မိတ်ဆွေဟောင်း တက်ရောက်လာခြင်း
Vol. 48 Ch. 892
ရက်အနည်းငယ်အကြာတွင်၊
ကျန်းချန်ရွှမ်သည် ဟောက်ရန်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခြင်းခံရလေသည်။ ထိုသတင်းသည် ဂိုဏ်းတစ်ခုလုံး၌ ပျံ့နှံ့သွားလေသည်။
အဖွဲ့ဝင်များအကြား တုံ့ပြန်မှုသည် အံ့သြနေကြသော်လည်း တွေးကြည့်လိုက်သောအခါ ထိုအရာသည် ထူးဆန်းသည်ဟု မထင်ရပေ ။
ကျန်းချန်ရွမ်သည် ဟောက်ရန်ဂိုဏ်းအတွက် နှစ်ပေါင်းများစွာအောင်မြင်မှုများရယူပေးနိုင်ခဲ့သည်ကို မပြောသေးနှင့်၊ သူ ၏ ကျင့်ကြံမှုအဆင့်နှင့် အစွမ်းသတ္တိတစ်ခုတည်းကပင် အငြင်းပွားနေရန် မရှိတော့ပါ။
ထို့အပြင် သူ၏ဆရာ ချင်ရှန်းဝူသည် ဟောက်ရန်ဂိုဏ်းအတွင်းရှိ တစ်ဦးတည်းသော မဟာယာနတာအိုအရှင် ဖြစ်ပါသည်။
ထိုကဲ့သို့သော နောက်ခံဖြင့် ဟောက်ရန်ဂိုဏ်းတစ်ခုလုံးကို သူတာဝန်ယူရန် အချိန်အနည်းငယ်သာ လိုတော့မည့်ပုံ ပေါ်ပါသည် ။
၎င်းကို အသိအမြင်ရှိသောသူများက သတိပြုမိကြပြီးသားဖြစ်ပါသည်။
ထို့ကြောင့် ကျန်းချန်ရွှမ်အား ရှာသောသူ များစွာရှိလာသောကြောင့် သူ့အား ယာယီဂူပိတ် ကျင့်ကြံရန် ခိုင်းစေခဲ့လေသည်။
သို့သော် သူ၏တပည့်ကျန်းအန်းရန်အား တာအိုရောင်းရင်းများက များစွာအာရုံစိုက်ခဲ့ကြသည်။
....
ထိုကဲ့သို့ပင်။
အချိန်က တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားသည် ။
ထိုနေ့တွင်။
ရေတံခွန်ဂိတ်နယ်ပယ်ရှိ တက်ရောက်ခြင်းစင်မြင့်ထက်တွင် တက်ရောက်ခြင်းအလင်းလင်းလာခဲ့ပြီး စင်မြင့်ပေါ်တွင် ပုံရိပ်သုံးခုပေါ်လာလေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ရှိပါက သူတို့အား မှတ်မိလိမ့်မည်ဖြစ်ပါသည်။
တက်ရောက်ခြင်းစင်မြင့်ပေါ်တွင် ပေါ်လာသည့် ထိုလူသုံးဦးသည် အောက်နယ်ပယ်မှ အသိအကျွမ်းများ ဖြစ်သည့် ကျန်းမိသားစုမှ ကျန်းယွင်ချန်း၊ ဟွမ်းဝမ်ယုနှင့် ဟွမ်းလင်းအာတို့ ဖြစ်ကြသည်။
ထိုအချိန်တွင် ထိုသုံးဦးသည် သိချင်စိတ်ဖြင့် လှည့်ပတ်ကြည့်နေကြသည်။
"ဒါက ဒဏ္ဍာရီထဲက ဝိညာဉ်နယ်ပယ်လား?" ထိုမေးခွန်းကို မေးနေစဉ်တွင် သူတို့နားအနီးတွင် ရုတ်တရက် အသံတစ်ခု ပေါ်ထွက်လာလေသည် ။
"ခင်ဗျားပြောတာမှန်ပါတယ် ။ ဒီနေရာက ဝိညာဉ်နယ်ပယ်ရဲ့ ရေတံခွန်ဂိတ်နယ်ပယ်ပါ။"
"ဟင်?"
