← Chapters

သူတော်စင်နှစ်ဦးအား အနိုင်ယူပြီး ကျင့်ကြံခြင်းနယ်ပယ်ကို ရှာဖွေတွေ့ရှိခြင်း

Vol. 47 Ch. 871

သူတော်စင်နှစ်ဦးအား အနိုင်ယူပြီး ကျင့်ကြံခြင်းနယ်ပယ်ကို ရှာဖွေတွေ့ရှိခြင်း

Vol. 47 Ch. 871

ကောင်းကင်လျှို့ဝှက်ချက်ကံကြမ္မာချပ်ပြားဝိုင်းသည် အလင်းအစက်အပြောက်များအဖြစ် ပျောက်ကွယ်သွားခဲ့ပြီး သူတော်စင်တိမ်တိုက်ပင်လယ်သည် မယုံနိုင်စွာကျန်ခဲ့လေသည်။

"ဘယ်လိုလဲ... ဘယ်လိုဖြစ်နိုင်တာလဲ?"

သူသည် ဝှက်ဖဲအဖြစ် မှီခိုနေသော ကောင်းကင်လျှို့ဝှက်ချက်ကံကြမ္မာချပ်ပြားဝိုင်းအား ကျန်းချန်ရွှမ်ထံမှ ထိုကဲ့သို့ ဖျက်ဆီးခံရလိမ့်မည်ဟု မယုံနိုင်ဖြစ်နေခဲ့လေသည်။

"အား…"

ရုတ်တရက် သူတော်စင်ကောင်းကင်ပင်လယ်သည် သွေးများကို ပါးစပ်အပြည့် အန်ထုတ်လိုက်လေတော့သည်။

ရှင်းလင်းစွာပင် ကံကြမ္မာချပ်ပြားဝိုင်း၏ ပြိုလဲမှု က သူ့အားသိသာထင်ရှားသည့် တုံ့ပြန်မှုကို ဖြစ်စေခဲ့သည်။

ခွပ်..

တစ်ချိန်တည်းမှာပင် ကျန်းချန်ရွှမ်၏ ကောင်းကင်ဆက်ဝိညာဉ်ရတနာဖြစ်သည့် ဒြပ်စင်ငါးပါးကားချပ် သည် စီးဆင်းနေသောရေစီးကြောင်းများအဖြစ်သို့ ပြောင်းလဲသွားကာ သူတော်စင် တိမ်တိုက်ပင်လယ် ဆီသို့ အရှိန်နှင့်လာနေခဲ့သည် ။

အစပိုင်းတွင် သူတော်စင်တိမ်တိုက်ပင်လယ်သည် များစွာမခံစားရသော်လည်း မကြာမီတွင် သူ၏ သက်တမ်းသည် လျင်မြန်စွာ ကုန်ဆုံးနေသည်ကို သိလိုက်ရသည့်အတွက် အံ့အားသင့်သွားခဲ့လေသည် ။

"ဒါ... အချိန်ရဲ့ စည်းမျဉ်းပဲ!"

အချိန်တိုအတွင်းမှာပင် သူတော်စင်တိမ်တိုက်ပင်လယ်၏ နှစ်တစ်သောင်းနီးပါး သက်တမ်းသည် ဖယ်ရှားခံခဲ့ရပြီး အချိန်ကြာလာသည်နှင့်အမျှ အခြေအနေက ပိုဆိုးလာခဲ့လေသည်။

အကြောင်းပြချက်မရှိဘဲ သူတော်စင်တိမ်တိုက်ပင်လယ်၏ နှလုံးသားသည်ကြက်သီးထသွားခဲ့သည်။

သူသည် ကြာရှည်စွာ မနေရဲတော့ဘဲ ရုတ်တရက် အလင်းတန်းတစ်ခု အဖြစ်ပြောင်းလဲကာ ရေစီးကြောင်းများကြားမှ အနည်းငယ်ကွာဟနေသည့်နေရာကို ဖြတ်သန်းကာ လွတ်မြောက် သွားခဲ့လေသည်။

နောက်တစ်ချက် လင်းလက်သွားခဲ့ပြီး သူတော်စင် ကောင်းကင်ပင်လယ်သည် အဝေးသို့ ပြေးသွားခဲ့ပြီ ဖြစ်သည်။

ထိုအဖြစ်အပျက်သည် ရှန်းရူယန်နှင့် ရင်ဆိုင်နေသော သူတော်စင်အာရုဏ်ဦးအား တုန်လှုပ် သွားစေခဲ့သည်။

သူသည် ကျန်းချန်ရွှမ်နှင့်ယှဉ်ပြိုင်သောတိုက်ပွဲတွင် သူတော်စင်ကောင်းကင်ပင်လယ်ကို ရှုံးနိမ့်လိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးပါ။

ဝှစ်....

