← Chapters

ကောင်းချီးငါးပါးမီးအိမ်၊ ဂိုဏ်းကိုယ်စားလှယ်အသစ်

Vol. 48 Ch. 891

ကောင်းချီးငါးပါးမီးအိမ်၊ ဂိုဏ်းကိုယ်စားလှယ်အသစ်

Vol. 48 Ch. 891

ထိုအချိန်တွင် ပိုင်ကျီလျန်သည် နာကျင်နေသည့်အမူအရာဖြင့် အဆောင်တစ်ခုကို ထုတ်လိုက်လေသည်။

၎င်းတို့ထွက်ပေါ်လာသည်နှင့် လှိုင်းထဲတွင် ဂယက်များထလာခဲ့သည်။

ထိုဂယက်များသည်ပိုင်ကျီလျန်၏ ခန္ဓာကိုယ်တစ်ခုလုံးကိုလွမ်းခြုံသွားခဲ့သည်။

ချင်ရှန်းဝူ၏ အကြည့်သည် ချက်ချင်း စူးရှသွားသည် ။

“ဒါက အဆင့် ၉ မဟာ‌နေရာရွေ့ပြောင်းရေးအဆောင်လား။

ဒီလိုဆိုရင်တောင် မင်းမထိခိုက်ဘဲ ထွက်သွားနိုင်မှာ မဟုတ်ဘူး။"

စကားပြောပြီးသွားသည်နှင့် ပိုင်ကျီလန် ပတ်လည်ရှိ အရောင်ငါးရောင်ရှိသော အလင်းစက်ဝန်းသည် ပြင်းထန်စွာ တုန်လှုပ်သွားသည် ။

ကျယ်လောင်သော အသံမြည်သွားခဲ့သည်။

ကောင်းချီးငါးပါးမီးအိမ် အဆောင်မှ ထွက်လာသည့် အကာကွယ်အစီအရင်သည် ချက်ခြင်း ပျက်စီးသွားခဲ့သည်။

တစ်ချိန်တည်းတွင်။

ပိုင်ကျီလျန် ၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု လွှမ်းမိုးသွားပြီး သူ၏ ကိုယ်ခန္ဓာ၏ ကြီးမားသောအစိတ်အပိုင်းကိုအငွေ့ပျံသွားစေသည်။

"အား......"

ပိုင်ကျီလျန်က အော်ဟစ်လိုက်သည် ။

ကံကောင်းစွာဖြင့် သူ၏ အဆင့် ၉ မဟာနေရာရွေ့ပြောင်းအဆောင်၏ အစွမ်းအစအားလုံးဖြင့် ပေါက်ကွဲခဲ့ပြီး ကျန်ရှိနေသော သူ၏ ခန္ဓာကိုယ်တစ်ဝက်အား ထိုနေရာမှ ဖယ်ရှားပစ်လိုက်သည်။

သို့သော်လည်း သူအသက်ကယ်ဝှက်ဖဲအဖြစ် သတ်မှတ်ခဲ့သော ကောင်းချီးငါးပါးမီးအိမ်က ကျန်ရစ်ခဲ့လေသည်။

၎င်းမှာ အဆင့်မြင့်ကောင်းကင်ဆက် ဝိညာဉ်ရတနာဖြစ်ပြီး ကောင်းချီးငါးပါးမီးအိမ်ဟုခေါ်ပါသည် ။

၎င်းသည် လျို့ဝှက်ကောင်းကင်ရတနာအဆင့်သို့ရောက်ရန် ခြေလှမ်းတစ်ဝက်သာ လိုပါတော့သည်။

အရေးအကြီးဆုံးအချက်မှာ ဤရတနာသည် ဒြပ်စင်ငါးပါးတာအိုကိုကျင့်ကြံသောသူအတွက် အလွန်အရေးကြီးပါသည်။ ၎င်းသည် ကျင့်ကြံသူများအား ကောင်းချီးငါးပါးကို စုဆောင်းနိုင်ရန် ကူညီနိုင်ပြီး ကျင့်ကြံခြင်းခရီးကို ချောမွေ့စေနိုင်ပါသည်။

