တာအိုဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်ခြင်း၊ များစွာသောဆုလာဘ်
Vol. 47 Ch. 872
ဤအခိုက်အတန့်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်နှစ်ဦးစလုံးသည် တူညီသောအတွေးရှိခဲ့ကြသည် ။
သူတို့သည် ဤအထူးနယ်ပယ်တွင်ကျင့်ကြံလိုကြပြီး ချိုးဖောက်ရန် ကြိုးစားလိုကြကာ ဤနေရာ၏ ထူးခြားသောအရည်အသွေးများကို အသုံးချပြီး တာအိုဖွဲ့စည်းခြင်းအဆင့်သို့ မြှင့်တင်ရန် မျှော်လင့်နေကြသည် ။
တုံ့ဆိုင်းမနေတော့ပဲ ထိုစုံတွဲသည် သင့်တော်သည့်နေရာကိုအသုံးချပြီး ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။
တစ်ချိန်တည်းတွင်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ ခက်ခဲစွာ လွတ်မြောက်လာသော သူတော်စင်အာရုဏ်ဦးနှင့် သူတော်စင်တိမ်တိုက်ပင်လယ်တို့သည် အခြေအနေကို ချင်ခုန်းခန်းမသို့ ချက်ချင်း အကြောင်းကြားခဲ့လေသည် ။
ထိုသတင်းသည် လောကသစ်အတွင်းသို့ဝင်ရောက်လာသည့် ချင်ခုန်းခန်းမမှကျင့်ကြံသူများအားလုံး ကို အံ့အားသင့်သွားစေခဲ့သည်။
ကျန်းချန်ရွမ်နှင့် ရှန်းရူယန်တို့သည် သူတော်စင်အာရုဏ်ဦးနှင့် သူတော်စင်တိမ်တိုက်ပင်လယ်တို့ပင် သူတို့အား မကိုင်တွယ်နိုင်ဘဲ ရှုံးနိမ့်ခဲ့ရလောက်အောင် တိုးတက်လာခြင်းသည် သူတို့၏ မျှော်မှန်းချက်ကိုပင် ကျော်လွန်နေပါသည်။
ဤဖြစ်ရပ်သည် ချင်ခုန်းခန်းမအတွက်အဓိက ဦးစားပေးဖြစ်လာခဲ့သည် ။
"အထူးသဖြင့် ဒီလိုလောကသစ်မှာ သူတို့ကို ဒီလိုဆက်သွားခွင့်ပြုလို့မဖြစ်ဘူး။ အကယ်၍ သူတို့ အခွင့်အလမ်းအချို့ကို ရှာဖွေတွေ့ရှိပြီး တာအိုဖွဲ့စည်းခြင်းအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ရင် ကျွန်မတို့ အားလုံး သူတို့ကိုတားဖို့အင်အားရှိတော့မှာမဟုတ်ဘူး။"
ထျန်းဟုန်ယွီဟုခေါ်သည့်အမျိုးသမီးကျင့်ကြံသူတစ်ဦးက မဲ့ရွဲ့ကာပြောလိုက်လေသည်။
သူမ၏စကားကို ကြားသောအခါ သူတော်စင်အာရုဏ်ဦးနှင့် သူတော်စင်တိမ်တိုက်ပင်လယ်တို့က သဘောတူ၍ ခေါင်းညိတ်လိုက်ကြသည်။
"မင်းရဲ့အကြံပြုချက်အရ ဂျူနီယာညီမ ဟုန်ယွီ ငါတို့ဘာဆက်လုပ်သင့်လဲ?" တစ်ဦးက မေးလိုက်သည်။
"ကျွန်မတို့အခြားဂိုဏ်းတွေနဲ့ပူးပေါင်းပြီး သူတို့ကိုလျို့ဝှက်တိုက်ခိုက်သင့်တယ်။"
ထျန်းဟုန်ယွီက အေးအေးဆေးဆေး အကြံပြုလိုက်သည် ။
“ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်း နဲ့ ထာဝရဓားဂိုဏ်းက ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့ကို ပိုအားကောင်းလာတာကို မြင်ချင်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။
