ရှန်းရူယန် တာအိုဖွဲ့စည်းခြင်းအဆင့်သို့ဝင်ရောက်ခြင်း
Vol. 47 Ch. 873
ကျန်းချန်ရွှမ်သည် ဝိညာဉ်ရတနာတိုးတက်ခြင်းအဆောင်ကို ထုတ်ယူရသည့်အကြောင်းရင်းမှာ သူ၏ ကောင်းကင်ဆက်ဝိညာဉ်ရတနာဖြစ်သော ဒြပ်စင်ငါးပါးကားချပ်ကို အဆင့်မြှင့်တင်နိုင်ခြင်းရှိမရှိ ကြည့်ရှုရန်ဖြစ်ပါသည် ။
သို့သော် ထိုအဆောင်ကို ကောင်းကင်ဆက်ဝိညာဉ်ရတနာကို အဆင့်မြင့်ရန်အတွက် အသုံးမပြုနိုင်ကြောင်း တွေ့ခဲ့ရပါသည် ။
အခြားရွေးချယ်စရာမရှိဘဲ ကျန်းချန်ရွှမ်သည် ထိုအဆောင်အား သိမ်းထား၍ နောက်ပိုင်းမှ ရှန်းရူယန်၏ လျှပ်စီးငါးပါးမသေမျိုးရန်နှီမ်ဓား၌သုံးရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော် နတ်စွမ်းအားအဆင့်မြင့်တင်ခြင်းအခွင့်အလမ်းကမူ သူ၏နတ်စွမ်းအားမည်သည်ကိုမဆို တုံ့ဆိုင်းမှုမရှိဘဲ သုံးနိုင်ပါသည်။
သူသည် သူ၏ အတွင်းစိတ်နတ်စွမ်းအားဖြစ်သည့် ငါးရောင်ခြယ်နတ်အလင်းကိုအဆင့်မြှင့်ရန် ရွေးချယ်လေခဲ့သည်။
ခဏအကြာတွင် ကျန်းချန်ရွှမ်သည် သူ၏ ငါးရောင်ခြယ်နတ်အလင်း၏ စွမ်းအားသည် ၎င်း၏ မူလစွမ်းအားထက် အဆပေါင်းများစွာ တိုးပွားနေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည် ။
ယခင်က သူ ၏ ငါးရောင်ခြယ်နတ်အလင်းသည် မသေမျိုးများအား သက်ရောက်ခြင်းရှိနိုင်မရှိနိုင်ဟု မသေချာခဲ့သော်လည်း ယခုအခါ ၎င်းသည် သူတို့ကိုလည်း သက်ရောက်မှုရှိနိုင်သည်ဟု သေချာပြီ ဖြစ်သည် ။
ဆိုလိုသည်မှာ သူ၏ ငါးရောင်ခြယ်နတ်အလင်း ၏ ရိုက်နှက်ခြင်းကို ခံရသောအခါ မသေမျိုးများ၏ ရတနာများနှင့် နတ်စွမ်းအား သို့မဟုတ် မူလဝိညာဉ်သည်ပင် သိသိသာသာ အားနည်းသွားမည် ဖြစ်ပါသည် ။
မသေမျိုးများ၏ရတနာများကို သူ၏ငါးရောင်ခြယ်နတ်စွမ်းအားမှ လုယူနိုင်သော အလားအလာပင် ရှိပါသည်။
သူ ၏ ငါးရောင်ခြယ်နတ်အလင်း၏ တိုးမြင့်လာသော စွမ်းအားကို သေချာစွာ သိရှိပြီးနောက် ကျန်းချန်ရွှမ်သည် သူ၏ ကောင်းကင်တွက်ချက်မှုနည်းစနစ်ကို ထပ်မံတွက်ချက်ရန် စနစ်၏ ဆုလာဘ်အခြားတစ်ခုဖြစ်သော တွက်ချက်ခြင်းပုတီးကို အသုံးပြုကာ စဉ်းစားဆင်ခြင်ခဲ့လေသည် ။
ထိုအချိန်တွင် ရှန်းရူယန်ကျင့်ကြံနေသည့်နေရာသည် တောက်ပသည့် လျှပ်စီးများဖြင့် လင်းလက် လာခဲ့လေသည်။
နတ်ဘုရားအမျက်ကို ကိုယ်စားပြုနေသည့် မိုးကြိုးပစ်ခြင်းသည် ကြောက်မက်အံ့ဩဖွယ် ကောင်းလှပါသည်။
ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် ရှန်းရူယန်က သူမ၏ စည်းမျဉ်းများကို တာအိုအဖြစ်ပြောင်းလဲပြီး တာအိုဖွဲ့စည်းခြင်းအဆင့်သို့ တက်လုနီးပါးဖြစ်နေသည်ကိုသတိပြုမိခဲ့သည် ။
ထိုအတွေးကြောင့် သူ့မျက်နှာ၌အပြုံးတစ်ခုဖြတ်သွားခဲ့လေသည်။
သူ နှင့် ရှန်းရူယန် နှစ်ဦးစလုံးသည် တာအိုဖွဲ့စည်းခြင်းအဆင့်သို့ တိုးမြင့်ပြီးဖြစ်သောကြောင့် ယခုမှစ၍ ဤလောကတွင် ခြိမ်းခြောက်မှု အနည်းငယ်သာ ရင်ဆိုင် ကြရတော့မည်ဖြစ်ပါသည်။
