← Chapters

တွက်ချက်ခြင်းပုတီးကိုအသုံးပြုခြင်း၊ အဆင့် ၅ ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်

Vol. 47 Ch. 884

တွက်ချက်ခြင်းပုတီးကိုအသုံးပြုခြင်း၊ အဆင့် ၅ ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်

Vol. 47 Ch. 884

ထိုနောက် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ကျောက်ထျန်းဖန်ကိုတွေ့ကာ ကိုးရောင်ခြယ်ကောင်းကင်ကြာပွင့်များ ထဲမှ တစ်ခုကို ကိုယ်တိုင်လွှဲပြောင်းပေးခဲ့သည် ။

ကျောက်ထျန်းဖန်သည် ထိုအမူအရာကြောင့်အလွန်စိတ်လှုပ်ရှားခဲ့လေသည် ။

ထိုကိုးရောင်ခြယ်ကြာပွင့်၏ တန်ဖိုးကို သူ့ထပ်မည်သူမှပို နားမလည်နိုင်ပါ။

မဟာယနတာအိုအရှင်အတွက်ပင် အလွန်အကျိုးရှိသော ရတနာဖြစ်ပါသည်။

ယခုမူ ကျန်းချန်ရွှမ် နှင့် သူ့အဖော်များသည် သူ့အတွက် ထိုမျှလောက်တန်ဖိုးကြီးသော အဆင့် ၉ ဝိညာဉ်ဆေးကို ပေးခဲ့ကြပါသည်။

ဟောက်ရန်ဂိုဏ်း (သို့) မိုးကြိုးချိုင့်ဝှမ်းပြင်ပတွင် အခြားမည်သည့်ဂိုဏ်းတွင်မဆို ထိုကဲ့သို့သော ကိစ္စသည် မဖြစ်နိုင်သလောက်နီးပါး ဖြစ်လိမ့်မည်ကို သူသိပါသည် ။

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် ။"

ဤအခိုက်အတန့်တွင် ကျောက်ထျန်းဖန်သည် ကျန်းချန်ရွှမ်နှင့် ရှီရှန်းယောင်တို့အား ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါ ဖော်ပြရင်း သိသိသာသာ စိတ်လှုပ်ရှားနေခဲ့သည် ။

သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးစလုံးသည် ပြုံးပြီး ခေါင်းခါလိုက်ကြသည် ။

“တာအိုရောင်းရင်းတွေအနေနဲ့ ဒီလိုစကားမျိုးတွေ မလိုအပ်ပါဘူး ။

ဒါကြောင့် အခု အစ်ကို့ရဲ့ အခြေခံအုတ်မြစ်ကိုပြန်လည်ပြုပြင်ဖို့နဲ့ တာအိုဖွဲ့စည်းခြင်းအဆင့်ကို အမြန်ဆုံး ဖြတ်ကျော်ဖို့ ကြိုးပမ်းအားထုတ်လိုက်ပါ။”

ထိုအချိန်တွင် ရှီရှန်းယောင်သည် ကျန်းချန်ရွှမ်ဘက်သို့လှည့်ကာ ပြောလိုက်လေသည်။

“ဂျူနီယာမောင်လေး လောကသစ်ကို သွားတဲ့ ဒီခရီးစဉ်အတွင်းမှာ ငါလည်း အကျိုးအမြတ်တချို့ ရခဲ့တယ်။

မမျှော်လင့်ထားတဲ့အရာတစ်ခုမှ ဖြစ်မလာခဲ့ရင် ၊ ငါ ဂူပိတ်ကျင့်ကြံပြီး တာအိုဖွဲ့စည်းခြင်းအဆင့်ကို ထိုးဖောက်ဖို့ အပြည့်အဝကြိုးပမ်းဖို့ စီစဉ်ထားတယ်။”

"အမ်၊ အစ်မယုံကြည်မှုရှိပြီလား?"

ကျန်းချန်ရွှမ်၏ မျက်လုံးများသည် ရှီရှန်းယောင်၏ စကားများကိုကြားလိုက်ရသောအခါ တောက်ပလာသည် ။

ရှီရှန်းယောင်ကခေါင်းညိတ်လိုက်သည် ။

"ငါရှိပြီ။"

"ဒါဆိုကောင်းတာပေါ့။ အစ်မရဲ့ ဂျူနီယာမောင်လေးအနေနဲ့ ထိုးဖောက်မှုမှာအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ပြီးတော့ စီနီယာအစ်ကိုကျောက်အတွက်ကောပါ။"

ထိုစကားများဖြင့် ညီအစ်ကိုမောင်နှမများသည် အကြည့်များနှင့် အပြုံးများဖလှယ်ခဲ့ကြလေသည်။

....

