ကိုပင်ဦးမညွတ်ခဲ့ပေ။
" သခင်လေးရောဘတ်...မတွေ့ရတာတောင် အတော်ကြာပြီ ... မင်းကိုကြည့်ရတာ နေကောင်းတဲ့ပုံမပေါ်ဘူး "
ရောဘတ်က အေးစက်စက်လေသံဖြင့်ပြောလ်ိုက်သည်။
" မင်းကဘာလို့ဂရုစိုက်နေတာလဲ "
ဟေးစ်က ဆန်းကြယ်စွာပြုံးလိုက်သည်။
" သခင်လေးရောဘတ်က ပြဿနာအချို့ကြုံတွေ့နေရတယ်လ်ို့ ငါသတင်းရထားတယ် ... တကယ်လို့သခင်လေးရောဘတ်က အလင်းဘုရားကျောင်းဆီက အကူအညီရယူလိုသလား "
" အိုး ... အလင်းဘုရားကျောင်းက ဘယ်တုံးကအဲလောက်ကြင်နာသွားတာလဲ ... "
ဤတိုက်ကြီးတွင်နေထိုင်ကြသော လူအများစုသည် အလင်းဘုရားကျောင်းကိုကိုးကွယ်ယုံကြည်ကြသော်လည်း ရောဘတ်ကဲ့သို့လူအချို့ကသာ အလင်းဘုရားကျောင်း၏ရည်ရွယ်ချက် အစစ်အမှန်ကိုနားလည်ကြသည်။
ဟေးစ်သည် စားပွဲအနားသို့ဖြေးညင်းစွာ လမ်းလျှောက်လာခဲ့ကာ ဝိုင်တစ်ခွက်ကိုကောက်သောက်လိုက်သည်။ထို့နောက်သူက ပုံမှန်လေသံဖြင့်ပြောလိုက်သည်။
" အလင်းဘုရားကျောင်းက တိုက်ကြီးရဲ့ကာကွယ်စောင့်ရှောက်သူတွေပဲ ... ငါတို့ဟာတရားမျှတမှုရဲ့အသံတွေဖြစ်တယ် ... မကောင်းတဲ့စွမ်းအားကိုရင်ဆိုင်နေရသူတိုင်းကို ငါတို့ကအကူအညီပေးသွားလိမ့်မယ် "
ရောဘတ်က ထိုစကားကိုသရော်လှောင်ပြောင်လိုက်သည်။
" တရားမျှတမှုရဲ့အသံဟုတ်လား ... ဆရာဟေးစ်ကအလေးအနက်ကိုမထားတော့ဘူးပဲ ... ဒါကရှေးခေတ်အချိန်တွေမဟုတ်တော့ဘူး ... အလင်းရဲ့သူရဲကောင်းပါလာဒင်တွေက ပျောက်ကွယ်နေခဲ့တာ အတော်ကြာပြီ "
ဟေးစ်သည် ရောဘတ်၏လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ မျက်လုံးမှိတ်ကာပြောလိုက်သည်။
" ကနေဒီမိသားစုက တိုက်ကြီးထဲမှာလုပ်ချင်တာလုပ်နိုင်မယ်လို့ ထင်နေတာလား ... သခင်လေးရောဘတ် ငါတို့ရဲ့ပုပ်ရဟန်းမင်းကြီးကဟောကိန်းတစ်ခုကိုပြုလုပ်ခဲ့တယ် ... မကြာခင်မှာဘဲ အလင်းသယ်ဆောင်သူ(အူသာ)ပြန်လည်ရောက်ရှိလာလိမ့်မယ် ... အဲ့အချိန်ကျရင် လူသားတွေက အလင်းဘုရားကျောင်းကိုနာခံပြီး ကြီးမားတဲ့အင်အားကိုဖွဲ့စည်းနိုင်လိမ့်မယ် ... ကနေဒီမိသားစုနဲ့အခြားမိသားစုတွေ စုဆောင်းထားတဲ့ခွန်အားနဲ့စည်းစိမ်တွေက အဲ့အချိန်ကျရင်အသုံးဝင်တော့မှာမဟုတ်ဘူး ... အလင်းဘုရားကျောင်းကတောင်းဆိုလိုက်ရင် ဘယ်သူမဆိုခရုးဆိတ်စစ်ပွဲကိုပါဝင်ဆင်နွဲကြလိမ့်မယ် .... ယုံကြည်သက်ဝင်ခြင်းက လူတိုင်းမှာရှိတဲ့အရာဖြစ်တယ် .... မင်းရဲ့ချမ်းသာမှုတွေက မင်းကိုပြန်ပြီးကူညီနိုင်မယ်လို့ မင်းထင်နေတာလား"
ရောဘတ်က မျက်မှောင်ကြုတ်မိလိုက်သည်။
" အလင်းဘုရားကျောင်းရဲ့ ရည်မှန်းချက်တွေက တကယ်တော့မသေးဘူးပဲ ... ဒါပေမဲ့ကောင်းကင်ခြင်္သေ့မင်းဆက်က မကျရှုံးသေးဘူး ... အလင်းဘုရားကျောင်းက ထီးနန်းကို လုယူသိမ်းပိုက်လိုက်မှာလား"
ဟေးစ်က ပြန်ပြောလိုက်သည်။
"ကနေဒီမိသားစုကလည်း တော်တော်အတင့်ရဲနေတာပဲ .... မင်းကိုဘယ်သူကမှ ကြီးကြီးကျယ်ကျယ်ရန်မစဝံ့ဘဲနဲ့ ဘာလ်ို့ခြင်္သေ့နယ်မြေကိုလာတိုက်ရတာလဲ ... မင်းတို့ကလည်းကောင်းကင်ခြင်္သေ့မင်းဆက်ကို ပုန်ကန်ချင်နေတာလား "
ထို့နောက်ရောဘတ်နှင့်ဟေးစ်တို့နှစ်ယောက်လုံးသည် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ထိုခဏတွင် သူတို့နှစ်ယောက်ကြားအားပြိုင်မှုကြောင့် လျှပ်စီးများထွက်ပေါ်လာသလိုပင် ခံစားလိုက်ရသည်။ထို့နောက်သူတို့နှစ်ယောက်သည် တစ်ယောက်ပေါ်တစ်ယောက် အပြစ်တင်ရှုံချစကားများမပြောရန် ဆုံးဖြတ်လိုက်ကြသည်။ယခုအချိန်တွင် သူတို့သည်ပြိုင်ဘက်များထံမှ မည်မျှအကျိုးကျေးဇူးရရှိမည်ကို သိချင်နေသည့်အတွက်ကြောင့် စကားများများစားစားမပြောခဲ့ကြပေ။
Thank For Reading.