အခန်း (၃၂၈-၃၃၀)
Vol. 22 Ch. 328-330
အခန်း ၃၂၈ - ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ
" သူတို့ရောက်လာပြီလား ... "
ရှောင်ယုသည် ခန်းမအတွင်းသို့ရောက်လာသော လီအာနှင့်မိုင်ယဗ်တို့၏ အစီရင်ခံစာများကိုနားထောင်ရင်း ရေရွတ်လိုက်သည်။
" ဟုတ်တယ် .. .မကြာခင်သူတို့က ကနေဒီမိသားစုတပ်တွေနဲ့ပူးပေါင်းလိမ့်မယ် ... ကနေဒီမိသားစုတပ်တွေဟာ အရင်ကမသေမျိုးတွေရဲ့နှောင့်ယှက်မှုကြောင့် အတော်လေးအားနည်းနေခဲ့တယ်ဆိုပေမဲ့ ခုတော့သူတို့က မသေမျိုးတွေကိုပြန်လည်တိုက်ခိုက်နိုင်တော့မှာဖြစ်တယ် ... သူတို့တွေသာ ပူးပေါင်းတိုက်ခိုက်လာမယ်ဆ်ိုရင် သူတို့ကိုခုခံဖို့ကအလွန်ကိုခက်ခဲလိမ့်မယ် "
လီအာက မှုန်ကုပ်ကုပ်အမှုအရာဖြင့်ပြောလိုက်သည်။
ရှောင်ယုသည် ထိုအရာများကိုမသိဟန်ဆောင်နေသော်လည်း သူသည် ကနေဒီမိသားစုနှင့်ဘုရားကျောင်းတို့၏ ပူးပေါင်းတပ်များကိုဆန့်ကျင်ရန် အစီအစဉ်ဆွဲနေပြီဖြစ်သည်။ အကယ်၍သူသာ ထိုပူးပေါင်းတပ်များကိုအောင်နိုင်ခဲ့ပါက သူ၏ဂုဏ်သိက္ခာသည် ယခုထက်ပို၍ကျယ်ပြန့်လာမည်ဖြစ်သည်။သူသည် ဤတိုက်ပွဲကိုအောင်နိုင်ပါက ဝေပြည်နယ်ကဲ့သို့သောအိမ်နီးချင်းနယ်မြေများကိုသိမ်းယူကာ သင့်တော်သောမြို့စားပြည်နယ်တစ်ခုကိုဖန်တီးရန် ဤအခွင့်အရေးအားအကောင်းဆုံးအသုံးချနိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ခြင်္သေ့နယ်မြေသည်ပြိုလဲသွားမှာဖြစ်သည်။
ရန်သူများဘက်၌ ကနေဒီမိသားစုနှင့်ဘုရားကျောင်းတို့အပြင် တစ်ဖက်တွင် အမှောင်ထဲ၌ နီကိုးလပ်စ်လည်းရှိနေပေသည်။ ထို့ကြောင့်ရှောင်ယုသည် ဤတိုက်ပွဲအားအနိုင်တိုက်ရန်မှလွဲ၍ အခြားသောရွေးချယ်စရာမရှိခဲ့ပေ။
" လီအာ ... မင်းကငါ့အနားမှာရောက်နေတာ အတော်ကြာနေခဲ့ပြီ ... ငါရှုံးနိမ့်တာကိုမင်းမြင်ဖူးလို့လား "
ရှောင်ယုကပြုံးရင်းပြောလိုက်သည်။
လက်ရှိအချိန်တွင် ခန်းမအတွင်း၌ လီအာနှင့်မိုင်ယဗ်သည်သာမက အခြားသောဗိုလ်ချုပ်များလည်းရှိနေခဲ့သည်။ ရှောင်ယုသည် မကြာသေးခင်က လူအမြောက်အများကို ဗိုလ်ချုပ်အဖြစ်ရာထူးတိုးပေးခဲ့သည်။ ထိုလူများအနက်အချို့ကို မူလီကခေါ်ဆောင်လာခဲ့ပြီး အခြားသူများကိုမူရှောင်ယုက ကိုယ်တိုင်ရာထူးတိုးပေးခဲ့သည်။ ရှောင်ယု၏စကားကိုကြားချိန်၌ လူတိုင်းခေါင်းညိတ်မိလိုက်ကြသည်။ အမှန်လည်း ရှောင်ယုသည်ယခုအချိန်ထိတိုင်အောင် မည်သည့်တိုက်ပွဲကိုမှ ရှုံးနိမ့်ခြင်းမရှိဘဲ သူရင်ဆိုင်ခဲ့ရသည့် ကြီးမားသည့်အကျပ်အတည်းမှန်သမျှကို ဖြေရှင်းခဲ့ကာအောင်ပွဲကိုရယူနိုင်ခဲ့သည်။ ထို့ကြောင့် ရှောင်ယုထံ၌ဤအကျပ်အတည်းကိုဖြေရှင်းရန် အစီအစဉ်ရှိသည်ဟုလူတိုင်းယုံကြည်လာကြသည်။
တိုက်ပွဲမတိုက်မှီ တပ်ဖွဲ့ဝင်များ၏စိတ်ဓာတ်ကို လုံးဝကျဆင်းစေ၍မရပေ။ ဤအရာသည် ရှောင်ယု၏အဓိကခံယူချက်ဖြစ်သည်။
" ဒါဆိုရင်လည်းစကြတာပေါ့ ... ဘုရားကျောင်းကလူတွေကခရီးရှည်ထွက်လာမှာဆိုတော့ သင့်တော်တဲ့လက်ဆောင်သာမပေးရင် ဧည့်ဝတ်မကျေမှာစိုးရတယ် "
ရှောင်ယုသည် သူ၏မျက်လုံးများကိုမှိတ်ထားရင်း ညည်းညူလိုက်သည်။
...
" သခင်ခေးစ်လား ... ဘာလို့ပါလာဒင်ဟေးစ်က ပြန်မလာရတာလဲ "
ဘုရားကျောင်း၏တပ်များကို ဟေးစ်အစား ပါလာဒင်ခေးစ်ကဦးဆောင်လာသည့်အတွက် အခြေအနေသည်အနည်းငယ်ထူးဆန်းကြောင်း ရောဘတ်ခံစားမိခဲ့သည်။ ဟေးစ်သည် ဤနေရာသို့ကိုယ်တိုင်ရောက်ဖူးကာ အခြေအနေတစ်ခုလုံးကို တွေ့မြင်ခဲ့သည်။ ထို့ကြောင့်မသေမျိူးများနှင့် ရင်းနှီးသူတစ်ဦးကိုစေလွှတ်ခြင်းသည် ကျိုးကြောင်းဆီလျော်သည်မဟုတ်ပါလော...
