← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း ၃၂၅ - မှင်စာများ၏ဖွံ့ဖြိုးတိုးတက်မှု

" မဖြစ်န်ိုင်ဘူး ... မဖြစ်နိုင်ဘူး ... ရှောင်ယုနားမှာရှိနေတဲ့အူသာက အစစ်အမှန်လို့ပြောချင်တာလား .. .အဲလိုတွေးမိရင်တောင် ငါရူးချင်သလိုခံစားနေရတယ် "

နီကိုးလပ်စ်က ဒေါသတကြီးရေရွတ်လိုက်သည်။ ဘုရားကျောင်းသည် တစ်စုံတစ်ယောက်ကို အူသာအတုအဖြစ်ပွဲထုတ်ခဲ့သည်လား ... ရှောင်ယုသည် မည်သို့ဆင့်ခေါ်နိုင်မည်နည်း...

" အန်တိုနီဒက် .... သရောလ် .. အူသာ "

နီကိုးလပ်စ်သည် ထိုင်ခုံပေါ်ထိုင်ချလိုက်ရင်း မျက်မှောင်ကြုတ်ကာ ဆက်လက်ရေရွတ်နေခဲ့သည်။ သူသည် ရှောင်ယု၏အနားတွင်ရှိနေသောသူများအကြောင်း တွေးကြည့်နေခဲ့သည်။ ဤအရာသည် ရူးသွပ်လောက်ဖွယ် မယုံကြည်နိုင်ဖွယ်ကောင်းသောအခြေအနေဖြစ်သော်လည်း လုံးဝမဖြစ်နိုင်သည်တော့မဟုတ်ပေ။

" အန်ကာဂန်တောင်တန်းမှာ ရှေးခေတ်ကာလတွေနဲ့ဆက်စပ်နေတဲ့ အထူးနေရာတစ်ခုရှိနေတာလား "

နီကိုးလပ်စ်သည် စတင်၍အတွေးများနေခဲ့သည်။ အန်ကာဂန်တောင်တန်းများသည် ကီလိုမီတာသောင်းနှင့်ချီ၍ရှည်လျားသည်ကို သူသိရှိထားသည်။ မြေအောက်မြို့တော်သည်ပင် အန်ကာဂန်တောင်တန်းအတွင်း တည်ရှိနေပေရာ အခြားသောလျှို့ဝှက်ဆန်းကြယ်နေရာများလည်း ရှိနေနိုင်ပေသည်။

" သူသာ အဲလိုမျိုးနေရာတစ်ခုခုကိုဝင်ခွင့်ရသွားရင် ကြောက်စရာကောင်းလောက်အောင်အစွမ်းထက်လာမှာပဲ "

နီကိုးလပ်စ်သည် တိတ်တဆိတ်ညည်းညူမိလိုက်သည်။

" ပုပ်ရဟန်းမင်းက ကလေးတစ်ယောက်မဟုတ်သလ်ို ... မဆင်မခြင်ပြုမူတတ်တဲ့လူလည်းမဟုတ်ဘူး ... သူကနောက်ဆုံးနည်းလမ်းကိုအသုံးပြုခဲ့တာကြောင့် သူ့ကိုခုလိုတွန်းအားပေးလာခဲ့တဲ့ တစ်ခုတည်းသောအကြောင်းရင်းမှာ ရှောင်ယုဘေးနားမှာရှိနေတဲ့အူသာက အစစ်အမှန်ဖြစ်လို့ပဲ ... ငါ့မှာရှေးခေတ်တပ်သားတွေရှိနေပေမဲ့ မလုံလောက်သေးဘူး ... ငါလည်းရှေးခေတ်သူရဲကောင်းအချို့ကို လိုအပ်နေတယ် "

...

...

တစ်ချိန်တည်းမှာပင် ပုံရိပ်တစ်ခုသည် ရှောင်ယု၏နောက်ဘက်သို့ တိတ်တဆိတ်ချည်းကပ်လာခဲ့သည်။

" နောက်ဆုံးတော့ လီအာမင်းပြန်လာခဲ့ပြီ ... "

ရှောင်ယုသည် နောက်ပြန်လှည့်မကြည့်ဘဲပြောလိုက်သည်။

" မင်းကပိုအစွမ်းထက်လာတာပဲ "

လီအာကညည်းညူလိုက်သည်။

" မင်းအနားကို ချည်းကပ်လာတာကိုတောင် မသိခဲ့ရင် ငါကမင်းရဲ့သခင်ဖြစ်နိုင်ပါဦးမလား ... ကဲဆိုစမ်းပါဦး ... ဘာသတင်းထူးရှိလဲ "

ရှောင်ယုကပြုံး၍ပြောလိုက်သည်။

ရှောင်ယုသည် မိုင်ယဗ်နှင့်လီအာတို့သည် အပြင်လောက၌ဖြစ်ပျက်နေသော အချက်အလက်များကိုရယူစုဆောင်းစေရန် စေလွှတ်ခဲ့သည်။

" ငါကဘာသတင်းမှမရဘဲ ပြန်လာခဲ့မယ်လို့မင်းထင်လား ... ငါကမင်းနဲ့အတူခေါင်မိုးတစ်ခုအောက်မှာ အတူနေရတာကိုကြိုက်တယ်လို့ထင်နေတာလား ... "

လီအာက အော်ဟစ်လိုက်သည်။

" နီကိုးလပ်စ်ရဲ့ တည်နေရာကိုမင်းရှာတွေ့ခဲ့လား "

ရှောင်ယုကမေးမြန်းလိုက်သည်။ သူသည် နီကိုးလပ်စ်အား အလွန်ပင်သတိထားနေခဲ့သည်။ သူသည်လက်ရှိအချိန်၌ မသေမျိူးများအားအသုံးပြုကာ ရောဘတ်က်ိုနှောင့်ယှက်နေသော်လည်း နီကိုးလပ်စ်သည်တစ်ချိန်လုံး အရိပ်ထဲ၌ရှိနေခဲ့ရာ သူ့အားတားဆီးရန်ပိုမိုခက်ခဲပေသည်။ ရှောင်ယုသည် နီကိုးလပ်စ်အားတစ်ကြိမ်သာတွေ့ဖူးသော်လည်း နီကိုးလပ်စ်သည်သူရင်ဆိုင်ခဲ့ဖူးသမျှ ရန်သူများအနက် စွမ်းအားအကြီးဆုံးဖြစ်သည်။ နီကိုးလပ်စ်သည် ငယ်ရွယ်သေးသော်လည်း တောင့်တင်းသောမိသားစုနောက်ခံရှိ၍ ထိုကောင်လေးကိုလျော့တွက်ထား၍မရပေ။

" နီကိုးလပ်စ်ရဲ့စခန်းက ဒီနေရာ၌သိပ်မဝေးတဲ့တောင်ကုန်းပေါ်မှာရှိနေတယ် .... ဒါပေမဲ့သူ့မှာက အစောင့်အကြပ်ရာဂဏန်းပဲပါလာတယ် ... အဓိကပြဿနာက ဘုရားကျောင်းပဲ ... သူကအူသာအတုကိုစင်တင်ပေးခဲ့ပြီး တကယ့်အူသာကိုသတ်ဖြတ်ဖို့အတွက် ပါလာဒင်တစ်အုပ်စုကိုစေလွှတ်ခဲ့တယ် ... ဒါ့အပြင် သွေးနီရောင်ခရူးဆိတ်တွေကိုလည်း စတင်ဖွဲ့စည်းဖို့အမိန့်ပေးထားတယ် ... သူ့ကိုကြည့်ရတာကြီးကြီးမားမားတစ်စုံတစ်ခုဖြစ်ပျက်သွားတဲ့ပုံပဲ "

လီအာက သတင်းပေးလိုက်သည်။

" အိုး ... ဒီပုပ်ရဟန်းမင်းက တော်တော်စိတ်မြန်လက်မြန်ရှိတာပဲ "

