ချင်ရှန်းဝူ၏မဟာယာနအဆင့်သို့ထိုးဖောက်ခြင်း၊ တာအိုအရှင်တောင်အရှင်ထပ်ကျော်လွန်ခြင်း
Vol. 48 Ch. 890
အကယ်၍ သဘာဝကန့်သတ်ခြင်းအစီအရင်ကိုသုံးလျှင် လိုချင်သောသက်ရောက်မှုကိုရနိုင်ပါသည်။
တွန့်ဆုတ်ခြင်းမရှိဘဲ ကျန်းချန်ရွှမ်သည် သူ၏ လုယူထားသော အစီအရင်ချပ်ပြားဝိုင်းကိုထုတ်ပြီး ၎င်းကို ဖွင့်လိုက်သည် ။
ရုတ်တရက် ယခင်က သဘာဝဆေးဥယျာဉ်အတွင်းရှိ သဘာဝကန့်သတ်အစီအရင်၏ အပြင်ဘက်တွင် ကျန်းချန်ရွှမ်က ထားလိုက်လေသည်။
ခဏအကြာတွင် တာအိုအရှင်တောင်အလင်းနှင့် အခြားသူများရောက်ရှိလာသည့် စွမ်းအင်များ အပါအ၀င် ပြင်ပအနှောင့်အယှက်များအားလုံးသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။
အနည်းဆုံး ရှန်းဝူတောင်ထိပ်တွင်ရှိသည့် ချင်ရှန်းဝူအတွက် ပြင်ပလောကပေါ်မှ သက်ရောက်မှု အနည်းငယ်ပင် မရှိနိုင်တော့ပါ။
တစ်စုံတစ်ဦးက ဟောက်ရန်ဂိုဏ်း၏ တောင်အစီအရင်အားချိုးဖောက်နိုင်ကာ သဘာဝ ကန့်သတ်ခြင်းအစီအရင် ကိုစတင်တိုက်ခိုက်နိုင်ခြင်းမရှိလျှင် ချင်ရှန်းဝူက ပြင်ပသက်ရောက်မှုကို ခံရတော့မည် မဟုတ်ပါ။
သို့သော်လည်း ဟောက်ရန်ဂိုဏ်း၏ တောင်အကာအကွယ်အစီအရင်ကို ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်ပါ။
မဟာယာနတာအိုအရှင်ဖြစ်သော တာအိုအရှင်တောင်အလင်းသည်ပင် မအောင်မြင်နိုင် ဖြစ်နေလေသည်။
ထိုဖြစ်ရပ်သည် တာအိုအရှင်တောင်အလင်းနှင့် အခြားသူများအား သူတို့၏အမူအရာများကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့သည်။
သူတို့သည် ဟောက်ရန်ဂိုဏ်းက ထိုကဲ့သို့ဝှက်ဖဲမျိုးကို ဝှက်ထားလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပါ။
"အခုငါတို့ဘာလုပ်သင့်လဲ ၊ စီနီယာ တောင်အလင်း?" ပိုင်ကျီလန်သည် မတတ်နိုင်ဘဲ တာအိုအရှင်တောင်အလင်းအား ကြည့်လိုက်သည်။
လက်ရှိအခြေအနေများအရ ချင်ရှန်းဝူအပေါ် သြဇာလွှမ်းမိုးရန်မှာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်လာသည်ကို သူကောင်းစွာသိပါသည် ။
တာအိုအရှင်တောင်အလင်းသည် လွယ်ကူစွာလက်လျော့လိုက်ရန်မှာလည်း သူလက်မခံချင်သောအရာ ဖြစ်ပါသည်။
ဝုန်း....