ပါလာဒင်ခေးစ်က ပြန်ပြောလိုက်သည်။
" ပါလာဒင်ဟေးစ်က ရာထူးတိုးခံလိုက်ရပြီ ... ခုဆိုရင်သူက ပုပ်ရဟန်းမင်းကိုကာကွယ်ပေးရတဲ့ အစောင့်တပ်ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပြီ ... အဲ့ဒီအစား သခင်လေးရောဘတ်ရဲ့ပုံစံကိုကြည့်ရတာ အခက်အခဲတွေအများကြီးကိုရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ပုံဘဲ "
ရောဘတ်က သက်ပြင်းချလိုက်သည်။
" မသေမျိုးတွေရဲ့ အဆက်မပြတ်တိုက်ခိုက်တာကိုခံရရင် မင်းလည်းငါ့လိုဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်ပါလာဒင်ခေးစ် ... ပါလာဒင်တွေရဲ့အလင်းမှော်ပညာဟာ မသေမျိုးတွေရဲ့အိပ်မက်ဆိုးဖြစ်တယ်ဆိုတာ ငါယုံကြည်တယ် ... ဒါပေမဲ့ဒီကောင်တွေကိုက တိုက်ခိုက်မှုတစ်ခုတည်းနဲ့သတ်ဖြတ်လို့မရနိုင်ဘူး ... ဒါ့အပြင်မင်းသာကောင်းကောင်းမလုပ်ဆောင်နိုင်ရင် မင်းကိုယ်တိုင်ကမသေမျိုးဖြစ်လာလိမ့်မယ် ... မင်းရဲ့တပ်တွေသာကောင်းကောင်းမစွမ်းဆောင်နိုင်ရင် မင်းကိုယ်တိုင်တိုက်ပွဲထဲပါဝင်လာမှာလား "
မကြာသေးမှီက တိုက်ခိုက်မှုများအတွင်း ရောဘတ်သည်မသေမျိုးများ၏ကူးစက်ခြင်းကိုခံရသော ထောင်ပေါင်းများစွာသောစစ်သားများအား သတ်ဖြတ်ရန်အမိန့်ပေးခဲ့သည်။ ယခုအခါ ဖုတ်ကောင်ကုတ်သည်ကိုခံလိုက်ရသော စစ်သားများသည် မသေမျိုးအဖြစ်ပြောင်းလဲသွားသည်ကိုတွေ့မြင်လာရသည်။ ထိုအခြေအနေအား ကိုင်တွယ်ဖြေရှင်းရန်အကောင်းဆုံးသောနည်းလမ်းမှာ ကူးစက်ခံထားရသူကို မသေမျိုးမဖြစ်သို့ပြောင်းလဲမသွားမှီ သတ်ဖြတ်ပစ်ရန်ဖြစ်သည်။ သို့သော် ကူးစက်ခံရသူများသည် သာမန်လူသားများသာဖြစ်၍ သူတို့၏ရဲဘော်ရဲဘက်များအား သတ်ဖြတ်ရသူတို့သည် စိတ်ပိုင်းဆိုင်ရာအရာနှိပ်စက်ညည်းပန်းခံခဲ့ရသည်။ သူတို့၏အမြင်တွင် သူတို့သည်အပြစ်မဲ့သူများအား သတ်ဖြတ်နေရသည့်လူသတ်သမားများဖြစ်သည်။
ဤကဲ့သို့အလားတူဖြစ်ရပ်မျိုးသည် ရှေးခေတ်ခရူးဆိတ်စစ်ပွဲ၌လည်း ဖြစ်ပွားခဲ့သည်။ သူတို့သည်လည်း မသေမျိုးများကူးစက်ခဲထားရသည့် သူတို့၏အဖေများကိုစတင်သတ်ဖြတ်ခဲ့သည်။ ထိုအဖြစ်ဆိုးသည် အားသက်စ်၏အဖြစ်ဆိုးကိုဖြစ်ပေါ်စေခဲ့သည်။ အားသက်စ်သည် သူ့လူများသတ်ဖြတ်ခံနေရသည်ကိုမြင်တွေ့နေစဉ် သူ၏အသိစိတ်ပျောက်ကွယ်ခဲ့ရသည်။ ထို့နောက်တွင်သူသည် သာမန်လူများအတွက် လက်စားချေပေးမည်ဟု ကတိပြုခဲ့မိသည်။ ထိုသို့စိတ်ဓာတ်ပျက်ပြားမှုက အားသက်စ်ကိုနှိပ်စက်ခဲ့ပြီး သူ၏ကျရှုံးမှုအားဖြစ်ပေါ်စေခဲ့သည်။
ထိုအချိန်တွင် ခေးစ်ကရိုးရှင်းသောစကားဖြင့် တုံ့ပြန်ခဲ့သည်။
" ငါ့ရဲ့သန့်ရှင်းသောအလင်းရောင်က သူတို့ကိုသန့်စင်ပေးလိမ့်မယ် "
ရောဘတ်သည် နှာမှုတ်လိုက်သော်လည်း ပြန်လည်မတုံ့ပြန်ခဲ့ပေ။ လက်ရှိအချိန်တွင် ခေးစ်သည်သူတို့အားကူညီရန် ရောက်ရှိနေသည့်အတွက်ကြောင့်သူသည် ထိုလူနှင့်စကားစစ်ထိုးရန်ယုတ္တိမရှိပေ။
သို့သော် ခေးစ်သည် ဤအခြေအနေကို ဖြောင့်ဖြောင့်ကြီးတွေးနေကြောင်း ရောဘတ်ခံစားမိနေသည်။ ရောဘတ်၏စစ်တပ်သည်လည်း မသေမျိုးများနှင့်ရင်ဆိုင်ခဲ့ဖူးသည့်အပြင် သူတို့သည်ဤမသေမျိုးများထက် များစွာသန်မာသောမြေအောက်မြို့တော်ရှိမသေမျိုးများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော်လည်း ထိုမသေမျိုးများသည် စည်းကမ်းတကျရှိသောစစ်တပ်များကဲ့သို့ဖွဲ့စည်းထားခြင်းမရှိပေ။
ရောဘတ်သည် ခေးစ်ကိုသူ၏တဲအတွင်းသို့ ခေါ်ဆောင်သွားကာ နှစ်ယောက်လုံးထိုင်ချလိုက်ကြသည်။ သူတို့နှစ်ယောက်သည် တစ်ဖက်မှအရင်ဆုံးစကားပြောလာမည်ကိုစောင့်ဆိုင်းရင်း မည်သူကမှစ၍မပြောခဲ့ကြပေ။ ဘုရားကျောင်းသည် သူ့အားကူညီရန်တပ်များကိုစေလွှတ်ခဲ့သည့်အတွက် သူတို့သည်တစ်စုံတစ်ခုကိုအလိုရှိနေကြောင်း ရောဘတ်သိထားပေသည်။ အကယ်၍ သူတို့၏ညှိနှိုင်းမှုအဆင်မပြေပါက ပူးပေါင်းဆောင်ရွက်မှုရလဒ်သည် ကောင်းမွန်တော့မည်မဟုတ်ပေ။
" ငါတို့ခြင်္သေ့မြို့ကိုသိမ်းပိုက်နိုင်ခဲ့ရင် အောစ့်တွေ ၊ နတ်သူငယ်တွေနဲ့အခြားတပ်သားတွေကို မင်းပိုင်လိမ့်မယ် ... ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတယ် ... "
ခေးစ်ကစ၍စကားပြောလိုက်သည်။
" အိုး .. ဘယ်လိုအခြေအနေလဲ "
ဘုရားကျောင်းသည် ထိုတပ်သားများကိုစိတ်မဝင်စားသည့်အကြောင်းကြားသောအခါ ရောဘတ်သည်အလွန်ပင်အံ့သြသွားခဲ့သည်။