ကျန်းယွင်ချန်း၊ ဟွမ်းဝမ်ယုနှင့် ဟွမ်းလင်းအာတို့သည် အသံလာရာကို ချက်ချင်း ကြည့်လိုက်သောအခါ ၎င်းတို့ရှေ့တွင် လူနှစ်ဦးထိုင်နေသည်ကို တွေ့လိုက်ရသည် ။
တစ်ဦးက ဟောက်ရန်ဂိုဏ်း၏ အဝတ်အစားကိုဝတ်ဆင်ထားပြီး တစ်ဦးက မိုးကြိုးချိုင့်ဝှမ်း ၏ အဝတ်အစားကိုဝတ်ဆင်ထားလေသည် ။
"ခင်ဗျားတို့သုံးယောက်က ဘယ်အောက်နယ်ပယ်ကလာလဲဆိုတာ သိလို့ရနိုင်မလား?
ရေတံခွန်ဂိတ်နယ်ပယ်မှာ ရင်းနှီးကျွမ်းဝင်သူများရှိပါသလား?" သူတို့၏ရှေ့မှလူက မေးလိုက်သည်။
ကြည့်လိုက်ပြီးနောက် ကျန်းယွင်ချန်း၊ ဟွမ်းဝမ်ယုနှင့် ဟွမ်းလင်းအာတို့သည် ရေတံခွန်ဂိတ်နယ်ပယ်သို့ တက်ရောက်ခဲ့ပြီးဖြစ်သော်လည်း ဆက်လက်၍ သတိထားခဲ့လေသည်။
ထိုနှစ်ဦးသည် သူတို့တုံ့ဆိုင်းနေသည်ကိုမြင်ကာ စိတ်ချစေရန်ပြောလိုက်လေသည်။ ဟောက်ရန်ဂိုဏ်း၏ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူက ပြောလိုက်သည်။
“စိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းနှစ်ခုစလုံးဟာ စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုထားတဲ့ ဂိုဏ်းတွေထဲမှာ မပါဝင်ပါဘူး။
ကျွန်တော်တို့ဂိုဏ်းပိုင်နက်ထဲမှာ ကျင့်ကြံသူအားလုံးဟာ ကာကွယ်မှုအောက်မှရှိနေတဲ့အတွက် ခင်ဗျားတို့ရဲ့ မူလလာတဲ့နေရာအတွက်စိုးရိမ်ဖို့မလိုပါဘူး။”
ပြန်လည်ဖြေကြားသည်ကိုမစောင့်ဘဲ ထိုကျင့်ကြံသူသည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောက အပါအဝင် အောက်နယ်ပယ်မှ နာမည်စာရင်းကိုထုတ်လိုက်သောအခါ ကျန်းယွင်ချန်း၊ ဟွမ်းဝမ်ယုနှင့် ဟွမ်းလင်းအာတို့ကြား စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့သည်။
အနှစ်သာရကိုးပါးကျင့်ကြံရေးလောကကို ဖော်ပြခြင်းသည် ၎င်းတို့မတိုင်မီက တက်ရောက်ခဲ့သော ကျန်းချန်ရွှမ်နှင့် ကျန်းအန်းရန်တို့လည်း ဤလောကသို့ရောက်ရှိလာခဲ့သည်လားဟု တွေးမိကာ သူတို့ကို အံ့အားသင့်စေခဲ့သည် ။
ဤအတွေးသည် ၎င်းတို့၏ စိတ်ကို ဖြတ်သွားသည်နှင့် ဟောက်ရန်ဂိုဏ်းဝတ်စုံနှင့်လူက ဆက်ပြောလိုက်သည်။
"ခင်ဗျားတို့က မဟုတ်မှ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက,ကနေတက်လာခဲ့တာလား?"