ရှောင်ယုသည် ဤကဲ့သို့ဖြစ်ပျက်လာမည်ကို ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း ဤကဲ့သို့လျင်မြန်သောပုံစံဖြင့်ဖြစ်ပျက်လာမည်ကို မမျှော်လင့်ထားပေ။ ပုပ်ရဟန်းမင်းသည် စစ်တပ်ကိုစေလွှတ်မည်မဟုတ်သော်လည်း အူသာကိုလုပ်ကြံရန်အတွက် လုပ်ကြံသူများကိုစေလွှတ်မည်ဟု ရှောင်ယုယုံကြည်ထားခဲ့သည်။ သို့သော်လည်း ပုပ်ရဟန်းမင်းသည် လုပ်ကြံသူအနည်းငယ်အားစေလွှတ်မည့်အစား အူသာကိုပိုမို၍တန်ဖိုးထားပုံရသည်။

ကျန်ရှေးခေတ်သူရဲကောင်းများနှင့်နှိုင်းယှဉ်ပါက အူသာ၏အဆင့်အတန်းသည် အလွန်ပင်အရေးကြီးပေသည်။ ပါလာဒင်များသည် ဤတိုက်ကြီး၏လမ်းပြများဖြစ်ပြီး အူသာကသူတို့၏ခေါင်းဆောင်ဖြစ်သည်။

" သွေးနီရောင်ခရူးဆိတ်တွေ ... ဟားဟား ... သူတို့အဆုံးသတ်မှာ ရင်ဆိုင်ခဲ့ရတဲ့ကံကြမ္မာနဲ့ကြေကွဲစရာတွေကို သူတို့မသိကြသေးဘူး "

ရှောင်ယုကသက်ပြင်းချလိုက်သည်။ ဂိမ်းအတွင်း၌ သွေးနီရောင်ခရူးဆိတ်များသည် ကပ်ဘေးကိုတိုက်ဖျက်နိုင်ခဲ့သော်လည်း အဆုံးသတ်၌သူတို့လည်းပျက်စီးခဲ့ရသည်။

" ဘုရားကျောင်းက ရောဘတ်ကိုကူညီပေးမယ်ဆိုရင် နောက်လာမယ့်တိုက်ပွဲက အရမ်းခက်ခဲလိမ့်မယ် "

ရှောင်ယုသည် ခေါင်းခါမိလိုက်ကာ နဖူးကိုပွတ်သပ်လိုက်သည်။

" ကြောက်နေတာလား ... "

လီအာကမေးလိုက်သည်။

ရှောင်ယုက ချက်ချင်းပြန်လည်တုံ့ပြန်လိုက်သည်။

" မင်းငါ့ကိုဒီလိုပုံစံနဲ့ဘယ်တုံးကမြင်ဖူးလို့လဲ ... ဒီသခင်လေးကပါလာဒင်အနည်းငယ်လောက်ကို ကြောက်ရွံ့နေမယ်လို့ထင်လား ... သူတို့ရောက်လာတဲ့အခါကျရင် မှော်ပေါက်ကွဲရေးမြှားတွေရဲ့အစွမ်းကို ငါပြပေးလိုက်မယ် "

ဆရာဟစ်ဂင်ရောက်ရှိလာပြီးနောက် တစ်လခွဲကျော်ကြာမြင့်လာချိန်တွင် ဆရာဟစ်ဂင်သည် မှော်ပေါက်ကွဲရေးမြှားများစွာကိုထုတ်လုပ်ခဲ့သည်။ နောက်ပိုင်းတွင်သူသည် သူ၏ကိုယ်ပိုင်သုတေသနဘက်သို့ဦးလှည့်ရန်အတွက် ထိုထုတ်လုပ်မှုအားရပ်တန့်ခဲ့သည်။ ဟစ်ဂင်၏အမြင်တွင် သူထုတ်လုပ်ပေးထားသော မှော်ပေါက်ကွဲရေးမြှားအရေအတွက်သည် ခြင်္သေ့မြို့အားကူညီရန်လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။ ရှောင်ယုသည် ကူကယ်ရာမဲ့နေသော်လည်း ဖော်ရာနှင့်အခြားသောမှင်စာများသည်လည်း ရိုးရှင်းသောမှော်ပေါက်ကွဲရေးမြှားများကိုထုတ်လုပ်နိုင်၍ အံ့သြသွားခဲ့သည်။

သူတို့ထုတ်လုပ်ထားသော မှော်ပေါက်ကွဲရေးမြှားများ၏စွမ်းအားသည် ဆရာဟစ်ဂင်လောက်မကောင်းမွန်သော်လည်း သေစေနိုင်လောက်သောစွမ်းအားကိုပေးစွမ်းနိုင်သည်။ မည်သို့ပင်ဆိုစေ မှော်ပေါက်ကွဲရေးမြှား၁၀၀၀၀ကျော်သည် လုံလောက်နေပြီဖြစ်သည်။ ထို့ပြင်မှင်စာများကလည်း မြှားများကိုဆက်လက်ထုတ်လုပ်နေဆဲဖြစ်သည်။ မူလကမှင်စာများ၏ကျွမ်းကျင်မှုသည် နိမ့်ပါးနေသော်လည်း မှော်ပေါက်ကွဲရေးမြှားများကိုအဆက်မပြတ်ထုတ်လုပ်ပြီးနောက် သူတို့၏ကျွမ်းကျင်မှုသည်တိုးတက်လာခဲ့သည်။ ရှောင်ယုသည် မြေအောက်မြို့တော်၌ပစ္စည်းအမြောက်အများစုဆောင်းမိခဲ့သည်မှာ ကံကောင်းလှပေသည်။ ထိုသို့်မဟုတ်ပါက စမ်းသပ်မှုများသည် ဆက်လက်ပြုလုပ်ခွင့်မရဘဲ ရပ်တန့်သွားမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ လက်ရှိအတိုင်းဆက်သွားနေပါက ခြောက်လအတွင်းပစ္စည်းပြတ်သွားလိမ့်မည်ဟု ရှောင်ယုခန့်မှန်းထားသည်။ အဂ္ဂိရိတ်ပညာသည် အဖိုးတန်ပစ္စည်းများကိုမီးတင်ရှို့ရသောအလုပ်ဖြစ်သည်။ ရှောင်ယုသည် ဟစ်ဂင်ကဲ့သို့သောအဂ္ဂိရိတ်ပညာရှင်တစ်ယောက်အား အဘယ်ကြောင့်မည်သူမှမထောက်ပံ့ကြသည်ကို နားလည်လာခဲ့သည်။ သူတို့သည် ဟစ်ဂင်အားထောက်ပံ့ရန်အစွမ်းအစမရှိပေ။

သို့သော်လည်းရှောင်ယုသည် အဂ္ဂိရိတ်ပညာရှင်တစ်ယောက်၏ အခန်းကဏ္ဍကိုသိရှိသောကြောင့် ဟစ်ဂင်အားလက်မလွတ်လိုပေ။ ထို့ပြင်ဟစ်ဂင်သည် သူ၏အတတ်ပညာများကို မှင်စာများထံသင်ကြားပေးနိုင်ပြီး မှင်စာများကရှောင်ယုအပေါ်အကြွင်းမဲ့သစ္စာရှိကြသည်။

ရှောင်ယုသည် ခေတ်မှီသောအချိန်ကာလမှရောက်ရှိလာခြင်းဖြစ်ရာ သိပ္ပံနှင့်နည်းပညာ၏အရေးပါသည့်အခန်းကဏ္ဍကိုနားလည်ခဲ့သည်။ ဤကမ္ဘာကြီးသည် သိပ္ပံပညာအပေါ် အခြေခံထားခြင်းမဟုတ်သော်လည်း နည်းပညာပိုင်းအရ အခြားအဆင့်တစ်ခုသို့ ပြောင်းလဲသွားသည်နှင့်အမျှ ၎င်း၏အခန်းကဏ္ဍသည်လည်းတဖြည်းဖြည်းတိုးတက်လာမှာဖြစ်သည်။

သာမန်အားဖြင့်ဆိုပါက ရှောင်ယုသည် ကနေဒီမိသားစုနှင့်ဘုရားကျောင်းတို့ အတူတကွတိုက်ခိုက်လာမည်ဆိုပါက အနည်းငယ်ကြောက်ရွံ့မည်ဖြစ်သော်လည်း ယခုအချိန်တွင်သူ့ထံ၌ မှော်ပေါက်ကွဲရေးမြှားများရှိနေပြီဖြစ်၍ များစွာဂရုမစိုက်တော့ပေ။