" မင်းမှာသန်မာတဲ့သူရဲကောင်းတွေ အများကြီးရှိနေတယ်ဆိုတာ ငါသိထားတယ် ... ငါကပဥ္စမအဆင့်ပါလာဒင်၂ယောက်ကိုလည်း ခေါ်ဆောင်လာခဲ့တယ် ... မင်းကငါတို့နဲ့အတူပူးပေါင်းပြီးတော့ အဲ့ဒီအူသာအတုကိုဖမ်းခေါ်လာမယ်လို့ မျှော်လင့်တယ် ... ငါတို့ကသူ့က်ိုဘုရားကျောင်းဆီ ပြန်ခေါ်လာပြီးတော့ ဘုရားကျောင်းရဲ့ဂုဏ်သိက္ခာအတွက် သူ့ကိုချက်ချင်းကွပ်မျက်ပစ်ရမယ် "
" အူသာတစ်ယောက်က အတုဖြစ်နေတယ်ပေါ့ ... ဒါဆိုရင်ရှောင်ယုရဲ့ဘေးနားကအူသာက အတုလို့ပြောချင်တာလား ... မင်းတို့ရဲ့အူသာကကော အတူမဖြစ်နိုင်ဘူးလား "
ရောဘတ်ကထေ့ငေါ့၍မေးမြန်းလိုက်သည်။
ထိုစကားကိုကြားချိန်တွင် ခေးစ်သည်ချက်ချင်းထရပ်ကာ စားပွဲက်ိုထုရိုက်လိုက်သည်။
" ရောဘတ် ... မင်းကအလင်းနတ်ဘုရားကိုမယုံကြည်ရင်လည်းရတယ် ... ဒါပေမဲ့အူသာကိုတော့မင်းစော်ကားလို့မရဘူး ... သူ့က်ိုစော်ကားတာက မင်းကိုဒုက္ခအကြီးကြီးရောက်စေလိမ့်မယ် ... ငါတို့ကိုယ်တိုင်မလှုပ်ရှားရင်တောင် မင်းတို့ရဲ့စခန်းကအနှေးနဲ့အမြန်ဖျက်ဆီးခံရလိမ့်မယ် "
ခေးစ်၏တုံ့ပြန်မှုကိုမြင်သောအခါ ရောဘတ်ပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ ရောဘတ်သည် ဖြုန်းတီးတတ်သောလူမိုက်တစ်ယောက်ဖြစ်သော်လည်း ဘုရားကျောင်းကိုကိုးကွယ်ယုံကြည်သူများကလည်း အရူးအုပ်စုတစ်ခုဖြစ်ကြောင်း နားလည်ထားပေသည်။ သူသည် သူတို့၏နတ်ဘုရားများနှင့်ယုံကြည်မှုတို့ကို ဆက်၍စော်ကားပါက ပြဿနာရှိလာမည်ဖြစ်သည်။
ရောဘတ်က သူ၏လက်က်ိုဝှေ့ယမ်းလိုက်သည်။
" ကောင်းပြီ ငါကတိပေးတယ် ... မင်းတို့ကအူသာအတုကလွဲပြီးတော့ ဘာကိုလိုချင်သေးလဲ "
ခေးစ်က ဆက်ပြောလိုက်သည်။
" ခြင်္သေ့မြို့မှာလည်း ရတနာတွေအများကြီးရှိတယ်လို့ပြောတယ် ... အဲ့ထဲကတစ်ဝက်ကို ဘုရားကျောင်းကရလိမ့်မယ် "
" စိတ်မပူပါနဲ့ ... ငါအလိုချင်ဆုံးက အဲ့တပ်သားတွေပဲ ... အဲလိုဆိုရင်ငါတို့ရဲ့ပျော်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကိုဖြိုခွဲနိုင်တဲ့အရာတွေ ထပ်မရှိနိုင်တော့ဘူးလို့ ငါထင်တယ် "
ရောဘတ်သည် သူ၏မျက်လုံးက်ိုမှေးစင်းရင်း ပြုံးပြလိုက်သည်။
အခန်း ၃၂၉ - မူရေး
ရှောင်ယုသည် ထိုနေ့ညခင်းတွင် အံ့အားသင့်ဖွယ်တိုက်ခိုက်မှုတစ်ခုပြုလုပ်ရန် ရွေးချယ်လိုက်သည်။
ထိုတိုက်ခိုက်မှု၏အဓိကရည်ရွယ်ချက်မှာ ရန်သူအားအသေအပျောက်များပြားစေရန်အတွက် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းမဟုတ်ပေ။ ရှောင်ယုသည် ဤတိုက်ခိုက်မှုမှတဆင့် ဘုရားကျောင်း၏အင်အားနှင့်မသေမျိုးများအပေါ် သူတို့၏ထိရောက်မှုကိုစုံစမ်းရန်ဖြစ်သည်။ ထို့နောက် သူ၏အစီအစဉ်ကိုအခြေအနေအရ မွမ်းမံမှာဖြစ်သည
အလင်းမှော်ပညာနှင့် ပါလာဒင်များအသုံးပြုသည့် တိုက်ပွဲစွမ်းအင်များသည် မသေမျိုးများကို ထိခိုက်ပျက်စီးစေနိုင်သောကြောင့် ဤစမ်းသပ်တိုက်ခိုက်မှုသည် အနာဂတ်တိုက်ပွဲများအတွက် များစွာအထောက်အကူပြုမည်ကို မှတ်သားထားရမည်ဖြစ်သည်။
ရှောင်ယုသည် နေ့အချိန်တွင် လီအာနှင့်မိုင်ယဗ်တို့အား ဘုရားကျောင်း၏တပ်များကို သွားရောက်စုံစမ်းရန်တောင်းဆိုခဲ့သည်။ ဘုရားကျောင်း၏တပ်စခန်းသည် အလွန်ထင်ရှားကာ မီးရှူးတိုင်ကဲ့သို့တောက်ပနေသောတူတစ်လက်က်ို ကိုင်ဆောင်ထားသည့်အူသာရုပ်တုကြီးကို ဝိုင်းရံကာစခန်းချထားပေသည်။ စခန်းပတ်လည်တွင် လှည့်ကင်းများစွာရှိနေခဲ့ပြီး ဘုရားကျောင်းသည်မသေမျိုးများအား ကောင်းစွာကိုင်တွယ်ရန်ပြင်ဆင်ထားပုံရသည်။
" မသေမျိူးတွေ ... အနောက်ဘက်ခြမ်းမှာရှိတဲ့ ၄ခုမြောက်တန်းလျားကိုတိုက်ခိုက်နေတယ် ... "
အော်ဟစ်သတိပေးသံများက ဘုရားကျောင်း၏တပ်စခန်းအတွင်း ပျံ့နှံ့သွားခဲ့သည်။ လူတစ်စုသည် ချက်ချင်းပင်တိုက်ခိုက်ခံနေရသော လေးခုမြောက်တန်းလျားထံသွားရောက်ကြသည်။ ရှောင်ယုသည် ထိုအခြေအနေကိုကြည့်ရင်း ပြုံးလိုက်မိသည်။
ရှောင်ယုသည် တန်းလျားတစ်ခုအားတိုက်ခိုက်ရန်အတွက် ဖုတ်ကောင်အချို့ကိုအမိန့်ပေးခဲ့ကာ ဘုရားကျောင်း၏တပ်များကိုကွဲထွက်သွားစေခဲ့သည်။ ထို့နောက်တွင်ရှောင်ယုသည် မပြင်ဆင်ရသေးသော ဘုရားကျောင်း၏တပ်များကိုတိုက်ခိုက်ရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။ ရှောင်ယုသည် ပြောက်ကျားနည်းစနစ်ကိုအသုံးပြုကာ ကနေဒီမိသားစု၏စွမ်းအားကြီးမှော်ဆရာများနှင့်စက်ရုပ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သလို ယခုလည်းဘုရားကျောင်း၏တပ်များကို ဆန့်ကျင့်နေပြီဖြစ်သည်။