ထိုအချိန်၌ ချင်ရှန်ဝူတည်ရှိရာ ရှန်းဝူတောင်ထိပ်တွင် အလွန်ကြီးကျယ်ခမ်းနားသော ရောင်ဝါက ရုတ်တရက်မြင့်တက်လာခဲ့သည်။
ကောင်းကင်နှင့် မြေကြီးတို့၏အရောင်များသည် ထိုရောင်ဝါများမှဖုံးလွမ်းခံနေရပုံရပြီး အနီ၊ အဝါနှင့် အပြာရောင်များအဖြစ်ပြောင်းလဲနေကာ စည်းမျဉ်းများ၏ကွင်းဆက်များသည် ပို၍ ရှင်းလင်းလာလေသည်။
အနီးအနားရှိ ကျင့်ကြံသူအားလုံးနီးပါးသည် ဤအရာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး ခံစားနိုင်ခဲ့သည်။
အထူးသဖြင့် ကျင့်ကြံခြင်း၌ အောင်မြင်မှုရလုနီးပါးဖြစ်နေသူများသည် ဤတိုတောင်းသော ခဏလေးအတွင်းတွင်ပင် ၎င်းတို့ ၏ အတားအဆီးများတွင် ပိတ်မိနေခြင်းမှ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည် ။
ဝုန်း.... ဝုန်း.... ဝုန်း....
တစ်ချိန်တည်းတွင်။
ကောင်းကင်နှင့်မြေကြီးသည် စတင်၍ တစ်ခုပြီးတစ်ခု တုန်ခါလာကြသည်။
ထို့နောက် ရွှေကြာပွင့်များသည် မြေပြင်မှ ပေါက်ထွက်လာပြီး အဆုံးမရှိသော ရောင်ခြည်သည် ရှန်းဝူတောင်မှ စတင်၍ လမ်းကြောင်းအားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့လာလေသည် ။
"မဟုတ်ဘူး။"
တာအိုအရှင်တောင်အလင်း၊ ပိုင်ကျီလန် နှင့် အခြားသူများ၏ အမူအရာများသည် နောက်ဆုံးတွင် အကြီးအကျယ်ပြောင်းလဲသွားကြသည်။
ချင်ရှန်းဝူ၏ အောင်မြင်မှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာပြီး အောင်မြင်ရန် နီးစပ်နေသည်ကို သူတို့ မြင်တွေ့နိုင်ပါသည် ။
ထိုအချိန်တွင် သူတို့လုပ်လိုလျှင် သို့ ရပ်လိုလျှင်ပင် အလွန်နောက်ကျသွားပြီဖြစ်သည်။
တာအိုအရှင် တောင်အလင်းနှင့် ပိုင်ကျီလန်တို့သည် ထိုအတွေးများကို တွေးနေချိန်၌ပင်၊ ချင်ရှန်းဝူ ဂူပိတ်ကျင့်ကြံနေသော ရှန်းဝူတောင်ထိပ်မှ မဟာယာနတာအိုအရှင်တစ်ဦးမှသာ ထွက်ပေါ်နိုင်သည့် ရောင်ဝါက ပေါက်ထွက်လာခဲ့သည်။
ထို့နောက် ကောင်းကင်အထက်တွင် တောက်ပသော အလင်းရောင်ဖြင့် နှစ်မြုပ်နေသော ပုံတစ်ပုံ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
ချင်ရှန်းဝူမဟုတ်လျှင် အခြားမည်သူဖြစ်နိုင်မည်နည်း?
"အောင်မြင်စွာထိုးဖောက်နိုင်ခဲ့တဲ့အတွက် ဆရာ့ကိုဂုဏ်ယူပါတယ်။"
ကျန်းချန်ရွှမ်နှင့် အခြားသူများက ၎င်းတို့၏ ချီးကျူးစကားများကို ချက်ချင်းထုတ်ဖော်ပြောကြား ခဲ့လေသည် ။
ထိုသူများထဲတွင် ခြွင်းချက်မရှိ ရွယ်ပင်း၊ ယွင်ရီကျန်းနှင့် အခြားသူများလည်း ပါဝင်ပါသည်။
"ဟားဟား!"