မဟာယနတာအိုအရှင်ကိုမူ သူတို့သည် တာအိုနက်နဲသူတော်စင်အတွက်ပြိုင်ဘက်မဟုတ်လျှင်ပင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းရှိပါသည် ။
ထိုဖြစ်စဉ်သည် အချိန်အတော်ကြာအထိ ဆက်တိုက်ဖြစ်ပွားနေခဲ့သည်။
ရှန်းရူယန်သည် သူ့ရှေ့တွင် ပေါ်လာသောအခါ သူ၏ ကျင့်ကြံခြင်းသည် တာအိုဖွဲ့စည်းခြင်အဆင့်သို့ အမှန်တကယ်ရောက်ရှိနေပြီဖြစ်သည်။
"ဂုဏ်ပြုပါတယ် မိန်းမ။"
ကျန်းချန်ရွှမ်သည် သူမအား အပြုံးဖြင့် ချက်ချင်းချီးကျူးလိုက်သည် ။
ရှန်းရူယန်က ပြုံးကာ ခေါင်းညိတ်ပြလေသည် ။
“ကျွန်မတို့နှစ်ယောက်လုံးအတွက် ဂုဏ်ယူပါတယ်။
ရှင်က ကျွန်မထပ် ဒီတစ်ခါရှေ့ရောက်နေခဲ့တာပဲ။"လို့ သူမက ပြောလိုက်လေသည်။
အမှန်ပင်။
ယခင်က ရှန်းရူယန်သည် ကျန်းချန်ရွှမ်ထပ်စော၍ အမြဲအဆင့်တက်နိုင်ခဲ့လေသည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်ထပ်စော၍ အဆင့်တက်နိုင်ခဲ့ပါသည်။
ဤအသိက ရှန်ရူယန်အား ၎င်းတို့ ၏ ကျင့်ကြံမှုတိုးမြင့်လာသည်နှင့်အမျှ ကျန်းချန်ရွှမ်၏ အလားအလာသည် ပိုမိုအားကောင်းလာဖွယ်ရှိသည်ကို သတိပြုမိစေခဲ့ပါသည်။
သူမသည် ယခုထက်ပို၍ ကြိုးစားအားထုတ်မှု မလုပ်ခဲ့လျှင် သူနဲ့အတူ ရပ်တည်နိုင်ခြင်းမရှိသည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်ဟု ခံစားလိုက်မိသည်။
ရှန်းရူယန်၏အတွေးများကို အာရုံခံမိသဖြင့် ကျန်းချန်ရွှမ်သည် မတတ်နိုင်ဘဲ သူမအားပွေ့ဖက်ကာ စိတ်ချနေစေခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ကျင့်ကြံရေးလမ်းကြောင်းမှာ ကိုယ်မင်းကို ဘယ်တော့မှ မစွန့်ပစ်ဘဲ မင်းဘေးမှာ အမြဲရှိနေမှာပါ ။"
ရှန်းရူယန်၏ မျက်လုံးများသည် သူ၏ စကားများကြောင့် တောက်ပလာခဲ့လေသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် အစောကရရှိထားသည့် ဝိညာဉ်ရတနာတိုးတက်ခြင်းအဆောင်ကို ထုတ်ယူကာ ရှန်းရူယန်အားပေး၍ ပြောလိုက်လေသည်။
"မိန်းမ ဒီအဆောင်က ဝိညာဉ်ရတနာရဲ့အဆင့်ကို တိုက်ရိုက်တိုးမြင့်ပေးနိုင်တယ်။ ဒါကိုယူပြီး မင်းရဲ့ လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓားကို ကောင်းကင်ဆက်ဝိညာဉ်ရတနာအဖြစ် အဆင့်မြင့်တင် လိုက်ပါ။"
ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏ ပင်မအဓိကဝိညာဉ်ရတနာသည် အစမှပင် သူမနှင့်အတူ လိုက်ပါခဲ့သော လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓား ဖြစ်သည်ကို ကောင်းစွာသိပါသည်။
ရှန်းရူယန်သည် အစပိုင်းတွင် မှိုင်တွေသွားခဲ့ပြီး နောက်တွင် အဆောင်ကိုလက်ခံလိုက်သောအခါ အံ့အားသင့်သွားခဲ့ရလေသည် ။
သူမသည် ဝိညာဉ်ရတနာတစ်ခုအား အဆင့်မြင့်နေနိုင်သည့် ပစ္စည်းကို တစ်ခါမျှမကြားဖူးပါ။
"ယောကျ်ား၊ ဒီဟာက..."