ကျွန်တော်တို့ရဲ့ ဒုဂိုဏ်းချုပ်ကျန်းနဲ့ ပက်သက်မှုတစ်ခုခုရှိလား?"
"ဒုဂိုဏ်းချုပ်ကျန်းလား?"
ဤစကားများကိုကြားသောအခါ ကျန်းယွင်ချန်း၊ ဟွမ်းဝမ်ယုနှင့် ဟွမ်းလင်းအာ တို့သည် နောက်ဆုတ်သွားကြသည် ။
ထိုအချိန်မှစ၍ သူတို့သည် သူတို့၏အထောက်အထားများကို ပုန်းထားစရာမလိုတော့ဟု သတိပြုမိခဲ့ပါသည်။
ထို့ကြောင့် ဟွမ်းဝမ်ယုသည် သူတို့၏ အထောက်အထားများကိုပြောပြခဲ့သော်လည်း ကျန်းချန်ရွှမ် အကြောင်းကိုတော့ ချက်ခြင်း မပြောကြားခဲ့ပါ။ "ဒုဂိုဏ်းချုပ်ကျန်း" ဆိုသောသူသည် ကျန်းချန်ရွှမ် ဟုတ်မဟုတ် မသေချာသောကြောင့်ဖြစ်သည်။
"တကယ်ပဲ ခင်ဗျားတို့က အနှစ်သာရကိုပါးကျင့်ကြံရေးလောကကနေတက်လာခဲ့တာပဲ။"
ထိုကျင့်ကြံသူနှစ်ဦးက သူတို့၏အံ့ဩမှုကိုဖော်ပြခဲ့ကြပြီး သူတို့၏မျက်နှာပေါ်တွင် ပျော်ရွင်သည့် အမူအရာများထွက်လာခဲ့သည်။
"ဒါဆို ခင်ဗျားတို့က ကျွန်တော်တို့ ဒုဂိုဏ်းချုပ် ကျန်းချန်ရွှမ်နဲ့ အသိအကျွမ်းတွေဖြစ်မယ်လို့ ဆိုလိုတာမဟုတ်လား?"
ကျန်းချန်ရွှမ်၏အမည်အား ပြောလာသောအခါတွင်မူ ကျန်းယွင်ချန်း၊ ဟွမ်းဝမ်ယုနှင့် ဟွမ်းလင်းအာ တို့သည် ထိုခေါင်းစဉ်အား ရှောင်လွဲ၍မရကြောင်း သေချာသွားလေသည်။
ဟွမ်းဝမ်ယုက ခေါင်းညိတ်လိုက်သည်။ "အမှန်အတိုင်းပြောရရင်၊ ကျွန်တော်တို့က ညီအစ်ကိုကျန်းနဲ့ အရင်တုန်းကတည်းက သိခဲ့တဲ့ဆက်ဆံရေးမျိုးပါ။"
စကားပြောရင် သူသည် ထိုလူနှစ်ဦးအား ကျန်းချန်ရွှမ်နှင့် ဆက်ဆံရေးအကြောင်းကို အကြမ်းဖျင်း ပြောပြလိုက်သည်။
နှစ်ဦးစလုံးသည် ထိုစကားကိုကြားလျှင် သူတို့သည် မနေနိုင်ဘဲ စိတ်လှုပ်ရှားသည့်အမူအရာများကို ပြခဲ့သည်။
"ခင်ဗျားတို့က ကျွန်တော်တို့ ဒုဂိုဏ်းချုပ် ကျန်းနဲ့ တကယ်ကိုပက်သက်နေတာပဲ။"
သူတို့သည် ထိုသုံးဦးအား ဂိုဏ်းထဲသို့ခေါ်သွားလျှင် သူတို့၏ဒုခေါင်းဆောင်မှ ချီးကျူးခြင်းခံရမည်ကို သူတို့သိပါသည်။
ဟောက်ရန်ဂိုဏ်းအတွင်းရှိ ဒုဂိုဏ်းချုပ်ကျန်း၏ အနာဂတ်အား သိရသလောက်ဆိုလျှင် ခေါင်းဆောင်မှု၌ အလွန်ကောင်းမွန်နိုင်ပြီး သူနှင့် ဆက်ဆံရေးဖန်တီးခြင်းက များစွာကြိုးစားလျှင်ပင် မရနိုင်သည့် အခွင်အရေးတစ်ခုဖြစ်သည်။
