← Chapters

ခြောက်ဦးစလုံးကို တပြိုင်နက်သတ်ဖြတ်ခြင်း၊ သူတော်စင်များကို ထိတ်လန့်စေခြင်း

Vol. 47 Ch. 874

ခြောက်ဦးစလုံးကို တပြိုင်နက်သတ်ဖြတ်ခြင်း၊ သူတော်စင်များကို ထိတ်လန့်စေခြင်း

Vol. 47 Ch. 874

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတော်စင်အာရုဏ်ဦးနှင့် သူတော်စင်တိမ်တိုက်ပင်လယ်တို့ ၏ တည်ရှိမှုကို ခံစားရသည့်အခိုက်အတန့်တွင် ဒြပင်စင်ငါးပါးကောင်းကင်ဂိုဏ်းနှင့် ထာဝရဓားဂိုဏ်းမှ သူတော်စင်လေးဦးနှင့်အတူ ထိုသူတော်စင်များသည်လည်း Jကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို တွေ့ရှိခဲပါသည် ။

သူတို့အား ပဟေဠိဖြစ်စေသည်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ရှာဖွေတွေ့ရှိခဲ့သည့် ဧရိယာကို ယခင်က ကင်းလှည့်ခဲ့သော်လည်း ထိုအချိန်က ထိုနေရာသည် ဗလာဖြစ်နေခြင်း ဖြစ်သည်။

ထိုနှစ်ဦးသည် အချိန်တိုအတွင်းမည်သို့ထွက်ပေါ်လာခဲ့ပါသနည်း?

ဘာဖြစ်နေပါသနည်း?

သူတော်စင်ခြောက်ဦးတို့သည် ရှုပ်ထွေးနေကြလေသည်။

လောလောဆယ်တွင် ထိုမေးခွန်းအားဆက်မစဉ်းစားတော့ဘဲ သူတို့သည် ထိုနှစ်ဦးအား အရင်ဖမ်းဖို့ရန် လုပ်လိုက်လေသည်။

ဝုန်း....!

တညီတညွတ်တည်း တာအိုဖွဲ့စည်းခြင်းသူတော်စင် ခြောက်ဦးသည် ကျန်းချန်ရွှမ်ရှေ့ ရောက်ရှိလာခဲ့လေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မျက်စိတစ်မှိတ်အတွင်းတွင်မိုင်ထောင်ပေါင်းများစွာကို ဖုံးအုပ်လိုက်သည် ။

"အချိန်ကောင်းပဲ!"

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်လုံးများသည်တစ်ပြိုင်တည်းတင်းမာသွားခဲ့သည်။

ခနအကြာတွင် မည်သူမှ နောက်မဆုတ်ကြတော့ပါ။

ကျန်းချန်ရွှမ်၏ရှေ့မှ ဒြပ်စင်ငါးပါး ကားချပ်သည် အံ့သြဖွယ်ကောင်းလောက်အောင် ရွေဗလာနယ်ဓားအဖြစ် ပြောင်းလဲသွားသည် ။

အလွန်လျှင်မြန်သည့် အရှိန်ဖြင့် နတ်ဘုရားအသိသည် သူတော်စင်အာရုဏ်ဦး၏ ခန္ဓာကိုယ်ကို ချက်ခြင်းပင် ဖြတ်သွားခဲ့သည်။

"အား......"

သူတော်စင်အာရုဏ်ဦး၏ပါးစပ်မှ အော်ဟစ်သံထွက်ပေါ်လာခဲ့လေသည်။

ခနအကြာတွင် သူတော်စင်အာရုဏ်ဦး၏ ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ်အတွင်း ဖုန်မှုန့်များအဖြစ် ပြိုကွဲသွားခဲ့သည်။

ဂျုန်း...

ရုတ်တရက် ကောင်းကင်မှ မရေတွက်နိုင်သော ကြယ်များပြုတ်ကျလာပြီး သူတော်စင်တစ်ဦး၏ ကျဆုံးမှုကို ပြနေပေသည်။

မည်သို့ဖြစ်နိုင်မည်နည်း?