ရက်အချို့ကြာပြီးနောက်တွင်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏တိမ်တိုက်မြူတောင်ထိပ်သို့ပြန်သွားခဲ့ပြီး သူတို၏ တပည့်ကျန်းအန်းရန်နှင့် တွေ့ဆုံကာ လမ်းညွန်ပေးပြီး သူတို့၏လက်ရှိရလာခဲ့သည့် အကျိုးအမြတ်များအား စီစဉ်‌ခဲ့လေသည်။

မေးစရာမလိုအောင်ပင် သူတို့၏ ခရမ်းရောင်ချီစုဆောင်းမှုက သူတို့၏ဆရာကို လက်ဆောင်ပေးပြီးသည့် ပမာဏပြီးလျှင် ကျန်ရှိနေပါသေးသည်။

ထို့အပြင် ဆေးဥယျာဉ်မှ ကိုးရောင်ခြယ်ကောင်းကင်ကြာပွင့်အပါအဝင် ၎င်းတို့ရရှိခဲ့သော ဝိညာဉ်ဆေးဖက်ဝင်အပင်များသည်လည်း အရေးကြီးပါသည်။

သူတို့သည် ထိုကိုးရောင်ခြယ်ကောင်းကင်ကြာပွင့်အား ယခုစားသုံးလိုသည့် ဆန္ဒရှိလျှင် သူတို့၏ ကျင့်ကြံခြင်းသည် တိုက်ရိုက်ပင် တာအိုပေါင်းစည်းခြင်းအဆင့်သို့ရောက်ရှိသွားမည်ဟု ပြောလျှင် ချဲ့ကားရာမရောက်ပေ။

ဤအရာများအပြင် သူတို့သည် ဝိညာဉ်ရတနာ ခြောက်ခု၊ အဆင့်မြင့် သတ္တုများနှင့် ဆေးပင်များစွာ နှင့် ဘဏ္ဍာအမျိုးမျိုး စုဆောင်းပစ္စည်းများအပါအဝင် ၎င်းတို့သည် လက်ရာမြောက်သော သန့်စင်ခြင်း အလှည့်အပြောင်းများစွာအတွက် လုံလောက်ပါသည် ။

အရေးအကြီးဆုံးမှာ ထိုစွန့်စားမှုမှ ရရှိသည့်အသိအမြင်များသည် သူတို့တာအိုပေါင်းစည်းခြင်းသို့ ရောက်ရှိရန်လိုအပ်သည့်အချိန်ကို လျော့ချနိုင်ပါသည်။

အသူရာနတ်ဆိုးများကို တွေ့ရှိရခြင်းအားကြည့်လျှင် အနာဂတ်တွင် ထိုသက်ရှိများ၏ ပြသနာအား ရှောင်လွဲ၍ရနိုင်ဖွယ်မရှိပါ။

အချိန်မဖြုန်းဘဲ ထိုစုံတွဲသည် ရရှိလာသော အရာများကို စီစဉ်လိုက်ကြသည်။

သူ၏ သီးသန့်ဂူထဲတွင် ကျန်းချန်ရွှမ်သည် တွက်ချက်ခြင်းပုတီးကို ထုတ်ပြီး ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်အား ထပ်မံ၍ အဆင့်မြင့်တင်ရန် အဆင်သင့်ဖြစ်နေသည်။

ကျီ!

ကောင်းကင်တွက်ချက်မှု နည်းစနစ်၏ အသိပညာသည် သူ့စိတ်ထဲတွင် ကျယ်ပြန့်လာသည်နှင့်အမျှ ထူးခြားသော တုန်ခါမှုတစ်ခုက သူ့အား ဖြတ်သန်းသွားခဲ့ပြီး အဆင့် ၅ သို့ ရောက်ရှိသွားကာ ဆက်လက်၍ နှေးကွေးသော အရှိန်အဟုန်ဖြင့် ဆက်သွားနေသည် ။

ယခင်က လျစ်လျူရှုထားသော (သို့မဟုတ်) နားမလည်နိုင်သော ကိစ္စများစွာသည် အဆင့် ၅ သို့ အောင်မြင်စွာ ရောက်ရှိလာသောအခါ ယခုတွင် ရှင်းလင်းပြတ်သားလာလေသည် ။

မမျှော်လင့်ဘဲ သူ၏ စိတ်သည် လူသတ်ရန် ရည်ရွယ်ချက်ဖြင့် ပြည့်နှက်နေသော ဂရုမစိုက်သည့် မျက်လုံးတစ်စုံ၏ ပုံရိပ်အားမြင်လိုက်ရလေသည် ။

ထိုမျက်လုံးများ ၏ ပိုင်ရှင်မှာ အခြားသူမဟုတ်ဘဲ ချင်ခုန်းခန်းမမှ မဟာယာနတာအိုအရှင် တောင်အလင်းဖြစ်ပေသည်။

“ဆရာ ပြောတာမှန်တာပဲ။ ငါတို့လောကသစ်ကထွက်လာတဲ့အချိန်မှာပဲ ချင်ခုန်းခန်းမက တာအိုအရှင်တောင်အလင်းက ငါတို့ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်။

ဒါပေမဲ့ အဲ့ဒီအချိန်မှာ ဆရာကအဆင့် ၉ အဆောင်ကို ချက်ခြင်းထုတ်ပြီး သူ့ကိုနောက်ဆုတ်အောင် လုပ်လိုက်တာပဲ။"