ထိုအခိုက်အတန့်တွင် ရှောင်ယုထံသို့ မှင်စာတစ်ကောင်ပြေးဝင်လာခဲ့သည်။

" သခင် ... သခင် ... မြန်မြန်လာကြည့်ဦး ... ငါတို့ကစက်ရုပ်တွေကိုအသွင်ပြောင်းပေးပြီးပြီ ... သူတို့ကခုဆ်ိုရင်ပိုပြီးတော့တောင်အားကောင်းလာခဲ့ပြီ "

အခန်း ၃၂၆ - တိုးတက်လာသောစစ်မြေပြင်

" ဘာလဲ ... မင်းတို့ကစက်ရုပ်တွေကိုတောင် အသွင်ပြောင်းလိုက်တာလား .. "

ထိုသတင်းကိုကြားချိန်တွင် ရှောင်ယု၏မျက်လုံးများတောက်ပလာခဲ့သည်။ သူသည် စက်ရုပ်များ၏ပြင်းထန်သောတိုက်ခိုက်မှုများအား တွေ့မြင်ခဲ့ရပြီးနောက်တွင် ထိုမြင်ကွင်းကိုသူ၏မှတ်ဉာဏ်အတွင်း၌ ထုထွင်းထားခဲ့သည်။ သူသည် ထိုစက်ရုပ်များအားသူ့ဘက်၌အသုံးပြုနိင်မည့်နေ့ကို စောင့်ဆိုင်းနေခဲ့သည်။

သူသည် ဖော်ရာ၏နောက်သို့လိုက်သွားခဲ့ရာ ပွင့်လင်းသောမြေကွက်လပ်တစ်ခုသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် အသစ်စက်စက်စက်ရုပ်ဒါဇင်ပေါင်းများစွာက သူတို့အားတန်းစီစောင့်ဆိုင်းနေခဲ့သည်။ ထိုစက်ရုပ်များ၏အပြင်ဘက်အခွံက်ို မြေအောက်မြို့တော်မှရရှိလာသော ပစ္စည်းမျိုးစုံကိုအသုံးပြုကာ ပြုလုပ်ထားခဲ့သည်။ ထို့ကြောင့် စက်ရုပ်များသည်မှော်တိုက်ခိုက်မှုဒဏ်အား အတိုင်းအတာတစ်ခုထိတောင့်ခံနိုင်မည်ဖြစ်သည်။

သို့သော်လည်း ဆရာဟစ်ဂင်သည် ထိုသို့သောရှားပါးပစ္စည်းများကို အပြင်ဘက်အခွံအဖြစ် ဖော်ရာကအသုံးပြုခဲ့သည်က်ို သိရှိထားချိန်တွင် ဒေါသကငယ်ထိပ်ထိဆောင့်တက်သွားပြီး ဖော်ရာကိုနှစ်နာရီနီးပါး ကြိမ်းမောင်းနေခဲ့သည်။

ထိုပြင် ဖော်ရာသည် မှင်စာအင်ဂျီနီယာစာအုပ်မှတဆင့် သူလေ့လာထားခဲ့သည့် အသိညဏ်များကိုထုတ်ဖော်ကာ စက်ရုပ်များ၌ဧရာမလွှဘီးများကိုတပ်ဆင်ခဲ့သည်။ ထိုလွှဘီးများသည် ထိခိုက်လွယ်သောလူသားခန္ဓာကိုယ်မဆိုနှင့် သစ်ပင်ကြီးတစ်ပင်ကိုပင်ဖြတ်တောက်နိုင်စွမ်းရှိသည်။ ထို့ပြင် ဖော်ရာနှင့်အခြားမှင်စာများသည် ရုပ်သေးကိုပိုမိုမြန်ဆန်လာစေရန်အတွက် အတွင်းပိုင်းမှနေ၍ ရုပ်သေးက်ိုလွယ်ကူစွာထိန်းချုပ်နိုင်ရန် နည်းလမ်းများကိုတီထွင်ခဲ့သည်။ ထို့ကြောင့် စစ်မြေပြင်၌ ဤစက်ရုပ်များ၏အခန်းကဏ္ဍသည် တိုးတက်လာမည်ဖြစ်သည်။

ရှောင်ယုသည် ဖော်ရာ၏တီထွင်ဆန်းသစ်မှူများအား မိတ်ဆက်သည်ကိုနားထောင်ပြီးနောက် ယခင်စက်ရုပ်များကိုအခြေခံ၍ တီထွင်ဆန်းသစ်ထားသော စက်ရုပ်များအားစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးချိန်တွင် ရှောင်ယုသည်ဖော်ရာအားမချီးကျူးဘဲမနေနိုင်တော့ပေ။ စက်ရုပ်တွင် ၂စင်တီမီတာအထူရှိသောချပ်ဝတ်တစ်ခုတပ်ဆင်ထားပြီး ထိုချပ်ဝတ်သည် စက်ရုပ်အားအဆင့်မြင့်မှော်မန္တန်များမှ လုံလုံလောက်လောက်ကာကွယ်နိုင်သည်။ ဤသို့ဖြင့် စက်ရုပ်များသည် စစ်မြေပြင်၌ လူသတ်စက်များဖြစ်လာမှာဖြစ်သည်။

မည်သို့ပင်ဆိုစေ ရှောင်ယုသည်ရုပ်သေးအား ထိန်းချုပ်သည့်နေရာကိုမြင်ချိန်၌ မျက်မှောင်ကြုတ်လိုက်မိသည်။

" ဘာလို့ထိန်းချုပ်ခန်းက အရမ်းသေးနေရတာလဲ "

ဖော်ရာသည် သူ့ခေါင်းကိုကုတ်လိုက်ပြီး ပြောလိုက်သည်။

" အရှင် ... ငါတို့ကစက်ရုပ်အတွင်းမှာ နောက်ထပ်ခဲ့ယမ်းလက်နက်တွေထည့်ပြီး အပြောင်းအလဲတွေအများကြီးလုပ်ထားတော့ ထိန်းချုပ်ခန်းကမှင်စာတစ်ယောက်စာနေရာပဲရှိတော့တယ် ... ဒါပေမဲ့ငါတို့မှာ မှင်စာတွေအများကြီးရှိနေတာပဲ ... ဒါကြောင့်သူတို့ကအရှင့်ရဲ့အကျိုးကိုသယ်ပိုးပြီးတော့ စစ်မြေပြင်မှာတိုက်ပွဲဝင်နိုင်ဖို့မျှော်လင့်နေတယ် "

ရှောင်ယုသည် မှင်စာအမြောက်အများကို ဝယ်ယူထားမိမှန်းသတိရလာခဲ့သည်။သူတို့သည်လည်း စစ်မြေပြင်၌အသုံးဝင်မယ့် အခြေအနေရှိသည်။

" ကောင်းပြီ ... ငါ့ကိုအပြောင်းအလဲတွေပြ "

ရှောင်ယုသည် လက်ကာပြလိုက်ရာ စက်ရုပ်ကိုထိန်းချုပ်ရန်လေ့ကျင့်ပေးထားသော မှင်စာလေးသည်သာမက ဖော်ရာသည်ပင်စိတ်လှုပ်ရှားသွားခဲ့သည်။ ထို့နောက် မှင်စာလေးသည် စက်ရုပ်၏အောက်သို့တွားဝင်သွားပြီး စက်ရုပ်အတွင်းသို့ဝင်ရောက်သွားကာ အတွင်းမှပိတ်ချလိုက်သည်။

ထို့နောက်မှင်စာလေးသည် စက်ရုပ်ကိုစတင်ထိန်းချုပ်လိုက်ကာ ဖြေးဖြေးချင်းစတင်လှုပ်ရှားလာခဲ့သည်။

" အဓိကလက်နက်ဖြစ်တဲ့ဓားကိုအရင်ပြ "

ဖော်ရာကအော်ဟစ်လိုက်သည်။

ထို့နောက်စက်ရုပ်သည် ကြိုတင်ပြင်ဆင်ထားပုံရသော သစ်တုံးတစ်ခုရှေ့၌ ရပ်တန့်လိုက်ကာ ဧရာမဓားကိုဆွဲထုတ်၍ မျည်းစောင်းပုံသဏ္ဍာန်ခုတ်ပိုင်းလိုက်သည်။