ရှောင်ယုသည် ဘုရားကျောင်းမှလူများ တကွဲတပြားဖြစ်သွားသည်ကိုမြင်သော် အားသက်စ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ အားသက်စ်သည် ခေါင်းညိတ်ပြလိုက်ကာ မသေမျိုးတပ်များကိုစတင်ရွေ့လျားခဲ့သည်။ လက်ရှိအချိန်တွင် ရှောင်ယုသည်မသေမျိုးတပ်များကို ကိုယ်တ်ိုင်မဦးစီးတော့ဘဲ အားသက်စ်ထံသို့အမိန့်ပေးကွပ်ကဲမှုကို လွဲပြောင်းပေးထားခဲ့သည်။
" သတ်ကြ ... "
အားသက်စ်သည် ကျယ်လောင်စွာအော်ဟစ်လိုက်ရာ မသေမျိုးများသည် စခန်းသို့ပြေးဝင်သွားကြသည်။ စခန်းအပြင်ဘက်ခြံစည်းရိုးများ၌လည်း အစောင့်များရှိနေကြသည်။ သူတို့သည် စခန်းအား ရန်သူများတိုက်ခိုက်လာသည်ကိုမြင်သောအခါတွင် အံ့သြသွားခဲ့သည်။ သူတို့သည် ထိုမသေမျိုးများအားတိုက်ခိုက်ရန်အတွက် လေးများကိုအသုံးပြုခဲ့ကြသော်လည်း မသေမျိုးများသည် ခြံစည်းရိုးကိုဖြတ်ကျော်ပြီးနောက်တွင် အစောင့်များကိုသတ်ဖြတ်ရန်လျင်မြန်စွာ တိုက်ခိုက်လိုက်ကြသည်။
အား...အား
ဘုရားကျောင်းမှစစ်သားများသည် မသေမျိုးများနှင့်ရင်ဆိုင်ရရာတွင် အတွေ့အကြုံမရှိကြ၍ အလွယ်တကူရှုံးနိမ့်သွားခဲ့ကြသည်။ ထို့ပြင် သာမန်စစ်သားများသည် အလင်းစွမ်းအားကို အသုံးမပြုနိုင်ကြသည့်အတွက်ကြောင့် သူတို့သည်စစချင်းတွင်ဖုတ်ကောင်များအား ရင်ဆိုင်ဆန့်ကျင်နိုင်စွမ်းမရှိကြပေ။
" မသေမျိုးတွေ ... မသေမျိုးတွေတိုက်ခိုက်နေကြပြီ "
စခန်းတစ်ခုလုံးအနှံ့ အချက်ပေးခေါင်းလောင်းသံများဆူညံသွားခဲ့သည်။ စစ်သားအများစုသည် ချပ်ဝတ်များကိုဝတ်ဆင်ထားကြကာ တန်းလျားများမှပြေးထွက်လာသည်နှင့် မသေမျိုးများကိုပြေးဝင်တိုက်ခိုက်လိုက်ကြသည်။ သာမန်စစ်သားများသည်လည်း ခေးစ်၏ဦးနှောက်ဆေးခြင်းကိုခံထားရပေရာ သူတို့သည်အလင်းနတ်ဘုရား၏အလိုဆန္ဒအရ မသေမျိုးများကိုသတ်ဖြတ်ရန် ဆန္ဒရှိနေကြသည်။
သို့သော်လည်း သူတို့၏နှလုံးသားသည်ဖုတ်ကောင်များနှင့် ရင်ဆိုင်ရသည့်အခါတွင် ကြောက်ရွံ့တုန်လှုပ်ခြင်းများနှင့်ပြည့်နှက်သွားခဲ့သည်။ မသေမျိုးများနှင့်ပထမဆုံးရင်ဆိုင်ရသည့်မည်သူမဆို သာမန်ထက်အကြောက်တရားကိုနှစ်ဆပိုမိုခံစားရမည်ဖြစ်သည်။ ဘုရားကျောင်းမှသာမန်စစ်သားများ၏အခြေအနေသည် ကနေဒီမိသားစုတပ်သားများထက်သာလွန်ခြင်းမရှိပေ။
" မှော်ကိုသုံး ... အလင်းမှော်ပညာကိုသုံးကြ "
ခရူးဆိတ်တပ်မှူးအချို့က စတင်အော်ဟစ်လိုက်ကြသည်။
ရွှီး ... ရွှီး ... ရွှီး
ချက်ချင်းပင် ကောင်းကင်ယံတစ်ခုလုံး ရွှေရောင်အလင်းများဖြင့်ပြည့်နှက်သွားခဲ့ကာ မရေမတွက်နိုင်သောအလင်းမှော်တိုက်ခိုက်မှုများက ဖုတ်ကောင်များအပေါ်သို့ကျရောက်လာခဲ့သည်။
ဂါး...
အလင်းမှော်ပညာသည် သူတို့အားထိမှန်လာစဉ်တွင် ဖုတ်ကောင်များ၏ခန္ဓာကိုယ်မှ အနက်ရောင်မီးခိုးများထွက်ပေါ်လာပြီး ဖုတ်ကောင်များသည် နာကျင်စွာအော်ဟစ်လိုက်ကြသည်။ သို့သော်လည်း ဤအလင်းမှော်ပညာသည် ဖုတ်ကောင်များအားသေဆုံးသည်ထိမဖြစ်ပေါ်စေခဲ့ပေ။ သာမန်ပါလာဒင်များနှင့်ဘုန်းတော်ကြီးများသည် ဖုတ်ကောင်များကို တစ်ချက်တည်းဖြင့်မသတ်ဖြတ်နိုင်ပေ။ ထိုသို့ဆိုလျှင်သူတို့သည် ပိုမ်ိုအဆင့်မြင့်သောမသေမျိုးသတ္တဝါများကိုသတ်ဖြတ်နိုင်မည်လား ... ထိုအချက်ကပင် ဘုရားကျောင်းတပ်ဖွဲ့များသည် ပြိုင်ဘက်ကင်းနေခြင်းမဟုတ်ကြောင်း ရှောင်ယုကိုသက်သေပြနေခြင်းဖြစ်သည်။
ထိုအချိန်တွင် ပင့်ကူများသည်မြေအောက်မှနေ၍ ဖောက်ဝင်လာကြပြီး ဖုတ်ကောင်များကိုတိုက်ခိုက်ရန်အတွက် မှော်ပညာအားအသုံးပြုနေကြသော ပါလာဒင်များနှင့်ဘုန်းတော်ကြီးများကိုစတင်တိုက်ခိုက်ခဲ့ကြသည်။
" အား ... ပင့်ကူတွေက ဘယ်ကနေထွက်လာတာလဲ "
ဘုန်းတော်ကြီးများက စတင်အော်ဟစ်လိုက်ကြသည်။ သူတို့သည် အလွန်ထိခိုက်လွယ်သည့်အတွက် နောက်တန်း၌ ရှိနေကြပြီး စစ်သားများကသူတို့အားကာကွယ်ပေးထားခဲ့သည်။ သို့သော်လည်း ပင့်ကူများသည်သူတို့ကျွမ်းကျင်သော တူးဖော်မှုကြောင့် အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သည်။ ရှောင်ယုသည် ဤနည်းဗျူဟာကို အားသက်စ်နှင့်အတူ အချိန်ကြာမြင့်စွာကတည်းက စီစဉ်ထားခဲ့သည်။
ထို့ပြင်အားသက်စ်သည် ရှောင်ယုကဤနည်းဗျူဟာကိုအသုံးပြု၍ ရန်သူများအားတိုက်ခိုက်သည်ကို တွေ့မြင်ဖူးပြီး ယခုအချိန်တွင်အားသက်စ်သည် ဘုရားကျောင်းကိုတိုက်ခိုက်ရန်အတွက် တူညီသောနည်းဗျူဟာကိုအသုံးပြုနေကြသည်။
ဘုရားကျောင်းတပ်သားများသည် တိုက်ပွဲအတွေ့အကြုံ များများစားစားမရှိသည့်အတွက် သူတို့၏စောင့်ကြပ်မှုသည် ဖရိုဖရဲဖြစ်နေခဲ့သည်။
