← Chapters

ဓားမြက်၊ အစောင့်အရှောက်ဝိညာဉ်၊ နတ်ဆိုး နှင့် စနစ်မှ မျှော်လင့်မထားသော ဆုတစ်ခု

Vol. 47 Ch. 879

ဓားမြက်၊ အစောင့်အရှောက်ဝိညာဉ်၊ နတ်ဆိုး နှင့် စနစ်မှ မျှော်လင့်မထားသော ဆုတစ်ခု

Vol. 47 Ch. 879

ကျန်းချန်ရွှမ်၏ ခြေထောက်များသည် ကျယ်ပြောသည့် ဆေးပင်များပေါက်နေရာ နေရာ၏ မျက်နှာပြင်ကို ထိလိုက်သည်နှင့် ဓားအလင်းတန်းများစွာသည် နေရာလပ်ထဲမှ ရုတ်တရက် သူ့ဆီသို့ ဦးတည်လာနေခဲ့သည်။

ထိုခဏတွင် ကျန်းချန်ရွှမ်သည် သူ၏ တံတောင်ဆစ် ၊ လည်ချောင်းနှင့် တစ်သျှူးများကို ဤဓားအလင်းတန်း များက ပစ်မှတ်ထားနေသည်ကို သိသာစွာ ခံစားလိုက်ရသည် ။

"ဟမ်? ဒါကဘာလဲ?"

သူ၏မျက်လုံးများ စူးရှလင်းလက်သွားသည်။

ခနအကြာတွင် အစီမ်း၊ အနီ၊ အဝါ၊ အဖြူနှင့် အပြာရောင်ဓားအလင်းများသည် သူ၏ လက်ချောင်းထိပ်မှ ပေါ်ထွက်လာခဲ့သည်။

ဝှစ် ဝှစ် ဝှစ်

အရောင် (၅) ရောင်ရှိ ဓားအလင်းသည် ဝင်ရောက်လာသော ဓားအလင်းများနှင့် အပြင်းအထန် တိုက်မိခဲ့သည် ။

ဝုန်း...ဝုန်း...ဝုန်း.....

ပေါက်ကွဲမှုများသည် လေထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။

ထိုအချိန်မှသာ ကျန်းချန်ရွှမ်ကရှင်းလင်းစွာမြင်နိုင်ခဲ့လေသည် ။

တိုက်ခိုက်သူသည် ကျင့်ကြံသူမဟုတ်ဘဲ ပြင်းထန်သော ဝိညာဉ်မြက်ခင်းဖြစ်ကာ ၎င်းတို့သည် ဘေးချင်းယှဉ်၍ ကြီးထွားလာပြီး မရိတ်ထားဘဲ ထက်မြသောဓားများနှင့် ဆင်တူပါသည် ။

သူတို့၏ တိုက်ခိုက်မှုများကို ကျန်းချန်ရွှမ်က ပိတ်ဆို့ထားသည်ကို သူတို့ ခံစားခဲ့ရပုံပေါ်ပါသည်။

ထို့နောက် စိမ်းလန်းသော ဝိညာဉ်မြက်များသည် ဒါဇင်ပေါင်းများစွာသော ဓားများကို ထုတ်လွှတ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည် ။

ဓားတစ်ချောင်းစီသည် လေဟာနယ်ထဲမှ အပိုင်းအစများကို ထိုးခွဲနေကြရာ ဝိညာဉ်မြက်များ၏ စွမ်းအားသည် အဆင့် ၈ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေပါသည် ။

“စိတ်ဝင်စားစရာပဲ..။”

ကျန်းချန်ရွှမ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းလာသည် ။

ထိုအချိန်တွင် သူသည် ထိုဝိညာဉ်မြက်များကို မှတ်မိသွားလေသည်။

၎င်းတို့သည် အခြားမဟုတ်ဘဲ ဒဏ္ဍာရီလာဓားမြက်ပင်များပင်ဖြစ်သည်။ ဓားမျှင်တစ်ခုခြင်းစီတွင် ဓားလမ်းကြောင်း၏ငွေရောင်အနှစ်သာရပါပြီးပြီး ဓားကျင့်ကြံသူများ လိုချင်သည့်ရတနာပင် ဖြစ်သည်။

မမျှော်လင့်ပဲ ၎င်းတို့သည် ဤနေရာတွင် များစွာပေါက်ရောက်နေကြလေသည်။

တုံ့ဆိုင်းမှုမရှိဘဲ ကျန်းချန်ရွှမ်၏ လက်ချောင်းထိပ်များသည် အစိမ်း ၊ အနီ ၊ အဝါ ၊ အဖြူ ၊ အပြာရောင်အလင်းများဖြင့် တစ်ဖန် ထပ်၍တောက်ပလာသည် ။

ဝှစ်.... ဝှစ်.... ဝှစ်....