ထို့နောက်စက်ရုပ်သည် ဧရာမဓားကိုပြန်လည်ရုပ်သိမ်းလိုက်သည်။ ထိုအချိန်တွင် လေးမီတာခန့်မြင့်သောသစ်သားတုံးသည် နှစ်ခြမ်းတိတိချောမွေ့စွာ ခုတ်ပိုင်းသွားခဲ့သည်။

" မဆိုးဘူး ... "

ရှောင်ယုကစတင်ချီးကျူးလိုက်သည်။

" သံတုံးဆီသွား .. "

ဖော်ရာကအော်ဟစ်လိုက်သည်။

ထို့နောက်စက်ရုပ်သည် ကောင်းပါပေ့ဟူသောသံချပ်ကာများထက် ပိုမိုကောင်းမွန်သည့် သံငုတ်တိုင်တစ်ခုဆီရွေ့လျားသွားခဲ့သည်။ ထို့နောက်ဓားကိုနောက်တစ်ကြိမ်မြှောက်လိုက်ပြီး ထိုသံငုတ်တိုင်အား ခုတ်ထစ်လိုက်သည်။ ထိုအခါ သံငုတ်တိုင်သည်လည်း ပြဿနာတစ်စုံတစ်ရာမရှိဘဲ နှစ်ခြမ်းခွဲသွားခဲ့သည်။

" မြန်မြန်လှုပ်ရှားလိုက်တာပဲ ... ကောင်းတယ် "

ရှောင်ယုသည် စက်ရုပ်မှဓားကိုလွဲယမ်းလိုက်သော အရှိန်အဟုန်ကိုမြင်သောအခါ ချီးကျူးလိုက်သည်။

ထို့နောက် ဖော်ရာကဂုဏ်ယူနေသောလေသံဖြင့်စပြောလာခဲ့သည်။

" အရှင် ... ငါတို့ကစက်ရုပ်ရဲ့ဓားကိုင်တဲ့အပိုင်းမှာ ယန္တရားအချို့ကိုပြောင်းလဲပေးလ်ိုက်ပြီး သူ့ရဲ့အရှိန်နှုန်းကိုနှစ်ဆတိုးပေးလိုက်တယ် ... အဲ့ဒါကြောင့်ဓားရဲ့စွမ်းအားက အရင်ကထက်ပိုကြီးလာခဲ့တယ် "

ရှောင်ယုသည် မှင်စာကျွန်များကိုဝယ်ယူရကျိုးနပ်ခဲ့သည့်အတွက် ပျော်ရွှင်နေခဲ့သည်။ သ်ို့သော်လည်း ဆရာဟစ်ဂင်သည် ဖော်ရာနှင့်အခြားသောမှင်စာများကို သတ်ဖြတ်ချင်စိတ်ဖြစ်နေမှန်း ရှောင်ယုမသိခဲ့ပေ။ ဟစ်ဂင်၏အမြင်တွင် မှင်စာများသည်ထိုပစ္စည်းများကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ သို့သော်လည်းရှောင်ယုသည် ဖော်ရာ၏သုတေသနကိုဆက်လက်ထောက်ခံနေဆဲဖြစ်စည်။ ဆရာဟစ်ဂင်သည် ထိုပစ္စည်းများကိုအသုံးပြုကာ ရှောင်ယုအတွက်ပိုမ်ိုကောင်းမွန်သောပစ္စည်းများကို ဖန်တီးနိုင်သော်လည်း အဆုံးသတ်တွင်ဆရာဟစ်ဂင်သည် သူ့အားသစ္စာစောင့်သိခြင်းမရှိပေ။

တစ်ဖက်တွင် ဖော်ရာသည်သူ့လူတစ်ယောက်ဖြစ်သလို စမ်းသပ်မှုများ အရှိန်မြင့်လာသည်နှင့်အမျှ ဖော်ရာ၏အသိပညာ ၊ အဂ္ဂိရိတ်ပညာနှင့်အင်ဂျီနီယာပညာတို့က တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ ထို့ပြင် ဤနေရာ၌ ရေရှည်ဖွံ့ဖြိုးတ်ိုးတက်မှု၏အကျိုးကျေးဇူးကို သူ့လောက်မည်သူမှနားမလည်ကြောင်း ခံစားမိသည်။ ဟစ်ဂင်သည် ဖော်ရာအားပေးအပ်မယ့် ပစ္စည်းများ၏ပမာဏကိုဝင်ရောက်ကန့်သတ်ခဲ့သော်လည်း ရှောင်ယုကထိုပစ္စည်းများကိုလျှို့ဝှက်စွာပေးအပ်ခဲ့သည်။ လက်ရှိအချိန်တွင် သူ၏ရင်းနှီးမြုပ်နှံမှုများမှနေ၍ အကျိုးကျေးဇူးကိုတော့ ရရှိမည်မဟုတ်ပေ။ ရှောင်ယုက ဖော်ရာကိုပေးအပ်နေသည့်ပစ္စည်းများ၏စျေးနှုန်းသည် အလွန်ပင်မြင့်မားသော်လည်း ဖော်ရာ၏အဂ္ဂိရိတ်ပညာနှင့် အင်ဂျင်နီယာပညာရပ်အပေါ် နားလည်မှုများသည်လည်း အဖိုးမဖြန်နိုင်အောင်တိုးတက်လာခဲ့သည်။

" ကဲ ... ခုန်လိုက်စမ်း "

ထိုအချိန်တွင် ဖော်ရာကအော်ဟစ်အမိန့်ပေးလိုက်သည်။

" သူတို့ကခုန်နိုင်တာလား "

ရှောင်ယုအနည်းငယ် အံ့သြသွားခဲ့သည်။

" ဟုတ်တယ် ... အရှင် .. .သူတို့ကိုလွယ်လွယ်ကူကူခုန်လွှားနိုင်အောင်အတွက် အဆင်ပြေတဲ့ကိရိယာတွေတပ်ဆင်ပေးထားတယ် ... အရှင်အခုမြင်ရလိမ့်မယ် "

ဖော်ရာက ရှင်းပြလိုက်သည်။

စက်ရုပ်သည် သစ်သားခြံစည်းရိုးတစ်ခုရှေ့၌ ရပ်နေလိုက်သည်။ ထို့နောက်စက်ရုပ်သည် စတင်လှုပ်ရှားလာခဲ့ပြီး တွန်းကန်အားတစ်ခုထွက်ပေါ်လာခဲ့သည်။ စက်ရုပ်သည် အမြင့်၂မီတာရှိသောခြံစည်းရိုးကိုခုန်ကျော်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက်တွင် တန်ပေါင်းများစွာအလေးချိန်ရှိသောစက်ရုပ်သည် ခြံစည်းရိုးပေါ်ကျရောက်၍ဖြိုချမိသွားခဲ့သည်။

ဘန်း...

ရှောင်ယုသည် ထိုကျရှံးမှုမြင်ကွင်းအား မမြင်တွေ့လို၍မျက်လုံးမှိတ်ထားလိုက်သည်။ သူသည် ဤစက်ရုပ်တွင်များစွာရင်းနှီးမြုပ်နှံခဲ့၍ စက်ရုပ်ကိုအလဟဿမဖြစ်စေလိုပေ။ သူမျက်လုံးဖွင့်ကြည့်လိုက်ချိန်၌ တွင်းနက်ကြီးတစ်ခုကိုတွေ့မြင်လိုက်ရသည်။

" အရှင် ... ဒါကငါတို့အမှားပါ ... ငါတို့ခုချက်ချင်းဒီအမှားကိုပြုပြင်လိုက်မယ် "

ဖော်ရာ၏မျက်နှာသည် ရှက်ရွံ့စိတ်ကြောင့်နီမြန်းလာခဲ့သည်။

ရှောင်ယုသည် ဖော်ရာကိုအပြစ်တင်မယ့်အစား နှစ်သိမ့်လိုက်သည်။

" အဆင်ပြေတယ် .. ဒီနေရာမှာအမှားကိုဘယ်သူမှရှောင်လွဲလို့မရဘူး ... ဆက်လုပ်ကြ "

ရှောင်ယုနှင့်ပတ်သက်သည့် တစ်ခုတည်းသောပြဿနာမှာ အရာရာကိုလွယ်လွယ်ကူကူရှုမြင်တတ်ခြင်းဖြစ်သည်။