" ခရူးဆိတ်များ ... ဤညစ်ညမ်းသောသတ္တဝါတွေကို သတ်ဖြတ်ခြင်းဖြင့်သန့်စင်လိုက်ပါ ... သန့်ရှင်းသောအလင်းမှခွန်အားကိုချေးငှါးခွင့်ပြုပါ "
ဘုရားကျောင်းတပ်မှူးသည် ကြွေးကြော်လိုက်ပြီးနောက် သာမန်စစ်သားများအားကောင်းချီးပေးရန် သူ၏တူကိုဝှေ့ယမ်းလိုက်သည်။
သာမန်စစ်သားများသည် သူတို့၏တပ်မှူးများချီးမြင့်လာသည့် ကောင်းချီးများကြောင့် တဖန်ပြန်လည်၍စိတ်ဓာတ်တက်ကြွလာခဲ့သည်။ ထိုအချိန်၌ ပရမ်းပတာဖြစ်ရပ်များသည် ပြန်လည်တည်ငြိမ်သွားခဲ့ကာ မသေမျိုးများကိုတိုက်ခိုက်ရန် ပြန်လည်ပြေးဝင်သွားကြသည်။ ရှောင်ယုသည်ထိုမြင်ကွင်းအား အဝေးမှကြည့်ရင်း သက်ပြင်းချမိလိုက်သည်။
ယုံကြည်ခြင်း၏စွမ်းအားသည် စိတ်ကိုထိန်းချုပ်ရာ၌ အမှန်တကယ်ပင်အစွမ်းထက်ပေသည်။ ဤစွမ်းအားသည် မည်သည့်ဘာသာမဆိုအရေးမကြီးလှတော့ပေ။ အဓိကအချက်မှာ ဘာသာတရားအပေါ်ယုံကြည်သက်ဝင်သူများသည် မိမိတို့၏သားသမီးများကိုပင် သတ်ဖြတ်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ဘာသာတရားနှင့်ယုံကြည်ခြင်း၏စွမ်းအားဖြစ်သည်။ ယုံကြည်သူများသည် ထိုယုံကြည်မှုစနစ်ကြောင့် အယူအသည်းဆုံးနှင့်စဉ်းစားညဏ်မရှိကြတော့သည့် တိုက်ခိုက်ရေးသမားများဖြစ်လာကြသည်။ ယခုအခါ ထိုယုံကြည်မှုကြောင့် စစ်သားများစွာသည် မသေမျိုးများထံပြေးဝင်သွားကြသည်။
ရှောင်ယုသည် ထိုစစ်သားများ၏နှလုံးသားထဲရှိ အကြောက်တရားများပယ်ဖျက်သွားသည်ကို တွေ့မြင်လိုက်ရသည်။ ရှောင်ယုသည် စစ်သားများ၏ခွန်အားကိုမြင့်တင်ရန် ကောင်းချီးများကိုအသုံးပြုနေသောအဆင့်မြင့်ပါလာဒင်များကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူသည် ထိုကောင်းချီးကိုအနီးကပ်တွေ့မြင်ဖူးသော်လည်း ယခုမူပိုမိုရှင်းရှင်းလင်းလင်းတွေ့မြင်ရခြင်းဖြစ်သည်။ဤကောင်းချီးများသည် အလင်း၏ကောင်းချီးသက်သက်မဟုတ်ဘဲ အညစ်အကြေးများစွာပါဝင်နေပေသည်။ ထို့ပြင် ဤကောင်းချီးများသည် သွေးဆာခြင်းများနှင့်ပြည့်နှက်နေခဲ့သည်။ ဤကောင်းချီးများသည် ပါလာဒင်များ၏ကောင်းချီးများထက် အောစ့်များ၏သွေးဆာခြင်းအစွမ်းနှင့်ပင် ပိုမိုဆင်တူနေသည်ဟု ဆိုနိုင်ပေသည်။
" ဒီကောင်းချီးတွေကို တမင်တကာပြောင်းလဲထားပုံရတယ် ... ဒီကောင်းချီးတွေက သာမန်စစ်သားတွေနဲ့စစ်သည်တွေကို ပိုပြီးသွေးဆာလာအောင် အရူးအမူးဖြစ်စေလိမ့်မယ် ... နောက်ဆုံးတော့သွေးနီရောင်ခရူးဆိတ်တွေဟာ ဂိမ်းထဲကလိုပဲအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ရလိမ့်မယ် "
ရှောင်ယုကတိတ်တဆိတ်ညည်းညူလိုက်သည်။
သတ်ကြ....
စစ်သားများ၏မျက်လုံးများသည် သွေးရောင်များဖြင့်ဖုံးလွှမ်းသွားခဲ့ကာ အကြောက်အလန့်ကင်းမဲ့စွာဖြင့် ဖုတ်ကောင်များကိုပြေးဝင်တိုက်ခိုက်လိုက်ကြသည်။
ရွှံရှာဖွယ်အသားကောင်များသည်လည်း ပြေးဝင်လာကြပြီး သူတို့၏လက်ထဲကိုင်ဆောင်ထာသော ချိတ်ကြီးများကိုဝှေ့ယမ်းလိုက်ကြသည်။ သူတို့သည် ပါလာဒင်များကိုဖမ်းဆွဲရန်ကြိုးစားခဲ့ကြသည်။ လင်းနို့မကောင်းဆိုးဝါးများသည်လည်း ဘုန်းတော်ကြီးများထံပျံသန်းလာကာ သူတို့အားတိုက်ခိုက်ရန်ကြိုးစားလာကြသည်။
ခရက်..ခရက်...ခရက်
လွန်ခဲ့သောအခိုက်အတန့်က သတ်ဖြတ်ခံခဲ့ရသူများသည် အရိုးရွေ့လျားသံများထွက်ပေါ်လာကာ မတ်တပ်ရပ်လာကြသည်။ သူတို့သည် မတ်တပ်ရပ်ပြီးနောက်တွင် သူတို့၏လက်နက်များကိုဆွဲထုတ်၍ ဘုရားကျောင်း၏တပ်များထံပြေးဝင်သွားကြသည်။ အောက်လမ်းမှော်ကဝေများသည် တိုက်ပွဲ၌ပါဝင်လာကြပြီး သေဆုံးနေသူများကိုပြန်လည်ဆင့်ခေါ်ကာ အရိုးစုစစ်သားများအဖြစ်သို့ပြောင်းလဲ၍ ပြန်လည်တိုက်ခိုက်ခိုင်းခဲ့သည်။
ထိုအရာသည် အခြားတပ်များနှင့်ယှည်လျင် မသေမျိုးတပ်များ၏ အကြီးကျယ်ဆုံးအားသာချက်ဖြစ်သည်။ အောက်လမ်းမှော်ကဝေအယောက်၂၅၀သည် အရိုးစုတပ်သား၂၅၀၀ကိုဆင့်ခေါ်နိုင်ချိန်တွင် အားသက်စ်ကအရိုးစုတပ်သား၁၀၀၀ကိုဆင့်ခေါ်နိုင်သည်။ ထို့ကြောင့်သူတို့သည် တိုက်ပွဲ၌အရိုးစုတပ်သား ၃၅၀၀ကို အသုံးပြုနိုင်ပေသည်။
ထိုအရိုးစုများကို အမြောက်စာအဖြစ် အများဆုံးအသုံးပြုကြသည်။ သူတို့သည် ရှေ့ဆုံးမှပြေးဝင်သွားကာ ဖုတ်ကောင်များနှင့်ပင့်ကူများက သူတို့နောက်မှပြေးဝင်သွားမည်ဖြစ်သည်။
" ညစ်ပတ်လိုက်တဲ့မသေမျိုးတွေ...သူတို့ကငါတို့ရဲ့မြင့်မြတ်တဲ့ဘုရားကျောင်းကိုအရောင်စွန်းထင်းစေချင်တာလား..."