သူတော်စင်တိမ်တိုက်ကောင်းကင်နှင့် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းနှင့် ထာဝရဓားဂိုဏ်းတို့မှ ကျန်ရှိသည့် တာအိုဖွဲ့စည်းခြင်းသူတော်စင်များသည် အလွန်ကြောက်ရွံ့တုန်လှုပ်ခဲ့ကြလေသည် ။

သူတို့၏အတွေးတွင် တာအိုဖွဲ့စည်းခြင်း သူတော်စင်များအား ကျန်းချန်ရွှမ်သည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သတ်နိုင်သည်ဟု သူတို့မထင်ထားခဲ့ကြပါ။

ဘာဖြစ်နေပါသနည်း?

၎င်းတို့၏ ထိတ်လန့်မှုမှပြန်လည်အသိဝင်ခြင်းမရှိမီ ရှန်းရူယန်၏ လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓားသည် အရောင်စုံသောမိုးကြိုးသွားများအဖြစ် ပြောင်းလဲသွားလေသည် ။

မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းသည် သူတော်စင်တိမ်တိုက်ပင်လယ်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့သည် ။

"အား....."

ပို၍ ဆူညံသော အော်ဟစ်သံများ ထွက်လာလေသည်။

သူတော်စင်တိမ်တိုက်ပင်လယ်၏ ခန္ဓာကိုယ်သည် လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓား၏ ကြောက်မက်ဖွယ်စွမ်းအားကြောင့် လုံးဝပျောက်ကွယ်သွားခဲ့သည်။

တစ်ကြိမ်ထပ်၍ ကောင်းကင်သည် သူတော်စင်ကျဆုံးမှုကြောင့် လင်းလက်နေသည့် အခြေအနေဖြင့် တောက်ပနေခဲ့သည်။

ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းနှင့် အဆုံးမဲ့ဓားဂိုဏ်းတို့မှ ကျင့်ကြံသူနှစ်ဦးသည် ကြောက်ရွံ့နေကြလေသည်။

သူတို့သည် နှောင့်နှေးမနေရဲတော့ဘဲ စတင်၍ ပျံသန်းလိုက်သည်။

သို့သော် ၎င်းတို့သည် ဝေးသောနေရာသို့မရောက်မီ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှ တိုက်ခိုက်မှုများ ဆက်တိုက်ရောက်ရှိခဲ့သည် ။

"အာ?

မင်းတို့နှစ်ယောက်က တာအိုဖွဲ့စည်းခြင်းအဆင့်ကိုတကယ်ချိုးဖောက်လိုက်ပြီပဲ။”

ကောင်းကင်၌ မလိုလားသည့် အော်ဟစ်သံများ ပဲ့တင်ထပ်နေပြီးနောက် သူတော်စင်ကျဆုံးသော အဖြစ်အပျက်လေးခုသည် ဆက်တိုက် တောက်ပနေလေသည်။

ဤဖြစ်စဉ်သည် အနီးအနားရှိ ကျင့်ကြံသူအချို့ ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခဲ့သည် ။

သူတော်စင်များကျဆုံးခြင်း၏ အဓိကအကြောင်းအရင်းကိုတွေ့သောအခါ ထိတ်လန့်တုန်လှုပ်မှုက သူတို့၏ မျက်နှာများ၌‌ ပေါ်လာပြီး စိတ်ထဲတွင် အခြားမရှိတော့ဘဲ အံ့အားသင့်နေကြလေသည်။

သူတော်စင် ခြောက်ဦးသည် တစ်ပြိုင်နက်နီးပါး ကျဆုံးသွားခဲ့သည် ။

ဤလောကမှာ မည်သို့ဖြစ်နေပါသနည်း?

ဤလောကသစ်တွင် သူတို့ရှာမတွေ့သေးသော အရာများရှိနေပါသလား?