ဖော်ရာက သူ၏လက်ကိုချက်ချင်းဝှေ့ယမ်းလိုက်သည်။

" မဟုတ်ဘူး ... မဟုတ်ဘူး ... စက်ရုပ်အတွင်းပိုင်းမှာရှိတဲ့ အစိတ်အပိုင်းတွေအားလုံးကို သေချာအားဖြည့်ပေးထားပြီးပြီ ... စက်ရုပ်ကလွယ်လွယ်နဲ့တော့ပျက်စီးသွားမှာမဟုတ်ဘူး "

" မင်းက အလျင်စလိုလုပ်လွန်းတယ် "

ဖော်ရာက အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

စက်ရုပ်သည် တဂျိမ်းဂျိမ်းမြည်သံနှင့်အတူ မတ်တပ်ရပ်လိုက်ပြီးနောက် သူလုပ်မိခဲ့သောအပြစ်အတွက် ရှောင်ယုအားဦးညွတ်လိုက်သည်။

" နောက်ထပ်စမ်းသပ်မှု ... "

ဖော်ရာကချောင်းဆိုးလိုက်သည်။

မှင်စာများသည် ကျွန်များအဖြစ်အချိန်အတော်ကြာ နေထိုင်လာခဲ့သည်ဖြစ်ရာ ဤကဲ့သ်ို့သောအပြုအမူတစ်ခုသည် သူတို့အတွက်အလေ့အထဖြစ်လာခဲ့သည်။ သူတို့သည် အမှားတစ်ခုလုပ်မိပါက ပြစ်ဒဏ်ကျခံရမည်ကို ကြိုတင်မျှော်လင့်ထားကြသည်။ သူတို့အတွက်ကံကောင်းသည်မှာ ရှောင်ယုသည်ယခင်ပိုင်ရှင်များနှင့်မတူဘဲ များစွာသဘောထားကြီးနေခြင်းဖြစ်သည်။ ရှောင်ယုသည် မှင်စာများကိုဆူပူကြိမ်းမောင်းခြင်းသာပြု၍ လုံးဝမရိုက်နှက်ခဲ့ပေ။ ထို့ကြောင့်မှင်စာများသည် ရှောင်ယု၏ပျော့ပြောင်းသောအပြစ်ဒဏ်များကိုသာ လက်ခံခဲ့ရသည်။

စက်ရုပ်သည် သံငုတ်တိုင်ဆီသို့ရွေ့လျားသွားခဲ့ပြီး ယခုတစ်ကြိမ်တွင်သူ၏လွှဘီးကို ထုတ်ဖော်လိုက်သည်။ ဖော်ရာသည် လွှဘီးပြုလုပ်သည့်နည်းစနစ်ကို အင်ဂျင်နီယာစာအုပ်မှသင်ယူခဲ့ခြင်းဖြစ်သည်။ ရှေးခေတ်မှင်စာများသည် သစ်ပင်များအားခုတ်လှဲရန်အတွက် လွှဘီးများအားတီထွင်ခဲ့သည်။ မှင်စာများသည် အရပ်ပုသည့်အတွက်ကြောင့် သစ်ပင်များကိုခုတ်လှဲရန် အလွန်ခက်ခဲပေသည်။ ထို့ပြင်မှင်စာများသည် စစ်မက်လိုလားသည့်မျိုးနွယ်မဟုတ်ပေ။ သူတို့သည်စူးစမ်းလိုစိတ်ဖြင့်သာ တီထွင်ခဲ့ကြသည်။

ရွှီး ....

လွှဘီးစတင်လှည်ပတ်လာပြီးနောက်တွင် မနှစ်မြို့ဖွယ်အသံတစ်ခုက ပဲ့တင်ထပ်လာခဲ့သည်။ ထို့နောက်လွှဘီးထိမှန်သောနေရာ၌ မီးပွားများစတင်လွှင့်ထွက်လာခဲ့သည်။

" အံ့သြစရာပဲ ... "

ရှောင်ယုသည် ထ်ိုမြင်ကွင်းက်ိုကြည့်ရင်း ရေရွတ်လိုက်သည်။

" အရမ်းမိုက်တယ် ... "

ဖော်ရာသည် ရှောင်ယုအားအတုယူရန်ကြိုးစားခဲ့သည်။

" အခြားလက်နက်တွေရှိသေးလား "

ရှောင်ယုကမေးမြန်းလိုက်သည်။

" စက်ရုပ်ရဲ့လက်မောင်းမှာ ပဲ့ထိန်းစနစ်တစ်ခုတပ်ဆင်ထားတယ် .. .ပြီးတော့အဲ့ဒီအပေါ့စား ပဲ့ထိန်းစက်တွေကနေပြီး လှံတံတွေကိုပစ်လွှတ်နိင်တယ် ... ဒါ့အပြင်အရှင်ပြောထားတဲ့ပစ်ခတ်မှုစနစ်ကိုလည်း သေချာမြင့်တင်ထားပါသေးတယ် "

ဖော်ရာကပြောလိုက်သည်။

ထို့နောက်စက်ရုပ်သည် တစ်နေရာသို့ရွေ့သွားကာ သူ၏ဘယ်ဘက်လက်ကိုမြှောက်ထားလိုက်သည်။ ထို့နောက် စက်ဘီးများလှည်ပတ်သံအချို့ထွက်ပေါ်လာကာ အပေါက်ရှစ်ခုပါသောဆလင်ဒါတစ်ခုထွက်ပေါ်လာခဲ့သည်။

" ဒါကိုမင်းကိုယ်တ်ိုင်လုပ်ထားတာလား ... "

ရှောင်ယုသည် အနည်းငယ်ထိတ်လန့်သွားကာ ဖော်ရာကိုစိုက်ကြည့်လိုက်သည်။

ရှောင်ယုသည် အားလပ်သည့်အချိန်များ၌ ဖော်ရာအား သေနတ်၏သဘောတရားများကို ရှင်းပြခဲ့သည်။ ဖော်ရာသည် လှံပစ်စက်များကို သေနတ်များကဲ့သို့ပစ်ခတ်စေချင်ခဲ့သည်။ ဖော်ရာသည် သူပြောပြခဲ့သောသဘောတရားများအား အချိန်တိုအတွင်းအသုံးပြုန်ိုင်လိမ့်မည်ဟု ရှောင်ယုမထင်ထားခဲ့ပေ။

" ငါတကယ်မလိမ်ဘူး...အရှင်ပြောတဲ့အတိုင်းတော့အတိအကျမလုပ်န်ိုင်ခဲ့ဘူး ... လှံတံတွေကိုပစ်ခတ်တဲ့အရှိန်နှုန်းက နည်းနည်းတော့နှေးတယ် "

ဖော်ရာကဆက်ပြောလိုက်သည်။ ရှောင်ယုသည် မော်ဒန်ခေတ်သေနတ်များ၏အစွမ်းကို ရှင်းပြခဲ့ပြီးနောက်တွင် လက်ရှိလှံပစ်စက်များ၏အစွမ်းသည် ထိုမျှလောက်မကောင်းမွန်ကြောင်း သူသိရှိလာခဲ့သည်။ သို့သော်လည်း ရှောင်ယုကိုယ်တိုင်ကပင် ပြီးမြောက်အောင်မြင်ရန်မရည်ရွယ်ထားကြောင်း သူမသိခဲ့ပေ။

ထိုအချိန်တွင်စက်ရုပ်သည် သူ၏ဘယ်ဘက်လက်က်ိုမြှောက်ကာ စတင်ပစ်ခတ်ခဲ့သည်။ ပထမလှံတသည် ပစ်မှတ်အနည်းငယ်လွဲချော်သွားကာ ၎င်း၏နောက်တွင်ရှိနေသောနံရံအထူကြီးအားထိမှန်သွားခဲ့သည်။ ဒုတိယလှံတံသည်ပစ်မှတ်အားထိမှန်သွားသော်လည်း နားနှင့်မျက်လုံးက်ိုမထိမှန်ခဲ့ပေ။ သို့သော်လည်း ပစ်မှတ်၏အသက်ကိုရယူရန်လုံလောက်သည်ထက်ပိုနေခဲ့သည်။