ထိုအချိန်တွင် ကျယ်လောင်သောအသံတစ်ခုက စခန်းတစ်ခုလုံးအနှံ့ပျံ့နှံ့လာခဲ့သည်။ စစ်သားများသည် ရွှေဝါရောင်တိုက်ပွဲစွမ်းအားများဖြင့် လွှမ်းခြုံထားသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူသည် မြေပေါ်သို့ခုန်ချလိုက်သည်နှင့် အရိုးစုစစ်သားများစွာကိုသတ်ဖြတ်နိုင်ခဲ့သည်။
" ပါလာဒင်မူရေး ... ပါလာဒင်မူရေး "
ခရူးဆိတ်များက စတင်အော်ဟစ်လိုက်ကြသည်။ထိုပါလာဒင်ရောက်ရှိလာမှုသည် တိုက်ပွဲအခြေအနေကိုချက်ချင်းပြောင်းလဲစေခဲ့သည်။ ထိုလူသည် ကောင်းချီးကိုစတင်အသုံးပြုလိုက်ရာ ကြီးမားသောရွှေရောင်ခမောက်များသည် လေထဲလွှင့်မြောလာပြီးနောက် အလင်းတန်းများစတင်ကျဆင်းလာခဲ့ကာ ဘုရားကျောင်း၏သာမန်စစ်သားများကိုကာကွယ်ပေးလိုက်သည်။
" ဘုရင့်၏ကောင်းချီး ... "
ရှောင်ယုသည် ထိုကျွမ်းကျင်မှုအားအသိအမှတ်ပြုဟန်ဖြင့် ရေရွတ်လိုက်သည်။ ဘုရင့်၏ကောင်းချီးသည် စစ်သားအားလုံး၏အရည်အချင်းများကိုမြင့်တင်ပေးနိုင်သည်။ သို့သော်လည်း ဤကျွမ်းကျင်မှုသည် သင်ယူရန်အခက်ခဲဆုံးသောကျွမ်းကျင်မှုတစ်ခုဖြစ်ကာ ပဥ္စမအဆင့်ပါလာဒင်များသာအသုံးပြုနိုင်ပေသည်။ ဟေးစ်ကဲ့သို့သော စတုတ္ထအဆင့်ပါလာဒင်များသည် ထိုကျွမ်းကျင်မှုအားအသုံးမပြုနိုင်ပေ။
အူသာသည် အဆင့်၂၀သို့ရောက်ရှိလာပြီးနောက်တွင် ထိုကျွမ်းကျင်မှုအားအသုံးပြုနိုင်ခဲ့သည်။ ထိုကျွမ်းကျင်မှုသည် စစ်မြေပြင်၌အလွန်ထိရောက်မှုရှိသောကြောင့် ရှောင်ယုသည်ဘုရင့်၏ကောင်းချီးကို အမြင့်ဆုံးအဆင့်ထိ အဆင့်မြင့်ထားခဲ့သည်။
သို့သော်လည်း မူရေးအသုံးပြုလိုက်သော ဘုရင့်၏ကောင်းချီးသည် အစစ်အမှန်ဘုရင့်၏ကောင်းချီးနှင့်နှိုင်းယှဉ်ပါက များစွာကွဲပြားနေကြောင်းရှောင်ယုသတိပြုမိလိုက်သည်။ထိုကောင်းချီးသည် စစ်သားများ၏အရည်အချင်းအားလုံးကို မမြင့်တင်ပေးနိုင်ခဲ့ပေ။ ထိုကောင်းချီးသည် အသုံးပြုပေးလိုက်သောစစ်သားများ၏နာကျင်မှုကို လျော့ချရန်အတွက်သာအသုံးဝင်ပေသည်။ ထိုကောင်းချီးသည် ပါလာဒင်၏စစ်မှန်သော အကာအကွယ်မဟုတ်ပေ။ ဤပါလာဒင်၏ကောင်းချီးသည် စစ်သားများကိုအကာအကွယ်ပေးရန်ထက် တိုက်ခိုက်ရာတွင်ပိုမိုအားကောင်းလာစေရန် အာရုံစိုက်ထားပေသည်။
နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် ဘုရားကျောင်းသည် လုံးဝပြောင်းလဲသွားခဲ့ကြောင်း ရှောင်ယုနားလည်လိုက်သည်။ ပါလာဒင်များသည်ပင် ချို့ယွင်းချက်များနှင့်ပြည့်နှက်လာခဲ့သည်။
မည်သို့ပင်ဆိုစေ မူရေးသည်အားနည်းသည်ဟုမဆိုလိုပေ။ ဘုရားကျောင်းသည် တိုက်ခိုက်မှုကိုဦးစားပေးရန်အတွက် ကျွမ်းကျင်မှုများအား ပြောင်းလဲမှုကိုအလေးထားဆောင်ရွက်ခဲ့သည်။ ပါလာဒင်များသည် စစ်သားများကိုကူညီပေးခြင်း ကုသပေးခြင်းများမရှိတော့ပေ။
ထို့ကြောင့်ပင် မူရေး၏ခွန်အားသည် သာမန်ပဥ္စမအဆင့်ပါလာဒင်ထက် ပိုမ်ိုအားကောင်းနေကြောင်း ရှောင်ယုတွေ့မြင်လိုက်ရသည်။
" မကောင်းတော့ဘူး ... ငါတို့ကထိုးစစ်ဆင်နေပေမဲ့ ဒီနေရာကနေထွက်သွားပေးရတော့မယ် "
ရှောင်ယုက တိတ်တဆိတ်ညည်းညူလိုက်သည်။
အခန်း ၃၃၀ - သူရဲကောင်း၃ဖော်
ပဥ္စမအဆင့်ပါလာဒင်သည် လူတစ်ထောင်၏စွမ်းအားနှင့်ညီမျှကြောင်း ရှောင်ယုသိရှိထားသည်။
ပဥ္စမအဆင့်သို့ရောက်သူတိုင်းသည် စစ်မြေပြင်၌လွတ်လွတ်လပ်လပ်သွားလာနိုင်ကြသည်။ ရှောင်ယုသည် ပဥ္စမအဆင့်သူရဲကောင်း သို့မဟုတ် ဂရစ်ဖင်များအားအသုံးပြုကာ ထိုကဲ့သို့သောလူများကိုသတ်ဖြတ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်၌ မူရေးသည်မသေမျိုးများအား မည်သို့ရင်ဆိုင်မည်ကိုရှောင်ယုသိချင်နေမိသည်။ သူသည် ပဥ္စမအဆင့်ပါလာဒင်တစ်ယောက်၏ခွန်အားကိုသိမြင်ရန် အချိန်ကျရောက်လာပြီဖြစ်ရာ ထိုလူ၏ချို့ယွင်းချက်များကိုရှာဖွေ၍ နောက်ပိုင်းတွင်သတ်ဖြတ်နိုင်အောင် ကြိုးစားရမည်ဖြစ်သည်။
အားသက်စ်သည် အဆင့်၃၆သို့ရောက်နေပြီး စတုတ္ထအဆင့်ကျွမ်းကျင်သူဖြစ်သော်လည်း သာမန်စတုတ္ထအဆင့်သူရဲကောင်း သို့မဟုတ် ပါလာဒင်သည်သူ၏ပြိုင်ဘက်မဟုတ်ပေ။ အားသက်စ်သည် တစ်ချိန်တည်းမှာပင် စတုတ္ထအဆင့်သူရဲကောင်းများစွာကို တိုက်ခိုက်န်ိုင်စွမ်းရှိပေသည်။ သို့သော်လည်း ပဥ္စမအဆင့်သည်ကား အခြားကိစ္စတစ်ခုဖြစ်သည်။
ရှောင်ယုသည် အားသက်စ်ကိုတိုက်ပွဲဝင်ရန် အမိန့်ပေးလိုက်ရာ အားသက်စ်ကကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ အားသက်စ်၏အသံသည် စခန်းတစ်ခုလုံးအား ပဲ့တင်ထပ်သွားခဲ့သည်။ မသေမျိုးတပ်များသည် အားသက်စ်ကိုယ်တိုင်တိုက်ခိုက်လာမည်ကို စောင့်မျှော်နေရင်း စိတ်လှုပ်ရှားစွာဟိန်းဟောက်လိုက်ကြသည်။
" သတ်ကြ ... "
အားသက်စ်သည် မူရေးကိုကြည့်ရင်း စကားတစ်ခွန်းသာပြောလိုက်ပြီး မူရေးထံသို့ပြေးဝင်သွားခဲ့သည်။ အားသက်စ်သည် သူ၏မြင်းပေါ်မှဆင်းသက်သည်မှာ အလွန်ရှားပါးလှပြီး ယခုလည်းသူသည်ငရဲမြင်းကိုစီး၍ တိုက်ပွဲဝင်ခဲ့သည်။
အားသက်စ်၏လုပ်ရပ်ကိုမြင်သောအခါ မူရေး၏မျက်လုံးများသည် စတင်တောက်ပလာခဲ့သည်။ အားသက်စ်၏ပုံစံအရ မသေမျိူးတပ်များ၏ခေါင်းဆောင်ဖြစ်ပုံရကာ ခေါင်းဆောင်သေဆုံးသွားသည်နှင့် မသေမျိုးတပ်တစ်ခုလုံး ပရမ်းပတာဖြစ်သွားလိမ့်မည်ဟု သူပြောနိုင်ပေသည်။ ထို့ကြောင့် သူသည်စိတ်လှုပ်ရှားသွားခဲ့ပြီး ဓားကိုမြှောက်လိုက်ကာ အားသက်စ်ထံသို့ပြေးဝင်သွားခဲ့သည်။
ဘန်း...