ခဏအကြာတွင် အရောင်မတူသော ဓားအလင်းငါးခု ထပ်မံထွက်ပေါ်လာပြီး ဝင်လာသော ဓားအလင်းများနှင့် တိုက်မိခဲ့ပါသည်။

မိုးကြိုးသံတစ်ချက်က လေထဲတွင် ပြည့်သွားခဲ့သည်။

ဓားအလင်းများနှင့် ဓားခုတ်သံများ တပြိုင်နက်နီးပါး ပျောက်ကွယ်သွားခဲ့သည် ။

ဝှစ်....

ဤအခိုက်အတန့်တွင် ကျန်းချန်ရွှမ်၏ နောက်မှ အရောင်ငါးရောင်ရှိသော နတ်အလင်းထွက်လာပြီး မျက်စိတစ်မှိတ်တွင် ဓားမြက်များကို ဖြတ်ကျော်သွားခဲ့လေသည် ။

ချက်ခြင်းပင်၊ ပြင်းထန်သည့် ထက်ရှသည့် ဓားမြက်သည် ကျိုးကျကုန်ပြီး သူတို့၏ရှိန်လောက်သည့် အနှစ်သာရများက မှေးမှိန်သွားခဲ့သည်။

ကျန်းချန်ရွှမ်သည် အချိန်မဖြုန်းခဲ့ဘဲ ဓားမြက်များအားလုံးကို စုဆောင်းခဲ့လေသည်။

တစ်ချိန်တည်းတွင်။

ဓားမြက်၏နောက်တွင် ကွဲပြားသောအရောင် ၉‌ရောင်နှင့် ကြာပွင့်ပုံရှိသည့်အပင်တစ်ခု ထွက်ပေါ်လာလေသည်။

၎င်းသည် ကျန်းချန်ရွှမ်ခရီး၏ ပစ်မှတ် ကိုးရောင်ခြယ်ကောင်းကင်ကြာပွင့်ဖြစ်လေသည်။ တွန့်ဆုတ်ခြင်းမရှိဘဲ ကျန်းချန်ရွှမ်သည် ရှေ့တိုးလိုက်ကာ ကိုးရောင်ခြယ်ကောင်းကင်ကြာပွင့်အား သူ၏အိတ်ထဲတွင်သိမ်းရန် အသင့်ဖြစ်နေခဲ့လေသည်။

မမျှော်လင့်ဘဲ ထိုအချိန်တွင် သူ၏နှလုံးသားထဲ၌ မထင်မှတ်ထားသောအန္တရာယ်တစ်ခု ပေါ်လာပြီး သူ့မျက်လုံးက ချက်ချင်း စူးရှသွားခဲ့သည်။

သူ၏ ပုံသဏ္ဌာန်သည် အလင်းတစ်နေရာမှ ပျောက်ကွယ်သွားသည် ။

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကျန်းချန်ရွှမ်နေရာတွင် မတ်တပ်ရပ်နေခဲ့သောနေရာတွင် အပေါက်ငယ်တစ်ခု ပေါ်လာခဲ့သည် ။

"ဟင်?"

ကျန်းချန်ရွှမ်သည် ချက်ချင်းလှည့်ကြည့်လိုက်ပြီး သူ့၏နောက်တွင် သိပ်မဝေးသောနေရာ၌ အရိပ်ကဲ့သို့သော အဖွဲ့အစည်းတစ်ခုအား မြင်တွေ့လိုက်ရကာ ၎င်းတို့သည် သူ့ထံသို့ သတ်ဖြတ်လိုစိတ်အပြည့် ထုတ်လွတ်နေခဲ့သည်။

"ဒုတိယ အစောင့်အရှောက်ဝိညာဉ်လား။

မမျှော်လင့်ဘဲ ဤသဘာဝ ဆေးဥယျာဉ်သည် ဝိညာဉ် တစ်ပါးတည်းဖြင့် ကာကွယ်ခံရခြင်း မဟုတ်ပါ။ ကံကောင်းထောက်မစွာဖြင့် ရှီရှန်းယောင်နှင့်အခြားသူများသည် အခြား အစောင့်အရှောက်များနှင့် တွေ့ဆုံခြင်းမရှိပုံရပါသည် ။