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ လက်တွင် ဒြပ်စင်ငါးပါးကားချပ်မှ ပြောင်းလဲသွားသော အလွန်အမင်း လွှမ်းမိုးနိုင်သော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

သူတော်စင်အာရုဏ်ဦးသည် ၎င်းကို ရင်မဆိုင်ရဲဘဲ ကြယ်ပွင့်အလင်းရောင်များဖြင့် မိမိကိုယ်ကို ဝန်းရံလိုက်သည် ။

ဝုန်း....! ဝုန်း....! ဝုန်း....!

ကြယ်ပွင့်အလင်းနှင့် ဓားအလင်းတို့အကြား တိုက်ခိုက်မှုသည် သူတို့အားတစ်ပြိုင်နက် ပျောက်ကွယ်သွားစေသော်လည်း မရေတွက်နိုင်သောမိုးကြိုးသွားများသည် သူ့၏ ပုံသဏ္ဌာန်အစစ်အမှန်ကို ထိခိုက်စေပြီး သူ့အားအနည်းငယ်ပျောက်ကွယ်သွားစေခဲ့သည် ။

သူတော်စင်အာရုဏ်ဦးက ဒေါသများဖြင့် ပြည့်သွားလေသည်။

အကယ်၍ သူတော်စင်တိမ်တိုက်ပင်လယ်သည် ထွက်ပြေးသွားခြင်းမရှိလျှင် သူတို့သည် ထိုကဲ့သို့ သေရေးရှင်ရေးအခြေအနေနှင့် အဆုံးသတ်ရလိမ့်မည်မဟုတ်ပါ။

အနည်းဆုံး သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ဖမ်းထားနိုင်လေသည်။

ယခုမူ သူတစ်ဦးတည်း ကျန်ခဲ့သည့်အတွက် သူသည် ထိုစုံတွဲ၏ပူးပေါင်းအင်အား၏ ပြိုင်ဘက် မဟုတ်သည်မှာ ရှင်းလင်းနေပါသည်။ တိုက်ပွဲ ဆက်လက် ဖြစ်ပွားခြင်းသည် သူတော်စင် ကောင်းကင်ဖြူကဲ့သို့ အလားတူ ကံကြမ္မာကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး ၎င်းသည် သူတော်စင် အာရုဏ်ဦးကလက်မခံနိုင်သော အရာတစ်ခုလည်း ဖြစ်ပါသည် ။

ထို့ကြောင့်၊ ထိုစုံတွဲ၏ပူးတွဲတိုက်ခိုက်မှု တစ်ခုကို ခုခံပြီးနောက်၊ သူတော်စင်အာရုဏ်ဦးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ် သွားခဲ့လေသည် ။

ထိုအရာကို မြင်သောအခါ ရှန်းရူယန်က ကျန်းချန်ရွှမ်ကို လှည့်ကြည့်ပြီးမေးလိုက်သည်။ “ယောကျ်ား၊ ကျွန်တော်တို့ လိုက်သင့်လား?”

ကျန်းချန်ရွှမ်က ခေါင်းခါလိုက်သည် ။

"မလိုပါဘူး! သူတို့က သူတော်စင်ကောင်းကင်ဖြူမဟုတ်ဘူး။ တကယ်လို့ ကိုယ်တို့သူတို့နောက် လိုက်မီရင်တောင် သူတို့ကို သတ်နိုင်မယ်လို့ အာမ,မခံနိုင်ဘူး။

ကိုယ်တို့ ဝှက်ဖဲတွေကိုမသုံးသရွေ့တော့ နိုင်မှာမဟုတ်ဘူး။ အဲ့တာက အတော်လေး ဖြုန်းတီးသလို ဖြစ်ပြီး မတန်ပါဘူး။

အရေးအကြီးဆုံးက ကိုယ်တွက်ချက်ထားတဲ့ လျှို့ဝှက်နယ်ပယ်က ဖွင့်တော့မယ်။

ဒီကာလအတွင်း မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေကို ရှောင်တာ ပိုကောင်းပါတယ် ။”