မူရေး၏လေးလံသောဓားသွားနှင့် အားသက်စ်၏မနက်ခင်းနှင်းဓားသွားတို့ ထိတွေ့မိသည့်အခိုက်အတန့်တွင် ပြင်းထန်သောစွမ်းအင်လှိုင်းများထွက်ပေါ်လာခဲ့သည်။ ထိုထိတွေ့မှုကြောင့် အားသက်စ်နှင့်သူ၏မြင်းတို့သည် နောက်သို့ဆုတ်ခွာပေးလိုက်ရသည်။ သို့သော်လည်းအားသက်စ်သည် မြင်းကိုထိန်းချုပ်လိုက်ကာ မူရေးထံသို့တဖန်ပြေးဝင်သွားခဲ့သည်။ ယခုအချိန်၌အားသက်စ်သည် အဆင့်၃ချပ်ဝတ်အပြည့်အစုံကို ဝတ်ဆင်ထားခဲ့ပြီး ခုနကထိပ်တိုက်တွေ့မှုကြောင့် သူ့ထံတွင်ဒဏ်ရာအနည်းငယ်မျှပင်မရှိခဲ့ပေ။သို့ သော်လည်း ယခုအချိန်၌ သူသည်မူရေးကိုတိုက်ရိုက်မတိုက်ခိုက်နိုင်ကြောင်း အားသက်စ်နားလည်သွားခဲ့သည်။
" ငါ့နာမည်က မူရေး ... ဘုရားကျောင်းရဲ့စီရင်မှုတွေကိုဖောက်ဖျက်တဲ့သူတွေဟာ ငါ့ရဲ့ရန်သူတော်တွေဖြစ်ကြပြီး သူတို့အကုန်ပျက်သုဉ်းသေကြေကြရမယ် ... မသေမျိုးတွေ မင်းတို့အားလုံးပျက်စီးသွားရလိမ့်မယ် "
မူရေးကို အားသက်စ်ကိုဂရုမစိုက်သောအကြည့်ဖြင့်ကြည့်ရင်း ပြောလိုက်သည်။
အားသက်စ်သည် မူရေး၏မောက်မာသောစကားများကြောင့် တုန်လှုပ်သွားခြင်းမရှိပေ။ သူသည် မနက်ခင်းနှင်းဓားကို ပင့်မြောက်လိုက်ရာ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး မူရေးထံသို့တဖန်ပြေးဝင်လာခဲ့သည်။
အားဂီး ...
ကချာ...ကချာ...ကချာ
မရေမတွက်နိုင်သော အရိုးစုတပ်သားများကို သေမင်း၏နယ်ပယ်မှ ပြန်လည်ဆင့်ခေါ်လာခဲ့သည့်အတွက် အရိုးများပွတ်တိုက်သံများ ပဲ့တင်ထပ်လာခဲ့သည်။ သူတို့သည် မူရေးကိုစတင်လွှမ်းခြုံလာကြပြီး မူရေး၏ခြေထောက်များကိုကပ်တွယ်၍ အပေါ်သို့ချိတ်တက်လာကြသည်။
မူရေးမသိထားသည့် အားသက်စ်၏ကြီးမားသောအားသာချက်မှာ မရေမတွက်နိုင်သော အရိုးစုတပ်သားများကို ထိန်းချုပ်ထားခြင်းဖြစ်သည်။
အားသက်စ်သည် မူရေးနှင့်ဆယ်မီတာခန့်အကွာ၌ရှိနေသောကြောင့် မတူညီသောကျွမ်းကျင်မှုများကို စတင်အသုံးပြုနိုင်ခဲ့သည်။ မရဏမြင်းသည်တော်တစ်ယောက်အနေဖြင့် အားသက်စ်သည်ကျွမ်းကျင်မှုများစွာကို တတ်ကျွမ်းထားသည်။ သူသည်မူရေး၏ခန္ဓာက်ိုယ်အား မကောင်းသောမှော်မျိူးစုံဖြင့် ဖုံးလွှမ်းလိုက်သည်။ မူရေးသည် သူ၏ခန္ဓာကိုယ်အားရွှေရောင်အလင်းများဖြင့် ဖုံးလွှမ်းထားသော်လည်း ထိုမကောင်းဆိုးဝါးမှော်များက သူ၏ခန္ဓာက်ိုယ်အား ထိုးဖောက်ဝင်ရောက်လာ၍ အေးခဲနေသလိုခံစားလိုက်ရသည်။
" ပျက်ပယ်စမ်း ... "
မူရေးသည်ကျယ်လောင်စွာအော်ဟစ်လိုက်ကာ ပါလာဒင်ကျွမ်းကျင်မှုကိုထုတ်ဖော်၍ ထိုမကောင်းဆိုးဝါးမှော်များကို ပယ်ဖျက်ရန်ုကြိုးပမ်းလိုက်သည်။ မည်သို့ပင်ဆိုစေ အရိုးစုတပ်သားများသည် သူ့အားတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကာ သူ၏လှုပ်ရှားမှုများကို ကန့်သတ်ထားခဲ့သည်။ မူရေးဝတ်ဆင်ထားသောချပ်ဝတ်သည် စွမ်းအားကြီးမားသည့်ချပ်ဝတ်ဖြစ်ပေရာ အရိုးစုစစ်သားများက သူ့က်ိုထိခိုက်အောင်မလုပ်ဆောင်နိုင်ပေ။ သို့သော်လည်း ရန်သူများစွာကသူ့အားကန့်သတ်ထားပေသည်။
အား ...
