← Chapters

စနစ်မစ်ရှင်, ပဏာမခြေလှမ်းကိုယူခြင်း

Vol. 47 Ch. 885

စနစ်မစ်ရှင်, ပဏာမခြေလှမ်းကိုယူခြင်း

Vol. 47 Ch. 885

ထိုအချိန်တွင် နဂါးအမောက်တောင်သည် ဂိုဏ်းအမျိုးမျိုးနှင့် အုပ်စုအမျိုးမျိုးမှ ကျင့်ကြံသူများနှင့် ပြည့်နှက်နေသည်ကိုမြင်ရလေသည်။

အခြားတက်ရောက်လာသောကျင့်ကြံသူများနှင့် နှုတ်ခွန်းဆက်စကားနှင့်သတင်းအချက်အလက်များ ဖလှယ်ပြီးနောက် နဂါးအမောက်တောင်စည်းဝေးပွဲကို တရားဝင်စတင်ခဲ့သည် ။

ထိုအစည်းအဝေးကို တာဝန်ရှိသူအဖြစ် တာဝန်ယူခဲ့သူမှာ မဟာယနအဆင့်ကိုအောင်မြင်ခဲ့သော နတ်ဗိမာန်ဂိုဏ်း၏တာအိုအရှင်ဖြစ်သည်။

သူ၏နာမည်မှာ တာအိုအရှင် ကောင်းကင်ခပ်သိမ်း ဖြစ်သည်။

သူသည် လောကသစ်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခြေအနေနှင့် ပက်သက်၍ စတင်ဆွေးနွေးခဲ့သည်။

ခနအကြာတွင်၊ ထိုစည်းဝေးပွဲ၏ အရေးအကြီးဆုံးသည် အသူရာနတ်ဆိုးများရှိနေခြင်းကြောင့် ဤလောကတွင် ကာကွယ်ရေးတာဝန်များနှင့်ပက်သက်၍ အဆိုးပြုရန်ဖြစ်ပါသည်။

နတ်ဆိုးများနှင့် တွေ့ ခဲ့သော မည်သည့် နေရာကိုမဆို စောင့်ကြပ်ရန် လုံလောက်သော လူအင်အား လိုအပ်ပါသည် ။

လိုအပ်ပါက ဤရာထူးများကို တာဝန်ပေးအပ်ထားသူများသည် အသူရာနတ်ဆိုးများကို တိုက်ခိုက်နှင်ထုတ်ရန်အတွက်လည်း တာဝန်ရှိပါသည် ။

ထိုတာဝန်ရဲ့ အရေးပါပုံကို လူတိုင်းနားလည်ကြပါသည်။

သို့သော် ထိုတာဝန်သည် မယုံနိုင်လောက်အောင် အန္တရာယ်များပြီး ကျင့်ကြံသူများထံမှ သိသာထင်ရှားသော အချိန်နှင့် စွမ်းအင်ကို လိုအပ်ပေလိမ့်မည် ။

ထိုစောင့်ကြပ်ခြင်းတာဝန်ကိုလက်ခံခြင်းသည် ကျင့်ကြံသူများက ကိုယ်ပိုင်ကျင့်ကြံခြင်းတွက် အချိန်နည်းနည်းမှ မရှိတော့သည်အထိဖြစ်နိုင်ပါသည်။

တာအိုအရှင်ကောင်းကင်ခပ်သိမ်းက ထိုအဆိုပြုချက်ကို ဆွဲထုတ်လာသောအခါ၊ နဂါးအမောက်တောင်မှ အစည်းအဝေးတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့လေသည်။

ထင်ရှားစွာပင်... မည်သူမှ အသူရာနတ်ဆိုးများနှင့် ထိပ်တိုက်တွေ့လိုခြင်းမရှိပါ။

လေထုက အေးနေပုံရသဖြင့် တာအိုအရှင်ကောင်းကင်ခပ်သိမ်းသည် နတ်ဗိမာန်ဂိုဏ်းမှ အခြားအရှင်နှင့် အချင်းချင်းကြည့်လိုက်ကြပြီး စကားစပြောခဲ့သည် ။