ရှန်းရူယန်က သူမ ၏ မေးခွန်းကို အပြီးမသတ်နိုင်မီတွင် ကျန်းချန်ရွှမ်က အပြုံးဖြင့် ကြားဖြတ် ပြောလိုက်လေသည် ။
"စိတ်မပူပါနဲ့ ကိုယ်ဒါကိုသုံးကြည့်ပြီးပြီ၊ ပြီးတော့ ကိုယ့်ရဲ့အခြားရတနာတွေအတွက် ဒါကိုမလိုအပ်တော့လို့ပါ။
မင်းရဲ့လျှပ်စီးငါးပါးမသေမျိုးဓားက ဒါကိုပိုပြီးလိုအပ်တယ်။”
ကျန်းချန်ရွှမ်၏စကားကြောင့် ရှန်းရူယန်သည် လေးလေးနက်နက် ခေါင်းညိတ်လိုက်လေသည် ။
သူမသည် ကျန်းချန်ရွှမ်က ထိုအကြောင်းအား သူမကိုပြောပြခြင်းသည် သူ့အားစိတ်သက်သာစေရန် ပြောခြင်းဖြစ်ကြောင်းကို သိပါသည်။
ထိုအချိန်တွင် သူမသည် ကျန်းချန်ရွှမ်ကိုလေးနက်စွာခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီယောကျာ်း ကျွန်မနားလည်ပါတယ် ။"
ထို့နောက် သူမသည် ထိုအဆောင်ကို အသုံးပြု ၍ သူမ ၏ လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓားအား ကောင်းကင်ဆက်ဝိညာဉ်ရတနာအဆင့်သို့ မြှင့်တင်ခဲ့လေသည် ။
သူမ၏ ကျင့်ကြံရေးအဆင့်ကို အပြည့်အဝအားဖြည့်ပြီးနောက် ရှန်းရူယန်သည် ကျန်းချန်ရွှမ်ဘက်သို့ ပြန်လာခဲ့လေသည် ။ သူတို့ရှေ့ရှိ ကျင့်ကြံခြင်းလျှို့ဝှက်နယ်မြေကို ကြည့်ကာ သူမသည် မနေနိုင်ဘဲ မေးလိုက်လေသည်။
"ယောကျ်ား ကျွန်မတို့ဘာဆက်လုပ်သင့်လဲ?"
အနည်းငယ်စဉ်းစားပြီးနောက် ကျန်းချန်ရွှမ်က အကြံပြုလိုက်သည်။
“ဒီလျှို့ဝှက်နယ်ပယ်ကို ကိုယ်တို့ရဲ့ ဂိုဏ်းနှစ်ခုလုံးကို သတင်းပို့ဖို့ ကိုယ်စီစဉ်ထားတယ် ။
ကိုယ်တို့ရဲ့ဂိုဏ်းတွေက အရင်က လေ့ကျင့်ရေးနဲ့ အကာအကွယ်တွေကို ထောက်ပံ့ပေးခဲ့ပြီး လက်ရှိရာထူးကိုလည်းပေးထားတယ်။ အကယ်၍ ကိုယ်တို့ ဒီလျို့ဝှက်နယ်မြေအကြောင်း သတင်းပို့လိုက်ရင်လည်း ကိုယ်တို့ဒါကို ဆက်သုံးလို့ရဦးမှာပါ။
ဒီအတွက် ကိုယ်တို့ရဲ့ ဂိုဏ်းတွေက ကိုယ်တို့ကို မတရားမဆက်ဆံဘူးဆိုတာ ကိုယ်ယုံတယ်။
ဘယ်လိုထင်လဲ?"