တစ်ချိန်တည်းတွင်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင် ခြောက်ဦးကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် အချိန်မဖြုန်းခဲ့ပါ။ သူတို့သည် ၎င်းတို့ ၏ ဂိုဏ်းမှ ယူဆောင်လာသော အဆင့် ၈ အစီအရင်ချပ်ပြားဝိုင်းများကို အလျင်အမြန်ထုတ်ယူပြီး နှင်းတောင်အား အလယ်ဗဟိုအဖြစ်ထားကာ အဆင့် ၈ အစီအရင်ခင်းကျင်းမှုကို စတင်ခဲ့လေသည်။

၎င်းတို့နှင့် ပူးပေါင်းရန် ဟောက်ရန်ဂိုဏ်းနှင့်မိုးကြိုးချိုင့်ဝှမ်းမှ သူတော်စင်များကိုလည်း ဆင့်ခေါ်ရန် မမေ့ခဲ့ပါ။

ရက်အနည်းငယ်အကြာတွင်၊

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် ကြီးမားသောခင်းကျင်းမှုကိုတပ်ဆင်ပြီးသည်နှင့် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့မှ တာအိုဖွဲ့စည်းခြင်းသူတော်စင်နှစ်ဦးပိုင်သည့် အလင်းတန်းနှစ်ခုသည် အဝေးမှ ပျံသန်းလာကြသည်။

တစ်ဦးမှာသူတော်စင်ကောင်းကင်ပျံနှင့် အခြားတစ်ဦးမှာ သူတော်စင် မိုးကြိုးတို့ဖြစ်သည် ။

နှစ်ဦးစလုံးသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ထံမှ တာအိုဖွဲ့စည်းခြင်းသူတော်စင် သို့ ထို့ထပ်ပိုသောတည်ရှိမှုလိုအပ်သည့် အလွန်အရေးကြီးသောကိစ္စတစ်ခုရှိကြောင်း ကြားသိခဲ့ရသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ရှိရာ နှင်းတောင်သို့ ရောက်လာသောအခါ သူတို့၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည် ။

"ဂျူနီယာညီ ကျန်း၊ ဂျူနီယာညီမရှန်, မင်းတို့နှစ်ယောက်လုံးတာအိုဖွဲ့စည်းခြင်းအဆင့်ကို ဖြတ်ပြီးပြီလား?"

သူတော်စင်ကောင်းကင်ပျံက မနေနိုင်ဘဲ မေးလိုက်လေသည်။

အမှန်ပင်။

တာအိုဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိသွားသော သူတို့၏ အောင်မြင်မှုသည် ဟောက်ရန် ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းနှစ်ခုလုံးအတွက်အရေးပါသောဖြစ်ရပ်တစ်ခုဖြစ်ပါသည် ။

သူတို့၏အတွေးကို အာရုံခံလိုက်ရသောအခါ ကျန်းချန်ရွှမ်က ချက်ချင်းပဲ အပြုံးနှင့် ခေါင်းခါပြလိုက်တယ် ။

“စီနီယာညီအစ်ကိုတို့ ၊ ကျွန်တော်တို့ တာအိုဖွဲ့စည်းခြင်းအဆင့်ရောက်သွားလို့ ဒီကိုခေါ်လိုက်တာ မဟုတ်ပါဘူး။”

"အိုး? အဲဒီအကြောင်းပြချက်ကြောင့် မဟုတ်ဘူးလား။ "

သူတော်စင်ကောင်းကင်ပျံနှင့် သူတော်စင်မိုးကြိုးတို့သည် နောက်ဆုတ်သွားကြသည် ။

ထို့နောက် ၊ သူတို့ပတ်ပတ်လည်တွင် ချထားပြီးဖြစ်သော အဆင့် ၈ မဟာ အခင်းအကျင်းကို သတိပြုမိလိုက်သောအခါ ၊ သူတို့သည် တစ်ခုခုကို နားလည်သွားပုံရပြီး ကျန်းချန်ရွှမ် နှင့် ရှန်းရူယန် တို့ကို ပြန်ကြည့်ကာ မေးလိုက်ကြသည် ။

"ဂျူနီယာညီ ကျန်း၊ ဂျူနီယာညီမရှန်၊ ကျွန်တော်တို့ကို ဒီကိုခေါ်လိုက်တာက မင်းတို့ရဲ့ တာအိုဖွဲ့စည်းခြင်းအဆင့်ရောက်သွားတာကြောင့် မဟုတ်ဘူးဆိုရင် အကြောင်းရင်းက.....?"