"ဒီအစည်းအဝေးရဲ့ အိမ်ရှင်တွေအနေနဲ့ နတ်ဗိမာန်ဂိုဏ်းက ဦးဆောင်လိုက်ပါမယ်။

ကျွန်တော်တို့က အရှေ့ဘက်က ရှီရှမဟာချောက်နက်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ယူပါမယ်။

ဒီဒေသကို စောင့်ရှောက်ရာမှာ ဘယ်ဂိုဏ်း (သို့) မိသားစုက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိလဲ သိချင်ပါတယ်။"

တာအိုအရှင် ကောင်းကင်ခပ်သိမ်းမှ ဖော်ပြသော ရှီရှမဟာချောက်နက်သည် ကြီးမားသောဧရိယာ ဖြစ်ပြီး နတ်ဗိမာန်ဂိုဏ်းအတွက် တစ်ဂိုဏ်းတည်းစောင့်ရှောက်ရန် အလွန်ကြီးမားပါသည် ။

သို့သော်လည်း တာအိုအရှင် ကောင်းကင်ခပ်သိမ်း၏ စကားပြောအပြီးတွင် အတူလုပ်ဆောင်ရန် ထွက်လာသည့်သူမည်သူမှမရှိသောကြောင့် တာအိုအရှင်ကောင်းကင်ခပ်သိမ်းနှင့် အခြားတာအိုအရှင်များ၏ မျက်နှာကို မဲမှောင်သွားစေခဲ့သည်။

ရွယ်ပင်း၏ ဘေးတွင်ရပ်နေသည့် ကျန်းချန်ရွှမ်သည် သူ၏ နှလုံးထဲတွင်လှုပ်ခါမှုတစ်ခု ခံစားခဲ့ရလေသည် ။

ယခုထွက်ခြင်းသည် သိသာသော အကျိုးကျေးဇူးများ ယူဆောင်လာနိုင်ပြီး လျှို့ဝှက်သော အန္တရာယ်များကို ရှောင်ရှားနိုင်ကြောင်း အလိုလိုသိစိတ်က သူ့ကိုပြောခဲ့လေသည် ။

ထိုအချိန်၌ တစ်ချိန်တည်းမှာပင် စနစ်၏ အသိပေးချက်တစ်ခုက သူ့စိတ်ထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့သည် ။

[ဒင်]

[စနစ်မှ မစ်ရှင်တစ်ခုထုတ်ပြန်လာပါတယ်။ အသူရာနတ်ဆိုးတစ်ရာကို သတ်ပါ။]

စနစ်၏ အသိပေးချက်ကိုကြားသောအခါ ကျန်းချန်ရွှမ်၏ အလိုလိုသိစိတ်သည် ပိုမိုရှင်းလင်းသွားသည်။

နောက်ထပ် တွန့်ဆုတ်ခြင်းမရှိဘဲ သူ ၏ အတွေးများကို ဂိုဏ်းချုပ်ရွယ်ပင်းနှင့် မိုးကြိုးချိုင့်ဝှမ်း၏ ချိုင့်ဝှမ်းသခင် ယွင်ရီကျန်းထံသို့ အသံလွှင့်ခြင်းမှတစ်ဆင့် ပြောကြားခဲ့သည် ။

ထိုသူနှစ်ယောက်တို့သည် ကြားသောအခါ အံ့ဩသွားကြလေသည်။

သူတို့သည် မတတ်နိုင်ဘဲ ကျန်းချန်ရွှမ်ကိုကြည့်ကာ တယောက်နှင့် တယောက် ကြည့်လိုက်ကြသည်။

သိပ်မကြာခင်မှာပင် သူတို့စိတ်ဆုံးဖြတ်လိုက်ကြသည်။

ထို့ကြောင့် ဟောက်ရန်ဂိုဏ်း ၏ ဂိုဏ်းချုပ် ရွယ်ပင်းသည် ချက်ချင်း မတ်တပ်ထရပ်ပြီး တာအိုအရှင်ကောင်းကင်ခပ်သိမ်းရှေ့တွင် သူ၏ လက်များကို ဆုပ်လိုက်သည် ။