ချင်ရှန်းဝူက ကောက်ယူပြီး ကျန်းချန်ရွှမ်ဆီသို့ တိုက်ရိုက်ပို့လိုက်သည် ။

"ချန်ရွှမ်၊ ဒီရတနာက မင်းရဲ့အနာဂတ်ကျင့်ကြံရေးမှာ အများကြီး အသုံးဝင်လိမ့်မယ်။

မင်းသိမ်းထားသင့်တယ်။ မင်းရဲ့စွမ်းရည်နဲ့ဆိုရင် အဲ့ဒါကို လျှော့ချဖို့က မခက်ဘူးလို့ ငါထင်တယ်။”

ချင်ရှန်းဝူမှ ပေးသော ကောင်းချီးငါးပါးမီးအိမ်ကို လက်ခံရရှိသောအခါ ကျန်းချန်ရွှမ်သည် မတတ်နိုင်ဘဲ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

သူသည် မီးအိမ်အတွင်းရှိ ကောင်းချီးငါးပါး၏ အစွမ်းကို သိသာထင်ရှားစွာ ခံစားခဲ့ရပြီး ၎င်းသည် သူ၏ အနာဂတ်တွင် ဒြပ်စင်ငါးပါးတာအိုအား လေ့ကျင့်ရာတွင် သိသာထင်ရှားသော အထောက်အကူ ဖြစ်လိမ့်မည်ဖြစ်သည်။

သူသည် ထိုဒြပ်စင်ငါးပါးမီးအိမ်အား သူ၏ပိုင်ဆိုင်နိုင်လျှင် ကောင်းမည်ဟု တွေးခဲ့လေသည်။

မမျှော်လင့်ဘဲ ယခုအချိန်တွင် ချင်ရှန်းဝူက သူ့ကိုလက်ဆောင်ပေးခဲ့လေသည်။

သူ၏ကျေးဇူးတင်မှုကို ရိုးသားစွာ ထုတ်ဖော်ပြောဆိုခဲ့လေသည် ။

"ရတနာအတွက်ကျေးဇူးတင်ပါတယ်။ ဆရာ"

"ကောင်းတယ်။"

ချင်ရှန်းဝူက ခေါင်းညိတ်လိုက်သည် ။

ထို့နောက် သူသည် အခြားရတနာများအား အခြားသူများကို ဝေပေးခဲ့လေသည်။

"ဒီပစ္စည်းတွေက ဒီမှာရှိတဲ့ ခင်ဗျားတို့အားလုံးအတွက် ကျွန်တော့်ရဲ့ တိုးတက်မှုအတွက် လက်ဆောင်တွေဖြစ်ပါတယ်။"

ထိုအရာကိုမြင်လျှင် လူတိုင်းက မနေနိုင်ဘဲ သူတို့၏ကျေးဇူးတင်မှုကို ဖော်ပြခဲ့ကြသည်။

"ကျွန်တော်တို့ကို ရက်ရက်ရောရောလက်ဆောင်တွေပေးတဲ့အတွက် တာအိုအရှင်ရှန်းဝူကို ကျေးဇူးတင်ပါတယ်။"

.....

ရက်အနည်းငယ်အကြာတွင်၊

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းဝူတောင်ထိပ်ရှိ ချင်ရှန်းဝူထံသို့ သွားရောက် လည်ပတ်ခဲ့ကြပြီး နောက်ဆုံးတွင် ရှားပါးသော အားလပ်ချိန်တစ်ခု ရရှိခဲ့ကြသည်။