မဟုတ်လျှင် ကိုးရောင်ခြယ်ကောင်းကင်ကြာပွင့်အား သူတို့လုံခြုံစွာယူနိုင်ရန်မသေချာပါ။

ထိုအတွေးဖြင့် ကျန်းချန်ရွှမ်၏ လက်ချောင်းများသည် ထက်မြသော ဓားအလင်းများ ထပ်မံပေါ်ထွက်လာခဲ့သည် ။

ရွှီဟူသောအသံများကြားလိုက်ရလေသည်။

ထိုဓားအလ်င်းများသည် အရိပ်များအား မည်သည့်ထိခိုက်မှုမျှ မဖြစ်စေဘဲ ဖြတ်သန်းသွား သောကြောင့် ကျန်းချန်ရွှမ်၏ မျက်စိသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားခဲ့သည် ။

သူသည် ထပ်မံ၍ပစ်လွတ်လိုက်သည်။

ကျယ်လောင်သော အသံမြည်သွားခဲ့သည်။

ယခင်က သူနေခဲ့သော နေရာတွင် ယခုအခါတွင် နောက်ထပ် အသေးစားတွင်းနက်ကို တွေ့ရှိခဲ့ရသည် ။

"ဒီအစောင့်အရှောက်ဝိညာဉ်က အရင်တစ်ခုနဲ့ တော်တော်လေး ကွာခြားပုံရတယ်။" ၎င်းသည်ဤနေရာတွင် တည်ရှိပုံမရဘဲ ကွဲပြားခြားနားသောနေရာလပ်တစ်ခုတွင် ရွေ့လျားနေပုံရပါသည် ။ သူ့အားတိုက်ခိုက်သည့်အခါမှသာ ၎င်းသည် ဤနေရာလပ်နှင့် ယာယီထပ်သွားပုံရသည်။

ထို့ကြောင့်။

"ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ စက္ကန့်တစ်သန်းမှာ တစ်စက္ကန့်အခွင့်အလမ်းကိုယူနိုင်ပြီး တစ်ချက်ထဲနဲ့အဆုံးသတ်ရမယ်။"

ဤအတွေးများနှင့်အတူ ကျန်းချန်ရွှမ်၏ ရုပ်ပုံသည် အကြိမ်ပေါင်းများစွာ ရွေ့လျားသွားပြီး တစ်ခုချင်းစီသည် ဤနေရာ ၏ စည်းမျဉ်းစည်းကမ်းများဖြင့် လျင်မြန်စွာ ပြုပြင်ထားသော အပေါက်လေးများကို ချန်ထားခဲ့လေသည် ။

ဝုန်း...

သူသည် အစောင့်အရှောက်ဝိညာဉ်မှ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်ရသောအခါ ကျန်းချန်ရွှမ်၏ မျက်လုံးများသည် ရုတ်တရက် အာရုံစိုက်လိုက်သည်။

အရောင်ငါးရောင်ရှိသော နတ်အလင်းသည် သူ့နောက်မှ ဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီး နေရာလပ်ကို တည်ငြိမ်စေခဲ့သည် ။ ထိုအခိုက်အတန့်တွင်ပင် ကောင်းကင်နှင့်ချိတ်ဆက်ထားသော ဝိညာဉ်ရေးရာ ရတနာဖြစ်သော ဒြပ်စင်ငါးပါးကားချပ်သည် ရွှေဗလာနယ်ဓားအဖြစ်သို့ ပြောင်းလဲသွားပြီး အရိပ်၏ အလယ်ဗဟိုသို့ ချက်ချင်း ထိုးဖောက်သွားလေသည်။

"ကျွတ်!"

ဟိန်းသံများ!

ဤနေရာလပ်ထဲရှိမသက်ဆိုင်သောသူကဲ့သို့ ဒေါသနှင့် နာကျင်ဟစ်ကြွေးသံများသည် ပဲ့တင်ထပ်နေခဲ့သည်။

ကျန်းချန်ရွှမ်သည် ၎င်း ၏ဗလာနယ်ဓားက အရိပ်ထဲသို့ ထိုးဖောက်ဝင်ရောက်ချိန်တွင် ၎င်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သည့်နှုန်းဖြင့် ပျောက်ကွယ်သွားသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ခဏအကြာတွင် အရိပ်သည် လုံးဝပျောက်ကွယ်သွားလေသည် ။

[ဒင်]

သို့သော်လည်း ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ စိတ်ထဲတွင် ရုတ်တရက် ရင်းနှီးသော စနစ်အသိပေးချက် တစ်ခု ရောက်ရှိလာပြီး သူ့နှလုံးသားအား အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။

ဒါဘာလဲ? "ဒီအစောင့်အရှောက်ဝိညာဉ်ကို အနိုင်ယူနိုင်တာက စနစ်က အသိအမှတ်ပြုတာကို ရနိုင်တာလား?"