“စီနီယာ ကောင်းကင်ခပ်သိမ်း ပြောတာတွေက ကျိုးကြောင်းဆီလျော်တယ်လို့ ကျွန်တော် ထင်တယ်။

ဒါက တကယ်ပဲ ကျွန်တော်တို့ ရေတံခွန်ဂိတ်က ကျင့်ကြံသူတွေအားလုံး အင်အားစိုက်ထုတ်ကြဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ထောက်ခံမှုကိုပြသဖို့အတွက် ဟောက်ရန်ဂိုဏ်းက ဒီစောင့်ကြပ်ခြင်းတာဝန်အတွက် ကျင့်ကြံသူစေလွတ်ပေးပြီး ခင်ဗျားတို့ဂိုဏ်းနဲ့ပူးပေါင်းဖို့ဆန္ဒရှိပါတယ်။"

ရွယ်ပင်း၏ နောက်တွင် မိုးကြိုးချိုင့်ဝှမ်းမှ ယွင်ရီကျန်းကလည်း အလားတူခံစားချက်ကို ဖော်ပြခဲ့သည် ။

၎င်းသည် အခြားတက်ရောက်သော မိသားစုများ နှင့် ဂိုဏ်းများကို အံ့အားသင့်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထောက်ခံမှုကို ပထမဦးဆုံး ဖော်ပြသူများမှာ ဟောက်ရန်ဂိုဏ်း နှင့် မိုးကြိုးချိုင့်ဝှမ်း ဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပါ ။

၎င်းသည် အနည်းငယ်မကျေနပ်နေသော တာအိုအရှင် ကောင်းကင်ခပ်သိမ်းအတွက် ရွယ်ပင်းနှင့် ယွင်ရီကျန်းတို့အပေါ် ကျေနပ်စွာခေါင်းညိတ်စေ၍ အပြုံးတစ်ခုလည်း ယူဆောင်လာခဲ့လေသည် ။

“မင်းရဲ့ထောက်ခံမှုအတွက် မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။

ကျေးဇူးပြုပြီး ကျွန်ုတော်တို့နဲ့ပူးပေါင်းပြီး ရှီရှမဟာချောက်နက်မှာစောင့်ကြပ်ရအောင်။

ဒါပေမဲ့ ခင်ဗျားတို့ရဲ့နေရာဟာ လက်အောက်ခံမဟုတ်ဘဲ အကူအညီတစ်ခုသာဖြစ်ပါတယ်။ အဲ့ဒါကိုစိတ်ချထားပါ။

အသူရာနတ်ဆိုးတွေပေါ်လာရင် ကျွန်တော်တို့အတူတူ ရင်ဆိုင်ဖြေရှင်းကြမယ်။"

ဤအာမခံချက်သည် ရွယ်ပင်းနှင့် ယွင်ရီကျန်းတို့ ၏ နတ်ဗိမာန်ဂိုဏ်းမှလက်အောက်ခံများအဖြစ် ဆက်ဆံခံရမည်ကို စိုးရိမ်ပူပန်မှုရှိခဲ့ခြင်းအား သက်သာရာရသွားစေသည်။

ကြည့်ရသည်မှာ နတ်ဗိမာန်ဂိုဏ်းသည် ထိုသို့ပြုလုပ်ရန်ရည်ရွယ်ထားပုံမရဘဲ သူတို့၏ထောက်ခံမှု ကို ပြသသော ပထမဂိုဏ်းနှစ်ဂိုဏ်းအတွက်ပင် ထည့်သွင်းစဉ်းစားပေးနေပုံရပါသည်။

ပြီးနောက် ၎င်းသည် အမှန်တရားဖြစ်သည်။

ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့၏နောက်တွင် မည်သည့်ဂိုဏ်း သို့ မိသားစုမှ ထိုသို့လုပ်ရန် ဆန္ဒမရှိတော့ပေ။