ရှန်းရူယန်က ပြုံးကာ ခေါင်းညိတ်ပြလေသည် ။
"ရှင်အဲ့လိုပြောမယ်ဆိုတာ ကျွန်မသိတယ် ။
ကျွန်မမှာ ကန့်ကွက်စရာမရှိပါဘူး။
ရှင် အကြံပြုတဲ့အတိုင်း ဒီကျင့်ကြံရေးလျှို့ဝှက်နယ်မြေကို ကျွန်မတို့ဂိုဏ်းတွေဆီ သတင်းပို့ကြစို့။
ဒါပေမဲ့ အဲ့လိုမလုပ်ခင် ကျွန်မတို့ ဒီပတ်ဝန်းကျင်ကို မိုင်ထောင်ချီအထိ လျို့ဝှက်ထားခဲ့ဖို့ လိုလိမ့်မယ်။"
"သေချာတာပေါ့"
ကျန်းချန်ရွှမ်က ပြုံးကာ ခေါင်းညိတ်လိုက်သည် ။
ယခုအချိန်တွင် သူတို့သည် ကျင့်ကြံရေး လျှို့ဝှက်နယ်မြေထဲသို့ မည်သို့ ဝင်ရောက်ရမည် ထွက်ခွာရမည်ကို ကျွမ်းကျင်ထားပြီးဖြစ်သည် ။
ထို့ကြောင့်။
သူတို့သည် ဆုံးဖြတ်ချက်ကို အတူတကွ ချပြီးနောက် သူတို့သည် များ စွာ မတွန့်ဆုတ်ခဲ့ကြဘဲ ထိုကျင့်ကြံခြင်းလျို့ဝှက်နယ်မြေထဲမှထွက်ခွာရန် ရွေးချယ်ခဲ့ကြသည်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် နှင်းတောင်ထိပ်တွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း တောင်ထိပ်သို့ တက်ရောက်လာချိန်တွင် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း သိလိုက်ရလေသည် ။
မိုင်ထောင်ချီဝေးသော သူတို့၏ပတ်ပတ်လည်တွင် များစွာသော အင်အားကြီး ရောင်ဝါများ ရှိနေလေသည်။
ထိုရောင်ဝါ၏ပိုင်ရှင်များသည် ခြွင်းချက်မရှိ တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူများဖြစ်ကြပါသည် ။
၎င်းတို့တွင် ယခင်က ရှုံးနိမ့်ခဲ့သော သူတော်စင် အာရုဏ်ဦးနှင့် သူတော်စင်တိမ်တိုက်ပင်လယ် တို့လည်း ပါဝင်ပါသည်။
“ချင်ခုန်းဂိုဏ်းက ကိုယ်တို့ကို သူတို့အတွက် ဆူးတွေလို တကယ်မြင်ပုံရတယ် ။
သူတို့က ဒီနေရာမှာ ကိုယ်တို့ရဲ့သဲလွန်စကိုရှာနေရုံမက ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းနဲ့ တာဝရဓားဂိုဏ်းတို့ ကလည်း ပူးပေါင်းခဲ့ကြတယ်။”
ကျန်းချန်ရွှမ်၏ အမူအရာသည် အနည်းငယ် အေးစက်သွားလေသည် ။
အဘယ်ကြောင့်ဆိုသော် သူသည် ဒြဉ်စင်ငါးပါးကောင်းကင်ဂိုဏ်းနှင့် ထာဝရဓားဂိုဏ်းက တာအိုဖွဲ့စည်းခြင်းသူတော်စင်နှစ်ယောက်အား မြင်ဖူးပြီးသားဖြစ်နေသောကြောင့်လည်းဖြစ်သည်။
ဂိုဏ်းတစ်ခုဆီမှ နှစ်ဦဆီဖြစ်ပါသည်။
သူတော်စင် အာရုဏ်ဦးနှင့် သူတော်စင်တိမ်တိုက်တို့အပါအဝင် တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူ စုစုပေါင်းခြောက်ဦးဖြစ်ပါသည်။
"ဟာ သူတို့ကိုယ်တို့ကိုတကယ်မြင့်မြင့်တွေးထားတာပဲ" အေးစက်သည့်အပြုံးတစ်ခုက သူ၏ပါးစပ်ထောင့်တွင် ပေါ်လာခဲ့ပြီး ပြောလိုက်လေသည်။