လွန်ခဲ့သောရက်အနည်းငယ်က ချင်ရှန်းဝူ အလွန်အလုပ်ရှုပ်နေခဲ့သည်မှာ ငြင်း၍မရပါ။

နောက်ဆုံးတွင် မဟာယာနနယ်ပယ်သို့ သူ၏ တိုးတက်မှုသည် သေးငယ်သော ကိစ္စမဟုတ်ပါ ။

ဂိုဏ်းအမျိုးမျိုးနှင့် လမ်းစဉ်အမျိုးမျိုးမှ လူများသည် မဆုံးနိုင်သော ချောင်းတစ်ခုကဲ့သို့ ရောက်လာကြပြီး ဂိုဏ်းအမျိုးမျိုးမှ မဟာယာန တာအိုအရှင်များလည်း အပါအဝင် လာရောက်ချီးကျူးဂုဏ်ပြုကြပါသည် ။

ချင်ရှန်းဝူသည် သဘာဝအတိုင်း ထိုဧည့်သည်များကို လျစ်လျူရှုထားရန် မတတ်နိုင်ပါ။

နောက်ဆုံးတွင် သူသည် သူ၏ တပည့်များနှင့် တွေ့ဆုံရန် တကယ့်အခွင့်အလမ်းကို ယနေ့ထိတိုင် မရရှိခဲ့ပေ ။

စကားစမြည်ပြောပြီးနောက်၊ ချင်ရှန်းဝူသည်နောက်ဆုံးတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ခေါ်ဆိုရသည့်အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။

"ဆရာ ဘာပြောလိုက်တာလဲ? ဦးလေး ရွယ်က ကျွန်တော့်ကို ဒု-ဂိုဏ်းချုပ်အဖြစ် တာဝန်ယူစေချင်တာလား။"

ကျန်းချန်ရွှမ်က အတော်လေး အံ့အားသင့်သွားသည် ။

မကြာသေးမီက ဂိုဏ်းချုပ်ရွယ်ပင်းသည် ကျန်းချန်ရွှမ်ကို သူ့နေရာတွင် အစားထိုးရန် ရည်ရွယ်ထားသည့် အကြောင်းကို ချင်ရှန်းဝူအားအကြောင်းကြားခဲ့သည်။

ထို့ကြောင့် သူသည် ကျန်းချန်ရွှမ်အား ဒု-ဂိုဏ်းချုပ်ရာထူးကို စတင်တာဝန်ယူစေချင်ခဲ့သည် ။

ချင်ရှန်းဝူ၏ အောင်မြင်မှု လှုံ့ဆော်မှုဖြင့် ရွယ်ပင်းသည် သင့်လျော်သောအချိန်တွင် ဟောက်ရန်ဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ်မှ နုတ်ထွက်ရန် စီစဉ်ခဲ့သည်။

သူသည် ကျင့်ကြံခြင်းတွင်အာရုံစိုက်ရန်ရည်ရွယ်ပြီး မဟာယာနအဆင့်အား သူ၏သက်တမ်း၌ ထိုးဖောက်နိုင်ရန် ကြိုးပမ်းနိုင်မည်ဟု မျှော်လင့်ခဲ့လေသည်။

နောက်ဆုံးတွင် မဟာယာနနယ်ပယ်သို့ ရောက်ရှိမှသာ ကျင့်ကြံသူသည် မသေခြင်းသို့ တက်လှမ်းရန် မျှော်လင့်ချက် ရရှိနိုင်ပါသည်။

အမှန်မှာ..

သူသည်သာမက မိုးကြိုးချိုင့်ဝှမ်းက ယွင်ရီကျန်းကလည်း ရှန်းရူယန်အား ဒုဂိုဏ်းချုပ်အဖြစ် တာဝန်ယူခိုင်းရန် စီစဉ်ခဲ့သည် ။

သူသည်ရွယ်ပင်းကဲ့သို့ပင် ရှန်းရူယန်အား မိုးကြိုးချိုင့်ဝှမ်း၏ ချိုင့်ဝှမ်းသခင်အဖြစ် နောက်ဆုံးတွင် ဆက်ခံစေရန် ရည်ရွယ်ခဲ့သည် ။