ထို့ကြောင့် တာအိုအရှင်ကောင်းကင်ခပ်သိမ်းသည် နာမည်များအား တိုက်ရိုက်ပြောဆိုခဲ့လေသည်။

ကျင့်ကြံခြင်းနယ်ပယ်တွင် တာအိုအရှင်၏ဆွဲဆောင်ခြင်းကိုခံရခြင်း၌ ပါဝင်ခြင်းသည် လေးစားခြင်း ဖြစ်ပေသည်။

သို့ရာတွင် အကယ်၍ ယခုကဲ့သို့ ထိုဂိုဏ်းများမှ ပါဝင်ခြင်းမရှိလျှင်၊ တာအိုအရှင်များသည် သူတို့၏အာဏာကိုထုတ်ရန် တုံ့ဆိုင်းလိမ့်မည်မဟုတ်ပေ။

တာအိုအရှင်ကောင်းကင်ခပ်သိမ်း၏ အသုံးအနှုန်းများသည် ပူးပေါင်းဆောင်ရွက်ခြင်းမှ နတ်ဗိမာန်ဂိုဏ်း၏ ညွှန်ကြားချက်များကို နာခံရခြင်းသို့ ပြောင်းသွားသောကြောင့်၊ ဂိုဏ်းများနှင့် မိသားစုများမှ လူများ၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည် ။

အများစုသည် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းကဲ့သို့ တက်ကြွစွာ ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် နောင်တရနေကြသည် ။

ထို့ကြောင့် တိုက်ရိုက်ပြောရလျှင် သူတို့သည် စောင့်ကြပ်ခြင်းတာဝန်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်မှု များအား ဆုံးရှုံးခဲ့ကြရသည်။

အစည်းအဝေးပြီးဆုံးခါနီးတွင် ချင်ခုန်းခန်းမမှ တာအိုအရှင် တောင်အလင်းသည် တာအိုအရှင်ကောင်းကင်ခပ်သိမ်းကို ရုတ်တရက်ပြောကြားခဲ့သည် ။

“တာအိုအရှင်ကောင်းကင်ခပ်သိမ်း၊ ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းက ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန် တို့ဟာ ထူးခြားတဲ့စွမ်းရည်တွေရှိတယ်လို့ ကျုပ်ကြားဖူးတယ်။

သူတို့ကို ငါ့လက်အောက်မှာ တာဝန်ပေးလို့ရမလား။"

ဤတောင်းဆိုမှုသည် အထူးသဖြင့် ရွှယ်ပင်းနှင့် ယွင်ရီကျန်းတို့အတွက် လေထုကို ချက်ချင်း ပြောင်းလဲစေခဲ့သည် ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုတာအိုအရှင်တောင်အလင်း၏ အမိန့်အောက်တွင် တိုက်ရိုက်နေရာချထားခြင်းသည် ခြင်္သေ့ဂူထဲသို့ပို့ခြင်းနှင့် ဆင်တူပါသည် ။

တာအိုအရှင်ကောင်းကင်ခပ်သိမ်းသည် တာအိုအရှင်တောင်အလင်း၏ တောင်းဆိုချက်ကြောင့် ခဏတာအနှောင့်ယှက်ဖြစ်သွားပြီး သူ့ကိုပဟေဠိဆန်သောအကြည့်တစ်ခုပေးခဲ့လေသည် ။

တာအိုအရှင်တောင်အလင်းသည် အပြုံးဖြင့် ဆက်ပြောလိုက်သည်။

“တာအိုအရှင်တောင်အလင်း၊ ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းက ကျန်းချန်ရွှမ်နဲ့ရှန်းရူယန် တို့မှာ ထူးခြားတဲ့စွမ်းရည်တွေရှိတယ်ဆိုတာ ကျုပ်ယုံကြည်ပါတယ်။

ဒါကြောင့် ကျုပ်တို့ကလည်းသူတို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။

ကျုပ်ခင်ဗျားကို စိတ်မပျက်စေပါဘူးနော်။"

All Chapters