ကျန်းချန်ရွှမ်သည် လျှို့ဝှက်နယ်ပယ်က မကြာမီဖွင့်လှစ်တော့မည်ကို ပြောသောအခါ ရှန်းရူယန်၏ မျက်လုံးများ ချက်ချင်းလင်းလာခဲ့သည် ။

ဤသည်မှာ ထိုလောကပေါ်တွင် ၎င်းတို့ ၏ ပထမဆုံး ရှာဖွေတွေ့ရှိမှုဖြစ်ပြီး ပထမဆုံး တွေ့ရှိရခြင်း လည်း ဖြစ်နိုင်သည် ။

အရေးအကြီးဆုံးမှာ ဤလောကတွင် ပေါ်ပေါက်လာသည့် လျို့ဝှက်နယ်ပယ်များ၌ အလွန်အရေးကြီးသည့် ရတနာများရှိနေမည်ဖြစ်ပါသည်။

သိပ်မကြာခင်၌ ကျန်းချန်ရွှမ်သည် ကောင်းကင်တွက်ချက်မှုနည်းစနစ်အားကန့်သတ်ချက်အထိ တွန်းပို့ကာ နှင်းကျနေသော တောင်ထိပ်သို့ ရောက်လာခဲ့သည်။

နောက်ဆုံးတွင်။

ခဏအကြာတွင် သူသည် ရှန်းရူယန်အား အပြုံးဖြင့် လှည့်ကြည့်လိုက်သည် ။

“ရူယန် ၊ ငါ့ခန့်မှန်းချက် မှန်ရင် လျှို့ဝှက်နယ်ပယ်က တစ်ရက်အတွင်း ပွင့်သင့်တယ်။

ဒါ့အပြင် ဝင်ပေါက်က အသက်ရှုချိန်သုံးချက်ထပ်ပိုပြီး ပွင့်မှာမဟုတ်ဘူးလို့ ခံစားနေရတယ်။

ဒီတော့ ကိုယ်တို့ဝင်သွားတာနဲ့ အခြားလူတွေ ဒီနေရာကို ရှာတွေ့မှာကို စိတ်ပူစရာမလိုတော့ဘူး။"

"အိုး ဟုတ်လား"

ရှန်ရူယန်သည် ကျန်းချန်ရွှမ်၏ စကားကို ကြားလိုက်ရသောအခါ မျှော်လင့်ချက်များ မြင့်တက်လာသည်ကို ခံစားလိုက်ရသည် ။

မျှော်လင့်ထားတဲ့အတိုင်းပင်ဖြစ်သည်။

တစ်ရက်အကြာတွင်။.

သူတို့နေရာယူထားသည့် တောင်ထိပ်တွင် နေရာလပ်သည် အနည်းငယ်လှိုင်းထလာခဲ့လေသည်။

ခဏအကြာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ၏ မျက်လုံးများကို တောက်ပစေသည့် စက်ဝိုင်းပုံဝင်ပေါက်တစ်ခုသည် သူတို့ရှေ့တွင် ပေါ်လာလေသည် ။

"သွားကြရအောင်!" ကျန်းချန်ရွှမ်ကပြောလိုက်ကာ ရှေ့သို့သွားလိုက်ပြီး စက်ဝိုင်းပုံဝင်ပေါက်ထဲသို့ မျက်စိတမှိတ်အတွင်း ဝင်လိုက်ပြီး ရှန်းရူယန်ကလည်းနောက်မှ ကပ်လိုက်သွားခဲ့သည်။

အလင်းရောင်နှင့် အရိပ်များ လင်းလက်လာသည်နှင့်အမျှ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ငှက်များ၏ အသံများနှင့် မွှေးကြိုင်သော ပန်းများနှင့် ပြည့်နှက်နေသော စိမ်းလန်းသော သစ်တောတစ်ခုတွင် သူတို့ကိုယ်သူတို့ တွေ့ရှိခဲ့ကြလေသည် ။

လေထုသည် မူလဝိညာဉ်ချီ၏ အလွန်လန်းဆန်းသော အနှစ်သာရဖြင့် ကြွယ်ဝနေခဲ့သည် ။ ထို့အပြင် သူတို့သည် ပတ်၀န်းကျင်၏ လေထုထဲရှိစည်းမျဉ်းအချို့ ၏ တွန်းအားများကိုလည်းခံစားရလေသည် ။

"အဲ့ဒါက.."