စက်ရုပ်သည် လှံတံများစွာကိုဆက်လက်ပစ်ခတ်နေခဲ့ပြီး ပစ်မှတ်များစွာကို ထိမှန်ခဲ့သည်။ သူတို့၏ပစ်ခတ်မှုသည် တိကျမှုအားနည်းသော်လည်း စွမ်းအားကြီးမားပေသည်။ ထို့ပြင်ဖော်ရာပြောခဲ့သည့်အတိုင်း လှံတံများ၏ပစ်ခတ်မှုအရှိန်သည်မြန်ဆန်လှကာ ပစ်ခတ်မှုနှစ်ခုကြားတစ်စက္ကန့်သာကွာဝေးပေသည်။ သ်ို့သော်လည်း ရှောင်ယုသည်အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ဤစက်ရုပ်များကို ကြီးမားသည့်တိုက်ပွဲအတွင်း၌ဆိုပါက ၎င်းတို့သည်စစ်ပွဲကိုပြောင်းလဲစေနိုင်မယ့် ဝှက်ဖဲတစ်ခုဖြစ်ပေသည်။ လှံပစ်စက်များ၏အကြီးမားဆုံးအားနည်းချက်မှာ လှံတံပစ်ခတ်ပြီးနောက် နောက်တစ်ကြိမ်ပစ်ခတ်ရန် ပြင်ဆင်ရချိန်ဖြစ်သည်။လှံပစ်စက်များနှင့်ဒူးလေးများအား ကျည်ဖြည့်ရန်အချိန်များစွာမယူရပါက ထိုလက်နက်များမည်မျှအစွမ်းထက်လာမည်ကို စဉ်းစားကြည့်၍မရပေ။

" လှံပစ်စက်တွေရဲ့ တစ်ခုချင်းပစ်ခတ်မှုစနစ်ကို မင်းပြင်ဆင်န်ိုင်လား ... လှံတံတွေကို အလျင်အမြန်ပစ်ခတ်နိုင်မယ့်အရာတစ်ခု ငါလိုချင်တယ် "

ရှောင်ယုကမေးမြန်းလိုက်သည်။

" အရှင် ... ငါတို့မှာပစ္စည်းတွေမရှိဘူး ... "

ဖော်ရာကခေါင်းကုတ်လိုက်မိသည်။

" ဘယ်ကပစ္စည်းတွေလဲ .. . "

ရှောင်ယုသည် ဆိုးရွားသောကိစ္စတစ်ခုဖြစ်ပေါ်လာတော့မည်ကို ကြိုတင်သိရှိလိုက်၍ မေးခွန်းထုတ်လိုက်သည်။

" မြေအောက်မြို့တော်ကနေပြီး ပြန်ယူလာခဲ့တဲ့နဂါးအရွတ်ကြောတွေကို ဒီစက်ရုပ်ရဲ့ပဲ့ထိန်းစနစ်မှာ ထည့်သွင်းပြီးတော့အသုံးပြုထားခဲ့တယ် ... အခြားပစ္စည်းတွေသာဆိုရင် လှံတွေကိုအရှိန်နဲ့ပစ်ခတ်နိုင်မှာမဟုတ်သလို အချိန်အကြာကြီးအသုံးပြုနိုင်မှာလည်းမဟုတ်ဘူး "

ဖော်ရာကပြန်ဖြေလိုက်သည်။

" မင်းအမေပဲပေါ့...နဂါးအရွတ်ကြောတွေကို မင်းကအဲလိုလက်လွတ်စပယ်သုံးလိုက်တာလား "

ရှောင်ယုက ဒေါသတကြီးကျိန်ဆဲလိုက်သည်။ ဖော်ရာသည် စက်ရုပ်များကိုအဆင့်မြင့်ရာ၌ နဂါးအရွတ်ကြောများကို အသုံးပြုလိမ့်မည်ဟု ရှောင်ယုလုံးဝမထင်ထားခဲ့ပေ။ သူသည် ထိုနဂါးအရွတ်များကိုအသုံးပြုကာ အထူးလေးအချို့ကိုပြုလုပ်ရန်စီစဉ်ထားခြင်းဖြစ်သည်။

" အရှင် ... စိတ်မပူပါနဲ့ အဲ့ဒီနဂါးအရွတ်ကြောတွေပေါ်မှာ လေမှော်သင်္ကေတတွေကိုရေးထိုးပေးဖို့အတွက် ဆရာဟစ်ဂင်က်ိုအကူအညီတောင်းထားတယ် ... အဲလိုဆိုရင်လှံတံတွေကိုပစ်လွှတ်မယ့် အရှိန်နှုန်းကနှစ်ဆဖြစ်သွားလိမ့်မယ် ... ပြီးတော့စက်ရုပ်တွေရဲ့စွမ်းအားကလည်းပိုပြီးအားကောင်းလာလိမ့်မယ် "

ရှောင်ယုသည် ဖော်ရာအားမိနစ်အနည်းငယ်ခန့် ဆက်လက်ကျိန်ဆဲနေခဲ့သည်။

" မင်းအမေပဲ...ဒီစက်ရုပ်တွေရဲ့စွမ်းအားက အများကြီးပိုကောင်းလာပါစေလို့ မင်းဆုတောင်းထားရင်ပိုကောင်းလိမ့်မယ် ... တကယ်လို့စက်ရုပ်တွေသာ စစ်မြေပြင်မှာကောင်းကောင်းမစွမ်းဆောင်နိုင်ခဲ့ရင် မင်းရဲ့ထောက်ပံ့မှုတွေကိုဆုံးရှံးရလိမ့်မယ် "

ဖော်ရာသည် ကြီးလေးသောပြစ်ဒဏ်အား ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။

" စိတ်ချပါအရှင် ... မင်းရဲ့မျှော်လင့်ချက်တွေလုံးဝပြည့်စေရမယ် ... ဒီစက်ရုပ်တွေကစစ်မြေပြင်မှာ အပြင်းထန်ဆုံးလူသတ်စက်တွေဖြစ်လာလိမ့်မယ် "

ရှောင်ယုသည် သူ၏နှလုံးသားထဲ၌ ဝမ်းသာခြင်း ၊ ဝမ်းနည်းခြင်းခံစားချက်များအပြည့်ဖြင့် စက်ရုပ်များကိုတစ်ချက်ကြည့်လိုက်ကာ လှည့်ထွက်လာခဲ့သည်။

အခန်း ၃၂၇ - မသေမျိုးများ၏ရလဒ်

ရှောင်ယုထွက်ခွာသွားသည်ကိုကြည့်ရင်း ဖော်ရာသည်ရှောင်ယုအားစိတ်ထဲမှနေ၍ ချီးကျူးမိလိုက်သည်။

ဤကဲ့သို့အဖိုးတန်ပစ္စည်းများကို အသုံးပြုမိခဲ့သည့်အတွက် ဆိုးရွားသောရလဒ်ထွက်ပေါ်လာပါက အစာငတ်ခံရခြင်းသည် သူ့အတွက်အလွန်ပေါ့ပါးသောပြစ်ဒဏ်ဖြစ်သည်။ သူသည်ယခင်က ဤထက်အဆပေါင်းများစွာနိမ့်ပါးသည့်အမှားကြောင့် သေလုနီးပါးကြိမ်ဒဏ်ခံရဖူးသည်။

မှင်စာများ၏အဓိကပြဿနာမှာ သူတို့၏စူးစမ်းလိုစိတ်ဖြစ်သည်။ သူတို့သည်သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်လောက်သော အတိုင်းအတာထိ စူးစမ်းတတ်ကြသည်။ သူတို့၏အဖြစ်သည် အရက်သမားတစ်ယောက်က ဝိုင်ပင်လယ်ကြီးအားမြင်တွေ့နေရသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် သမိုင်းမှတ်တမ်းများက မှင်စာများကိုသူခိုးများဟုခေါ်ဝေါ်ခဲ့ကြသည်။ အမှန်တော့ သုတေသနလုပ်ခြင်းနှင့် တီထွင်ဖန်တီးခြင်းသည် သူတို့၏ဝါသနာပင်ဖြစ်သည်။