သို့သော် ခနအကြာတွင် သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းလာသည် ။

[အသူရာနတ်ဆိုးတစ်ကောင်ကို ပထမဆုံးသတ်နိုင်တဲ့အတွက်ဂုဏ်ယူပါတယ်၊host။ သင်သည် အတွင်းစိတ်စွမ်းအား နတ်ဆိုးအမဲလိုက်သူ ကိုရရှိပါတယ်။]

[အတွင်းစိတ်စွမ်းအား - နတ်ဆိုးအမဲလိုက်သူ သည် နတ်ဆိုးများကိုရင်ဆိုင်သောအခါ သင်၏တိုက်ခိုက်မှုစွမ်းအားသည် တစ်ဆင့်တက်သွားမည်ဖြစ်ပါသည်။]

ရိုးရှင်းစွာပြောရလျှင် ကျန်းချန်ရွှမ်၏ လက်ရှိကျင့်ကြံခြင်းသည် တာအိုဖွဲ့စည်းခြင်းအဆင့်တွင် ရှိသော်လည်း အသူရာနတ်ဆိုးများ၊ အခြားနတ်ဆိုးများနှင့်ရင်ဆိုင်ရသောအခါ သူ၏ တိုက်ခိုက်မှုကို တာအိုပေါင်းစည်းခြင်းအဆင့်သို့ အလိုအလျောက်အဆင့်မြှင့်တင်ပေးလိမ့်မည်ဖြစ်ပါသည်။

အလားတူပင်။

အကယ်၍ သူ၏ တိုက်ခိုက်မှုစွမ်းအားသည် တာအိုပေါင်းစည်းခြင်းထက်ကျော်လွန်နေပါက ဤစွမ်းရည်နှင့်အတူထုတ်နိုင်သောစွမ်းအားသည် တာအိုနက်နဲအဆင့်သို့ရောက်ရှိလိမ့်မည် ဖြစ်ပါသည်။

သေချာပါသည်။

ထိုအရည်အချင်းသည် အသူရာနတ်ဆိုးများကဲ့သို့ သက်ရှိများကိုသာ ထိရောက်ပါသည်။

ကျန်းချန်ရွှမ်သည် ဤသဘာဝဆေးဥယျာဉ်အတွင်းတွင် အသူရာနတ်ဆိုးနှင့်တွေ့ဆုံရန် မမျှော်လင့်ခဲ့ပါ။

မဟုတ်ပါ ၊ ဤလောကသစ်တွင် ထိုကဲ့သို့သော အဖွဲ့အစည်းများကို တွေ့ရှိရခြင်းသည် အတော်လေးမျှော်လင့်မထားသော အရာဖြစ်သည်ဟု ပြောသင့်ပါသည် ။

ထိုမတိုင်ခင်တွင် သူသည် ၎င်းကို ဤနေရာ၏ အစောင့်အရှောက်ဝိညာဉ်ဟု မှားခဲ့လေသည်။

အကယ်၍ သူသတ်ခဲ့သော သတ္တဝါသည် အသူရာနတ်ဆိုးတစ်ကောင် ဖြစ်ခဲ့ပါက သူတို့ တွေ့ကြုံခဲ့ရသည့် ပထမဆုံးသော သက်ရှိသည်လည်း အသူရာနတ်ဆိုးဖြစ်ပါသလား?

၎င်းသည် ဖြစ်နိုင်ချေ အလွန်များပါသည်။

သူတို့တွေ့ကြုံခဲ့ရသော ပထမသတ္တဝါသည် အသူရာနတ်ဆိုး တစ်ကောင်ဖြစ်ခဲ့လျှင် ဤလောကသစ်သည် အမှန်ပင် လျှို့ဝှက်သော အန္တရာယ်များစွာကို ရင်ဆိုင်နေရပေမည် ။

အနည်းဆုံး အသူရာနတ်ဆိုးများသည် ဤလောကသစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပို ၍ ပြင်းထန်စွာ ပြောရလျှင် ၎င်းကိုအတိုင်းအတာတစ်ခုအထိ ၀င်ရောက်နိုင်ပြီးဖြစ်ပေလိမ့်မည်။

All Chapters