ထိုအရာသည် ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်၏ အဆင့် ၅ ၌ ကျန်းချန်ရွှမ်သည် လိုအပ်သည့် အဖိုးအခကိုပေးလိုလျှင် ယခင်ကကိစ္စများကိုပင် တွက်ချက်နိုင်ပြီး မဟာယာနတာအိုအရှင်များပင် ပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

တွက်ချက်ရေးပုတီး၏ စွမ်းအားပျောက်ကွယ်သွားသည်နှင့် ကောင်းကင်ဘုံတွက်ချက်မှုနည်းစနစ် တွင် သူ၏ နားလည်မှုသည် အဆင့် ၆ ၏ တံခါးဝတွင် ရပ်တန့်သွားသည်။

နဂါးတောင်ပေါ်ရှိ စည်းဝေးပွဲများ နီးကပ်လာသည်နှင့်အမျှ ကျန်းချန်ရွှမ်သည် သူ၏ကျင့်ကြံခြင်းဂူမှ ထွက်ခွာလာပြီး ရှန်းရူယန်သည်လည်း သူမ၏ ကျင်ကြံခြင်းဂူထဲမှ ထွက်ခွာလာပြီး ဖြစ်သည်ကို တွေ့လိုက်ရသည်။

သူတို့၏သက်ဆိုင်ရာ အတွေ့အကြုံများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးအပြီးတွင် ဟောက်ရန်ဂိုဏ်း၏ မဟာခန်းမသို့ ဦးတည်၍သွားခဲ့လေသည်။

နှစ်ဦးစလုံးသည် နဂါးအမောက်တောင်တွင်ကျင်းပမည့် ညီလာခံသို့တက်ရောက်ရန် အမည်စာရင်းသွင်းခံရသူများဖြစ်သည် ။

၎င်းတို့ ၏ အခြေအနေများအရ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် နောက်ထပ်ဂူပိတ်ကျင့်ကြံခြင်း သည် ဖြစ်နိုင်ဖွယ်မရှိပါ ။

"အာ.. ဂျူနီယာညီကျန်း၊ ဂျူနီယာညီမရှန်း မင်းတို့ရောက်လာပြီပဲ။"

ခန်းမကြီးအတွင်းတွင် ဟောက်ရန်ဂိုဏ်း၏ ဂိုဏ်းချုပ်ရွယ်ပင်းက သူတို့အား နွေးထွေးသောအပြုံးဖြင့် နှုတ်ဆက် လိုက်လေသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့က အမြန်ပင်ပြန်လည်နှုတ်ဆက်လိုက်ကြသည်။

စကားစမြည်ပြောကြားကြပြီးနောက် ရွယ်ပင်းက ပြောပြလိုက်သည်။

“နဂါးအမောက်စုဝေးပွဲမှာ မင်းတို့ နားထောင်ခဲ့ဖို့ပဲလိုပါတယ် ။ ပြဿနာတွေရှိရင် ဂိုဏ်းချုပ်ယွင်နဲ့ ငါတို့ကိုင်တွယ်ဖြေရှင်းပေးပါ့မယ် ။"

"ဟင်?"

ရွယ်ပင်း၏ စကားများကိုကြားလိုက်ရသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏စိတ်ဝင်စားမှုသည် မြင့်တက်သွားသည်။

ဂိုဏ်းချုပ်ပြောပုံအရ ထိုအစည်းအဝေး၌ တစ်ခုခုဖြစ်နေပုံပေါ်ပါသည်။

သို့သော် ရွယ်ပင်းက ထပ်မံ၍အသေးစိတ်မပြောဘဲ သူတို့ကို ခန်းမအပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့သည် ။

တဖြည်းဖြည်းနှင့် ကျင့်ကြံသူများထပ်မံရောက်ရှိလာပြီး လူတိုင်းစုဝေးပြီးသည်နှင့် ရွယ်ပင်းသည် ထိုအုပ်စုအား လောကသစ်နှင့် ရေတံခွန်ဂိတ်ကို ဆက်သွယ်ထားပေးသည့် ဝင်ပေါက်သို့ ခေါ်ဆောင်သွားခဲ့သည်။

လောကသစ်ဝင်ပေါက်၌ အင်အားစုအမျိုးမျိုးက ကျင့်ကြံသူများသည် နေရာယူထားကြသော်လည်း ကျန်းချန်ရွှမ်တို့၏ အုပ်စုသည် ထိုလောကသစ်သို့ အတားအဆီးမရှိဘဲ ပြန်လည်ဝင်ရောက် သွားခဲ့သည်။

လောကသစ်ထဲသို့ တစ်ခေါက်ပြန်ရောက်သည်နှင့် သူတို့သည် နဂါးအမောက်တောင်ကို အလျင်အမြန်မသွားဘဲ ကိုယ်ပိုင်အခြေစိုက်စခန်းကို အရင်ဆုံး သွားရောက်လည်ပတ်ခဲ့ကြသည်။

အချိန်ရောက်သည့်အခါ သူတို့သည် ယွင်ရီကျန်းနှင့် အခြားသူများသည် နတ်ဗိမာန်ဂိုဏ်း၏ အခြေစိုက်နဂါးအမောက်တောင်သို့ ဦးတည်၍ သွားလိုက်ကြသည်။

All Chapters