"မှန်ပါတယ်။"

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှစ်ဦးစလုံးသည် အတူတူ ခေါင်းညိတ်လိုက်ကြသည်။

"ဒီနေရာမှာ ကျွန်တော်တို့ ထူးခြားသာလွန်တဲ့အရာတစ်ခုကို တွေ့ရှိခဲ့တယ် ။"

"ထူးခြားသာလွန်တဲ့အရာလား?"

ထိုအချိန်တွင် သူတော်စင်ကောင်းကင်ပျံနှင့် သူတော်စင်မိုးကြိုးတို့၏ အမူအရာများသည် တည်ငြိမ်သွားလေသည်။

တာအိုဖွဲ့စည်းခြင်းနယ်ပယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ထားသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထူးခြားသောအရာတစ်ခုဟု ထင်မြင်ယူဆပါက ၎င်းသည် အမှန်တကယ် အရေးပါရမည်ကို သူတို့သိပါသည် ။

ထိုကိစ္စသည် မည်သည့်အရာဖြစ်မည်ကိုသိချင်စိတ်ဖြင့်မေးလိုက်လေသည်။

“ဂျူနီယာညီကိုကျန်း၊ ဂျူနီယာညီမရှန်း၊ မင်းတို့ပြောနေတာက…..?

၎င်းကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အချင်းချင်းကြည့်လိုက်ကြသည်။

“ကျွန်တော်တို့ရှင်းပြတာထက် ခင်ဗျားတို့ကိုယ်တိုင်ကြုံတွေ့ရတာက ပိုကောင်းပါတယ်” ဟု ကျန်းချန်ရွှမ်က ပြောလိုက်သည် ။

ထို့နောက် ကျန်းချန်ရွှမ်က သူ၏လက်ကို မြှောက်လိုက်ပြီး မန္တာန်များစွာကို ရွတ်လိုက်သည်။

ချက်ခြင်းပင်၊ ဝင်ပေါက်တစ်ခုသည် နေရာလပ်တွင် ပေါ်လာခဲ့သည်။ သူတော်စင်ကောင်းကင်ပျံနှင့် သူတော်စင် မိုးကြိုးတို့သည် နောက်ဆုတ်သွားလေသည်။

“ဒါက..?”

"ဟုတ်ပါတယ် စီနီယာအစ်ကို၊ ကျေးဇူးပြုပြီး ဆက်သွားလိုက်ပါ ။"

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ပြုံးရွင်စွာဖြင့် ဖိတ်ခေါ်လိုက်လေသည်။

တုံ့ဆိုင်းမှုမရှိဘဲ သူတော်စင်ကောင်းကင်ပျံနှင့် သူတော်စင်မိုးကြိုးတို့သည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်တို့နှင့်အတူ ဝင်ပေါက်ထဲသို့ ဝင်ရောက်ခဲ့ကြသည် ။

အလင်းတန်းများ ၊ အရိပ်များထဲ၌ ဖြတ်သွားပြီးနောက် သူတို့ကြည့်လိုက်သောအခါ ငှက်တေးသီသံများ၊ ပန်းအနံ့များနှင့် ပြည့်နှက်နေသော လောကတစ်ခုအားတွေ့လိုက်ရလေသည်။

"ဒါက လျှို့ဝှက်နယ်မြေတစ်ခုပဲ!"

ချက်ခြင်းနီးပါးပင် သူတော်စင်ကောင်းကင်ပျံနှင့် သူတော်စင်မိုးကြိုးတို့သည် သူတို့ဝင်ရောက်လိုက်သည့်နေရာအားသတိပြုမိသည့်အခါ သူတို့သည် စိတ်လှုပ်ရှားသွားကြလေသည်။

သူ တို့သည် ဤလောကသစ်တွင် မွေးဖွားလာသော လျှို့ဝှက် နယ်မြေ တစ် ခု၏ ကြီးမားသော တန်ဖိုးကို နားလည်သဘောပေါက်ခဲ့ကြသည်မှာ ရှင်း ပါသည် ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သတင်းစကားမှတစ်ဆင့် အခြေအနေကို ရှင်းပြခြင်းထက် လူကိုယ်တိုင် လာရောက်ရန်ပြောဆိုခြင်းမှာ အံ့သြစရာမဟုတ်ပါ ။

All Chapters