ပြီးတော့လည်း နတ်ဆိုးဂိုဏ်းတွေကိုလည်း ထည့်စဉ်းစားနိုင်တယ်။"
နောက်ဆုံး ရွေးချယ်မှုကို ဖော်ပြရာတွင် သူမ၏အသံက အနည်းငယ်တိုးသွားခဲ့သော်လည်း သူတော်စင်အာရုဏ်ဦး၊ သူတော်စင်တိမ်တိုက်ပင်လယ်နှင့် အခြားသူများက သူမ၏ဆိုလိုရင်းကို နားလည်သဘောပေါက်ခဲ့ကြသည်မှာ သိသာနေပါသည်။
အပြန်အလှန်ကြည့်ပြီးနောက် သူတို့အကြား သဘောတူညီချက်တစ်ခု မြန်ဆန်စွာ ရရှိခဲ့လေသည် ။
ရက်အနည်းငယ်အကြာတွင်၊
ထျန်းဟုန်ယွီ၊ သူတော်စင်အာရုဏ်ဦးနှင့် သူတော်စင်တိမ်တိုက်ပင်လယ်တို့သာမက ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းနှင့်ထာဝရဓားဂိုဏ်းမှ တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူများ အားလုံးသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား စတင်ရှာဖွေခဲ့ကြလေသည်။ သုံးဖွဲ့စလုံးသည် ရှာဖွေမှုများကို လျို့ဝှက်စွာပြုလုပ်ခဲ့သဖြင့် အာရုံစိုက်မှုများစွာ မခံခဲ့ရပေ။
ဆန့်ကျင်ဘက်အနေဖြင့် ၊ နတ်ဆိုးလမ်းစဉ်သည် ကျန်းနှင့် ရှန်းတို့အား နက်ရှိုင်းစွာရှာဖွေနေပြီး ၎င်းးတို့ ၏ ရှာဖွေမှုကို ရည်ရွယ်ချက်တစ်ခုတည်းဖြင့်သာ စတင်ခဲ့ပါသည်၊ သူတို့အား ကြိုတင် ရှင်းလင်းရန်ဖြစ်ပါသည်။
ချင်ခုန်းခန်းမ ၊ ဒြပ်စင်ငါးခု ကောင်းကင်ဘုံဂိုဏ်း ၊ ထာဝရဓားဂိုဏ်းနှင့် နတ်ဆိုးလမ်းစဉ်တို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို တိတ်တဆိတ်ရှာဖွေနေစဉ် ၊ ကျင့်ကြံရေးလျှို့ဝှက်နယ်မြေအတွင်းရှိ စုံတွဲသည် ၎င်းတို့ ၏ ကျင့်ကြံရေးကို ထွင်းမြင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။
ထိုအချိန်တွင် သူတို့၏အဆင့်သည် တာအိုဖွဲ့စည်းခြင်းအဆင့်တက်ရန် ခြေတစ်လှမ်းသာလိုသည်ဟု ပြောလျှင် ချဲ့ကားရာမရောက်ပါ။
ထို့နောက်သူတို့နားလည်ထားသည့်စည်းမျဉ်းများကို တာအို၏ အစစ်အမှန်အဓိပ္ပာယ်သို့ ပြောင်းလဲရန်နှင့် တာအိုဖွဲ့စည်းခြင်းသို့အမှန်တကယ်ခြေလှမ်းရန် စကြဝဠာနှင့်သူတို့ကိုယ်သူတို့ ပေါင်းစပ်ရန်သာလိုအပ်ပါတော့သည် ။
ဤသည်မှာ တာအိုဖွဲ့စည်းခြင်းကျင်ကြံသူများနှင့်ဗလာနယ်ပြန်ကျင့်ကြံသူများအကြား အကြီးမားဆုံး ကွာခြားချက်ဖြစ်ပါသည် ။
ကျီ! ကျီ! ကျီ!
ကျန်းချန်ရွှမ်၏ပတ်ပတ်လည်တွင် ကွဲပြားသည့်အရောင်များနှင့် အလင်းများသည် ရှေ့နောက် လင်းလက်နေကြလေသည်။
တစ်ခါတစ်ရံအနီရောင် ၊ တစ်ခါတစ်ရံအပြာရောင် ၊ တစ်ခါတစ်ရံအဝါရောင်...