ကောင်းကင်မှ ရယ်မောသံ ထွက်ပေါ်လာပြီး ချင်ရှန်းဝူ၏ အကြည့်သည်ကျန်းချန်ရွှမ်နှင့် အခြားသူများ အပေါ်တွင် ရောက်သွားခဲ့သည် ။
နောက်ဆုံးတွင် သူပြောလိုက်သည်။
"အားလုံးပဲ၊ ကျေးဇူးပြုပြီး ဒီမှာ ခဏလောက်စောင့်နေပေးပါ။ ငါ တောင်အလင်း နဲ့ အခြားသူတွေကို သွားပြီး ဖြေရှင်းလိုက်မယ်။"
ထိုစကားများဖြင့် ချင်ရှန်းဝူသည် ရုတ်တရက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည် ။
ဟောက်ရန်ဂိုဏ်း၏ တောင်ဂိတ်အပြင်ဘက်တွင် ရှိနေသော တာအိုအရှင်တောင်အလင်းသည် ရုတ်တရက် လေဆာနှင့်ပစ်ခံရသကဲ့သို့ ချက်ခြင်းပင် နောက်သို့လွင့်သွားလေသည်။
ဝုန်း....
အဝေးမှ များစွာသော ဆက်တိုက်ဖြစ်နေသည့်တောင်များသည် ချက်ခြင်းပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
“အဟွတ်…အဟွတ်...”
တာအိုအရှင်တောင်အလင်းက ဖုန်မှုန်များကြားတွင် ချောင်းဆိုးသည်ကို မရပ်တန့်နိုင်ခဲ့ပေ။
သူသည် သူ့ဆီသို့ပျံသန်းလာနေသည့် ချင်ရှန်းဝူကို ထိတ်လန့်စွာစိုက်ကြည့်လိုက်ပြီး မဟာယာနအဆင့်သို့ ယခုမှထိုးဖောက်ထားသည့် ချင်ရှန်းဝူသည် ဤကဲ့သို့အင်အားမျိုး ပိုင်ဆိုင်ထားသည်ကို မယုံနိုင်ဖြစ်နေလေသည်။
ဝှစ်...
ရုတ်တရက် ကောင်းကင်၌ အရောင်ငါးရောင်ရှိသော လက်ဖဝါးပေါ်လာပြီး တာအိုအရှင် တောင်အလင်း၏ ဦးခေါင်းဆီသို့လျင်မြန်စွာ ကျဆင်းလာခဲ့သည်။
"တောင်အလင်း မင်းက ငါ့ရဲ့လမ်းကို လာရှုပ်မှတော့၊ မယဉ်ကျေးတဲ့အတွက် အပြစ်မတင်ပါနဲ့။"
ဝုန်း....
အရောင် ငါးရောင်ရှိသော လက်ဖဝါးသည် တာအိုအရှင်တောင်အလင်းကို မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။
ထိုမြင်ကွင်းက ရှိနေသောသူအားလုံးကို ချက်ချင်းတုန်လှုပ်သွားစေခဲ့သည်။
တာအိုအရှင်တောင်အလင်းသည် ဝါရင့် မဟာယာနတာအိုအရှင်ဖြစ်သော်လည်း ယခုမှ ထိုးဖောက်ထားပြီးသော ချင်ရှန်းဝူ၏ရှေ့တွင် အကူအညီမဲ့နေလေသည်။
"ချင်ရှန်းဝူ၊ သိပ်တရားမလွန်လာနဲ့။"
ရုတ်တရက်။
တာအိုအရှင်တောင်အလင်း၏ ပုံရိပ်သည် ပြန်၍ ပေါ်လာပြီး သူ၏မျက်နှာသည် ဒေါသဖြင့် ပြည့်နေလေသည်။
သို့သော် ချင်ရှန်ဝူက သူ၏ ဒေါသကို ဂရုမစိုက်ခဲ့ပါ။
လက်ကိုမြောက်လိုက်ကာ ဂျုန်းဟူသောအသံမြည်လာခဲ့သည်။
အရောင်ငါးရောင်ရှိသော လက်ဖဝါးသည် တာအိုအရှင်တောင်အလင်းဆီသို့ ထပ်မံ ကျရောက်လာခဲ့သည် ။
ဝှစ်...