ခြင်္သေ့မြို့သည်ပစ္စည်းအများစုကို ဂိုဒေါင်များ၌သိမ်းဆည်းထားတတ်သော်လည်း အချို့သောအဖိုးတန်ပစ္စည်းများကိုမူ သီးသန့်သိမ်းဆည်းထားလေ့ရှိသည်။ အဆိုပါနဂါးအရွတ်များသည်လည်း သီးသန့်သိမ်းဆည်းထားသောပစ္စည်းများဖြစ်သည်။ ရှောင်ယုသည် ထိုပစ္စည်းများကိုဖော်ရာနှင့်ဟစ်ဂင်ထံသို့ ပေးအပ်ထားခဲ့သည်။ အကယ်၍ သူတို့နှစ်ဦးအနက်အသုံးပြုရန်နည်းလမ်းကို ရှာတွေ့သူပေါ်ပေါက်လာပါက ထိုနဂါးအရွတ်များသည် အလွန်အဖိုးတန်လာမှာဖြစ်သည်။ ထိုသို့မဟုတ်ပါက ထိုနဂါးအရွတ်များသည် အမှိုက်များကဲ့သို့ဂိုဒေါင်အတွင်း၌ ဖုန်တက်နေတော့မှာဖြစ်သည်။

မည်သို့ပင်ဆိုစေ နဂါးအရွတ်များသည် အလွန်ပင်အဖိုးတန်လှသောကြောင့် ရှောင်ယုထိတ်လန့်နေဆဲဖြစ်သည်။ ရှောင်ယုသည် ၎င်းတို့အားအထူးလေးအချို့အားပြုလုပ်ရာတွင် ထည့်သွင်းရန်စီစဉ်ထားသော်လည်း မှင်စာများကနဂါးအရွတ်များကို စက်ရုပ်များ၌ထည့်သွင်းအသုံးပြုလိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

မည်သို့ပင်ဆိုစေ ရှောင်ယုသည်သူဆင့်ခေါ်ထားသည့် တပ်သားများ၏ခွန်အားတိုးတက်လာမှုကြောင့် အလွန်ပျော်ရွှင်နေခဲ့သည်။ မသေမျိုးတပ်သားများအားလုံးသည် အဆင့်၁၀သို့ရောက်ရှိနေခဲ့ကြသည်။ သူတို့သည် အရေအတွက်၅၀၀၀သာရှိသော်လည်း ကနေဒီမိသားစုအား ကြီးကြီးမားမားပျက်စီးဆုံးရှံးစေရန် လုံလောက်သည်ထက်ပိုနေပြီဖြစ်သည်။

ဖုတ်ကောင်များသည် အဆင့်၁၀သို့ရောက်လာပြီးနောက် သူတို့၏အကုတ်ကိုခံရသော ရန်သူများအားကူးစက်စေနိုင်သည်။ ကူးစက်ခံရသူများသည် အလင်းမှော်ပညာဖြင့်ကုသမှုမခံရပါက သေဆုံးသွားမည်ဖြစ်သည်။ အောက်လမ်းမှော်ကဝေများသည် အဆင့်၁၀သို့ရောက်ရှိပြီးနောက်တွင် အရိုးစု၁၀ကောင်စီဆင့်ခေါ်နိုင်၍ အရိုးစု၂၅၀၀ပါဝင်သောစစ်တပ်ကိုဖွဲ့စည်းနိုင်ခဲ့သည်။ ထိုအရိုးစုများသည် ကနေဒီမိသားစုအားတ်ိုက်ခိုက်ရာ၌ အမြှောက်စာအဖြစ် အသုံးပြုရမည်ဖြစ်သည်။

အောက်လမ်းမှော်ကဝေများကြောင့် မသေမျိုးတပ်သားအရေအတွက် ၇၀၀၀မှ၈၀၀၀ထိဖြစ်လာခဲ့သည်။ အဆင့်၁၀သို့ရောက်ရှိသွားသည့်စုန်းမများသည် ပဥ္စမအဆင့်အောက်ရှိမည်သူ့ကိုမဆို ဝင်ရောက်ပူးကပ်သိမ်းပိုက်နိုင်ကာ အခြားသူများကိုသတ်ဖြတ်နိုင်သည်။ စတုတ္ထအဆင့်အထက်စစ်သည်များ ဒဏ်ရာရရှိချိန်တွင်လည်း စုန်းမများကဝင်ရောက်ထိန်းချုပ်နိုင်သည်။ အထူးသဖြင့် မှော်ဆရာများသည် ထိန်းချုပ်ရလွယ်ကူ၍ စုန်းမများ၏အဓိကပစ်မှတ်ဖြစ်သည်။

လက်ရှိအချိန်တွင် စုန်းမများ၏ထိန်းချုပ်မှုအောက်၌ရှိသော ရန်သူတပ်သား၃၀ခန့်သည် ရှောင်ယု၏ရုပ်သေးများဖြစ်လာကြသည်။ စုန်းမများသည် ရန်သူများအပေါ်၌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် စိတ်ပိုင်းဆ်ုင်ရာအကျိုးသက်ရောက်မှုရှိသည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမှမသေမျိုးတပ်များနှင့်နီးကပ်စွာချည်းကပ်ရန် မဝံ့ရဲသောကြောင့်ဖြစ်သည်။

အထူးသဖြင့် ရွံရှာဖွယ်အသားကောင်ကြီးများသည် အဆင့်၁၀သို့ရောက်ရှိပြီးနောက် ပိုမိုကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ သူတို့သည်ရန်သူကိုသတ်ဖြတ်ရန်အတွက် ချိတ်များ ၊ ပုဆိန်များကိုအသုံးပြူကြသည်။ သူတို့သည် အဆင့်မြင့်သူရဲကောင်းများကိုပင် မကြောက်ရွံ့ကြပေ။ သ်ို့သော်လည်း စုန်းမများထိန်းချုပ်နိုင်စေရန်အတွက် အဆင့်မြင့်စစ်သည်များကိုမသတ်ဖြတ်ခဲ့ကြပေ။

ပင့်ကူများသည် မြေအောက်၌တွင်းများတူးဖော်ခဲ့ကာ ရန်သူများအား အဆိပ်ရည်များနှင့်အဆိပ်ရှိသောပင့်ကူမျှင်များနှင့် ခိုးကြောင်ခိုးဝှက်ပစ်ခတ်ခဲ့ကြသည်။ သူတို့၏ခန္ဓာက်ိုယ်သည်လည်း ပိုမ်ိုကြီးမားလာခဲ့သည်။ အဆင့်တက်ပြီးနောက်တွင် လင်းနို့မကောင်းဆိုးဝါးများ၏အရှိန်သည် ပိုမိုမြန်ဆန်လာခဲ့သည်။ ရှောင်ယုသည် အားကောင်းသည့်မှော်ဆရာများနှင့်သူရဲကောင်းများကို တိုက်ခိုက်ရန်အတွက် သူတို့အားပုံမှန်အသုံးပြုလေ့ရှိသည်။ သူတို့သည် အချိန်အများစုတွင် အသေခံတိုက်ခိုက်မှုအတွက်အသုံးပြုခိုင်းကာ ပဥ္စမအဆင့်သူရဲကောင်းများ ၊ မှော်ဆရာများကိုဝိုင်းရံသတ်ဖြတ်၍ ပြန်လည်ဆုတ်ခွာသွားကြသည်။

ပထမဦးစွာ ပင့်ကူများသည် မြေကြီးအောက်၌လျှို့ဝှက်စွာတွင်းတူ၍ မှော်ဆရာများအားတိုက်ခိုက်ကြသည်။ တစ်ချိန်တည်းမှာပင် လင်းနို့မကောင်းဆိုးဝါးများသည် အဆင့်မြင့်သူရဲကောင်းများနှက့်မှော်ဆရာများကို အလျင်စလ်ိုရှင်းလင်းပစ်ကြသည်။ အမှန်တော့ လင်းနို့မကောင်းဆိုးဝါးများသည် တိုက်ပွဲအတွင်းအကျအရှုံးများပြား၍ ရှောင်ယုသည်၎င်းတို့အားအကြိမ်ကြိမ်ဝယ်ယူခဲ့ရသည်။