သူ၏နောက်တွင် မတူညီသော များပြားသည့် အခြေခံစည်းမျဉ်းများသည် တစ်ခုနဲ့တစ်ခု ရောထွေးနေခဲ့သည်။
နောက်ဆုံးတွင် ၎င်းတို့သည် ပြီးပြည့်စုံသော ဒြပ်စင်ငါးပါးစည်းမျဉ်းအဖြစ် ဖွဲ့စည်းခဲ့ပြီး ချက်ချင်းပင် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည် ။
ကောင်းကင်ပေါ်တွင် အရောင်ငါးရောင်ရှိသော တောက်ပမှုတစ်ခု ရုတ်တရက်ပေါ်လာပြီး အမြင့်မြတ်ဆုံးနှင့် အနန္တစွမ်းအားရှင်ကို ပုံဖော်နေပုံရပေသည်။
တဖြည်းဖြည်းနှင့် ထိုစည်းမျဉ်းသည် မူလသဘာဝနဲ့ တစ်ပြိုင်နက်တည်း တည်ရှိပြီးနောက် ၎င်းထပ် ကျော်လွန်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ကျန်းချန်ရွှမ်သည် တရားထိုင်သည့် အနေအထားမှ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည် ။
ကောင်းကင်တွင် ငါးရောင်ခြယ်အလင်းများ တောက်ပနေသည်ကို ကြည့်ပြီး ညှင်သာစွာ ပြောလိုက်လေသည်။ "ယနေ့တွင် ကျွန်တော်သည် စည်းမျဉ်းများကို တာအိုအဖြစ် ပြောင်းလဲ လိုက်ပါတယ်။ စကြဝဠာမှ မူလအစပြုကာ ကိုယ့်ကိုယ်ကိုယ်က စတင်ပြီး ဒြပ်စင်ငါးပါးကို တာအိုဖွဲ့စည်ခြင်းအဆင့်တက်ရန် လှေကားအဖြစ် အသုံးပြုပါတယ်။"
ဝုန်း....!
သူသည် ထိုစကားများပြောပြီးသည်နှင့် ကောင်းကင်ရှိ အရောင်ငါးရောင်ရှိသော အလင်းသည် ရုတ်တရက် မီးလျှံအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်ထဲသို့ သာမန်မျက်စိနှင့် နတ်အာရုံနှစ်ခုစလုံး မဖမ်းမိနိုင်သည့် အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။
သူ၏ခန္ဓာကိုယ်အတွင်းနှင့်အပြင် နှစ်ခုစလုံးသည် အဆုံးမဲ့ငါးရောင်ခြယ်အလင်းများဖြင့် ပြည့်နှက်နေပြီး ဒြပ်စင်ငါးပါးအတွက် နေရာလပ်တစ်ခုဖြစ်လာခဲ့လေသည်။
ဝှစ်ဟူသောအသံဖြင့် မီးတောက်များသည် ကောင်းကင်ပေါ်တွင် တောက်လောင်နေပြီး လှိုင်းများသည် လိမ့်တက်လာကာ တောင်များသည်မြေပေါ်မှမြင့်တက်လာပြီး သဘာဝ ပေါက်ပင်များသည် ကျယ်ပြန့်စွာပြန့်ကျဲနေကြသည်။
အလွန်အစွမ်းထက်သော ၊ လျှို့ဝှက်ဆန်းကြယ်သော ၊ ကြီးမားသော ရောင်ဝါ တစ်ခုသည် ကျန်းချန်ရွှမ်ထံမှ တဖြည်းဖြည်းထွက်ပေါ်လာလေသည် ။
အချိန်အတော်ကြာပြီးနောက် ကျန်းချန်ရွှမ်တွင် ပေါ်လာသောဖြစ်စဉ်အမျိုးမျိုးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည် ။
ဤအခိုက်အတန့်တွင်သူသည် ဗလာနယ်ပြန်အဆင့်မှ တာအိုဖွဲ့စည်းခြင်းအဆင့်မှ အမှန်တကယ် ခြေလှမ်းလှမ်းခဲ့ပြီး တာအိုဖွဲ့စည်းခြင်းသူတော်စင် ဖြစ်လာခဲ့သည် ။
[ဒင်]
ကျန်းချန်ရွှမ်၏ ကျင့်ကြံမှုသည် တာအိုဖွဲ့စည်းခြင်းနယ်ပယ်သို့တက်လာသည်နှင့် စနစ်၏ အသံသည် သူ၏ စိတ်ထဲတွင်ရုတ်တရက်ပဲ့တင်ထပ်သွားသည်။
[တာအိုဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းသွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ host။ သင်သည် ခရီးသွားပုတီးတစ်လုံး၊ တွက်ချက်ခြင်းပုတီးတစ်လုံး၊ နတ်စွမ်းအားကိုအဆင့်မြှင့်တင်ရန် အခွင့်အလမ်း နှင့် ဝိညာဉ်ရတနာတိုးတက်မှု အဆောင်ကိုရရှိပါတယ်။
ကျန်းချန်ရွှမ်သည် တာအိုဖွဲ့စည်ခြင်းအဆင့်ကို ဖြတ်ကျော်ခြင်းဖြင့် သူ့အား စနစ်မှ ပစ္စည်းများစွာဖြင့် ဆုချလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပါ ။
တွက်ချက်ခြင်းပုတီး၊ နတ်စွမ်းအားကိုအဆင့်မြှင့်တင်ရန်အခွင့်အလမ်းနှင့် ဝိညာဉ်ရတနာတိုးတက်မှု အဆောင် တို့အား အသုံးပြုမှုများကို အသေးစိတ်ဖော်ပြရန်မလိုအပ်တော့ပါ ။
သူ့အတွက် အမှန်တကယ် အံ့သြစရာကောင်းပြီး ပျော်ရွှင်စရာကောင်းသည့်အရာမှာ ခရီးသွားပုတီး ဖြစ်ပါသည်။
ဤအရာသည် သူ့အား အခြားသော နယ်ပယ်များနှင့် လောကများသို့ သွားရောက်ရန် ခွင့်ပြုလိမ့်မည် ဖြစ်သည်။။
အရေးအကြီးဆုံးအချက်မှာ ခရီးသွားပုတီးကို အသုံးပြုသည့်အခါ၌ ၎င်းသည် သူ့အား လိုအပ်ချက်ပေါ် မူတည်ကာ အသင့်တော်ဆုံးနေရာသို့ အလိုလျှောက် ယှဉ်တွဲပေးမည်ဖြစ်ကာ လောကများသို့ ကျပန်းပို့တော့မည်မဟုတ်ပါ။
ထို့အပြင် ဤလုပ်ငန်းစဉ်အတွင်း ကျန်းချန်ရွှမ်သည် သူ၏ စိတ်ဝိညာဉ်သို့မဟုတ် သူ၏ခန္ဓာကိုယ်နှင့် အတူ ဖြတ်သန်းသွားလာရန်ရွေးချယ်နိုင်ပါသည် ။
ယေဘုယျအားဖြင့် ဤခရီးသွားပုတီးကိုအသုံးပြုရန်အကောင်းဆုံးအခိုက်အတန့်သည် သေစေနိုင်သော အန္တရာယ်နှင့်ကြုံတွေ့ရသောအခါသို့မဟုတ် ကျင့်ကြံခြင်းတွင် အတားအဆီးများနှင့် ကြုံတွေ့ရသောအခါ၌ ဖြစ်ပါသည် ။
၎င်းသည် သူ၏ လက်ရှိကြိုတင်ခန့်မှန်းချက်ကိုချက်ချင်းဖြေရှင်းနိုင်ပါသည် ။
"ဒီတစ်ကြိမ်မှာ စနစ်က ဒီလိုပစ္စည်းကို ပေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။”
ကျန်းချန်ရွှမ်သည် ခရီးသွားပုတီး ၏ လုပ်ဆောင်ချက်များကို စိတ်ထဲတွင် ပြန်လည်ကြည့်ရှုခဲ့ပြီး နောက် သူ၏ လက်ရှိနယ်ပယ်ကိုခိုင်မာစေရန်ပြန်လည်အာရုံစိုက်ခဲ့လေသည် ။
ဆယ်စုနှစ်အကြာတွင်။
ကျန်းချန်ရွှမ်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည် ။
ယခုအချိန်တွင် သူ၏ ကျင့်ကြံခြင်းသည် လုံးဝသိပ်သည်းသွားပြီဖြစ်သည်။
သူသည် ရှန်းရူယန်၏ တရားထိုင်ရာနေရာဆီသို့ သူ၏ မြင့်မြတ်သောအာရုံကို ချဲ့ထွင်လိုက်ရာ သူမသည် တာအိုဖွဲ့စည်းခြင်းအဆင့်သို့ ထိုးဖောက်ရန် ကြိုးစားနေဆဲဖြစ်သည်ကို သတိပြုမိ သွားသည် ။
သူမကို စိတ်အနှောင့်အယှက်မဖြစ်စေရန် ရွေးချယ်လိုက်ပြီး သူသည် ဝိညာဉ်ရတနာတိုးတက်ခြင်း အဆောင်ကို သူ၏ စနစ်နေရာလပ်မှ ပြန်လည်ရယူလိုက်လေသည်။