ဤအတွေးများကို စိတ်ထဲတွင်တွေးကာ အချိန်မဖြုန်းတော့ဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ၏ လက်ရှိအခြေအနေများကို ထိုသုံးဦးနှင့်အတူ မျှဝေခဲ့ကြသောအခါ ထိုသုံးဦးကို လုံးဝအံ့အားသင့် စေခဲ့လေသည် ။
နှစ်ပေါင်းများစွာအတွင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရေတံခွန်ဂိတ်နယ်ပယ်တွင် ဤကဲ့သို့သော အဆင့်အတန်းကို ရရှိခဲ့မည်ဟုသူတို့မျှော်လင့်မထားခဲ့ကြပါ ။
အမှန်ပင် သူတို့သည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကမှ လုပ်နိုင်စွမ်းအရှိဆုံးနှင့် အရည်အချင်းအရှိဆုံး ဖြစ်ကာ ဝိညာဉ်နယ်ပင်တွင်ပင် သူတို့၏စွမ်းရည်အား ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
"အကယ်၍ ခင်ဗျားတို့စိတ်မရှိရင် ကျွန်တော်တို့ ဂိုဏ်းဆီခေါ်သွားခွင့်ပြုပါလား?"
သူတို့ ၏ ကမ်းလှမ်းချက်ကိုကြားသောအခါ ကျန်းယွင်ချန်း၊ ဟွမ်းဝမ်ယုနှင့် ဟွမ်းလင်းအာတို့သည် အလျင်အမြန်တုံ့ပြန်ခဲ့ကြသည် ။
ဟွမ်းဝမ်ယုသည် ထိုလူနှစ်ဦးအားလက်များကို ဆုပ်ကိုင်လျှက် ပြောလိုက်သည်။
"ဒါဆိုရင်တော့ ခင်ဗျားတို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ။"
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။" ထိုနှစ်ဦးသည် ချက်ခြင်းပင်တုံ့ပြန်လိုက်ကာ ခေါင်းများခါလိုက်ကြသည်။
"တကယ်ဆို ကျွန်တော်တို့ ဒီအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ရမှာပါ။"
နောက်ထပ် တုံ့ဆိုင်းခြင်းမရှိဘဲ ငါးယောက်အုပ်စုသည် ဟောက်ရန်ဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ဦးတည်သွားခဲ့လေသည် ။
သူတို့၏လျင်မြန်သော အရှိန်ကြောင့် ကျန်းယွင်ချန်း၊ ဟွမ်းဝမ်ယုနှင့် သူတို့၏အဖွဲ့သည် ဟောက်ရန်ဂိုဏ်း ဝင်ပေါက်ကို ရောက်ရန် သိပ်မကြာခဲ့ပါ။
"ခင်ဗျားတို့သုံးယောက်အတွက် ခင်ဗျားတို့ရဲ့တက်ရောက်မှုကိုအကြီးအကဲတွေ ကိုပြောပြပြီးပါပြီ။
ဒီသတင်းကို သူတို့ ဒုဂိုဏ်းချုပ်ကျန်းဆီကို ချက်ခြင်းတင်ပြမယ်လို့ ယုံကြည်ပါတယ်။"
ခဏလောက် ဒီမှာစောင့်ရအောင် ။ မကြာခင်မှာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ကြိုဆိုဖို့ ထွက်လာပါလိမ့်မယ် ။”
အမှန်ပင် သူတို့၏စကားများအရ ပုံရိပ်နှစ်ခုသည် ပျံသန်းလာသည်ကို အချိန်တိုအတွင်းတွေ့လိုက်ရလေသည်။