ရုတ်တရက် တာအိုအရှင်တောင်အလင်း၏ ဦးခေါင်းပေါ်တွင် ကြီးမားသည့် အဝါရောင်ထီးကြီး ပေါ်လာခဲ့ပြီး မင်္ဂလာရှိသော တိမ်တိုက်များပြန့်ကျဲလာပြီး ချင်ရှန်းဝူ၏တိုက်ခိုက်မှုအား ခံနိုင်ရည်ရှိမည့်ပုံ ပေါ်ပါသည်။
သို့သော် တာအိုအရှင်တောင်အလင်း၏ ထီးကြီးသည် ချင်ရှန်းဝူ၏ အရောင်ငါးရောင်ရှိသော လက်ဖဝါးနှင့် ထိတွေ့မိချိန်တွင် ထီးပေါ်မှ အလင်းရောင်သည် လျင်မြန်စွာ မှိန်ဖျော့သွားခဲ့သည်။
ဖောက်ဟူသော အသံမြည်သွားခဲ့သည်။
ကြီးမားသောထီးကြီးသည် လွင့်ထွက်သွားကာ တာအိုအရှင်တောင်အလင်းက ချင်ရှန်းဝူ၏ လက်ဖဝါးထံမှ မြေကြီးထိ ရိုက်ချခံလိုက်ရပေသည်။
ဝုန်း....!
ထိုခဏတွင် တာအိုအရှင်တောင်အလင်းသည် ဒေါသတကြီးဖြင့် မျက်လုံးများသည် ဒေါသဖြင့် လောင်ကျွမ်းကာ မြေပြင်မှ ထွက်လာခဲ့သည်။
သို့သော် ထပ်မံတိုက်ခိုက်ရန် စိတ်အားထက်သန်နေသော ချင်ရှန်းဝူကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ တုန်လှုပ်သွားခဲ့သည် ။
ခနအကြာတွင် တွန့်ဆုတ်ခြင်းမရှိဘဲ သူသည် ပုံရိပ်ယောင်အဖြစ်ပြောင်းလဲသွားကာ မျက်စိတမှိတ် အတွင်းတွင် သူသည် ချင်ရှန်းဝူ၏ရှေ့မှ ပျောက်သွားခဲ့လေသည်။
၎င်းကိုမြင်လျှင် ချင်ရှန်းဝူက မလိုက်တော့ပေ။
အဆုံး၌ သူတို့သည် နှစ်ဦးလုံး မဟာယနတာအိုအရှင်များ ဖြစ်ကြပါသည်။
ချင်ရှန်းဝူရဲ့ လက်ရှိ အားသာချက်ကြောင့် ပြိုင်ဘက်ကို ကျော်လွှားပြီး အနိုင်ရရန် လွယ်ကူခဲ့ပါသည်။
သို့သော် ပြိုင်ဘက်အား သတ်ဖြတ်ရန်မဖြစ်နိုင်သေးပါ။
သို့သော် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ ပိုင်ကျီလန်အတွက်မူ ချင်ရှန်းဝူသည် အခွင့်အရေး များသည်ကို မြင်ခဲ့လေသည်။
စကားမပြောတော့ပဲ။
သူသည် လက်ကိုမြှောက်၍ ဆုပ်ကိုင်လိုက်လေသည်။
ကျီဟူသော အသံမြည်သွားခဲ့သည်။
ပိုင်ကျီလန်၏ပတ်ပတ်လည်မှနေရာလပ်သည် သံပြားကဲ့သို့ အစိုင်အခဲအဖြစ် ပြောင်းသွားကြ လေသည်။
ကြည့်နေသူများသည် သံပြားကဲ့သို့သော နေရာလပ်သည် အထဲသို့စတင်ဖိနှိပ်နေပုံရပြီး ပိုင်ကျီလျန်အား အမှုန့်ချေရန်လုပ်နေသည်ကို မြင်လိုက်ရသည်။
ဤအခိုက်အတန့်တွင် ပိုင်ကျီလန်သည် အန္တရာယ်ကို ရှင်းရှင်းလင်းလင်း သိရှိခဲ့သည်။
သူသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူ့လက်ထဲတွင် အရောင်ငါးရောင်ရှိသော မီးအိမ်တစ်လုံး ပေါ်လာသည် ။
မီးအိမ်သည် တောက်ပသော အရောင်ငါးရောင်ရောင်ခြည်များဖြင့် ချက်ချင်းပေါက်ထွက်လာသည် ။
ချက်ခြင်းပင် ၎င်းသည် နေရာလပ်က ဖိနှိပ်နေခြင်းအား ယာယီခံနိုင်ခဲ့လေသည်။