ဤသတင်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို အံ့အားသင့်စေသည်မှာ သံသယဝင်စရာမရှိပါ။

သူတို့သည် ရေတံခွန်ဂိတ်နယ်ပယ်ရှိဂိုဏ်းတစ်ခု၏ခေါင်းဆောင်ဖြစ်ရခြင်းသည် အောက်နယ်ပယ်များ၌ အုပ်ချုပ်သူရာထူးကဲ့သို့မဟုတ်ကြောင်း ကောင်းစွာသိပါသည်။

ရေတံခွန်ဂိတ်နယ်ပယ်တွင် ဂိုဏ်းခေါင်းဆောင် သို့မဟုတ် မိသားစုခေါင်းဆောင်တိုင်းသည် တစ်ချက်လွတ်အာဏာဖြင့် ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိပါသည် ။

မဟာယာနတာအိုအရှင် တစ်ယောက်က ဝင်မစွက်ဖက်သရွေ့ဖြစ်သည်။

သို့သော် လက်ရှိအထူးဂိုဏ်းများ၌ မဟာယနတာအိုအရှင် မည်မျှရှိပါသနည်း?

အရှင်သခင်ဂိုဏ်းထဲတွင်ပင် မည်မျှရှိနိုင်မည်နည်း?

ထို့အပြင်၊

မဟာယာနနယ်ပယ်သို့ ရောက်ရှိလာသော ကျင့်ကြံသူများအတွက် ၎င်းတို့၏ အမှန်တကယ် စိုးရိမ်ပူပန်မှုမှာ လောကီရေးရာ ကိစ္စရပ်များ မဟုတ်တော့ဘဲ တက်ရောက်နိုင်ခြင်းပင် ဖြစ်သည် ။

သာမန်အခြေအနေတွင် သူတို့သည် ဂိုဏ်းဆိုင်ရာကိစ္စရပ်များကို အလွယ်တကူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပါ ။

ထို့ပြင် ဂိုဏ်းတစ်ဂိုဏ်း ၏ ခေါင်းဆောင်ဖြစ်လာပြီးနောက် အရေးအကြီးဆုံးအခွင့်အရေးမှာ ဂိုဏ်း၏ အုပ်ထိန်းသူရတနာကို ကိုင်ဆောင်ပိုင်ခွင့်ရှိခြင်းဖြစ်ပါသည် ။

ကောင်းစွာတည်ထောင်ထားသော အထူးဂိုဏ်း (သို့) အရှင်သခင်ဂိုဏ်း၏ အုပ်ထိန်းသူရတနာ တိုင်းသည် အနည်းဆုံး လျို့ဝှက်ကောင်းကင်ရတနာတစ်ခုဖြစ်သည်ဟု လူသိများပြီး မသေမျိုး ရတနာမှ အသိအမှတ်ပြုခံရရန်အခွင့်အလမ်းပင်ရှိကာ ကိုင်ဆောင်ရန် အခွင့်ရှိနိုင်ပါသည်။

၎င်းသည် မဟာယနတာအိုအရှင်များပင် မရနိုင်သည့် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။

လျို့ဝှက်ကောင်းကင်ဘုံ ရတနာ သို့မဟုတ် မသေမျိုးရတနာကို ကိုင်ဆောင်အသုံးပြုခြင်းအားဖြင့် အနာဂတ်ကျင့်ကြံခြင်း နှင့် တာအိုကိုနားလည်ခြင်းသည် အခြား မည်သည့်အရာမျှ အစားထိုး၍ မရနိုင်သည့် အကျိုးကျေးဇူးများဖြစ်ပါသည်။

ဤသည်မှာ ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် မိသားစုတစ်စု ၏ အကြီးအကဲဖြစ်လာခြင်း၏ အမှန်တကယ် အရေးပါမှုဖြစ်သည် ။

ပိုင်ကျီလျန်သည် အစောပိုင်းကဤမျှလောက် အခြေအနေမကောင်းခဲ့ရသည့် အကြောင်းအရင်းမှာ..