မူရေးသည်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်တွင်းစုဆောင်းထားသည့် ရွှေရောင်အလင်းများကိုဖောက်ခွဲပစ်လိုက်သည်။ ထိုအချိန်တွင် ကဲလ်သဇက်သည် အားသက်စ်ကိုပံ့ပိုးရန် သူ၏မှော်ပညာကိုအသုံးပြုလိုက်သည်။
" သေသင့်တဲ့ လူယုတ်မာတွေ "
များစွာသောတိုက်ခိုက်မှုများသည် သူ၏ခန္ဓာက်ိုယ်ကိုဦးတည်လာ၍ မူရေးသည်အလွန်ဒေါသထွက်သွားခဲ့သည်။
ထို့နောက်မူရေးသည် သူ၏ခန္ဓာကိုယ်တွင်းမှ အလင်းစွမ်းအင်များကို အစုလိုက်အပြုံလိုက်ထုတ်လွှင့်လိုက်သည်။ သူ့အားဆုပ်ကိုင်ထားသော အရိုးစုစစ်သားများသည် တစ်စက္ကန့်အတွင်းပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
" အစွမ်းထက်တယ် ... "
ရှောင်ယုသည် မူရေးကိုအဝေးမှစောင့်ကြည့်နေရင်း ရေရွတ်လိုက်သည်။ ပဥ္စမအဆင့်ပါလာဒင်တစ်ယောက်သည် ဟာသမဟုတ်ပေ။သို့ သော်လည်း တိုက်ပွဲစွမ်းအင်ကိုဤသို့အသုံးပြုခြင်းက ကြီးမားသည့်ဝန်ထုပ်ဝန်ပိုးကိုဖြစ်ပေါ်စေသည်။ ထို့ကြောင့် မူရေးသည်တိုက်ပွဲကိုအမြန်ဆုံး အဆုံးသတ်နိုင်အောင်ကြိုးစားနေကြောင်း ရှောင်ယုသိလိုက်ရသည်။ ထိုသို့မဟုတ်ပါက မူရေးသည်ကြီးမားသည့်ပြဿနာဖြင့် ရင်ဆ်ိုင်ရတော့မည်ဖြစ်သည်။
မူရေးသည် သူ၏ဓားကိုမြှောက်လိုက်ကာ အားသက်စ်ထံသို့ နောက်ထပ်တစ်ကြိမ်ပြေးဝင်သွားခဲ့သည်။ မူရေး၏ဓားကြီးသည် အားသက်စ်၏မနက်ခင်းနှင်းဓားထက် နှစ်ဆခန့်ပိုကြီးပုံရပြီး ဧရာမနဂါးများကိုပင်ထိခိုက်စေမည့်ပုံပေါ်နေခဲ့သည်။သို့သော်ထိုအချိန်၌ မြေပြင်သည်တုန်ခါသွားကာ အခြားပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျိုင်းကောင်နှင့်သဏ္ဍာန်တူသော အကောင်ငယ်လေးများစွာအုံကြွလာခဲ့သည်။ ထိုပုံရိပ်သည် အနူဘားရက်ဖြစ်ပြီး အားသက်စ်၏အမိန့်အရ မူရေးတိုက်ခိုက်လာသည်ကိုစောင့်ဆိုင်းရန် မြေအောက်၌ပုန်းနေခဲ့သည်။
အကောင်ငယ်လေးများ၏ တိုက်ခိုက်မှုကိုခံလိုက်ရသောမူရေးသည် ခဏလောက်မူးဝေသွားခဲ့သည်။ အနူဘားရက်၏အဓိကတာဝန်မှာ မူရေးကိုအားပျော့သွားစေရန်အတွက် အဆိပ်ပြင်းသောပိုးကောင်များကို အသုံးပြုရန်ဖြစ်သည်။
မူရေးသည် အလွန်ပင်အစွမ်းထက်ပေသည်။ ဤတိုက်ခိုက်မှုက သူ့အားလုံးဝသတိမေ့သွားအောင် မပြုလုပ်နိုင်သော်လည်း အနူဘားရက်၏တိုက်ခိုက်မှုများက သူ့က်ိုအားနည်းစေသည်။ ကျိုင်းကောင်များနှင့်ပိုးကောင်ငယ်လေးများသည် မူရေး၏ချပ်ဝတ်ကိုဖြတ်ကျော်ကာ သူ၏ခန္ဓာကိုယ်အားစတင်ကိုက်ခဲလာကြသည်။
အားသက်စ်သည် မူရေးကိုအနီးကပ်တိုက်ခိုက်လိုက်ပြီး ကဲလ်သဇက်က မူရေး၏ခန္ဓာကိုယ်ပေါ်သို့ နောက်ထပ်ရေခဲမှော်အစွမ်းကိုအသုံးပြုခဲ့သည်။
ဘန်း ...
အားသက်စ်၏ဓားသည် ပြင်းထန်သောအရှိန်ဖြင့်ကျဆင်းလာခဲ့သည်။ မူရေးသည် သူ၏ဓားလေးကြီးဖြင့် ခုခံနိုင်ခဲ့သော်လည်း မူးဝေမှုအား ခံစားနေရဆဲဖြစ်သည်။ ထို့ပြင် ကဲလ်သဇက်၏တိုက်ခိုက်မှုက သူ့အားရွေးလျားရန်ခက်ခဲစေသည်။ မူရေးသည်သူ၏ခန္ဓာကိုယ်တွင်းရှိသွေးများ၏ ရွေ့လျားမှုအလွန်နှေးကွေးသွားသည်ကိုခံစားမိလိုက်သည်။
မသေမျိုးသူရဲကောင်း၃ဖော်သည် အတူတကွပူးပေါင်းလုပ်ဆောင်၍ ပဥ္စမအဆင့်ပါလာဒင်အားလွှမ်းမိုးထားခဲ့ကြသည်။ ထိုအရာသည် စျေးပေါသာနည်းဗျူဟာသာဖြစ်သော်လည်း မူရေးသည်ပြိုင်ဘက်ကင်းမဟုတ်ကြောင်း သက်သေပြနိုင်ခဲ့သည်။
" မင်းတို့ကောင်တွေကငါ့က်ိုဒေါသထွက်စေတာပဲ .. . "
မူရေးသည်ဒေါသတကြီးဟိန်းဟောက်လိုက်ကာ သူ၏ခန္ဓာကိုယ်အား ရွှေရောင်မီးတောက်ကဖုံးလွှမ်းသွားခဲ့သည်။ သူ့ထံသို့ပြေးဝင်လာနေသော အရိုးစုစစ်သားများသည် ဤအခိုက်အတန့်တွင် ထိုမီးတောက်နှင့်ထိတွေ့မိ၍ပြာများအဖြစ်ပြောင်းလဲသွားခဲ့သည်။ ထိုရွှေရောင်မီးတောက်သည် မသေမျိုးများအပေါ် ကောင်းစွာသက်ရောက်မှုရှိပုံရသည်။ အခြေအနေသည် တဖြည်းဖြည်းဆိုးရွားလာကြောင်း အားသက်စ်သိရှိလိုက်၍ သူ၏မြင်းနှင့်အတူဆုတ်ခွာလာခဲ့သည်။ အနူဘားရက်သည်မြေကြီးထဲတိုးဝင်ပျောက်ကွယ်သွားကာ ကဲလ်သဇက်သည်လည်း ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ဘန်း ...
ထိုအချိန်တွင် အစိမ်းရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်၌ကျဆင်းလာကာ မူရေးကိုထိမှန်သွားခဲ့သည်။ ထိုအရာသည် ဖျက်ဆီးသူအဖြစ်အသွင်ပြောင်းထားသော မသေမျိူးရုပ်တုဖြစ်သည်။ အားသက်စ်သည် မူရေး၏ရွှေရောင်မီးတောက်နှင့်ထိတွေ့မိသောမသေမျိုးတိုင်း ပြာအဖြစ်ပြောင်းလဲသွားမည်ကိုသိ၍ လင်းနို့မကောင်းဆိုးဝါးများကိုမစေလွှတ်ခဲ့ပေ။
သေစမ်း...
အားသက်စ်ထွက်ပြေးသွားသည်ကိုမြင်သောအခါ မူရေးသည်အလွန်ဒေါသထွက်သွားခဲ့သည်။ ထိုအချိန်တွင် နောက်ထပ်ဖျက်ဆီးသူတစ်ကောင်က အသေခံတိုက်ခိုက်မှုပြုလုပ်လာသည်ကို သူတွေ့လိုက်ရသည်။ ထို့ကြောင့်သူ၏ဓားကြီးက်ိုဝှေ့ယမ်း၍ လေထဲ၌ရှိနေသောဖျက်ဆီးသူကို သတ်ဖြတ်လိုက်သည်။
Thank For Reading.