အားသက်စ်သည် အဆင့်၃၄ထိရောက်ရှိလာကာ အခြားသူရဲကောင်းများထက် လုံးဝမနိမ့်ကျတော့ပေ။ ယခုအချိန်တွင်သူသည် ထောင်နှင့်ချီသောမသေမျိုးများအား ပြန်လည်ဆင့်ခေါ်အသက်သွင်းနိုင်ပြီဖြစ်သည်။ သူသည် အရိုးစုစစ်သည်များအား တိုက်ခိုက်ရန်ရှေ့တန်းသို့ပို့ဆောင်ပေးရင်း အနီးတဝိုက်တွင်နှင်းခဲလှိုင်းများကို ဖြစ်ပေါ်စေသည်။ ရှောင်ယုသည် အနာဂတ်၌အားသက်စ်၏အခြေအနေသည် တစ်နည်းတစ်ဖုံပြောင်းလဲသွားကာ သူ့အားပုန်ကန်လာမည်လားဟုတွေးမိနေခဲ့သည်။

မည်သို့ပင်ဆိုစေ အားသက်စ်သည်အဆင့်၃၀၌သာရှိနေသေးသည်။ သူသည် အဆင့်၄၀ ၊ အဆင့်၅၀ထိရောက်လာချိန်၌ မည်သို့ဖြစ်လာမည်နည်း။ မသေမျိုးမြင်းသည်တော်နှင့်မသေမျိုးဘုရင်တို့သည် အလွန်သန်မာသောသူများဖြစ်ကြသည်။

အခြားသူရဲကောင်းများအားလုံး အဆင့်၆၀ထိရောက်ရှိလာလျှင်လည်း အဆင့်တူများကြား၌ အားသက်စ်သည်အသန်မာဆုံးဖြစ်လာမည်မှာသေချာပေသည်။ သူ့ထံတွင်သာမန်စစ်သားများ အလုံအလောက်ရှိပါက အားသက်စ်သည်စစ်မြေပြင်၌ပြိုင်ဘက်ကင်းပေသည်။ အနူဘားရက်သည် အဆင့်၂၈သ်ို့ရောက်ရှိချိန်တွင် ကဲလ်သဇက်သည်အဆင့်၃၀သို့ရောက်ရှိခဲ့သည်။ ရှောင်ယုသည် မကြာတော့မည့်အချိန်အတွင်း မသေမျိုးများအားသူကိုယ်တိုင် အမိန့်ပေးစရာမလိုတော့ဘဲ သူ၏သူရဲကောင်းများနှင့်လွဲအပ်ထားနိုင်မည်ဟု ယုံကြည်လာခဲ့သည်။

ရှောင်ယုသည် မသေမျိူးတပ်များအား အားသက်စ်ကိုဦးဆောင်စေကာ အနာဂတ်တွင်မည်သည့်နယ်မြေကိုမဆို မသိမ်းပိုက်မှီ အားသက်စ်အားစေလွှတ်၍ အတားအဆီးများအားဖယ်ရှားမည်ဖြစ်သည်။

အစောပိုင်းတွင်ရှောင်ယုသည် ကနေဒီမိသားစုတပ်ဖွဲ့များ၏ အရေအတွက်ကိုသိသိသာသာလျော့ချရန်အတွက် မသေမျိူးများကိုအသုံးပြုပြီးနောက် ခြင်္သေ့နယ်မြေတပ်များဖြင့် တန်ပြန်တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ဘုရားကျောင်း၏တပ်များရောက်ရှိလာမည်ဟု သတင်းရရှိချိန်တွင် သူ၏အစီအစဉ်များပြောင်းလဲသွားခဲ့သည်။ထို့ကြောင့် ဘုရားကျောင်းတပ်များမရောက်လာမှီ ကနေဒီမိသားစုတပ်များအား တတ်နိုင်သမျှ မြန်မြန်အားနည်းသွားစေရန် စီစဉ်ခဲ့သည်။ သူသည်တစ်ညလျှင် မသေမျိူး၁၀၀၀ခန့်ကိုအဆုံးရှံးခံကာ ရန်သူ၁၀၀၀၀ကိုရှင်းလင်းစေခဲ့သည်။

သို့သော်လည်း သူသည်ကနေဒီမိသားစုအားတိုက်ခိုက်ရန်အတွက် ညတိုင်းလ်ိုလိုပင် မသေမျိုးများအားပြတ်ပြတ်သားသား အသုံးမပြုနိုင်ပေ။ ထိုသို့ဖြစ်လာပါက သူသည်သံသယဖြစ်စရာလူတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။သူသည်ခြင်္သေ့နယ်မြေရှိ ရွာများကိုနှောင့်ယှက်ရန်အတွက်လည်း မသေမျိူးများကိုရံဖန်ရံခါစေလွှတ်ခဲ့သည်။ ထို့ပြင် ဆိုလိုမွန်း၏နယ်မြေရှိရာသို့လည်း စေလွှတ်လေ့ရှိသည်။ သို့သော် မသေမျိုးများအား သာမန်လူများကိုမသတ်ဖြတ်မိစေရန် အမိန့်ပေးထားခဲ့သည်။ အဓိကအကြောင်းရင်းမှာ သူတို့အားခြောက်လှန့်မိစေရန်ဖြစ်သည်။ ထို့နောက်တွင် မသေမျိုးများ၏တိုက်ခိုက်မှုကြောင့် သာမန်လူများထောင်နှင့်ချီသေဆုံးခဲ့သည်ဟု ကောလဟာလများဖြန့်ကျက်ခဲ့သည်။

လယ်သမားများနှင့်ရွာသားများသည် ထိုကဲ့သို့အကြိမ်ကြိမ်နှောင့်ယှက်ခံရပြီးနောက် မြို့ကြီးများရှိရာသို့ပြောင်းရွေ့သွားခဲ့ကြသည်။ အဆုံးသတ်တွင် မြို့တံတိုင်းများသည်မြင့်မားပြီး မသေမျိုးများက အထဲသို့လွယ်လွယ်နှင့်ဝင်မရပေ။ ထို့ကြောင့် ရလဒ်အနေဖြင့် မသေမျိုးများ၏တိုက်ခိုက်ရန် တစ်ခုတည်းသောဦးတည်ချက်မှာ ကနေဒီမိသားစု၏တပ်စခန်းပင်ဖြစ်သည်။

ရောဘတ်နှင့်ဇန်းတို့သည် ရူးသွပ်လုနီးပါးဖြစ်ကုန်ကြသည်။သူတို့သည် မသေမျိုးများအား ရင်ဆိုင်ရန်မလွယ်ကူ၍နောက်သို့ဆုတ်ခွာလိုကြသည်။ ထို့ပြင် ရှောင်ယု၏လေတပ်များကလည်း စခန်းကိုလာရောက်တိုက်ခိုက်လေ့ရှိသည်။လင်းနို့စီးနင်းသူများသည် စခန်းအပေါ်သို့မီးတောက်ဆီဗုံးများအား ကြဲချအပြီးတွင် ဂရစ်ဖင်များက ကွင်းဆက်လျှပ်စီးကြောင်းများအား အသုံးပြုလေ့ရှိသည်။ သူတို့သည် စခန်းကိုလာရောက်တိုက်ခိုက်သော မသေမျိုးများ၏တစ်ဝက်ခန့်က်ို ရှင်းလင်းနိုင်ခဲ့သော်လည်း ထိုမသေမျိုးအများစုမှာ အရိုးစုတပ်သားများဖြစ်ကြသည်။ ထို့နောက်မသေမျိုးများသည် အင်အားအပြည့်ဖြင့် သူတို့၏စခန်းကိုပြန်လည်တိုက်ခိုက်လာရန်အတွက် ရက်အနည်းငယ်သာကြာမြင့်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ဘုရားကျောင်းသည် ရောဘတ်၏အခြေအနေကိုတည်ငြိမ်စေရန်အတွက် ခြင်္သေ့မြို့အားတိုက်ခိုက်ရန် တပ်များကိုစေလွှတ်ခဲ့ကြောင်း သတင်းပျံ့နှံ့လာခဲ့သည်။ သူတို့သည် ဘုရားကျောင်းမှတပ်များရောက်အလာက်ိုစောင့်ဆိုင်းရင်း ကီလိုမီတာ၂၀အကွာထိနောက်ဆုတ်သွားခဲ့ကာ စခန်းချခဲ့သည်။ မည်သို့ပင်ဆိုစေ ဘုရားကျောင်းမှတပ်များရောက်ရှိလာပြီးနောက် ခြင်္သေ့မြို့အားသိမ်းပိုက်နိုင်မည်ဟု ရောဘတ်ကယုံကြည်နေခဲ့သည်။

All Chapters