အဓိကအကြောင်းရင်းမှာ ချင်ရှန်းဝူသည် အလွန်လျင်မြန်စွာ တိုက်ခိုက်ခဲ့ပြီး သူ့ကို တန်ပြန်ရန် အခွင့်အရေး မပေးခဲ့ခြင်းကြောင့် ဖြစ်သည် ။

"ဘယ်လိုလဲ? ဒါကို အလေးအနက်ထားစဉ်းစားမှာလား?"

ချင်ရှန်းဝူက ပြုံးပြီး ထပ်မံမေးလိုက်သည် ။

ကျန်းချန်ရွှမ်က တုံ့ဆိုင်းနေပြီးမှ ချင်ရှန်းဝူကို ကြည့်ပြီး ပြောလိုက်သည် ။

“ဆရာရဲ့ထင်မြင်ယူဆချက်အရ ကျွန်တော်ဒုတိယဂိုဏ်းချုပ်ရာထူးကို ယူသင့်တယ်လို့ထင်လား? ဆရာရဲ့အစီအစဉ်ကို ကျွန်တော်လိုက်နာပါ့မယ်။"

ကျန်းချန်ရွှမ်၏ စကားများကို ကြားလိုက်ရသောအခါ ချင်ရှန်းဝူသည်မတတ်နိုင်ဘဲ ပြုံးလိုက်ကာ သူ့အားတည်ငြိမ်သောအသံဖြင့် ပြောလိုက်လေသည်။

“မင်းငါ့ကိုမေးတယ်ဆိုတော့ ငါအကြံပေးချင်တာက မင်းဒုတိယဂိုဏ်းချုပ်ရာထူးကို လက်ခံလိုက်ဖို့ပဲ။ဖြစ်နိုင်ရင် အနာဂတ်မှာ ဂိုဏ်းချုပ်အထိ ဆက်ခံဖို့တောင် ရည်ရွယ်ထားသင့်တယ်။

ဘာလို့လဲဆို ငါတို့ရဲ့ရေတံခွန်ဂိတ်နယ်ပယ်မှာ ဂိုဏ်းချုပ်လုပ်သွားတဲ့သူက မသေမျိုးနယ်ပယ်ကို တက်ရောက်တဲ့အချိန်ကျရင် ငါတို့ရဲ့ဂိုဏ်းက သာမန်တပည့်လိုဆက်ဆံမှာ မဟုတ်ဘူး။

ငါ ဆိုလိုတာကို မင်းနားလည်လား ။"

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အနည်းငယ်တုန်လှုပ်သွားပြီး ချင်ရှန်းဝူပြောသောစကားများ၏ အဓိပ္ပါယ်ကို အပြည့်အဝနားလည်သွားသည် ။

ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြီး ပြောလိုက်သည် ။

“ဒါဆိုရင်တော့ ကျွန်တော်ဒီတာဝန်ကိုလက်ခံချင်ပါတယ်။"

"ကောင်းတယ်။"

ချင်ရှန်ဝူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် ။

“အဲဒါက ဒီလိုဖြစ်သွားပြီဆိုတော့ အချိန်မဆွဲကြရအောင် ။ ဂျူနီယာညီအစ်ကို ရွယ်ကို အခုတွေ့ဖို့ ခေါ်သွားမယ် ၊ ဒါဆို သူက မင်းအတွက် ဒုဂိုဏ်းချုပ်ရာထူးကို စီစဉ်ပေးနိုင်မယ်။"

ကျန်းချန်ရွှမ် တုံ့ပြန်သည်ကိုမစောင့်ဘဲ သူနှင့် ရှန်းရူယန်အား ရွယ်ပင်းရှိရာခန်းမကြီးသို့ ပို့ဆောင်ခဲ့လေသည် ။

All Chapters