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှစ်ဦးစလုံးသည် ဤနေရာက ရတနာရှာဖွေရန်လျှို့ဝှက်နယ်ပယ်တစ်ခု ဖြစ်သည်သာမက အလွန်ထူးခြားသောကျင့်ကြံခြင်းလျှို့ဝှက်နယ်မြေတစ်ခုဖြစ်သည်ကို သဘောပေါက် ခဲ့ကြလေသည်။

ကျင့်ကြံခြင်းလျှို့ဝှက်နယ်ပယ်ဆိုသည့်နာမည်အတိုင်း ကျင့်ကြံခြင်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် အထူးပြုလုပ်ထားခြင်းဖြစ်ပါသည် ။

ထိုကဲ့သို့နယ်ပယ်ထဲတွင်ကျင့်ကြံခြင်းက ကျင့်ကြံသူ၏စွမ်းဆောင်ရည်အားမြင့်တင်ပေးသည်သာမက လာမည့်ချိုးဖောက်ခြင်း၊ နတ်စွမ်းအား နားလည်ခြင်း နှင့် ချိုးဖောက်ခြင်းနှင့် ပက်သက်သည့် အန္တရာယ်များအား လျော့ချခြင်းတို့တွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။

လက်ရှိ ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်တွင် ထိုကဲ့သို့ ကျင့်ကြံခြင်းနယ်ပယ်အား ပိုင်ဆိုင်သည့် ဂိုဏ်းသည် တစ်ရာတွင် တစ်ခုခန့်သာ ရှိပြီး အလွန်ရှားပါးပါသည်။

နက်ရှိုင်းသော အခြေခံအုတ်မြစ်များရှိသူများ ၊ မဟာယာန တာအိုအရှင်များ ၏ ကြီးကြပ်ကွပ်ကဲခြင်း နှင့် မသေမျိုးနယ်ပယ်များမှ အစွမ်းထက်သော အင်အားစုများ၏ ကျောထောက်နောက်ခံရှိသူများ သာလျှင် ကျင့်ကြံခြင်းလျှို့ဝှက်နယ်မြေကို ထိန်းသိမ်းရန် အခွင့်အလမ်းရှိနိုင်ပါသည် ။

အများစုအတွက်မူ လက်လှမ်းမီမှုထက် ကျော်လွန်နေဆဲဖြစ်သည်။

ကျင့်ကြံရေးလျှို့ဝှက်နယ်မြေ၏ တန်ဖိုးသည် ယခင်အင်အားစုများအကြားတွင် ခွဲဝေရယူထားသည့် မူလတာအိုမြေမြေ၏ တန်ဖိုးထက် ကျော်လွန်သွားနိုင်သည်ဟုပြောလျှင် ချဲ့ကားရာမရောက်ပေ။

ဤလျှို့ဝှက်နယ်မြေ တည်ရှိမှုအား အခြားသူများသိရှိလာခဲ့လျှင် ၎င်းသည် မငြိမ်မသက်ဖြစ်စေမည်မှာ သေချာပါသည် ။

လျှို့ဝှက်နယ်ပယ်ကို စူးစမ်းလေ့လာပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ၎င်းကို အပေါ်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းစသည့် ကွဲပြားသော နယ်ပယ်သုံးခုအဖြစ် ခွဲခြားထားသည်ကို တွေ့ရှိခဲ့ရသည်။

အထက်ပိုင်းနေရာသည် ကျင့်ကြံရေးအကျိုးသက်ရောက်မှုအကောင်းဆုံးနှင့် ခိုင်မာသောတိုးတက်မှုကို ပေးပြီးနောက် အလယ်ပိုင်းပြီးလျှင် အောက်ပိုင်းသည် ထိရောက်မှုအနည်းဆုံးဖြစ်ပါသည် ။

သို့သော် အောက်ပိုင်းတွင်ပင် ပြင်ပကမ္ဘာတွင် တွေ့ကြုံရမည့်အရာများထက် အဆပေါင်းများစွာ ပို၍ကောင်းပြီး ၎င်းသည် အလွန်အရေးပါပါသည်။

အမျိုးမျိုးသော ဂိုဏ်းများအတွင်းရှိအထူးနေရာများစွာသည် ဤလျှို့ဝှက်နယ်မြေ ၏ အောက်ပိုင်း နေရာမှ ကမ်းလှမ်းသောကျင့်ကြံရေးအကျိုးကျေးဇူးများနှင့်ကိုက်ညီနိုင်ခြင်းမရှိပေ။

All Chapters